part 29

17.4K 1.8K 42
                                    


ထိုဖြစ်စဉ်အပြီးသုံးရက်မြောက်နေ့..။

လီရှန်းအတွက်တော့ အရှင့်အားဆေးတိုက်ခဲ့တာ ငါးရက်မြောက်နေ့ပင်ရောက်ခဲ့ပြီဖြစ်သည်။
ဆေးတိုက်ဖို့မှာတကယ်ကိုမလွယ်ကူခဲ့ပေမယ့်
နောက်ဆုံးတော့ အရှင့်ကိုဆက်သတဲ့ပွဲတော်တွေထဲက အရှင်သေချာပေါက်စားဖြစ်လောက်မည့် ဟင်းလျာတစ်ခုထဲကို ခိုးထည့်ပေးသည့်နည်းသာသုံးလိုက်ရသည်။
အရှင်စားသည်ကို ချောင်းပြီးအတည်ပြုခဲ့တာကြောင့် ဆေးမစားဖြစ်မှာကိုတော့ စိတ်ပူစရာမလိုအပ်တော့။
စိတ်ပူရမည်ကထိုဆေးကိုပင်။
ရှန်းကူးဆိုသည်လူက ယုံဖို့ခက်ပေမယ့်လည်း သူပြောခဲ့သလိုဆေးစစားသည့်နေ့ကစပြီး ဒီနေ့ထိ အရှင့်ရဲ့စွမ်းအင်မှာတစ်နေ့တစ်ခြားပိုနည်းလာကြောင်းကို မီးနိုင်ငံတော်၏ရာသီဥတုကပြောပြ၍နေသည်။
လီရှန်းခုမှ နောင်တရချင်သလိုလိုတောင်ဖြစ်လာပြီး
အကယ်၍ ထိုဆေးက အရှင့်စွမ်းအင်တွေကိုတကယ်ပြန်မရစေရင် ဘယ်လိုလုပ်ရပါ့မလဲဆိုသည့်အတွေးက လီရှန်းအားနေ့တိုင်းနိပ်စက်နေသည်။
အရှင်နဲ့နောက်ဆုံးတွေ့ခဲ့သည့်နေ့ကစပြီး ဒီနေ့ထိလီရှန်းစီအရှင်လာရောက်ခြင်းမရှိသေးတာကြောင့်
အရှင်နဲ့မတွေ့ရသည်မှာသုံးရက်ပင်ရှိခဲ့ပြီ။
ပထမနှစ်ရက်က လီရှန်းအရှင့်အဆောင်စီသွားပေမယ့်လည်း ပြန်လာခဲ့ရသည်မို့ ဒီနေ့တော့မသွားချင်တော့။
တွေ့ချင်တာမှန်ပေမယ့်လည်း အရှင့်မှာတခြားစိတ်ရူပ်စရာရှိနေသည်ကအဖြစ်နိုင်ဆုံးမို့မနှောင့်ယှက်ချင်ပေ။
နည်းနည်းလေးတောင် စိတ်ရူပ်သွားမှာမလိုလားတာမလို့
နောက်လည်းအမြဲတွေ့နေရမဲ့သူတွေမဟုတ်တာမို့ ခုကတည်းကမတွေ့ပဲနေနိုင်ကလည်း ကောင်းပါတယ်ဟုပဲနှလုံးသွင်းထားလိုက်သည်။

ထိုသို့တွေးပြီးသတိရလာသည်က အိမ်ရှေ့စံပင်။
လီရှန်း ရှန်းကူးနဲ့အလဲလှယ်လုပ်ခဲ့တာသာသိရင် အိမ်ရှေ့စံ ဘယ်လောက်တောင် ဒေါသထွက်လိုက်လေမလဲ။
အရင်ကဆို လီရှန်းအား မကြာမကြာစကားလာပြောတတ်သည့်အိမ်ရှေ့စံက ပေါ်မလာသည်မှာတစ်ရက်နှစ်ရက်ပင်ရှိနေပြီ။
ဖြစ်နိုင်သည်က ဟိုတနေ့ကရှန်းကူးနဲ့တွေ့ ခွင့်တောင်းလို့ စိတ်ခုနေခြင်လားတော့မသိ။
ဘာပဲပြောပြောအိမ်ရှေ့စံနဲ့ရှိနေသည်က ခုအခြေနေအတွက်စိတ်ချမ်းသာစေဦးမည်၊မဟုတ်ရင် အရှင့်ကိုသတိရပြီး ဘယ်အချိန်အရှင့်အဆောင်ထပ်ရောက်မိမလဲမပြောနိုင်တာကြောင့် အိမ်ရှေ့စံရှိရာအဆောင်ကိုခြေဦးတည်လိုက်တော့သည်။

The frozen heart of the fire king (Completed) Where stories live. Discover now