part 10

22.7K 2.2K 126
                                    


"အိမ်ရှေ့စံ ...!!!
တကယ်ကြီး...!!"

မျက်လုံးမျက်စံပြူးဖြင့်
ထိုတော့မှလန့်နေပုံရတဲ့ အကိုဖြစ်သူကို
ရွှမ်နိ အကြီးဖြစ်နေလို့သာသည်းခံနေရသည်။
ဒီလောက်ပြောနေတာတောင် မထုံတတ်တေးနဲ့ အူလည်လည်ပုံလုပ်နေနိုင်သေးသည့် ဒီအကိုတစ်ယောက်ကို ရောင်းလို့ရရင်ဖြင့် ရောင်းသာပြစ်လိုက်ချင်တော့သည်။
တလောကလုံးကို မေ့နေပုံရသော ထိုအိမ်ရှေ့စံက ဝတ်ဝံအမွေးထူထူကြီးအပြည့်ခင်းထားသည့် ​ကျောက်ပြားပေါ်၌ ဆန့်ဆန့်ကြီးအနေထားနှင့် အိပ်ပျော်နေသည်တော့မဖြစ်နိုင်ပေ။
ခြေလွန်လက်လွန်တွေများ လုပ်လိုက်ပြီးပြီလား။

"တစ်ခုခုလုပ်လိုက်ပြီလား
ဘာလို့သတိမေ့နေတာလဲ မဟုတ်မှ.."

ရွှမ်နိ စကားကိုဖြတ်ထားပြီး အကိုဖြစ်သူကို အဓိပ္ပါယ်ပါပါကြည့်လိုက်တော့ ခေါင်းကုတ်နေရင်းကနေ အသဲသန်ဇွတ်ငြင်းလာလေသည်။

"ဇွတ်မထင်နဲ့လေ ဘာမှမလုပ်ရသေးပါဘူး ရိုက်ပြီးခေါ်လာရုံလေးပဲ"

ထိုစကားကို သိပ်မယုံချင်သလိုရှိသော်လည်း ပုံမပျက်သေးသည့်အိမ်ရှေ့စံပုံကို ကြည့်ချင်းအားဖြင့် ဘာမှတော့မလုပ်ရသေးပုံပင်။

"ဘယ်သူမှသတိမထားခင် ပြန်ပို့လိုက်ရအောင် "

ပြောပြီးသည်နှင့် အိမ်ရှေ့စံရဲ့သတိကင်းမဲ့နေတဲ့ ခန္ဓာကိုယ်အား ပွေ့ဖို့ပြင်နေသည့်ရွှမ်နိကြောင့် ဇောင်လိအမြန်တားလိုက်ရသည်။

"ဘာလို့လောနေတာလဲ
ငါစဉ်းစားပါရစေဦး ဟုတ်ပြီလား"

ရွမ်နိမှာ အကိုဖြစ်သူထိုကဲ့သို့ပြောသည်ကို လွန်စွာမှထိတ်လန့်လာရသည်။သို့ကြောင့် ထိတ်လန့်ထိတ်လန့်နဲ့မေးလိုက်ရသည်။

"ဘာကို ဘာကိုလည်း "

ရွှမ်နိအမေးကို ဇောင်လိကမြေခွေးအပြုံး(လူယုတ်မာအပြုံး)ပြုံးကာဖြင့် ပြန်ဖြေလာသည်က...

"သူကကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံလေ ငါတို့လွတ်အောင်ကူညီနိုင်လောက်တယ်"

နောက်နေပုံမရတဲ့ အကိုကြောင့် ရွှမ်နိအသက်ပင်မရူချင်တော့။
အိမ်ရှေ့စံကဘယ်လိုလုပ်ပြီး လွတ်ပေးနိုင်ပါ့မလဲ။ လွတ်ပေးနိုင်သည့်ရှိစေဦးတော့ ဘာအတွက်နဲ့လွတ်ပေးပါ့မလဲ။ခင်မင်ရင်းနှီးနေတဲ့မိတ်ဆွေတွေလည်းမဟုတ်သလို ပတ်သက်သူတွေလည်းမဟုတ်ကျဘဲနဲ့။

The frozen heart of the fire king (Completed) Where stories live. Discover now