part 1

50.4K 3.2K 136
                                    

လျိုအိမ်တော်တွင်ဖြစ်သည်။

"ဆုံးဖြတ်ပြီဲးပြီလား.."

"ဟုတ်ကဲ့ သေသေချာချာစဉ်းစားပြီးပါပြီ
ကျနော်က သွားလိုက်ပါ့မယ်"

လီရှန်း ဟန်ဆောင်ခြင်းမရှိတဲ့ နှစ်လိုဖွယ်အပြူံးလေးပြုံးကာ ဖြေလိုက်ခြင်းပင်။

"ကောင်းတယ် ကျေးဇူးသိတတ်တာကောင်းတယ်
အမေတို့ဒီဘဝပြန်မတွေ့တော့ရင်တောင်
ဒီအမေက မင်းအတွက်ဂုဏ်ယူနေမှာ "

ကျေနပ်နေတဲ့အရိပ်ယောင်တွေနဲ့ဆိုသည့်တိုင်လည်း
ဝမ်းနည်းနေတဲ့မျက်ဝန်းတွေကိုမြင်နေရတာမို့
လီရှန်းမိခင်ဖြစ်သူလက်ကို နွေးထွေးစွာဆုပ်ကိုင်လိုက်ပြီး ခပ်တည်တည်ဖြင့်ဆူပူလိုက်သည်။

"အမေပဲ ကျန်းမာရေးဂရုစိုက်ပါ
အရင်လို
ကျ​​နော်ကဂရုစိုက်ပေးမှာမဟုတ်တော့ဘူးနော်"

"ဒီကောင်စုတ်လေး ..."

လီရှန်း မျက်ရည်တို့ဝေ့ဝဲလာပြီဖြစ်တဲ့ အမေဖြစ်သူကိုမကြည့်ရက်စွာနှင့် ရင်ခွင်ထဲတိုးဝင်လိုက်သည်။
အမေဖြစ်သူကလည်း မွေးကင်းစကလေးတစ်ယောက်နှယ် ကျောပြင်ကိုအသာယာပုတ်သိပ်နေရင်း....

"လျိုမိသားစုက အမေတို့အပေါ် ဘယ်လောက်တောင်ကောင်းလိုက်လည်း သိတယ်မလား
လျိုမိသားစုရဲ့ကျေးဇူးကြောင့်သာမဟုတ်ရင်
အမေတစ်ယောက်တည်း လမ်းပေါမှာအေးခဲပြီးသေနေရလောက်ပြီ အမေ့ဗိုက်ထဲကမင်းလည်း ဒီအရွယ်ထိရောက်လာမှာမဟုတ်ဘူး"

မိခင်ဖြစ်သူစကားကြောင့်
လီရှန်း ခပ်စစရယ်လိုက်မိသည်။
ငယ်ငယ်ထဲက ဒီအကြောင်းကို အမေဘယ်လောက်တောင် အကြိမ်ပေါင်းမရေနိုင်အောင်
ပြောထားလိုက်ပါသလဲ။

"ကျနော်သိပါတယ်
နည်းနည်းတော့စိတ်ပူမိတယ် ဒီတစ်နှစ်ပြီးသွားရင်တောင်
နောက်နှစ်ရှိနေသေးတယ်
သခင်လေးနဲ့သခင်မလေးက အရွယ်ရောက်သေးမှာမဟုတ်ဘူးလေ"

ထိုအခါ မိခင်ဖြစ်သူကလီရှန်းခေါင်းကိုခပ်ဖွဖွပုတ်ကာဖြင့်

"ကံတရားပဲပေါ့......
ဘယ်သူမှမပြောနိုင်ဘူးလေ လက်ရှိအဆင်ပြေသွားဖို့ကအရေးကြီးဆုံးပဲ"

The frozen heart of the fire king (Completed) Where stories live. Discover now