part 2

43.3K 2.9K 79
                                    


"မင်းက လျိုမိသားစုဝင်မဟုတ်ဘူး"

ထွက်ပေါ်လာသည့်အသံက ခက်ထန်နေသည်မဟုတ်ပေမယ့် နူးညံ့နေခြင်းမျိုးတော့လည်းမဟုတ်ပေ။
သို့သော် လူရိပ်လူယောင်လုံးလုံးမမြင်ရပါပဲ အသံကိုပဲနီးကပ်စွာကြားနေခြင်းပင်။

လီရှန်းမှာ ဘာဆိုဘာမှတွေးမနေတော့ပဲ ချက်ခြင်းဒူးပင်ထောက်ချကာဖြင့် ခေါင်းငုံလိုက်ပြီး

"လျိုသခင်လေးနဲ့ သခင်မ​လေးတို့က အရမ်းကိုငယ်ရွယ်​သေးတဲ့အတွက်
ကျနော်က ကျိန်စာမှာစတေးခံဖို့ရောက်လာခဲ့တာပါ
ကျေးဇူးပြုပြီးခွင့်လွတ်ပေးပါ
လျိုအိမ်တော်မှာပဲမွေးပြီး လျိုအိမ်တော်မှာပဲကြီးပျင်းခဲ့တာမလို့
ကျနော်ကလည်းလျိုအိမ်​တော်ကလူပါပဲ
အဲတာကြောင့်မလို့ ကျနော့်ကိုပဲ..."

လီရှန်းစကားတို့ အဆုံးမသတ်နိုင်သေးခင်မှာပဲ
ထပ်ပြီးအသံမထွက်နိုင်အောင် နွေးထွေးနူးညံ့သည့်တစ်စုံတစ်ရာက လီရှန်းနုတ်ခမ်းသားတွေထက်မှာ နေရာယူလာခဲ့သည်။
ရုတ်တရတ်မို့
ဘာကိုမှမတွေးနိုင်သေးပေမယ့်လည်း
ထိုအရာက နုတ်ခမ်းတစ်စုံနှင့်ဆင်တူလှသည်ကိုခံစားရတာကြောင့်
လီရှန်းရဲ့အသိတို့မှာ ပြာဝေသွားရပြီး
စိတ်ထဲ၌ မဖြစ်နိုင်ဟုအကြိမ်ကြိမ်ရေရွတ်နေမိရင်း
ထိုမမြင်ရာသည့်အရာက သူ့နုတ်ခမ်းကိုဖိကပ်နေတာကိုစဉ်းစားမိတော့ အသဲအူထဲထိထိတ်လန့်လာခဲ့ရသည်။

တကယ်ကြီးထိုအရာကိုမမြင်ရတာပါ။
ထိုအခန်းထဲမှာလည်းလီရှန်းတစ်ယောက်ထဲရှိနေခဲ့တာ။

သို့သော်လည်း ထို​နွေးအိအိအရာက နုတ်ခမ်းထက်ကဖယ်ခွာပြီး လည်တိုင်စီရောက်လာတာမို့ ဒါကဘယ်လိုအဓိပ္ပါယ်ဆိုတာ အထွေအထူးစဉ်းစားနေစရာပင်မလိုအပ်တော့ပေ။

လီရှန်းသည်ပင်လည်း အရွယ်ရောက်နေသည့်သူတစ်ဦးပေမို့ ဒါကအန္တာရယ်ရှိသည့်အခြေနေမှန်း
ရိပ်မိပေမယ့်လည်း
ဘယ်လိုလုပ်ပြီးများငြင်းဆန်ရမှာတဲ့လဲ။

ီမမြင်ရတဲ့အရာက လူသားမဖြစ်နိုင်တာမို့
မကောင်းဆိုးဝါးမဟုတ်ရင် မိစ္ဆာကြီးပဲဖြစ်နေမှာမဟုတ်ဘူးလား။

The frozen heart of the fire king (Completed) Where stories live. Discover now