"ေအးခဲၿပီးေသခ်င္လို႔ လမ္းသလားေနတာလား"
အသံကိုၾကားရတယ္။ေသခ်ာေပါက္အ႐ွင့္ရဲ႕အသံပဲ။
ဒါေပမယ့္က်ေနာ္ေမာ့ၾကည့္လိုက္ေတာ့ ဘယ္သူမွ႐ွိမေနျပန္ဘူး......
ဘာလို႔လည္း....ဒီခံစားခ်က္ေၾကာင့္ရင္တစ္ခုလုံးေပါက္ကြဲရေတာ့မလိုပါပဲ။
ဝမ္းနည္းေနပူံရတဲ့ ထိုလူသားကိုဖုန္းရႊမ္ဆက္ၿပီးေငါက္ငမ္းမေနခ်င္။
ၿပီးရင္ ဒီကေလးက သူကိုယ့္သူပဲမွန္သည္ပုံျဖင့္ေျပာတတ္ေသးသည္။ခုလည္း ဒီလိုပုံနဲ႔ အိမ္ေ႐ွ႕စံအေဆာင္ေတာ္နားကေတြ႔ရသည္က ပုံမွန္ေတာ့ဘယ္နည္းနဲ႔မွျဖစ္ႏိုင္မည္မဟုတ္။သို႔ေသာ္လည္းေမးမေနခ်င္ေတာ့ေပ။
"အခု...မင္းက ိုနည္းနည္းေတာ့သတိေပးထားမွရမယ္ထင္တယ္
မင္းသခင္အတြက္ လာစေတးရဲတဲ့သတၱိကခ်ီးက်ဴးစရာဆိုေပမယ့္လည္း တာဝန္ဆိုတာယူၿပီးရင္ ေက်တတ္ေအာင္ေတာ့လုပ္ရမယ္ေလ
ေန႔ဘက္ေတြမွာ မင္းကိုႀကိဳက္သလိုလည္ခြင့္ျပဳထားေပမယ့္ ညဘက္ေတြမွာငါ့ကိုခစားရမယ္ မင္းဒီလိုစိတ္ႀကိဳက္ေလ်ာက္သြားေနလို႔မရ..."
စကားသံေတြ႐ုတ္ျခင္းရပ္စြားရသည္က ခါးစီကိုတင္းက်ပ္စြာဖတ္တြယ္လာတဲ့ ထိုလူသားေၾကာင့္ပင္....
မထင္မွတ္ပဲ ခနၶာကိုယ္ကေတာင္ အနည္းငယ္ေတာင့္ခဲသြားသေယာင္ႏွင့္
ေနပါဦး က်ိန္စာအတြက္လာတဲ့လူသားေတြကို ဘယ္တုန္းကမ်ားဒီလိုအခြင့္ေရးေပးခဲ့ဖူးတာပါလိမ့္...
ေသခ်ာသည္ကေတာ့ တင္းတင္းက်ပ္က်ပ္မ႐ွိပဲလြတ္လပ္ခြင့္ေပးထားလို႔ ေရာင့္တတ္ေနတာပဲျဖစ္ရမည္။
"မင္းသိလား...ဒါကလမ္းမအလယ္ႀကီးမွာဆိုတာ
ငါ့ကိုဘယ္သူမွမျမင္ႏိုင္ဘူးဆိုေပမယ့္ ဒါႀကီးကသိသာေနတယ္.."
သို႔ေသာ္လည္း ပိုမိုတင္းက်ပ္စြာပင္အဖက္ခံလိုက္ရသည္သာ...
ဘာစကားမွျပန္လည္ေျပာမလာပဲ မ်က္လုံးအစုံကိုမွတ္လ်က္အၿငိဳးႀကီးသူလိုဖတ္တြယ္ထားတဲ့ပုံက ေလာေလာဆယ္ထိေတာ့လြတ္ေပးမယ့္အရိပ္ေယာင္စိုးစိေတာင္မ႐ွိေပ...
အခ်ိန္ခဏထိသည္းခံေနေပမယ့္လည္း ေနရာကလမ္းမအလယ္ျဖစ္သလို အခ်ိန္ကလည္း သိပ္ေနာက္က်ေသးသည္မဟုတ္တာေၾကာင့္ တစ္ေယာက္ျမင္သြားမွာေတာ့မလိုလားေပ။
ထို႔ေၾကာင့္လည္း ရင္ဘက္ေပၚမွီတည္းေနတဲ့ထိုလူသားကို အနည္းကယ္ငဲ့ၾကည့္မိေတာ့
ပိတ္ခ်ထားတဲ့မ်က္လႊာစပ္ေတြက မ်က္ေတာင္စိပ္စိပ္ေတြမွာ အနည္းငယ္စိုဆြတ္ေနသည္တဲ့...
မဟုတ္မွ ဆူလိုက္လို႔မ်ားလားဆိုသည့္အေတြးက ေခါင္းထဲဝင္လာေပမယ့္လည္း စေတြ႔ထဲကေခါင္းငိုက္စိုက္ႏွင့္မို႔ အိမ္ေ႐ွ႕စံနဲ့မ်ားတစ္ခုခုျဖစ္လာသည္လားလို႔လည္း ေတြးမိျပန္သည္။
ဘာပဲေျပာေျပာ ဒီေနရာမွာဒီလိုအေျခေနက မသင့္ေတာ္သည္ျဖစ္လို႔
ထိုလူသားရဲ႕နဖူးစပ္အား မသိသာေလးနဲေလနဲ႔မူတ္လိုက္ေတာ့ ခ်က္ျခင္းၿပိဳလဲလာသည္ကို အထူးထိန္းစရာမလိုတာေၾကာင့္ ေပြ႔ခ်ီကာ ထိုလူသားအေဆာင္႐ွိရာဘက္လွမ္းခဲ့လိုက္သည္။
အိပ္ရာေပၚေနရာတက်တင္ေပးၿပီးေနာက္ ဖုန္းရႊမ္အနည္းငယ္စိတ္ထဲစႏိုးစေႏွာင့္ျဖစ္လာရသည္။
ဒီလူသားေ႐ွ႕ကလူသားေတြတုန္းကလည္း ဒီလိုေတြ႐ွိခဲ့တယ္ဆိုေပမယ့္ ဒီလူသားေလာက္ေတာ့မဆိုးခဲ့ဘူးဟုထင္သည္။
ပုံမွန္အားျဖင့္ဆိုရင္ေတာ့ အိပ္ေပ်ာ္ေနလည္းဖုန္းရႊမ္ အရယူမိမွာမလြဲေပမယ့္
ထိုဝမ္းနည္းေနတဲ့အရိပ္ေယာင္ေတြအတိုင္းသား႐ွိေနတဲ့မ်က္ႏွာေၾကာင့္ ဒီညေတာ့႐ွိေစေတာ့ဆိုၿပီးထားလိုက္ေတာ့မည္။
တကယ္ဆိုလ်ွင္ ထို႐ွိေစေတာ့ ႐ွိေစေတာ့ဆိုၿပီး ခဏခဏလြတ္ေပးခဲ့ရသည္က ဘယ္ႏွႀကိမ္႐ွိေနမွန္းေတာင္မသိေတာ့...
တကယ္ပါပဲ....ဒီလူသားနဲ႔မွ တအားေတြနစ္နာေနေတာ့တာပဲ....။
.
.
.
.
.
.
....................................................
"လီ႐ွန္း......လီ႐ွန္း..."
နားထဲကအသံသဲ့သဲ့က ကိုယ့္ကိုေခၚေနတယ္ဆိုတာသိေပမယ့္လည္း လီ႐ွန္းမ်က္လုံးတို႔ကခ်က္ျခင္းဖြင့္မရ...
ေလးပင္ေနတဲ့မ်က္ခြံေတြနဲ႔ ေခါင္းကလည္းေနာက္က်ိေနေသာေၾကာင့္ျဖစ္မည္။
မ်က္လႊာေလးပြင့္ဖို႔အေရးကို ေတာ္ေတာ္အားစိုက္လိုက္ရသည္။
ထို႔ေနာက္ျမင္လိုက္ရသည္႐ို႔ထို႔...
ဒါဆိုေခၚနခဲ့သည္က႐ို႔ထို႔ေပါ့...
လက္ေတြကိုအားျပဳၿပီးထိုင္လိုက္ေတာ့မွ ႐ို႔ထို႔ကသက္ပ်င္းခ်လာသည္။
"ခါတိုင္းလီ႐ွန္းကေစာေစာထတတ္ေတာ့
ဒီေန႔ေန႔တစ္ဝက္က်ိဳးတာေတာင္ႏိုးမလာေတာ့ ့တစ္ခုခုျဖစ္ေနၿပီထင္ေနတာ မီးႏိုင္ငံေတာ္ရဲ႕ညပိုင္းက လူသားေတြအတြက္ေတာ့ေအးမွာပဲ
ေနမေကာင္းျဖစ္မွာစိုးရိမ္ေနတာ "
"က်ေနာ ္ေနေကာင္းပါတယ္ "
တကယ္လည္း လီ႐ွန္းေနေကာင္းသည္ကိုေတာ့ခံစားရသည္။အားနည္းမ်ိဳးလည္းမ႐ွိပဲ ေခါင္းကပဲအနည္းငယ္ေလးေနာက္က်ိေနသည္။
အားနည္းတာမ်ိဳးလည္းမ႐ွိဆိုမွ ညကအ႐ွင္နဲ႔ဆုံခဲ့ေသးသည္ကိုသတိရလာသည္။ညကအ႐ွင့္ကိုဖက္မိၿပီး အခုႏိုးလာတယ္ဆိုေတာ့ ဖတ္ထားရင္းတဲ့အိပ္ေပ်ာ္သြားမိတာပင္ျဖစ္မည္။
ဆိုေတာ့အ႐ွင္က အေဆာင္ကိုျပန္ပို႔ေပးတဲ့အျပင္ ဘာမွလည္းမလုပ္ခဲ့ဘူးေပါ့..။
႐ုတ္တရက္ၾကည္ႏူးမူေတြယွက္ျဖာၿပီးျပဳံးမိသြားတာကိုလီ႐ွန္းကိုယ္တိုင္က သတိမထားလိုက္မိေပမယ့္..
"လီ႐ွန္း...ကိုယ္လက္သန္႔စင္လိုက္ပါလားလို႔.."
"ဟင္...အင္း...အင္းအင္း"
အေယာင္အမွားမွားနဲ႔ေခါင္းၿငိမ့္လိုက္မိေပမယ့္ ဘာျဖစ္သြားမွန္းကိုမသိလိုက္ေပ။
႐ို႔ထို႔ကေတာ့ ခါတိုင္းလိုနူးညံ႔လွပတဲ့အျပဳံးတစ္ခုကိုခ်ိတ္စြဲရင္းနဲ႔ပဲ ေဆးက်ိဳကာယူလာေပးမည္ဟုေျပာကာ ေကာင္မေလးတခ်ိဳ႕နဲ႔ျပန္သြားေလသည္။
႐ို႔ထို႔တို႔ျပန္သြားေတာ့မွ အခ်ိန္က တကယ္ေန႔တစ္ဝက္က်ိဳးေနၿပီျဖစ္ပုံေထာက္သည္။
လ်ိဳအိမ္ေတာ္မွာထဲက ေစာေစာထတတ္သည္ကအက်င့္ျဖစ္ေနၿပီမို႔ အျမဲေစာေစာႏိုးခဲ့ေပမယ့္လည္း ဒီေန႔ေတာ့ဘယ္လို႔ျဖစ္ၿပီးဒီေလာက္ထိအိပ္ေပ်ာ္သြားပါလိမ့္ဟုစဥ္းစားရင္း ေရခ်ိဳးခန္းစီလွမ္းလာခဲ့သည္။
သစ္သားစည္ပိုင္းထဲက အေငြ႔လိူင္လိူင္ထေနစဲေရထဲ၌ အေမြးနံ႕သာတခ်ိဳ႕နဲ႔ပြင့္ဖက္တခ်ိဳ႕ပါေရာယွက္ေနသည္။
ၾကည့္ရသည္မွာ႐ို႔ထို႔တို႔အဆင္သင့္ျပင္ေပးသြားပုံပင္။
လီ႐ွန္းေရခ်ိဳးမည္ဟုေတြးကာ ခါးစည္းကိုစတင္ေျဖလိုက္ကာ အေပၚလႊာကိုခြၽတ္ၿပီးေနာက္ မ်က္လုံးေဒါင့္မွာ လူပ္႐ွားေနသည့္ပုံရိပ္အားခပ္ေရးေရးေတြ႔လိုက္ရသည္။
႐ုတ္တရက္လွည့္ၾကည့္လိုက္ေတာ့ အနက္ေရာင္ဝတ္လူတစ္ေယာက္က မ်က္လုံးတို႔ပဲေဖာ္ထားကာ မ်က္ႏွာတစ္ခုလုံးနီးပါးကိုလည္းအဝတ္မည္းျဖင့္စည္းထားေသးသည္။ထိုသူကသူရဲ႕မ်က္ခုံးတို႔အားကုတ္ျခစ္ေနေလသည္။
"အား........!!"
႐ုတ္တရက္ေသြးတခ်ိဳ႕ထခုန္ေပါက္သြားတာမလို႔ လီ႐ွန္းအာေခါင္ျခစ္သံႀကီးနဲ႔ေအာ္မိသြားသည္။
ထိုလူမွာ လီ႐ွန္းေအာ္သံေၾကာင့္အနည္းငယ္လန္႔သြားပုံရသည္။႐ုတ္တရက္မလို႔ျဖစ္ဟန္တူကာ ထိုသူကဟန္ျဖင့္ျပန္ထိန္းရင္း...
"ေသမလို႔ဇြတ္ေအာ္ေနတာလား ..."
ထိုသူကေဒါသစြတ္ကာ ျပန္ေအာ္လာေတာ့ လီ႐ွန္းေနာက္သို႔တြန္႔ဆုတ္တြန္႔ဆုတ္လုပ္ရင္းျပန္ေမးလိုက္သည္။
"မင္း...မင္းကဘယ္သူလဲ..."
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😚
................................................................
(AN/ ဖိဘက္ေတြတအားနည္းလာၿပီး ၾကည့္႐ူနႏူ္းေတြလည္းေတာ္ေတာ္က်သြားတယ္
ဒီလူကပုံမွန္မအပ္ႏိုင္ေတာ့တာဆိုေတာ့လည္း ဘာမွေတာ့ေျပာလို႔မရပါဘူး။
ဒါနဲ႔ မင္းတို႔စီကနည္းနည္းညွစ္ထုတ္စရာေလးေတြ႐ွိတယ္
မင္းတို႔ဒီအပိုင္းထိဖတ္ၿပီးသြားတဲ့အခ်ိန္မွာ ဒီficအေပၚမင္းတို႔အျမင္ေလးေတြကိုေမးရဦးမယ္
ဒါမွက်ဳပ္ကေ႐ွ႕ဆက္ၿပီးဘယ္လိုသြားမလဲဆုံးျဖတ္ရမွာမလို႔ပါ။
အတင္းက်ပ္ေတာ့လည္းမေတာင္းဆိုပါဘူး
#ေပါက္စပိစိ
###
"အေးခဲပြီးသေချင်လို့ လမ်းသလားနေတာလား"
အသံကိုကြားရတယ်။သေချာပေါက်အရှင့်ရဲ့အသံပဲ။
ဒါပေမယ့်ကျနော်မော့ကြည့်လိုက်တော့ ဘယ်သူမှရှိမနေပြန်ဘူး......
ဘာလို့လည်း....ဒီခံစားချက်ကြောင့်ရင်တစ်ခုလုံးပေါက်ကွဲရတော့မလိုပါပဲ။
ဝမ်းနည်းနေပူံရတဲ့ ထိုလူသားကိုဖုန်းရွှမ်ဆက်ပြီးငေါက်ငမ်းမနေချင်။
ပြီးရင် ဒီကလေးက သူကိုယ့်သူပဲမှန်သည်ပုံဖြင့်ပြောတတ်သေးသည်။ခုလည်း ဒီလိုပုံနဲ့ အိမ်ရှေ့စံအဆောင်တော်နားကတွေ့ရသည်က ပုံမှန်တော့ဘယ်နည်းနဲ့မှဖြစ်နိုင်မည်မဟုတ်။သို့သော်လည်းမေးမနေချင်တော့ပေ။
"အခု...မင်းက ိုနည်းနည်းတော့သတိပေးထားမှရမယ်ထင်တယ်
မင်းသခင်အတွက် လာစတေးရဲတဲ့သတ္တိကချီးကျူးစရာဆိုပေမယ့်လည်း တာဝန်ဆိုတာယူပြီးရင် ကျေတတ်အောင်တော့လုပ်ရမယ်လေ
နေ့ဘက်တွေမှာ မင်းကိုကြိုက်သလိုလည်ခွင့်ပြုထားပေမယ့် ညဘက်တွေမှာငါ့ကိုခစားရမယ် မင်းဒီလိုစိတ်ကြိုက်လျောက်သွားနေလို့မရ..."
စကားသံတွေရုတ်ခြင်းရပ်စွားရသည်က ခါးစီကိုတင်းကျပ်စွာဖတ်တွယ်လာတဲ့ ထိုလူသားကြောင့်ပင်....
မထင်မှတ်ပဲ ခန္ဓာကိုယ်ကတောင် အနည်းငယ်တောင့်ခဲသွားသယောင်နှင့်
နေပါဦး ကျိန်စာအတွက်လာတဲ့လူသားတွေကို ဘယ်တုန်းကများဒီလိုအခွင့်ရေးပေးခဲ့ဖူးတာပါလိမ့်...
သေချာသည်ကတော့ တင်းတင်းကျပ်ကျပ်မရှိပဲလွတ်လပ်ခွင့်ပေးထားလို့ ရောင့်တတ်နေတာပဲဖြစ်ရမည်။
"မင်းသိလား...ဒါကလမ်းမအလယ်ကြီးမှာဆိုတာ
ငါ့ကိုဘယ်သူမှမမြင်နိုင်ဘူးဆိုပေမယ့် ဒါကြီးကသိသာနေတယ်.."
သို့သော်လည်း ပိုမိုတင်းကျပ်စွာပင်အဖက်ခံလိုက်ရသည်သာ...
ဘာစကားမှပြန်လည်ပြောမလာပဲ မျက်လုံးအစုံကိုမှတ်လျက်အငြိုးကြီးသူလိုဖတ်တွယ်ထားတဲ့ပုံက လောလောဆယ်ထိတော့လွတ်ပေးမယ့်အရိပ်ယောင်စိုးစိတောင်မရှိပေ...
အချိန်ခဏထိသည်းခံနေပေမယ့်လည်း နေရာကလမ်းမအလယ်ဖြစ်သလို အချိန်ကလည်း သိပ်နောက်ကျသေးသည်မဟုတ်တာကြောင့် တစ်ယောက်မြင်သွားမှာတော့မလိုလားပေ။
ထို့ကြောင့်လည်း ရင်ဘက်ပေါ်မှီတည်းနေတဲ့ထိုလူသားကို အနည်းကယ်ငဲ့ကြည့်မိတော့
ပိတ်ချထားတဲ့မျက်လွှာစပ်တွေက မျက်တောင်စိပ်စိပ်တွေမှာ အနည်းငယ်စိုဆွတ်နေသည်တဲ့...
မဟုတ်မှ ဆူလိုက်လို့များလားဆိုသည့်အတွေးက ခေါင်းထဲဝင်လာပေမယ့်လည်း စတွေ့ထဲကခေါင်းငိုက်စိုက်နှင့်မို့ အိမ်ရှေ့စံနဲ့များတစ်ခုခုဖြစ်လာသည်လားလို့လည်း တွေးမိပြန်သည်။
ဘာပဲပြောပြော ဒီနေရာမှာဒီလိုအခြေနေက မသင့်တော်သည်ဖြစ်လို့
ထိုလူသားရဲ့နဖူးစပ်အား မသိသာလေးနဲလေနဲ့မူတ်လိုက်တော့ ချက်ခြင်းပြိုလဲလာသည်ကို အထူးထိန်းစရာမလိုတာကြောင့် ပွေ့ချီကာ ထိုလူသားအဆောင်ရှိရာဘက်လှမ်းခဲ့လိုက်သည်။
အိပ်ရာပေါ်နေရာတကျတင်ပေးပြီးနောက် ဖုန်းရွှမ်အနည်းငယ်စိတ်ထဲစနိုးစနှောင့်ဖြစ်လာရသည်။
ဒီလူသားရှေ့ကလူသားတွေတုန်းကလည်း ဒီလိုတွေရှိခဲ့တယ်ဆိုပေမယ့် ဒီလူသားလောက်တော့မဆိုးခဲ့ဘူးဟုထင်သည်။
ပုံမှန်အားဖြင့်ဆိုရင်တော့ အိပ်ပျော်နေလည်းဖုန်းရွှမ် အရယူမိမှာမလွဲပေမယ့်
ထိုဝမ်းနည်းနေတဲ့အရိပ်ယောင်တွေအတိုင်းသားရှိနေတဲ့မျက်နှာကြောင့် ဒီညတော့ရှိစေတော့ဆိုပြီးထားလိုက်တော့မည်။
တကယ်ဆိုလျှင် ထိုရှိစေတော့ ရှိစေတော့ဆိုပြီး ခဏခဏလွတ်ပေးခဲ့ရသည်က ဘယ်နှကြိမ်ရှိနေမှန်းတောင်မသိတော့...
တကယ်ပါပဲ....ဒီလူသားနဲ့မှ တအားတွေနစ်နာနေတော့တာပဲ....။
.
.
.
.
.
.
....................................................
"လီရှန်း......လီရှန်း..."
နားထဲကအသံသဲ့သဲ့က ကိုယ့်ကိုခေါ်နေတယ်ဆိုတာသိပေမယ့်လည်း လီရှန်းမျက်လုံးတို့ကချက်ခြင်းဖွင့်မရ...
လေးပင်နေတဲ့မျက်ခွံတွေနဲ့ ခေါင်းကလည်းနောက်ကျိနေသောကြောင့်ဖြစ်မည်။
မျက်လွှာလေးပွင့်ဖို့အရေးကို တော်တော်အားစိုက်လိုက်ရသည်။
ထို့နောက်မြင်လိုက်ရသည်ရို့ထို့...
ဒါဆိုခေါ်နခဲ့သည်ကရို့ထို့ပေါ့...
လက်တွေကိုအားပြုပြီးထိုင်လိုက်တော့မှ ရို့ထို့ကသက်ပျင်းချလာသည်။
"ခါတိုင်းလီရှန်းကစောစောထတတ်တော့
ဒီနေ့နေ့တစ်ဝက်ကျိုးတာတောင်နိုးမလာတော့ ့တစ်ခုခုဖြစ်နေပြီထင်နေတာ မီးနိုင်ငံတော်ရဲ့ညပိုင်းက လူသားတွေအတွက်တော့အေးမှာပဲ
နေမကောင်းဖြစ်မှာစိုးရိမ်နေတာ "
"ကျနော ်နေကောင်းပါတယ် "
တကယ်လည်း လီရှန်းနေကောင်းသည်ကိုတော့ခံစားရသည်။အားနည်းမျိုးလည်းမရှိပဲ ခေါင်းကပဲအနည်းငယ်လေးနောက်ကျိနေသည်။
အားနည်းတာမျိုးလည်းမရှိဆိုမှ ညကအရှင်နဲ့ဆုံခဲ့သေးသည်ကိုသတိရလာသည်။ညကအရှင့်ကိုဖက်မိပြီး အခုနိုးလာတယ်ဆိုတော့ ဖတ်ထားရင်းတဲ့အိပ်ပျော်သွားမိတာပင်ဖြစ်မည်။
ဆိုတော့အရှင်က အဆောင်ကိုပြန်ပို့ပေးတဲ့အပြင် ဘာမှလည်းမလုပ်ခဲ့ဘူးပေါ့..။
ရုတ်တရက်ကြည်နူးမူတွေယှက်ဖြာပြီးပြုံးမိသွားတာကိုလီရှန်းကိုယ်တိုင်က သတိမထားလိုက်မိပေမယ့်..
"လီရှန်း...ကိုယ်လက်သန့်စင်လိုက်ပါလားလို့.."
"ဟင်...အင်း...အင်းအင်း"
အယောင်အမှားမှားနဲ့ခေါင်းငြိမ့်လိုက်မိပေမယ့် ဘာဖြစ်သွားမှန်းကိုမသိလိုက်ပေ။
ရို့ထို့ကတော့ ခါတိုင်းလိုနူးညံ့လှပတဲ့အပြုံးတစ်ခုကိုချိတ်စွဲရင်းနဲ့ပဲ ဆေးကျိုကာယူလာပေးမည်ဟုပြောကာ ကောင်မလေးတချို့နဲ့ပြန်သွားလေသည်။
ရို့ထို့တို့ပြန်သွားတော့မှ အချိန်က တကယ်နေ့တစ်ဝက်ကျိုးနေပြီဖြစ်ပုံထောက်သည်။
လျိုအိမ်တော်မှာထဲက စောစောထတတ်သည်ကအကျင့်ဖြစ်နေပြီမို့ အမြဲစောစောနိုးခဲ့ပေမယ့်လည်း ဒီနေ့တော့ဘယ်လို့ဖြစ်ပြီးဒီလောက်ထိအိပ်ပျော်သွားပါလိမ့်ဟုစဉ်းစားရင်း ရေချိုးခန်းစီလှမ်းလာခဲ့သည်။
သစ်သားစည်ပိုင်းထဲက အငွေ့လိူင်လိူင်ထနေစဲရေထဲ၌ အမွေးနံ့သာတချို့နဲ့ပွင့်ဖက်တချို့ပါရောယှက်နေသည်။
ကြည့်ရသည်မှာရို့ထို့တို့အဆင်သင့်ပြင်ပေးသွားပုံပင်။
လီရှန်းရေချိုးမည်ဟုတွေးကာ ခါးစည်းကိုစတင်ဖြေလိုက်ကာ အပေါ်လွှာကိုချွတ်ပြီးနောက် မျက်လုံးဒေါင့်မှာ လူပ်ရှားနေသည့်ပုံရိပ်အားခပ်ရေးရေးတွေ့လိုက်ရသည်။
ရုတ်တရက်လှည့်ကြည့်လိုက်တော့ အနက်ရောင်ဝတ်လူတစ်ယောက်က မျက်လုံးတို့ပဲဖော်ထားကာ မျက်နှာတစ်ခုလုံးနီးပါးကိုလည်းအဝတ်မည်းဖြင့်စည်းထားသေးသည်။ထိုသူကသူရဲ့မျက်ခုံးတို့အားကုတ်ခြစ်နေလေသည်။
"အား........!!"
ရုတ်တရက်သွေးတချို့ထခုန်ပေါက်သွားတာမလို့ လီရှန်းအာခေါင်ခြစ်သံကြီးနဲ့အော်မိသွားသည်။
ထိုလူမှာ လီရှန်းအော်သံကြောင့်အနည်းငယ်လန့်သွားပုံရသည်။ရုတ်တရက်မလို့ဖြစ်ဟန်တူကာ ထိုသူကဟန်ဖြင့်ပြန်ထိန်းရင်း...
"သေမလို့ဇွတ်အော်နေတာလား ..."
ထိုသူကဒေါသစွတ်ကာ ပြန်အော်လာတော့ လီရှန်းနောက်သို့တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းပြန်မေးလိုက်သည်။
"မင်း...မင်းကဘယ်သူလဲ..."
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😚
................................................................
(AN/ ဖိဘက်တွေတအားနည်းလာပြီး ကြည့်ရူနနူ်းတွေလည်းတော်တော်ကျသွားတယ်
ဒီလူကပုံမှန်မအပ်နိုင်တော့တာဆိုတော့လည်း ဘာမှတော့ပြောလို့မရပါဘူး။
ဒါနဲ့ မင်းတို့စီကနည်းနည်းညှစ်ထုတ်စရာလေးတွေရှိတယ်
မင်းတို့ဒီအပိုင်းထိဖတ်ပြီးသွားတဲ့အချိန်မှာ ဒီficအပေါ်မင်းတို့အမြင်လေးတွေကိုမေးရဦးမယ်
ဒါမှကျုပ်ကရှေ့ဆက်ပြီးဘယ်လိုသွားမလဲဆုံးဖြတ်ရမှာမလို့ပါ။
အတင်းကျပ်တော့လည်းမတောင်းဆိုပါဘူး
#ပေါက်စပိစိ