"မင္း...မင္းကဘယ္သူလဲ"
လီ႐ွန္း ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ေမးလိုက္ေတာ့ ထိုသူကခပ္စစႏွင့္ျပန္ေျဖလာသည္။
"ငါလား....
႐ွန္းကူး ...
မင္း႐ွာေနတဲ့သူေလ"
ခဏ.....
အခ်ိန္ေတြခဏေလာက္ရပ္ၿပီး လီ႐ွန္းစဆုံးျပန္ေတြးၾကည့္သည္။ ဒုတိယအ႐ွင္ခ်ီ႐ွင္းက ႐ွန္းကူးအေၾကာင္းျပာျပၿပီး ႐ွန္းကူးစီမွာေဆးနဲ႔အသက္နဲ႔လွဲလယ္ေစခ်င္ေၾကာင္းလာေျပာခဲ့သည္။
ထို႔ေနာက္ လီ႐ွန္းအိမ္ေ႐ွ႕စံစီမွာ ႐ွန္းကူးကိုအက်ယ္ခ်ဳပ္ထားတဲ့ေနရာစီကို ႐ွန္းကူးနဲ႔ေတြ႔ဖို႔ကူညီခိုင္းခဲ့ေပမယ့္ ့္အိမ္ေ႐ွ႕စံကလုံးလုံးသေဘာမတူခဲ့တဲ့ေနာက္ အ႐ွင္နဲ႔ေတြ႔ၿပီးအေဆာင္ျပန္ေရာက္လာသည္။
ေနာက္....႐ွန္းကူးက လီ႐ွန္းအေဆာင္ထဲေရာက္ေနသည္တဲ့လား။
"ေဝ့..ငါေျပာတာၾကားလိုက္လား
ငါက႐ွန္းကူးလို႔...ငါက....႐ွန္း.....ကူး"
ထိုသူက ေ႐ွ႕သို႔ပိုတိုးလာသည္ကို လီ႐ွန္းသတိမထားလိုက္မိ ...
မ်က္ႏွာခ်င္းထိလုမတတ္အေနထားေၾကာင့္ ေဘးကိုအျမန္ေ႐ွာင္တိမ္းထြက္လိုက္ရသည္။
"႐ွန္း ႐ွန္းကူးကဟုတ္ပါၿပီ ဘယ္လိုလုပ္က်ေနာ့္အေဆာင္ထဲေရာက္ေနရတာလဲ ေကာင္းကင္ၿမိဳ႕ေတာ္ကထိန္းသိမ္းထားတာဆို"
ထိုသို႔ေမးလိုက္တာ့ ထိုသူက မူန္ယိုယိုအျပဳံးတစ္ခု႔ျဖင့္ မေက်နပ္သံတို႔စြတ္ကာျပန္ေျဖလာသည္။
"အဲဒီအဘိုးႀကီးရဲ႕အထိန္းအကြပ္ေတြထဲမွာ အက်ယ္ခ်ဳပ္ခ်ခံထားရတဲ့ဘဝက တကယ္ကိုမေသပဲငရဲေရာက္ေနသလိုပဲ ေတာ္ေသးလြတ္လာခဲ့လို႔"
ေနာက္ဆုံးအဆုံးသတ္မွာ သူ႔ရင္ဘက္သူဖိလ်က္ လက္မတင္ေလးအသက္ေဘးကလြတ္လာတဲ့သူလို ဆိုေနေလသည္။
"ထြက္ေျပးလာတာလား.."
လီ႐ွန္းကိုယ္သေဘာေပါက္သည့္အတိုင္း ေမးလိုက္ေတာ့ ေစြ႔စြ႔ခုန္စြာႏွင့္ လက္မခံပဲအသည္းအသန္ျငင္းလာသည္၊
"ထြက္ေျပးတယ္လို႔ေတာ့မသုံးနဲ႔ေလ က်ဳပ္ကလာကယ္ခံရတာ လာကယ္လို႔လြတ္တာ က်ဳပ္ကထြက္ေျပးတာမဟုတ္ဘူးေလ က်ဳပ္မွာအျပစ္မ႐ွိဘူး
အင္း...အေပးယူနည္းနည္းနဲ႔ေပါ့"
ထိုေနရာတြင္လီ႐ွန္းနားမလည္ေတာ့ပါ။
တစ္ေယာက္ေယာက္ကကယ္လို႔ပဲျဖစ္ျဖစ္ သူကိုယ္တိုင္ကပဲျဖစ္ျဖစ္ မည္သို႔ပဲလြတ္လာပါေစ
ဘာလို႔႐ွန္းကူးကမီးႏိုင္ငံေတာ္ကိုလာရတာလည္း။
တုံးအသည္ပဲေျပာေျပာ လီ႐ွန္းကေတာ့နားမလည္သည္ကို နားမလည္သလိုသာ ပြင့္ပြင့္လင္းလင္းေမးလိုက္ေတာ့သည္။
"ဒါဆိုရင္ ဘာလို႔မီးႏိုင္ငံေတာ္ကိုလာတာလည္း
အိမ္ေ႐ွ႕စံလည္း႐ွိေနတယ္ေလ"
ထိုစကားျကားေတာ့ ႐ွန္းကူးကသက္ပ်င္းဖ်ဖ်ခ်လာေလသည္။
"ငါသိတယ္ ငါကမင္းနဲ႔အေပးယူကိစၥေလးေဆြးေႏြးခ်င္႐ူံေလး....
မီးႏိုင္ငံရဲ႕အုပ္ခ်ဳပ္မူက အရင္ေလာက္လည္းမေကာင္းေတာ့ပါဘူး ငါလိုမ်ိဳးအေယာက္တစ္ရာေလာက္ခိုးဝင္ေတာင္ သိမွာမဟုတ္ဘူး"
ထို႐ွန္းကူးဆိုသူက ေဆြးေႏြးစရာဆိုၿပီးစကားစမွ လီ႐ွန္းေခါင္းထဲခ်က္ျခင္းေရာက္လာသည္က အ႐ွင္......။
အေမးျမန္းေတြနဲ႔လီ႐ွန္းေပ်ာ္ဖို႔ေတာင္သတိမရခဲ့။
ယခုလိုမ်ိဳး႐ွန္းကူးနဲ႔ထိပ္တိုက္ေတြ႔ရသည့္ကိစၥထက္ ပိုေကာင္းသည္က႐ွိႏိုင္ပါဦးမလား။
"႐ွန္းကူး က်ေနာ္အရင္ေျပာပါရေစ...က်ေနာ္"
ထိုသူကခ်က္ျခင္းလက္ကာျပကာ လီ႐ွန္းစကားအား တစ္ဝက္ႏွင့္ပင္ပ်က္ေစလိုက္သည္။တဆက္ထဲဆိုလာသည္။
"ငါေဆးေဖာ္ေပးႏိုင္တယ္....
ခ်င္းဖုန္းရႊမ္ဆိုတဲ့ မီးႏိုင္ငံရဲ႕အ႐ွင္သခင္အတြက္ငါေဆးေဖာ္ေပးႏိုင္တယ္"
ထိုစကားၾကားလိုက္ရတဲ့ခဏက တကယ္မယုံႏိုင္ဖို႔ေကာင္းလြန္းေနခဲ့သည္။
"တကယ္ တကယ္ေျပာေနတာလား... တကယ္ပဲအ႐ွင္ကျပန္ေကာင္းလာႏိုင္တာလား"
"ျပန္ေကာင္းလာႏိုင္တယ္ မဟုတ္ဘူး ေသခ်ာေပါက္ျပန္ေကာင္းလာမယ္
တစ္ခုပဲ..သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာေတာ့မပါဘူး"
ေလေပၚျပစ္ေျမာက္ခဲ့ၿပီးမွ ဒုံးခနဲျပန္ေစာင့္ခ်ခံလိုက္ရတဲ့ခံစားခ်က္မ်ိဳးေပမယ့္ အ႐ွင့္ရဲ႕စြမ္းအင္ေတြျပန္ေကာင္းလာမည္ဆိုတာနဲ႔ပင္
ေကာင္းလြန္းေနၿပီမဟုတ္ပါလား....။
သို႔ေသာ္လည္း အ႐ွင့္ကိုျမင္ေတြ႔ခ်င္ေသးသည္။
ထိုအျပဳံးကိုလည္း ကိုယ္တိုင္ခံစားေစခ်င္ေသးသည္။
"ဒါ....ဒါဆို အ႐ွင္က ႐ုပ္ပိုင္းဆိုင္ရာျပန္မေကာင္းႏိုင္ေတာ့ဘူးေပါ့"
"အဲတာေတာ့...ငါလည္းမသိဘူး
ငါလုပ္ေပးႏိုင္တာက သူ႔ရဲ႕ပ်က္စီးသြားတ ဲ့ပင္ဂိုစြမ္းအင္ေတြကို ျပန္ယူေပးႏိုင္တာပဲ...အဲဒီအတြက္..အေပးယူ႐ွိတယ္"
အေပးယူ....။
ထိုစကားေၾကာင့္လီ႐ွွန္း ႐ွန္းကူးဆိူသူကိုၾကည့္လိုက္မိသည္။
တကယ္ေတာ့ထိုသူကလည္း လီ႐ွန္းစီကလိုခ်င္ေနတာ႐ွိေနသည္ပဲ။
"ငါမင္းရဲ႕ဝိညာဥ္ကိုလိုခ်င္တယ္
မင္းကိုယ္တိုင္ကၾကည္ၾကည္ျဖဴျဖဴေပးတာမ်ိဳးမွပဲ ငါသုံးလို႔ရမွာ"
လီ႐ွန္းကၿငိမ္သက္ေနေတာ့ ထိုသူကေျခာက္ကပ္ကပ္ထရယ္လာသည္။
"ၾကည့္ရတာမင္းက႐ုပ္ရည္ကိုပဲခ်စ္တဲ့ပုံပဲေနာ္
႐ုပ္ပိုင္းဆိုင္ရာျပန္မရဘူးဆိုေတာ့ ့ေတြေဝခ်င္ေနတာလား "
"အဲလိုမဟုတ္ဘူး က်ေနာ္စဥ္းစားေနတာက ခင္ဗ်ားကယုံလို႔ရပါ့မလားလို႔"
ဟုတ္သည္ေလ။႐ွန္းကူးဆိုသည္ကို လီ႐ွန္းျမင္ဖူးသည္လည္းမဟုတ္။
႐ွန္းကူးပါလို႔ေျပာတိုင္း ယုံရမည္ဆိုလ်ွင္ေတာ့... လူတိုင္းနီးပါး႐ွန္းကူးေတြျဖစ္ကုန္ေတာ့မည္။
"ငါ့ကိုမယုံဘူး....ဒီမွာ ငါဆိုတဲ့႐ွန္းကူး မေကာင္းတာေတြလုပ္ေပမယ့္ မယုတ္မာဘူးကြ မင္းလက္ခံမွာလားလက္မခံဘူးလားပဲေျပာ မဟုတ္ရင္ငါတစ္ျခားတစ္ေယာက္ကိုသြား႐ွာေတာ့မယ္"
တကယ္ထြက္သြားေတာ့မယ့္ပုံရတာေၾကာင့္ လီ႐ွန္းအျမန္လွမ္းတားလိုက္ရသည္။
ဒါကဘာမလို့လည္း.... ဒီထက္ေကာင္းတဲ့အခြင့္ေရးဆိုတာ ႐ွိလာမွာမဟုတ္တာကို ေတြေဝခ်င္ေနတဲ့ကိုယ္ႀကိဳကိုယ္သာ က်ိတ္အျပစ္တင္လိုက္သည္။
"လက္ခံတယ္ လက္ခံပါတယ္ ဒါေပမယ့္ေဆးကိုအရင္ေပးပါ"
ထိုအခါ ထိုသူကေအာင္ႏိုင္သူျပဳံးကို ဝင့္ဝင့္ႂကြားႂကြားႀကီးျပဳံးလို႔လာသည္တဲ့...
"ဒါမွေပါ့...."
ထိုသို႔ေျပာၿပီး ခါးစည္းႀကိဳးရဲ႕ၾကားက ႀကိဳး႐ူံ႕အိတ္ေသးေသးေလးကို႔ျဖဳတ္လိုက္ကာ လီ႐ွန္းအားၾကည့္လာသည္။
"ငါမင္းကိုေဆးေပးလို႔ရတယ္ ဒါေပမယ့္....ငါတို႔ေသြးစာခ်ဳပ္ခ်ဳပ္မယ္ "
"ရတယ္ ဘာျဖစ္ျဖစ္ေဆးပဲလိုခ်င္တယ္"
လီ႐ွန္းအေျဖကိုသေဘာက်သြားပုံရကာ တဟားဟားရယ္လာၿပီး..
"ေကာင္းၿပီ "
ထို႔ေနာက္ ဝတ္႐ုံလက္ထဲက ဖဲႀကိဳးအေသးစားနဲ႔စည္းေႏွာင္ထားတဲ့ အနက္ေရာင္အဝတ္လိပ္ေလးကိုထုတ္ယူေနေလသည္။
အလိပ္ကိုေျဖၿပီးခါလိုက္ေတာ့ အခန္းတစ္ခုလုံး ဖုန္ေတြတေထာင္းေထာင္းထသြားေလသည္။
"ဒါက...မသုံးတာနည္းနည္းၾကာေနၿပီဆိုေတာ့..."
ထိုသူဘယ္ေလာက္ခါခါဖုန္ေတြကထြက္ေနတုန္းပင္။
ေနာက္ဆုံးႏွစ္ေယာက္လုံးေခ်ာင္းတဟြတ္ဟြတ္ဆိုးေနမွ ႐ွန္းကူးကဖုန္ခါျခင္းကိုရပ္လိုက္ေလသည္။
ထို႔ေနာက္ ထိုအဝတ္စလိုလို စကၠဴစလိုလိုအားလီ႐ွန္းေ႐ွ႕တိုးေပးကာ စုတ္တံတစ္ေခ်ာငး္ကိုလဲေပးလာၿပီး..
"ဒီမွာ မင္းရဲ႕နာမည္ကိုမင္းဘာသာေရးလိုက္"
လီ႐ွန္းစကားနားေထာင္စြာေရးမယ္လုပ္မွ ႐ွန္းကူးစီက သတိေပးသံထြက္လာေသးသည္။
"မင္းကိုယ္တိုင္က လိုလားေနပါေစေနာ္"
ေခါင္းၿငိမ့္ရင္းနဲ႔ပဲ နာမည္ကိုေရးေပးလိုက္ေတာ့
ထိုဘာမွရွိမေနသည့္ အနက္ေရာင္ပိတ္စလိုလိုေပၚမွာ လီ႐ွန္းနည္မည္ကခဏမ်ွသာေပၚလာၿပီးေပ်ာက္ကြယ္သြားေလသည္။ဘာျဖစ္တာလည္းဆိုၿပီး ထပ္ေရးဖို႔လုပ္ေပမယ့္
ထို ႐ွန္းကူးဆိုသူက ဆက္ခနဲဆြဲယူသြားေလသည္။
ထို႔ေနာက္ ေက်နပ္အျပဳံးျပဳံးလာၿပီးေဆးကိုျပစ္ေပးလာသည္။
"ေကာင္းၿပီေကာင္းၿပီ ဆယ့္ငါးရက္ေနရင္ မင္းရဲ႕ဝိညာဥ္ကိုငါလာသိမ္းမယ္
ေမ့လို႔ အခုငါပိုင္တဲ့ဝိညာဥ္ေပါ့ "
လီ႐ွန္းဘာမွျပန္မေျဖပဲႀကိဳး႐ူံ႔အိတ္ေလးထဲက ေဆးလုံးကိုသာထုတ္ၾကည့္ဖို႔စိတ္ေစာေနခဲ့သည္။
ထို႐ွန္းကူးဆိုသည့္လူက ထြက္သြားၿပီးမွျပန္ဝင္လာကာျဖင့္...
"အာ...ေမ့ေတာ့မလို႔ အဲဒီေဆးက စေသာက္ၿပီးႏွစ္ရက္ေနရင္ လက္႐ွိစြမ္းအင္ထဲကနည္းနည္းေလ်ာ့မယ္ ေနာက္ႏွစ္ရက္ေနရင ္ပိုေလ်ာ့မယ္ ေနာက္ႏွစ္ရက္ေနရင္ပိုပိုျပီးေလ်ာ့သြားမယ္ ေနာက္ႏွစ္ရက္ေနရင္ေတာ့..."
ထိုစကားဆုံးသည့္အခါ အဓိပၸါယ္ပါသည့္အျပဳံးတစ္ခုကိုပဲျပဳံးျပသြားေလသည္။
လီ႐ွန္းကေတာ့ လက္ထဲကအနီေရာင္ရဲစိုေနသည့္ လက္မအရြယ္ေလာက္႐ွိသည့္ေဆးလုံးအား အ႐ွင့္ကိုဘယ္လိုနည္းနဲ႔တိုက္ရမလဲဟူ၍သာ စဥ္းစားေနခဲ့ေလသည္။
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔😚
.........................................................
(AN/ ကဲကဲ တစ္သ်ဴးေလးေတြေဆာင္ထားပါဦး😊)
#ခ်စ္တယ္သိလား😚
###
"မင်း...မင်းကဘယ်သူလဲ"
လီရှန်း ကြောက်ကြောက်လန့်လန့်ဖြင့်မေးလိုက်တော့ ထိုသူကခပ်စစနှင့်ပြန်ဖြေလာသည်။
"ငါလား....
ရှန်းကူး ...
မင်းရှာနေတဲ့သူလေ"
ခဏ.....
အချိန်တွေခဏလောက်ရပ်ပြီး လီရှန်းစဆုံးပြန်တွေးကြည့်သည်။ ဒုတိယအရှင်ချီရှင်းက ရှန်းကူးအကြောင်းပြာပြပြီး ရှန်းကူးစီမှာဆေးနဲ့အသက်နဲ့လှဲလယ်စေချင်ကြောင်းလာပြောခဲ့သည်။
ထို့နောက် လီရှန်းအိမ်ရှေ့စံစီမှာ ရှန်းကူးကိုအကျယ်ချုပ်ထားတဲ့နေရာစီကို ရှန်းကူးနဲ့တွေ့ဖို့ကူညီခိုင်းခဲ့ပေမယ့် ့်အိမ်ရှေ့စံကလုံးလုံးသဘောမတူခဲ့တဲ့နောက် အရှင်နဲ့တွေ့ပြီးအဆောင်ပြန်ရောက်လာသည်။
နောက်....ရှန်းကူးက လီရှန်းအဆောင်ထဲရောက်နေသည်တဲ့လား။
"ဝေ့..ငါပြောတာကြားလိုက်လား
ငါကရှန်းကူးလို့...ငါက....ရှန်း.....ကူး"
ထိုသူက ရှေ့သို့ပိုတိုးလာသည်ကို လီရှန်းသတိမထားလိုက်မိ ...
မျက်နှာချင်းထိလုမတတ်အနေထားကြောင့် ဘေးကိုအမြန်ရှောင်တိမ်းထွက်လိုက်ရသည်။
"ရှန်း ရှန်းကူးကဟုတ်ပါပြီ ဘယ်လိုလုပ်ကျနော့်အဆောင်ထဲရောက်နေရတာလဲ ကောင်းကင်မြို့တော်ကထိန်းသိမ်းထားတာဆို"
ထိုသို့မေးလိုက်တာ့ ထိုသူက မူန်ယိုယိုအပြုံးတစ်ခု့ဖြင့် မကျေနပ်သံတို့စွတ်ကာပြန်ဖြေလာသည်။
"အဲဒီအဘိုးကြီးရဲ့အထိန်းအကွပ်တွေထဲမှာ အကျယ်ချုပ်ချခံထားရတဲ့ဘဝက တကယ်ကိုမသေပဲငရဲရောက်နေသလိုပဲ တော်သေးလွတ်လာခဲ့လို့"
နောက်ဆုံးအဆုံးသတ်မှာ သူ့ရင်ဘက်သူဖိလျက် လက်မတင်လေးအသက်ဘေးကလွတ်လာတဲ့သူလို ဆိုနေလေသည်။
"ထွက်ပြေးလာတာလား.."
လီရှန်းကိုယ်သဘောပေါက်သည့်အတိုင်း မေးလိုက်တော့ စွေ့စွ့ခုန်စွာနှင့် လက်မခံပဲအသည်းအသန်ငြင်းလာသည်၊
"ထွက်ပြေးတယ်လို့တော့မသုံးနဲ့လေ ကျုပ်ကလာကယ်ခံရတာ လာကယ်လို့လွတ်တာ ကျုပ်ကထွက်ပြေးတာမဟုတ်ဘူးလေ ကျုပ်မှာအပြစ်မရှိဘူး
အင်း...အပေးယူနည်းနည်းနဲ့ပေါ့"
ထိုနေရာတွင်လီရှန်းနားမလည်တော့ပါ။
တစ်ယောက်ယောက်ကကယ်လို့ပဲဖြစ်ဖြစ် သူကိုယ်တိုင်ကပဲဖြစ်ဖြစ် မည်သို့ပဲလွတ်လာပါစေ
ဘာလို့ရှန်းကူးကမီးနိုင်ငံတော်ကိုလာရတာလည်း။
တုံးအသည်ပဲပြောပြော လီရှန်းကတော့နားမလည်သည်ကို နားမလည်သလိုသာ ပွင့်ပွင့်လင်းလင်းမေးလိုက်တော့သည်။
"ဒါဆိုရင် ဘာလို့မီးနိုင်ငံတော်ကိုလာတာလည်း
အိမ်ရှေ့စံလည်းရှိနေတယ်လေ"
ထိုစကားကြားတော့ ရှန်းကူးကသက်ပျင်းဖျဖျချလာလေသည်။
"ငါသိတယ် ငါကမင်းနဲ့အပေးယူကိစ္စလေးဆွေးနွေးချင်ရူံလေး....
မီးနိုင်ငံရဲ့အုပ်ချုပ်မူက အရင်လောက်လည်းမကောင်းတော့ပါဘူး ငါလိုမျိုးအယောက်တစ်ရာလောက်ခိုးဝင်တောင် သိမှာမဟုတ်ဘူး"
ထိုရှန်းကူးဆိုသူက ဆွေးနွေးစရာဆိုပြီးစကားစမှ လီရှန်းခေါင်းထဲချက်ခြင်းရောက်လာသည်က အရှင်......။
အမေးမြန်းတွေနဲ့လီရှန်းပျော်ဖို့တောင်သတိမရခဲ့။
ယခုလိုမျိုးရှန်းကူးနဲ့ထိပ်တိုက်တွေ့ရသည့်ကိစ္စထက် ပိုကောင်းသည်ကရှိနိုင်ပါဦးမလား။
"ရှန်းကူး ကျနော်အရင်ပြောပါရစေ...ကျနော်"
ထိုသူကချက်ခြင်းလက်ကာပြကာ လီရှန်းစကားအား တစ်ဝက်နှင့်ပင်ပျက်စေလိုက်သည်။တဆက်ထဲဆိုလာသည်။
"ငါဆေးဖော်ပေးနိုင်တယ်....
ချင်းဖုန်းရွှမ်ဆိုတဲ့ မီးနိုင်ငံရဲ့အရှင်သခင်အတွက်ငါဆေးဖော်ပေးနိုင်တယ်"
ထိုစကားကြားလိုက်ရတဲ့ခဏက တကယ်မယုံနိုင်ဖို့ကောင်းလွန်းနေခဲ့သည်။
"တကယ် တကယ်ပြောနေတာလား... တကယ်ပဲအရှင်ကပြန်ကောင်းလာနိုင်တာလား"
"ပြန်ကောင်းလာနိုင်တယ် မဟုတ်ဘူး သေချာပေါက်ပြန်ကောင်းလာမယ်
တစ်ခုပဲ..သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတော့မပါဘူး"
လေပေါ်ပြစ်မြောက်ခဲ့ပြီးမှ ဒုံးခနဲပြန်စောင့်ချခံလိုက်ရတဲ့ခံစားချက်မျိုးပေမယ့် အရှင့်ရဲ့စွမ်းအင်တွေပြန်ကောင်းလာမည်ဆိုတာနဲ့ပင်
ကောင်းလွန်းနေပြီမဟုတ်ပါလား....။
သို့သော်လည်း အရှင့်ကိုမြင်တွေ့ချင်သေးသည်။
ထိုအပြုံးကိုလည်း ကိုယ်တိုင်ခံစားစေချင်သေးသည်။
"ဒါ....ဒါဆို အရှင်က ရုပ်ပိုင်းဆိုင်ရာပြန်မကောင်းနိုင်တော့ဘူးပေါ့"
"အဲတာတော့...ငါလည်းမသိဘူး
ငါလုပ်ပေးနိုင်တာက သူ့ရဲ့ပျက်စီးသွားတ ဲ့ပင်ဂိုစွမ်းအင်တွေကို ပြန်ယူပေးနိုင်တာပဲ...အဲဒီအတွက်..အပေးယူရှိတယ်"
အပေးယူ....။
ထိုစကားကြောင့်လီရှှန်း ရှန်းကူးဆိူသူကိုကြည့်လိုက်မိသည်။
တကယ်တော့ထိုသူကလည်း လီရှန်းစီကလိုချင်နေတာရှိနေသည်ပဲ။
"ငါမင်းရဲ့ဝိညာဉ်ကိုလိုချင်တယ်
မင်းကိုယ်တိုင်ကကြည်ကြည်ဖြူဖြူပေးတာမျိုးမှပဲ ငါသုံးလို့ရမှာ"
လီရှန်းကငြိမ်သက်နေတော့ ထိုသူကခြောက်ကပ်ကပ်ထရယ်လာသည်။
"ကြည့်ရတာမင်းကရုပ်ရည်ကိုပဲချစ်တဲ့ပုံပဲနော်
ရုပ်ပိုင်းဆိုင်ရာပြန်မရဘူးဆိုတော့ ့တွေဝေချင်နေတာလား "
"အဲလိုမဟုတ်ဘူး ကျနော်စဉ်းစားနေတာက ခင်ဗျားကယုံလို့ရပါ့မလားလို့"
ဟုတ်သည်လေ။ရှန်းကူးဆိုသည်ကို လီရှန်းမြင်ဖူးသည်လည်းမဟုတ်။
ရှန်းကူးပါလို့ပြောတိုင်း ယုံရမည်ဆိုလျှင်တော့... လူတိုင်းနီးပါးရှန်းကူးတွေဖြစ်ကုန်တော့မည်။
"ငါ့ကိုမယုံဘူး....ဒီမှာ ငါဆိုတဲ့ရှန်းကူး မကောင်းတာတွေလုပ်ပေမယ့် မယုတ်မာဘူးကွ မင်းလက်ခံမှာလားလက်မခံဘူးလားပဲပြော မဟုတ်ရင်ငါတစ်ခြားတစ်ယောက်ကိုသွားရှာတော့မယ်"
တကယ်ထွက်သွားတော့မယ့်ပုံရတာကြောင့် လီရှန်းအမြန်လှမ်းတားလိုက်ရသည်။
ဒါကဘာမလို့လည်း.... ဒီထက်ကောင်းတဲ့အခွင့်ရေးဆိုတာ ရှိလာမှာမဟုတ်တာကို တွေဝေချင်နေတဲ့ကိုယ်ကြိုကိုယ်သာ ကျိတ်အပြစ်တင်လိုက်သည်။
"လက်ခံတယ် လက်ခံပါတယ် ဒါပေမယ့်ဆေးကိုအရင်ပေးပါ"
ထိုအခါ ထိုသူကအောင်နိုင်သူပြုံးကို ဝင့်ဝင့်ကြွားကြွားကြီးပြုံးလို့လာသည်တဲ့...
"ဒါမှပေါ့...."
ထိုသို့ပြောပြီး ခါးစည်းကြိုးရဲ့ကြားက ကြိုးရူံ့အိတ်သေးသေးလေးကို့ဖြုတ်လိုက်ကာ လီရှန်းအားကြည့်လာသည်။
"ငါမင်းကိုဆေးပေးလို့ရတယ် ဒါပေမယ့်....ငါတို့သွေးစာချုပ်ချုပ်မယ် "
"ရတယ် ဘာဖြစ်ဖြစ်ဆေးပဲလိုချင်တယ်"
လီရှန်းအဖြေကိုသဘောကျသွားပုံရကာ တဟားဟားရယ်လာပြီး..
"ကောင်းပြီ "
ထို့နောက် ဝတ်ရုံလက်ထဲက ဖဲကြိုးအသေးစားနဲ့စည်းနှောင်ထားတဲ့ အနက်ရောင်အဝတ်လိပ်လေးကိုထုတ်ယူနေလေသည်။
အလိပ်ကိုဖြေပြီးခါလိုက်တော့ အခန်းတစ်ခုလုံး ဖုန်တွေတထောင်းထောင်းထသွားလေသည်။
"ဒါက...မသုံးတာနည်းနည်းကြာနေပြီဆိုတော့..."
ထိုသူဘယ်လောက်ခါခါဖုန်တွေကထွက်နေတုန်းပင်။
နောက်ဆုံးနှစ်ယောက်လုံးချောင်းတဟွတ်ဟွတ်ဆိုးနေမှ ရှန်းကူးကဖုန်ခါခြင်းကိုရပ်လိုက်လေသည်။
ထို့နောက် ထိုအဝတ်စလိုလို စက္ကူစလိုလိုအားလီရှန်းရှေ့တိုးပေးကာ စုတ်တံတစ်ချောငး်ကိုလဲပေးလာပြီး..
"ဒီမှာ မင်းရဲ့နာမည်ကိုမင်းဘာသာရေးလိုက်"
လီရှန်းစကားနားထောင်စွာရေးမယ်လုပ်မှ ရှန်းကူးစီက သတိပေးသံထွက်လာသေးသည်။
"မင်းကိုယ်တိုင်က လိုလားနေပါစေနော်"
ခေါင်းငြိမ့်ရင်းနဲ့ပဲ နာမည်ကိုရေးပေးလိုက်တော့
ထိုဘာမှရှိမနေသည့် အနက်ရောင်ပိတ်စလိုလိုပေါ်မှာ လီရှန်းနည်မည်ကခဏမျှသာပေါ်လာပြီးပျောက်ကွယ်သွားလေသည်။ဘာဖြစ်တာလည်းဆိုပြီး ထပ်ရေးဖို့လုပ်ပေမယ့်
ထို ရှန်းကူးဆိုသူက ဆက်ခနဲဆွဲယူသွားလေသည်။
ထို့နောက် ကျေနပ်အပြုံးပြုံးလာပြီးဆေးကိုပြစ်ပေးလာသည်။
"ကောင်းပြီကောင်းပြီ ဆယ့်ငါးရက်နေရင် မင်းရဲ့ဝိညာဉ်ကိုငါလာသိမ်းမယ်
မေ့လို့ အခုငါပိုင်တဲ့ဝိညာဉ်ပေါ့ "
လီရှန်းဘာမှပြန်မဖြေပဲကြိုးရူံ့အိတ်လေးထဲက ဆေးလုံးကိုသာထုတ်ကြည့်ဖို့စိတ်စောနေခဲ့သည်။
ထိုရှန်းကူးဆိုသည့်လူက ထွက်သွားပြီးမှပြန်ဝင်လာကာဖြင့်...
"အာ...မေ့တော့မလို့ အဲဒီဆေးက စသောက်ပြီးနှစ်ရက်နေရင် လက်ရှိစွမ်းအင်ထဲကနည်းနည်းလျော့မယ် နောက်နှစ်ရက်နေရင ်ပိုလျော့မယ် နောက်နှစ်ရက်နေရင်ပိုပိုပြီးလျော့သွားမယ် နောက်နှစ်ရက်နေရင်တော့..."
ထိုစကားဆုံးသည့်အခါ အဓိပ္ပါယ်ပါသည့်အပြုံးတစ်ခုကိုပဲပြုံးပြသွားလေသည်။
လီရှန်းကတော့ လက်ထဲကအနီရောင်ရဲစိုနေသည့် လက်မအရွယ်လောက်ရှိသည့်ဆေးလုံးအား အရှင့်ကိုဘယ်လိုနည်းနဲ့တိုက်ရမလဲဟူ၍သာ စဉ်းစားနေခဲ့လေသည်။
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😚
.........................................................
(AN/ ကဲကဲ တစ်သျူးလေးတွေဆောင်ထားပါဦး😊)
#ချစ်တယ်သိလား😚