{Zawgyi}
•သူ႔ကို ဆိုဆုံးမမႈျပဳ•
က်ီေလ်ာင္အိမ္ကိုေရာက္တဲ့အခါ ရႈအိုက္ဝမ္က ထမင္းစားပြဲမွာထိုင္ၿပီး ညစာစားေနတယ္။ ၾကည့္ရတာသူမလည္း သိပ္မၾကာခင္ကမွျပန္ေရာက္ပုံရတယ္။
အေမ၊ အခ်ိန္ပိုဆင္းရျပန္ၿပီ” က်ီေလ်ာင္ စိတ္ဓာတ္က်ေနတဲ့ပုံနဲ႔ ေျပာလိုက္တယ္။
သူ႔အေဖမဆုံးခင္တုန္းက သူ႔ရဲအေမက အခ်ိန္ျပည့္အိမ္မႈကိစၥတာဝန္ယူထားတဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ေယာက်ာ္းနဲ႔သားကို ဂ႐ုစိုက္ေပးတယ္။
ထိုအခ်ိန္ေတြတုန္းက ရႈအိုက္ဝမ္ကေပ်ာ္႐ႊင္ၿပီး စိတ္ေက်နပ္ေနရတယ္။ သူမကို ခ်စ္ျမတ္ႏိုးတဲ့ေယာက်ာ္းလည္းရွိတယ္၊ ခ်စ္စရာေကာင္းတဲ့သားေလးနဲ႔ ခိုင္မာၿပီး ခ်မ္းသာသုခနဲ႔ျပည့္စုံတဲ့ ဘဝေလးရရွိခဲ့တယ္။ ေန႔ရက္တိုင္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းတာေၾကာင့္ သူမပုံစံက အထူးသျဖင့္အ႐ြယ္တင္ကာ လွပတယ္။
က်ီေလ်ာင္ေလွ်ာက္လာၿပီး ရႈအိုက္ဝမ္နားမွာ ထိုင္လိုက္တယ္။ အလုပ္ကိုအလြန္အကြၽံလုပ္တာေၾကာင့္ ပင္ပန္းေနတဲ့သူမရဲ႕ပုံစံကိုျမင္ေတာ့ သူသတိထားလိုက္မိတာက ဒီထက္ျမက္ၿပီးလွပတဲ့အမ်ိဳးသမီးက သူ႔အေဖဆုံးပါးၿပီး သုံးႏွစ္အေတာအတြင္းမွာ ဒီမိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ ႀကီးမားတဲ့အင္အားစိုက္ထုတ္ထားရတယ္လို႔။
“ဟုတ္တယ္ ဆင္းရတာ၊ သားေရာ စားၿပီးသြားၿပီလား? ထမင္းက်န္ေသးတယ္” ရႈအိုက္ဝမ္မတ္တပ္ထရပ္ၿပီး က်ီေလ်ာင္အတြက္ ခြက္ယူဖို႔ျပင္လိုက္ေပမယ့္ သူျမန္ျမန္ဆန္ဆန္သူမကို ျပန္ထိုင္ခိုင္းလိုက္ရတယ္ “သားစားၿပီးသြားပါၿပီ” သူအေသအခ်ာေျပာလိုက္တယ္။
အဲ့ေတာ့မွ ရႈအိုက္ဝမ္လက္ေလ်ာ့လိုက္ၿပီး လတ္တေလာသူ႔ရဲ႕သင္ခန္းစားအေျခအေနေတြကို သိလိုစိတ္နဲ႔ေမးျမန္းေတာ့တယ္။ က်ီေလ်ာင္က သူမရဲ႕ေမးခြန္းေတြကို တခုခ်င္းစီျပန္ေျဖေပးတယ္။ စိတ္ေက်နပ္သြားတာေၾကာင့္ ရႈအိုက္ဝမ္သူ႔သားေလးေခါင္းကို ပုတ္လိုက္တယ္။ သူမအိမ္ျပန္လာတိုင္း က်ီေလ်ာင္အဆင္ေျပေနတာကိုျမင္ေနသေ႐ြ႕ သူမႀကိဳးပမ္းရတာေတြ၊ ပင္ပန္းတာေတြက သူမအတြက္အေရးမပါေတာ့သလို ခံစားရတယ္။
“ေကာင္းပါၿပီ၊ ေနာက္က်ေနၿပီေလ… ေျခလက္ေဆးေၾကာၿပီး သြားအိပ္ေတာ့” ရႈအိုက္ဝမ္ေျပာလိုက္တယ္။
က်ီေလ်ာင္ေခါင္းရမ္းလိုက္တယ္ “သားအေမနဲ႔ ခဏေလာက္ထိုင္ေပးမယ္ေလ”
တစ္ေယာက္တည္းစားရတာ အရမ္းကိုအထီးက်န္စရာေကာင္းတယ္။ သူ႔ရဲ႕အေမကို အဲ့လိုမခံစားေစခ်င္ဘူး။
ရႈအိုက္ဝမ္မ်က္လုံးေတြက ခံစားခ်က္ေတြျပည့္ႏွက္သြားတယ္။ သူမရဲ႕သားေလးက အ႐ြယ္ေရာက္လာၿပီး ပိုမိုမွ်ေဝခံစားတတ္လာတယ္လို႔ ခံစားမိတာေၾကာင့္ သူမျငင္းမေနေတာ့ဘူး။ ႏွစ္ေယာက္သား ခဏေလာက္စကားေျပာဆိုရင္း ရႈအိုက္ဝမ္စားေသာက္ၿပီးစီးလို႔ ပန္းကန္ေတြေဆးေၾကာေနေတာ့မွ က်ီေလ်ာင္သူ႔အခန္းဆီကို ဦးတည္လိုက္တယ္။
သူျဖတ္သြားေတာ့ ရႈအိုက္ဝမ္႐ုတ္တရက္သူ႔ကို လွမ္းေခၚလိုက္တယ္ “တ်န္းတ်န္း”
က်ီေလ်ာင္ျပန္လွည့္ၾကည့္လိုက္တယ္။
ရႈအိုက္ဝမ္တုန႔္ဆိုင္းေနၿပီး ဂ႐ုတစိုက္ေမးလိုက္တယ္ “တကယ္လို႔… တကယ္လို႔အေမက သားကိုေမြးစားအေဖတစ္ေယာက္ရွာေပးတယ္ဆို အဆင္ေျပလား?”
က်ီေလ်ာင္တစ္ခါမွ အဲ့လိုမေတြးမိတာေၾကာင့္ ေတာင့္ခဲသြားတယ္။ သူ႔ရဲ႕တုန႔္ျပန္မႈကိုေတြ႕ေတာ့ ရႈအိုက္ဝမ္အျမန္ထပ္ေျပာလိုက္တယ္ “တကယ္လို႔ သားမႀကိဳက္ဘူးဆိုရင္ အေမမရွာပါဘူး၊ သားရွိတာနဲ႔တင္ အေမ့အတြက္ လုံေလာက္ပါၿပီ”
က်ီေလ်ာင္က အၿမဲတေစအရမ္းကို နာခံတတ္ၿပီး ရႈအိုက္ဝမ္ကို ဘယ္တုန္းကမွမျငင္းခဲ့ဘူး။ ဒါေပမယ့္ ဒီကိစၥကေတာ့ သူ႔မွာခ်က္ျခင္းအေျဖကရွိမေနတဲ့အျပင္ အဆင္ေျပပါတယ္လို႔လည္း မေျပာႏိုင္ဘူး။ သူ က်ီခ်င္းဝမ္ကို မေမ့ႏိုင္ေသးဘူး ၿပီးေတာ့ သူတို႔ဘဝထဲကို တျခားေယာက်ာ္းတစ္ေယာက္ဝင္လာမွာကို ပုံမေဖာ္ႏိုင္ေသးဘူး။
သူအတိတ္မွာပဲ ပိတ္မိေနၿပီး အဲ့ကေန လုံးလုံးလ်ားလ်ားမထြက္လာႏိုင္ေသးဘူး။
“ေကာင္းပါတယ္” ျငင္းလိုတဲ့အရိပ္အႁမြက္နဲ႔ေျပာၿပီး က်ီေလ်ာင္အခန္းထဲဝင္လိုက္တယ္။
ေရခ်ိဳးၿပီး အိပ္ရာေပၚလွဲခ်လိုက္တာေတာင္ အိပ္မေပ်ာ္ႏိုင္ေသးဘူး။ ဒီေန႔အဖို႔ သူ႔အတြက္သတိလက္လြတ္ျဖစ္ေစတဲ့ ကိစၥေတြအမ်ားႀကီးျဖစ္သြားၿပီး သူ႔ဦးေႏွာက္ကမႈိပြင့္လိုေတာင္ ခံစားရတယ္။
အိပ္ရာေဘးနားကဖုန္းသံေလးထြက္လာတယ္။
က်ီေလ်ာင္လွမ္းယူၿပီးၾကည့္လိုက္ေတာ့ _ ဟဲ့ခ်န္းမင္ဆီက အသံmessageေရာက္ေနတယ္။ အဲ့မတိုင္ခင္ လြန္ခဲ့တဲ့ငါးမိနစ္တုန္းကလည္း စာေရာက္ေနတယ္ : ‘ကိုယ္အရမ္းစိတ္လႈပ္ရွားေနတယ္ ေဘဘီ’
လြန္ခဲ့တဲ့သုံးမိနစ္တုန္းက : ‘မင္းအေၾကာင္းေတြးၿပီး ကိုယ္အိပ္မေပ်ာ္ေတာ့ဘူး’
အသံ messageကိုဖြင့္လိုက္ေတာ့ : “က်ီေလ်ာင္ ကိုယ့္ကိုစာျပန္ပါ၊ ေနာ္…?”
လူပ်ိဳေပါက္လို အက္ရွရွနဲ႔အသံနိမ့္နိမ့္က သမင္ေပါက္ေလးလိုေလသံနဲ႔ေျပာေနတာက အရမ္းကိုေယာက်ာ္းပီသတဲ့အျပင္ ဆြဲေဆာင္မႈလည္းရွိတယ္။
က်ီေလ်ာင္အကူအညီမဲ့သလိုခံစားရတယ္။ အခ်ိန္တိုင္းမွာ က်ီေလ်ာင္က ေအးစက္ၿပီးအႏိုင္က်င့္တတ္ေပးမယ့္ တခ်ိဳ႕အခ်ိန္ေတြမွာ သူက ကေလးေလးတစ္ေယာက္လိုပဲ။ သူ႔ကို “မ်က္လုံးမွိတ္ၿပီး အိပ္ေတာ့”ဆိုတဲ့ပုံေလးျပန္ပို႔လိုက္တယ္။ ဒါေပမယ့္ အဲ့တာေျပာၿပီးေနာက္ တခုခုေတာ့မဟုတ္ေသးဘူးလို႔ ခံစားမိေပမယ့္ အခ်ိန္နည္းနည္းၾကာေတြးၿပီးတာေတာင္ ေခါင္းထဲက ဘာမွမထြက္လာဘူး။
က်ီေလ်ာင္စာကိုရေတာ့ သူခ်က္ခ်င္းသေဘာေပါက္သြားတယ္။ သူ႔ရဲ႕ေဘဘီေလးက သူ႔ကိုဆုံးမေပးၿပီး သူ႔ကိုေကာင္းေကာင္းအိပ္ဖို႔ေျပာေနတာပဲ! အဲ့ေတာ့သူလည္း နာနာခံခံေလးစာျပန္လိုက္တယ္ : ‘ေကာင္းပါၿပီတဲ့ဗ်ာ၊ ကိုယ္မင္းစကားကို နားေထာင္ပါ့မယ္’
က်ီေလ်ာင္စာအသည္းအသန္ျပန္လိုက္တယ္ : ‘ …ငါဆိုလိုခ်င္တာ အဲ့လိုမဟုတ္ဘူးေလ…”
ဟဲ့ခ်န္းမင္ : ‘ဟုတ္ပါတယ္ကြာ’
_____
[T/N : အရင္တုန္းက က်ီေလ်ာင္က ကြၽန္ေတာ္တို႔ဘာတို႔ေျပာခဲ့ေပမယ့္ ေနာက္ပိုင္းက ရင္းႏွီးလာၿပီး မြေတာင္မြၿပီးသြားၿပီဆိုေတာ့ သူလည္းေၾကာက္တာေတြဘာေတြ မရွိေတာ့ဘူးေလ။ တခါတေလေတာ့ေၾကာက္ေသးတာေပါ့။ သူတို႔ရင္းႏွီးလာတာေၾကာင့္ ေနာက္ပိုင္းေလးမွာ ငါနဲ႔မင္း ေျပာင္းသုံးေပးထားတာပါ။ ဟဲ့ခ်န္းမင္ႀကီးကေတာ့ ေဘဘီနဲ႔ကိုယ္ဆိုတာခ်ည္းပဲေနာ္]
____________________________________
{Unicode}
•သူ့ကို ဆိုဆုံးမမှုပြု•
ကျီလျောင်အိမ်ကိုရောက်တဲ့အခါ ရှုအိုက်ဝမ်က ထမင်းစားပွဲမှာထိုင်ပြီး ညစာစားနေတယ်။ ကြည့်ရတာသူမလည်း သိပ်မကြာခင်ကမှပြန်ရောက်ပုံရတယ်။
အမေ၊ အချိန်ပိုဆင်းရပြန်ပြီ” ကျီလျောင် စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ ပြောလိုက်တယ်။
သူ့အဖေမဆုံးခင်တုန်းက သူ့ရဲအမေက အချိန်ပြည့်အိမ်မှုကိစ္စတာဝန်ယူထားတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး သူမရဲ့ယောကျာ်းနဲ့သားကို ဂရုစိုက်ပေးတယ်။
ထိုအချိန်တွေတုန်းက ရှုအိုက်ဝမ်ကပျော်ရွှင်ပြီး စိတ်ကျေနပ်နေရတယ်။ သူမကို ချစ်မြတ်နိုးတဲ့ယောကျာ်းလည်းရှိတယ်၊ ချစ်စရာကောင်းတဲ့သားလေးနဲ့ ခိုင်မာပြီး ချမ်းသာသုခနဲ့ပြည့်စုံတဲ့ ဘဝလေးရရှိခဲ့တယ်။ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတာကြောင့် သူမပုံစံက အထူးသဖြင့်အရွယ်တင်ကာ လှပတယ်။
ကျီလျောင်လျှောက်လာပြီး ရှုအိုက်ဝမ်နားမှာ ထိုင်လိုက်တယ်။ အလုပ်ကိုအလွန်အကျွံလုပ်တာကြောင့် ပင်ပန်းနေတဲ့သူမရဲ့ပုံစံကိုမြင်တော့ သူသတိထားလိုက်မိတာက ဒီထက်မြက်ပြီးလှပတဲ့အမျိုးသမီးက သူ့အဖေဆုံးပါးပြီး သုံးနှစ်အတောအတွင်းမှာ ဒီမိသားစုကိုထောက်ပံ့နိုင်ဖို့ ကြီးမားတဲ့အင်အားစိုက်ထုတ်ထားရတယ်လို့။
“ဟုတ်တယ် ဆင်းရတာ၊ သားရော စားပြီးသွားပြီလား? ထမင်းကျန်သေးတယ်” ရှုအိုက်ဝမ်မတ်တပ်ထရပ်ပြီး ကျီလျောင်အတွက် ခွက်ယူဖို့ပြင်လိုက်ပေမယ့် သူမြန်မြန်ဆန်ဆန်သူမကို ပြန်ထိုင်ခိုင်းလိုက်ရတယ် “သားစားပြီးသွားပါပြီ” သူအသေအချာပြောလိုက်တယ်။
အဲ့တော့မှ ရှုအိုက်ဝမ်လက်လျော့လိုက်ပြီး လတ်တလောသူ့ရဲ့သင်ခန်းစားအခြေအနေတွေကို သိလိုစိတ်နဲ့မေးမြန်းတော့တယ်။ ကျီလျောင်က သူမရဲ့မေးခွန်းတွေကို တခုချင်းစီပြန်ဖြေပေးတယ်။ စိတ်ကျေနပ်သွားတာကြောင့် ရှုအိုက်ဝမ်သူ့သားလေးခေါင်းကို ပုတ်လိုက်တယ်။ သူမအိမ်ပြန်လာတိုင်း ကျီလျောင်အဆင်ပြေနေတာကိုမြင်နေသရွေ့ သူမကြိုးပမ်းရတာတွေ၊ ပင်ပန်းတာတွေက သူမအတွက်အရေးမပါတော့သလို ခံစားရတယ်။
“ကောင်းပါပြီ၊ နောက်ကျနေပြီလေ… ခြေလက်ဆေးကြောပြီး သွားအိပ်တော့” ရှုအိုက်ဝမ်ပြောလိုက်တယ်။
ကျီလျောင်ခေါင်းရမ်းလိုက်တယ် “သားအမေနဲ့ ခဏလောက်ထိုင်ပေးမယ်လေ”
တစ်ယောက်တည်းစားရတာ အရမ်းကိုအထီးကျန်စရာကောင်းတယ်။ သူ့ရဲ့အမေကို အဲ့လိုမခံစားစေချင်ဘူး။
ရှုအိုက်ဝမ်မျက်လုံးတွေက ခံစားချက်တွေပြည့်နှက်သွားတယ်။ သူမရဲ့သားလေးက အရွယ်ရောက်လာပြီး ပိုမိုမျှဝေခံစားတတ်လာတယ်လို့ ခံစားမိတာကြောင့် သူမငြင်းမနေတော့ဘူး။ နှစ်ယောက်သား ခဏလောက်စကားပြောဆိုရင်း ရှုအိုက်ဝမ်စားသောက်ပြီးစီးလို့ ပန်းကန်တွေဆေးကြောနေတော့မှ ကျီလျောင်သူ့အခန်းဆီကို ဦးတည်လိုက်တယ်။
သူဖြတ်သွားတော့ ရှုအိုက်ဝမ်ရုတ်တရက်သူ့ကို လှမ်းခေါ်လိုက်တယ် “တျန်းတျန်း”
ကျီလျောင်ပြန်လှည့်ကြည့်လိုက်တယ်။
ရှုအိုက်ဝမ်တုန့်ဆိုင်းနေပြီး ဂရုတစိုက်မေးလိုက်တယ် “တကယ်လို့… တကယ်လို့အမေက သားကိုမွေးစားအဖေတစ်ယောက်ရှာပေးတယ်ဆို အဆင်ပြေလား?”
ကျီလျောင်တစ်ခါမှ အဲ့လိုမတွေးမိတာကြောင့် တောင့်ခဲသွားတယ်။ သူ့ရဲ့တုန့်ပြန်မှုကိုတွေ့တော့ ရှုအိုက်ဝမ်အမြန်ထပ်ပြောလိုက်တယ် “တကယ်လို့ သားမကြိုက်ဘူးဆိုရင် အမေမရှာပါဘူး၊ သားရှိတာနဲ့တင် အမေ့အတွက် လုံလောက်ပါပြီ”
ကျီလျောင်က အမြဲတစေအရမ်းကို နာခံတတ်ပြီး ရှုအိုက်ဝမ်ကို ဘယ်တုန်းကမှမငြင်းခဲ့ဘူး။ ဒါပေမယ့် ဒီကိစ္စကတော့ သူ့မှာချက်ခြင်းအဖြေကရှိမနေတဲ့အပြင် အဆင်ပြေပါတယ်လို့လည်း မပြောနိုင်ဘူး။ သူ ကျီချင်းဝမ်ကို မမေ့နိုင်သေးဘူး ပြီးတော့ သူတို့ဘဝထဲကို တခြားယောကျာ်းတစ်ယောက်ဝင်လာမှာကို ပုံမဖော်နိုင်သေးဘူး။
သူအတိတ်မှာပဲ ပိတ်မိနေပြီး အဲ့ကနေ လုံးလုံးလျားလျားမထွက်လာနိုင်သေးဘူး။
“ကောင်းပါတယ်” ငြင်းလိုတဲ့အရိပ်အမြွက်နဲ့ပြောပြီး ကျီလျောင်အခန်းထဲဝင်လိုက်တယ်။
ရေချိုးပြီး အိပ်ရာပေါ်လှဲချလိုက်တာတောင် အိပ်မပျော်နိုင်သေးဘူး။ ဒီနေ့အဖို့ သူ့အတွက်သတိလက်လွတ်ဖြစ်စေတဲ့ ကိစ္စတွေအများကြီးဖြစ်သွားပြီး သူ့ဦးနှောက်ကမှိုပွင့်လိုတောင် ခံစားရတယ်။
အိပ်ရာဘေးနားကဖုန်းသံလေးထွက်လာတယ်။
ကျီလျောင်လှမ်းယူပြီးကြည့်လိုက်တော့ _ ဟဲ့ချန်းမင်ဆီက အသံmessageရောက်နေတယ်။ အဲ့မတိုင်ခင် လွန်ခဲ့တဲ့ငါးမိနစ်တုန်းကလည်း စာရောက်နေတယ် : ‘ကိုယ်အရမ်းစိတ်လှုပ်ရှားနေတယ် ဘေဘီ’
လွန်ခဲ့တဲ့သုံးမိနစ်တုန်းက : ‘မင်းအကြောင်းတွေးပြီး ကိုယ်အိပ်မပျော်တော့ဘူး’
အသံ messageကိုဖွင့်လိုက်တော့ : “ကျီလျောင် ကိုယ့်ကိုစာပြန်ပါ၊ နော်…?”
လူပျိုပေါက်လို အက်ရှရှနဲ့အသံနိမ့်နိမ့်က သမင်ပေါက်လေးလိုလေသံနဲ့ပြောနေတာက အရမ်းကိုယောကျာ်းပီသတဲ့အပြင် ဆွဲဆောင်မှုလည်းရှိတယ်။
ကျီလျောင်အကူအညီမဲ့သလိုခံစားရတယ်။ အချိန်တိုင်းမှာ ကျီလျောင်က အေးစက်ပြီးအနိုင်ကျင့်တတ်ပေးမယ့် တချို့အချိန်တွေမှာ သူက ကလေးလေးတစ်ယောက်လိုပဲ။ သူ့ကို “မျက်လုံးမှိတ်ပြီး အိပ်တော့”ဆိုတဲ့ပုံလေးပြန်ပို့လိုက်တယ်။ ဒါပေမယ့် အဲ့တာပြောပြီးနောက် တခုခုတော့မဟုတ်သေးဘူးလို့ ခံစားမိပေမယ့် အချိန်နည်းနည်းကြာတွေးပြီးတာတောင် ခေါင်းထဲက ဘာမှမထွက်လာဘူး။
ကျီလျောင်စာကိုရတော့ သူချက်ချင်းသဘောပေါက်သွားတယ်။ သူ့ရဲ့ဘေဘီလေးက သူ့ကိုဆုံးမပေးပြီး သူ့ကိုကောင်းကောင်းအိပ်ဖို့ပြောနေတာပဲ! အဲ့တော့သူလည်း နာနာခံခံလေးစာပြန်လိုက်တယ် : ‘ကောင်းပါပြီတဲ့ဗျာ၊ ကိုယ်မင်းစကားကို နားထောင်ပါ့မယ်’
ကျီလျောင်စာအသည်းအသန်ပြန်လိုက်တယ် : ‘ …ငါဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူးလေ…”
ဟဲ့ချန်းမင် : ‘ဟုတ်ပါတယ်ကွာ’
_____
[T/N : အရင်တုန်းက ကျီလျောင်က ကျွန်တော်တို့ဘာတို့ပြောခဲ့ပေမယ့် နောက်ပိုင်းက ရင်းနှီးလာပြီး မွတောင်မွပြီးသွားပြီဆိုတော့ သူလည်းကြောက်တာတွေဘာတွေ မရှိတော့ဘူးလေ။ တခါတလေတော့ကြောက်သေးတာပေါ့။ သူတို့ရင်းနှီးလာတာကြောင့် နောက်ပိုင်းလေးမှာ ငါနဲ့မင်း ပြောင်းသုံးပေးထားတာပါ။ ဟဲ့ချန်းမင်ကြီးကတော့ ဘေဘီနဲ့ကိုယ်ဆိုတာချည်းပဲနော်]
_____
Thanks 😉