The True Conqueror [Complete]

By Heather_Bell

4.3M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 62

40.8K 5.2K 514
By Heather_Bell

Unicode

လီချန်းယုံမှာ ဟန်မဆောင်နိုင်အောင်ပင် ဂနာမငြိမ်ဖြစ်နေရသည်။ သူသည် ဥယျာဥ်တော်အတွင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ မိုးပေါ်သို့ မော့ကြည့်နေသည်။

သခင်လေး၏ ထို အမူအရာကို ကြည့်ရင်း ရှောင်ချိုတစ်ယောက် အတွေးဝင်လာသည်က -

သခင်လေးသာ ငှက်ဆိုလျှင် ကောင်းကင်သို့ ပျံတက်သွားမည်လားမပြောတတ်။ သို့သော် ထိုအရာက နည်းနည်း မဖြစ်နိုင်ပါ။ အရှင်လင်းမို မည်သည့်နေရာတွင် ရှိနေသည်မှန်း သခင်လေး မသိချေ။

ရှောင်ချို တစ်ယောက်တည်း အတွေးလွန်နေစဥ် လီချန်းယုံက သုတ်သီးသုတ်ပျာဖြင့် ဥယျာဥ်တော်က ထွက်သွားရန် ခြေလှမ်းတို့ ပြင်နေသည်။
"သခင်လေး...ဘယ်သွားမလို့လဲ''

လီချန်းယုံက ရှောင်ချိုကို လှည့်ကြည့်ပြီး စိတ်မရှည်စွာ ပြန်ဖြေသည်။
"ငါသွားစောင့်မလို့လေ...''

ရှောင်ချို မျက်မှောင်ကြုတ်သွားသည်။
"အရှင်လင်းမိုကိုလား၊ ဘယ်မှာသွားစောင့်မလို့လဲ''

လီချန်းယုံက တိုက်ပွဲတွင်းက တည်ဆောက်ထားခဲ့သော မျှော်စင်ကြီးဆီသို့ လက်ညှိုးထိုးပြရင်း ပြန်ဖြေသည်။
"အဲ့ဒီမှာ...အဲ့ဒီကဆို နည်းနည်းပိုနီးသွားမလားလို့''

ရှောင်ချိုမှာ စိတ်မကောင်းဖြစ်သွားသည်။ကောင်းကင်ပြင်မှ နဂါးကို စီးနင်းလာမည့်သူအတွက် မြေပြင်နှင့် ထိုမျှော်စင်သည် များစွာ ကွာခြားမည်မဟုတ်ချေ။ သို့သော် ထိုသည်ကိုမှ သခင်လေးက မျှော်စင်ပေါ်က ရပ်စောင့်ရန် ဆန္ဒရှိနေသည်။

ရှောင်ချို ခေါင်းညိတ်ပြလိုက်သည်။ လီချန်းယုံလှည့်ထွက်သွားသည်နှင့် သူပါ နောက်က လိုက်လာခဲ့သည်။

မျှော်စင်ကြီးမှာ တိုက်ပွဲတွင်းက ထိခိုက်မှုများကြောင့် သစ်သားလှေကားထစ်တို့ ကျိုးပဲ့ကုန်ပြီဖြစ်သည်။ ပျက်စီးသွားသော နန်းတော်အဆောင်တို့ကို ပြင်ဆင်ခဲ့သော်လည်း အသုံးမဝင်တော့သော မျှော်စင်ကြီးကို မည်သူမျှ မပြုပြင်ခဲ့ပေ။

လီချန်းယုံက ကျိုးပဲ့နေသော လှေကားထစ်တို့ကို အလောတကြီးနင်း ပြီး တက်နေသောကြောင့် ရှောင်ချိုက သတိလှမ်းပေးရသည်။

"သခင်လေး...သတိထား''

လီချန်းယုံက လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြသည်။ အမှန်တကယ်ဆို သူအလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။

ထိုကြောင့် ခြေလှမ်းတို့ မြန်မြန်လှမ်းနေသည်။ စိတ်လှုပ်ရှားမှုကြောင့် သတိနှင့် ကိုယ်ကို ဖော့မထားမိပေ။

တစ်နေရာအရောက်တွင် အလုံးစုံမကျိုးပဲ့သော်လည်း ကျိုးပဲ့လုလု ပျဥ်တစ်ချပ်ကို နင်းကာ သူ၏ ခြေထောက် ကျွံဝင်သွားသည်။

"ဝုန်း...''
ရုတ်တရက် ကျိုးပဲ့သွားသော ပျဥ်နှင့် လီချန်းယုံ၏ ခြေထောက်ကျွံဝင်သွားသည်။

ပျဥ်ချပ်က မညီမညာ သစ်သားစများက ထွက်နေသောကြောင့် ကျွံဝင်သွားသော လီချန်းယုံ၏ ခြေထောက် ခိုက်မိသွားသည်။

ပူခနဲ အထိအတွေ့ကြောင့် လီချန်းယုံ၏ မျက်မှောင်တို့ ကြုတ်သွားသည်။ သို့သော် သူ ပါးစပ်ကတော့ နာကျင်သည့် အာမေဋိတ်ထွက်မလာ။

"သခင်လေး...ရရဲ့လား၊ ဖြည်းဖြည်းသွားလို့ ကျွန်တော်ပြောတယ်''
ပြောပြောဆိုဆို ရှောင်ချိုက လီချန်းယုံကို ဆွဲထူသည်။

သစ်သားအစတို့နှင့်ခိုက်မိသွားသော ဘယ်ဘက်ခြေထောက်မှာ ပွန်းပဲ့ပြီး သွေးထွက်လာသည်။

"ရတယ်...ရတယ်''
ဆွဲထူလာသော ရှောင်ချိုကို အားပြုကာ ထရင်း လီချန်းယုံက မတ်တပ်ရပ်သည်။

ဒီတစ်ကြိမ်တော့ လီချန်းယုံသည် ထော့နဲထော့နဲ ဖြင့် ရှောင်ချိုကို တွဲကာ မျှော်စင်ပေါ် ဆက်တက်ရသည်။

မျှော်စင်ထိပ်သို့ ရောက်သောအခါ လီချန်းယုံက အပြေးအလွှားဖြင့် မျှော်စင်၏ အစွန်သို့ သွားရပ်သည်။သို့သော် အပြေးအလွှားသွားသော်လည်း ခြေထောက်နာနေသောကြောင့် ကောင်းကောင်းမပြေးနိုင်။ မျှော်စင်၏ အစွန်းမှ ကောင်းကင်သို့ မော့ကြည့်ရန် လီချန်းယုံ ကြိုးစားလိုက်သည်။

နေက သူနှင့်တည့်တည့်ဖြစ်သောကြောင့် မော့ကြည့်သော လီချန်းယုံ၏ မျက်လုံးများ စူးသွားသည်။ သူကနေကို လက်ဖြင့်ကာပြီး ကောင်းကင်သို့ မော့ကြည့်သည်။

စူးရဲသော နေက သူ့ကို လှောင်နေသလိုပင်။ ပကတိကြည်လင်ရှင်းလင်းနေသော ကောင်းကင်ပြင်တွင် နဂါးမဆိုနှင့် ငှက်တစ်ကောင်၏ အရိပ်အယောင်ပင် မရှိ။

လီချန်းယုံ စိတ်ပျက်သွားခြင်းမရှိ။ လင်းမို ပြန်မလာမချင်း သူထိုနေရာက စောင့်ရန်ဆုံးဖြတ်ထားသည်။

ညီလာခံက ကမန်းကတန်းထသွားပြီး ပြန်မလာတော့သော အိမ်ရှေ့စံကြောင့် အမတ်များသည် ဝေခွဲမရဖြစ်နေသည်။

သူတို့ထပြန်ရမည်လား၊ ဆက်လက်စောင့်ဆိုင်းရမည်လား။

မျှော်စင်ပေါ်မှ ရှောင်ချိုက သခင်လေးညီလာခံတွင် ရှိရမည့်အချိန်ကို ဟေးချိုအော်သောကြောင့် ပြေးထွက်လာသည်ကို ဆက်စပ်စဥ်းစားမိသွားလေသည်။ ဒီအတိုင်းဆို အမတ်တို့ စောင့်နေပေလိမ့်မည်။ ထို့ကြောင့် ရှောင်ချိုက လီချန်းယုံကို ပြောလိုက်သည်။

"သခင်လေး...ကျွန်တော်ညီလာခံခန်းမထဲက အမတ်တွေကိုသွားပြောဦးမယ်''

လီချန်းယုံ ကပြန်မပြော။ သူ၏ အာရုံက လွင့်ပျံ့နေသည်။

"သခင်လေး''
ရှောင်ချိုက ထပ်ခေါ်ရသည်။

"အင်း...''
ထိုအခါမှ လီချန်းယုံဆီက တုံ့ပြန်သံ ထွက်လာသည်။

"သခင်လေး...ဒီက ပြန်မဆင်းနဲ့ဦးနော်။ ခိုင်းမိမှာ စိုးလို့''
ရှောင်ချိုက သတိပေးသွားသည်။

လီချန်းယုံ ခေါင်းသာ ထပ်ညိတ်ပြလိုက်သည်။ အမှန်တော့ သူ၏ စိတ်က သိနေသည်။ သူ လင်းမိုကို မတွေ့ရမချင်း ဒီမျှော်စင်ပေါ်မှ ဆင်းရန် စိတ်မကူးချေ။

ညီလာခံခန်းမက အမတ်များမှာ ရှောင်ချိုလာမှ ဆက်လက်စောင့်ဆိုင်းစရာမလိုတော့ကြောင်း သိသွားသည်။ ထို့ကြောင့် သူတို့လည်း ခန်းမအပြင်သို့ ထွက်လာကြသည်။

ထိုအချိန်၌ စူးရဲစွာ တောက်ပနေသော နေမင်းကြီးမှာ ရုတ်ချင်း တိမ်မဲများ ဖုံးလွှမ်းသွားသည်။

ပြောင်းလဲသွားသော ပတ်ဝန်းကျင်အနေအထားကြောင့် အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုသို့သော ပတ်ဝန်းကျင်ပြောင်းလဲမှုသည် လူများစွာအတွက် ရင်းနှီးနေသည်။ ထို့​ကြောင့်လည်း အကုန်လုံးက အလွန်အမင်း ထိန်လန့်နေသည်။

နတ်ဆိုးဘုရင်လာစဥ်က အခြေအနေမျိုးပင်။

တိုက်ပွဲအတွင်းက နတ်ဆိုးဘုရင်သည် ရုတ်ချည်း အငွေ့ပျံသလို ပျောက်ကွယ်သွားသောကြောင့် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဂဃနဏ မသိရှိကြ။ နတ်ဆိုးဘုရင် အမှန်တကယ် သေဆုံးပြီဟု မည်သူမျှ မဆိုရဲ။ အချိန်အတော်ကြာ ပြန်ပေါ်မလာတော့သောကြောင့် သေဆုံးပြီဟု ကောက်ချက်ချထားခြင်း ဖြစ်သည်။

သို့သော် ယခု ထိုကောက်ချက်တို့ လွဲမှားနေသည်လား မပြောတတ်။

မျှော်စင်မှ လီချန်းယုံသည်လည်း ကောင်းကင်၏ အခြေအနေကို အကဲခတ်နေသည်။ သို့သော် သူက သိပ်ပြီးခြားနားစွာ တုပ်လှုပ်မနေ။ လင်းမိုသေဆုံးပြီးကတည်းက သူ့ကို မည်သည့်အရာကမှ မတုပ်လှုပ်စေတော့။

ယခုလည်း နတ်ဆိုးဘုရင်ရောက်လာမည်ကိုသူမစိုးရိမ်။ သူ၏ စိတ်အစဥ်ကို စိုးမိုးထားသည်က ဟေးချိုကို ဆင့်ခေါ်သော လင်းမိုပင်။

နတ်ဆိုးဘုရင်ပြန်လာသည်ဟူသော စကားသံက တစ်ယောက်မှ တစ်ယောက် ကူးစက်ကာ နန်းတော်တစ်ခုလုံး ပျံ့နှံ့သွားလေသည်။ထို့ကြောင့် စစ်သည်တော်တို့က အသင့်အနေအထားဖြင့် မျှော်စင်ပတ်ပတ်လည်၌ အသင့်နေရာယူထားကြသည်။

လောလောဆည် လီချန်းယုံက သူတို့ကို ဦးဆောင်နေသူဖြစ်သည့်အတွက် သူတို့ကာကွယ်ရချေမည်။

"ဂီး....''
ကောင်းကင်မှ သေမင်းမိစ္ဆာ ငှက်ကြီးများ၏ အော်မြည်သံကို ကြားလိုက်ရသည်။ လီချန်းယုံ မော့ကြည့်သောအခါ စုစုပေါင်းဆယ့်ခြောက်ကောင်။ အရင်တစ်ခါ အရေအတွက်ထက်ပင် များနေသည်။

ငှက်များနီးကပ်လာပြီး မြင်နိုင်သောအတိုင်းအတာ ရောက်၍ ကြည့်လိုက်သောအခါ ထိုငှက်ကြီးများသည် သေမင်းမိစ္ဆာငှက်နှင့် သိပ်မတူပေ။ ရိုးရိုးသာမန်သိမ်းငှက်တို့နှင့် ပို၍တူသည်။ သို့သော် လွန်စွာ မည်းနက်နေသော ကိုယ်ထည်နှင့် သူတို့ဆီက အနက်ရောင် မှော် အငွေ့အသက်တို့ကြောင့် သာမန်ငှက်များ မဟုတ်သည်ကတော့သေချာသည်။

"ဂါး....''
ကျယ်လောင်သော နဂါးကြီး၏ အော်သံက မရှေးမနှောင်းတွင် ပေါ်ထွက်လာသည်။

လီချန်းယုံ ကောင်းကင်ကို မော့ကြည့်သည်။ ဒီတစ်ကြိမ်တော့ မှိန်ဖျဖျ နေအလင်းရောင်က သူ့ကို စူးမသွားချေ။ ဟေးချိုကိုယ်တိုင်ကလည်း နေလုံးကို တည့်တည့်ကျောပေးကာ ပျံသန်းလာခြင်းကြောင့် မစူးခြင်း ဖြစ်သည်။

တစ်စတစ်စနီးလာသော ပုံရိပ်အရ ဟေးချိုကိုယ်ပေါ်တွင် စီးနင်းလာသူ၏ ပုံရိပ်သဏ္ဍာန်ကို ဝေဝါးဝါးတွေ့လိုက်ရသည်။

လီချန်းယုံ အပြည့်အဝ မပျော်ရဲသေး။ စီးနင်းလာသူက နတ်ဆိုးဘုရင်လည်း ဖြစ်နိုင်သည်။ လင်းမိုလည်း ဖြစ်နိုင်သည်။

မြေပြင်မှ အတန်ကွာဝေးနေသော်လည်း မျက်စိဖြင့် မြင်နိုင်သော အကွာအဝေးတွင် ထိုပုံရိပ်ကို လူအများ ထင်ရှားစွာ မြင်လိုက်ရချေသည်။

စီးနင်းလာသူက နတ်ဆိုးဘုရင်ပင်။ မရဏလှံတံကို လက်တစ်ဖက်က ကိုင်ထားပြီး အနက်ရောင်အငွေ့အသက်များလည်း ရနေသည်။

"နတ်ဆိုးဘုရင်ရောက်လာပြီ၊ အိမ်ရှေ့စံကို ကာကွယ်ကြ''
လင်းမို၏ ကိုယ်ရံတော်တပ်များက လင်းမိုအပေါ် အလွန်အမင်း သစ္စာရှိသူများ ဖြစ်သည်။ လင်းမိုမရှိသည့်နောက် လီချန်းယုံကို အသက်နှင့်လဲကာ စောင့်ရှောက်ရန် ဆုံးဖြတ်ထားကြသည်။ ထိုအရာက သူတို့၏ အရှင်လင်းမို သူတို့ကို အဖြစ်ချင်ဆုံးသော အရာဟု သူတို့ယုံကြည်ထားကြသည်။

ပြန်လာသူက လင်းမိုမဟုတ်ဘဲ နတ်ဆိုးဘုရင်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ လီချန်းယုံက သူ၏ စိတ်တို့ကို မထိန်းချုပ်နိုင်။ မိုက်ခနဲလောကကြီးက မှောင်မိုက်သွားသလိုသာ ခံစားလိုက်ရသည်။

လဲမတတ်ဖြစ်သွားသော လီချန်းယုံ အားပြုလိုက်သည်က မျှော်စင်၏ ယိုင်နဲ့နဲ့လက်ရန်းပင်။ ဆိုခဲ့သည့်အတိုင်း အကျိုးအပဲ့အပျက်အစီးများနှင့် မျှော်စင်တွင် လက်ရန်းသည်လည်း အကောင်းမရှိ။

"ဝုန်း...''
လက်ရန်းကသစ်သားချောင်းနှင့်အတူ လီချန်းယုံ ပြုတ်ကျသွားလေသည်။

မြေပြင်သို့ဦးတည်နေသော နတ်ဆိုးဘုရင်သည် မျှော်စင်က ပြုတ်ကျလာသော အဖြူရောင်ပုံရိပ်ကို တွေ့လိုက်ရသောအခါ နဂါးကို အချိန်မီလှည့်စေပြီး ထိုပုံရိပ်ဆီ ဦးတည်သွားသည်။

အောက်က ကိုယ်ရံတော်များမှာ ပြုတ်ကျလာသော အိမ်ရှေ့စံဆီဦးတည်သွားသော နတ်ဆိုးဘုရင်ကြောင့် အလွန်အမင်းစိုးရိမ်သွားကြသည်။ သူတို့ဘာမှ မတတ်နိုင်။

လီချန်းယုံသည်လည်း သူ့ဆီရောက်လာသော နဂါးနှင့် နတ်ဆိုးဘုရင်ကြောင့် မြေပြင်မရောက်မီ သူ့ရင်ဝတွင် မရဏလှံတံက ထုတ်ချင်းဖောင်ဝင်လာမည်ဟု တွက်ထားပြီး ဖြစ်သည်။

သို့သော်...

လီချန်းယုံ မျက်စိများမှိတ်ထားပြီး သေခြင်းကို ငံ့လင့်နေသော်လည်း သူ့ဆီကို ရောက်လာသည်က သေခြင်းတရားမဟုတ်ချေ။

နူးညံ့သော အထိအတွေ့သာ ဖြစ်သည်။ ပြုတ်ကျသွားသော သူ့ကို နဂါးပေါ်မှ ဖမ်းပြီးပွေ့လိုက်သော နတ်ဆိုးဘုရင်ကြောင့် လီချန်းယုံ ကြောင်သွားသည်။

သူမျှော်လင့်ထားသည်က မရဏလှံတံလေ။ ယခုနတ်ဆိုးဘုရင်က လှံတံကိုပစ်ချပြီး သူ့ကို ပွေ့ထားသည်။

လီချန်းယုံ ကြည့်လိုက်သောအခါ မှားစရာမရှိ။ ဖြူစွတ်သောအသားအရည်၊ နက်မှောင်နေသောမျက်လုံးတစ်စုံ၊ အနက်ရောင်သွေးကြောမျှင်များ ယှက်သန်းနေသော လည်ပင်းတို့က နတ်ဆိုးဘုရင်ဖြစ်ကြောင်း သက်သေခံနေသည်။

နတ်ဆိုးဘုရင်က သူ့ကို ငုံ့ကြည့်ပြီး ပြုံးပြသည်။နတ်ဆိုးဘုရင်၏ နှုတ်ခမ်းတစ်ဖက်က သိသာစွာကွေးတက်သွားလေသည်။ ထိုအပြုံးက အမှန်တကယ် မကောင်းဆိုးဝါးဆန်လေသည်။

"အား...''
လီချန်းယုံ နောက်တစ်ကြိမ် ထပ်အော်သည်။
သူမြင်ဖူးသမျှတွင် မကောင်းဆိုးဝါး အဆန်ဆုံး ပြုံးတတ်သူမှာ တစ်ယောက်တည်းသာရှိသည်။

နတ်ဆိုးဘုရင်က တစ်ခုခု ထိခိုက်အောင် လုပ်လိုက်သောကြောင့် အိမ်ရှေ့စံအော်သည်ဟု ထင်မှတ်နေကြသော ကိုယ်ရံတော်တို့ ဓားတို့ ဆွဲထုတ်ကာ အရံသင့်စောင့်နေကြပေသည်။

သို့သော် မည်သူက ထင်မည်လဲ။

နဂါးကြီးမြေပြင်သို့ ရောက်သည်နှင့် ထိုနတ်ဆိုးဘုရင်ကြီးက အိမ်ရှေ့စံကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲသွင်းကာ အနမ်းပန်းတို့ ခြွေနေချေသည်။

သာမန်မျှနမ်းခြင်းပင်မဟုတ်၊ ပြင်းပြစွာ နမ်းရှိုက်နေခြင်း ဖြစ်သည်။ သူတို့၏ နှုတ်ခမ်းလွှာတို့က တစ်သားတည်း ထိစပ်ကာ အနမ်းတို့ ဖလှယ်နေသည်။

အိမ်ရှေ့စံကို ရန်ပြုမည် ထင်ထားသော ကိုယ်ရံတော်တို့မှာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

ယခုအချိန်ထိ ထိုနတ်ဆိုးဘုရင်ကြီးက အိမ်ရှေ့စံကို ထိခိုက်အောင်မလုပ်သေးချေ။ အသက်ရှုရပ်မတတ် အတင်းအကျပ် နမ်းရှိုက်နေခြင်းသာ ရှိသည်။

ပို၍ဆိုးသည်က အိမ်ရှေ့စံသည်လည်း ရုန်းကန်ခြင်း မရှိ။ အလိုတူ အလိုပါ အနမ်းများကို တုံ့ပြန်နေသည်။

ရှောင်ချိုက အခြေအနေရိပ်စားမိသောကြောင့် ဟေးချိုနား ပြေးသွားသည်။ထင်သည့်အတိုင်း ပြန်လာသူက အရှင်လင်းမိုပင်။ နဂါးစီးနင်းသူအရှင်ဆီက အစွမ်းဖြင့် ဟေးချို လူအသွင် ပြန်ပြောင်းသွားချေသည်။

ဒီတစ်ကြိမ်တော့ အလိုက်သိသူက ဟေးချိုပင်။ သည်နေရာတွင် ဆက်ရှိနေပါက သူတို့အော်လွှတ်ခံရချေမည်။

သူ၏ တာဝန်က အရှင်လင်းမိုကို သွားခေါ်ခြင်းသာ ဖြစ်သည်။ ထိုတာဝန်ပြီးဆုံးသောကြောင့် သူကရှောင်ချိုလက်ကို ဆွဲပြီး ထိုနေရာမှ ကပျာကယာ ထွက်လာသည်။

လူရာချီနေသော နေရာတွင် သူလီချန်းယုံကို အတင်းနမ်းနေမိမှန်း သတိရသွားသည်နှင့် လင်းမိုက ရပ်ကြည့်နေသူတို့ကို လှမ်းပြောသည်။

"ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား''

ကိုယ်ရံတော်တို့မှာ ဇဝေဇဝါဖြစ်သွားသည်။

ထိုအခါမှ လင်းမိုသည် သူသည် နတ်ဆိုးဘုရင်အသွင်အပြင်နှင့် ဖြစ်နေမှန်း အသိဝင်လာသည်။ သူက နောက်ဆုံးတိုက်ပွဲတွင် နတ်ဆိုးတို့ လိုက်နာရသည့် အလေ့အထ ဖြစ်သော သေမျိုးလောကသို့ရောက်လာပါက လူသားတို့နှင့် မဖြစ်မနေ အပေးအယူတစ်ခု ပြုလုပ်ရသည်ဆိုသော အလေ့ကို အသုံးချခဲ့ခြင်း ဖြစ်သည်။

လင်းမိုက နတ်ဆိုးဘုရင်နှင့် အပေးအယူလုပ်ခဲ့ခြင်းဖြစ်သည်။ သူလုပ်ခဲ့သည့် အပေးအယူက. . .

ဝိညာဥ်လဲခြင်းပင်။

မရဏလှံတံ စိုကိဝင်နေပြီး အသက်မရှိတော့သော သူ၏ ခန္ဓာကိုယ်ကို နတ်ဆိုးရောက်သွားချိန်တွင် သူသေဆုံးနေပြီဖြစ်သည်။ နတ်ဆိုး၏ ဝိညာဥ်သည်လည်း ထိုခန္ဓာတွင် ပိတ်မိကာ မီးနှင့်အတူ ပါသွားချေသည်။

နတ်ဆိုးဘုရင်က ထိုအပေးအယူကို ငြင်းဆန်ခွင့်မရှိ။ ဆိုခဲ့သည့်အတိုင်း လူသားတို့က အပေးအယူကမ်းလှမ်းလာပါက တစ်ခုကို မဖြစ်မနေ လက်ခံရချေသည်။ လင်းမိုက ထိုအချက်ကို ပါးနပ်စွာ အသုံးချခဲ့ခြင်း ဖြစ်သည်။ သူသေဆုံးသွားသော်လည်း ဝိညာဥ်က နတ်ဆိုး၏ ခန္ဓာထဲသို့ ရောက်သွားသည်။

သူက မွေးဖွားလာသော နတ်ဆိုးဘုရင်အသစ်ကဲ့သို့ ဖြစ်သွားသောကြောင့် လူလောက၏ အတားအဆည်းတိူ့ကို ကျင့်သားမရဘဲ ပျောက်သွားခြင်း ဖြစ်သည်။ ဒီအတောအတွင်း လူ့လောကသို့ ပြန်လာရန် နည်းမျိုစုံ ကြိုးပမ်းခဲ့သည်။

အစွမ်းထက်လွန်းသောသူ၏ ခန္ဓာကို ကျင့်သားရလာသည်နှင့် ဟေးချိုကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

နဂါးနှင့် နဂါးစီးနင်းသူအရှင်မှာ အသက်ဝိညာဥ် နှင့် ဆက်စပ်ထားသောကြောင့် သူ၏ ဝိညာဥ်အကောင်းအတိုင်းရှိ သရွေ့ သူက နဂါးစီးနင်းသူအရှင်ပင်။ တစ်ဆက်တည်း နတ်ဆိုးဘုရင်၏ ခန္ဓာကို ရထားသောကြောင့် နတ်ဆိုးလောကကို အစိုးရသော အရှင်လည်း ဖြစ်သည်။ သူသာ လီချန်းယုံကို လက်ထပ်ပြီး တောင်နှင့်မြောက်ကို ပေါင်းစည်းလိုက်ပါက လင်းမိုသည် အမှန်တကယ် ဆယ့်ခြောက်ပြည်ထောင် ပြည့်ရှင်လည်း ဖြစ်လာလိမ့်မည်။ လင်းမိုသည် အမှန်တကယ် အောင်နိုင်သူ အရှင်စစ်စစ်ပင်။

လင်းမိုက သူ၏ နတ်ဆိုးဘုရင်ရုပ်သွင်ကို သာမန်လူသားအသွင်ပြောင်းလဲလိုက်သည်။

လင်းမိုကိုတွေ့လိုက်ရသော ကိုယ်ရံတော်တို့က ဝမ်းသာအားရ ဒူးထောက်အရိုအသေပေးကြသည်။

လင်းမိုက အကုန်လက်ကာပြကာ ထွက်သွားခိုင်းသည်။
"ရပြီ...ရပြီ သွားတော့''

ကိုယ်ရံတော်များထွက်သွားမှ လီချန်းယုံက လင်းမို၏ ပါးပြင်ကို ပွတ်သပ်ပြီး ပြောသည်။
"တော်သေးတာပေါ့၊ မင်းအသွင်ပြောင်းလို့ရလို့၊ မင်းရုပ်ဆိုးကြီးသာဆိုရင် ငါထားသွားတော့မလို့''

လင်းမို၏ အကြည့်တို့က စူးရဲသွားသည်။ သူက လီချန်းယုံ၏ နားသို့ကပ်ပြီး တီးတိုးပြောသည်။
"အားယုံ...ဒီသတ္တိတွေ ဘယ်ကရလာတာလဲ။ အဲ့ဒီသတ္တိတွေ ခဏနေရင် ကျန်ပါဦးမလား''

လီချန်းယုံက ကြောက်ရွံ့ဟန်မပြဘဲ သဘောကျစွာ ရယ်နေသည်။

စည်းမစောင့်သော သူ၏ နှုတ်ခမ်းလေးကတော့ တောင်ပိုင်းဘုရင်ကြီးမှ နတ်ဆိုးဘုရင်ကြီးသို့ ရာထူးတက်သွားသော တစ်စုံတစ်ယောက်၏ သိမ်းပိုက်ခြင်းကိုခံလိုက်ရလေသည်။
______________________________________________________________________

(ဒီလောက်ဆို အောင်နိုင်သူအရှင်ရဲ့ အဓိပ္ပါယ်ကို နားလည်လောက်ပြီလို့ ယုံကြည်ပါတယ်)

(Note...အားလုံးပဲ Heatherက 18ရက်နေ့မှ ာစာမေးပွဲရှိတာကြောင့် သည်လောက်နဲ့ ခဏနားပါမယ်နော်...အတူတူစာမေးပွဲဖြေရမယ့် သူလေးတွေလည်း စာကျက်ကြပါနော်။ စာမေးပွဲမရှိတဲ့သူတွေလည်း ပူပြင်းလာတဲ့ March လကြီးကို ဂရုစိုက်ကြပါလို့။

အပိုင်းတွေကျန်သေးတာမလို့ ရင်ခုန်စွာစောင့်ပေးပါဦး။

Legendary Phoneix က ဖုန်ဟွေ့ကို အသဲစွဲ ချစ်တဲ့သူလေးတွေလည်း စာမေးပွဲပြီးရင် ကိုကြီးဖုန်ဟွေ့ရဲ့ ဘဝင်လေဟပ်မှုကြီးနဲ့ ဥာဏ်နီဥာဏ်နက်တွေကို ရှုစားရပါမယ်လို့....ဟွားဝူချင်ရဲ့ ချောမောနေမှူကြီးနဲ့ ချေတာလေးတွေက အပိုပေါ့။ သူတို့ဘယ်လို ro မလဲဆိုတာ အရမ်းရင်ခုန်တယ်မလား>< တူတူပဲရင်ခုန်ပါတယ်။

See you after the EXAM, my beloved readers,

Heather ❤

Zawgyi

လီခ်န္းယုံမွာ သူမည္သို႔မွ် ဟန္မေဆာင္နိုင္ေအာင္ ဂဏာမၿငိမ္ျဖစ္ေနရသည္။ သူသည္ ဥယ်ာဥ္ေတာ္အတြင္း ေခါက္တုံ႕ေခါက္ျပန္လမ္းေလွ်ာက္ကာ မိုးေပၚသို႔ ေမာ့ၾကည့္ေနသည္။

သခင္ေလး၏ အမူအရာကို ၾကည့္ရင္း ေရွာင္ခ်ိဳတစ္ေယာက္ အေတြးဝင္လာသည္က...

သခင္ေလးသာ ငွက္ဆိုလွ်င္ ေကာင္းကင္သို႔ ပ်ံတက္သြားမည္လားမေျပာတတ္။ သို႔ေသာ္ ထိုအရာက နည္းနည္း မျဖစ္နိုင္ပါ။ အရွင္လင္းမို မည္သည့္ေနရာတြင္ ရွိေနသည္မွန္း သခင္ေလး မသိေခ်။

ေရွာင္ခ်ိဳ တစ္ေယာက္တည္း အေတြးလြန္ေနစဥ္ လီခ်န္းယုံက သုတ္သီးသုတ္ျပာျဖင့္ ဥယ်ာဥ္ေတာ္က ထြက္သြားရန္ ေျခလွမ္းတို႔ ျပင္ေနသည္။
"သခင္ေလး...ဘယ္သြားမလို႔လဲ''

လီခ်န္းယုံက ေရွာင္ခ်ိဳကို လွည့္ၾကည့္ၿပီး စိတ္မရွည္စြာ ျပန္ေျဖသည္။
"ငါသြားေစာင့္မလို႔ေလ...''

ေရွာင္ခ်ိဳ မ်က္ေမွာင္ၾကဳတ္သြားသည္။
"အရွင္လင္းမိုကိုလား...ဘယ္မွာသြားေစာင့္မလို႔လဲ''

လီခ်န္းယုံက တိုက္ပြဲတြင္းက တည္ေဆာက္ထားခဲ့ေသာ ေမွ်ာ္စင္ႀကီးဆီသို႔ လက္ညွိုးထျပရင္း ျပန္ေျဖသည္။
"အဲ့ဒီမွာ...အဲ့ဒီကဆို နည္းနည္းပိုနီးသြားမလားလို႔''

ေရွာင္ခ်ိဳမွာ စိတ္မေကာင္းျဖစ္သြားသည္။ေကာင္းကင္ျပင္မွ နဂါးကို စီးနင္းလာမည့္သူအတြက္ ေျမျပင္ႏွင့္ ထိုေမွ်ာ္စင္မွ မ်ားစြာ ကြာျခားမည္မဟုတ္ေခ်။ သို႔ေသာ္ ထိုသည္ကိုမွ သခင္ေလးက ေမွ်ာ္စင္ေပၚက ရပ္ေစာင့္ရန္ ဆႏၵရွိေနသည္။

ေရွာင္ခ်ိဳေခါင္းၿငိမ့္ျပလိုက္သည္။ လီခ်န္းယုံလွည့္ထြက္သြားသည္ႏွင့္ သူပါ ေနာက္က လိုက္လာခဲ့သည္။

ေမွ်ာ္စင္ႀကီးမွာ တိုက္ပြဲတြင္းက ထိခိုက္မႈမ်ားေၾကာင့္ သစ္သားေလွကားထစ္တို႔ က်ိဳးပဲ့ကုန္ၿပီျဖစ္သည္။ ပ်က္စီးသြားေသာ နန္းေတာ္အေဆာင္တို႔ကို ျပင္ဆင္ခဲ့ေသာ္လည္း အသုံးမဝင္ေတာ့ေသာ ေမွ်ာ္စင္ႀကီးကို မည္သူမွ် မျပဳျပင္ခဲ့ေပ။

လီခ်န္းယုံက က်ိဳးပဲ့ေနေသာ ေလွကားထစ္တို႔ကို အေလာတႀကီးနင္း ၿပီး တက္ေနေသာေၾကာင့္ ေရွာင္ခ်ိဳက သတိလွမ္းေပးရသည္။

"သခင္ေလး...သတိထား''

လီခ်န္းယုံမွာ လွည့္မၾကည့္ပဲ ေခါင္းၿငိမ့္ျပသည္။ အမွန္တကယ္ဆို သူအလြန္အမင္း စိတ္လႈပ္ရွားေနေလသည္။

ထိုေၾကာင့္ ေျခလွမ္းတို႔ ျမန္ျမန္လွမ္းေနသည္။ စိတ္လႈပ္ရွားမႈေၾကာင့္ သတိႏွင့္ ကိုယ္ကို ေဖာ့မထားမိေပ။

တစ္ေနရာအေရာက္တြင္ အလုံးစုံမက်ိဳးပဲ့ေသာ္လည္း က်ိဳးပဲ့လုလု ပ်ဥ္တစ္ခ်ပ္ကို နင္းကာ သူ၏ ေျခေထာက္ ကြၽံဝင္သြားသည္။

"ဝုန္း...''
႐ုတ္တရက္ က်ိဳးပဲ့သြားေသာ ပ်ဥ္ႏွင့္ လီခ်န္းယုံ၏ ေျခေထာက္ကြၽံဝင္သြားသည္။

ပ်ဥ္ခ်ပ္က မညီမညာ သစ္သားစမ်ားက ထြက္ေနေသာေၾကာင့္ ကြၽံဝင္သြားေသာ လီခ်န္းယုံ၏ ေျခေထာက္ ခိုက္မိသြားသည္။

ပူခနဲ အထိအေတြ႕ေၾကာင့္ လီခ်န္းယုံ၏ မ်က္ေမွာင္တို႔ ၾကဳတ္သြားသည္။ သို႔ေသာ္ သူ ပါးစပ္ကေတာ့ နာက်င္သည့္ အာေမဋိတ္ထြက္မလာ...

"သခင္ေလး...ရရဲ႕လား။ ျဖည္းျဖည္းသြားလို႔ ကြၽန္ေတာ္ေျပာတယ္''
ေျပာေျပာဆိုဆို ေရွာင္ခ်ိဳက လီခ်န္းယုံကို ဆြဲထူသည္။

သစ္သားအစတို႔ႏွင့္ခိုက္မိသြားေသာ ဘယ္ဘက္ေျခေထာက္မွာ ပြန္းပဲ့ၿပီး ေသြးထြက္လာသည္။

"ရတယ္...ရတယ္''
ဆြဲထူလာေသာ ေရွာင္ခ်ိဳကို အားျပဳကာ ထရင္း လီခ်န္းယုံက မတ္တပ္ရပ္သည္။

သည္တစ္ႀကိမ္ေတာ့ လီခ်န္းယုံသည္ ေထာ့နဲေထာ့နဲ ျဖင့္ ေရွာင္ခ်ိဳကို တြဲကာ ေမွ်ာ္စင္ေပၚ ဆက္တက္ရသည္။

ေမွ်ာ္စင္ထိပ္သို႔ ေရာက္ေသာအခါ လီခ်န္းယုံက အေျပးအလႊားျဖင့္ ေမွ်ာ္စင္၏ အစြန္သို႔ သြားရပ္သည္။သို႔ေသာ္ အေျပးအလႊားသြားေသာ္လည္း ေျခေထာက္နာေနေသာေၾကာင့္ ေကာင္းေကာင္းမေျပးနိုင္။ ေမွ်ာ္စင္၏ အစြန္းမွ ေကာင္းကင္သို႔ ေမာ့ၾကည့္ရန္ လီခ်န္းယုံ ႀကိဳးစားလိုက္သည္။

ေနက သူႏွင့္တည့္တည့္ျဖစ္ေသာေၾကာင့္ ေမာ့ၾကည့္ေသာ လီခ်န္းယုံ၏ မ်က္လုံးမ်ား စူးသြားသည္။ သူကေနကို လက္ျဖင့္ကာၿပီး ေကာင္းကင္သို႔ ေမာ့ၾကည့္သည္။

စူးရဲေသာ ေနက သူ႕ကို ေလွာင္ေနသလိုပင္။ ပကတိၾကည္လင္ရွင္းလင္းေနေသာ ေကာင္းကင္ျပင္တြင္ နဂါးမဆိုႏွင့္ ငွက္တစ္ေကာင္၏ အရိပ္အေယာင္ပင္ မရွိ။

လီခ်န္းယုံ စိတ္ပ်က္သြားျခင္းမရွိ။ လင္းမို ျပန္မလာမခ်င္း သူထိုေနရာက ေစာင့္ရန္ဆုံးျဖတ္ထားသည္။

ညီလာခံက ကမန္းကတန္းထသြားၿပီး ျပန္မလာေတာ့ေသာ အိမ္ေရွ႕စံေၾကာင့္ အမတ္မ်ားသည္ ေဝခြဲမရျဖစ္ေနသည္။

သူတို႔ထျပန္ရမည္လား...ဆက္လက္ေစာင့္ဆိုင္းရမည္လား...

ေမွ်ာ္စင္ေပၚမွ ေရွာင္ခ်ိဳက သခင္ေလးညီလာခံတြင္ ရွိရမည့္အခ်ိန္ကို ေဟးခ်ိဳေအာ္ေသာေၾကာင့္ ေျပးထြက္လာသည္ကို ဆက္စပ္စဥ္းစားမိသြားေလသည္။ သည္အတိုင္းဆို အမတ္တို႔ ေစာင့္ေနေပလိမ့္မည္။ ထို႔ေၾကာင့္ ေရွာင္ခ်ိဳက လီခ်န္းယုံကို ေျပာလိုက္သည္။

"သခင္ေလး...ကြၽန္ေတာ္ညီလာခံခန္းမထဲက အမတ္ေတြကိုသြားေျပာဦးမယ္''

လီခ်န္းယုံ ကျပန္မေျပာ။ သူ၏ အာ႐ုံက လြင့္ပ်ံ့ေနသည္။

"သခင္ေလး!''
ေရွာင္ခ်ိဳက ထပ္ေခၚရသည္။

"အင္း...''
ထိုအခါမွ လီခ်န္းယုံဆီက တုံ႕ျပန္သံ ထြက္လာသည္။

"သခင္ေလး...ဒီက ျပန္မဆင္းနဲ႕ဦးေနာ္။ ခိုင္းမိမွာ စိုးလို႔''
ေရွာင္ခ်ိဳက သတိေပးသြားသည္။

လီခ်န္းယုံ ေခါင္းသာ ၿငိမ့္ျပလိုက္သည္။ အမွန္ေတာ့ သူ၏ စိတ္က သိေနသည္။ သူ လင္းမိုကို မေတြ႕ရမခ်င္း သည္ေမွ်ာ္စင္ေပၚမွ ဆင္းရန္ စိတ္မကူးေခ်။

ညီလာခံခန္းမက အမတ္မ်ားမွာ ေရွာင္ခ်ိဳလာမွ ဆက္လက္ေစာင့္ဆိုင္းစရာမလိုေတာ့ေၾကာင္း သိသြားသည္။ ထို႔ေၾကာင့္ သူတို႔လည္း ခန္းမအျပင္သို႔ ထြက္လာၾကသည္။

ထိုအခ်ိန္၌ စူးရဲစြာ ေတာက္ပေနေသာ ေနမင္းႀကီးမွာ ႐ုတ္ခ်င္း တိမ္မဲမ်ား ဖုံးလႊမ္းသြားသည္။

ေျပာင္းလဲသြားေသာ ပတ္ဝန္းက်င္အေနအထားေၾကာင့္ အကုန္လုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသည္။

ထိုသို႔ေသာ ပတ္ဝန္းက်င္ေျပာင္းလဲမႈသည္ လူမ်ားစြာအတြက္ ရင္းႏွီးေနသည္။ ထို႔ေၾကာင့္လည္း အကုန္လုံးက အလြန္အမင္း ထိန္လန့္ေနသည္။

နတ္ဆိုးဘုရင္လာစဥ္က အေျခအေနမ်ိဳးပင္...

တိုက္ပြဲအတြင္းက နတ္ဆိုးဘုရင္သည္ ႐ုတ္ခ်ည္း အေငြ႕ပ်ံသလို ေပ်ာက္ကြယ္သြားေသာေၾကာင့္ ထိုအေၾကာင္းအရာႏွင့္ ပတ္သက္၍ ဂဃနဏ မသိရွိၾက။ နတ္ဆိုးဘုရင္ အမွန္တကယ္ ေသဆုံးၿပီဟု မည္သူမွ် မဆိုရဲ။ အခ်ိန္အေတာ္ၾကာ ျပန္ေပၚမလာေတာ့ေသာေၾကာင့္ ေသဆုံးၿပီဟု ေကာက္ခ်က္ခ်ထားျခင္း ျဖစ္သည္။

သို႔ေသာ္ ယခု ထိုေကာက္ခ်က္တို႔ လြဲမွားေနသည္လား မေျပာတတ္။

ေမွ်ာ္စင္မွ လီခ်န္းယုံသည္လည္း ေကာင္းကင္၏ အေျခအေနကို အကဲခတ္ေနသည္။ သို႔ေသာ္ သူက သိပ္ၿပီးျခားနားစြာ တုပ္လႈပ္မေန။ လင္းမိုေသဆုံးၿပီးကတည္းက သူ႕ကို မည္သည့္အရာကမွ မတုပ္လႈပ္ေစေတာ့။

ယခုလည္း နတ္ဆိုးဘုရင္ေရာက္လာမည္ကိုသူမစိုးရိမ္။ သူ၏ စိတ္အစဥ္ကို စိုးမိုးထားသည္က ေဟးခ်ိဳကို ဆင့္ေခၚေသာ လင္းမိုပင္။

နတ္ဆိုးဘုရင္ျပန္လာသည္ဟူေသာ စကားသံက တစ္ေယာက္မွ တစ္ေယာက္ ကူးစက္ကာ နန္းေတာ္တစ္ခုလုံး ပ်ံ့ႏွံ႕သြားေလသည္။ထို႔ေၾကာင့္ စစ္သည္ေတာ္တို႔က အသင့္အေနအထားျဖင့္ ေမွ်ာ္စင္ပတ္ပတ္လည္၌ အသင့္ေနရာယူထားၾကသည္။

ေလာေလာဆည္ လီခ်န္းယုံက သူတို႔ကို ဦးေဆာင္ေနသူျဖစ္သည့္အတြက္ သူတို႔ကာကြယ္ရေခ်မည္။

"ဂီး....''
ေကာင္းကင္မွ ေသမင္းမိစ္ဆာ ငွက္ႀကီးမ်ား၏ ေအာ္ျမည္သံကို ၾကားလိုက္ရသည္။ လီခ်န္းယုံ ေမာ့ၾကည့္ေသာအခါ စုစုေပါင္းဆယ့္ေျခာက္ေကာင္..အရင္တစ္ခါ အေရအတြက္ထက္ပင္ မ်ားေနသည္။

ငွက္မ်ားနီးကပ္လာၿပီး ျမင္နိုင္ေသာအတိုင္းအတာ ေရာက္၍ ၾကည့္လိုက္ေသာအခါ ထိုငွက္ႀကီးမ်ားသည္ ေသမင္းမိစ္ဆာငွက္ႏွင့္ သိပ္မတူေပ။ ရိုးရိုးသာမန္သိမ္းငွက္တို႔ႏွင့္ ပို၍တူသည္။ သို႔ေသာ္ လြန္စြာ မည္းနက္ေနေသာ ကိုယ္ထည္ႏွင့္ သူတို႔ဆီက အနက္ေရာင္ ေမွာ္ အေငြ႕အသက္တို႔ေၾကာင့္ သာမန္ငွက္မ်ား မဟုတ္သည္ကေတာ့ေသခ်ာသည္။

"ဂါး....''
က်ယ္ေလာင္ေသာ နဂါးႀကီး၏ ေအာ္သံက မေရွးမႏွောင္းတြင္ ေပၚထြက္လာသည္။

လီခ်န္းယုံ ေကာင္းကင္ကို ေမာ့ၾကည့္သည္။ သည္တစ္ႀကိမ္ေတာ့ မွိန္ဖ်ဖ် ေနအလင္းေရာင္က သူ႕ကို စူးမသြားေခ်။ ေဟးခ်ိဳကိုယ္တိုင္ကလည္း ေနလုံးကို တည့္တည့္ေက်ာေပးကာ ပ်ံသန္းလာျခင္းေၾကာင့္ မစူးျခင္း ျဖစ္သည္။

တစ္စတစ္စနီးလာေသာ ပုံရိပ္အရ ေဟးခ်ိဳကိုယ္ေပၚတြင္ စီးနင္းလာသူ၏ ပုံရိပ္သ႑ာန္ကို ေဝဝါးဝါးေတြ႕လိုက္ရသည္။

လီခ်န္းယုံ အျပည့္အဝ မေပ်ာ္ရဲေသး။ စီးနင္းလာသူက နတ္ဆိုးဘုရင္လည္း ျဖစ္နိုင္သည္။ လင္းမိုလည္း ျဖစ္နိုင္သည္။

ေျမျပင္မွ အတန္ကြာေဝးေနေသာ္လည္း မ်က္စိျဖင့္ ျမင္နိူင္ေသာ အကြာအေဝးတြင္ ထိုပုံရိပ္ကို လူအမ်ား ထင္ရွားစြာ ျမင္လိုက္ရေခ်သည္။

စီးနင္းလာသူက နတ္ဆိုးဘုရင္ပင္...မရဏလွံတံကို လက္တစ္ဖက္က ကိုင္ထားၿပီး အနက္ေရာင္အေငြ႕အသက္မ်ားလည္း ရေနသည္။

"နတ္ဆိုးဘုရင္ေရာက္လာၿပီ...အိမ္ေရွ႕စံကို ကာကြယ္ၾက''
လင္းမို၏ ကိုယ္ရံေတာ္တပ္မ်ားက လင္းမိုအေပၚ အလြန္အမင္း သစၥာရွိသူမ်ား ျဖစ္သည္။ လင္းမိုမရွိသည့္ေနာက္ လီခ်န္းယုံကို အသက္ႏွင့္လဲကာ ေစာင့္ေရွာက္ရန္ ဆုံးျဖတ္ထားၾကသည္။ ထိုအရာက သူတို႔၏ အရွင္လင္းမို သူတို႔ကို အျဖစ္ခ်င္ဆုံးေသာ အရာပင္ ျဖစ္လိမ့္မည္။

လီခ်န္းယုံမွာ ျပန္လာသူက လင္းမိုမဟုတ္ပဲ နတ္ဆိုးဘုရင္ျဖစ္ေနသည္ကို ေတြ႕လိုက္ရေသာအခါ သူ၏ စိတ္တို႔ကို မထိန္းခ်ဳပ္နိုင္။ မိုက္ခနဲေလာကႀကီးက ေမွာင္မိုက္သြားသလိုသာ ခံစားလိုက္ရသည္။

လဲမတတ္ျဖစ္သြားေသာ လီခ်န္းယုံ အားျပဳလိုက္သည္က ေမွ်ာ္စင္၏ ယိုင္နဲ႕နဲ႕လက္ရန္းပင္။ ဆိုခဲ့သည့္အတိုင္း အက်ိဳးအပဲ့အပ်က္အစီးမ်ားႏွင့္ ေမွ်ာ္စင္တြင္ လက္ရန္းသည္လည္း အေကာင္းမရွိ။

"ဝုန္း...''
လက္ရန္းကသစ္သားေခ်ာင္းႏွင့္အတူ လီခ်န္းယုံ ျပဳတ္က်သြားေလသည္။

ေျမျပင္သို႔ဦးတည္ေနေသာ နတ္ဆိုးဘုရင္သည္ ေမွ်ာ္စင္ကာ ျပဳတ္က်လာေသာ အျဖဴေရာင္ပုံရိပ္ကို ေတြ႕လိုက္ရေသာ နဂါးကို အခ်ိန္မီလွည့္ေစၿပီး ထိုပုံရိပ္ဆီ ဦးတည္သြားသည္။

ေအာက္က ကိုယ္ရံေတာ္မ်ားမွာ ျပဳတ္က်လာေသာ အိမ္ေရွ႕စံဆီဦးတည္သြားေသာ နတ္ဆိုးဘုရင္ေၾကာင့္ အလြန္အမင္းစိုးရိမ္သြားၾကသည္။ သူတို႔ဘာမွ မတတ္နိုင္။

လီခ်န္းယုံသည္လည္း သူ႕ဆီေရာက္လာေသာ နဂါးႏွင့္ နတ္ဆိုးဘုရင္ေၾကာင့္ ေျမျပင္မေရာက္မီ သူ႕ရင္ဝတြင္ မရဏလွံတံက ထုတ္ခ်င္းေဖာင္ဝင္လာမည္ဟု တြက္ထားၿပီး ျဖစ္သည္။

သို႔ေသာ္...

လီခ်န္းယုံ မ်က္စိမ်ားမွိတ္ထားၿပီး ေသျခင္းကို ငံ့လင့္ေနေသာ္လည္း သူ႕ဆီကို ေရာက္လာသည္က ေသျခင္းတရားမဟုတ္ေခ်။

ႏူးညံ့ေသာ အထိအေတြ႕သာ ျဖစ္သည္။ ျပဳတ္က်သြားေသာ သူ႕ကို နဂါးေပၚမွ ဖမ္းၿပီးေပြ႕လိုက္ေသာ နတ္ဆိုးဘုရင္ေၾကာင့္ လီခ်န္းယုံ ေၾကာင္သြားသည္။

သူေမွ်ာ္လင့္ထားသည္က မရဏလွံတံေလ...ယခုနတ္ဆိုးဘုရင္က လွံတံကိုပစ္ခ်ၿပီး သူ႕ကို ေပြ႕ထားသည္။

လီခ်န္းယုံ ၾကည့္လိုက္ေသာအခါ မွားစရာမရွိ။ ျဖဴစြတ္ေသာအသားအရည္၊ နက္ေမွာင္ေနေသာမ်က္လုံးတစ္စုံ၊ အနက္ေရာင္ေသြးေၾကာမွ်င္မ်ား ယွက္သန္းေနေသာ လည္ပင္းတို႔က နတ္ဆိုးဘုရင္ျဖစ္ေၾကာင္း သက္ေသခံေနသည္။

နတ္ဆိုးဘုရင္က သူ႕ကို ငုံ႕ၾကည့္ၿပီး ၿပဳံးျပသည္။နတ္ဆိုးဘုရင္၏ ႏႈတ္ခမ္းတစ္ဖက္က သိသာစြာေကြးတက္သြားေလသည္။ ထိုအၿပဳံးက အမွန္တကယ္ မေကာင္းဆိုးဝါးဆန္ေလသည္။

"အား...''
လီခ်န္းယုံ ေနာက္တစ္ႀကိမ္ ထပ္ေအာ္သည္။
သူျမင္ဖူးသမွ်တြင္ မေကာင္းဆိုးဝါး အဆန္ဆုံး ၿပဳံးတတ္သူမွာ တစ္ေယာက္တည္းသာရွိသည္။

နတ္ဆိုးဘုရင္က တစ္ခုခု ထိခိုက္ေအာင္ လုပ္လိုက္ေသာေၾကာင့္ အိမ္ေရွ႕စံေအာ္သည္ဟု ထင္မွတ္ေနၾကေသာ ကိုယ္ရံေတာ္တို႔ ဓားတို႔ ဆြဲထုတ္ကာ အရံသင့္ေစာင့္ေနၾကေပသည္။

သို႔ေသာ္ မည္သူက ထင္မည္လဲ...

နဂါးႀကီးေျမျပင္သို႔ ေရာက္သည္ႏွင့္ ထိုနတ္ဆိုးဘုရင္ႀကီးက အိမ္ေရွ႕စံကို သူ၏ ရင္ခြင္အတြင္းသို႔ ဆြဲသြင္းကာ အနမ္းပန္းတို႔ ေႁခြေနေခ်သည္။

သာမန္မွ်နမ္းျခင္းပင္မဟုတ္...ျပင္းျပစြာ နမ္းရွိုက္ေနျခင္း ျဖစ္သည္။ သူတို႔၏ ႏႈတ္ခမ္းလႊာတို႔က တစ္သားတည္းထိစပ္ကာ အနမ္းတို႔ ဖလွယ္ေနသည္။

အိမ္ေရွ႕စံကို ရန္ျပဳမည္ထင္ထားေသာ ကိုယ္ရံေတာ္တို႔မွာ ေၾကာင္အမ္းအမ္း ျဖစ္ေနၾကသည္။

ယခုအခ်ိန္ထိ ထိုနတ္ဆိုးဘုရင္ႀကီးက အိမ္ေရွ႕စံကို ထိခိုက္ေအာင္မလုပ္ေသးေခ်။ အသက္ရႈရပ္မတတ္ အတင္းအၾကပ္ နမ္းရွိုက္ေနျခင္းသာ ရွိသည္။

ပို၍ဆိုးသည္က အိမ္ေရွ႕စံသည္လည္း ႐ုန္းကန္ျခင္း မရွိ။ အလိုတူအလိုပါ အနမ္းမ်ားကို တုံ႕ျပန္ေနသည္။

ေရွာင္ခ်ိဳက အေျခအေနရိပ္စားမိေသာေၾကာင့္ ေဟးခ်ိဳနားေျပးသြားသည္။သူထင္သည့္အတိုင္း ျပန္လာသူက အရွင္လင္းမိုပင္။ နဂါးစီးနင္းသူအရွင္ဆီက အစြမ္းျဖင့္ ေဟးခ်ိဳ လူအသြင္ ျပန္ေျပာင္းသြားေခ်သည္။

သည္တစ္ႀကိမ္ေတာ့ အလိုက္သိသူက ေဟးခ်ိဳပင္။ သည္ေနရာတြင္ ဆက္ရွိေနပါက သူတို႔ေအာ္လႊတ္ခံရေခ်မည္။

သူ၏ တာဝန္က အရွင္လင္းမိုကို သြားေခၚျခင္းသာ ျဖစ္သည္။ ထိုတာဝန္ၿပီးဆုံးေသာေၾကာင့္ သူကေရွာင္ခ်ိဳလက္ကို ဆြဲၿပီး ထိုေနရာမွ ကပ်ာကယာ ထြက္လာသည္။

လူရာခ်ီေနေသာ ေနရာတြင္ သူလီခ်န္းယုံကို အတင္းနမ္းေနမိမွန္း သတိရသြားသည္ႏွင့္ လင္းမိုက ရပ္ၾကည့္ေနသူတို႔ကို လွမ္းေျပာသည္။

"သည္အတိုင္း ရပ္ၾကည့္ေနေတာ့မွာလား''

ကိုယ္ရံေတာ္တို႔မွာ ဇေဝဇဝါျဖစ္သြားသည္။

ထိုအခါမွ လင္းမိုသည္ သူသည္ နတ္ဆိုးဘုရင္အသြင္အျပင္ႏွင့္ ျဖစ္ေနမွန္း အသိဝင္လာသည္။ သူက ေနာက္ဆုံးတိုက္ပြဲတြင္ နတ္ဆိုးတို႔ လိုက္နာရသည့္ အေလ့အထ ျဖစ္ေသာ ေသမ်ိဳးေလာကသို႔ေရာက္လာပါက လူသားတို႔ႏွင့္ မျဖစ္မေန အေပးအယူတစ္ခု ျပဳလုပ္ရသည္ဆိုေသာ အေလ့ကို အသုံးခ်ခဲ့ျခင္း ျဖစ္သည္။

လင္းမိုက နတ္ဆိုးဘုရင္ႏွင့္ အေပးအယူလုပ္ခဲ့ျခင္းပင္။ သူလုပ္ခဲ့သည့္ အေပးအယူက...

ဝိညာဥ္လဲျခင္းပင္။

မရဏလွံတံ စိုကိဝင္ေနၿပီး အသက္မရွိေတာ့ေသာ သူ၏ ခႏၶာကိုယ္ကို နတ္ဆိုးေရာက္သြားခ်ိန္တြင္ သူေသဆုံးေနၿပီျဖစ္သည္။ နတ္ဆိုး၏ ဝိညာဥ္သည္လည္း ထိုခႏၶာတြင္ ပိတ္မိကာ မီးႏွင့္အတူ ပါသြားေခ်သည္။

နတ္ဆိုးဘုရင္က ထိုအေပးအယူကို ျငင္းဆန္ခြင့္မရွိ။ ဆိုခဲ့သည့္အတိုင္း လူသားတို႔က အေပးအယူကမ္းလွမ္းလာပါက တစ္ခုကို မုဖစ္မေန လက္ခံရေခ်သည္။ လင္းမိုက ထိုအခ်က္ကို ပါးနပ္စြာ အသုံးခ်ခဲ့ျခင္း ျဖစ္သည္။ သူေသဆုံးသြားေသာ္လည္း ဝိညာဥ္က နတ္ဆိုး၏ ခႏၶာထဲသို႔ ေရာက္သြားသည္။

သူက ေမြးဖြားလာေသာ နတ္ဆိုးဘုရင္အသစ္ကဲ့သို႔ ျဖစ္သြားေသာေၾကာင့္ လူေလာက၏ အတားအဆည္းတိူ႕ကို က်င့္သားမရဘဲ ေပ်ာက္သြားျခင္း ျဖစ္သည္။ သည္အေတာအတြင္း လူ႕ေလာကသို႔ ျပန္လာရန္ နည္းမ်ိဳစုံ ႀကိဳးပမ္းခဲ့သည္။

အစြမ္းထက္လြန္းေသာသူ၏ ခႏၶာကို က်င့္သားရလာသည္ႏွင့္ ေဟးခ်ိဳကို ဆင့္ေခၚခဲ့ျခင္း ျဖစ္သည္။

နဂါးႏွင့္ နဂါးစီးနင္းသူအရွင္မွာ အသက္ဝိညာဥ္ ႏွင့္ ဆက္စပ္ထားေသာေၾကာင့္ သူ၏ ဝိညာဥ္အေကာင္းအတိုင္းရွိ သေ႐ြ႕ သူက နဂါးစီးနင္းသူအရွင္ပင္။ တစ္ဆက္တည္း နတ္ဆိုးဘုရင္၏ ခႏၶာကို ရထားေသာေၾကာင့္ နတ္ဆိုးေလာကကို အစိုးရေသာ အရွင္လည္း ျဖစ္သည္။ သူသာ လီခ်န္းယုံကို လက္ထပ္ၿပီး ေတာင္ႏွင့္ေျမာက္ကို ေပါင္းစည္းလိုက္ပါက လင္းမိုသည္ အမွန္တကယ္ ဆယ့္ေျခာက္ျပည္ေထာင္ ျပည့္ရွင္လည္း ျဖစ္လာလိမ့္မည္။ လင္းမိုသည္ အမွန္တကယ္ ေအာင္နိုင္သူ အရွင္စစ္စစ္ပင္။

လင္းမိုက သူ၏ နတ္ဆိုးဘုရင္႐ုပ္သြင္ကို သာမန္လူသားအသြင္ေျပာင္းလဲလိုက္သည္။

လင္းမိုကိုေတြ႕လိုက္ရေသာ ကိုယ္ရံေတာ္တို႔က ဝမ္းသာအားရ ဒူးေထာက္အရိုအေသေပးၾကသည္။

လင္းမိုက အကုန္လက္ကာျပကာ ထြက္သြားခိုင္းသည္။
"ရၿပီ...ရၿပီ သြားေတာ့''

ကိုယ္ရံေတာ္မ်ားထြက္သြားမွ လီခ်န္းယုံက လင္းမို၏ ပါးျပင္ကို ပြတ္သပ္ၿပီး ေျပာသည္။
"ေတာ္ေသးတာေပါ့...မင္းအသြင္ေျပာင္းလို႔ရလို႔...မင္း႐ုပ္ဆိုးႀကီးသာဆိုရင္ ငါထားသြားေတာ့မလို႔''

လင္းမို၏ အၾကည့္တို႔က စူးရဲသြားသည္။ သူက လီခ်န္းယုံ၏ နားသို႔ကပ္ၿပီး တီးတိုးေျပာသည္။
"အားယုံ...ဒီသတၱိေတြ ဘယ္ကရလာတာလဲ။ အဲ့ဒီသတၱိေတြ ေနာက္တစ္နာရီေလာက္ဆို က်န္ပါဦးမလား''

လီခ်န္းယုံက ေၾကာက္႐ြံ႕ဟန္မျပဘဲ သေဘာက်စြာ ရယ္ေနသည္။

စည္းမေစာင့္ေသာ သူ၏ ႏႈတ္ခမ္းေလးကေတာ့ ေတာင္ပိုင္းဘုရင္ႀကီးမွ နတ္ဆိုးဘုရင္ႀကီးသို႔ ရာထူးတက္သြားေသာ တစ္စုံတစ္ေယာက္၏ သိမ္းပိုက္ျခင္းကိုခံလိုက္ရေလသည္။
______________________________________________________________________

(ဒီေလာက္ဆို ေအာင္နိုင္သူအရွင္ရဲ႕ အဓိပ္ပါယ်ကို နားလည္ေလာက္ၿပီလို႔ ယုံၾကည္ပါတယ္)

(Note...အားလုံးပဲ Heatherက 18ရက္ေန႕မွ ာစာေမးပြဲရွိတာေၾကာင့္ သည္ေလာက္နဲ႕ ခဏနားပါမယ္ေနာ္...အတူတူစာေမးပြဲေျဖရမယ့္ သူေလးေတြလည္း စာက်က္ၾကပါေနာ္။ စာေမးပြဲမရွိတဲ့သူေတြလည္း ပူျပင္းလာတဲ့ March လႀကီးကို ဂ႐ုစိုက္ၾကပါလို႔။

အပိုင္းေတြက်န္ေသးတာမလို႔ ရင္ခုန္စြာေစာင့္ေပးပါဦး။

Legendary Phoneix က ဖုန္ေဟြ႕ကို အသဲစြဲ ခ်စ္တဲ့သူေလးေတြလည္း စာေမးပြဲၿပီးရင္ ကိုႀကီးဖုန္ေဟြ႕ရဲ႕ ဘဝင္ေလဟပ္မႈႀကီးနဲ႕ ဥာဏ္နီဥာဏ္နက္ေတြကို ရႈစားရပါမယ္လို႔....ဟြားဝူခ်င္ရဲ႕ ေခ်ာေမာေနမႉႀကီးနဲ႕ ေခ်တာေလးေတြက အပိုေပါ့။ သူတို႔ဘယ္လို ro မလဲဆိုတာ အရမ္းရင္ခုန္တယ္မလား>< တူတူပဲရင္ခုန္ပါတယ္။

See you after the EXAM, my beloved readers,

Heather






Continue Reading

You'll Also Like

4.8K 556 7
Unicode ရှင်းသန့်၏ ဘဝတွင် ဘာဘီအရုပ်တစ်ရုပ်ကို ဆရာတင်ရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပါ။ ပိုဆိုးသည်က အနှီဘာဘီရုပ်ထဲရှိလူမှာ ယောကျ်ားတစ်ယောက်ဖြစ်နေလိမ်...
1.9K 529 42
"පිස්සුද ? නැත්තම් හැටිද?? මම ලේ බීලත් නෑ බොන්නෙත් නෑ !!" "ඒත් උඹ වැම්පයර් කෙනෙක්??එහෙම නේ ?? අනේ නිකන් පලයන් යන්න !! ලේ බොන්නැත්තම් කොහොමද උඹ වැම්පය...
10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
553K 64.5K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...