Unicode
မနက်မိုးလင်းပြီး အဆောင်တော်၏ ပြတင်းတံခါးမှ နေရောင်ခြည်အလင်းတန်း တိုးဝင်လာသည်အထိ လီချန်းယုံ အိပ်ယာမနိုးသေးပါ။
ထုံးစံအတိုင်း လင်းမိုပင် ညီလာခံပြီး၍ ပြန်လာပြီ ဖြစ်သည်။ လင်းမိုက မနေ့က လီချန်းယုံကို ဆူပူသော်လည်း လီချန်းယုံဝယ်သူလာသည့် သေရည်အိုးများကိုကား သူ၏ အိပ်ယာဘေး၌ အစီအရီထောင်ထားပေးသည်။
စားပွဲပေါ်၌ကား မနက်စာကို အသင့်ပြင်ထားသည်။ လင်းမိုသည် အမြဲတစေ လီချန်းယုံနှင့်အတူ မနက်စာစားလေ့ရှိသောကြောင့် လီချန်းယုံ မနိုးသေးသ၍ သူလည်းမစားပါ။ အကယ်၍ လီချန်းယုံနိုး၍ လင်းမိုမနိုးပါက လင်းမိုသေချာပေါက် မနက်စာကို တစ်ယောက်တည်းစားရမည်ဖြစ်သည်။
သေရည်အိုးများကို မြင်၍ အတွေးတစ်ခုဝင်လာကာ လင်းမိုသည် သူအဆောင်တော်က အရွယ်အစားမျိုးစုံရှိသည့် ရတနာသေတ္တာများဆီသို့ ဦးတည်သွားလိုက်သည်။ ထိုအထဲတွင် ကျောက်မျက်ရတနာမျိုးစုံရှိလေသည်။
ခပ်ကြီးကြီးသေတ္တာထဲတွင် တော်ဝင်တံဆိပ်ခတ်နှိပ်ထားသည့် ရွှေတုံးရွှေစများ ရှိလေသည်။ သူကအကြောင်းပြချက်မရှိ။ သည်အတိုင်း ဖွင့်ကြည့်ခြင်း ဖြစ်သော်လည်း ယခုမှ အိပ်ယာနိုးလာသော လီချန်းယုံ၏ စိတ်ထဲတွင် တစ်မျိုးတစ်မည် အထင်ရှိသွားလေသည်။
မည်သို့ပင်ဆိုစေ သူက လင်းမိုမသိအောင် ယူလာခြင်း ဖြစ်ရာ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
"အဟမ်း...''
လင်းမိုလှည့်ကြည့်လိုက်ရာ အိပ်ယာနိုး၍ ထိုင်နေသော လီချန်းယုံကို တွေ့လိုက်ရသည်။
လင်းမိုက မနက်ခင်းတိုင်း အချိုသာဆုံးအပြုံးတို့ဖြင့် နှုတ်ဆက်ရသည်မှာ သူ၏ ဝတ္တရားဖြစ်သည့်အလား ပြုံးပြသည်။
"အားယုံလေးနိူးပြီလား''
"အင်း...ဘာလုပ်နေတာလဲ''
လီချန်းယုံက မျက်မှောင်ကြုတ်ပြီး မေးသည်။
လင်းမို၏ မျက်နှာတွင် အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခူ ဖြတ်ပြေးသွားသည်။
"ကြည့်ရတာ ကိုယ်တော် နန်းဆောင်လုံခြုံရေးကို မြှင့်တင်ရတော့မယ် ထင်တယ်''
လင်းမိုဆီက သူ့ကိုစနောက်မည့်အရိပ်အယောင်များကို တွေ့လိုက်ရသော်လည်း လီချန်းယုံက မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။ လင်းမို၏ သည်လိုစနောက်မှုမျိုးမှာ သူရင်းနှီးနေသည်ထက် ပိုနေပြီဖြစ်သည်။
"ဘာလို့လဲ...နန်းဆောင်မှာဘာကိစ္စရှိလို့လဲ''
ပြန်မေးလိုက်သည့် လီချန်းယုံ၏ သွင်ပြင်မှာ အမှန်တကယ် မသိ၍ မေးသည်ဟု ထင်ရကာ အပြစ်ကင်းစင်လေသည်။
"အင်း...ကိုယ်တော့်ရဲ့ ရတနာသေတ္တာထဲက ရွှေစတွေပျောက်နေတယ်''
လင်းမိုက ရတနာသေတ္တာများထဲမှ အကြီးဆုံးကို လက်ညိုးညွှန်ပြပြီးပြောသည်။
".......''
လီချန်းယုံ ပြောစရာစကားများပျောက်ရှသွားသည်။
သူ၏ မျက်စိရှေ့တွင် ရတနာသေတ္တာများက အမြင်ဖြင့်ပင် အလုံးနှစ်ဆယ်မကရှိသည်။ ထိုအထဲတွင် ရွှေတုံးနှင့်ရွှေစများထည့်ထားသော သေတ္တာက ငါးလုံးခန့်ရှိသည်။
သူယူသည်က ထိုသေတ္တာများထဲက အသေးဆုံးတစ်ခုရှိ ရွှေစအနည်းငယ်သာ ဖြစ်သည်။ အနည်းငယ်ဆိုသည်မှာ အမှန်တကယ် မဆိုစလောက်လေး ဖြစ်သည်။ ယူစဉ်က ခြေရာလက်ရာ မပျက်ယွင်းအောင်လည်း သူအမှန်တကယ် ဂရုစိုက်ခဲ့ပေသည်။
ဤသည်ကို လင်းမိုက မည်သို့သိပါသနည်း။
မင်းဘယ်လိုသိတာလဲဟူသော ဝံပုလွေဖြူလေးဆီက အကြည့်တို့ကို မသိချင်ယောင်ဆောင်ပြီး လင်းမိုက စကားဆက်ပြောသည်။
"ကြည့်ဦး...နန်းဆောင်ထဲထိဝင်လာပုံထောက်ရင် ခိုးသူက တော်တော်ကို သိုင်းပညာအဆင့်အတန်းမြင့်ရမယ်။ ဒါမှမဟုတ်ရင် သူတော်တော်ကျွမ်းကျင်နေသူ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင်...''
လင်းမိုက စကားဆက်မပြောပဲ လီချန်းယုံကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ဒါမှမဟုတ်ရင် အားယုံလေးဖြစ်ရမယ်ဟု ပြောနေသယောင်ယောင်။
"ဒါမှမဟုတ်ရင် နန်းဆောင်ထဲထိ တံခါးမရှိ၊ ဓားမရှိဝင်နိုင်သူပဲ ဖြစ်ရမယ်''
လီချန်းယုံက တွေးဆနေဟန်အပြည့်ဖြင့်ပြောသည်။
"မင်းစဉ်းစားကြည့်လေ...နန်းဆောင်ရှေ့က မင်းကိုယ်ရံတော်တပ်ဖွဲ့ကြီးထက် သိုင်းပညာအဆင့်မြင့်တဲ့သူက ဆယ့်ခြောက်နိုင်ငံမှာ ဘယ်နှစ်ယောက်ရှိမလဲ။ ရှိဦးတော့ သူက သူခိုးဟုတ်ပါ့မလား။ ကျွမ်းကျင်နေတဲ့သူခိုးကရော ဘုရင့်တော်ဝင်နန်းဆောင်ထိ အတင့်ရဲ ပြီးလာခိုးပါ့မလား။ ဒါကြောင့် နန်းဆောင်ထဲကို တံခါးမရှိ၊ ဓားမရှိ ဝင်နိုင်သူပဲ ဖြစ်ရမယ်။''
လင်းမိုက လီချန်းယုံ၏ ဟန်ဆောင်နေမှုကို မသိချင်ယောင်ဆောင်ကာ ဝင်ထောက်ခံလေသည်။
"အားယုံလေးပြောတာ ဟုတ်လောက်မယ်။ ကိုယ်တော့်နန်းဆောင်ထဲကို အဲ့ဒီလိုဝင်ထွက်နိုင်သူ ဘယ်နှစ်ယောက်ရှိပါလိမ့်''
"အထိန်းတော်ကြီး...''
လီချန်းယုံက စဉ်းစားပြီး ရေတွက်နေဟန်ဖြင့် လက်ချောင်းတစ်ချိုး ချိုးလိုက်သည်။
လီချန်းယုံပြောသည်က သွေးထွက်အောင် မှန်ပေသည်။ အထိန်းတော်ကြီးလောက် ဤနန်းဆောင်ထဲကို တံခါးမရှိ ဓားမရှိ ဝင်နိုင်သည်မှာ အထိန်းတော်ကြီးသာ ရှိသည်။ မနက်ခင်း လီချန်းယုံမနက်စာစားသည်အချိန်မှစ၍ တစ်နေ့လုံး မှာသမျှ အစားအသောက်တို့ကို မရိုးနိုင်အောင် စီမံပေးရသောကြောင့် ဖြစ်သည်။
သို့သော် လီချန်းယုံမေ့နေသည်က အထိန်းတော်ကြီးသာ ထိုသို့ ပစ္စည်းတစ်ခုခုကိုလက်ဆော့ပြီး ယူတတ်ပါက အထိန်းတော်ကြီးပင် ဖြစ်နိုင်မည်မဟုတ်ပေ။
လင်းမိုက ဝံပုလွေဖြူလေးကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။
"အားယုံပြောတာမှန်တယ်...အထိန်းတော်ကြီးက နံပါတ်တစ် သံသယတရားခံပဲ''
"အမတ်ကြီး...အတိုင်ပင်ခံအမတ်ကြီး''
လီချန်းယုံက သူ၏ လက်ချောင်းနောက်တစ်ချောင်းကို ချိုးပြီးပြောသည်။ နှစ်ယောက်ရှိပြီဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။
အတိုင်ပင်ခံအမတ်ကြီးသည် လင်းမိုအယုံကြည်ရဆုံးသူ ဖြစ်သည့်အတွက် သေချာပေါက် နန်းတော်ရှေ့က ကိုယ်ရံတော်တို့ကို ဖြတ်ကျော်နိုင်လေသည်။ တော်ဝင်တံဆိပ်တုံးကိုပင် အမတ်ကြီးဆီ၌ လင်းမို အပ်ထားသည့်အတွက် အမတ်ကြီးသည်လည်း အရေးအကြောင်းရှိပါက အဆောင်တော်အတွင်း သို့ ဝင်နိုင်လေသည်။
လင်းမိုသည် ရယ်ချင်လာစိတ်ကို အောင့်အီးကာ ဝံပုလွေဖြူလေး ကောက်ချက်ချသည်ကို လက်ခံကြောင်း ပြောသည်။
"အားယုံလေး တော်တယ်။ ဘယ်လိုများ စဉ်းစားမိတာလဲ။ ကိုယ်တော့်ဖြင့် အမတ်ကြီးကို အယုံကြည်ရဆုံးလူလို့ သတ်မှတ်ထားတာ''
လင်းမို၏ ပုံစံမှာ အမှန်တကယ် အယုံကြည်ရဆုံး အမတ်၏ သစ္စာဖောက်ခြင်း ခံရသော ဘုရင်ကြီးအသွင်ပေါက်နေသည်။
"ခဏလေး...အခုမှ သံသယပဲရှိသေးတာ''
လီချန်းယုံက လင်းမိုကို ကြည့်ပြီး နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
အဓိပ္ပါယ်မှာ မင်းအမူအရာက လွန်ကဲနေပြီ။ နည်းနည်း ပြန်လျှော့ဟုပင်ဖြစ်သည်။
"နောက်ဘယ်သူကျန်သေးလဲ အားယုံလေး''
လင်းမိုက လီချန်းယုံကို စုံစမ်းစစ်ဆေးရေးမှူးအဖြစ် သူကိုယ်တိုင်က စစ်ဆေးရေးမှူးကိုအားကိုးရသော နစ်နာသူအဖြစ် အသွင်အပြင်ဖြင့်မေးလေသည်။
"မင်ယု...''
လီချန်းယုံက သူရေတွက်နေမှုကို ပြန်လည်စတင်သည့်အနေဖြင့် လက်နောက်တစ်ချောင်းချိုးလိုက်သည်။
မင်ယုဆိုသည်မှာ လင်းမို၏ စစ်တပ်ကို အုပ်ချုပ်ရသော စစ်သူကြီးပင် ဖြစ်သည်။ ဆယ့်ငါးပြည်ထောင်ကို လင်းမိုသိမ်းပိုက်စဉ်က မင်ယုအပါအဝင် စစ်သူကြီးများဖြင့် ဤနန်းဆောင်၌ နေ့နေ့ညည စစ်ဗျူဟာများဆွေးနွေးခဲ့ရသော အချိန်များရှိပေသည်။ ထို့ကြောင့်လည်း လီချန်းယုံက မင်ယုကို သံသယစာရင်းထဲထည့်နေခြင်းပင်။
"ဟုတ်တာပေါ့...မင်ယုကလည်း ဆယ့်ငါးပြည်ထောင် စစ်တပ်ကို ကွပ်ကဲရတဲ့ စစ်သူကြီးဆိုတော့ လစာနည်းမှာပေါ့။ သူ့ခမျာ မလောက်ငဘူးထင်ပါရဲ့''
လင်းမိုက လီချန်းယုံပြောသည်ကို လက်ခံသည့်ဟန်ဖြင့် ပြောလေသည်။
"နောက်ဘယ်သူကျန်သေးလဲ...အားယုံလေး''
လီချန်းယုံက စဉ်းစားနေဟန်ဖြင့် သူ၏ မေးစေ့ကို ပွတ်သပ်နေသည်။ ခဏနေမှ သူတစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပြောသည်။
"ရှောင်ချို...ဟေးချို''
ရယ်ချင်စိတ်တို့ကို အာရုံလွှဲသည့်အနေဖြင့် ရေတစ်ကျိုက်မော့သောက်နေသော လင်းမို သီးသွားချေသည်။
".....''
"......''
အဲ့ဒီနှစ်ယောက် မည်သို့သောအကြောင်းကြောင့် အားယုံလေး၏ သံသယစာရင်းသို့ ရောက်လာသည်ဆိုသည်ကို သူအလွန်အမင်း သိချင်လာသည်။ ခါတိုင်းဆို ထိုနှစ်ယောက်သည် ဝံပုလွေဖြူလေး၏ အပေါင်းအပါများဖြစ်သည်။
"သူတို့က ဘာလို့လဲ...အားယုံလေး''
သူတို့က မနေ့က ငါ့ကို သစ္စာဖောက်သွားတယ်
သွေးသောက်နှစ်ယောက်ကို စိတ်နာနေသော လီချန်းယုံက အကြောင်းပြချက်တစ်ခုကို အလျင်အမြန်ရှာလိုက်သည်။
"သူတို့်က သိုင်းပညာမြင့်တယ်လေ...ကိုယ်ရံတော်အဖွဲ့လောက်က ရှောင်ချိုနဲ့တင် ကိစ္စပြတ်တယ်။ ဟေးချိူ တောင်မလိုဘူး။ သူတို့ ဝင်ချင်ရင် ဝင်လာနိုင်တယ်''
"သြော်...''
လင်းမိုက အံ့သြသွားဟန်ဖြင့် အာမေဋိတ်သံပြုသည်။
"အဲ့ဒါဆို ရှောင်ချို အကြံပေးတာကို ဟေးချိုကပါ လိုက်လုပ်တာ ဖြစ်မယ်''
အချိန်တော်တော်များများ၌ ဟေးချိုက စကားပင်လေလုံးကွဲအောင် မပြောဘဲ ရှောင်ချိုကသာ ကိစ္စများကို ဆုံးဖြတ်သောကြောင့် လင်းမို ထိုသို့ပြောခြင်း ဖြစ်သည်။
လီချန်းယုံသည် မနေ့က သူ့ကိုထားပစ်ရန်အကြံသည် ရှောင်ချိုဆီကထွက်ခြင်းမဟုတ်။ ဟေးချိုဆီက ထွက်လာကြောင်း သတိရလိုက်သည်။
"မဟုတ်ဘူး...ဟေးချိုကြံစည်တာကို ရှောင်ချိုလုပ်တာ ဖြစ်ရမယ်''
"သြော်...အဲ့ဒါဆို ဟေးချိုက အပြစ်ရှိတာပေါ့။ အားယုံလေး''
လင်းမိုကမေးသည်။
"ဟုတ်တယ်...''
လီချန်းယုံက ခေါင်းငြိမ့်ပြသည်။
လင်းမို၏ စိတ်ထဲတွေးနေသည်က မည်သည့်နဂါးကများ သူ၏ သခင် နဂါးစီးနင်းသူအရှင်ထံက ရွှေဒင်္ဂါးကို ခိုးယူရန် အကြံရပါမည်နည်း။
"တစ်ယောက်ယောက်များ ကျန်သေးလားအားယုံလေး။ အခုအကုန်လုံးက သံသယရှိစရာကောင်းတာတော့ အမှန်ပဲ''
လင်းမို၏ မျက်လုံးများက ရွှင်မြူးရိပ်သန်းနေသည်။
"သံသယဖြစ်စရာအကောင်းဆုံး တစ်ယောက်တော့ ရှိသေးတယ်''
လီချန်းယုံက ချင့်ချိန်နေဟန်ဖြင့် ပြောသည်။
"ဘယ်သူလဲ...အားယုံလေး''
လင်းမိုက မေးသည်။
"မင်း....''
လီချန်းယုံက လင်းမိုကို လက်ညှိုးထိုးပြီး ပြောသည်။
".....''
သူ့ဆီသို့ရောက်လာသော လက်ညှိုးလေးကို ဆွဲကိုက်လိုစိတ်ကို ထိန်းကာ လင်းမိုကပြန်မေးသည်။
"ကိုယ်တော်က ဘာလို့လဲ အားယုံလေး...အဲ့ဒီရတနာတွေကိုယ်တော်ပိုင်တာလေ''
လီချန်းယုံက လင်းမိုကို မျက်လုံးထောင့်ကပ်ပြီး ကြည့်သည်။
"မဟုတ်မှလွဲရော...မင်းဖောက်ပြန်နေတာလား''
".....''
"ဘယ်လိုစွပ်စွဲချက်ကြီးလဲ...အားယုံလေးရယ်။ ကိုယ်တော့်နှလုံးသားတစ်ခုလုံးက အားယုံကို ပေးပြီးသားလေ။ အားယုံလေး ဆန္ဒရှိရင် ဆယ့်ခြောက်ပြည်ထောင်လုံးတောင် ပေးနိုင်တယ်''
မပေးနဲ့။ မယူဘူး။ ငါမနက်တိုင်းအစောကြီး ညီလာခံတက်ရမှာပေါ့...
လီချန်းယုံကို သူ့အတွေးနဲ့သူ လင်းမိုကိုခေါင်းယမ်းပြသည်။ ထို့နောက်သူ့စကားကို ဆက်သည်။
"ငါမရှိတုန်း...မင်းကနန်းဆောင်ကိုကြင်ယာတော်တစ်ယောက်ယောက်ခေါ်ပြီး ပျော်ပါးမယ်။ ပြီးရင် မင်းအိပ်နေတုန်း သူက ရတနာတွေယူသွားရင်ရော''
လီချန်းယုံက အထင်ကရ စုံစမ်းရေးမှူးအသွင် ဖြင့်ပြောသည်။
အားယုံလေးက ဘယ်အချိန်နန်းဆောင်မှာမရှိတာလဲ...မနက်ဆိုမထ ညဆိုလည်း အိပ် တစ်နေကုန်လည်း နန်းဆောင်မှာ တစ်မျိူးပြီတစ်မျိုးစားနေတာကို...
အမှန်တကယ်လည်း လီချန်းယုံထိုအတိုင်းနေလေသည်။ မနေ့ကတစ်ရက်သာ အပြင်သို့ထွက်ပြီး ပြန်မလာခြင်း ဖြစ်သည်။
"မဖြစ်နိုင်ပါဘူး အားယုံလေးရဲ့...နန်းဆောင်တစ်ဆောင်လုံးကြည့်လိုက်ပါဦး။ ကြင်ယာတော်မပြောနဲ့ အစေခံတောင် မိန်းကလေးရှိရဲ့လားမသိဘူး။ ပြီးတော့ ကိုယ်တော်က အားယုံလေးကို ဒီလောက်ချစ်တာ...ဘယ်လိုလုပ်များ အခြားတစ်ယောက်ကို စိတ်ကူးထဲထည့်မှာလဲ''
လင်းမိုက လီချန်းယုံ၏ အတွေးက သူ့ကိုနာကျင်စေဟန်ဖြင့် မျက်နှာကို တမင်စိတ်မကောင်းဟန်ဖြစ်နေဟန်ဆောင်ကာ ပြောသည်။
နတ်ဆိုးဘုရင်နှင့်တိုက်ပွဲအပြီးမှာ အယောင်ဆောင်ကြင်ယာတော်အားလုံးကို သက်ဆိုင်ရာ အိမ်တော်သို့ ပြန်ပို့ရန်အမိန့်ပေးခဲ့သည်မှာ လီချန်းယုံကိုယ်တိုင်ပင်ဖြစ်သည်။
"မင်း တရားခံကို အပြစ်ပေးမှာလား''
လီချန်းယုံ၏ အမေးကို လင်းမိုက မဆိုင်းမတွပြန်ဖြေသည်။
"အပေါ်ကလူတွေဆိုရင်တော့ သေချာပေါက် အပြစ်ပေးရမှာပေါ့...လုံးဝမှတ်လောက်သားလောက်အောင်''
"အဲ့ဒါဆို အားယုံလေး ဆိုရင်ရော''
လီချန်းယုံက သူ၏ရယ်ချင်စိတ်တို့ကို ထိန်းမရတော့ဟန်ဖြင့် ပြုံးစိစိပြောလေသည်။
"အားယုံလေးဆိုရင်လား...''
ပြောရင်း လင်းမိုက လီချန်းယုံ၏ အနားနားတိုးလာပြီး အပေါ်စီးမှ အုပ်မိုးကာ အိပ်ယာပေါ်လှဲချလိုက်သည်။
"ဒီအဆောင်ထဲက ရတနာတွေရော ရွှေတိုက်ထဲက ရတနာတွေရော ကိုယ်တော်ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတွေက ဘာလို့ရှာထားလဲသိလား''
သူ့ကိုအပေါ်စီးမှအုပ်မိုးနေသော လင်းမိုကို မော့ကြည့်ပြီး ပြန်မေးသည်။
"သိဘူး...ဘာလို့လဲ''
"အား...ယုံ...လေး သုံးဖို့''
နားရွက်ဖျားကို လျှာဖျားဖြင့် တို့ကာ ပြန်ဖြေသော စကားသံကြောင့် လီချန်းယုံမှာ အသဲယားသွားသည်က အမှန်ပင်။
"အားယုံ အဲ့ဒီထဲက နည်းနည်းယူလိုက်မိတယ်...မနေ့က''
သူ့ကို ရွှန်းရွှန်းစားစားစိုက်ကြည့်ကာ အပြစ်ကိုဝန်ခံနေသော ဤအပြစ်သားလေးလောက် ချစ်စရာကောင်းသူ ဘယ်မှာမှ ရှိနိုင်တော့မည်မဟုတ်ဟု လင်းမိုတွေးမိသည်။
"ချစ်ရတဲ့ ဇနီးလေးက ဒီလောက်လေးသုံးမိတာ အသုံးအဖြုန်းကြီးတယ်ဘယ်ခေါ်မလဲ ကိုယ်တော်က ခင်ပွန်းသည်တစ်ယောက်အနေနဲ့ သေချာပေါက် နားလည်ပေးရမှာပေါ့။''
ချစ်ဇနီးလေးဆိုသောကြောင့် လီချန်းယုံ မျက်နှာမဲ့သွားသည်။
"ဖယ်....ဖယ်တော့...ငါဗိုက်ဆာပြီ''
"ခဏနေမှစား...နှစ်မိနစ်လောက်နေဦး''
လင်းမိုက ပြောသည်။
"ဘာလုပ်မလို့လဲ...''
ခွန်းတုံ့ပြန်မေးသော နှုတ်ခမ်းရဲရဲလေးမှာ ဘုရင်ကြီး၏ နှစ်မိနစ်ကြာသိမ်းပိုက်မှုကိုခံလိုက်ရလေသည်။
ထို့နောက်မှ ဝံပုလွေဖြူလေး မနက်စာသုံးဆောင်ခွင့်ရလေတော့သည်။
__________________________________________________________________
Zawgyi
မနက္မိုးလင္းၿပီး အေဆာင္ေတာ္၏ ျပတင္းတံခါးမွ ေနေရာင္ျခည္အလင္းတန္း တိုးဝင္လာသည္အထိ လီခ်န္းယံု အိပ္ယာမႏိုးေသးပါ။
ထံုးစံအတိုင္း လင္းမိုပင္ ညီလာခံၿပီး၍ ျပန္လာၿပီ ျဖစ္သည္။ လင္းမိုက မေန႔က လီခ်န္းယံုကို ဆူပူေသာ္လည္း လီခ်န္းယံုဝယ္သူလာသည့္ ေသရည္အိုးမ်ားကိုကား သူ၏ အိပ္ယာေဘး၌ အစီအရီေထာင္ထားေပးသည္။
စားပြဲေပၚ၌ကား မနက္စာကို အသင့္ျပင္ထားသည္။ လင္းမိုသည္ အျမဲတေစ လီခ်န္းယံုႏွင့္အတူ မနက္စာစားေလ့႐ွိေသာေၾကာင့္ လီခ်န္းယံု မႏိုးေသးသ၍ သူလည္းမစားပါ။ အကယ္၍ လီခ်န္းယံုႏိုး၍ လင္းမိုမႏိုးပါက လင္းမိုေသခ်ာေပါက္ မနက္စာကို တစ္ေယာက္တည္းစားရမည္ျဖစ္သည္။
ေသရည္အိုးမ်ားကို ျမင္၍ အေတြးတစ္ခုဝင္လာကာ လင္းမိုသည္ သူအေဆာင္ေတာ္က အရြယ္အစားမ်ိဳးစံု႐ွိသည့္ ရတနာေသတၱာမ်ားဆီသို႔ ဦးတည္သြားလိုက္သည္။ ထိုအထဲတြင္ ေက်ာက္မ်က္ရတနာမ်ိဳးစံု႐ွိေလသည္။
ခပ္ႀကီးႀကီးေသတၱာထဲတြင္ ေတာ္ဝင္တံဆိပ္ခတ္ႏွိပ္ထားသည့္ ေရႊတံုးေရႊစမ်ား ႐ွိေလသည္။ သူကအေၾကာင္းျပခ်က္မ႐ွိ။ သည္အတိုင္း ဖြင့္ၾကည့္ျခင္း ျဖစ္ေသာ္လည္း ယခုမွ အိပ္ယာႏိုးလာေသာ လီခ်န္းယံု၏ စိတ္ထဲတြင္ တစ္မ်ိဳးတစ္မည္ အထင္႐ွိသြားေလသည္။
မည္သို႔ပင္ဆိုေစ သူက လင္းမိုမသိေအာင္ ယူလာျခင္း ျဖစ္ရာ အနည္းငယ္ အျပစ္႐ွိသလို ခံစားရသည္။
"အဟမ္း...''
လင္းမိုလွည့္ၾကည့္လိုက္ရာ အိပ္ယာႏိုး၍ ထိုင္ေနေသာ လီခ်န္းယံုကို ေတြ႔လိုက္ရသည္။
လင္းမိုက မနက္ခင္းတိုင္း အခ်ိဳသာဆံုးအျပံဳးတို႔ျဖင့္ ႏႈတ္ဆက္ရသည္မွာ သူ၏ ဝတၱရားျဖစ္သည့္အလား ျပံဳးျပသည္။
"အားယံုေလးႏိူးၿပီလား''
"အင္း...ဘာလုပ္ေနတာလဲ''
လီခ်န္းယံုက မ်က္ေမွာင္ၾကဳတ္ၿပီး ေမးသည္။
လင္းမို၏ မ်က္ႏွာတြင္ အဓိပၸါယ္ေဖာ္ရခက္ေသာ အျပံဳးတစ္ခူ ျဖတ္ေျပးသြားသည္။
"ၾကည့္ရတာ ကိုယ္ေတာ္ နန္းေဆာင္လံုျခံဳေရးကို ျမႇင့္တင္ရေတာ့မယ္ ထင္တယ္''
လင္းမိုဆီက သူ႔ကိုစေနာက္မည့္အရိပ္အေယာင္မ်ားကို ေတြ႔လိုက္ရေသာ္လည္း လီခ်န္းယံုက မသိခ်င္ေယာင္ေဆာင္ၿပီး ေမးလိုက္သည္။ လင္းမို၏ သည္လိုစေနာက္မႈမ်ိဳးမွာ သူရင္းႏွီးေနသည္ထက္ ပိုေနၿပီျဖစ္သည္။
"ဘာလို႔လဲ...နန္းေဆာင္မွာဘာကိစၥ႐ွိလို႔လဲ''
ျပန္ေမးလိုက္သည့္ လီခ်န္းယံု၏ သြင္ျပင္မွာ အမွန္တကယ္ မသိ၍ ေမးသည္ဟု ထင္ရကာ အျပစ္ကင္းစင္ေလသည္။
"အင္း...ကိုယ္ေတာ့္ရဲ႕ ရတနာေသတၱာထဲက ေရႊစေတြေပ်ာက္ေနတယ္''
လင္းမိုက ရတနာေသတၱာမ်ားထဲမွ အႀကီးဆံုးကို လက္ညိဳးၫႊန္ျပၿပီးေျပာသည္။
".......''
လီခ်န္းယံု ေျပာစရာစကားမ်ားေပ်ာက္႐ွသြားသည္။
သူ၏ မ်က္စိေ႐ွ႕တြင္ ရတနာေသတၱာမ်ားက အျမင္ျဖင့္ပင္ အလံုးႏွစ္ဆယ္မက႐ွိသည္။ ထိုအထဲတြင္ ေရႊတံုးႏွင့္ေရႊစမ်ားထည့္ထားေသာ ေသတၱာက ငါးလံုးခန္႔႐ွိသည္။
သူယူသည္က ထိုေသတၱာမ်ားထဲက အေသးဆံုးတစ္ခု႐ွိ ေရႊစအနည္းငယ္သာ ျဖစ္သည္။ အနည္းငယ္ဆိုသည္မွာ အမွန္တကယ္ မဆိုစေလာက္ေလး ျဖစ္သည္။ ယူစဥ္က ေျခရာလက္ရာ မပ်က္ယြင္းေအာင္လည္း သူအမွန္တကယ္ ဂ႐ုစိုက္ခဲ့ေပသည္။
ဤသည္ကို လင္းမိုက မည္သို႔သိပါသနည္း။
မင္းဘယ္လိုသိတာလဲဟူေသာ ဝံပုေလြျဖဴေလးဆီက အၾကည့္တို႔ကို မသိခ်င္ေယာင္ေဆာင္ၿပီး လင္းမိုက စကားဆက္ေျပာသည္။
"ၾကည့္ဦး...နန္းေဆာင္ထဲထိဝင္လာပံုေထာက္ရင္ ခိုးသူက ေတာ္ေတာ္ကို သိုင္းပညာအဆင့္အတန္းျမင့္ရမယ္။ ဒါမွမဟုတ္ရင္ သူေတာ္ေတာ္ကြၽမ္းက်င္ေနသူ ျဖစ္လိမ့္မယ္။ ဒါမွမဟုတ္ရင္...''
လင္းမိုက စကားဆက္မေျပာပဲ လီခ်န္းယံုကို ၾကည့္လိုက္သည္။ သူ၏ အၾကည့္က ဒါမွမဟုတ္ရင္ အားယံုေလးျဖစ္ရမယ္ဟု ေျပာေနသေယာင္ေယာင္။
"ဒါမွမဟုတ္ရင္ နန္းေဆာင္ထဲထိ တံခါးမ႐ွိ၊ ဓားမ႐ွိဝင္ႏိုင္သူပဲ ျဖစ္ရမယ္''
လီခ်န္းယံုက ေတြးဆေနဟန္အျပည့္ျဖင့္ေျပာသည္။
"မင္းစဥ္းစားၾကည့္ေလ...နန္းေဆာင္ေ႐ွ႕က မင္းကိုယ္ရံေတာ္တပ္ဖြဲ႔ႀကီးထက္ သိုင္းပညာအဆင့္ျမင့္တဲ့သူက ဆယ့္ေျခာက္ႏိုင္ငံမွာ ဘယ္ႏွစ္ေယာက္႐ွိမလဲ။ ႐ွိဦးေတာ့ သူက သူခိုးဟုတ္ပါ့မလား။ ကြၽမ္းက်င္ေနတဲ့သူခိုးကေရာ ဘုရင့္ေတာ္ဝင္နန္းေဆာင္ထိ အတင့္ရဲ ၿပီးလာခိုးပါ့မလား။ ဒါေၾကာင့္ နန္းေဆာင္ထဲကို တံခါးမ႐ွိ၊ ဓားမ႐ွိ ဝင္ႏိုင္သူပဲ ျဖစ္ရမယ္။''
လင္းမိုက လီခ်န္းယံု၏ ဟန္ေဆာင္ေနမႈကို မသိခ်င္ေယာင္ေဆာင္ကာ ဝင္ေထာက္ခံေလသည္။
"အားယံုေလးေျပာတာ ဟုတ္ေလာက္မယ္။ ကိုယ္ေတာ့္နန္းေဆာင္ထဲကို အဲ့ဒီလိုဝင္ထြက္ႏိုင္သူ ဘယ္ႏွစ္ေယာက္႐ွိပါလိမ့္''
"အထိန္းေတာ္ႀကီး...''
လီခ်န္းယံုက စဥ္းစားၿပီး ေရတြက္ေနဟန္ျဖင့္ လက္ေခ်ာင္းတစ္ခ်ိဳး ခ်ိဳးလိုက္သည္။
လီခ်န္းယံုေျပာသည္က ေသြးထြက္ေအာင္ မွန္ေပသည္။ အထိန္းေတာ္ႀကီးေလာက္ ဤနန္းေဆာင္ထဲကို တံခါးမ႐ွိ ဓားမ႐ွိ ဝင္ႏိုင္သည္မွာ အထိန္းေတာ္ႀကီးသာ ႐ွိသည္။ မနက္ခင္း လီခ်န္းယံုမနက္စာစားသည္အခ်ိန္မွစ၍ တစ္ေန႔လံုး မွာသမ်ွ အစားအေသာက္တို႔ကို မ႐ိုးႏိုင္ေအာင္ စီမံေပးရေသာေၾကာင့္ ျဖစ္သည္။
သို႔ေသာ္ လီခ်န္းယံုေမ့ေနသည္က အထိန္းေတာ္ႀကီးသာ ထိုသို႔ ပစၥည္းတစ္ခုခုကိုလက္ေဆာ့ၿပီး ယူတတ္ပါက အထိန္းေတာ္ႀကီးပင္ ျဖစ္ႏိုင္မည္မဟုတ္ေပ။
လင္းမိုက ဝံပုေလြျဖဴေလးကို ေထာက္ခံသည့္အေနျဖင့္ ေခါင္းၿငိမ့္ျပသည္။
"အားယံုေျပာတာမွန္တယ္...အထိန္းေတာ္ႀကီးက နံပါတ္တစ္ သံသယတရားခံပဲ''
"အမတ္ႀကီး...အတိုင္ပင္ခံအမတ္ႀကီး''
လီခ်န္းယံုက သူ၏ လက္ေခ်ာင္းေနာက္တစ္ေခ်ာင္းကို ခ်ိဳးၿပီးေျပာသည္။ ႏွစ္ေယာက္႐ွိၿပီဟူေသာ အဓိပၸါယ္ပင္ ျဖစ္သည္။
အတိုင္ပင္ခံအမတ္ႀကီးသည္ လင္းမိုအယံုၾကည္ရဆံုးသူ ျဖစ္သည့္အတြက္ ေသခ်ာေပါက္ နန္းေတာ္ေ႐ွ႕က ကိုယ္ရံေတာ္တို႔ကို ျဖတ္ေက်ာ္ႏိုင္ေလသည္။ ေတာ္ဝင္တံဆိပ္တံုးကိုပင္ အမတ္ႀကီးဆီ၌ လင္းမို အပ္ထားသည့္အတြက္ အမတ္ႀကီးသည္လည္း အေရးအေၾကာင္း႐ွိပါက အေဆာင္ေတာ္အတြင္း သို႔ ဝင္ႏိုင္ေလသည္။
လင္းမိုသည္ ရယ္ခ်င္လာစိတ္ကို ေအာင့္အီးကာ ဝံပုေလြျဖဴေလး ေကာက္ခ်က္ခ်သည္ကို လက္ခံေၾကာင္း ေျပာသည္။
"အားယံုေလး ေတာ္တယ္။ ဘယ္လိုမ်ား စဥ္းစားမိတာလဲ။ ကိုယ္ေတာ့္ျဖင့္ အမတ္ႀကီးကို အယံုၾကည္ရဆံုးလူလို႔ သတ္မွတ္ထားတာ''
လင္းမို၏ ပံုစံမွာ အမွန္တကယ္ အယံုၾကည္ရဆံုး အမတ္၏ သစၥာေဖာက္ျခင္း ခံရေသာ ဘုရင္ႀကီးအသြင္ေပါက္ေနသည္။
"ခဏေလး...အခုမွ သံသယပဲ႐ွိေသးတာ''
လီခ်န္းယံုက လင္းမိုကို ၾကည့္ၿပီး ႏွာေခါင္း႐ႈံ႕ၿပီး ေျပာလိုက္သည္။
အဓိပၸါယ္မွာ မင္းအမူအရာက လြန္ကဲေနၿပီ။ နည္းနည္း ျပန္ေလ်ွာ့ဟုပင္ျဖစ္သည္။
"ေနာက္ဘယ္သူက်န္ေသးလဲ အားယံုေလး''
လင္းမိုက လီခ်န္းယံုကို စံုစမ္းစစ္ေဆးေရးမႉးအျဖစ္ သူကိုယ္တိုင္က စစ္ေဆးေရးမႉးကိုအားကိုးရေသာ နစ္နာသူအျဖစ္ အသြင္အျပင္ျဖင့္ေမးေလသည္။
"မင္ယု...''
လီခ်န္းယံုက သူေရတြက္ေနမႈကို ျပန္လည္စတင္သည့္အေနျဖင့္ လက္ေနာက္တစ္ေခ်ာင္းခ်ိဳးလိုက္သည္။
မင္ယုဆိုသည္မွာ လင္းမို၏ စစ္တပ္ကို အုပ္ခ်ဳပ္ရေသာ စစ္သူႀကီးပင္ ျဖစ္သည္။ ဆယ့္ငါးျပည္ေထာင္ကို လင္းမိုသိမ္းပိုက္စဥ္က မင္ယုအပါအဝင္ စစ္သူႀကီးမ်ားျဖင့္ ဤနန္းေဆာင္၌ ေန႔ေန႔ညည စစ္ဗ်ဴဟာမ်ားေဆြးေႏြးခဲ့ရေသာ အခ်ိန္မ်ား႐ွိေပသည္။ ထို႔ေၾကာင့္လည္း လီခ်န္းယံုက မင္ယုကို သံသယစာရင္းထဲထည့္ေနျခင္းပင္။
"ဟုတ္တာေပါ့...မင္ယုကလည္း ဆယ့္ငါးျပည္ေထာင္ စစ္တပ္ကို ကြပ္ကဲရတဲ့ စစ္သူႀကီးဆိုေတာ့ လစာနည္းမွာေပါ့။ သူ႔ခမ်ာ မေလာက္ငဘူးထင္ပါရဲ႕''
လင္းမိုက လီခ်န္းယံုေျပာသည္ကို လက္ခံသည့္ဟန္ျဖင့္ ေျပာေလသည္။
"ေနာက္ဘယ္သူက်န္ေသးလဲ...အားယံုေလး''
လီခ်န္းယံုက စဥ္းစားေနဟန္ျဖင့္ သူ၏ ေမးေစ့ကို ပြတ္သပ္ေနသည္။ ခဏေနမွ သူတစ္စံုတစ္ခုကို စဥ္းစားမိဟန္ျဖင့္ ေျပာသည္။
"ေ႐ွာင္ခ်ိဳ...ေဟးခ်ိဳ''
ရယ္ခ်င္စိတ္တို႔ကို အာရံုလႊဲသည့္အေနျဖင့္ ေရတစ္က်ိဳက္ေမာ့ေသာက္ေနေသာ လင္းမို သီးသြားေခ်သည္။
".....''
"......''
အဲ့ဒီႏွစ္ေယာက္ မည္သို႔ေသာအေၾကာင္းေၾကာင့္ အားယံုေလး၏ သံသယစာရင္းသို႔ ေရာက္လာသည္ဆိုသည္ကို သူအလြန္အမင္း သိခ်င္လာသည္။ ခါတိုင္းဆို ထိုႏွစ္ေယာက္သည္ ဝံပုေလြျဖဴေလး၏ အေပါင္းအပါမ်ားျဖစ္သည္။
"သူတို႔က ဘာလို႔လဲ...အားယံုေလး''
သူတို႔က မေန႔က ငါ့ကို သစၥာေဖာက္သြားတယ္
ေသြးေသာက္ႏွစ္ေယာက္ကို စိတ္နာေနေသာ လီခ်န္းယံုက အေၾကာင္းျပခ်က္တစ္ခုကို အလ်င္အျမန္႐ွာလိုက္သည္။
"သူတို္႔က သိုင္းပညာျမင့္တယ္ေလ...ကိုယ္ရံေတာ္အဖြဲ႔ေလာက္က ေ႐ွာင္ခ်ိဳနဲ႔တင္ ကိစၥျပတ္တယ္။ ေဟးခ်ိဴ ေတာင္မလိုဘူး။ သူတို႔ ဝင္ခ်င္ရင္ ဝင္လာႏိုင္တယ္''
"ေျသာ္...''
လင္းမိုက အံ့ျသသြားဟန္ျဖင့္ အာေမဋိတ္သံျပဳသည္။
"အဲ့ဒါဆို ေ႐ွာင္ခ်ိဳ အၾကံေပးတာကို ေဟးခ်ိဳကပါ လိုက္လုပ္တာ ျဖစ္မယ္''
အခ်ိန္ေတာ္ေတာ္မ်ားမ်ား၌ ေဟးခ်ိဳက စကားပင္ေလလံုးကြဲေအာင္ မေျပာဘဲ ေ႐ွာင္ခ်ိဳကသာ ကိစၥမ်ားကို ဆံုးျဖတ္ေသာေၾကာင့္ လင္းမို ထိုသို႔ေျပာျခင္း ျဖစ္သည္။
လီခ်န္းယံုသည္ မေန႔က သူ႔ကိုထားပစ္ရန္အၾကံသည္ ေ႐ွာင္ခ်ိဳဆီကထြက္ျခင္းမဟုတ္။ ေဟးခ်ိဳဆီက ထြက္လာေၾကာင္း သတိရလိုက္သည္။
"မဟုတ္ဘူး...ေဟးခ်ိဳၾကံစည္တာကို ေ႐ွာင္ခ်ိဳလုပ္တာ ျဖစ္ရမယ္''
"ေျသာ္...အဲ့ဒါဆို ေဟးခ်ိဳက အျပစ္႐ွိတာေပါ့။ အားယံုေလး''
လင္းမိုကေမးသည္။
"ဟုတ္တယ္...''
လီခ်န္းယံုက ေခါင္းၿငိမ့္ျပသည္။
လင္းမို၏ စိတ္ထဲေတြးေနသည္က မည္သည့္နဂါးကမ်ား သူ၏ သခင္ နဂါးစီးနင္းသူအ႐ွင္ထံက ေရႊဒဂၤါးကို ခိုးယူရန္ အၾကံရပါမည္နည္း။
"တစ္ေယာက္ေယာက္မ်ား က်န္ေသးလားအားယံုေလး။ အခုအကုန္လံုးက သံသယ႐ွိစရာေကာင္းတာေတာ့ အမွန္ပဲ''
လင္းမို၏ မ်က္လံုးမ်ားက ရႊင္ျမဴးရိပ္သန္းေနသည္။
"သံသယျဖစ္စရာအေကာင္းဆံုး တစ္ေယာက္ေတာ့ ႐ွိေသးတယ္''
လီခ်န္းယံုက ခ်င့္ခ်ိန္ေနဟန္ျဖင့္ ေျပာသည္။
"ဘယ္သူလဲ...အားယံုေလး''
လင္းမိုက ေမးသည္။
"မင္း....''
လီခ်န္းယံုက လင္းမိုကို လက္ညႇိဳးထိုးၿပီး ေျပာသည္။
".....''
သူ႔ဆီသို႔ေရာက္လာေသာ လက္ညႇိဳးေလးကို ဆြဲကိုက္လိုစိတ္ကို ထိန္းကာ လင္းမိုကျပန္ေမးသည္။
"ကိုယ္ေတာ္က ဘာလို႔လဲ အားယံုေလး...အဲ့ဒီရတနာေတြကိုယ္ေတာ္ပိုင္တာေလ''
လီခ်န္းယံုက လင္းမိုကို မ်က္လံုးေထာင့္ကပ္ၿပီး ၾကည့္သည္။
"မဟုတ္မွလြဲေရာ...မင္းေဖာက္ျပန္ေနတာလား''
".....''
"ဘယ္လိုစြပ္စြဲခ်က္ႀကီးလဲ...အားယံုေလးရယ္။ ကိုယ္ေတာ့္ႏွလံုးသားတစ္ခုလံုးက အားယံုကို ေပးၿပီးသားေလ။ အားယံုေလး ဆႏၵ႐ွိရင္ ဆယ့္ေျခာက္ျပည္ေထာင္လံုးေတာင္ ေပးႏိုင္တယ္''
မေပးနဲ႔။ မယူဘူး။ ငါမနက္တိုင္းအေစာႀကီး ညီလာခံတက္ရမွာေပါ့...
လီခ်န္းယံုကို သူ႔အေတြးနဲ႔သူ လင္းမိုကိုေခါင္းယမ္းျပသည္။ ထို႔ေနာက္သူ႔စကားကို ဆက္သည္။
"ငါမ႐ွိတုန္း...မင္းကနန္းေဆာင္ကိုၾကင္ယာေတာ္တစ္ေယာက္ေယာက္ေခၚၿပီး ေပ်ာ္ပါးမယ္။ ၿပီးရင္ မင္းအိပ္ေနတုန္း သူက ရတနာေတြယူသြားရင္ေရာ''
လီခ်န္းယံုက အထင္ကရ စံုစမ္းေရးမႉးအသြင္ ျဖင့္ေျပာသည္။
အားယံုေလးက ဘယ္အခ်ိန္နန္းေဆာင္မွာမ႐ွိတာလဲ...မနက္ဆိုမထ ညဆိုလည္း အိပ္ တစ္ေနကုန္လည္း နန္းေဆာင္မွာ တစ္မ်ိဴးၿပီတစ္မ်ိဳးစားေနတာကို...
အမွန္တကယ္လည္း လီခ်န္းယံုထိုအတိုင္းေနေလသည္။ မေန႔ကတစ္ရက္သာ အျပင္သို႔ထြက္ၿပီး ျပန္မလာျခင္း ျဖစ္သည္။
"မျဖစ္ႏိုင္ပါဘူး အားယံုေလးရဲ႕...နန္းေဆာင္တစ္ေဆာင္လံုးၾကည့္လိုက္ပါဦး။ ၾကင္ယာေတာ္မေျပာနဲ႔ အေစခံေတာင္ မိန္းကေလး႐ွိရဲ႕လားမသိဘူး။ ၿပီးေတာ့ ကိုယ္ေတာ္က အားယံုေလးကို ဒီေလာက္ခ်စ္တာ...ဘယ္လိုလုပ္မ်ား အျခားတစ္ေယာက္ကို စိတ္ကူးထဲထည့္မွာလဲ''
လင္းမိုက လီခ်န္းယံု၏ အေတြးက သူ႔ကိုနာက်င္ေစဟန္ျဖင့္ မ်က္ႏွာကို တမင္စိတ္မေကာင္းဟန္ျဖစ္ေနဟန္ေဆာင္ကာ ေျပာသည္။
နတ္ဆိုးဘုရင္ႏွင့္တိုက္ပြဲအၿပီးမွာ အေယာင္ေဆာင္ၾကင္ယာေတာ္အားလံုးကို သက္ဆိုင္ရာ အိမ္ေတာ္သို႔ ျပန္ပို႔ရန္အမိန္႔ေပးခဲ့သည္မွာ လီခ်န္းယံုကိုယ္တိုင္ပင္ျဖစ္သည္။
"မင္း တရားခံကို အျပစ္ေပးမွာလား''
လီခ်န္းယံု၏ အေမးကို လင္းမိုက မဆိုင္းမတြျပန္ေျဖသည္။
"အေပၚကလူေတြဆိုရင္ေတာ့ ေသခ်ာေပါက္ အျပစ္ေပးရမွာေပါ့...လံုးဝမွတ္ေလာက္သားေလာက္ေအာင္''
"အဲ့ဒါဆို အားယံုေလး ဆိုရင္ေရာ''
လီခ်န္းယံုက သူ၏ရယ္ခ်င္စိတ္တို႔ကို ထိန္းမရေတာ့ဟန္ျဖင့္ ျပံဳးစိစိေျပာေလသည္။
"အားယံုေလးဆိုရင္လား...''
ေျပာရင္း လင္းမိုက လီခ်န္းယံု၏ အနားနားတိုးလာၿပီး အေပၚစီးမွ အုပ္မိုးကာ အိပ္ယာေပၚလွဲခ်လိုက္သည္။
"ဒီအေဆာင္ထဲက ရတနာေတြေရာ ေရႊတိုက္ထဲက ရတနာေတြေရာ ကိုယ္ေတာ္ပိုင္ဆိုင္သမ်ွ ပစၥည္းဥစၥာေတြက ဘာလို႔႐ွာထားလဲသိလား''
သူ႔ကိုအေပၚစီးမွအုပ္မိုးေနေသာ လင္းမိုကို ေမာ့ၾကည့္ၿပီး ျပန္ေမးသည္။
"သိဘူး...ဘာလို႔လဲ''
"အား...ယံု...ေလး သံုးဖို႔''
နားရြက္ဖ်ားကို လ်ွာဖ်ားျဖင့္ တို႔ကာ ျပန္ေျဖေသာ စကားသံေၾကာင့္ လီခ်န္းယံုမွာ အသဲယားသြားသည္က အမွန္ပင္။
"အားယံု အဲ့ဒီထဲက နည္းနည္းယူလိုက္မိတယ္...မေန႔က''
သူ႔ကို ရႊန္းရႊန္းစားစားစိုက္ၾကည့္ကာ အျပစ္ကိုဝန္ခံေနေသာ ဤအျပစ္သားေလးေလာက္ ခ်စ္စရာေကာင္းသူ ဘယ္မွာမွ ႐ွိႏိုင္ေတာ့မည္မဟုတ္ဟု လင္းမိုေတြးမိသည္။
"ခ်စ္ရတဲ့ ဇနီးေလးက ဒီေလာက္ေလးသံုးမိတာ အသံုးအျဖဳန္းႀကီးတယ္ဘယ္ေခၚမလဲ ကိုယ္ေတာ္က ခင္ပြန္းသည္တစ္ေယာက္အေနနဲ႔ ေသခ်ာေပါက္ နားလည္ေပးရမွာေပါ့။''
ခ်စ္ဇနီးေလးဆိုေသာေၾကာင့္ လီခ်န္းယံု မ်က္ႏွာမဲ့သြားသည္။
"ဖယ္....ဖယ္ေတာ့...ငါဗိုက္ဆာၿပီ''
"ခဏေနမွစား...ႏွစ္မိနစ္ေလာက္ေနဦး''
လင္းမိုက ေျပာသည္။
"ဘာလုပ္မလို႔လဲ...''
ခြန္းတံု႔ျပန္ေမးေသာ ႏႈတ္ခမ္းရဲရဲေလးမွာ ဘုရင္ႀကီး၏ ႏွစ္မိနစ္ၾကာသိမ္းပိုက္မႈကိုခံလိုက္ရေလသည္။
ထို႔ေနာက္မွ ဝံပုေလြျဖဴေလး မနက္စာသံုးေဆာင္ခြင့္ရေလေတာ့သည္။
__________________________________________________________________