part 18

21.1K 2.1K 144
                                    


"လူသားလေးရေ...."

အသံကြောင့် မိုင်နေရင်းကကြည့်မိတော့
အိမ်ရှေ့စံပင်။
အရက်အိုးလေးဆွဲကာဖြင့်ဝင်လာရင်း လီရှန်းမျက်နှာမကောင်းသည်ကို သတိထားမိသွားသည်ထင်
စားပွဲမှာဝင်ထိုင်ရင်း​မေးလာသည်။

"ဘာဖြစ်လို့လဲ....ချင်းဖုန်ရွှမ်မင်းကိုဆူလို့လား"

ရင်းယာန်မျှော်မှန်းထားပြီးသားပါ။
အဲဒီနေ့က ရင်းယာန်ကိုအရင်ပြန်ခိုင်းပြီး လီရှန်းကိုနေခဲ့ခိုင်းသည်ကို ကြည့်ခြင်းအားဖြင့် ဘယ်လိုမှအကောင်းမဖြစ်နိုင်တာကို သိထားခဲ့ပြီးသား။
ခုလဲမေးနေတာကိုပြန်ဖြေမလာပဲ တစ်ယောက်ယောက်ဆုံးသွားသလို မျက်နှာထားလုပ်နေသည့် လူသားလေးက တစ်ခုခုဖြစ်နေတာကြည့်တာနဲ့အသိသာကြီးပင်။

"အိမ်ရှေ့စံ..အရှင့်ရဲ့ရုပ်ရည်ကိုမြင်ဘူးလား"

ရုတ်တရက်ကြီးထမေးလာတဲ့ လူသားလေးကြောင့် သေရည်ငှဲ့နေတဲ့လက်တွေရပ်တန့်သွားကာ ခဏတော့ကြောင်သွားသေးသည်။
နောက်မှ သူလည်းမြင်ဘူးချင်လို့နေမှာပါဟု တွေးမိတော့ ခနဲ့တဲ့တဲ့ပြုံးရင်းပြန်ဖြေလိုက်သည်။

"ချင်းဖုန်းရွှမ်လား....မြင်ဖူးတာပေါ့ ဘာလို့လဲမြင်ဘူးချင်လို့လား"

ထိုအခါ လူသားလေးကခေါင်းရမ်းလာကာဖြင့် ရင်းယာန်အားတည့်တည့်ကြည့်ကာဖြင့်...

"ကျနော်မြင်ပြီးပြီး ပုံတူပန်းချီကားထဲက သူ...သူက"

ဆက်ပြီးထွက်မလားလို့စောင့်နေပေမယ့် ပြောမထွက်နိုင်သည်အလား သနားဖို့ကောင်းအောင်ကြည့်နေသည့် လူသားလေးက တစ်ခုခုတော့ တစ်ခုခုဖြစ်နေသည့်ပုံပင်။
ခဏလောက်နေမှ စားပွဲပေါ်ခေါင်းငိုက်စိုက်ကျကာပြောလာသည်။

"အရှင်ကအရမ်းချောတာပဲ.....ဘယ်လိုလုပ်ရမလဲ"

ဘာများလဲဟုတွေးရင်း ရင်းယာန်သေရည်ကို ဟန်ပါပါသောက်နေလိုက်သည်။
ပြီးကာမှ...

"ဘယ်လိုလုပ်ချင်လို့လဲ..."

အမေးကြောင့်
ခေါင်းထောင်ကာကြည့်လာတဲ့ ထိုလူသားပုံက တလောကလုံးကစိတ်ညစ်စရာတွေကို သူ့ကပဲဒိုင်ခံစဉ်းစားနေရသဖွယ် လွန်စာမှသနားချင့်စဖွယ်ကောင်းနေသလို ချက်ချင်းပင်ဆံပင် တွေဖြူလာတော့မလားတောင် ထင်ရလောက်သည်။
အကြာကြီးမျက်တောင်မခက်လို့ အကြည့်တွေဝေဝါးနေပုံရတဲ့မျက်ဝန်းတွေမှာ မေးခွန်းအဓိပ္ပါယ်တွေအပြည့်နှင့်..

The frozen heart of the fire king (Completed) Where stories live. Discover now