"ကျေးဇူးပါ ခုတော့ဆိုင်သိမ်းတော့မှာမို့ နောက်နေ့တွေလည်း လာအားပေးလို့ရပါတယ်ဗျ"
"ဟ ဟျောင့် ငါတို့က ဘယ်ကနေဘယ်လို ဘယ်လိုပြန်ပြီးဘယ်ကနေပြန်ရောက် အယ်"
"အာ လာပါကွာသားကြီးရာ သူများဆိုင်ပိတ်ရတော့မှာကို"
"အေးပါကွာလာပါပြီ တာ့တာ"
"ကောင်းကောင်းပြန်ပါခင်ဗျ"
ဆိုင်တံခါးတွေပိတ်ရင်း နောက်ဆုံးလက်ကျန် ဧည့်သည်ကို ဆိုင်သိမ်းပြီဖြစ်ကြောင်း အသိပေးတော့ နည်းနည်းရစ်ချင်နေတာ တော်သေးလို့ ဘေးလူတွေပါလို့ နို့မို့တစ်ယောက်တည်း မူးနေတဲ့သူဆိုရင် အဆင်မပြေ။ အရက်ဆိုင်လိုလည်းမဟုတ် တစ်ကိုယ်တည်းသမား ကိုယ့်ဝမ်းကိုယ်ကျောင်းကာ အိမ်မှာရှိတဲ့အခန်းတိုင်းကိုလည်း တစ်ခန်းဆီမှာအငှားတင်သလို အိမ်နဲ့မလှမ်းမကမ်း ရှေ့ကမြေကွက်လပ်လေးမှာ နည်းနည်းပါးပါး ကိုယ်ချက်တတ်တဲ့အမယ်လေးနဲ့ ဆိုဂျူးလေးပါ ဆိုင်ခန်းလေးဆောက်ပြီး ရပ်ကွက်ဆိုင်လေးဖွင့်ကာ ရောင်းဖြစ်သည်။
ဆိုင်ထဲရှိ စားပွဲဝိုင်းတွေကို သုတ်ကာတခါတည်း သန့်ရှင်းရေးလုပ်လိုက်သည်။ မီးဖိုထဲက မီးကြွင်းမီးကျန်ကိုစစ်ပြီးနောက် ကျန်နေသော ဆိုင်တံခါးကိုပိတ်ဖို့အသွား ဆိုင်နဲ့မလှမ်းမကမ်းမှာ ဖြူလုံးလုံး လူပုံစံလေး မြေပြင်မှာလဲနေတာမို့ အပြေးသွားကြည့်မိသည်။
"အ အ့"
အနားရောက်တော့ အနည်းငယ်စူနေသော ဗိုက်ကလေးကို ကိုင်ကာ ညည်းနေသော ပုပုဖြူဖြူလုံးလုံးကောင်လေး။
"ဟို ညီ ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"
"အ ဗိုက် ဗိုက်က နည်းနည်း နာနေလို့"
မျက်နှာလေး အနည်းငယ်ရဲနေကာပြောလာသူကြောင့် ကြည့်ရတာလည်း မကောင်းတဲ့သူမဟုတ်လောက်။ ဘေးပတ်ပတ်လည်ကြည့်တော့လည်း လမ်းမီးတိုင်တစ်ခုသာရှိကာလူသွားလူလာလည်း မရှိတော့တာမို့
"လာ လာ ညီ ထ ဖြေးဖြေး ရှေ့ကအကို့ဆိုင်ထဲ သွားရအောင်"
"အ ဟုတ် ကျေး ကျေးဇူးပါ"
ကူတွဲပြီး ထူလိုက်ကာ ဆိုင်ကိုသာ ခေါ်သွားရတော့မည် ဟိုရောက်မှဖြစ်ကြောင်းကုန်စင်မေးမြန်းကြည့်ရမှာပ...။
*********************
"ရော့ ရေလေး သောက်လိုက်ပါ"
"ဟုတ်"
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့သူက ကမ်းပေးလိုက်တဲ့ရေကို အငမ်းမရသောက်နေသောကြောင့်
"ဘာစားပြီးပြီလဲ တစ်ခုခု လုပ်ပေးရမလား"
မျက်လုံးလေးများတောက်ပကာကြည့်လာရင်း
"ဟုတ် ကျေးဇူးပြုပြီး"
မီးဖိုရှေ့မှာ ခေါက်ဆွဲပြုတ်ပေးနေရင်း စားပွဲဝိုင်းမှာထိုင်ကာ ဟိုဒီကြည့်နေသော ကောင်လေးက တမျိုးလေးလို့ထင်မိသည်။ အင်္ကျီအနက်ဝမ်းဆက်ကို ၀တ်ဆင်ထားတာမို့ တစ်ခုခုတော့တစ်ခုခုပင် ဗိုက်ကလည်း အနည်းငယ်စူထွက်နေတာကြောင့် ဘီယာဗိုက်လားလို့ ထင်မိသည်။ ဘုရားရေ အမျိုးသားကိုယ်ဝန်ဆောင်များလား။
"ရပြီ ညီ"
ခေါက်ဆွဲပန်းကန်ရှေ့ချပေးလိုက်တာနဲ့ ခေါင်းပင်မဖော်နိုင်အောင် စားနေပြန်တော့ ကရုဏာသက်ဝင်မိသည်။
"ဟို ညီ သက်သာသွားပြီလား"
မေးလိုက်တော့မှ စားနေရင်းကနေခဏရပ်ကာ ဗိုက်ကလေးကိုပွတ်ရင်း
"ကိုယ်ဝန်ဆောင်နေချိန် တစ်နေ့လုံးပင်ပန်းလိုက်ရလို့နေမယ် အခုတော့နေသာသွားပါပြီ နားလည်းနားလိုက်ရသလို ဗိုက်လည်းပြည့်သွားလို့"
"ဟမ် ညီက ကိုယ်ဝန်"
"ဟုတ်"
"ဟောဗျာ ဒါကို ညကြီးအချိန်မတော်ညီရာ ဘာလို့ဒီလိုကမ်းစပ်နားကိုရောက်နေရတာလဲ"
သိချင်စိတ်ဖြင့် မေးမိတော့မျက်နှာလေး အနည်းငယ်ညှိုးငယ်သွားပြီး
"ကလေးအဖေရဲ့ အရိုးပြာကိုလာမျှောတာပါ"
"ဘယ်လို အာ တောင်းပန်ပါတယ်"
"ရ ရပါတယ် ကျွန်တော်လည်း ရင်ဖွင့်ချင်နေတာ ဟင့် ကိုကြီးက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ဒါကို ဟင့် သူဋ္ဌေးရဲ့သမီးကိုပြန်ပေးဆွဲပြီး သူ့ကိုယ်သူသတ်သေသွားတယ်တဲ့။ မဟုတ်တာကြီးကိုလူတွေက ပြောနေကြတာ ဟင့် ကိုကြီးက ကျွန်တော်နဲ့ကလေးကိုထားသွားမှာမှ မဟုတ်တာကို။ ကိုကြီးဘယ်လောက်ဖြူစင်လည်းသူ့လုပ်ဖော်ကိုင်ဖက်တွေလည်း သိနေတာကိုဟင့်"
ပြောရင်းနဲ့ ငိုကြွေးလာတဲ့ကောင်လေး... အော် ငယ်ငယ်ရွယ်ရွယ်နဲ့အပူမိနေတာပါလားလေ သနားစိတ်ဖြင့် ပုခုံးလေးကိုသွားဖက်ကာနှစ်သိမ့်ပေးမိသည်။
"ကျွန်တော် ကျွန်တော်က သူ့သူဋ္ဌေးကို သွားရှင်းပြခဲ့ပါသေးတယ်။ လုံးဝလက်မခံဘူးဟင့်"
"အကြောင်းရှိလို့ အကျိုးဖြစ်တယ်မှတ်ပါညီရယ် တစ်ချိန်မှာအမှန်တရားပေါ်လာမှာပါ"
"ဟင့် ဟုတ် အားနာလိုက်တာ ဒီက အကို့ကို အပူတွေမျှမိပြန်ပြီ"
"အာ ရပါတယ် စားလေ ပြီးအောင် ပြီးရင် အကို အိမ်ပြန်ပို့ပေးမယ်"
"ကျွန်တော်က ဘူချွန်ကပါ သူဋ္ဌေးကိုရှင်းပြချင်လို့နဲ့ ကိုကြီး အရိုးပြာယူဖို့ဆိုးလ်ကိုတက်လာတာ "
"အဲ ဒီချိန်မှတော့Busလဲရှိမှာမဟုတ်တော့ဘူး ကားလည်းငှားလို့မရတော့ဘူး ဒီလိုဆိုလည်း အကို့အိမ်မှာတစ်ညတည်းသွားလေ "
ပြုံးပြီးပြောလာသူ အကိုကတကယ့်ကို သဘောမနောကောင်းသည့်ပုံပင်။
"တကယ် အကို့ကျေးဇူးတွေများပါပြီဗျာ"
"အကိုချန်းယောလ်"
"ဟေး"
ကျေးဇူးတင်စကားပြောနေတုန်း အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ကောင်လေးက ဆိုင်ပေါက်ဝကနေအော်ခေါ်ကာ ဆိုင်ထဲဝင်လာသည်။
"ဆယ်ဟွန်း ဘာကိစ္စလဲ"
"အကိုချန်းယောလ် ပြန်မလာသေးလို့ ကျွန်တော်လည်း မစောင့်နိုင်လို့လာခဲ့တာ မောတာအကိုရယ်"
"အမလေး ဒီအိမ်နဲ့ဆိုင် တစ်အိမ်ကျော်လေးကို"
"ဟာဗျာ ဒီလောက် မှောင်နေတာကို ပြေးလာရတာဗျ"
"ဟား ဟား"
အတော်အတန် ရင်းနှီးဟန် ပြောဆိုနေကြသည်ကိုကြည့်ရင်း ကိုယ်ပင်စိတ်ပေါ့ပါးလာသလို ။
"ပြောပါဦး ဘာလို့လိုက်လာတာလဲ"
"ဟီး အကိုချန်းယောလ်ရဲ့လေ ဟို အပူပေးစက် အပိုလေး ငှားပေးပါလို့ ကျွန်တော့်စက်ကပျက်နေလို့ "
"အာ ဒါများကွာ ပြန်လာမှလည်း ရတဲ့ဟာ"
"မရဘူးအကိုရဲ့ ကျွန်တော်ဖုန်းဆက်ရအောင်လည်း ဘေလ်မရှိဘူး ဟိုဘက်အခန်းက ဂျုံလုံးကောင် အခန်းကလည်း ပျက်နေတယ်ဆိုပဲ။ တော်နေ သူက အကိုချန်းယောလ်ဆီ ဖုန်းဆက်ငှားနေမှာစိုးလို့ အမြန်ပြေးလာရတာ"
"ဟာ မင်းတို့၂ကောင်ဘယ်တော့တည့်မှာလဲကွာ အတူနေတာ ၂နှစ်မကတော့ဘူး"
"မတည့်ချင်ပါဘူး အကိုဆူဟိုတို့ အကိုချန်းတို့မှ တော်သေး အာ ဒါနဲ့သူက"
ဖြစ်ကြောင်းကုန်စင်ပြောပြီးမှ ဘေးကထိုင်နေတဲ့သူကို သတိထားမိသွားသလိုနဲ့ မေးလာတော့။
"သူက"
"ကျွန်တော်က ဘတ်ဟျွန်းပါ"
"ဟုတ်"
"ဆယ်ဟွန်း မင်း ဘေးကအခန်းကိုဟိုနေ့က ပြန်အပ်သွားပြီလေ အဲ့ဒါသူ ဒီနေ့ည အဲ့မှာတည်းလိမ့်မယ်"
"အော် ဟုတ် ကျွန်တော်ကဆယ်ဟွန်းဗျ အကိုချန်းယောလ်ဆီ အခန်းငှားနေတာ"
"အဲ့လို ရတာလား"
"ဘာကို"
"အော် အခန်းငှားတာကိုပါ "
"ရတယ်ရတယ် နော့ အကိုချန်းယောလ်။ အခုလေ ကျွန်တော်အပါအ၀င် ၄ယောက်ရှိတယ် အိပ်ခန်းငှားနေတာ"
"ဟုတ်လား"
စိတ်ဝင်စားဟန် မေးလာတဲ့ကောင်လေးကို ချန်းယောလ်ကပဲ
"ဟုတ်တယ် အကိုကတစ်ယောက်တည်းဆိုတော့ အိမ်မှာပိုတဲ့အခန်းတွေ အငှားထားလိုက်တာ"
"ဒါဆို ကျွန်တော်ကော နေလို့ရလားဟင်"
"ဟင် ရ ရပါတယ် ညီက ဘူချွန်မပြန်တော့ဘူးလား"
"အဲ့လိုပဲစဉ်းစားမိလို့ပါ ကျွန်တော်ကော ကိုကြီးကောက မိဘမဲ့ဆိုတော့ဟိုမှာလည်း ခင်တွယ်စရာမရှိတော့ဘူးလေ။ ဟိုပြန်လည်း မထူးတာမို့ ကျွန်တော့်ကို အခန်းငှားပေးပါနော် ဒီမှာနေပြီး ကိုကြီးကိစ္စလေးတွေကောဖြေရှင်းချင်လို့ပါ"
" ရပါတယ် ညီ ကံကောင်းတယ် ဆယ်ဟွန်းဘေးက လုဟန်ဆိုတဲ့ကောင်လေးက ဟိုတစ်နေ့ကပဲသော့ပြန်အပ်သွားတာ နို့မို့ ငှားစရာအခန်းရှိမှာမဟုတ်ဘူး"
"အာ တော်သေးတာပေါ့ ကျေးဇူးပါနော် အကို "
"ရပါတယ် ဆယ်ဟွန်းပြန်ကြစို့လေ ဒါဆို"
"ဟုတ် အကိုချန်းယောလ်"
"အကိုတံခါးတွေပိတ်မလို့ ဆယ်ဟွန်းက ဘတ်ဟျွန်းအိတ်လေးတွေကို ကူဆွဲပြီး နည်းနည်းထိန်းတွဲပေးပါဦး မပေါ့မပါးကြီးနဲ့မို့"
"ဗျာ အာ ဟုတ် အကိုဘတ်ဟျွန်းဗိုက်လေးက စူစူလုံးလုံးလေး ချစ်စရာလေး ဘယ်နှလလည်းဟင်"
"......"
အစကအံ့သြဟန်နဲ့ နောက်မှ သိလိုသလို မျက်ဝန်းလေးတွေနဲ့ကြည့်ကာမေးလာတော့ ကြောင်သွားမိသည်။
"အာ ဆောတီး ကျွန်တော်က နောက်လဲအတူနေရမဲ့ သူဆိုတော့ရင်းရင်းနှီးနှီးနဲ့ သိချင်လို့ပါ"
"၄လ ၄လပါ ဆယ်ဟွန်းလေး"
"ဟင် ၄လ ပူပူလေး အသဲယားတာ"
ဗိုက်ကိုတို့လိုက် ထိလိုက်လုပ်ကာ အသဲတယားယားဖြစ်နေသူလေးကိုကြည့်ရတာလည်း ခင်မင်ချင်စဖွယ် ကိုကြီးရေ၊ ကိုကြီးမရှိတာကလွဲပြီးကျွန်တော့်ဆီကို အကောင်းလေးတွေရောက်စပြုလာပြီထင်ပ။
"ဆယ်ဟွန်း လေနောက်မှပေါနော် ညနက်နေပြီ ဟွန့် မပြောချင်ဘူး ငါ့အခန်းငှားတဲ့သူတွေထဲလေ မင်း လေအပေါဆုံးပဲ လာ လာ ညီ အကိုတွဲမယ် သွားကြစို့"
"အဲ့အကိုချန်းယောလ်ကလေ သူများကို ပြောရမယ်ဆို အရမ်းပဲ "
"လာနော် လာနော် အမှောင်ထဲ မစောင့်ပဲ ပစ်ထားခဲ့လိုက်ရ"
"ဟမ် အကိုတို့နော်"
ရှေ့ကနေ ယုယုယယဖြင့် ကောင်လေးကို တွဲကာသွားသော အရပ်ရှည်ရှည် နားကားကားကောင်လေးလည်းရှိသလို နောက်ကနေ အထုပ်လေးတွေဆွဲကာ ကော့တော့တော့နဲ့ အမြန်လျှောက်ကာ လိုက်သွားသောကောင်လေးလည်း ရှိလေသည်။
**********************
TBC