"ကျေးဇူးပါ အခုတော့ ဆိုင်သိမ်းတော့မှာမို့ နောက်နေ့တွေလည်း လာအားပေးလို့ရပါတယ်ဗျ"
"ဟ ဟျောင့် ငါတို့က ဘယ်ကနေဘယ်လို ဘယ်လိုပြန်ပြီး ဘယ်ကနေပြန်ရောက် အယ်"
"အာ လာပါကွာ သားကြီးရာ သူများဆိုင်ပိတ်ရတော့မှာကို"
"အေးပါကွာ လာပါပြီ တာ့တာ"
"ကောင်းကောင်းပြန်ပါ ခင်ဗျ"
ဆိုင်တံခါးတွေပိတ်ရင်း နောက်ဆုံးလက်ကျန် ဧည့်သည်ကို ဆိုင်သိမ်းပြီဖြစ်ကြောင်း အသိပေးတော့ နည်းနည်းရစ်ချင်နေတာ တော်သေးတယ် ဘေးလူတွေပါလို့ နို့မို့တစ်ယောက်တည်း မူးနေတဲ့သူဆိုရင် အဆင်မပြေ။ အရက်ဆိုင်လိုလည်းမဟုတ် တစ်ကိုယ်တည်းသမား ကိုယ့်ဝမ်းကိုယ်ကျောင်းကာ အိမ်မှာရှိတဲ့အခန်းတိုင်းကိုလည်း တစ်ခန်းဆီမှာအငှားတင်သလို အိမ်နဲ့မလှမ်းမကမ်း ရှေ့ကမြေကွက်လပ်လေးမှာ နည်းနည်းပါးပါး ကိုယ်ချက်တတ်တဲ့အမယ်လေးနဲ့ ဆိုဂျူးလေးပါ ဆိုင်ခန်းလေးဆောက်ပြီး ရပ်ကွက်ဆိုင်လေး ဖွင့်ရောင်းဖြစ်သည်။
ဆိုင်ထဲရှိ စားပွဲဝိုင်းတွေကို သုတ်ကာတစ်ခါတည်း သန့်ရှင်းရေးလုပ်လိုက်သည်။ မီးဖိုထဲက မီးကြွင်းမီးကျန်ကိုစစ်ပြီးနောက် ကျန်နေသော ဆိုင်တံခါးကိုပိတ်ဖို့အသွား ဆိုင်နဲ့မလှမ်းမကမ်းမှာ ဖြူလုံးလုံး လူပုံစံလေး မြေပြင်မှာလဲနေတာမို့ အပြေးသွားကြည့်မိသည်။
"အ အ့"
အနားရောက်တော့ အနည်းငယ်စူနေသော ဗိုက်ကလေးကို ကိုင်ကာ ညည်းနေသော ပုပုဖြူဖြူ လုံးလုံးကောင်လေး။
"ဟို ညီ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"
"အ ဗိုက် ဗိုက်က နည်းနည်း နာနေလို့"
မျက်နှာလေး အနည်းငယ် ရဲနေကာပြောလာသူကြောင့် ကြည့်ရတာလည်း မကောင်းတဲ့သူ မဟုတ်လောက်။ ဘေးပတ်ပတ်လည် ကြည့်တော့လည်း လမ်းမီးတိုင်တစ်ခုသာရှိကာ လူသွားလူလာလည်း မရှိတော့တာမို့
"လာ လာ ညီ ထ ဖြည်းဖြည်း ရှေ့ကအကို့ဆိုင်ထဲ သွားရအောင်"
"အ့ ဟုတ် ကျေး~~~ ကျေးဇူးပါ"
ကူတွဲပြီး ထူလိုက်ကာ ဆိုင်ကိုသာ ခေါ်သွားရတော့မည်။ ဟိုရောက်မှဖြစ်ကြောင်း ကုန်စင်မေးမြန်းကြည့်ရမှာပ...။
**********
"ရော့ ရေလေး သောက်လိုက်ပါဦး"
"ဟုတ်"
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့သူက ကမ်းပေးလိုက်တဲ့ရေကို အငမ်းမရသောက်နေသောကြောင့်
"ဘာစားပြီးပြီလဲ တစ်ခုခု လုပ်ပေးရမလား"
မျက်လုံးလေးများ တောက်ပကာကြည့်လာပြီး
"ဟုတ် ကျေးဇူးပြုပြီး"
မီးဖိုရှေ့မှာ ခေါက်ဆွဲ ပြုတ်ပေးနေရင်း စားပွဲဝိုင်းမှာထိုင်ကာ ဟိုဒီကြည့်နေသော ကောင်လေးက တစ်မျိုးလေးလို့ ထင်မိသည်။ အင်္ကျီ အနက်ဝမ်းဆက်ကို ၀တ်ဆင်ထားတာမို့ တစ်ခုခုတော့ တစ်ခုခုပင်။ ဗိုက်ကလည်း အနည်းငယ် စူထွက်နေတာကြောင့် ဘီယာဗိုက်လားလို့ ထင်မိသည်။ ဘုရားရေ အမျိုးသားကိုယ်ဝန်ဆောင်များလား။
"ရပြီ ညီ"
ခေါက်ဆွဲပန်းကန် ရှေ့ချပေးလိုက်တာနဲ့ ခေါင်းပင်မဖော်နိုင်အောင် စားနေပြန်တော့ ကရုဏာသက်ဝင်မိသည်။
"ဟို ညီ သက်သာသွားပြီလား"
မေးလိုက်တော့မှ စားနေရင်းကနေခဏရပ်ကာ ဗိုက်ကလေးကို ပွတ်ရင်း
"ကိုယ်ဝန်ဆောင်နေချိန် တစ်နေ့လုံးပင်ပန်းလိုက်ရလို့နေမယ်။ အခုတော့နေသာသွားပါပြီ။ နားလည်းနားလ်ိုက်ရသလို၊ ဗိုက်လည်းပြည့်သွားလို့"
"ဟမ် ညီက ကိုယ်ဝန်"
"ဟုတ်"
"ဟောဗျာ ဒါကို ညကြီးအချိန်မတော်ညီရာ ဘာလို့ ဒီကိုရောက်နေရတာလဲ"
သိချင်စိတ်ဖြင့် မေးမိတော့ မျက်နှာလေး အနည်းငယ် ညှိုးငယ်သွားပြီး
"ကလေးအဖေရဲ့ အရိုးပြာကို လာမျှောတာပါ"
"ဘယ်လို အာ~~~ တောင်းပန်ပါတယ်"
"ရ...ရပါတယ် ကျွန်တော်လည်း ရင်ဖွင့်ချင်နေတာ။ ဟင့် ကိုကြီးက အဲ့လို လူမျိုးမဟုတ်ပါဘူး။ ဒါကို ဟင့် သူဌေးရဲ့ သမီးကိုပြန်ပေးဆွဲပြီး သူ့ကိုယ်သူ သတ်သေသွားတယ်တဲ့။ မဟုတ်တာကြီးကို လူတွေက ပြောနေကြတာ။ ဟင့် ကိုကြီးက ကျွန်တော်နဲ့ကလေးကို ထားသွားမှာမှ မဟုတ်တာကို၊ ကိုကြီးဘယ်လောက်ဖြူစင်လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း သိနေတာကို ဟင့်"
ပြောရင်းနဲ့ ငိုကြွေးလာတဲ့ ကောင်လေး... အော် ငယ်ငယ်ရွယ်ရွယ်နဲ့အပူမိနေတာပါလားလေ။ သနားစိတ်ဖြင့် ပခုံးလေးကို သွားဖက်ကာနှစ်သိမ့်ပေးမိသည်။
"ကျွန်တော်~~~ ကျွန်တော်က သူ့သူဌေးကို သွားရှင်းပြခဲ့ပါသေးတယ်။ လုံးဝ လက်မခံဘူး ဟင့်"
"အကြောင်းရှိလို့ အကျိုးဖြစ်တယ်မှတ်ပါ ညီရယ် တစ်ချိန်မှာ အမှန်တရားပေါ်လာမှာပါ"
"ဟင့် ဟုတ် အားနာလိုက်တာ ဒီက အကို့ကို အပူတွေ မျှမိပြန်ပြီ"
"အာ ရပါတယ် စားလေ ပြီးအောင် ပြီးရင် အကို အိမ်ပြန်ပို့ပေးမယ်"
"ကျွန်တော်က ဘူချွန်ကပါ သူဌေးကိုရှင်းပြချင်လို့နဲ့ ကိုကြီးအရိုးပြာ ယူဖို့ဆိုးလ်ကို တက်လာတာ "
"အဲ ဒီချိန်မှတော့ Busလဲရှိမှာ မဟုတ်တော့ဘူး။ ကားလည်း ငှားလို့မရတော့ဘူး။ ဒီလိုဆိုလည်း အကို့အိမ်မှာတစ်ညတည်းသွားလေ "
ပြုံးပြီး ပြောလာသူ အကိုက တကယ့်ကို သဘောမနော ကောင်းသည့်ပုံပင်။
"တကယ် အကို့ကျေးဇူးတွေ များပါပြီဗျာ"
"အကိုချန်းယောလ်"
"ဟေး"
ကျေးဇူးတင်စကားပြောနေတုန်း အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ကောင်လေးက ဆိုင်ပေါက်ဝကနေအော်ခေါ်ကာ ဆိုင်ထဲဝင်လာသည်။
"ဆယ်ဟွန်း ဘာကိစ္စလဲ"
"အကိုချန်းယောလ် ပြန်မလာသေးလို့ ကျွန်တော်လည်း မစောင့်နိုင်တာနဲ့ လာခဲ့တာ မောတာအကိုရယ်"
"အမလေး ဒီအိမ်နဲ့ဆိုင် တစ်အိမ်ကျော်လေးကို"
"ဟာဗျာ ဒီလောက် မှောင်နေတာကို ပြေးလာရတာဗျ"
"ဟား ဟား"
အတော်အတန် ရင်းနှီးဟန် ပြောဆိုနေကြသည်ကို ကြည့်ရင်း ကိုယ်ပင်စိတ်ပေါ့ပါးလာသလို ။
"ပြောပါဦး ဘာလို့ လိုက်လာတာလဲ"
"ဟီး အကိုချန်းယောလ်ရဲ့လေ အပူပေးစက် အပိုလေး ငှားပေးပါလို့ ကျွန်တော့်စက်က ပျက်နေလို့ "
"အာ ဒါများကွာ ပြန်လာမှလည်း ရတဲ့ဟာ"
"မရဘူးအကိုရဲ့ ကျွန်တော်ဖုန်းဆက်ရအောင်လည်း ဘေလ်မရှိဘူး။ ဟိုဘက်က ဂျုံလုံးကောင် အခန်းကလည်း ပျက်နေတယ်ဆိုပဲ။ တော်နေ သူက အကိုချန်းယောလ်ဆီ ဖုန်းဆက်ငှားနေမှာစ်ိုးလို့ အမြန်ပြေးလာရတာ"
"မင်းတို့၂ကောင် ဘယ်တော့တည့်မှာလဲကွာ အတူနေတာ ၂နှစ်မကတော့ဘူး"
"မတည့်ချင်ပါဘူး အကိုဆူဟိုတို့ အကိုချန်းတို့မှ တော်သေး အာ ဒါနဲ့သူက"
ဖြစ်ကြောင်းကုန်စင်ပြောပြီးမှ ဘေးကထိုင်နေတဲ့သူကို သတိထားမိသွားသလိုနဲ့ မေးလာတော့။
"သူက"
"ကျွန်တော်က ဘတ်ဟျွန်းပါ"
"ဟုတ်"
"ဆယ်ဟွန်း မင်း ဘေးကအခန်းကို ဟိုနေ့က ပြန်အပ်သွားပြီလေ။ အဲ့ဒါသူ ဒီနေ့ည အဲ့မှာတည်းလိမ့်မယ်"
"အော် ဟုတ် ကျွန်တော်က ဆယ်ဟွန်းဗျ။ အကိုချန်းယောလ်ဆီ အခန်းငှားနေတာ"
"အဲ့လို ရတာလား"
"ဘာကို"
"အော် အခန်းငှားတာကိုပါ "
"ရတယ်ရတယ် နော့ အကိုချန်းယောလ်။ အခုလေ ကျွန်တော်အပါအ၀င် ၄ယောက်ရှိတယ် အိပ်ခန်းငှားနေတာ"
"ဟုတ်လား"
စိတ်ဝင်စားဟန် မေးလာတဲ့ကောင်လေးကို ချန်းယောလ်ကပဲ
"ဟုတ်တယ် အကိုကတစ်ယောက်တည်းဆိုတော့ အိမ်မှာပိုတဲ့အခန်းတွေ အငှားထားလိုက်တာ"
"ဒါဆို ကျွန်တော်ရော နေလို့ရလားဟင်"
"ဟင် ရ ရပါတယ် ညီက ဘူချွန်မပြန်တော့ဘူးလား"
"အဲ့လိုပဲစဉ်းစားမိလို့ပါ ကျွန်တော်ရော ကိုကြီးရောက မိဘမဲ့ဆိုတော့ဟိုမှာလည်း ခင်တွယ်စရာ မရှိတော့ဘူးလေ။ ဟိုပြန်လည်း မထူးတာမို့ ကျွန်တော့်ကို အခန်းငှားပေးပါနော်။ ဒီမှာနေပြီး ကိုကြီးကိစ္စလေးတွေရော ဖြေရှင်းချင်လို့ပါ"
" ရပါတယ် ညီ ကံကောင်းတယ်။ ဆယ်ဟွန်းဘေးက လုဟန်ဆိုတဲ့ကောင်လေးက ဟိုတစ်နေ့ကပဲ သော့ပြန်အပ်သွားတာ နို့မို့ ငှားစရာအခန်းရှိမှာမဟုတ်ဘူး"
" တော်သေးတာပေါ့ ကျေးဇူးပါနော် အကို "
"ရပါတယ် ဆယ်ဟွန်းပြန်ကြစို့လေ ဒါဆို"
"ဟုတ် အကိုချန်းယောလ်"
"အကို တံခါးတွေပိတ်မလို့ ဆယ်ဟွန်းက ဘတ်ဟျွန်း အိတ်လေးတွေကို ကူဆွဲပြီး နည်းနည်းထိန်းတွဲပေးပါဦး။ မပေါ့မပါးကြီးနဲ့မို့"
"ဗျာ အာ ဟုတ် အကိုဘတ်ဟျွန်းဗိုက်လေးက စူစူလုံးလုံးလေး ချစ်စရာလေး ဘယ်နှလလဲဟင်"
"......"
အစက အံ့သြဟန်နဲ့ နောက်မှ သိလိုသလို မျက်ဝန်းလေးတွေနဲ့ကြည့်ကာမေးလာတော့ ကြောင်သွားမိသည်။
"အာ ဆောတီး ကျွန်တော်က နောက်လဲ အတူနေရမဲ့သူဆိုတော့ရင်းရင်းနှီးနှီးနဲ့ သိချင်လို့ပါ"
"၄လ ၄လပါ ဆယ်ဟွန်းလေး"
"ဟင် ၄လ... ပူပူလေး အသည်းယားတာ"
ဗိုက်ကိုတို့လိုက် ထိလိုက်လုပ်ကာ အသည်းတယားယား ဖြစ်နေသူလေးကိုကြည့်ရတာလည်း ခင်မင်ချင်စဖွယ် ကိုကြီးရေ၊ ကိုကြီးမရှိတာကလွဲပြီး ကျွန်တော့်ဆီကို အကောင်းလေးတွေ ရောက်စပြုလာပြီထင်ပ။
"ဆယ်ဟွန်း လေနောက်မှပေါနော် ညနက်နေပြီ ဟွန့် မပြောချင်ဘူး။ ငါ့အခန်းငှားတဲ့သူတွေထဲလေ မင်း လေအပေါဆုံးပဲ လာ လာ ညီ အကိုတွဲမယ် သွားကြစို့"
"အဲ့ အကိုချန်းယောလ်ကလေ သူများကို ပြောရမယ်ဆို အရမ်းပဲ "
"လာနော် လာနော် အမှောင်ထဲ မစောင့်ပဲ ပစ်ထားခဲ့လိုက်ရ"
"ဟမ် အကိုတို့နော်"
ရှေ့ကနေ ယုယုယယဖြင့် ဗိုက်ပူပူကောင်လေးကို တွဲကာသွားသော အရပ်ရှည်ရှည် နားရွက်ကားကား ကောင်လေးလည်း ရှိသလို နောက်ကနေ အထုပ်လေးတွေဆွဲကာ ကော့တော့တော့နဲ့ အမြန်လျှောက်ကာ လိုက်သွားသော ကောင်လေးလည်း ရှိလေသည်။
**********
ဆက်ရန်