ကိုကိုလူဆိုး ( Z + U ) 🍀 Com...

By HaSoonnie

973K 102K 12.2K

Chanyeol - ကိုယ္ မႏူးညံ့တတ္ေပမယ့္ မင္းကို တကယ္ခ်စ္တာ ယုံ.... Baekhyun - ကိုကို႔ေျပာသမွ... More

1 🌱
2 🌵
3 🌿
4 🌳
5 🌲
6 🌴
7 🍀
8 🍃
9 🍁
10 🍂
11 🌾
12 😔
13 😙
14 💥
15 🌼
16 🙈
17 😒
18 😭
19 😠
Please Read ✋
20 😏
21 😋
22 💫
23 😒
24 😡
25 😤
26 😭
27 😊
28 😁
29 😵
30 😪
31 😕
32 😚
33 😭
34 🐕
35 😚
36 😁
37 😚
38 😚
39 😏
40 🥃🍸
41 💋
42 😔
43 😘
44 😝
45 🤗
46 🤓
47 😖
48 😢
49 ⚡🌧
50 🤗
51 😔
52 😂
53 😡
54 😆
55 😟
56 😠
57 😢
58 😁
59 😚
60 😠
61😢
62 💞
63 😁
64 🤣
65 😔
66 😢
67 😔
68 😆
69 😊
70 🎁
71
72 😔
74 😭
75 😊
76 😊
77 😿
78 👨‍❤️‍💋‍👨
79 🌙
80 😙
81 ❤
82 😕
83 😞
84 🎂
85 🤗
86 🤒
87 😒
88 😚
89 🤕
90 🌹
🤗 Hello
Order စကောက်ပါပြီ😁

73 😔

7.8K 1K 121
By HaSoonnie

( Zawgyi )

အခုဆို ႏွစ္ေယာက္စလုံး သတိမရလာတာ
တစ္ပတ္ေက်ာ္ေနၿပီ...
ခႏၶာကိုယ္မွာ ထူးထူးျခားျခား
Sign ျပတာမ်ိဳးလည္း မရွိၾကပါဘဲ
ႏွစ္ေယာက္စလုံး နိုးမလာခဲ့ၾကေပ....

ငယ္ေလးခႏၶာကိုယ္ကို MRI ရိုက္ၾကည့္ေတာ့
ခြဲစိတ္ထားသည့္ေနရာကလည္း
အဆင္ေျပသည္...ခႏၶာကိုယ္ထဲမွာလည္း
ဘာမွမျဖစ္ပါဘဲ ဘာလို႔ သတိမရလာမွန္း
မသိေပ....

ကေလးေလးက်ေတာ့လည္း
ဘာမွႀကီးႀကီးမားမားမျဖစ္ဘဲ
Shock ရသြားၿပီး ေမ့လဲသြား႐ုံေလးတင္ကို
ႏွလုံးခုန္သံေတြပါ မူမမွန္ေတာ့ဘဲ
သတိပါ ျပန္လည္ မလာေတာ့ေပ...

ဆရာဝန္ေတြလည္း ေခါင္းေတြ
စားကုန္ၾကၿပီ...ပုံမွန္ဆို
ဒီလိုအေျခအေနမ်ိဳး လူနာေတြအကုန္
သူနိုးရမည့္အခ်ိန္တြင္ နိုးရမည္ကို
အခု သူတို႔ႏွစ္ေယာက္ကေတာ့
တုပ္တုပ္မွမလႈပ္ေပ....

ငယ္ေလးကို ခြဲစိတ္တုန္းက
ေမ့ေဆးဆရာဝန္ကလည္း
ေခါင္းႀကိမ္းေနၿပီ... သူေမ့ေဆးေပးတာမ်ား
မွားသြားလားဆိုၿပီးေတာ့....

“ ဦးႏွောက္လွိုင္း စမ္းသပ္မလား....”

ဟု ေမေမကေျပာေတာ့

“ အခုေတာ့စမ္းရေတာ့မွာေပါ့....
ဦးႏွောက္နဲ႕ပတ္သတ္ၿပီးေတာ့
ဘာမွေတာ့ မျဖစ္ေလာက္ပါဘူး....”

ဟု ကြၽန္ေတာ္တို႔ သားအမိႏွစ္ေယာက္
ေျပာေနသည္ကို ကိုႀကီးက
ဝင္ေမးေလသည္...

“ ဦးႏွောက္က ဘာကိုေျပာတာလဲ....
ဘာျဖစ္နိုင္လို႔လဲ...”

“ Coma ျဖစ္သြားမွာစိုးလို႔...
ငယ္ေလးက ေခါင္းကိုလည္း
အရိုက္ခံလိုက္ရေတာ့ တစ္ခုခုျဖစ္မွာစိုးလို႔
စစ္ၾကည့္မလို႔...”

ဟု ကြၽန္ေတာ္က ေျပာလိုက္ေတာ့
အားလုံး မ်က္ႏွာမေကာင္းၾကေပ....

ငယ္ေလး၏ သူငယ္ခ်င္းႏွစ္ေယာက္လည္း
ေရာက္ေနၾကသည္....
Sehun ကေတာ့ ငယ္ေလးေဘးနားတြင္
ထိုင္ကာ Jongin ကေတာ့ ေဖေဖ့ေဘးတြင္
ထိုင္ေနသည္...

“ တကယ္ အဲ့လိုျဖစ္နိုင္လား....”

ဟု ကိုႀကီးက ေမေမ့ေဘးနားတြင္
ထိုင္ေနရင္းႏွင့္ေမးေလသည္....

“ ျဖစ္နိုင္လားဆိုေတာ့....
တရားေသေတာ့ေျပာလို႔မရဘူး ကိုႀကီး...
ဒါေပမယ့္လည္း ေရာဂါအေျခအေနေတြက
အားလုံးေကာင္းေနရဲ႕နဲ႕ နိုးမလာေတာ့
ကြၽန္ေတာ္တို႔ သံသယဝင္လို႔ရတာ
အဲ့ဒါပဲ ရွိေတာ့တယ္....”

“ အဲ့ေတာ့ အေျခအေနေတြ
အရမ္းဆိုးနိုင္လား...”

“ အဆိုးဆုံးကေတာ့ Coma ဝင္နိုင္တယ္...
ၾကာရင္ အသက္ရႉစက္နဲ႕မွ ရႉနိုင္ေတာ့မယ္...
ေနာက္ပိုင္း ဦးႏွောက္လွိုင္းေတြကပါ
အလုပ္မလုပ္ေတာ့ရင္ အသက္ရႉစက္ကို
ရပ္...ရပ္ပစ္လိုက္ရတာမ်ိဳးေတြ ရွိမယ္...”

“ အဲ့ဒါဆိုရင္....”

“ ဟုတ္တယ္...အဲ့လို ရပ္ပစ္ဖို႔ကိုလည္း
ေဆး႐ုံက ဆရာဝန္ေတြအားလုံး
အစည္းအေဝးထိုင္ရတယ္...
မဟုတ္ရင္ ေထာင္ခ်လိဳ႕ရတယ္...
ဒါလည္း လူသတ္မႈတစ္မ်ိဳးပဲေလ...”

“ ဟာ...အဲ့လိုေတာ့ မျဖစ္ေလာက္ပါဘူး...
မဟုတ္ဘူးမလား...ေမေမ့ မဟုတ္...
မဟုတ္ဘူးမလားဟင္...”

ဟု ကိုႀကီးက ေဆာက္တည္ရာမရစြာျဖင့္
ေမေမ့ကို တိုင္တည္ၿပီး ေမးေနသည္....
သူက ငယ္ေလးကို သိပ္ခ်စ္တာကိုး….
ကြၽန္ေတာ့ထက္ပင္ ပိုသည္း ပိုခ်စ္ေသးသည္

ငယ္ငယ္ကတည္းက သူပဲ ငယ္ေလးကို
ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ျဖင့္
သူကိုယ္တိုင္ ထိန္းေက်ာင္းခဲ့ရတာကိုး...

ကြၽန္ေတာ္တို႔ ေျပာရင္ နားမေထာင္သည့္
ငယ္ေလးကို ကိုႀကီးက ဟင့္အင္း ဟု
တစ္ခြန္း ေျပာလိုက္႐ုံႏွင့္ပင္ ငယ္ေလးက
ဆက္မလုပ္ေတာ့ဘဲ ရပ္လိုက္သည္...

ထိုကဲ့သို႔ ငယ္ေလးကလည္း
ကိုႀကီးစကားဆိုလွ်င္ နားေထာင္သည့္အတြက္
ငယ္ေလးကို ကိုႀကီး ငုံထားမတတ္ခ်စ္သည္….

အခု ငယ္ေလးအေၾကာင္းကို သူၾကားေတာ့
သူ႕မွာ ဘာလုပ္လို႔လုပ္ရမည္မသိဘဲ
ေဆာက္တည္ရာမရျဖစ္ေနသည္…..

ငယ္ေလးအနားကိုသြားထိုင္ကာ
ပတ္တီးစည္းထားေသာ ေခါင္းေလးကို
ဖြဖြေလးအုပ္ကိုင္လိုက္ၿပီး

“ ငယ္ေလး...ကိုႀကီးေျပာတာၾကားရလား...
ငယ္ေလး ထေတာ့ေလကြာ...ဒီလိုပုံစံႀကီးကို
ကိုႀကီး မႀကိဳက္ပါဘူး....ငယ္ေလးက
ဒီလိုပုံစံနဲ႕ မလိုက္ဘူး...ထစမ္းပါကြာ...

ဘာျဖစ္လို႔ ဒီေလာက္ အၾကာႀကီး
အိပ္ေပ်ာ္ေနရတာလဲ.... ေတာ္ၿပီေလ...
ငယ္ေလးအိပ္တာ တစ္ပတ္ေက်ာ္ေနၿပီ...
ထသင့္ၿပီ...

ထ....ထၿပီးေတာ့ ကိုႀကီးတို႔
ခရီးေတြအတူတူ ထြက္ရဦးမယ္...
အတူတူလုပ္စရာေတြ အမ်ားႀကီး
ရွိေသးတယ္ေလ...

ထပါေတာ့ ငယ္ေလးရာ~~~~~ “

ဟု ေျပာၿပီး ငယ္ေလးရင္ဘတ္ေပၚကို
မ်က္ႏွာေမွာက္ကာ ငိုခ်လိဳက္ေလသည္....
ကိုႀကီးက ငိုေတာ့ ကြၽန္ေတာ္တို႔လည္း
လိုက္ငိုမိေတာ့သည္....

စိတ္မာပါသည္ဆိုသည့္ ေဖေဖေတာင္
မ်က္ရည္ဝိုင္းေနကာ မ်က္ႏွာငယ္ေလးႏွင့္
ျဖစ္ေနသည္….

ထိုအခ်ိန္ ဟိုဘက္ခုတင္က
ကေလးေလး၏ ႏွလုံးက
ထေဖာက္ေလသည္....
စက္ေတြက တတီတီႏွင့္ျမည္လာတာေၾကာင့္
ေခါင္းရင္းက ခလုတ္အနီကိုႏွိပ္လိုက္ကာ
အျပင္က ဆရာဝန္ေတြကို ေခၚလိုက္သည္...

ဆရာဝန္ေတြ တစ္ဝုန္းဝုန္းႏွင့္ဝင္လာကာ
ႏွလုံးႏွိုးစက္ေတြပါ ယူလာသည္....
ႏွလုံးရပ္သြားသည္ေၾကာင့္ CPR
လုပ္ရေလသည္...

မာမီက ကေလးနားကို ကပ္ကာ
အက္်ီၾကယ္သီးကို အရင္ခြၽတ္လိုက္သည္...
ၿပီးေတာ့  ရင္ၫြန႔္ေပၚကိုဖိကာ
ႏွလုံးကိုႏွိုးေလသည္....မရသည္ေၾကာင့္

“ VOL 150.... ေနာက္ဆုတ္....”

ဟုေျပာကာ ကေလး၏ ရင္ဘတ္ကို
ထိလိုက္ေတာ့ လူက ဝုန္းဆိုၿပီး
ေကာ့သြားသည္...
ၿပီးေတာ့ စက္ကိုျပန္ေပးလိုက္ကာ
ရင္ဘတ္ကို ျပန္ဖိျပန္သည္....

“ ဟင့္အင္း....မျဖစ္ရဘူး ကေလးရယ္...
ေမေမ ခြင့္မျပဳဘူး....”

ဟု ေမေမက ငိုကာေျပာၿပီးေတာ့
စက္ကိုျပန္ယူလိုက္ကာ

“ VOL 200... Shoot....”

ဟုေျပာလိုက္ကာ ထပ္ႏွိုးလိုက္ျပန္သည္...
လူေကာင္ျဖဴျဖဴေသးေသးေလးကသာ
ခုတင္ေပၚကေန ႂကြတက္လာသည္
ဘာမွ မထူးျခားေသး...

ထပ္ၿပီး ရင္ဘတ္ကို
အခ်က္ 40 ေလာက္ မနားတမ္းဖိရင္း

“ ေတာင္းပန္ပါတယ္...ျပန္လာခဲ့ပါ
ကေလးရယ္...ေမေမေတာင္းပန္ပါတယ္...”

ဟု ပါးစပ္ကေန မနားတမ္းေျပာကာ
ေတာက္ေလွ်ာက္ ဖိလိုက္ေတာ့မွ
စက္က ႏွလုံးခုန္သံကို ျပန္ျပေတာ့သည္...

“ ေသြးေပါင္က 100/70....”

“ ႏွလုံးခုန္ႏႈန္းက 70... “

ဟု ေဘးနားက နပ္စ္မေလးက
ေအာ္ေပးေတာ့မွေမေမက
ကေလးရင္ဘတ္ကိုဖိေနရာကေန
ဖယ္လိုက္ၿပီး ကေလးရဲ႕နဖူးေလးကို
ကိုင္လိုက္ကာ ၾကမ္းျပင္ေပၚကို
ဝုန္းဆိုၿပီး ထိုင္ခ်သြားသည္.....

လဲက်သြားသည့္မာမီ့ကို Sehun က
လာဆြဲေပြ႕ကာ ေခၚသြားၿပီး
ဆိုဖာေပၚတြင္ ထိုင္ခိုင္းထားသည္...

ကြၽန္ေတာ္က ကေလးအနားကို သြားရန္
လုပ္လိုက္ၿပီး ငယ္ေလးကို တစ္ခ်က္
လွည့္ၾကည့္လိုက္ခ်ိန္ ငယ္ေလး၏
မ်က္ဝန္းေထာင့္ကေန မ်က္ရည္စီးက်သြားသည္

သူအကုန္ၾကားေနတာလား....
အကုန္သိေနတာလား...

ကြၽန္ေတာ္က ကေလးနားကိုသြားကာ
အကၤ်ီၾကယ္သီးေလးေတြကို တပ္ေပးၿပီး
ေသြးခုန္ႏႈန္းေတြ ႏွလုံးခုန္ႏႈန္းေတြ
အကုန္လုံးကိုစစ္ေဆးၿပီး ဆရာဝန္ေတြ
နပ္စ္ေတြကို ျပန္လႊတ္လိုက္သည္....

ဒီပုံစံအတိုင္းဆိုလွ်င္
နပ္စ္တစ္ေယာက္ေလာက္ကို
အခန္းထဲတြင္ Stand By ထားသင့္ၿပီ....

အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္
ကြၽန္ေတာ္တို႔ အခန္းထဲတြင္ မရွိခ်ိန္
ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္က
အခုလို အေျခအေနမ်ိဳး ႀကဳံလာခဲ့ရင္
ဘယ္လိုလုပ္ၾကမလဲ....

ကိုႀကီးကေတာ့ ငယ္ေလးေဘးနားတြင္
ထိုင္ေနကာ ကြၽန္ေတာ္ကေတာ့
ကေလး၏ ေဘးနားတြင္ ထိုင္ေနၾကၿပီး
ေမေမႏွင့္ေဖေဖကေတာ့ ခုတင္ေျခရင္းဘက္က
ဆိုဖာေပၚတြင္ ေျခပစ္လက္ပစ္
ထိုင္ေနၾကသည္...

“ အေၾကာင္းျပခ်က္မရွိဘဲ ႏွစ္ေယာက္စလုံး
ဘာလို႔ မနိုးလာတာလဲ... ကိုလတ္....
ဦးႏွောက္လွိုင္းစစ္ေဆးဖို႔လုပ္လိုက္ေတာ့...”

ဟု ေမေမေျပာေနတုန္းပဲရွိေသးသည္...
ကြၽန္ေတာ့မ်က္လုံးထဲတြင္ ကေလးေလး၏
လက္ေခ်ာင္းကေလးလႈပ္သြားသည္...
ထိုင္ေနရာမွ ဝုန္းဆိုကာ ခ်က္ခ်င္းထလိုက္ၿပီး

“ ဟင္... ကေလးေလး...
ကေလးေလးနိုးလာၿပီလား....
ကေလးေလး ကိုေလးကို ျမင္လား...
ကိုေလးကိုၾကည့္....”

ဟု ေျပာလိုက္ေတာ့ ကြၽန္ေတာ့ကို
ၾကည့္လာသည္...ေမေမတို႔လည္း
အားလုံး ခုတင္နားကို ထလာၾကကာ
ကေလးကို လာၾကည့္ၾကေလသည္...

“ ကေလးေလး...
ေမေမ့လက္ေခ်ာင္းကိုၾကည့္....”

ဟု ေျပာၿပီး လက္ညွိုးကိုေထာင္ကာ
ဘယ္ဘက္ေ႐ႊ႕လိုက္ ညာဘက္ေ႐ႊ႕လိုက္
လုပ္ၿပီး ၾကည့္ခိုင္းေတာ့
လိုက္ၾကည့္ေလသည္....

“ ဦးႏွောက္ အေျခအေနကေတာ့
ေကာင္းပါတယ္....”

ႏွာေခါင္းတြင္ တပ္ထားေသာေအာက္ဆီဂ်င္ကို
သူ႕လက္ကေလးျဖင့္ ျဖဳတ္လိုက္ကာ

“ တီတီ...ကိုကိုေရာ...”

ဟု အသံတိုးတိုးေလးျဖင့္ ေမးေလသည္....
သူ႕အသိစိတ္ စၿပီး ျပန္ရသည္ႏွင့္
အရင္ဆုံးေမးသည္က ကိုကိုတဲ့ေလ....
ကေလးေလး၏ ေမးခြန္းအဆုံး ေမေမက
ငိုခ်လိဳက္ကာ

“ ေက်းဇူးတင္ပါတယ္ ကေလးေလးရယ္...
ေမေမတို႔ဆီ ျပန္လာေပးလို႔....”

ဟုေျပာေတာ့ ကေလးက အားေလ်ာ့စြာ
ၿပဳံးျပေလသည္...

“ အဆိုးေလး...ဘယ္ေတြ
ေလွ်ာက္သြားေနတာတုန္း....
အၾကာႀကီးပဲ အိပ္ေနလိုက္ၾကတာ....”

ဟု ကြၽန္ေတာ္က ဝင္ေျပာေတာ့
ကြၽန္ေတာ့ကို ေဖ်ာ့ေတာ့ေနေသာ
မ်က္ႏွာကေလးႏွင့္ ၿပဳံးျပကာ

“ ကိုေလး... ကိုကိုေရာ....”

ဟုထပ္ေမးျပန္သည္....

“ သားရဲ႕ ကိုကို က
ဟိုဘက္ခုတင္မွာ အိပ္ေပ်ာ္ေနတယ္....”

ဟု ငယ္ေလးလွဲေနသည့္ ခုတင္ကို
လက္ညွိုးထိုးျပလိုက္ေတာ့
ေခါင္းေလးေစာင္းၾကည့္ကာ

“ ကိုကို သက္သာလားဟင္...
အနာကေရာ ေကာင္းသြားၿပီလား....”

“ အနာက ေကာင္းသြားၿပီ...
က်က္ေတာင္က်က္ေနၿပီ....”

ဟုေျပာလိုက္ေတာ့

“ ဟင္... အနာေတာင္
က်က္သြားၿပီလား....”

ဟု နားမလည္သည့္ပုံစံေလးျဖင့္
ေျပာေလသည္....

“ ခင္ဗ်ားေလး အိပ္ေပ်ာ္ေနတာ
ဘယ္ေလာက္ၾကာၿပီလဲ သိလား....”

ဟု ကိုႀကီးကေမးလာေတာ့
သူေလးမွာ မ်က္လုံးကေလး
ကလည္ကလည္ႏွင့္ နားမလည္သည့္
ပုံစံကေလးျဖင့္ လိုက္ၾကည့္ေလသည္...

“ သား အိပ္ေပ်ာ္ေနတာ
ဆယ္ရက္ျပည့္ၿပီ...”

“ ဗ်ာ....”

ဟု အံ့ၾသသြားသည့္ ပုံစံကေလးျဖင့္
ၾကည့္လာသည္....

“ တကယ္ႀကီး....”

“ ဟုတ္ပဗ်ာ.... “

“ ကဲ...ကိုလတ္....
ကေလးကိုေနာက္တစ္ခါထပ္ၿပီး
တစ္ကိုယ္လုံးကို စစ္ၾကည့္လိုက္ဦး...
ရိုက္သင့္တာ အကုန္ရိုက္....
ေမေမ အေျခအေနသိခ်င္တယ္....”

ဟု ေမေမက ဝင္ေျပာသည္ေၾကာင့္
ကေလးကို ေဆးျပန္စစ္ဖို႔ လုပ္ရသည္.....

“ သားကို...ကိုေလးေျပာစရာရွိတယ္...”

ဟု စကားကိုအစပ်ိဳးလိုက္ေတာ့

“သား....”

ဟု ေမေမကလွမ္းေခၚကာ ကြၽန္ေတာ့ကို
မေျပာရန္ တားလာသည္....

ကေလးက ကြၽန္ေတာ့ကိုေသခ်ာၾကည့္ၿပီး

“ တီတီ ဘာျဖစ္လို႔လဲဟင္....
သားကို ေျပာစရာရွိတယ္မလား...
ေျပာပါ ကိုေလး...ဘာျဖစ္လို႔လဲ....”

“ ကိုေလးေျပာတာကို ေအးေအးေဆးေဆး
နားေထာင္ေနာ္... သားအိပ္ေပ်ာ္ေနသလိုပဲ
သားရဲ႕ ကိုကိုလည္း အိပ္ေပ်ာ္ေနတာ
ဆယ္ရက္ တိတိရွိၿပီ... သားက
အခုနိုးလာေပမယ့္ ငယ္ေလးက
လုံးဝ မနိုးလာေသးဘူး....”

ကြၽန္ေတာ့စကားကိုၾကားေတာ့
ငယ္ေလးအိပ္ေနသည့္ဘက္ကို
ေခါင္းေလး လွည့္ၾကည့္ကာ
မ်က္လုံးတြင္ မ်က္ရည္ေတြက ဝိုင္းလို႔....

“ စိတ္ကို ၿငိမ္ၿငိမ္ထား...စိတ္မလႈပ္ရွားနဲ႕..
သားကပါ ထပ္ၿပီး လဲသြားလို႔ မျဖစ္ဘူး...
ငယ္ေလးေဘးနားမွာ ကေလးရွိေနေပးမွ
ျဖစ္မွာ.... “

“ ကိုကို႔ကို ေနေကာင္းေအာင္လုပ္ေပးပါ...
ေနာ္ ကိုေလး ေနာ္...
သား ေတာင္းပန္ပါတယ္....”

ဟု ကြၽန္ေတာ့ လက္ကို လွမ္းကိုင္ကာ
ေတာင္းပန္ေနသည့္ ကေလးကိုၾကည့္ၿပီး
ကြၽန္ေတာ္ႏွင့္ ကိုႀကီး မ်က္လုံးခ်င္း
ဆုံမိၾကသည္...

“ သားက သားရဲ႕ ကိုကိုနားမွာ
ေနေပးမွရမွာမို႔ ေနေကာင္းေအာင္
အရင္လုပ္ရမယ္ ေနာ္...ကိုေလးေျပာတာ နားလည္တယ္မလား....”

ဟု သူ႕လက္ကေလးကို ညွစ္ကာေျပာေတာ့
မ်က္ဝန္းေထာင့္ကေန မ်က္ရည္ေလးေတြ
စီးက်သြားကာ ေခါင္းညိတ္ျပေလသည္...
ၿပီးေတာ့ ငယ္ေလးကို လွည့္ၾကည့္ၿပီး
ၿငိမ္ေနသည္....

Baek ေတာင္းပန္ပါတယ္ ကိုကို...
Baek ေၾကာင့္နဲ႕ ကိုကို နာက်င္ေနရၿပီ...
Baek ကို ခြဲသြားလို႔မရဘူးေနာ္ ကိုကို...
မဟုတ္ရင္ Baek ကိုကို႔ေနာက္ကို
လိုက္လာမွာ....

“ ငယ္ေလးရဲ႕ ခႏၶာကိုယ္ပိုင္းဆိုင္ရာ
ေနမေကာင္းတာကို ကိုေလးတို႔က
ေနေကာင္းေအာင္ ကုေပးမယ္....
ဒါေပမယ့္ သူ႕စိတ္ထဲမွာ အားရွိေအာင္ေတာ့
သားက သားကုေပးမွရမွာ...
ကိုေလးေျပာတာကို နားလည္လား...”

ဟု ေျပာလိုက္ေတာ့မ်က္ရည္ေလးေတြႏွင့္
ေခါင္းညိတ္ျပသည္....

သူေလးကို ေဆးစစ္ဖို႔ရန္ ကြၽန္ေတာ္
တစ္ျခားဆရာဝန္ေတြကို
ျပင္ဆင္ခိုင္းလိုက္ေတာ့သည္...
ငယ္ေလးရဲ႕ အခ်စ္ကိုလည္း ျမင္ေနရသလို
ကေလးေလးရဲ႕ အခ်စ္ကိုလည္း ျမင္ေနရသည္
ႏွစ္ေယာက္စလုံး အျမန္ေနေကာင္းလာပါေစလို႔
ဆုေတာင္းေန႐ုံကလြဲ၍ အျခားမရွိၿပီ...

~~~~~~~~~~ to be continued💛💚💙

အမွန္အတိုင္းေျပာရရင္ ဒီအပိုင္းကို
လုံးဝ လုံးဝ စိတ္တိုင္းမက်ပါဘူး...
ျပန္ျပင္ရင္လည္း ၾကာဦးမွာမို႔
ဒီအတိုင္းပဲ တင္လိုက္ပါတယ္...
ၾကန့္ၾကာေနမႈအတြက္ အားနာပါတယ္ 😔

💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐 

( Unicode )

အခုဆို နှစ်ယောက်စလုံး သတိမရလာတာ
တစ်ပတ်ကျော်နေပြီ...
ခန္ဓာကိုယ်မှာ ထူးထူးခြားခြား
Sign ပြတာမျိုးလည်း မရှိကြပါဘဲ
နှစ်ယောက်စလုံး နိုးမလာခဲ့ကြပေ....

ငယ်လေးခန္ဓာကိုယ်ကို MRI ရိုက်ကြည့်တော့
ခွဲစိတ်ထားသည့်နေရာကလည်း
အဆင်ပြေသည်...ခန္ဓာကိုယ်ထဲမှာလည်း
ဘာမှမဖြစ်ပါဘဲ ဘာလို့ သတိမရလာမှန်း
မသိပေ....

ကလေးလေးကျတော့လည်း
ဘာမှကြီးကြီးမားမားမဖြစ်ဘဲ
Shock ရသွားပြီး မေ့လဲသွားရုံလေးတင်ကို
နှလုံးခုန်သံတွေပါ မူမမှန်တော့ဘဲ
သတိပါ ပြန်လည် မလာတော့ပေ...

ဆရာဝန်တွေလည်း ခေါင်းတွေ
စားကုန်ကြပြီ...ပုံမှန်ဆို
ဒီလိုအခြေအနေမျိုး လူနာတွေအကုန်
သူနိုးရမည့်အချိန်တွင် နိုးရမည်ကို
အခု သူတို့နှစ်ယောက်ကတော့
တုပ်တုပ်မှမလှုပ်ပေ....

ငယ်လေးကို ခွဲစိတ်တုန်းက
မေ့ဆေးဆရာဝန်ကလည်း
ခေါင်းကြိမ်းနေပြီ... သူမေ့ဆေးပေးတာများ
မှားသွားလားဆိုပြီးတော့....

“ ဦးနှောက်လှိုင်း စမ်းသပ်မလား....”

ဟု မေမေကပြောတော့

“ အခုတော့စမ်းရတော့မှာပေါ့....
ဦးနှောက်နဲ့ပတ်သတ်ပြီးတော့
ဘာမှတော့ မဖြစ်လောက်ပါဘူး....”

ဟု ကျွန်တော်တို့ သားအမိနှစ်ယောက်
ပြောနေသည်ကို ကိုကြီးက
ဝင်မေးလေသည်...

“ ဦးနှောက်က ဘာကိုပြောတာလဲ....
ဘာဖြစ်နိုင်လို့လဲ...”

“ Coma ဖြစ်သွားမှာစိုးလို့...
ငယ်လေးက ခေါင်းကိုလည်း
အရိုက်ခံလိုက်ရတော့ တစ်ခုခုဖြစ်မှာစိုးလို့
စစ်ကြည့်မလို့...”

ဟု ကျွန်တော်က ပြောလိုက်တော့
အားလုံး မျက်နှာမကောင်းကြပေ....

ငယ်လေး၏ သူငယ်ချင်းနှစ်ယောက်လည်း
ရောက်နေကြသည်....
Sehun ကတော့ ငယ်လေးဘေးနားတွင်
ထိုင်ကာ Jongin ကတော့ ဖေဖေ့ဘေးတွင်
ထိုင်နေသည်...

“ တကယ် အဲ့လိုဖြစ်နိုင်လား....”

ဟု ကိုကြီးက မေမေ့ဘေးနားတွင်
ထိုင်နေရင်းနှင့်မေးလေသည်....

“ ဖြစ်နိုင်လားဆိုတော့....
တရားသေတော့ပြောလို့မရဘူး ကိုကြီး...
ဒါပေမယ့်လည်း ရောဂါအခြေအနေတွေက
အားလုံးကောင်းနေရဲ့နဲ့ နိုးမလာတော့
ကျွန်တော်တို့ သံသယဝင်လို့ရတာ
အဲ့ဒါပဲ ရှိတော့တယ်....”

“ အဲ့တော့ အခြေအနေတွေ
အရမ်းဆိုးနိုင်လား...”

“ အဆိုးဆုံးကတော့ Coma ဝင်နိုင်တယ်...
ကြာရင် အသက်ရှူစက်နဲ့မှ ရှူနိုင်တော့မယ်...
နောက်ပိုင်း ဦးနှောက်လှိုင်းတွေကပါ
အလုပ်မလုပ်တော့ရင် အသက်ရှူစက်ကို
ရပ်...ရပ်ပစ်လိုက်ရတာမျိုးတွေ ရှိမယ်...”

“ အဲ့ဒါဆိုရင်....”

“ ဟုတ်တယ်...အဲ့လို ရပ်ပစ်ဖို့ကိုလည်း
ဆေးရုံက ဆရာဝန်တွေအားလုံး
အစည်းအဝေးထိုင်ရတယ်...
မဟုတ်ရင် ထောင်ချလို့ရတယ်...
ဒါလည်း လူသတ်မှုတစ်မျိုးပဲလေ...”

“ ဟာ...အဲ့လိုတော့ မဖြစ်လောက်ပါဘူး...
မဟုတ်ဘူးမလား...မေမေ့ မဟုတ်...
မဟုတ်ဘူးမလားဟင်...”

ဟု ကိုကြီးက ဆောက်တည်ရာမရစွာဖြင့်
မေမေ့ကို တိုင်တည်ပြီး မေးနေသည်....
သူက ငယ်လေးကို သိပ်ချစ်တာကိုး….
ကျွန်တော့ထက်ပင် ပိုသည်း ပိုချစ်သေးသည်

ငယ်ငယ်ကတည်းက သူပဲ ငယ်လေးကို
ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့်
သူကိုယ်တိုင် ထိန်းကျောင်းခဲ့ရတာကိုး...

ကျွန်တော်တို့ ပြောရင် နားမထောင်သည့်
ငယ်လေးကို ကိုကြီးက ဟင့်အင်း ဟု
တစ်ခွန်း ပြောလိုက်ရုံနှင့်ပင် ငယ်လေးက
ဆက်မလုပ်တော့ဘဲ ရပ်လိုက်သည်...

ထိုကဲ့သို့ ငယ်လေးကလည်း
ကိုကြီးစကားဆိုလျှင် နားထောင်သည့်အတွက်
ငယ်လေးကို ကိုကြီး ငုံထားမတတ်ချစ်သည်….

အခု ငယ်လေးအကြောင်းကို သူကြားတော့
သူ့မှာ ဘာလုပ်လို့လုပ်ရမည်မသိဘဲ
ဆောက်တည်ရာမရဖြစ်နေသည်…..

ငယ်လေးအနားကိုသွားထိုင်ကာ
ပတ်တီးစည်းထားသော ခေါင်းလေးကို
ဖွဖွလေးအုပ်ကိုင်လိုက်ပြီး

“ ငယ်လေး...ကိုကြီးပြောတာကြားရလား...
ငယ်လေး ထတော့လေကွာ...ဒီလိုပုံစံကြီးကို
ကိုကြီး မကြိုက်ပါဘူး....ငယ်လေးက
ဒီလိုပုံစံနဲ့ မလိုက်ဘူး...ထစမ်းပါကွာ...

ဘာဖြစ်လို့ ဒီလောက် အကြာကြီး
အိပ်ပျော်နေရတာလဲ.... တော်ပြီလေ...
ငယ်လေးအိပ်တာ တစ်ပတ်ကျော်နေပြီ...
ထသင့်ပြီ...

ထ....ထပြီးတော့ ကိုကြီးတို့
ခရီးတွေအတူတူ ထွက်ရဦးမယ်...
အတူတူလုပ်စရာတွေ အများကြီး
ရှိသေးတယ်လေ...

ထပါတော့ ငယ်လေးရာ~~~~~ “

ဟု ပြောပြီး ငယ်လေးရင်ဘတ်ပေါ်ကို
မျက်နှာမှောက်ကာ ငိုချလိုက်လေသည်....
ကိုကြီးက ငိုတော့ ကျွန်တော်တို့လည်း
လိုက်ငိုမိတော့သည်....

စိတ်မာပါသည်ဆိုသည့် ဖေဖေတောင်
မျက်ရည်ဝိုင်းနေကာ မျက်နှာငယ်လေးနှင့်
ဖြစ်နေသည်….

ထိုအချိန် ဟိုဘက်ခုတင်က
ကလေးလေး၏ နှလုံးက
ထဖောက်လေသည်....
စက်တွေက တတီတီနှင့်မြည်လာတာကြောင့်
ခေါင်းရင်းက ခလုတ်အနီကိုနှိပ်လိုက်ကာ
အပြင်က ဆရာဝန်တွေကို ခေါ်လိုက်သည်...

ဆရာဝန်တွေ တစ်ဝုန်းဝုန်းနှင့်ဝင်လာကာ
နှလုံးနှိုးစက်တွေပါ ယူလာသည်....
နှလုံးရပ်သွားသည်ကြောင့် CPR
လုပ်ရလေသည်...

မာမီက ကလေးနားကို ကပ်ကာ
အက်ျီကြယ်သီးကို အရင်ချွတ်လိုက်သည်...
ပြီးတော့  ရင်ညွန့်ပေါ်ကိုဖိကာ
နှလုံးကိုနှိုးလေသည်....မရသည်ကြောင့်

“ VOL 150.... နောက်ဆုတ်....”

ဟုပြောကာ ကလေး၏ ရင်ဘတ်ကို
ထိလိုက်တော့ လူက ဝုန်းဆိုပြီး
ကော့သွားသည်...
ပြီးတော့ စက်ကိုပြန်ပေးလိုက်ကာ
ရင်ဘတ်ကို ပြန်ဖိပြန်သည်....

“ ဟင့်အင်း....မဖြစ်ရဘူး ကလေးရယ်...
မေမေ ခွင့်မပြုဘူး....”

ဟု မေမေက ငိုကာပြောပြီးတော့
စက်ကိုပြန်ယူလိုက်ကာ

“ VOL 200... Shoot....”

ဟုပြောလိုက်ကာ ထပ်နှိုးလိုက်ပြန်သည်...
လူကောင်ဖြူဖြူသေးသေးလေးကသာ
ခုတင်ပေါ်ကနေ ကြွတက်လာသည်
ဘာမှ မထူးခြားသေး...

ထပ်ပြီး ရင်ဘတ်ကို
အချက် 40 လောက် မနားတမ်းဖိရင်း

“ တောင်းပန်ပါတယ်...ပြန်လာခဲ့ပါ
ကလေးရယ်...မေမေတောင်းပန်ပါတယ်...”

ဟု ပါးစပ်ကနေ မနားတမ်းပြောကာ
တောက်လျှောက် ဖိလိုက်တော့မှ
စက်က နှလုံးခုန်သံကို ပြန်ပြတော့သည်...

“ သွေးပေါင်က 100/70....”

“ နှလုံးခုန်နှုန်းက 70... “

ဟု ဘေးနားက နပ်စ်မလေးက
အော်ပေးတော့မှမေမေက
ကလေးရင်ဘတ်ကိုဖိနေရာကနေ
ဖယ်လိုက်ပြီး ကလေးရဲ့နဖူးလေးကို
ကိုင်လိုက်ကာ ကြမ်းပြင်ပေါ်ကို
ဝုန်းဆိုပြီး ထိုင်ချသွားသည်.....

လဲကျသွားသည့်မာမီ့ကို Sehun က
လာဆွဲပွေ့ကာ ခေါ်သွားပြီး
ဆိုဖာပေါ်တွင် ထိုင်ခိုင်းထားသည်...

ကျွန်တော်က ကလေးအနားကို သွားရန်
လုပ်လိုက်ပြီး ငယ်လေးကို တစ်ချက်
လှည့်ကြည့်လိုက်ချိန် ငယ်လေး၏
မျက်ဝန်းထောင့်ကနေ မျက်ရည်စီးကျသွားသည်

သူအကုန်ကြားနေတာလား....
အကုန်သိနေတာလား...

ကျွန်တော်က ကလေးနားကိုသွားကာ
အင်္ကျီကြယ်သီးလေးတွေကို တပ်ပေးပြီး
သွေးခုန်နှုန်းတွေ နှလုံးခုန်နှုန်းတွေ
အကုန်လုံးကိုစစ်ဆေးပြီး ဆရာဝန်တွေ
နပ်စ်တွေကို ပြန်လွှတ်လိုက်သည်....

ဒီပုံစံအတိုင်းဆိုလျှင်
နပ်စ်တစ်ယောက်လောက်ကို
အခန်းထဲတွင် Stand By ထားသင့်ပြီ....

အခြေအနေအကြောင်းကြောင်းကြောင့်
ကျွန်တော်တို့ အခန်းထဲတွင် မရှိချိန်
နှစ်ယောက်ထဲက တစ်ယောက်ယောက်က
အခုလို အခြေအနေမျိုး ကြုံလာခဲ့ရင်
ဘယ်လိုလုပ်ကြမလဲ....

ကိုကြီးကတော့ ငယ်လေးဘေးနားတွင်
ထိုင်နေကာ ကျွန်တော်ကတော့
ကလေး၏ ဘေးနားတွင် ထိုင်နေကြပြီး
မေမေနှင့်ဖေဖေကတော့ ခုတင်ခြေရင်းဘက်က
ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်
ထိုင်နေကြသည်...

“ အကြောင်းပြချက်မရှိဘဲ နှစ်ယောက်စလုံး
ဘာလို့ မနိုးလာတာလဲ... ကိုလတ်....
ဦးနှောက်လှိုင်းစစ်ဆေးဖို့လုပ်လိုက်တော့...”

ဟု မေမေပြောနေတုန်းပဲရှိသေးသည်...
ကျွန်တော့မျက်လုံးထဲတွင် ကလေးလေး၏
လက်ချောင်းကလေးလှုပ်သွားသည်...
ထိုင်နေရာမှ ဝုန်းဆိုကာ ချက်ချင်းထလိုက်ပြီး

“ ဟင်... ကလေးလေး...
ကလေးလေးနိုးလာပြီလား....
ကလေးလေး ကိုလေးကို မြင်လား...
ကိုလေးကိုကြည့်....”

ဟု ပြောလိုက်တော့ ကျွန်တော့ကို
ကြည့်လာသည်...မေမေတို့လည်း
အားလုံး ခုတင်နားကို ထလာကြကာ
ကလေးကို လာကြည့်ကြလေသည်...

“ ကလေးလေး...
မေမေ့လက်ချောင်းကိုကြည့်....”

ဟု ပြောပြီး လက်ညှိုးကိုထောင်ကာ
ဘယ်ဘက်ရွှေ့လိုက် ညာဘက်ရွှေ့လိုက်
လုပ်ပြီး ကြည့်ခိုင်းတော့
လိုက်ကြည့်လေသည်....

“ ဦးနှောက် အခြေအနေကတော့
ကောင်းပါတယ်....”

နှာခေါင်းတွင် တပ်ထားသောအောက်ဆီဂျင်ကို
သူ့လက်ကလေးဖြင့် ဖြုတ်လိုက်ကာ

“ တီတီ...ကိုကိုရော...”

ဟု အသံတိုးတိုးလေးဖြင့် မေးလေသည်....
သူ့အသိစိတ် စပြီး ပြန်ရသည်နှင့်
အရင်ဆုံးမေးသည်က ကိုကိုတဲ့လေ....
ကလေးလေး၏ မေးခွန်းအဆုံး မေမေက
ငိုချလိုက်ကာ

“ ကျေးဇူးတင်ပါတယ် ကလေးလေးရယ်...
မေမေတို့ဆီ ပြန်လာပေးလို့....”

ဟုပြောတော့ ကလေးက အားလျော့စွာ
ပြုံးပြလေသည်...

“ အဆိုးလေး...ဘယ်တွေ
လျှောက်သွားနေတာတုန်း....
အကြာကြီးပဲ အိပ်နေလိုက်ကြတာ....”

ဟု ကျွန်တော်က ဝင်ပြောတော့
ကျွန်တော့ကို ဖျော့တော့နေသော
မျက်နှာကလေးနှင့် ပြုံးပြကာ

“ ကိုလေး... ကိုကိုရော....”

ဟုထပ်မေးပြန်သည်....

“ သားရဲ့ ကိုကို က
ဟိုဘက်ခုတင်မှာ အိပ်ပျော်နေတယ်....”

ဟု ငယ်လေးလှဲနေသည့် ခုတင်ကို
လက်ညှိုးထိုးပြလိုက်တော့
ခေါင်းလေးစောင်းကြည့်ကာ

“ ကိုကို သက်သာလားဟင်...
အနာကရော ကောင်းသွားပြီလား....”

“ အနာက ကောင်းသွားပြီ...
ကျက်တောင်ကျက်နေပြီ....”

ဟုပြောလိုက်တော့

“ ဟင်... အနာတောင်
ကျက်သွားပြီလား....”

ဟု နားမလည်သည့်ပုံစံလေးဖြင့်
ပြောလေသည်....

“ ခင်ဗျားလေး အိပ်ပျော်နေတာ
ဘယ်လောက်ကြာပြီလဲ သိလား....”

ဟု ကိုကြီးကမေးလာတော့
သူလေးမှာ မျက်လုံးကလေး
ကလည်ကလည်နှင့် နားမလည်သည့်
ပုံစံကလေးဖြင့် လိုက်ကြည့်လေသည်...

“ သား အိပ်ပျော်နေတာ
ဆယ်ရက်ပြည့်ပြီ...”

“ ဗျာ....”

ဟု အံ့သြသွားသည့် ပုံစံကလေးဖြင့်
ကြည့်လာသည်....

“ တကယ်ကြီး....”

“ ဟုတ်ပဗျာ.... “

“ ကဲ...ကိုလတ်....
ကလေးကိုနောက်တစ်ခါထပ်ပြီး
တစ်ကိုယ်လုံးကို စစ်ကြည့်လိုက်ဦး...
ရိုက်သင့်တာ အကုန်ရိုက်....
မေမေ အခြေအနေသိချင်တယ်....”

ဟု မေမေက ဝင်ပြောသည်ကြောင့်
ကလေးကို ဆေးပြန်စစ်ဖို့ လုပ်ရသည်.....

“ သားကို...ကိုလေးပြောစရာရှိတယ်...”

ဟု စကားကိုအစပျိုးလိုက်တော့

“သား....”

ဟု မေမေကလှမ်းခေါ်ကာ ကျွန်တော့ကို
မပြောရန် တားလာသည်....

ကလေးက ကျွန်တော့ကိုသေချာကြည့်ပြီး

“ တီတီ ဘာဖြစ်လို့လဲဟင်....
သားကို ပြောစရာရှိတယ်မလား...
ပြောပါ ကိုလေး...ဘာဖြစ်လို့လဲ....”

“ ကိုလေးပြောတာကို အေးအေးဆေးဆေး
နားထောင်နော်... သားအိပ်ပျော်နေသလိုပဲ
သားရဲ့ ကိုကိုလည်း အိပ်ပျော်နေတာ
ဆယ်ရက် တိတိရှိပြီ... သားက
အခုနိုးလာပေမယ့် ငယ်လေးက
လုံးဝ မနိုးလာသေးဘူး....”

ကျွန်တော့စကားကိုကြားတော့
ငယ်လေးအိပ်နေသည့်ဘက်ကို
ခေါင်းလေး လှည့်ကြည့်ကာ
မျက်လုံးတွင် မျက်ရည်တွေက ဝိုင်းလို့....

“ စိတ်ကို ငြိမ်ငြိမ်ထား...စိတ်မလှုပ်ရှားနဲ့..
သားကပါ ထပ်ပြီး လဲသွားလို့ မဖြစ်ဘူး...
ငယ်လေးဘေးနားမှာ ကလေးရှိနေပေးမှ
ဖြစ်မှာ.... “

“ ကိုကို့ကို နေကောင်းအောင်လုပ်ပေးပါ...
နော် ကိုလေး နော်...
သား တောင်းပန်ပါတယ်....”

ဟု ကျွန်တော့ လက်ကို လှမ်းကိုင်ကာ
တောင်းပန်နေသည့် ကလေးကိုကြည့်ပြီး
ကျွန်တော်နှင့် ကိုကြီး မျက်လုံးချင်း
ဆုံမိကြသည်...

“ သားက သားရဲ့ ကိုကိုနားမှာ
နေပေးမှရမှာမို့ နေကောင်းအောင်
အရင်လုပ်ရမယ် နော်...ကိုလေးပြောတာ နားလည်တယ်မလား....”

ဟု သူ့လက်ကလေးကို ညှစ်ကာပြောတော့
မျက်ဝန်းထောင့်ကနေ မျက်ရည်လေးတွေ
စီးကျသွားကာ ခေါင်းညိတ်ပြလေသည်...
ပြီးတော့ ငယ်လေးကို လှည့်ကြည့်ပြီး
ငြိမ်နေသည်....

Baek တောင်းပန်ပါတယ် ကိုကို...
Baek ကြောင့်နဲ့ ကိုကို နာကျင်နေရပြီ...
Baek ကို ခွဲသွားလို့မရဘူးနော် ကိုကို...
မဟုတ်ရင် Baek ကိုကို့နောက်ကို
လိုက်လာမှာ....

“ ငယ်လေးရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ
နေမကောင်းတာကို ကိုလေးတို့က
နေကောင်းအောင် ကုပေးမယ်....
ဒါပေမယ့် သူ့စိတ်ထဲမှာ အားရှိအောင်တော့
သားက သားကုပေးမှရမှာ...
ကိုလေးပြောတာကို နားလည်လား...”

ဟု ပြောလိုက်တော့မျက်ရည်လေးတွေနှင့်
ခေါင်းညိတ်ပြသည်....

သူလေးကို ဆေးစစ်ဖို့ရန် ကျွန်တော်
တစ်ခြားဆရာဝန်တွေကို
ပြင်ဆင်ခိုင်းလိုက်တော့သည်...
ငယ်လေးရဲ့ အချစ်ကိုလည်း မြင်နေရသလို
ကလေးလေးရဲ့ အချစ်ကိုလည်း မြင်နေရသည်
နှစ်ယောက်စလုံး အမြန်နေကောင်းလာပါစေလို့
ဆုတောင်းနေရုံကလွဲ၍ အခြားမရှိပြီ...

~~~~~~~~~~ to be continued💛💚💙

အမှန်အတိုင်းပြောရရင် ဒီအပိုင်းကို
လုံးဝ လုံးဝ စိတ်တိုင်းမကျပါဘူး...
ပြန်ပြင်ရင်လည်း ကြာဦးမှာမို့
ဒီအတိုင်းပဲ တင်လိုက်ပါတယ်...
ကြန့်ကြာနေမှုအတွက် အားနာပါတယ် 😔


Continue Reading

You'll Also Like

46.7K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
625K 19.9K 97
Pls read Must read before you start reading.
48.2K 4K 14
အားလုံး ရယ်မောကြစေသော်
68.5K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...