part 12

23.8K 2.3K 51
                                    


ဇောင်လိမျက်လုံးတွေဖြေးညင်းစွာပွင့်လာရင်း....။
ဝေဝါးနေဆဲအာရုံတွေထဲမှာ လူပ်စိလူပ်စိပုံရိပ်က တဖြေးဖြေးပြီးပြင်လာတော့ မမေးပဲ
မ​နေနိုင်တော့စွာမေးလိုက်မိသည်။

"ရွှမ်နိ နင်ဘာလုပ်နေတာလဲ"

ထိုအခါ ရွှမ်နိက ပြုံးရင်းပြန်ဖြေလာသည်။

"သြော့...အကိုရဲ့မြေခွေးပုံက မြင်ရခဲတယ်လေ အဲတာကြောင့် ပုံတူပန်းချီဆွဲပြီးယူထားမလို့"

ဇောင်လိပင့်သက်တစ်ချက်သာချလိုက်ပြီး ဘာမှပြောမနေချင်တော့။ ပန်းချီဆွဲနေတာမြင်ရက်သားနဲ့ ​မေးလိုက်မိသည်ကိုက ကိုယ့်အမှားလိုပင်။

"ဒါနဲ့အကိုက အိမ်ရှေ့စံနဲ့လက်ဆက်မှာလား"

"သေချင်နေပြီလား.."

ခပ်ဆက်ဆက်စကားတစ်ခွန်းနဲ့တင် အခြေနေမကောင်းမှန်း သဘောက်ပေါက်တာကြောင့် ရွှမ်နိပါးစပ်ပါပိတ်လိုက်ရသည်။

သိချင်လို့မေးတာကို အကိုကဘာဖြစ်တာလဲ..?
.
.
.
.
.
.
............................................................

လီရှန်းမျက်လုံးတောင်ဖွင့်မရလောက်အောင် ထိုးကိုက်နေတဲ့ခေါင်းကြောင့် အိပ်ရာထဲလူးလိမ့်နေရသည်။

မနေ့ညကအများကြီးသောက်ခဲ့မိသည်ပဲ။

ထထိုင်ဖို့အရေးလေးကို အတော်အားယူပြီးနောက် တစ်ကိုယ်လုံးထောင်းထောင်းထနေတဲ့ အရက်နံ့တွေကြောင့် ရေအရင်ချိုးမည်ဟုတွေးကာ ကုတင်ပေါ်ကဆင်းမည်လုပ်မှ ခါးပေါ်ကတစ်ခုခုရှိနေသည်ကို သတိထားမိလာသည်။

လက်တစ်ဖက်...။

ထိုအရာက လက်တစ်ဖက်ဆိုတာ​ သေချာပါသည်။ လက်မောင်းအရင်းကနေ လက်ချောင်သဖျားလေးတွေထိ အကြိမ်ကြိမ်စမ်းကြည့်ပြီးနောက်မှာ လက်တစ်ဖက်လို့တပ်အပ်ပြောနိုင်ခဲ့သည်။
သို့သော် ထိတွေ့လို့သာရသည် မမြင်ရတာကြောင့် လီရှန်းခပ်တိုးတိုးရေရွတ်လိုက်သည်...။

" အရှင်လား...."

တစ်ဖက်က ချက်ခြင်းစကားပြန်မလာခဲ့ပဲ အတော်ကြာငြိမ်နေတာကြောင့်
လီရှန်းလက်က ထိုလူရဲ့ခေါင်းပိုင်းလောက်ကိုမှန်းကာ ကိုင်ကြည့်မည်အပြု အသံထွက်လာသည်။

The frozen heart of the fire king (Completed) Where stories live. Discover now