{Zawgyi}
•ေနာက္တစ္ႀကိမ္ဆိုရင္လည္း ကိုယ္လုပ္ရဲတယ္•
ေခါင္းေတာင္ မေဖာ္ရဲျဖစ္ေနတဲ့က်ီေလ်ာင္ကို ဟဲ့ခ်န္းမင္စိုက္ၾကည့္လိုက္တယ္။ သူ႔ႏွလုံးသားက မီးရႈိ႕ထားတဲ့အေမႊးတိုင္ရဲ႕ သစ္သားေျခာက္လို _ ပူေလာင္လြန္းတာေၾကာင့္ လည္ေခ်ာင္းေတြေတာင္ ေျခာက္ကပ္ၿပီး သူ႔ရင္ထဲကေဒါသေတြက ထိန္းခ်ဳပ္ဖို႔ေတာင္ ခက္ခဲတယ္လို႔ ခံစားမိေနတယ္။
ဒီလွည့္စားမႈအေသးေလးကလည္း သူ႔ကိုဘယ္လိုမွဖုံးကြယ္လို႔မရဘူး။ ဒါေပမယ့္ ဘာကိုသူစိတ္အဆိုးဆုံးလဲဆိုေတာ့ သူကေျခာက္ဆိုတာကို သိေနရဲ႕သားနဲ႔ က်ီေလ်ာင္ကသူ႔ကတ္ကို တျခားသူနဲ႔လဲဖို႔ ေ႐ြးလိုက္တာကိုပဲ။
သူ႔အတြက္ တကယ္ကိုကိစၥမရွိဘူးလား?
ဟဲ့ခ်န္းမင္သေရာ္ၿပဳံး ၿပဳံးလိုက္တယ္… လဝက္ေလာက္ ႀကိဳးစားလိုက္ရတဲ့တန္ေၾကးက သူ႔အတြက္လုံးဝဥႆုံမေျပာင္းလဲေသးဘူးဆိုၿပီး ခံစားလိုက္ရတယ္။
မင္းကိုမခ်စ္ႏိုင္တဲ့ တစ္စုံတစ္ေယာက္ကို သေဘာထားေျပာင္းေအာင္လုပ္ဖို႔ဆိုတာ တသက္လုံးမျဖစ္ႏိုင္ဘူး။
စားပြဲေပၚက အရက္ဖန္ခြက္တစ္ခြက္အျပည့္ယူကာ ေခါင္းေမာ့ၿပီး ေသာက္ခ်လိုက္တယ္။
သူတို႔ပတ္လည္မွာ မန္ေယာင္ေယာင္ရဲ႕မိန္းကေလးသူငယ္ခ်င္းေတြက သူတို႔ႏွစ္ေယာက္ကို ေျမႇာက္ေပးေနၾကတယ္။ တစ္ေယာက္က စိတ္အေႏွာင့္အယွက္ျဖစ္ေနၿပီး ေနာက္တစ္ေယာက္ကေတာ့ ဒရမ္ပုံေဂ်ာက္ဂ်က္လိုမ်ိဳး တုန္ရီေနတယ္။ ရႈေရွာင္က်င္းက ဦးေဆာင္ၿပီး လက္ခုတ္တီးရင္းေအာ္လိုက္တယ္ “မင္းသမီးေလးလို ခ်ီ! မင္းသမီးေလးလို ခ်ီ!”
သူရႈံးတာကို လက္ခံၿပီး ဟဲ့ခ်န္းမင္ဆိုဖာကေန ထထိုင္လိုက္တယ္။ သူရႈံးသြားတာေၾကာင့္ အျပစ္ကိုခံယူရမွာေပါ့။ သူထရပ္လိုက္တဲ့အခ်ိန္မွာ ေခါင္းေမာ့လာတဲ့က်ီေလ်ာင္နဲ႔ အၾကည့္ခ်င္းဆုံသြားတယ္။ ဟဲ့ခ်န္းမင္ႏႈတ္ခမ္းေတြ ေကြးၫြတ္သြားေအာင္ၿပဳံးၿပီး မန္ေယာင္ေယာင္ဆီေလွ်ာက္သြားတယ္။
မန္ေယာင္ေယာင္က ရွက္သလိုလို ေၾကာက္သလိုလိုအမူအယာနဲ႔ ဟဲ့ခ်န္းမင္ကို ၾကည့္ခ်င္ေပမယ့္ မၾကည့္ရဲဘူး။ ေနာက္စကၠန႔္ပိုင္းမွာပဲ တဖက္လူက သူမရဲ႕တစ္ကိုယ္လုံးကို အလြယ္တကူသယ္လိုက္တာေၾကာင့္ ထိတ္လန႔္သြားတဲ့ေအာ္သံေသးေသးေလး ထြက္သြားတယ္။ [T/N : ကိုယ္ေတြနဲ႔ ကြာပါ၊ အမလန႔္ရင္ ေဘးနားကလူပါ လိပ္ျပာလြင့္ေအာင္ ေအာ္တာ]
သူ႔ဆီကေန အရက္နံ႔ေဖ်ာ့ေဖ်ာ့ရေပမယ့္ အဲ့တာကပဲပိုၿပီး စိတ္လုံၿခဳံမႈေပးႏိုင္တဲ့အေငြ႕အသက္လိုျဖစ္ေနတယ္။
“ႏွစ္ေခါက္ေလာက္ေလွ်ာက္လိုက္ရင္ေကာ ဘယ္လိုလဲ? ဒီတိုင္းသူမကို ခ်ီလိုက္႐ုံက အရမ္းပ်င္းဖို႔ေကာင္းတယ္!” ရႈေရွာင္က်င္းသူမအၿပဳံးေတြကိုေတာင္ မဖုံးဖိႏိုင္ေတာ့ဘူး။ သူမကအေျခအေနကို အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားအားေပးေနၿပီး က်ီေလ်ာင့္ကိုေတာင္ ဆြဲသြင္းလိုက္ေသးတယ္ “ငါေျပာတာ ဟုတ္တယ္မွတ္လား က်ီေလ်ာင္?”
က်ီေလ်ာင္ေတာင့္တင္းသြားၿပီး ဟဲ့ခ်န္းမင္ရဲ႕မ်က္လုံးေသႀကီးေတြကို ေတြ႕သြားတယ္။ သူ႔ရင္ဘတ္ထဲမွာေသာကေတြ ပင္လယ္ေဝေနၿပီး ျပန္ေျဖေပးဖို႔ေတာင္ေမ့ေနတယ္။
ဒါေပမယ့္ၾကည့္ရတာ ဟဲ့ခ်န္းမင္ကသူ႔အေျဖကို သိေနၿပီသားပုံရၿပီး မန္ေယာင္ေယာင္ကို အခန္းတစ္ပတ္ျပည့္ေအာင္ ခ်ီေပးလိုက္ၿပီး လူတိုင္းကသူတို႔ကို ပုံမွန္အတြဲေတြလို ေျမႇာက္ပင့္ၿပီး စိတ္လႈပ္ရွားစြာ ၾသဘာေပးၾကတယ္။ သူ႔လက္ေမာင္ၾကားထဲ သူမေခါင္းတိုးဝင္လာတာကို ခံစားရတဲ့အခ်ိန္မွာေတာ့ ဟဲ့ခ်န္းမင္မ်က္ေမွာင္ၾကဳတ္ၿပီး သူမကို ေအာက္ခ်လိုက္တယ္။
လင္က်န္းက ျမန္ျမန္အဆုံးသတ္ေပးတယ္ “ေကာင္းၿပီ ေကာင္းၿပီ ေနာက္တစ္ပြဲေဆာ့ၾကတာေပါ့”
သူကတ္ေတြေဝေတာ့မယ့္ အခ်ိန္မွာ ဟဲ့ခ်န္းမင္ကကတ္ေတြကို ကေမာက္ကမျဖစ္ေအာင္ မလုပ္နဲ႔လို႔လာသတိေပးတယ္။ လင္က်န္းလက္တုန္သြားၿပီး ကတ္ေဝဖို႔ ကုမင္းယန္ကိုေပးလိုက္တယ္။
ကုမင္းယန္က ဖ႐ုံေစ့ေလးစားၿပီးပြဲၾကည့္ေန႐ုံနဲ႔တင္ ေပ်ာ္ေနတာၿပီး ဒီလိုအက်ိဳးအျမတ္ေတြရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ သူကပြင့္ပြင့္လင္းလင္းပဲ နံပါတ္ႏွစ္ကို သူ႔ေပါင္ေပၚမွာ သုံးမိနစ္လာထိုင္ေစတယ္။
ဒီေတာင္းဆိုခ်က္ၾကားေတာ့ လင္က်န္းမ်က္ႏွာႀကီးမည္းထြက္သြားတယ္။ ဘာေၾကာင့္ဆို သူကနံပါတ္ႏွစ္ျဖစ္ေနတာကိုး။
သူတို႔ႏွစ္ေယာက္ရဲ႕တာဝန္ၿပီးသြားေတာ့ က်ီေလ်ာင္အဲ့အခြင့္အေရးကို အသုံးခ်ၿပီးေလေကာင္းေလသန႔္ရႈရေအာင္ အျပင္ထြက္လာခဲ့လိုက္တယ္။ အခန္းကအရမ္းက်ပ္ေနၿပီး တစ္စုံတစ္ေယာက္ရဲ႕အၾကည့္ေတြကလည္း သူသက္ေသာင့္သက္သာမျဖစ္ေလာက္ေအာင္ကို ပူေလာင္လြန္းလွတယ္။ သူေနာင္တရသလိုခံစားေနရေပမယ့္ ရွင္းျပလို႔လည္း မရတာေၾကာင့္ သူဘာသာသူပဲၿမိဳသိပ္ၿပီး အက်ိဳးဆက္ကို ခံစားေနရတယ္။
သူအခန္းျပင္ကို ထြက္လာၿပီး ပိုတိတ္ဆိတ္တဲ့ေကာ္ရီတာကို ထြက္လာလိုက္တယ္။ သူႏွစ္လွမ္းေလာက္ပဲလွမ္းရေသးတယ္ တစ္စုံတစ္ေယာက္ကေနာက္ဖက္ကေန သူ႔ပါးစပ္ကိုအုပ္ၿပီး ေဘးနားကအေမွာင္ခန္းထဲကို ဆြဲေခၚသြားတယ္။
ထိုလူကသူ႔ကိုတံခါးေနာက္မွာ အတင္းဖိကပ္လိုက္ၿပီး သူ႔တစ္ကိုယ္လုံးကလည္း သူ႔ကိုမွီထားတယ္။
အရက္နံ႔က သူ႔ဆီတိုးေဝွ႔လာတာေၾကာင့္ က်ီေလ်ာင္ရင္တုန္ပန္းတုန္ျဖစ္သြားတယ္။ သူမဝံ့မရဲေခၚလိုက္တယ္ “ဟဲ့ခ်န္းမင္?”
အရပ္အရဆိုရင္ေတာ့ သူပဲျဖစ္ႏိုင္ေလာက္တယ္။
ထိုလူကဘာမွျပန္မေျပာဘဲ အဲ့အစားႀကီးမားတဲ့လက္ႀကီးက သူ႔ပါးကိုလာညႇစ္ၿပီး အတင္းအက်ပ္ေမာ့လာေစတယ္။ လိုအင္ဆႏၵေတြေရာ အျပစ္ေပးလိုတဲ့သေဘာေရာ ျပည့္ႏွက္ေနတဲ့ wet kissတစ္ခု သူ႔အေပၚက်ေရာက္လာၿပီး က်ီေလ်ာင္ႏႈတ္ခမ္းၾကားကို စိတ္မရွည္စြာက်ေရာက္လာတယ္။
က်ီေလ်ာင္ပလုံးပေထြးအသံနဲ႔အတူ မသိစိတ္ကခုခံေနေသာ္လည္း တဖက္လူကအလြန္အမင္းအရပ္ကရွည္ၿပီး အားေကာင္းလြန္းတာေၾကာင့္ လႈပ္ေတာင္မလႈပ္ႏိုင္ဘူးျဖစ္ေနတယ္။
သူ႔ေခါင္းလိုပဲ ခါးကိုလည္းအတင္းအက်ပ္အဖက္ခံထားရတယ္။
ၾကည့္ရတာ တဖက္လူအတြက္လည္း ပထမဆုံးအနမ္းျဖစ္ႏိုင္တယ္။ သူကကြၽမ္းက်င္မႈမရွိဘဲ ကိုက္ေနတာပဲရွိၿပီး ခံစားမိတဲ့အတိုင္းပဲ လိုက္လုပ္ေနတယ္။ သူ႔အျပဳအမူေတြက ၾကမ္းတမ္းၿပီး ခ်ဲ႕ထြင္ေနရာကေန ႏူးညံ့ၿပီး ညင္သာလာတယ္။ က်ီေလ်ာင္႐ုန္းကန္ေနတာေတြကို ရပ္လိုက္တယ္… သူ႔ေခါင္းေတြလည္း ခ်ာခ်ာလည္ေနၿပီျဖစ္တယ္။
ဟဲ့ခ်န္းမင္ဖယ္လိုက္ရတယ္ဆိုေပမယ့္ သူဆက္လုပ္ခ်င္ေနေသးတယ္။ က်ီေလ်ာင္သူ႔ရင္ဘတ္ေပၚမွီၿပီး အသက္ကိုအလုအယက္ရႈေနရတယ္။ သူ႔ေျခေထာက္ေတြလည္း ေပ်ာ့ေခြေနၿပီး စကားေျပာဖို႔အင္အားေတာင္ မရွိေတာ့ဘူး။
“ကိုယ္မင္းကိုေနာက္ဆုံးအခြင့္အေရးေပးမယ္ က်ီေလ်ာင္” သူ႔ရဲ႕လက္ေမာင္းကို ကိုင္ကာ နားနားကပ္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ “ကိုယ့္ကိုအခုတြန္းထုတ္လိုက္ရင္ ကိုယ္ဘယ္ေတာ့မွ မင္းကိုထပ္မရွာေတာ့ဘူး”
ဒီစကားကို ၾကားလိုက္ရတဲ့အခ်ိန္မွာ က်ီေလ်ာင္ေပါက္ကြဲမိမတတ္ျဖစ္သြားတယ္။ သူ႔ကိုအတင္းအက်ပ္လာနမ္းၿပီးေတာ့မွ ဘယ္လိုျဖစ္လို႔မ်ား ဒီလိုအဓိပၸါယ္မရွိ ေျပာထြက္ႏိုင္ရတာလဲ?
သူေခါင္းကိုေမာ့ၿပီး ဒီလူဆိုးေကာင္ကို တိုက္႐ိုက္ၾကည့္ပစ္လိုက္ခ်င္တယ္။ ဒါေပမယ့္ တဖက္ေကာင္ေလးက သူ႔ကိုအားႀကီးနဲ႔ဖိထားၿပီး ျပန္ေျဖဖို႔အခ်ိန္ေလးေတာင္မေပးပဲ ခ်က္ခ်င္းႀကီးေျပာလာတယ္ “ေကာင္းၿပီေလ မင္းမွေနာက္ထပ္အခြင့္အေရးဆိုတာ မရွိေတာ့ဘူး” [T/N : good job bro]
အဲ့ေနာက္သူ႔ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔ ေတာင္းပန္လိုက္တယ္ “ကိုယ္ေတာင္းပန္ပါတယ္” ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ သူ႔ဘာသာသူေတြးလိုက္တယ္။ ေနာက္တစ္ႀကိမ္ဆိုရင္လည္း ကိုယ္လုပ္ရဲတယ္။
____________________________________
{Unicode}
•နောက်တစ်ကြိမ်ဆိုရင်လည်း ကိုယ်လုပ်ရဲတယ်•
ခေါင်းတောင် မဖော်ရဲဖြစ်နေတဲ့ကျီလျောင်ကို ဟဲ့ချန်းမင်စိုက်ကြည့်လိုက်တယ်။ သူ့နှလုံးသားက မီးရှို့ထားတဲ့အမွှေးတိုင်ရဲ့ သစ်သားခြောက်လို _ ပူလောင်လွန်းတာကြောင့် လည်ချောင်းတွေတောင် ခြောက်ကပ်ပြီး သူ့ရင်ထဲကဒေါသတွေက ထိန်းချုပ်ဖို့တောင် ခက်ခဲတယ်လို့ ခံစားမိနေတယ်။
ဒီလှည့်စားမှုအသေးလေးကလည်း သူ့ကိုဘယ်လိုမှဖုံးကွယ်လို့မရဘူး။ ဒါပေမယ့် ဘာကိုသူစိတ်အဆိုးဆုံးလဲဆိုတော့ သူကခြောက်ဆိုတာကို သိနေရဲ့သားနဲ့ ကျီလျောင်ကသူ့ကတ်ကို တခြားသူနဲ့လဲဖို့ ရွေးလိုက်တာကိုပဲ။
သူ့အတွက် တကယ်ကိုကိစ္စမရှိဘူးလား?
ဟဲ့ချန်းမင်သရော်ပြုံး ပြုံးလိုက်တယ်… လဝက်လောက် ကြိုးစားလိုက်ရတဲ့တန်ကြေးက သူ့အတွက်လုံးဝဥဿုံမပြောင်းလဲသေးဘူးဆိုပြီး ခံစားလိုက်ရတယ်။
မင်းကိုမချစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို သဘောထားပြောင်းအောင်လုပ်ဖို့ဆိုတာ တသက်လုံးမဖြစ်နိုင်ဘူး။
စားပွဲပေါ်က အရက်ဖန်ခွက်တစ်ခွက်အပြည့်ယူကာ ခေါင်းမော့ပြီး သောက်ချလိုက်တယ်။
သူတို့ပတ်လည်မှာ မန်ယောင်ယောင်ရဲ့မိန်းကလေးသူငယ်ချင်းတွေက သူတို့နှစ်ယောက်ကို မြှောက်ပေးနေကြတယ်။ တစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ဒရမ်ပုံဂျောက်ဂျက်လိုမျိုး တုန်ရီနေတယ်။ ရှုရှောင်ကျင်းက ဦးဆောင်ပြီး လက်ခုတ်တီးရင်းအော်လိုက်တယ် “မင်းသမီးလေးလို ချီ! မင်းသမီးလေးလို ချီ!”
သူရှုံးတာကို လက်ခံပြီး ဟဲ့ချန်းမင်ဆိုဖာကနေ ထထိုင်လိုက်တယ်။ သူရှုံးသွားတာကြောင့် အပြစ်ကိုခံယူရမှာပေါ့။ သူထရပ်လိုက်တဲ့အချိန်မှာ ခေါင်းမော့လာတဲ့ကျီလျောင်နဲ့ အကြည့်ချင်းဆုံသွားတယ်။ ဟဲ့ချန်းမင်နှုတ်ခမ်းတွေ ကွေးညွတ်သွားအောင်ပြုံးပြီး မန်ယောင်ယောင်ဆီလျှောက်သွားတယ်။
မန်ယောင်ယောင်က ရှက်သလိုလို ကြောက်သလိုလိုအမူအယာနဲ့ ဟဲ့ချန်းမင်ကို ကြည့်ချင်ပေမယ့် မကြည့်ရဲဘူး။ နောက်စက္ကန့်ပိုင်းမှာပဲ တဖက်လူက သူမရဲ့တစ်ကိုယ်လုံးကို အလွယ်တကူသယ်လိုက်တာကြောင့် ထိတ်လန့်သွားတဲ့အော်သံသေးသေးလေး ထွက်သွားတယ်။ [T/N : ကိုယ်တွေနဲ့ ကွာပါ၊ အမလန့်ရင် ဘေးနားကလူပါ လိပ်ပြာလွင့်အောင် အော်တာ]
သူ့ဆီကနေ အရက်နံ့ဖျော့ဖျော့ရပေမယ့် အဲ့တာကပဲပိုပြီး စိတ်လုံခြုံမှုပေးနိုင်တဲ့အငွေ့အသက်လိုဖြစ်နေတယ်။
“နှစ်ခေါက်လောက်လျှောက်လိုက်ရင်ကော ဘယ်လိုလဲ? ဒီတိုင်းသူမကို ချီလိုက်ရုံက အရမ်းပျင်းဖို့ကောင်းတယ်!” ရှုရှောင်ကျင်းသူမအပြုံးတွေကိုတောင် မဖုံးဖိနိုင်တော့ဘူး။ သူမကအခြေအနေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားအားပေးနေပြီး ကျီလျောင့်ကိုတောင် ဆွဲသွင်းလိုက်သေးတယ် “ငါပြောတာ ဟုတ်တယ်မှတ်လား ကျီလျောင်?”
ကျီလျောင်တောင့်တင်းသွားပြီး ဟဲ့ချန်းမင်ရဲ့မျက်လုံးသေကြီးတွေကို တွေ့သွားတယ်။ သူ့ရင်ဘတ်ထဲမှာသောကတွေ ပင်လယ်ဝေနေပြီး ပြန်ဖြေပေးဖို့တောင်မေ့နေတယ်။
ဒါပေမယ့်ကြည့်ရတာ ဟဲ့ချန်းမင်ကသူ့အဖြေကို သိနေပြီသားပုံရပြီး မန်ယောင်ယောင်ကို အခန်းတစ်ပတ်ပြည့်အောင် ချီပေးလိုက်ပြီး လူတိုင်းကသူတို့ကို ပုံမှန်အတွဲတွေလို မြှောက်ပင့်ပြီး စိတ်လှုပ်ရှားစွာ သြဘာပေးကြတယ်။ သူ့လက်မောင်ကြားထဲ သူမခေါင်းတိုးဝင်လာတာကို ခံစားရတဲ့အချိန်မှာတော့ ဟဲ့ချန်းမင်မျက်မှောင်ကြုတ်ပြီး သူမကို အောက်ချလိုက်တယ်။
လင်ကျန်းက မြန်မြန်အဆုံးသတ်ပေးတယ် “ကောင်းပြီ ကောင်းပြီ နောက်တစ်ပွဲဆော့ကြတာပေါ့”
သူကတ်တွေဝေတော့မယ့် အချိန်မှာ ဟဲ့ချန်းမင်ကကတ်တွေကို ကမောက်ကမဖြစ်အောင် မလုပ်နဲ့လို့လာသတိပေးတယ်။ လင်ကျန်းလက်တုန်သွားပြီး ကတ်ဝေဖို့ ကုမင်းယန်ကိုပေးလိုက်တယ်။
ကုမင်းယန်က ဖရုံစေ့လေးစားပြီးပွဲကြည့်နေရုံနဲ့တင် ပျော်နေတာပြီး ဒီလိုအကျိုးအမြတ်တွေရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူကပွင့်ပွင့်လင်းလင်းပဲ နံပါတ်နှစ်ကို သူ့ပေါင်ပေါ်မှာ သုံးမိနစ်လာထိုင်စေတယ်။
ဒီတောင်းဆိုချက်ကြားတော့ လင်ကျန်းမျက်နှာကြီးမည်းထွက်သွားတယ်။ ဘာကြောင့်ဆို သူကနံပါတ်နှစ်ဖြစ်နေတာကိုး။
သူတို့နှစ်ယောက်ရဲ့တာဝန်ပြီးသွားတော့ ကျီလျောင်အဲ့အခွင့်အရေးကို အသုံးချပြီးလေကောင်းလေသန့်ရှုရအောင် အပြင်ထွက်လာခဲ့လိုက်တယ်။ အခန်းကအရမ်းကျပ်နေပြီး တစ်စုံတစ်ယောက်ရဲ့အကြည့်တွေကလည်း သူသက်သောင့်သက်သာမဖြစ်လောက်အောင်ကို ပူလောင်လွန်းလှတယ်။ သူနောင်တရသလိုခံစားနေရပေမယ့် ရှင်းပြလို့လည်း မရတာကြောင့် သူဘာသာသူပဲမြိုသိပ်ပြီး အကျိုးဆက်ကို ခံစားနေရတယ်။
သူအခန်းပြင်ကို ထွက်လာပြီး ပိုတိတ်ဆိတ်တဲ့ကော်ရီတာကို ထွက်လာလိုက်တယ်။ သူနှစ်လှမ်းလောက်ပဲလှမ်းရသေးတယ် တစ်စုံတစ်ယောက်ကနောက်ဖက်ကနေ သူ့ပါးစပ်ကိုအုပ်ပြီး ဘေးနားကအမှောင်ခန်းထဲကို ဆွဲခေါ်သွားတယ်။
ထိုလူကသူ့ကိုတံခါးနောက်မှာ အတင်းဖိကပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကလည်း သူ့ကိုမှီထားတယ်။
အရက်နံ့က သူ့ဆီတိုးဝှေ့လာတာကြောင့် ကျီလျောင်ရင်တုန်ပန်းတုန်ဖြစ်သွားတယ်။ သူမဝံ့မရဲခေါ်လိုက်တယ် “ဟဲ့ချန်းမင်?”
အရပ်အရဆိုရင်တော့ သူပဲဖြစ်နိုင်လောက်တယ်။
ထိုလူကဘာမှပြန်မပြောဘဲ အဲ့အစားကြီးမားတဲ့လက်ကြီးက သူ့ပါးကိုလာညှစ်ပြီး အတင်းအကျပ်မော့လာစေတယ်။ လိုအင်ဆန္ဒတွေရော အပြစ်ပေးလိုတဲ့သဘောရော ပြည့်နှက်နေတဲ့ wet kissတစ်ခု သူ့အပေါ်ကျရောက်လာပြီး ကျီလျောင်နှုတ်ခမ်းကြားကို စိတ်မရှည်စွာကျရောက်လာတယ်။
ကျီလျောင်ပလုံးပထွေးအသံနဲ့အတူ မသိစိတ်ကခုခံနေသော်လည်း တဖက်လူကအလွန်အမင်းအရပ်ကရှည်ပြီး အားကောင်းလွန်းတာကြောင့် လှုပ်တောင်မလှုပ်နိုင်ဘူးဖြစ်နေတယ်။
သူ့ခေါင်းလိုပဲ ခါးကိုလည်းအတင်းအကျပ်အဖက်ခံထားရတယ်။
ကြည့်ရတာ တဖက်လူအတွက်လည်း ပထမဆုံးအနမ်းဖြစ်နိုင်တယ်။ သူကကျွမ်းကျင်မှုမရှိဘဲ ကိုက်နေတာပဲရှိပြီး ခံစားမိတဲ့အတိုင်းပဲ လိုက်လုပ်နေတယ်။ သူ့အပြုအမူတွေက ကြမ်းတမ်းပြီး ချဲ့ထွင်နေရာကနေ နူးညံ့ပြီး ညင်သာလာတယ်။ ကျီလျောင်ရုန်းကန်နေတာတွေကို ရပ်လိုက်တယ်… သူ့ခေါင်းတွေလည်း ချာချာလည်နေပြီဖြစ်တယ်။
ဟဲ့ချန်းမင်ဖယ်လိုက်ရတယ်ဆိုပေမယ့် သူဆက်လုပ်ချင်နေသေးတယ်။ ကျီလျောင်သူ့ရင်ဘတ်ပေါ်မှီပြီး အသက်ကိုအလုအယက်ရှုနေရတယ်။ သူ့ခြေထောက်တွေလည်း ပျော့ခွေနေပြီး စကားပြောဖို့အင်အားတောင် မရှိတော့ဘူး။
“ကိုယ်မင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ် ကျီလျောင်” သူ့ရဲ့လက်မောင်းကို ကိုင်ကာ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။ “ကိုယ့်ကိုအခုတွန်းထုတ်လိုက်ရင် ကိုယ်ဘယ်တော့မှ မင်းကိုထပ်မရှာတော့ဘူး”
ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ကျီလျောင်ပေါက်ကွဲမိမတတ်ဖြစ်သွားတယ်။ သူ့ကိုအတင်းအကျပ်လာနမ်းပြီးတော့မှ ဘယ်လိုဖြစ်လို့များ ဒီလိုအဓိပ္ပါယ်မရှိ ပြောထွက်နိုင်ရတာလဲ?
သူခေါင်းကိုမော့ပြီး ဒီလူဆိုးကောင်ကို တိုက်ရိုက်ကြည့်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် တဖက်ကောင်လေးက သူ့ကိုအားကြီးနဲ့ဖိထားပြီး ပြန်ဖြေဖို့အချိန်လေးတောင်မပေးပဲ ချက်ချင်းကြီးပြောလာတယ် “ကောင်းပြီလေ မင်းမှနောက်ထပ်အခွင့်အရေးဆိုတာ မရှိတော့ဘူး” [T/N : good job bro]
အဲ့နောက်သူ့လေသံပျော့ပျော့လေးနဲ့ တောင်းပန်လိုက်တယ် “ကိုယ်တောင်းပန်ပါတယ်” ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သူ့ဘာသာသူတွေးလိုက်တယ်။ နောက်တစ်ကြိမ်ဆိုရင်လည်း ကိုယ်လုပ်ရဲတယ်။
_____
Thanks 😉