"လုပ်ပါသူဋ္ဌေးကလည်း လူလည်းလိုနေတာကို"
"ဆယ်ဟွန်းရေ လူလိုတာတော့ လိုတာပေါ့ မပေါ့မပါးကြီးနဲ့ကျ"
ဆိုင်ထဲက သူဋ္ဌေးကို ဆယ်ဟွန်းကခဏ စကားသွားပြောလိုက်မယ်ဆိုပြီး ၀င်သွာလို့ အလုပ်ရ မရ မသေချာသေးတာနဲ့ပဲ ဆိုင်ပြင်က စောင့်ကာ အခြေအနေကြည့်နေရသည်။ ဆယ်ဟွန်းကတော့ စိတ်မပူနဲ့လို့ ပြောသွားတာပဲ။ ဒါပေမဲ့လည်းပေါ့လေ ကျွန်တော်ဆိုလည်း ကျွန်တော့်လိုလူကိုအချိန်ပိုင်းအတွက် ခေါ်ဖို့ရာခက်မှာပဲ။
"သူဋ္ဌေးကလည်း အကိုဘတ်ဟျွန်းက အလုပ်ကြိုးစားပါတယ်ဗျ နော် သူဋ္ဌေးက စိတ်ထားကောင်းရဲ့နဲ့ လုပ်ပါအကိုဘတ်ဟျွန်းလည်း ငွေလိုနေလို့ပါ"
သာမန်ဆို ကိုယ်ခေါ်လာတဲ့ ဘယ်သူမဆိုလက်ခံနိုင်ပေမဲ့ အခုအကိုဘတ်ဟျွန်းကျ မပေါ့မပါးနဲ့မို့ အလုပ်ထိခိုက်မည် စိုးဟန်နဲ့ စဉ်းစားနေသောသူဋ္ဌေးကို ကိုယ့်ဘက်ရောက်အောင် ပိုပိုသာသာလေး ပြောပေးနေရသည်။
"ဘာမှမစိုးရိမ်ပါနဲ့ သူဋ္ဌေးရယ် ကျွန်တော်က အားလုံးကူလုပ်ပေးမယ် နော် အကိုဘတ်ဟျွန်း သိပ်မလုပ်နိုင်လဲ ကူလုပ်ပေးမယ်ဗျာ သူဋ္ဌေးအလုပ်မထိခိုက်စေရဘူး ဘယ်လိုလဲ"
"မင်းစကားနဲ့ မင်းနော် ဆယ်ဟွန်း"
"ရဲရဲကြီးတာဝန်ယူတယ် ကျွန်တော်"
"Okလေ ငါတို့ဆယ်ဟွန်းက အသည်းအသန်ပြောနေမှတော့လည်း အလုပ်ခန့်ရတော့မှာပ"
"သူဋ္ဌေး ကျေးဇူးအများကြီးတင်ပါတယ်"
"ဆိုင်သေချာစောင့်ဦး ငါအပြင်ခဏ သွားဦးမယ်"
"ဟုတ်!"
မှန်တံခါးကနေ အထဲကိုလှမ်းကြည့်နေတုန်း ဆယ်ဟွန်းနဲ့ စကားပြောနေသော သူဋ္ဌေးဆိုသူက အပြင်ထွက်လာတာမို့ စိတ်ကိုအကောင်းဆုံဖြေလျှော့ထားကာ အသင့်အနေအထား စောင့်နေလိုက်သည်။
"မင်္ဂလာပါ သူဋ္ဌေး"
"အာ ဆယ်ဟွန်းပြောတဲ့ ဘတ်ဟျွန်းဆိုတာလား"
ခေါင်းငုံ့အရိုအသေပေးရင်း နှုတ်ဆက်နေတဲ့ ကိုယ့်ပုခုံးကို ပုတ်ကာမေးလာတာမို့
" ဟုတ်ပါတယ် သူဋ္ဌေး ကျွန်တော့်ကိုစဉ်းစားပေးစေချင်ပါတယ်"
"အေးပါကွာ စဉ်းစားစရာမလိုတော့ပါဘူး သွားအထဲဝင်တော့ အပြင်မှာအေးတယ် အတူအလုပ်ကြိုးစားကြတာပေါ့"
"ဟာ တကယ်ကြီး အလုပ်ခန့်ပြီလား ကျေးဇူးပါသူဋ္ဌေး"
"အေးအေး ငါအပြင်သွားလိုက်ဦးမယ်"
"ကျေးဇူးတင်ပါတယ် သူဋ္ဌေး အကောင်းဆုံးအလုပ်ကြိုးစားပါ့မယ် ကတိပေးပါတယ်"
ထွက်သွားပြီဖြစ်သော သူဋ္ဌေးကိုသာမျက်စိရှေ့က မပျောက်သွားမချင်းကျေးဇူးတင်စကား အော်ကာပြောနေမိသည်။
"အကိုဘတ်ဟျွန်း လာလေ အထဲဝင်တော့ လာ အပြင်မှာအေးနေတာကို"
ဆိုင်ထဲကနေ ထွက်လာကာဆယ်ဟွန်းက လာခေါ်တော့မှ ၀မ်းသာအားရဖြစ်စွာ ဆိုင်ထဲလိုက်ဝင်မိသည်။
***************************
"ချန်းယောလ်"
"အကိုချန်း လာလေ"
"မီတာခ စာရွက်ရောက်လာလို့ လာဝင်ပေးတာ"
"အာ ကျေးဇူးပဲ အကိုချန်းရေ ခဏနေသွားဆောင်လိုက်မယ်။ ဆိုင်သွားရတော့မှာလားအကိုချန်းက"
"သွားရတော့မှာ ဒီနေ့ကပွဲကောရှိလို့ဆိုင်က ၅နာရီလောက်ရောက်အောင်လာပေးဖို့ပြောထားလို့"
"အော်"
"ရောင်းကောင်းရဲ့လားဒီနေ့ "
"အကိုချန်းအမြင်ပဲ ခုတော့လူရှင်းနေတယ် ပိတ်ရက်မို့လားမသိဘူး လူပါးတယ်"
"ဒီလိုပဲပေါ့ချန်းယောလ်ရယ် အာ မေ့တော့မလို့ အိမ်မှာ အိုမားရောက်နေတယ်"
"ဟုတ်လား ညနေဆိုင်စောစောသိမ်းမှပဲဒါဆို အိုမားကလည်း လာမှာကိုကြိုမပြောဘူး"
"ဟုတ်ပ ဂျုံအင်ကလည်း မပြောဘူးအဲ့ကောင်တော့။ ဒါနဲ့အိုမားက ပင်လယ်စာပိုရင် ယူခဲ့ပေးတဲ့ ညစာပြင်ထားပေးမယ်တဲ့။ ပင်လယ်စာကင်နဲ့စားရအောင်"
""ပိုမှမဟုတ်ပါဘူးဗျာ အခုဖယ်ထားလိုက်တော့မယ် တခါတည်း အကိုချန်းကော ညစာအတူမစားရတော့ဘူးလား"
"၈နာရီနောက်ပိုင်း အရောက်ပြန်ခဲ့မယ် ခွင့်ယူခဲ့မှာ ဒီလိုစားပွဲကို လွတ်လို့ဘယ်ဖြစ်မလဲ "
" ဟုတ်ပ့ါ ဗျာ"
"ဒါဆို သွားပြီချန်းယောလ် မီတာခဆောင်ဖို့မမေ့နဲ့ဦး"
"ဟုတ်"
ဂစ်တာတစ်လက်ကို လက်ကဆွဲကာ ထွက်သွားသော အကိုချန်းက တကယ့်ကို ပေါ့ပေါ့ပါးပါးနှင့်ပင်။
"ဒီဝိုင်းကို ဆိုဂျူးတစ်ပုလင်းနဲ့ပင်လယ်စာသုပ်တပွဲ "
"အာ ဟုတ်ကဲ့"
"မြန်မြန်လေးနော်"
"ဟုတ်"
**********************
"ပင်ပန်းနေပြီလား အကိုဘတ်ဟျွန်း"
"မပင်ပန်းပါဘူးကွာ ဆယ်ဟွန်းကကောင်းကောင်းသင်ပြပေးလို့ ငွေတွက်စက်လည်း သုံးတတ်ပြီ ပစ္စည်းဈေးတွေလည်းကောင်းကောင်းမှတ်မိပြီ ဟီး"
ရွှင်ပျပျလေးနဲ့ တက်တက်ကြွကြွပြောလာသော အကိုဘတ်ဟျွန်းနဲ့အတူ ကိုယ်ပါလိုက်ရယ်မောမိသည်။
နောက်အချိန်အတွက် ရောက်လာသူတွေကို အချိန်ပိုင်းအတွက်ပေးထားတဲ့ ဆိုင်ဝတ်စုံကို လှဲပေးလိုက်ကာ သီချင်းတညည်းညည်းဖြင့်အိမ်ပြန်ခဲ့ကြသည်။
"ဟင် အစောကြီးရှိသေးတာကို ပိတ်သွားပြီလား"
"ဟုတ်တယ်နော်"
အကိုချန်းယောလ်တို့ ဆိုင်ရှေ့ကအဖြတ် ၆နာရီပဲရှိသေးသည်ကို ဆိုင်စောစောပိတ်ထားတာကြောင့် အံ့သြနေရသေးသည်။
"ဆယ်ဟွန်း ဘတ်ဟျွန်း"
၂ယောက်သား ဆိုင်ကိုရပ်ကြည့်ကာပြောနေကြတုန်း နောက်ကအော်သံကြောင့် လှည့်ကြည့်လိုက်တော့အထုပ်တစ်ထုပ်ဆွဲလာသော အကိုချန်းယောလ်။
"အကို ဘယ်သွားတာလဲ"
"မီတာခ သွားဆောင်တာ "
"အော် ဆိုင်ပြန်ဖွင့်ဦးမှာလား အကိုချန်းယောလ် ကျွန်တော်တို့ကူပေးမယ်လေ"
"ဟုတ်တယ် "
အကိုချန်းယောလ်က ခေါင်းကိုအသာခါပြကာ ဆယ်ဟွန်းကော ကျွန်တော့်ပုခုံးကိုပါ အလယ်ကနေရာဝင်ယူပြီးဖက်လိုက်သည်။
"ငါတို့ အိမ်ပြန်ကြစို့"
"ငါတို့"
"အွမ်း အိမ်မှာ စားပွဲသောက်ပွဲရှိတယ်"
"ဝါး ဘာလို့ပွဲရှိတာလဲ"
ဆယ်ဟွန်းက နှုတ်ခမ်းလေးတွေဟသည်ထိ တဝိုးဝိုး တဝါးဝါး လုပ်ကာမေးလိုက်တော့
"အိုမားရောက်နေတယ် အိမ်မှာ"
"တကယ် မြန်မြန်သွားစို့ အကိုချန်းယောလ် အိုမားလက်ရာ စားချင်ပြီ"
"အိုမား"
၂ယောက်သားက အချင်းချင်းသိကာပြောနေကြပေမယ့် ဘတ်ဟျွန်းကတော့ မသိတာမို့အမေးသဘောမေးလိုက်တော့
"အာ ညီကတော့ သိသေးမှာမဟုတ်ဘူး အိုမားက ဂျုံအင့် အိုမား "
"အာ ဂျုံအင့်ရဲ့အမေပေါ့"
"အွမ်း အားလုံးကတော့အိုမားကို ချစ်ခင်ကြတယ်"
"အော် ဟုတ်"
"မြန်မြန်သွားစို့ အကိုတို့ ဗိုက်တောင်ဆာလာပြီ"
"ယေး အိမ်ပြန်ကြမယ်"
***********************
"ဆူဟိုလေး ဟင်းတွေသယ်ခဲ့တော့လေ ရှေ့ကို"
"ဟုတ် အိုမား"
"နီနီရေ ဂျုံအင်လေး ဆယ်ဟွန်းကို မြန်မြန်ပြန်လာဖို့ ဖုန်းဆက် သားယောလ် နဲ့ချန်းလေးဆီကော"
"ဆယ်ဟွန်းနဲ့ အကိုချန်းယောလ်တို့ကတော့ ပြန်လာပြီတဲ့အိုမား အကိုချန်းကတော့ ၈နာရီမှအလုပ်ဆင်းခဲ့မယ်တဲ့"
"အော်"
အိမ်မှာ ကျန်ခဲ့တဲ့သားလို့ သတ်မှတ်ရတဲ့သားတွေနဲ့ ညစာအတွက်ရှုပ်ရှပ်ခတ်အောင် ပြင်ဆင်နေကြရတာကလဲ တကယ့်ကိုစိတ်လက်ပေါ့ပေါ့ပါးပါးလေးနှင့်ပင်။
"အိုမား"
အိမ်ပေါက်ဝက ခေါ်သံကြားလို့ကြည့်လိုက်တော့ ကြက်ပေါက်လေးလို နှုတ်ခမ်းလေးထော်ကာ ပြေးလာသော ကောင်ငယ်လေး။
"ဆယ်ဟွန်းလေးပြန်လာပြီ လွမ်းနေတာ"
ကွပ်ပျစ်ပေါ် ခင်းထားသော စားပွဲထိပ်ထိုင်နေသော အိုမားဆီ ပြေးသွားကာရင်ခွင်ထဲထိ တိုးဝင်ဖက်လိုက်ရင်း
"အိုမားက မလာတာ ဘယ်နှလရှိပြီလဲ သားတို့ဆီ ၂လလား၊ ၃လလား ဟွန့်"
"အဆိုးလေးကတော့ ၁လကျော်ပဲရှိသေးတာပါကွာ အကဲပိုလေး"
"ဘာနေနေ လွမ်းတယ်"
ရင်ခွင်ထဲကနေ ချွဲနေသောကောင်လေးသာ သမီးလေးဆိုရင် ချွေးမအဖြစ်သာအပြီး ခေါ်ထားလိုက်ချင်သည် ဒီသားတွေထဲမှာ သူအငယ်ဆုံးအချွဲဆုံး။
"ကဲပါ သွားအကိုတွေကိုကူညီလိုက်ဦး"
"ဟုတ်ကဲ့"
ဆယ်ဟွန်း ထသွားတော့မှ
"သားယောလ် အဆင်ပြေလား ဒီအတောအတွင်း"
"ပြေပါတယ် အိုမား အိုမားကောနေကောင်းတယ်မို့လား"
"ကောင်းပါတယ်ကွယ် နီနီ့အဖေ ခရီးသွားနေတာနဲ့ မလာဖြစ်တာ"
"မင်း ညီလေး နီနီကော လိမ္မာရဲ့လား"
"လိမ္မာပါ့ဗျာ"
"မလိမ္မာရင် ဆုံးမနော် သားကိုအပြီးအပ်ထားပြီးသား ရိုက်သာရိုက်"
"ဟားဟား အိုမားကလည်းဗျာ ကလေးလည်းမဟုတ်တော့ပဲနဲ့ကို"
ချန်းယောလ်နဲ့ စကားပြောနေရင်း ဟင်းပန်းကန်ကို ကိုင်ကာထွက်လာသော ဂျုံအင်က ရယ်ရင်းပြောတော့
"သားအကြောင်း အိုမားသိလို့ပြောနေတာ ဘယ်လောက်ခေါင်းမာတဲ့ကောင်လေးလဲဆိုတာ"
"အိုမား ကျွန်တော်က ကြိမ်လုံးဝယ်ထားပါတယ်"
"အကိုချန်းယောလ်နော်"
"ဟားဟားဟား"
ဝက်ဝံလေးလိုနှုတ်ခမ်းလေး ဆူပွပွနဲ့ပြောလာသော ကောင်လေးကြောင့်ကျွန်တော်ပါ သဘောကျစွာရောယောင်ရယ်မောမိသည်။
"အာ မေ့နေတာ ဟိုနောက်ကသားလေးလာပါဦး"
"ဗျာ"
"သားကိုပြောတာ ဘတ်ဟျွန်းဆိုလား ဆူဟိုတို့ဆီက ကြားပြီးပြီ အသစ်ရောက်တယ်ဆိုတဲ့ အကြောင်းကို လာပါဦး အိုမားဆီ"
"ဟုတ်ကဲ့ဗျ"
ရောက်ကတည်းက အကိုချန်းယောလ်နောက်မှာ ဝင်ထိုင်နေတာကနေ ဂျုံအင့်အိုမားက ခေါ်လာတာမို့ အနားတိုးသွားလိုက်သည်။
"သားက တကယ်ချစ်စရာလေးပဲ ဒီဗိုက်ကလေးနဲ့တောင် တကယ်ကြည့်ကောင်းတာပဲ"
"ကျေးဇူးပါ အန်တီ"
"အိုမား အိုမားလို့ခေါ်"
"အို အိုမား ကျွန်တော်ကောခေါ်လို့ရလား"
"ရတာပေါ့ ဒီမှာရှိတဲ့လိမ္မာတဲ့ကလေးတိုင်းက အိုမားသားလေးတွေပဲ"
"ဟုတ် အိုမား"
"စိတ်ဓာတ်မကျစေနဲ့ ကြိုစားပါ ဘတ်ဟျွန်းလေးက ဘယ်လောက်တောင်သန်မာလိုက်မလဲ အိုမားက မြင်တာနဲ့သိတာမို့"
"ဟုတ် အိုမား"
တကယ့် အမေအရင်းလိုခံစားရလောက်အောင် ရင်ခွင်ထဲမှာထွေးဖက်ရင်း အားပေးစကားပြောလာသောအိုမားကြောင့် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကြည်နူးမိကာ မျက်ရည်ပင် ကျမိသည်အထိ။
"ရား အိုမားနော် ကလေးကိုငိုအောင်လုပ်နေ "
"တော်ပြီ လာစားကြစို့ ညစာ"
"သားယောလ်ပါတဲ့ပင်လယ်စာတွေကော ကင်ပြီးပြီလား"
"ပြီးပြီ အိုမား"
"အားလုံးစုံရင်စားကြစို့လေ"
"အိုမား သားကိုချန်ထားတယ်ပေါ့လေ"
အိမ်ပေါက်ဝကနေ အသံပါဝါကောင်းကောင်းနဲ့ အော်လိုက်သူကြောင့် စားမလို့ပြင်နေရင်းကပင် လူပါလန့်ကာတုန်မိသည်အထိ။
"ငါ့တို့သားကြီးချန်းကတော့ဟေ့ အိုမားကို ရန်လုပ်နေပြန်ပါပြီ သားချန်းကိုလည်း စောင့်မယ်လို့ပြောမလို့ပါ"
"အိုမားနော် သားစိတ်ဆိုးလိုက်မှာ"
"အမလေး စိတ်မဆိုးပါနဲ့ လာ လာ စိတ်ဆိုးတတ်တဲ့ အိုမားသားလေးကလာ အိုမားဘေးလာခဲ့"
ရပ်နေသော အကိုချန်းကို အိုမားက ဆင်းခေါ်ကာ သူ့ဘေးနာ နေရာချပေးလိုက်သည်။
"ဟွန့် သူများကဖြင့် အလုပ်ကိုနာရီဝက်ကြီးတောင် ထပ်စောပြီးဆင်းလာတာကို ချန်ထားကြတယ်"
"အကိုချန်းကတော့ဟေ့ ရစ်ပြီ"
"ကဲပါ အခုအားလုံး စုံပြီဆိုတော့ ညစာကိုပျော်ပျော်ပါးပါးစားကြတာပေါ့"
"ဟုတ် အိုမား"
"အိုမားက အခုလိုညစာကိုအရသာရှိရှိနဲ့စားနိုင်အောင်ပြင်ဆင်ပေးခဲ့လို့ အိုမားကို ကျေးဇူးတင်ပါတယ်"
အားလုံးက သံပြိုင် အိုမားကိုပြောလိုက်ကြတော့
"အမလေး အိုမားသားတွေ အရသာရှိရှိစားရရင် အိုမားက ကျေနပ်ပါတယ်တော်"
*********************
"အိုမား "
ည အိပ်ယာထဲဝယ် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာသော သားကို ဒီအရွယ်အထိ ကလေးလို့တွေးနေမိဆဲပင်။
"အဖေ နေကောင်းရဲ့လား"
"အွမ်း သားအိမ်ပြန်ဖို့မစဉ်းစားသေးဘူးလား သားအဖေကို တစ်ခါလောက် တောင်းပန်ကြည့်ပါလားသားရယ်"
"ဟင့်အင် သားမပြန်ချင်ဘူး အိုမား သားကို မကခိုင်မှာကြောက်တယ်"
"ညှိယူရမှာပေါ့ သားရယ်"
"သားသိတယ် သားအဖေဖြစ်စေချင်တဲ့ Kim groupရဲ့ ဆက်ခံသူမလုပ်ချင်ဘူး သားစီးပွားရေး ဝါသနာမပါဘူး အိုမား "
"ဒါဆို သားနီနီရဲ့ အဖေမရှိတော့ရင် အဲ့လုပ်ငန်းကိုဘယ်သူဆက်လုပ်မှာလဲ ပြော"
"ဒါကတော့ ဦးလေးတို့ကိုပေးလိုက်ပေါ့ သားတကယ် မမက်မောပါဘူး"
"သားရယ်"
"အိပ်ကြစို့အိုမား မနက်စောစော ပြန်ရမယ်မို့လား အဲ့ဒါတွေမတွေးကြနဲ့စို့ အိုမားကော သားကော အချိန်မရွေးတွေ့လို့ရနေတာပဲ အခုတော့သားကိုလွှတ်ထားပေးပါ'
"အွမ်းပါ သားရယ် "
ရင်ခွင်ထဲ အသက်ပုံမှန်ရှူကာ အိပ်စက်သွားသော သားဖြစ်သူကိုကြည့်ကာ အရင်ကအကြောင်းတွေကိုပြန်ပြောင်းတွေးတောနေမိသည်။
လွန်ခဲ့တဲ့၁နှစ်ကျော်က သားကိုရည်မှန်းချက်ကြီးတဲ့အဖေဖြစ်သူနဲ့ အက ဝါသနာပါလွန်းတဲ့ သားတို့ကတောက်ကဆ ဖြစ်ကာ အိမ်ပေါ်က ဆင်းသွားသောသား၊ နောက်နေ့အမွေပြတ်ကြော်ညာလိုက်သော ခင်ပွန်းဖြစ်သူတို့ကြောင့် ရူးချင်စိတ် ပေါက်ခဲ့သောကာလပင် သားဖြစ်သူကလည်းမလျှော့ အကနဲ့ပတ်သက်လျှင် အဖေဖြစ်သူကမြို့ပေါ်ကသင်တန်းတွေအကုန် ငွေအင်အားနဲ့ အလုပ်လာလျှောက်ရင် လက်မခံစေဖို့ပိတ်ဆို့ထားသော်လည်း သားကတော့မရ သူ့ဝါသနာအတွက် ဒီလိုရပ်ကွက်လေးက ကလေးထိန်းကျောင်းမှာပင် အကဆရာ ၀င်လုပ်နေပြန်သည်။
အိမ်ပေါ်ကဆင်းသွားပြီး တစ်လလောက်အဆက်အသွယ် ပြတ်နေရာကနေ တစ်ရက်ကျ ကောင်လေးတစ်ယောက်က ဖုန်းဆက်လာသည်။ ငှားနေတဲ့အိမ်ကတဲ့ နေမကောင်းဖြစ်ပြီးအရမ်းယောင်နေလို့ အိုမားပဲအော်နေလို့ ဖုန်းထဲရှာကြည့်တော့ နံပါတ်တွေ့လို့ဆက်သွယ်လိုက်တာတဲ့။
အဲ့အချိန်က တကယ့်ကိုအရူးမီးဝိုင်းပင် သူပြောတဲ့လိပ်စာရောက်လို့အိမ်ထဲဝင်လာခဲ့တော့ တစ်ယောက်စာအခန်းကျဉ်းကျပ်လေးထဲ အိပ်နေသောသားကြောင့်စိတ်မကောင်းတွေဖြစ်ကာ အတင်းအကျပ်ပြန်ခေါ်သွားဖို့ပင်ကြိုးစားဖူးသည်။
သားနေကောင်းတဲ့အထိ နေရင်းမှဒီက ကလေးတွေက ဘ၀ကိုကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေကြတာလဲ သိလာသလို စိတ်ထားလေးတွေကလည်း ကောင်းပြီး သားကလည်းပျော်နေသည်မို့ သားစိတ်တိုင်းကျလွှတ်ထားလိုက်သည်။
တစ်လ တစ်ခါ လောက်တော့ပုံမှန်လာကာ ညစာချက်ပေးလိုက်မုန့်တွေဝယ်လာ လိုက် သူတို့ရင်ဖွင့်တိုင်ပင်တာလေးတွေကိုနားထောင်ပေးလိုက်နဲ့ ဒီလိုနဲ့ပဲ သူတို့အိုမားဖြစ်မှန်းမသိ ဖြစ်လာခဲ့တော့တာပါပဲ။
ချန်းယောလ်လေးကလဲ မိဘမဲ့မို့အသနားပိုရသည်။ ဆယ်ဟွန်းလေးကလဲ လေဖြတ်သလိုနာတာရှည်ရောဂါခံစားနေရတဲ့အဖေတစ်ယောက်သာရှိပြီးတော့ မငြီးမငြူ ကိုယ့်ရည်မှန်းချက်အတွက်လည်းကြိုးစားနေသလို ဆေးရုံစရိတ်အတွက်လည်း အချိန်ပြည့်အလုပ်တွေနဲ့မအားလပ်သူကြောင့် ပူပန်ပေးနေရသည်။ သားချန်းကလည်း နယ်က မိဘတွေက တောင်ယာလုပ်သူမို့ အဆင်ပြေတလှည့်မပြေတလှည့်နှင့်ပင် ဆူဟိုလေးကတော့မှားယွင်းတဲ့မိသားစုမှာမွေးဖွားလာတဲ့ လူလိမ္မာလေးပင် မိသားစုက သူ့ကိုစွန့်ပစ်တာမဟုတ်ဘဲ သူကိုယ်တိုင်က စွန့်ပစ်လိုက်တာပင် အမေကောအဖေပါမရှိတော့ပေမဲ့ သူ့အထက် အကိုအမ၃ယောက်လုံးက အရက်သောက် ဘိန်းစားမကောင်းမှုတွေမျိုးစုံပြုလုပ်ကြတာမို့သူကိုယ်တိုင်အိမ်ပေါ်က ဆင်းလာကာဘ၀ကိုရုန်းကန်နေခြင်း။
အခုတော့ ပူပန်ချစ်ခင်ပေးစရာ သားတစ်ယောက် တိုးလာပြီပေါ့ ဆူဟိုတို့ဆီက ကြားရသလောက် ခင်ပွန်းဖြစ်သူကလည်း စွပ်စွဲခံရပြီးသေဆုံးခဲ့ရသလို ကျန်နေခဲ့တဲ့သူကလည်း မပေါ့မပါးကြီးနဲ့ထက် အမျိုးသားကိုယ်ဝန်ဆောင်တာက သာမန်ထက်ကို ထူးခြားတာမို့ သူ့အတွက် ပိုလို့ပင်ခက်ခဲနေမည်မှာအသေအချာပင်။
ဒီအိမ်လေးထဲမှာ ခုချိန်အိပ်မောကျနေလောက်မဲ့ ကလေးတွေအားလုံးက ဘ၀အခက်အခဲတွေကို အရွယ်နဲ့မမျှအောင်ခါးဆီးခံနေကြရသူတွေသာ
အမြဲလိုလို အပြုံးမျက်နှာနဲ့ နေတတ်ကျပေမယ့် ဒီကလေးတွေရဲ့ ရင်တွင်းဒဏ်ရာတွေက များပြားလွန်းလှပါတယ် ။
ဘယ်လိုပဲ ဘ၀မှာအခက်အခဲတွေနဲ့ကြုံရပါစေ အိုမားက အမြဲအားပေးနေမှာမို့ ဖိုက်တင်း ကလေးတို့။
***********************
TBC