part 4

34.4K 2.6K 74
                                    


မနက်ခင်းအချိန်က ခပ်​စောစောပင်ရှိနေသေးသည်။

ကောင်းကင်မြို့တော်ကဧည့်သည်လာသည်ဟု သတင်းပို့တာကြောင့် ချီရှင်းစိတ်ထိတ်ထဲခနဲ။

ကောင်းကင်မြို့တော်မပြော​လေနဲ့
အပြင်လောကအကုန်လုံးနဲ့ပင်
အဆက်ပြတ်နေခဲ့တာ
ဒီလောက်တောင်ကြာနေခဲ့ပြီကို ရုတ်တရက်ကြီးရောက်လာတာက ထူးဆန်းလွန်းနေတာကြောင့် မြန်မြန်သာ ဧည့်ခန်မဆောင်ထဲရောက်လိုလှပြီဖြစ်သည်။

သို့နှင့် ချီရှင်း ခန်းမဆောင်ထဲရောက်တော့
ရူုံးယဲ့နဲ့လင်ရှီးတို့ကရောက်နှင့်နေကျပေမယ့် မျက်နှာများမှာ သိသိသာသာပျင်ယွင်းနေတာကြောင့်
ထိုဧည့်သည်ဆိုသူကိုချီရှင်းကြည့်လိုက်မိတော့....

မဖြစ်နိုင်လိုက်တာ....အိမ်ရှေ့စံကဘယ်လိုလုပ်ပြီး....

စိတ်ထဲကနေ တအံတသြရေရွတ်မိသည်ထိဖြစ်ရသည်က ထိုသူက ကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံဝုရင်းယာန် ဖြစ်နေသောကြောင့်.....။

မောက်မှာလှသည့်ဟိတ်ဟန်တွေနှင့်
ထိုအိမ်ရှေ့စံက နဂိုအချိန်များကတောင် မိးနိုင်ငံတော်အားကြည့်မရသည်မို့ အမြဲပြဿနာသာရှာချင်နေခဲ့သည့်သူပင်။
ယခုလည်း ထိုင်နေပုံကစ ဖြတ်ရိုက်ပြစ်ချစ်စရာကောင်းလှအောင်ကို ပမာမခန့်ရှိလွန်းသည်။
တချိန်ကမီးနိုင်ငံတော်ဆိုသည်က ဤကဲ့သို့မခန့်လေးစားလုပ်ဖို့မပြောလေနဲ့ ဘယ်လိုမျိုးနွယ်ကမှ စိတ်လေးနဲ့တောင် မလေးမစားမပြုရဲခဲ့သည်နိုင်ငံတော်ပင်။

ချီရှင်းမှာစိတ်ကိုထိန်းထားသည့်တိုင်ကာ
နုတ်ခမ်းအားတင်းတင်းစေ့ထားမိရင်း အဆောင်ထဲဝင်လာခဲ့တော့
ချီရှင်းဝင်လာသည်ကိုပင် မမြင်ချင်ယောင်ဆောင်နေတာမို့ ချီရှင်းကပင်စကားစကာနုတ်ဆက်လိုက်ရသည်။

"အိမ်ရှေ့စံက ဘယ်လိုလုပ်ပြီးများ
ရောက်လာရတာပါလဲ
ကျနော်တို့မီးနိုင်ငံတော်ကို ဧည့်သည်မလာတာ တော်တော်လေးကိုကြာနေပြီဆိုတော့
ခုလိုလာတာ တကယ်ကိုဝမ်းသာမိပေမယ့်...."

ချီရှင်းက
စကားကိုအကုန်မပြောပဲ အရှည်ကြီးဆွဲနေပြီးမှရပ်ပြစ်လိုက်သည်မို့
ဝုရင်းယာန်မဲ့ပြုံးပြုံးလိုက်မိသည်။

The frozen heart of the fire king (Completed) Where stories live. Discover now