part 27

16.7K 1.9K 52
                                    


မီးနိုင်ငံတော်၏ အရှင်လေးဦးတို့ဆုံရာခန်းမတွင်ဖြစ်သည်။

စားပွဲ၏ထိပ်ဆုံးနားမှာ စာလိပ်တစ်လိပ်က လေပေါ်တွင်ဖြန့်လျက်သားနှင့်
အထွေထူးတော့မဟုတ် ချင်းဖုန်းရွှမ်ဆိုသည့် မီးနိုင်၏အရှင်သခင်ကကိုင်ထားသောကြောင့်ပင်။

ကျန်အရှင်သုံးဦး၏မျက်နှာတော်တွေမှာ မသာယာနိုင်ပဲသွေးစုပ့်ဖြူလျော်နေကျသည်။

တိတ်ဆိတ်နေသည့်ထိုအခန်းထဲတွင်ကား လေပြေတိုးသံ သဲ့သဲ့အားလည်း ရံဖန်ရန်ခါကြားရတတ်သေးသည်။
ထိုတိတ်ဆိတ်မူသည် အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီး
တိတ်ဆိတ်မူအား စတင်ဖြိုခွင်းလိုက်သည်ကတတိယအရှင်ရှူံးယဲ့ပင်။

"ဒါက ဘယ်လိုစော်ကားမူမျိုး..."

စကားကိုတောင်ပြီးပြတ်အောင်မပြောနိုင်လောက်အောင် ရှူံးယဲ့အသံတို့ကတုန်ရီနေသည်။

ကျန်သူများကမူ ရုတ်တရက်စွံအကုန်သည်အလား ဘာစကားမှထွက်မလာခဲ့ပေ။
ထိုအခါ ရှူံးယဲ့ကသည်းမခံနိုင်တော့သည်အလား
ဝုန်းခနဲထရပ်ကာ တုန်ရီနေသောအသံဖြင့်ဒေါသတကြီးဆိုလာခဲ့သည်။

"ငါတို့အကုန်လုံးအပေါ်ကောင်းပေးခဲ့တယ်
ကောင်းပေးခဲ့တယ်လေ
ဘယ်မျိုးနွယ်စုမဆို ဘယ်လိုနတ်မျိုးနွယ်မျိုးမဆို အကူညီတောင်းသမျှ သူတို့အလိုရှိတာမှန်သမျှငါတို့လုပ်ပေးခဲ့တယ်
ဒါပေမယ့်ဘာလို့ ဘာလို့"

ထိုစကားတို့အဆုံး
ဖုန်းရွှမ် မျက်ဝန်းတို့အားလေးပင်စွာမှိတ်ချလိုက်သည်။
လက်ထဲက နဂါးမျိုးနွယ်စုကခွဲထွက်သွားတဲ့ မြွေမျိုးနွယ်၏ မီးနိုင်ငံတော်ရဲ့နေရာအား အသာတကြည်ဖယ်ပေးရန်နှင့်
မဖယ်ပေးပါက သိမ်းပိုက်မည်ဟူဟောကမ်းလှမ်းစာကို စာပွဲပေါ်သို့ပြန်ချလိုက်သည်။

လေပေါ်ထောင်ကာပြန့်နေတဲ့စာလိပ်လေး ဖြည်းငြင်းစွာစားပွဲပေါ်ကျသွားတော့ အကုန်လုံးရဲ့စူးစိုက်မူက စားပွဲထိပ်ကဘာမှရှိမနေသည့် ထိုင်ခုံသို့ရောက်သွားကျလေသည်။

စကားသံတစ်ခုခု တစ်နည်းအားဖြင့် ဒေါသထွက်သည်ပင်လည်း ကောင်းဝမ်းနည်းသည်ပင်လည်းကောင်းထွက်ပေါ်လာမည့်အသံအားနားစွင်နေ့သည့်တိုင် တိတ်ဆိတ်၍သာနေခဲ့သည်။

The frozen heart of the fire king (Completed) Where stories live. Discover now