The frozen heart of the fire...
By FlowerRainButterfly
875K 75.2K 2.6K
မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာည... More
ပုံပြင်လေးအစ...
part 1
part 2
part 3
part 4
part 5
part6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 28
part 29
part 30
part 31 (ဇာက်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
S2❤
part 27
16.8K 2K 52
ထိုတိတ်ဆိတ်မူသည် အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီး
ကောင်းပေးခဲ့တယ်လေ
ဘယ်မျိုးနွယ်စုမဆို ဘယ်လိုနတ်မျိုးနွယ်မျိုးမဆို အကူညီတောင်းသမျှ သူတို့အလိုရှိတာမှန်သမျှငါတို့လုပ်ပေးခဲ့တယ်
ထိုစကားတို့အဆုံး
စကားသံတစ်ခုခု တစ်နည်းအားဖြင့် ဒေါသထွက်သည်ပင်လည်း ကောင်းဝမ်းနည်းသည်ပင်လည်းကောင်းထွက်ပေါ်လာမည့်အသံအားနားစွင်နေ့သည့်တိုင် တိတ်ဆိတ်၍သာနေခဲ့သည်။
ထွက်သွားကျမလား"
"ရူးသွားပြီလား
ဘာကိစ္စဖယ်ပေးရမှာလဲကျမတို့ကဘာများအမှားလုပ်ထားလို့လဲ ကိုယ့်နိုင်ငံမှာကိုယ်နေပြီး ဒုက္ခရောက်တုန်းကလည်း ဘယ်သူကိုမှအကူမတောင်းခဲ့ဘူးလေ
"ဒါဖြင့်...!!
"မဖြစ်ဘူး
ငါတို့ရူံးမှာပဲ"
"မဖြစ်နိုင်ဘူး
.
.
.
.
.
.
.
.......................................................
"ပြန်တော့.."
ခုနလေးတင် တတ်တတ်ကြွကြွလျောက်လှမ်းလာတဲ့ခြေလှမ်တွေ တုံ့ခနဲရပ်တန့်သွားပြီး ပီတီတီပြုံးနေခဲ့တဲ့အပြူံးတွေကလည်း ထိုလူသားရဲ့မျက်နှာပေါ်က ရုတ်ချင်းပျောက်ကွယ်သွားသည်တဲ့။
"ဟို....အရှင်...ကျနော်.."
"ထွက်သွားစမ်း...!!"
ပြန်ရလိုက်သည်က နှလုံးသားကိုစုတ်ဖြဲသွားတဲ့ခက်ထန်လိုက်တဲ့မောင်းထုတ်သံပါတဲ့။
ပျော့ညံ့တတ်တဲ့သူတစ်ယောက်လည်းမဟုတ်ပါပဲ
ထစ်ခနဲဆို မျက်ရည်ကျတတ်သည့်သူမျိုးမဟုတ်ပေမယ့်လည်း ထိုသူရဲ့ခပ်ထန်ထန်စကားလေးတခွန်းနဲ့တင် ရိုက်ကြီးသဲကြီးငိုစေခဲ့သည်တဲ့။
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😚
7/4/2020(11:52)AM
........................................................
#ပေါက်စ
###
မီးနိုင်ငံတော်၏ အရှင်လေးဦးတို့ဆုံရာခန်းမတွင်ဖြစ်သည်။
စားပွဲ၏ထိပ်ဆုံးနားမှာ စာလိပ်တစ်လိပ်က လေပေါ်တွင်ဖြန့်လျက်သားနှင့်
အထွေထူးတော့မဟုတ် ချင်းဖုန်းရွှမ်ဆိုသည့် မီးနိုင်၏အရှင်သခင်ကကိုင်ထားသောကြောင့်ပင်။
ကျန်အရှင်သုံးဦး၏မျက်နှာတော်တွေမှာ မသာယာနိုင်ပဲသွေးစုပ့်ဖြူလျော်နေကျသည်။
တိတ်ဆိတ်နေသည့်ထိုအခန်းထဲတွင်ကား လေပြေတိုးသံ သဲ့သဲ့အားလည်း ရံဖန်ရန်ခါကြားရတတ်သေးသည်။
ထိုတိတ်ဆိတ်မူသည်် အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီး
တိတ်ဆိတ်မူအား စတင်ဖြိုခွင်းလိုက်သည်ကတတိယအရှင်ရှူံးယဲ့ပင်။
"ဒါက ဘယ်လိုစော်ကားမူမျိုး..."
စကားကိုတောင်ပြီးပြတ်အောင်မပြောနိုင်လောက်အောင် ရှူံးယဲ့အသံတို့ကတုန်ရီနေသည်။
ကျန်သူများကမူ ရုတ်တရက်စွံအကုန်သည်အလား ဘာစကားမှထွက်မလာခဲ့ပေ။
ထိုအခါ ရှူံးယဲ့ကသည်းမခံနိုင်တော့သည်အလား
ဝုန်းခနဲထရပ်ကာ တုန်ရီနေသောအသံဖြင့်ဒေါသတကြီးဆိုလာခဲ့သည်။
"ငါတို့အကုန်လုံးအပေါ်ကောင်းပေးခဲ့တယ်
ကောင်းပေးခဲ့တယ်လေ
ဘယ်မျိုးနွယ်စုမဆို ဘယ်လိုနတ်မျိုးနွယ်မျိုးမဆို အကူညီတောင်းသမျှ သူတို့အလိုရှိတာမှန်သမျှ ှငါတို့လုပ်ပေးခဲ့တယ်
ဒါပေမယ့်ဘာလို့ ဘာလို့"
ထိုစကားတို့အဆုံး
ဖုန်းရွှမ် မျက်ဝန်းတို့အားလေးပင်စွာမှိတ်ချလိုက်သည်။
လက်ထဲက နဂါးမျိုးနွယ်စုကခွဲထွက်သွားတဲ့ မြွေမျိုးနွယ်၏ မီးနိုင်ငံတော်ရဲ့နေရာအား အသာတကြည်ဖယ်ပေးရန်နှင့်
မဖယ်ပေးပါက သိမ်းပိုက်မည်ဟူဟောကမ်းလှမ်းစာကို စာပွဲပေါ်သို့ပြန်ချလိုက်သည်။
လေပေါ်ထောင်ကာပြန့်နေတဲ့စာလိပ်လေး ဖြည်းငြင်းစွာစားပွဲပေါ်ကျသွားတော့ အကုန်လုံးရဲ့စူးစိုက်မူက စားပွဲထိပ်ကဘာမှရှိမနေသည့် ထိုင်ခုံသို့ရောက်သွားကျလေသည်။
စကားသံတစ်ခုခု တစ်နည်းအားဖြင့် ဒေါသထွက်သည်ပင်လည်း ကောင်းဝမ်းနည်းသည်ပင်လည်းကောင်းထွက်ပေါ်လာမည့်အသံအားနားစွင်ေ့နသည့်တိုင် တိတ်ဆိတ်၍သာနေခဲ့သည်။
"အဲတော့ ဖယ်ပေးရမှာလား ဒီတိုင်း...
ထွက်သွားကျမလား"
ထိုစကားသံက ဒုတယအရှင်ချီရှင်းစီကဖြစ်ပြီး မမှိတ်မသုန်မျက်ဝန်းတို့က အသက်မဲ့နေလျက်ဆိုနေခြင်းပင်။
"ရူးသွားပြီလား
ကျမတို့ရဲ့ဒုတိယအရှင်ကြီးက ရူးသွားပြီကိုး
ဘာကိစ္စဖယ်ပေးရမှာလဲ ဲကျမတို့ကဘာများအမှားလုပ်ထားလို့လဲ ကိုယ့်နိုင်ငံမှာကိုယ်နေပြီး ဒုက္ခရောက်တုန်းကလည်း ဘယ်သူကိုမှအကူမတောင်းခဲ့ဘူးလေ
ဘယ်သူကမှလည်းအကူညီမပေးခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဘာသာရပ်တည်ခဲ့တာပဲမဟုတ်ဘူးလား"
ဒေါသတို့ဒုန်းစိုင်းစွာဆိုလာသည့် ဖန်လင်ရှီး၏စကားတို့က မဲမဲမြင်ရာခဲနေသည့်နှယ်။
"ဒါဖြင့်...!!
သူတို့ဘက်ကတိုက်ခိုက်ပြီးသိမ်းမယ်ဆိုရင်ရော
ငါတို့ပြန်တိုက်နိုင်မယ်ထင်နေလို့လား
ကလေးအတွေး တွေးနေရမဲ့အချိန်မဟုတ်ဘူး
ဘယ်သူကမှ ကိုယ့်နိုင်ငံကိုမစွန့်လွတ်ချင်ဘူး ဒါပေမယ့်ငါတို့ပြည်သူတွေအတွက်ထည့်တွက်ရမယ်"
တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင်ရမည့်အခြေနေမဟုတ်မှန်း နှစ်ဘက်လုံးသဘောပေါက်ကျပေမယ့်လည်း
ဒေါသတွေအားထိန်းသိမ်းဖို့ခက်ခဲနေကျသည်။
တင်းမာနေရမဲ့အခြေနေမဟုတ်တာကြောင့် ဖုန်းရွှမ်စကားပြောဖို့ထရပ်လိုက်ပေမယ့် ဘယ်သူမှမမြင်ရခြင်းကြောင့် အခြေနေကဆက်လက်တင်းမာကာ ရန်ဆောင်နေကျမြဲ...။
ဒီလိုအခြေနေတွေကိုလည်း ဖုန်းရွှမ်တကယ်ကိုမုန်းလှပြီဖြစ်သည်။
"ဒီရေမြေက မီးမျိုးနွယ်တွေအတွက်အသားကျနေပြီ
တစ်ခြားနယ်မြေရဲ့အနေထားနဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး ငါတို့တိုင်းပြည်ကိုပေးလိုက်ရင် မီးမျိုးနွယ်တွေ အသက်ရှင်နိုင်မယ်ထင်နေလို့လား"
ခံစားချက်မဲ့နေသည့်ထိုစကားသံက အခန်းထဲရှိလေထုကိုတောင်အေးစက်သွားစေသည့်အနေထားတွင်ရှိနေသည်။
ခြေသံမည်အောင်မလျောက်ပေမယ့်လည်း တံခါးဘက်ကိုဦးတည်ပြီးထွက်သွားသည်ကိုတော့ အငွေ့သက်ရဲ့ရနံ့အပျင်းအပျော့ပေါ်မူတည်ပြီး သိနိုင်နေသည်မို့ ဖုန်းရွှမ်ထွက်သွားပြီဆိုသည်သိနေကျသည်။
ထိုစဉ်တံခါးဝနားမှအသံထွက်လာသည်။
"တိုက်ဆိုလည်း....တိုက်ကျတာပေါ့"
ထိုအသံက ချင်းဖုန်းရွှမ်၏အသံဆိုတာ မေးနေစရာတောင်မလိုအပ်ခဲ့ပါပေ။
ခဏကြာတော့ ချီရှင်းအသက်မဲ့သည့်အပြုံးတစ်ပွင့်အားဖျတ်ခနဲပြုံးလိုက်သည်။သို့သော်လည်းခဏသာဖြစ်ပြီး ဤကဲ့သို့သောအခြေနေကို ရွဲ့ကာရယ်မောချင်ပေမယ့်လည်း ဘယ်လိုမျာရယ်မောနိုင်မှာတဲ့လဲ..။
"မဖြစ်ဘူး
ဖုန်းရွှမ်ခုတလောအားပိုနည်းလာတယ်
ငါတို့ရူံးမှာပဲ"
ဟုတ်သည်။ခုရက်ပိုင်းပိုလို့ပင်ဆိုးလာသည့်အအေးဒဏ်က ညဘက်ဆိုလျှင်ရေတချို့ခဲသည်အထိ။ ထို့ကြောင့်ဖုန်းရွှမ်ရဲ့စွမ်းအင်အခြနေက မေးဖို့တောင်လိုအပ်မယ်မထင်။
မြွေမျိုးနွယ်ဆိုသည်က အရင်တချိန်ကနဂါးမျိုးနွယ်ထဲပါဝင်ပေမယ့်လည်း
ကိုယ်ပိုင်သီးခြားမျိုးနွယ်စုအနေနဲ့ခွဲထွက်ခဲ့သော မျိုးနွယ်စုတစ်ခုပင်ဖြစ်သည်။
အင်းအားအရမ်းမကြီးသော်လည်း လျော့တွက်မရသောမျိုးနွယ်စုတစ်ခုပင်။
ယခုလိုပေါ်ပေါ်တင်တင်နှင့် မီးနိုင်ငံတော်ရဲ့နယ်မြေအား လုဖို့ကြေညာရဲသည်ဆိုတည်းက မီးနိုင်ငံတော်ကိုသိမ်းနိုင်သောအနေထားတွင် ရှိနေလို့ပင်ဖြစ်မယ်။
ထိုသည်ကိုမိုက်ရူးရဲဆန်ပြီး ယှဉ်ကာတိုက်ခိုက်ခဲ့ပါလျှင် ရလာဒ်ကမည်သို့မှကောင်းမည်မဟုတ်။
လွန်ခဲ့ပြီးတဲ့ဖြစ်ရပ်မှာတည်းက မီးနိုင်တော်ရဲ့ကာကွယ်သူတွေ
စစ်သည်တော်တွေ အကုန်နီးပါးဆုံးရှူံးခဲ့ရသည်က မရှိတော့သလောက်ပင်။
လေ့ကျင့်ထားခြင်းမရှိတဲ့သာမာန်သူတွေနဲ့တိုက်ဖို့ကလည်း အရမ်းများစိတ်ကူးယဉ်ဆန်ရာကျမနေပေဘူးလား။
"အဲတာကြောင့်ပြောတာပါ အရှင်ခုတလောပိုပိုပြီးအားနည်းလာတာ အပြင်ကိုပေါက်ကြားလို့ခုလို့ဖြစ်ရတာမဟုတ်ဘူးလား
အရှင်အားနည်းနေကြောင်းသတင်းမပျံ့ရင် ဘယ်သူကဒီလိုလုပ်ရဲမှာလဲ "
တိတ်ဆိတ်ခြင်းကိုအမှီပြုကာ အတိတ်တချို့အားပြန်လည်အလည်သွားနေတုန်း လင်ရှီးစကားကြောင့် ချီရှင်းအတွေးတို့ပျက်တောင်းကုန်ရသည်။
"မီးနိုင်ငံတော်ကအပြင်လူအဝင်ထွက်မှမရှိတော့တာဘယ်လိုလုပ်သတင်းပျံ့နိုင်မှာလဲ"
လင်ရှီးစကားကစဉ်းစားစရာပေမယ့်လည်း ရှူံးယဲ့အဖြေကပို၍မှန်နေသည်။မီးနိုင်ငံတော်တွင် ထိုကဲ့သို့သတင်းဖြန့်ကာ ယုတ်မာမဲ့သူမရှိဘူးမဟုတ်ပါလား။
"မေ့နေတာလား အိမ်ရှေ့စံရှိတယ်လေ"
လင်ရှီးကအစထဲက အိမ်ရှေ့စံကိုအမြင်မကြည်သူပြီပြီ
အိမ်ရှေ့စံအားအမြင်စောင်းနေခြင်းကြောင့် ထိုသို့ပြောသည်ပင်ဖြစ်မည်။
ချီရှင်းလေးပင်စွာသက်ပျင်းချလိုက်ပြီး အိမ်ရှေ့စံဘက်ကမရပ်ချင်ပေမယ့်လည်း မီးနိုင်ငံတော်ရဲ့ဒုတိယအရှင်ပီသစွာနှင့်ပင် လွဲမှားမစွပ်စေရန်ဖြန်ဖြေလိုက်ရသည်။
"မဖြစ်နိုင်ဘးူ
အိမ်ရှေ့စံက ပေ့ထုံးငှက်ကိုတောင် နှလုံးသားနဲ့ဖမ်းခဲ့နိုင်သေးတာပဲ
ယုတ်မာတဲ့လုပ်ရပ်မျိုးလုပ်မဲ့သူမဟုတ်ဘူး"
ထိုစကားကြားမှ လင်ရှီးပြန်စဉ်းစားမိသွားပုံပင်။
ပေ့ထုံးငှက်ဆိုသည်က နှလုံးသားကိုထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး
လွယ်လွယ်နဲ့သခင်လက်မခံတတ်တာ အကုန်လုံးသိထားပြီးဖြစ်နေလို့ပင်။
ထို့နောက် လင်ရှီးကတွေဝေစွာ ခပ်တိုးတိုးရေရွတ်လာသည်။
"ဒါဆိုဘယ်သူကလုပ်မှာလဲ..."
.
.
.
.
.
.
.
.......................................................
ဖုန်းရွှမ်အဆောင်ပြန်ရောက်တော့ ထိုလူသားကမပြန်သေးပဲစောင့်နေပုံရသည်။
ဖုန်းရွှမ်ရဲ့အငွေ့သက်နဲ့ရနံ့က အရမ်းပင်သိသာနေလို့လားတော့မသိ ဖုန်းရွှမ်အဆောင်ထဲဝင်လာတာနဲ့ အရောင်လဲ့လာတဲ့မျက်ဝန်းလေးတွေက သခင်အလာကိုမျှော်နေတဲ့ခွေးပေါက်လေးလိုလိုနှင့်။
သို့သော်လည်း ရူပ်ထွေးနေသည့်စိတ်က ခုချိန်မှာဘယ်သူကိုမှအနားမှာရှိမနေစေချင်တာကြောင့်
ထိုင်နေရာကထလာတဲ့ထိုလူသားရဲ့ခြေလှမ်းတွေ
အနားရောက်မလာခင်မှာပ ဲဖုန်းရွှမ်အေးစက်စွာဆိုလိုက်သည်။
"ပြန်တော့.."
ခုနလေးတင် တတ်တတ်ကြွကြွလျောက်လှမ်းလာတဲ့ခြေလှမ်တွေ တု့ံခနဲရပ်တန့်သွားပြီး ပီတီတီပြုံးနေခဲ့တဲ့အပြူံးတွေကလည်း ထိုလူသားရဲ့မျက်နှာပေါ်က ရုတ်ချင်းပျောက်ကွယ်သွားသည်တဲ့။
"ဟို....အရှင်...ကျနော်.."
"ထွက်သွားစမ်း...!!"
အရှင်စိတ်မကြည်ဘူးဆိုတာရိပ်မိပေမယ့်လည်း
ကျန်နေသေးတဲ့အချိန်လေးတွေအတွင်းမှာ အရှင်နဲ့ရှိနေသေးချင်လို့ အရဲစွန့်ပြီးခွင့်တောင်းချင်ပေမယ့်လည်း
ပြန်ရလိုက်သည်က နှလုံးသားကိုစုတ်ဖြဲသွားတဲ့ ဲ့ခက်ထန်လိုက်တဲ့မောင်းထုတ်သံပါတဲ့။
မီးနိုင်ငံတော်ရောက်စထဲက
ခုချိန်ထိခုလို ကြမ်းကြမ်းတမ်းတမ်းတစ်ခါမှ အအော်မခံခဲ့ရဘူးလို့လားမသိ
ထိုအော်သံက လီရှန်းအတွက်တော့ရက်စက်လွန်းနေခဲ့သည်။
သို့သော်လည်း စိတ်ရူပ်နေပုံရတဲ့ အရှင့်ရှေ့မှာတော့မငိုချင်တာကြောင့် ခြေလှမ်းတို့ကို ကသုတ်ကရုတ်နှင့် အရှင့်အဆောင်နှင့်ဝေးရာသို့မြန်ုမြန်လျောက်လာခဲ့ပြီး အတော်ဝေးသည့်နေရာကလမ်းပေါ်ရောက်မှာ ဆက်လျောက်ချင်စိတ်လုံးလုံးမရှိတော့ပဲ
ရုတ်တရက်ထိုင်ချလိုက်မိတာလား ဒူးတို့ညွတ်ကျသွားသည်လာတောင်မသဲကွဲတော့ပေ။
ခပ်ဖြိုင်ဖြိုင်ရွာသွန်းလာတဲ့မိုးသားအောက်က တံစက်မှိတ်ကနေ စီးကျနေတဲ့မိုးစက်တွေလိုမျိုး မျက်ဝန်းအိမ်ထဲပြည့်လျံလာတဲ့
ထိုမျက်ရည်စက်တွေက တားစည်းလို့မရနိုင်စွာနဲ့ပဲ
ရင်ထဲပြည့်ကျပ်လာတဲ့ခံစားချက်က တကယ်ကိုအသက်ရူရခက်ခဲလွန်းနေခဲ့ရသည်။
ပျော့ည့ံတတ်တဲ့သူတစ်ယောက်လည်းမဟုတ်ပါပဲ
ထစ်ခနဲဆို မျက်ရည်ကျတတ်သည့်သူမျိုးမဟုတ်ပေမယ့်လည်း ထိုသူရဲ့ခပ်ထန်ထန်စကားလေးတခွန်းနဲ့တင် ရိူက်ကြီးသဲကြီးငိုစေခဲ့သည်တဲ့။
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😚
7/4/2020(11:52)AM
........................................................
( AN/နောက်ဆုံးနားလေး လီရှန်းငိုနေတဲ့နေရာရေးတော့ ကိုယ်ပါမျက်ရည်ဝဲချင်သလိုလိုနဲ့😞)
#ပေါက်စ
###
Continue Reading
You'll Also Like
528K 60.3K 64
Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help but fall for him. This is my Owncreation...
152K 1.7K 2
ကျွန်​တော် သူ့ဆီက​နေ ထွက်​သွားခဲ့တယ် ။သို့​​သော် ကျွန်​တော် ကိုယ်တိုင်ပဲ ပြန်လာခဲ့တယ် ။ ဒိတစ်ခါ​တော့အရင်လို သူ့ အသည်းကို ထပ်ခွဲဖို့ မဟုတ် ........ က...
2.9M 396K 129
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတ...
2.7M 92.1K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...