နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၄၃ (Zawgyi + Unicode)

12K 1.9K 29
By Kay_Wine

{Zawgyi}

“က်ဳပ္ဘယ္ကလာတယ္ဆိုတာ ခင္ဗ်ားခန႔္မွန္းႏိုင္မွာ မဟုတ္ဘူးလို႔ေျပာသားပဲ” ပိုင္ရန္ဆက္ၿပီး ဟန္ေဆာင္ေနတယ္ “ၾကည့္ရတာ က်ဳပ္တို႔မွာ တကယ့္ကိုေရစက္ရွိေနပုံရတယ္ မိတ္ေဆြ၊ ခင္ဗ်ားမ်က္လုံးထဲမွာ ေကာင္းကင္ေနမင္းေဆးလုံးက တန္ဖိုးမျဖတ္ႏိုင္ေပမယ့္ က်ဳပ္အတြက္ကေတာ့ အမႈိက္တစ္စေလာက္ပဲရွိတယ္… ခင္ဗ်ားကက်ဳပ္ကိုကယ္ေပးတယ္ဆိုေတာ့လည္း က်ဳပ္ခင္ဗ်ားရဲ႕သေဘာထားကို သေဘာက်တယ္၊ ခင္ဗ်ားကို ဒါေပးလိုက္မယ္”

ပိုင္ရန္ သူ႔ဝတ္႐ုံလက္ေအာက္က ေႂကြပုလင္းေလးကို ဆြဲထုတ္ၿပီး ဇာတ္လိုက္ဆီပစ္ေပးလိုက္တယ္။

ဇာတ္လိုက္သတိလက္လြတ္ ဖမ္းလိုက္တယ္။ သူကအ႐ူးမဟုတ္တာေၾကာင့္ တစ္စုံတစ္ခုဆိုတာကိုေတာ့ သတိထားမိလိုက္တယ္။ သူက “စီနီယာဒီကိုဘာလို႔လာတာပါလဲ? ခင္ဗ်ားေျပာလိုက္႐ုံနဲ႔ အဲ့တာကေကာင္းကင္ေနမင္းေဆးလုံးဆိုတာကို ယုံလိုက္လို႔ရပါ့မလား? အဲ့တာမျဖစ္ႏိုင္ဘူးလား*****?”

ပိုင္ရန္သူ႔ရဲ႕သတိႀကီးပုံကိုေလးစားသြားတယ္ “အမွန္တိုင္းေျပာမယ္ ေကာင္စုတ္ေလး၊ ငါမင္းကိုလာရွာတာ”

“ကြၽန္ေတာ့္ကိုလာရွာတာ?” ဇာတ္လိုက္မ်က္ခုံးပင့္လိုက္ၿပီး မ်က္လုံးေတြကလည္း သတိအေနအထားျဖစ္ေနတယ္ “ဘာလို႔လဲ?”

“မင္းက နဂါးႏိုင္ဓားပိုင္ရွင္ျဖစ္ေနလို႔ေပါ့” ပိုင္ရန္ေျပာလိုက္တယ္။ “ငါမင္းကို ဝိဉာဥ္အေျခတည္အဆင့္ကိုျမန္ျမန္ေရာက္ေစခ်င္တယ္၊ မင္းရဲ႕ကိုယ္ထည္ကအသစ္တစ္ဖန္ျပန္လည္ေမြးဖြားလာေတာ့မွ ငါမင္းနဲ႔နဂါးႏိုင္ဓားနဲ႔ကို ခြဲထုတ္လို႔ရမွာ”

‘မင္းကိုသင့္ေတာ္တဲ့နည္းလမ္းနဲ႔ ေကာင္းကင္ေနမင္းေဆးလုံးေပးႏိုင္ေအာင္ ငါအမ်ားႀကီးအားထုတ္ထားရတာေနာ္’

ဇာတ္လိုက္တုန္လႈပ္သြားၿပီး မ်က္လုံးသူငယ္အိမ္ေတြပါ က်ယ္သြားတယ္ “ကြၽန္ေတာ္ဘယ္သူမွန္း ခင္ဗ်ားသိေနတယ္?”

“ဒါေပါ့ မင္းဘယ္သူမွန္းငါသိတာေပါ့” ပိုင္ရန္ခက္ခဲနက္နဲတဲ့အေရာင္အဝါထုတ္ျပလိုက္တယ္။ “မင္းဝိဉာဥ္အေျခတည္အဆင့္မေရာက္ခင္ မေသေအာင္အစြမ္းကုန္ႀကိဳးစားေကာင္စုတ္ေလး… ငါမင္းဆီက နဂါးႏိုင္ဓားလာယူမွာကို ေစာင့္ေနလိုက္”

သူေျပာၿပီးတာနဲ႔ ဇာတ္လိုက္ကိုလ်စ္လ်ဴရႈလိုက္တယ္။ ေခါင္းမိုးေပၚက ခုန္ခ်ၿပီး လူအုပ္ၾကားမွာတိုးဝင္ေပ်ာက္ကြယ္သြားတယ္။

“ေရွာင္လင္း၊ အခုငါ့ရဲ႕ေနာက္ပိုင္း viewကအရမ္းမိုက္ေနတယ္မွတ္လား?” သူသ႐ုပ္ေဆာင္လို႔ၿပီးတာနဲ႔ ပိုင္ရန္ထြက္ေျပးလာခဲ့ေပမယ့္ ခုထိမူးေနတုန္းပဲ။

“ျဖစ္ႏိုင္ပါတယ္ေလ” ေရွာင္လင္းေျပာလိုက္တယ္ “ဇာတ္လိုက္ကေကာင္းကင္ေနမင္းေဆးလုံးကို စားမယ္လို႔ထင္လား?”

“စားမွာေပါ့… သူကဉာဏ္ေကာင္းတာပဲကို” ပိုင္ရန္က “ငါခန႔္မွန္းရသေလာက္ သူေကာင္းကင္ေနမင္းေဆးလုံးကို တိမ္လႊာပ်ံဝဲက အႀကီးအကဲဖီဆီကို ယူသြားၿပီး ဟုတ္လားမဟုတ္လားစစ္လိမ့္မယ္၊ သူဆုံးျဖတ္ၿပီးရင္ သူစားလိမ့္မယ္”

“ဒါေပမယ့္ သခင္ကသူ႔ကိုၿခိမ္းေျခာက္လိုက္တယ္မွတ္လား? သူစမ္းၾကည့္ဖို႔ ႀကိဳးစားပါ့မလား?”

“သူ႔စ႐ိုက္အရဆိုရင္ ေၾကာက္တာေၾကာင့္ က်င့္ႀကံျခင္းကို လက္ေလွ်ာ့လိုက္မယ္လို႔ မင္းတကယ္ထင္လို႔လား?”

ေရွာင္လင္းခဏေလာက္ေတြးၿပီး ေခါင္းၿငိတ္လိုက္တယ္ “ဟုတ္သားပဲ၊ သူ႔လို႔အက်င့္ရွိတဲ့သူက အရႈံးေပးဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။

သူ႔တာဝန္ၿပီးသြားတဲ့ပိုင္ရန္ေလးကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေရွ႕ကို ခ်ီတက္သြားတယ္။

“သခင္ ကြၽန္မတို႔အခုဘယ္သြားေနတာလဲ?” ေရွာင္လင္းသိလိုစိတ္နဲ႔ ေမးလိုက္တယ္။

“ေရာက္ရင္ မင္းသိမွာေပါ့” ပိုင္ရန္သူ႔အႀကံကို လွ်ိဳ႕ဝွက္ထားၿပီး ေနာက္ေတာက္ေတာက္ၿပဳံးေနတယ္။

ပိုင္ရန္ အစုံေရာင္းတဲ့စတိုးဆိုင္တစ္ခုထဲဝင္သြားတယ္။ ဆိုင္ကအေတာ္ေဝးတာေၾကာင့္ စီးပြားေရးကလည္း အဲ့ေလာက္မေကာင္းဘူး။ ဆိုင္ရွင္က အသက္ေလးဆယ္ ငါးဆယ္ေလာက္ရွိၿပီး စားပြဲခုံကိုမွီကာ ႏွပ္ေနတယ္။

“ဆိုင္ရွင္”

ပိုင္ရန္ေလွ်ာက္ဝင္သြားတယ္။ ဆိုင္ရွင္ကလန႔္ႏိုးသြားၿပီး ေခါင္းေမာ့ကာသမ္းေဝလိုက္တယ္။ “ဂုဏ္သေရရွိဧည့္သည္ခင္ဗ်ာ၊ ဘာဝယ္ခ်င္လို႔ပါလဲ? ကိုယ္တိုင္ေ႐ြးလို႔ရပါတယ္… ကြၽန္ေတာ္တို႔ေရာင္းတဲ့ပစၥည္းေတြက အစစ္အမွန္ေတြဆိုတာ အာမခံပါတယ္၊ လူႀကီးလူငယ္မခြဲျခားထားပါဘူး… အကုန္လုံးကေဈးသက္သာၿပီး ဧည့္သည္သာဝယ္သြားရင္ အစစ္ဆိုတာသိရလိမ့္မယ္လို႔ ေျပာရဲပါတယ္”

ပိုင္ရန္ဆိုင္ကို ခဏေလာက္လွည့္ပတ္ၾကည့္ၿပီး ေခါင္းလွည့္ကာေျပာလိုက္တယ္ “ဆိုင္ရွင္ ကြၽန္ေတာ္သတင္းေလးဝယ္ခ်င္လို႔”

ဆိုင္ရွင္က ဆက္ၿပဳံးေနၿပီး အမူအယာကမေျပာင္းလဲသြားဘူး “ဂုဏ္သေရရွိဧည့္သည္ခင္ဗ်ာ ကြၽနေတာ္တို႔က သတင္းမေရာင္းပါဘူး”

ပိုင္ရန္ၿပဳံးၿပီး ပါးစပ္ဟလိုက္တယ္ “ေဝးကြာလွတဲ့ေကာင္းကင္ေတြမွာ ေလနဲ႔မိုးခိုက္ရန္ျဖစ္ပြားခ်ိန္ ေႏြဦးမွာေတာ့ ပန္းပြင့္ေတြေဝဆာေနတယ္”

ပိုင္ရန႔္ဆီက ထိုစကားလုံးေတြၾကားေတာ့ ဆိုင္ရွင္ရဲ႕အမူအယာက နားလည္ရခက္စြာေျပာင္းလဲသြားတယ္ “ဒီအရွင္ငယ္ေလးက ဘယ္သတင္းကိုဝယ္ခ်င္ပါလဲ?”

စာအုပ္ထဲမွာ ဒီေနရာကို ေလသံနားဆင္ခန္းမရဲ႕တည္ေနရာေတြထဲက တစ္ခုလို႔ေဖာ္ျပထားတယ္။ ဝတၱဳထဲမွာ ေလသံနားဆင္ခန္းမက သတင္းအခ်က္အလက္ေတြကို အထူးစုေဆာင္းတဲ့ လွ်ိဳ႕ဝွက္အဖြဲ႕ျဖစ္တယ္။ မင္းေပးႏိုင္ေနသေ႐ြ႕ ဘယ္လိုသတင္းကိုမဆို ဝယ္ယူႏိုင္တယ္။

ပိုင္ရန္သူ႔ေဘးနားက ပန္းအိုးကိုကိုင္ၿပီး စကားေျပာလာတယ္ “ဆိုင္ရွင္ ကြၽန္ေတာ္ကသတင္းတုဝယ္ခ်င္တာ”

ဆိုင္ရွင္ ေၾကာင္သြားတယ္ “သတင္းတု?”

“တကယ္လို႔တစ္ေယာက္ေယာက္က မင္းဆီကေနခုနစ္စင္ၾကယ္သားေတာ္နဲ႔ ပက္သက္တဲ့သတင္းလာဝယ္ရင္ ျပန္ေျဖရမွာက ‘ခုနစ္စင္ၾကယ္သားေတာ္က ေျမာက္အရပ္ကလာၿပီး သူတို႔ရဲ႕ကိုယ္မွာ ခုနစ္စင္ၾကယ္အမွတ္အသားရွိတယ္… ေယာက်ာ္းေလးေရာ မိန္းကေလးေရာျဖစ္ႏိုင္တယ္’ လို႔”

ဆိုင္ရွင္က ပိုင္ရန႔္စကားလုံးေတြကို နားေထာင္ၿပီး အမူအယာကေတာ့ မေျပာင္းလဲဘူး။

လူအမ်ားက ေလသံနားဆင္ခန္းမက သတင္းပဲေရာင္းတယ္လို႔ ယူဆၾကေပမယ့္ သူတို႔သတိမထားမိတာက သူတို႔ေတြက ေကာလဟာလေတြလည္း ျဖန႔္ႏိုင္ၾကတယ္ဆိုတာပဲ။ ေလသံနားဆင္ခန္းမရဲ႕ သတင္းအမ်ားစုကအမွန္ျဖစ္တယ္၊ အေျခအေနႏွစ္ခုကလြဲလို႔ေပါ့ တစ္အခ်က္က ေလသံနားဆင္ခန္းမက တကယ့္တကယ္အမွားႀကီးကို သတင္းကိုမွန္တယ္လို႔ထင္သြားတာရယ္၊ ေနာက္ႏွစ္အခ်က္က တစ္စုံတစ္ေယာက္က ေလသံနားဆင္ခန္းမကေန သတင္းအတုလႊင့္တာရယ္။

ပိုင္ရန္ၿပဳံးလိုက္တယ္ “မင္းလက္ခံရင္ အရည္အေသြးျမင့္ဝိဉာဥ္ေက်ာက္တုံး တစ္ေထာင္ေပးမယ္”

ဆိုင္ရွင္ အသာေလးေခါင္းငုံ႔ကာ “ဒါဆိုလည္း ကြၽန္ေတာ္တို႔ ဒီအေရာင္းအဝယ္ကို လက္ခံပါတယ္”

ပိုင္ရန္ဆက္ေျပာတယ္ “ေလသံနားဆင္ခန္းမကေန ကြၽန္ေတာ္ေတာင္းဆိုခ်င္တဲ့တစ္ခုခုရွိေသးတယ္”
ဆိုင္ရွင္က ေျပာတယ္ “ဂုဏ္သေရရွိဧည့္သည္ခင္ဗ်ာ ဘာမ်ားၫႊန္ၾကားလိုပါေသးလဲ?”

“ေလသံနားဆင္ခန္းမကို ခုနစ္စင္ၾကယ္သားေတာ္က မူလအစကေတာင္ဘက္ကလို႔ သတင္းလႊင့္ေစခ်င္တယ္”

ဆိုင္ရွင္တုန႔္ဆိုင္းေနၿပီး “ဂုဏ္သေရရွိဧည့္သည္ခင္ဗ်ာ ကြၽန္ေတာ္တို႔ကသတင္းပဲေရာင္းတာပါ၊ ေကာလဟာလျဖန႔္တာကိုေတာ့ တာဝန္မယူႏိုင္ပါဘူး”

ပိုင္ရန္ၿပဳံးကာ “တကယ္လား?”

ဆိုင္ရွင္ဘာမွမတုန႔္ျပန္ဘူး။

“လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းက ၾကည္ႏူးနဂါးၿမိဳ႕ေတာ္မွာ အဖိုးတန္ရတနာမွာတစ္ခုခုျဖစ္သြားတယ္ဆိုၿပီး ႐ုတ္တရက္စကားတစ္ခြန္းထြက္လာတယ္ေလ၊ အဲ့လိုသိလိုက္တဲ့လူအမ်ားႀကီးက ေလသံနားဆင္ခန္းမကေနေရာင္းလိုက္တဲ့ သတင္းကေန ဘယ္လိုရတနာလဲဆိုတာသိသြားတာ… တကယ့္အမွန္က ရတနာတစ္ခုခုျဖစ္သြားတယ္ဆိုတဲ့ သတင္းကိုလည္း ေလသံနားဆင္ခန္းမကလႊင့္လိုက္တာပဲ၊ အဲ့လိုပုံစံတူတစ္ခုလည္း လြန္ခဲ့တဲ့သုံးႏွစ္ကျဖစ္ခဲ့ေသးတယ္… ေလသံနားဆင္ခန္းမက ေပ်ာ္ေပ်ာ္ႀကီးလုပ္ခဲ့တာ ဘာလို႔ငါ့က်မွ လာျငင္းေနရတာလဲ?”

ဆိုင္ရွင္တုန္လႈပ္သြားတယ္ “မင္းဘယ္သူလဲ? အဲ့တာဘယ္လိုသိတာလဲ?”

ပိုင္ရန္ပေဟဠိဆန္စြာၿပဳံးလိုက္တယ္ ‘ငါကဘယ္သူလဲ? ငါကမူရင္းဝတၳဳကို ဖတ္ထားတဲ့သူကြ!’ [T/N : ဂုဏ္ဆာ]

အဲ့အစားသူေျပာလိုက္တာက “ငါဘယ္သူလဲဆိုတာ မစစ္ေဆးေတာ့ဘူးလား? ေနာက္ထပ္ဝိဉာဥ္ေက်ာက္တုံး တစ္ေထာင္ထပ္ေပးမယ္… အဲ့လိုဆိုက်ဳပ္နဲ႔စီးပြားေရးကို လက္ခံၿပီလား?”

သူ႔ရဲ႕စိတ္အေႏွာင့္အယွက္ျဖစ္သလိုအမူအယာက ေတာက္ေလွ်ာက္ေျပာင္းသြားတယ္ “ဂုဏ္သေရရွိလူႀကီးမင္း ခဏေလာက္ေစာင့္ေပးပါ၊ ကြၽန္ေတာ္သြားေမးလိုက္ပါမယ္”

ပိုင္ရန္သူ႔ကိုလ်စ္လ်ဴရႈထားၿပီး သူ႔လက္ထဲကပန္းအိုးကို ငုံ႔ၾကည့္လိုက္တယ္။

ဆိုင္ရွင္ကအတြင္းထဲေလွ်ာက္သြားၿပီး အၾကာႀကီးေနမွျပန္ထြက္လာတယ္။ သူကပိုင္ရန႔္ကို “ကြၽန္ေတာ့္ဆရာက လက္ခံလိုက္ၿပီ”

“ေကာင္းတယ္!” ပိုင္ရန္သူ႔လက္သူခပ္ဖြဖြပုတ္ကာ အိတ္တစ္ခုကိုဆြဲထုတ္ၿပီး ဆိုင္ရွင္ကိုေပးလိုက္တယ္။ “အထဲမွာ ဝိဉာဥ္ေက်ာက္တုံး ႏွစ္ေထာင္ရွိတယ္… မင္းဆရာက ငါေတာင္းဆိုထားတာကို ၿပီးေျမာက္ေအာင္လုပ္ေဆာင္ေပးဖို႔ ေမွ်ာ္လင့္တယ္ေနာ္၊ ေလသံနားဆင္ခန္းမရဲ႕ဂုဏ္သိကၡာကို ယုံလိုက္မယ္”

ဆိုင္ရွင္က အိတ္ကိုယူလိုက္ၿပီး သူ႔မ်က္လုံးေတြက မ်ဥ္းေျဖာင့္တန္းတစ္ခုျဖစ္လုနီးပါး အၿပဳံးႀကီးၿပဳံးေနခဲ့တယ္။ ဝိဉာဥ္ေက်ာက္တုံးႏွစ္ေထာင္ဆိုတာ သာမာန္လူတစ္ေယာက္အတြက္ အဆမတန္မ်ားတဲ့ေငြပမာဏျဖစ္ၿပီး သူ႔ေရွ႕ကလူကေတာ့ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ေပးပစ္ႏိုင္တယ္။ သူကတကယ္ကို သေဘာထားႀကီးတာပဲ။

“ဂုဏ္သေရရွိလူႀကီးမင္း စိတ္ခ်လက္ခ်သာေနပါ၊ ၿပီးေျမာက္ေစရပါမယ္”

“ဒါဆိုရင္လည္း ကြၽန္ေတာ္ကပဲႀကိဳၿပီး ေလသံနားဆင္ခန္းမကို ေက်းဇူးတင္တယ္ေနာ္” ပိုင္ရန္ေဖ်ာ့ေဖ်ာ့ေလးၿပဳံးၿပီး ေနာက္လွည့္ထြက္သြားတယ္။

ပိုင္ရန္ထြက္လာတာနဲ႔ ေရွာင္လင္းက “သခင္က ေလသံနားဆင္ခန္းမကို သြားခ်င္ခဲ့တာပဲ”

“မင္းသိသြားၿပီေပါ့”

“သတင္းတုလႊင့္လိုက္လို႔ ဘာျဖစ္လာႏိုင္လဲ?”

“ဇာတ္လိုက္ရဲ႕ပုံစံအမွန္ကို မဖုံးႏိုင္မွာစိုးလို႔ မျဖစ္ခင္လူေတြဇေဝဇဝါျဖစ္ေအာင္ အလိမ္အညာေတြလႊင့္ထားတာ”

“အသုံးဝင္ပါ့မလား?”

“ေတာင္ပိုင္းကလာတဲ့လူႏွစ္ေယာက္က အရမ္းထူးျခားတယ္ဆိုတာ ငါမွတ္မိတယ္၊ ေယာက်ာ္းတစ္ေယာက္ မိန္းမတစ္ေယာက္… အဆုံးမွာ ေယာက်ာ္းက ဇာတ္လိုက္သတ္တာခံရၿပီး မိန္းမကက်ေတာ့ဇာတ္လိုက္ရဲ႕ ေမာင္းမေဆာင္ထဲတစ္စိတ္တစ္ပိုင္းေရာက္သြားတယ္”

ေရွာင္လင္းခဏေလာက္ေတြးေတာၿပီး ေျပာလာတယ္ “ဟုတ္သားပဲ… ဝတၳဳရဲ႕အလယ္ေလာက္မွာ ဇာတ္လိုက္ျပန္ေမြးဖြားတဲ့ ဖီးနစ္ၿမိဳ႕ေတာ္မွာ အဲ့ဇာတ္ေၾကာင္းျဖစ္သြားတာပဲ”

“ဟုတ္တယ္ အဲ့ႏွစ္ေယာက္ထဲကတစ္ေယာက္က ခုနစ္စင္ၾကယ္သားေတာ္ျဖစ္ႏိုင္တယ္ဆိုတာ လူေတြေတြးမိသြားေအာင္ လုပ္ႏိုင္သေ႐ြ႕ ဇာတ္လိုက္အႏၲရာယ္ကင္းႏိုင္တယ္”

“ေဝါင္း သခင္! အရမ္းေတာ္တယ္ေနာ္”

“ငါ့ကို လာေျမႇာက္မေနနဲ႔” ပိုင္ရန္မေနႏိုင္ဘဲ ၿပဳံးမိတယ္။

အားလုံးလုပ္ၿပီးေတာ့ ပိုင္ရန္အေျခခ်ရာစခန္းကို ျပန္သြားဖို႔လုပ္လိုက္တယ္။ နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုလူသားနယ္ေျမမွာ လြတ္လြတ္လပ္လပ္သြားလာခြင့္ေပးထားၿပီး ေလာ့က်န္းဖန္နဲ႔တန္းတူ အနက္ေရာင္အေစာင့္ဆယ္ေယာက္ကိုလည္း အမိန႔္ေပးႏိုင္ေအာင္ထားေပးတယ္။ ဒါေၾကာင့္ ပိုင္ရန္လူသားနယ္ေျမကို လာေတာ့ ေလာ့က်န္းဖန္ကိုမေတြ႕ေတာ့ဘဲ တျခားဟာေတြပဲအေျပးအလႊားလုပ္ေနခဲ့တယ္။

Teleportationသုံးၿပီး ေလာ့က်န္းဖန္တည္ေထာင္ထားတဲ့ လွ်ိဳ႕ဝွက္စခန္းကိုအျမန္ဆုံးေရာက္ရွိလာတယ္။ ေနာက္ဆုံးအႀကိမ္တုန္းက သူ႔ရဲ႕က်င့္ႀကံျခင္းကတိုးတက္လာတယ္ဆိုေတာ့ သူ႔ကိုဘယ္အေစာင့္မွမေတြ႕လိုက္ဘူး။ ပိုင္ရန္စည္းကိုဒီတိုင္း ျဖတ္ေလွ်ာက္လာတယ္။

သူအခန္းထဲေတာင္မဝင္ရေသးဘူး အထဲကထြက္လာတဲ့အသံကို ၾကားလိုက္ရတယ္။

“အရွင္ ေဒါသမထြက္ဘူးလား? အရွင္မင္းႀကီးကဘာလို႔ အရွင့္ကိုအခုလိုဆက္ဆံရတာလဲ? ရွဲ႕ဇီထ်န္းလိုအဆင့္နိမ့္တဲ့သူက ဘယ္လိုမ်က္ႏွာခ်ိဳေသြးရမယ္ဆိုတာပဲသိတာ… သူကအရွင္ႀကီးကိုကူညီၿပီး ဆုႀကီးေပါက္သြားတာ… ကြၽန္ေတာ္ၾကားတာေတာ့ အရွင္ႀကီးကသူ႔ကို ကိုယ္တိုင္ကုေပး႐ုံတင္မကဘူး လူသားနယ္ေျမမွာလည္း အရွင့္လက္ေအာက္ေနစရာမလိုဘဲ အနက္ေရာင္အေစာင့္တစ္အုပ္နဲ႔ လြတ္လြတ္လပ္လပ္သြားခြင့္ေပးထားတယ္တဲ့” ရင္းႏွီးေနတဲ့အသံကပဲ ဆက္ၿပီးညည္းျငဴတယ္။ “အရွင္ႀကီးက အရွင္တို႔ႏွစ္ေယာက္ကို တဆင့္တည္းရွိတယ္လို႔ဆိုလိုခ်င္တာပဲ… ဒါေပမယ့္အရွင္က ရွဲ႕ဇီထ်န္းမေရာက္ခင္တည္းက လူသားနယ္ေျမကိုလာခဲ့တာ ၾကာလွၿပီ! အခုေနရာကိုေရာက္ဖို႔ ေသြး၊ ေခြၽး မ်က္ရည္ေတြဘယ္ေလာက္ေတာင္ ေပးဆပ္ထားရလဲ? ရွဲ႕ဇီထ်န္းဘာလုပ္ခဲ့လို႔လဲ? သူေရာက္လာတာနဲ႔ အရွင္နဲ႔တဆင့္တည္းေနႏိုင္ေအာင္ ဘာလုပ္ခဲ့လို႔လဲ?”

အခ်ိန္ခဏေနေတာ့ ေလာ့က်န္းဖန္ရဲ႕မေႏွးမျမန္အသံထြက္ေပၚလာတယ္။

“အရွင္မင္းႀကီးမွာ သူ႔အစီအစဥ္နဲ႔သူရွိမွာေပါ့… မင္းကဘာေတြစိတ္တိုေနတာလဲ?”

ပိုင္ရန္အစကေတာ့ ဒီတိုင္းအတင္းတိုးဝင္သြားၿပီး ရပ္လိုက္ေစခ်င္တာ။

“ဒါေပမယ့္ အရွင္ရယ္ အရွင္ႀကီးက ရွဲ႕ဇီထ်န္းကိုအရမ္းဘက္လိုက္ေနတယ္! သူကအရွင္ႀကီးကို တစ္ခါပဲကူခဲ့တာကို အရွင္က်ေတာ့ေရာ? အရွင္က အစီအစဥ္ေတြခ်ၿပီး ရွိသမွ်ခြန္အားေတြနဲ႔ လူသားနယ္ေျမမွာ ႏွစ္ေတြအမ်ားႀကီး လုပ္လာခဲ့တာေတာင္ အရွင္ႀကီးက ခုထိအသိအမွတ္မျပဳေသးဘူး… အရွင္ ကြၽန္ေတာ္ထင္တာေတာ့ အရွင္နတ္ဆိုးနယ္ေျမကိုျပန္ၿပီး ကိုယ့္ကိုယ္ကို ျပသမွျဖစ္ေတာ့မယ္ မဟုတ္ရင္ ကြၽန္ေတာ္တို႔တကယ့္ကို ဘယ္လိုခက္ခက္ခဲခဲလုပ္ရတယ္ဆိုတာ အရွင္ႀကီးသိမွာမဟုတ္ဘူး…”

ဒီလူကိုၾကည့္ရတာ မေက်နပ္ခ်က္ေတြအရမ္းမ်ားၿပီး ရွဲ႕ဇီထ်န္းကို မနာလိုျဖစ္ေနပုံရတယ္။

ေလာ့က်န္းဖန္ေနာက္ဘာဆက္ေျပာမယ္ဆိုတာ ပိုင္ရန္ၾကားခ်င္တယ္။

“စိတ္ေအးေအးထား.. အရွင္က ငါတို႔ဘာလုပ္ေနလဲဆိုတာ မသိဘူးလို႔တကယ္ထင္ေနတာလား? အထိုင္က်သြားရင္ အရွင့္ဆီက ဆုံးျဖတ္ခ်က္တစ္ခုရလာလိမ့္မယ္” ေလာ့က်န္းဖန္အသံက တည္ၿငိမ္ေနဆဲျဖစ္ၿပီး မယိမ္းယိုင္သြားဘူး။

အဲ့တာကိုၾကားေတာ့ ပိုင္ရန္ေလွ်ာက္ဝင္လာၿပီး ေျပာတယ္ “ဟုတ္တာေပါ့ အရွင့္မွာ သူ႔အႀကံနဲ႔သူရွိတာေပါ့… တကယ္လို႔အရွင္က ငါတို႔ကိုတစ္ခုခုလုပ္ဖို႔ေျပာရင္ ငါတို႔လုပ္ရမယ္ေလ”

အခန္းထဲမွာလူႏွစ္ေယာက္ရွိတယ္ : တစ္ေယာက္က ေလာ့က်န္းဖန္ျဖစ္ၿပီး ေနာက္တစ္ေယာက္က လူသားနယ္ေျမက စစ္တပ္ကတပ္မႈးျဖစ္တယ္။ သူကဝွက္ပန္းတံလ်ပ္တုန္းက ပိုင္ရန္နဲ႔အတူပါဝင္ခဲ့တဲ့တစ္ေယာက္ျဖစ္တယ္။ သူတို႔ေတြ ပိုင္ရန္ဝင္လာမယ္လို႔ မထင္ထားခဲ့ဘူး။ တပ္မႈးရဲ႕အမူအယာက ရႈံ႕တြေနၿပီး မ်က္လုံးေတြကလည္း အရမ္းကိုမတည္မၿငိမ္ျဖစ္ေနတယ္။

ပိုင္ရန္သူ႔ကိုၿပဳံးၿပီး ေျပာလိုက္တယ္ “ၾကည့္ရတာ တပ္မႈးက်န္းက က်ဳပ္ကိုသေဘာမက်ဘူးထင္တယ္”

တပ္မႈးက်န္းက လက္သီးကိုက်စ္ေနေအာင္ဆုတ္ၿပီး “အရွင္ရွဲ႕ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?”

ပိုင္ရန္သူ႔ရဲ႕ကိုယ္က်င့္တရားက ျမင့္ျမတ္လွတယ္ဆိုတဲ့စာေၾကာင္းကို ႐ြတ္ေတာ့တယ္ “ငါ့ကိုလူသားနယ္ေျမကိုလာခြင့္ေပးၿပီး နယ္ေျမတိုင္ေတြကို ရွာခိုင္းတာ အရွင့္မွာ သူ႔အစီအစဥ္နဲ႔သူရွိလို႔… အရွင္ရွဲ႕နဲ႔ငါ ႏွစ္ေယာက္လုံးလူသားနယ္ေျမမွာ ေရာက္ေနတာေၾကာင့္ လူတိုင္းအဆင့္အတန္းေတြ၊ ရာထူးေတြကို မေတြးဘဲအတူတူလက္တြဲ လုပ္သင့္တယ္၊ ဒါကအရွင့္ရဲ႕ အိမ္မက္အတြက္ပဲ… မင္းဘာမင္းမေက်မနပ္ျဖစ္ေနတာနဲ႔ပဲ ငါ့ကိုလာေစာ္ကားမေနနဲ႔၊ ေက်ာ္ၾကားတာေတြ ကံေကာင္းတာေတြ ငါဂ႐ုမစိုက္ဘူး အရွင့္ရဲ႕ရည္မွန္းခ်က္ကိုပဲ ေအာင္ျမင္ေစခ်င္တာ… အရွင့္ရဲ႕ရည္မွန္းခ်က္ေအာင္ျမင္သေ႐ြ႕ငါေက်နပ္တယ္”

သူ႔စကားလုံးေတြေၾကာင့္ တစ္ခန္းလုံးတိတ္ဆိတ္သြားတယ္။

ေရွာင္လင္း “သခင္ ေလနည္းနည္းေတာ့မ်ားတယ္ေနာ္… သခင့္ေၾကာင့္ ကြၽန္မမ်က္ႏွာေတြ နီလာသလိုေတာင္ခံစားေနရတယ္”

ပိုင္ရန္အမူအယာကေတာ့ မေျပာင္းလဲဘူး “သစၥာရွိေၾကာင္းျပသတာ ဘယ္ေတာ့မွမမွားဘူး”

ေလာ့က်န္းဖန္ၿပဳံးၿပီးေျပာလိုက္တယ္ “ဟုတ္တယ္ အားလုံးကအရွင္ႀကီးကို ျမင့္ျမတ္ခမ္းနားေစဖို႔ပဲ”

ပိုင္ရန္ တပ္မႈးက်န္းကိုၾကည့္ၿပီး ေလလုံးဆက္ထြားေတာ့တယ္။ “တပ္မႈးက်န္းဘာေတြေတြးေနလဲဆိုတာ ငါသိတယ္၊ အရွင္ကငါ့ကို အရမ္းႀကီးတန္ဖိုးထားေနရတဲ့ အေၾကာင္းက ငါကသူ႔ကိုသစၥာရွိၿပီး အရာအားလုံးအရွင့္အေပၚမွာပဲ ႏွစ္ျမႇဳပ္ထားတယ္ဆိုတာ ျမင္သြားလို႔ပဲ… အရွင့္မ်က္လုံးေတြက အရမ္းေကာင္းၿပီး အရာအားလုံးကိုထည့္တြက္တတ္တဲ့သူမို႔လို႔ ငါ့ကိုဒီလိုႀကီးေလးတဲ့တာဝန္ေပးတာေပါ့၊ တကယ္လို႔တပ္မႈးက်န္းမွာ ညည္းျငဴဖို႔အခ်ိန္တဲ့အားေနေသးရင္ တာဝန္ကိုျမန္ျမန္ၿပီးေအာင္ ေကာင္းေကာင္းေလးလုပ္ၿပီး အရွင့္ဆီကဂုဏ္ျပဳဆုရေအာင္ ရွာေပါ့”

သူ႔စကားေတြေၾကာင့္ တပ္မႈးက်န္းရဲ႕မ်က္ႏွာက နီစိမ္းေနတာေတာင္ ျပန္မေခ်ပရဲဘူး။ အဲ့အစား သူအထစ္ထစ္အေငါ့ေငါ့နဲ႔ “အရွင္ရွဲ႕ သင္ျပေပးေနတာက…”

ေလာ့က်န္းဖန္ အမ်ားႀကီးမေျပာဘူး။ သူအေရွ႕ကိုေလွ်ာက္လာၿပီး တပ္မႈးက်န္းပခုံးကိုပုတ္ကာ “အရွင္ရွဲ႕စကားေတြကို ေသခ်ာနားေထာင္ၿပီး စိတ္ထဲမွာမွတ္သားထားလိုက္”

တပ္မႈးက်န္းက “ဟုတ္ ဟုတ္ ဟုတ္ကဲ့”

ေလာ့က်န္းဖန္ေခါင္းလွည့္လိုက္ၿပီး ပိုင္ရန႔္ကို အၿပဳံးေလးနဲ႔ေျပာလိုက္တယ္ “အရွင္ရွဲ႕ရဲ႕ အရွင္ႀကီးအေပၚသစၥာရွိမႈကေတာ့ ေလးစားေလာက္စရာပါပဲ”

ပိုင္ရန္ တပ္မႈးက်န္းမ်က္ႏွာကိုၾကည့္လိုက္ေတာ့ စကားလုံးရွစ္ခုကိုေတြ႕လိုက္ရတယ္ ‘အရွင့္ကို သစၥာရွိတယ္? ေဖာ္လံဖားႀကီးျဖစ္ေနမွာပဲ ေၾကာက္ပါတယ္ေနာ္’ [T/N : သူေရးထားတာေတာ့ ရွစ္လုံးတည္း ျမန္မာလိုျပန္မွ မ်ားသြားတာ]

ပိုင္ရန္ကေတာ့ အဖတ္ကိုမလုပ္ဘူး။

ေရွာင္လင္းက “သခင့္ကိုအခုၾကည့္ရတာ တကယ့္ကိုငဖားႀကီးနဲ႔တူေနတယ္ေနာ္… ေႁမြမေၾကာက္ဘူးလား? သခင္အဲ့တာကိုေပ်ာ္ေနတယ္လို႔ ဘာေၾကာင့္ခံစားမိေနပါလိမ့္?”

ပိုင္ရန္စိတ္ထဲမွာပဲ မ်က္လုံးလန္ျပလိုက္ၿပီး “သူတို႔ကငါ့ေနာက္ကြယ္မွာ ငါ့မေကာင္းေၾကာင္းေျပာေနၾကတာေလ အဲ့ေတာ့ျပန္ဂြၽတ္ေပးရမွာေပါ့… ၿပီးေတာ့လည္း နတ္ဆိုးဘုရင္ႀကီးရဲ႕မ်က္လုံးေတြက ေနရာတိုင္းမွာရွိတယ္၊ ဒီေန႔စကားေတြကလည္း သူ႔ဆီေသခ်ာေပါက္ေရာက္သြားမွာ၊ ငါေကာင္းေကာင္းေလး ေျပာလိုက္တယ္ဆိုေတာ့ သူဟတ္ထိသြားမွာေတာ့ ေသခ်ာတယ္”

ေရွာင္လင္း “…”

‘ငါေတာ့ သံသယဝင္မိတယ္’

မဟားတရားႂကြားဝါလို႔အၿပီးမွာေတာ့ ေလထုက ေနလို႔ေကာင္းတာေရာ ကိုး႐ို႕ကားယားႀကီးေရာျဖစ္ေနတယ္။ ေလာ့က်န္းဖန္က တပ္မႈးက်န္းကို ထြက္သြားခိုင္းၿပီး သူက်ေတာ့ ပိုင္ရန္နဲ႔သတင္းေတြအလဲအလွယ္လုပ္ႏိုင္ဖို႔ ေနခဲ့တယ္။

ေလာ့က်န္းဖန္က ပိုင္ရန္လူသားနယ္ေျမကို လာရတဲ့ရည္႐ြယ္ခ်က္ကို အႀကိမ္ႀကိမ္စမ္းသပ္ေပမယ့္ အၿမဲတမ္းပိုင္ရန္က အရွင့္ကိုႀကီးမားတဲ့ေအာင္ျမင္မႈရဖို႔ ကူညီလိုတာေၾကာင့္လို႔ပဲျပန္ေျပာတယ္။ မေတာ္တဆဒီဇာတ္ေကာင္ေနရာကို ရလိုက္တဲ့ပိုင္ရန္ကေတာ့ လူသားနယ္ေျမကိုလာရတဲ့ အဓိကအေၾကာင္းအရင္းကိုသိတယ္ _ နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုမပိုးႏိုင္ခဲ့ဘူး ၿပီးေတာ့ ရွဲ႕ဇီထ်န္းကလည္း သူ႔အလုပ္ကိုတိုးတက္ခ်င္တာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုလူသားနယ္ေျမကို ပို႔လိုက္တာျဖစ္တယ္။

ပိုင္ရန္ “…”

လက္ေတြ႕က အရမ္းျပဇာတ္ဆန္လိုက္တာ!

ပိုင္ရန္ေျပာစရာစကားေတာင္မရွိေတာ့ဘူး။

“အရွင္ရွဲ႕ ကြၽန္ေတာ္နားမလည္ႏိုင္တဲ့ အရာတစ္ခုခုရွိေနတယ္၊ အဲ့တာကြၽန္ေတာ့္ကို အေျဖေလးမ်ားေပးႏိုင္မလားလို႔?” ေလာ့က်န္းဖန္႐ုတ္တရက္ထေမးလိုက္တယ္။

“ေမးပါ”

ေလာ့က်န္းဖန္ေမးတာက “ေနာက္ဆုံးအေခါက္တုန္းက အရွင္ရွဲ႕တိမ္လႊာပ်ံဝဲဂိုဏ္းမွာ ေက်ာက္စိမ္းျပာပုလဲနဲ႔ နဂါးႏိုင္ဓားအတြက္ အႀကီးႀကီးရႈပ္ေထြးေအာင္ လုပ္ခဲ့တယ္၊ နဂါးႏိုင္ဓားကိစၥကိုေတာ့ နားလည္ႏိုင္ပါတယ္… ဒါေပမယ့္ ေက်ာက္စိမ္းျပာပုလဲကိုလည္း ဘာေၾကာင့္လုပ္ရတာလဲ?”

ပိုင္ရန္တုန႔္သြားတယ္။

____________________________________


{Unicode}

“ကျုပ်ဘယ်ကလာတယ်ဆိုတာ ခင်ဗျားခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ပြောသားပဲ” ပိုင်ရန်ဆက်ပြီး ဟန်ဆောင်နေတယ် “ကြည့်ရတာ ကျုပ်တို့မှာ တကယ့်ကိုရေစက်ရှိနေပုံရတယ် မိတ်ဆွေ၊ ခင်ဗျားမျက်လုံးထဲမှာ ကောင်းကင်နေမင်းဆေးလုံးက တန်ဖိုးမဖြတ်နိုင်ပေမယ့် ကျုပ်အတွက်ကတော့ အမှိုက်တစ်စလောက်ပဲရှိတယ်… ခင်ဗျားကကျုပ်ကိုကယ်ပေးတယ်ဆိုတော့လည်း ကျုပ်ခင်ဗျားရဲ့သဘောထားကို သဘောကျတယ်၊ ခင်ဗျားကို ဒါပေးလိုက်မယ်”

ပိုင်ရန် သူ့ဝတ်ရုံလက်အောက်က ကြွေပုလင်းလေးကို ဆွဲထုတ်ပြီး ဇာတ်လိုက်ဆီပစ်ပေးလိုက်တယ်။

ဇာတ်လိုက်သတိလက်လွတ် ဖမ်းလိုက်တယ်။ သူကအရူးမဟုတ်တာကြောင့် တစ်စုံတစ်ခုဆိုတာကိုတော့ သတိထားမိလိုက်တယ်။ သူက “စီနီယာဒီကိုဘာလို့လာတာပါလဲ? ခင်ဗျားပြောလိုက်ရုံနဲ့ အဲ့တာကကောင်းကင်နေမင်းဆေးလုံးဆိုတာကို ယုံလိုက်လို့ရပါ့မလား? အဲ့တာမဖြစ်နိုင်ဘူးလား*****?”

ပိုင်ရန်သူ့ရဲ့သတိကြီးပုံကိုလေးစားသွားတယ် “အမှန်တိုင်းပြောမယ် ကောင်စုတ်လေး၊ ငါမင်းကိုလာရှာတာ”

“ကျွန်တော့်ကိုလာရှာတာ?” ဇာတ်လိုက်မျက်ခုံးပင့်လိုက်ပြီး မျက်လုံးတွေကလည်း သတိအနေအထားဖြစ်နေတယ် “ဘာလို့လဲ?”

“မင်းက နဂါးနိုင်ဓားပိုင်ရှင်ဖြစ်နေလို့ပေါ့” ပိုင်ရန်ပြောလိုက်တယ်။ “ငါမင်းကို ဝိဉာဉ်အခြေတည်အဆင့်ကိုမြန်မြန်ရောက်စေချင်တယ်၊ မင်းရဲ့ကိုယ်ထည်ကအသစ်တစ်ဖန်ပြန်လည်မွေးဖွားလာတော့မှ ငါမင်းနဲ့နဂါးနိုင်ဓားနဲ့ကို ခွဲထုတ်လို့ရမှာ”

‘မင်းကိုသင့်တော်တဲ့နည်းလမ်းနဲ့ ကောင်းကင်နေမင်းဆေးလုံးပေးနိုင်အောင် ငါအများကြီးအားထုတ်ထားရတာနော်’

ဇာတ်လိုက်တုန်လှုပ်သွားပြီး မျက်လုံးသူငယ်အိမ်တွေပါ ကျယ်သွားတယ် “ကျွန်တော်ဘယ်သူမှန်း ခင်ဗျားသိနေတယ်?”

“ဒါပေါ့ မင်းဘယ်သူမှန်းငါသိတာပေါ့” ပိုင်ရန်ခက်ခဲနက်နဲတဲ့အရောင်အဝါထုတ်ပြလိုက်တယ်။ “မင်းဝိဉာဉ်အခြေတည်အဆင့်မရောက်ခင် မသေအောင်အစွမ်းကုန်ကြိုးစားကောင်စုတ်လေး… ငါမင်းဆီက နဂါးနိုင်ဓားလာယူမှာကို စောင့်နေလိုက်”

သူပြောပြီးတာနဲ့ ဇာတ်လိုက်ကိုလျစ်လျူရှုလိုက်တယ်။ ခေါင်းမိုးပေါ်က ခုန်ချပြီး လူအုပ်ကြားမှာတိုးဝင်ပျောက်ကွယ်သွားတယ်။

“ရှောင်လင်း၊ အခုငါ့ရဲ့နောက်ပိုင်း viewကအရမ်းမိုက်နေတယ်မှတ်လား?” သူသရုပ်ဆောင်လို့ပြီးတာနဲ့ ပိုင်ရန်ထွက်ပြေးလာခဲ့ပေမယ့် ခုထိမူးနေတုန်းပဲ။

“ဖြစ်နိုင်ပါတယ်လေ” ရှောင်လင်းပြောလိုက်တယ် “ဇာတ်လိုက်ကကောင်းကင်နေမင်းဆေးလုံးကို စားမယ်လို့ထင်လား?”

“စားမှာပေါ့… သူကဉာဏ်ကောင်းတာပဲကို” ပိုင်ရန်က “ငါခန့်မှန်းရသလောက် သူကောင်းကင်နေမင်းဆေးလုံးကို တိမ်လွှာပျံဝဲက အကြီးအကဲဖီဆီကို ယူသွားပြီး ဟုတ်လားမဟုတ်လားစစ်လိမ့်မယ်၊ သူဆုံးဖြတ်ပြီးရင် သူစားလိမ့်မယ်”

“ဒါပေမယ့် သခင်ကသူ့ကိုခြိမ်းခြောက်လိုက်တယ်မှတ်လား? သူစမ်းကြည့်ဖို့ ကြိုးစားပါ့မလား?”

“သူ့စရိုက်အရဆိုရင် ကြောက်တာကြောင့် ကျင့်ကြံခြင်းကို လက်လျှော့လိုက်မယ်လို့ မင်းတကယ်ထင်လို့လား?”

ရှောင်လင်းခဏလောက်တွေးပြီး ခေါင်းငြိတ်လိုက်တယ် “ဟုတ်သားပဲ၊ သူ့လို့အကျင့်ရှိတဲ့သူက အရှုံးပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

သူ့တာဝန်ပြီးသွားတဲ့ပိုင်ရန်လေးကတော့ ပျော်ပျော်ရွှင်ရွှင်ရှေ့ကို ချီတက်သွားတယ်။

“သခင် ကျွန်မတို့အခုဘယ်သွားနေတာလဲ?” ရှောင်လင်းသိလိုစိတ်နဲ့ မေးလိုက်တယ်။

“ရောက်ရင် မင်းသိမှာပေါ့” ပိုင်ရန်သူ့အကြံကို လျှို့ဝှက်ထားပြီး နောက်တောက်တောက်ပြုံးနေတယ်။

ပိုင်ရန် အစုံရောင်းတဲ့စတိုးဆိုင်တစ်ခုထဲဝင်သွားတယ်။ ဆိုင်ကအတော်ဝေးတာကြောင့် စီးပွားရေးကလည်း အဲ့လောက်မကောင်းဘူး။ ဆိုင်ရှင်က အသက်လေးဆယ် ငါးဆယ်လောက်ရှိပြီး စားပွဲခုံကိုမှီကာ နှပ်နေတယ်။

“ဆိုင်ရှင်”

ပိုင်ရန်လျှောက်ဝင်သွားတယ်။ ဆိုင်ရှင်ကလန့်နိုးသွားပြီး ခေါင်းမော့ကာသမ်းဝေလိုက်တယ်။ “ဂုဏ်သရေရှိဧည့်သည်ခင်ဗျာ၊ ဘာဝယ်ချင်လို့ပါလဲ? ကိုယ်တိုင်ရွေးလို့ရပါတယ်… ကျွန်တော်တို့ရောင်းတဲ့ပစ္စည်းတွေက အစစ်အမှန်တွေဆိုတာ အာမခံပါတယ်၊ လူကြီးလူငယ်မခွဲခြားထားပါဘူး… အကုန်လုံးကဈေးသက်သာပြီး ဧည့်သည်သာဝယ်သွားရင် အစစ်ဆိုတာသိရလိမ့်မယ်လို့ ပြောရဲပါတယ်”

ပိုင်ရန်ဆိုင်ကို ခဏလောက်လှည့်ပတ်ကြည့်ပြီး ခေါင်းလှည့်ကာပြောလိုက်တယ် “ဆိုင်ရှင် ကျွန်တော်သတင်းလေးဝယ်ချင်လို့”

ဆိုင်ရှင်က ဆက်ပြုံးနေပြီး အမူအယာကမပြောင်းလဲသွားဘူး “ဂုဏ်သရေရှိဧည့်သည်ခင်ဗျာ ကျွနတော်တို့က သတင်းမရောင်းပါဘူး”

ပိုင်ရန်ပြုံးပြီး ပါးစပ်ဟလိုက်တယ် “ဝေးကွာလှတဲ့ကောင်းကင်တွေမှာ လေနဲ့မိုးခိုက်ရန်ဖြစ်ပွားချိန် နွေဦးမှာတော့ ပန်းပွင့်တွေဝေဆာနေတယ်”

ပိုင်ရန့်ဆီက ထိုစကားလုံးတွေကြားတော့ ဆိုင်ရှင်ရဲ့အမူအယာက နားလည်ရခက်စွာပြောင်းလဲသွားတယ် “ဒီအရှင်ငယ်လေးက ဘယ်သတင်းကိုဝယ်ချင်ပါလဲ?”

စာအုပ်ထဲမှာ ဒီနေရာကို လေသံနားဆင်ခန်းမရဲ့တည်နေရာတွေထဲက တစ်ခုလို့ဖော်ပြထားတယ်။ ဝတ္တုထဲမှာ လေသံနားဆင်ခန်းမက သတင်းအချက်အလက်တွေကို အထူးစုဆောင်းတဲ့ လျှို့ဝှက်အဖွဲ့ဖြစ်တယ်။ မင်းပေးနိုင်နေသရွေ့ ဘယ်လိုသတင်းကိုမဆို ဝယ်ယူနိုင်တယ်။

ပိုင်ရန်သူ့ဘေးနားက ပန်းအိုးကိုကိုင်ပြီး စကားပြောလာတယ် “ဆိုင်ရှင် ကျွန်တော်ကသတင်းတုဝယ်ချင်တာ”

ဆိုင်ရှင် ကြောင်သွားတယ် “သတင်းတု?”

“တကယ်လို့တစ်ယောက်ယောက်က မင်းဆီကနေခုနစ်စင်ကြယ်သားတော်နဲ့ ပက်သက်တဲ့သတင်းလာဝယ်ရင် ပြန်ဖြေရမှာက ‘ခုနစ်စင်ကြယ်သားတော်က မြောက်အရပ်ကလာပြီး သူတို့ရဲ့ကိုယ်မှာ ခုနစ်စင်ကြယ်အမှတ်အသားရှိတယ်… ယောကျာ်းလေးရော မိန်းကလေးရောဖြစ်နိုင်တယ်’ လို့”

ဆိုင်ရှင်က ပိုင်ရန့်စကားလုံးတွေကို နားထောင်ပြီး အမူအယာကတော့ မပြောင်းလဲဘူး။

လူအများက လေသံနားဆင်ခန်းမက သတင်းပဲရောင်းတယ်လို့ ယူဆကြပေမယ့် သူတို့သတိမထားမိတာက သူတို့တွေက ကောလဟာလတွေလည်း ဖြန့်နိုင်ကြတယ်ဆိုတာပဲ။ လေသံနားဆင်ခန်းမရဲ့ သတင်းအများစုကအမှန်ဖြစ်တယ်၊ အခြေအနေနှစ်ခုကလွဲလို့ပေါ့ တစ်အချက်က လေသံနားဆင်ခန်းမက တကယ့်တကယ်အမှားကြီးကို သတင်းကိုမှန်တယ်လို့ထင်သွားတာရယ်၊ နောက်နှစ်အချက်က တစ်စုံတစ်ယောက်က လေသံနားဆင်ခန်းမကနေ သတင်းအတုလွှင့်တာရယ်။

ပိုင်ရန်ပြုံးလိုက်တယ် “မင်းလက်ခံရင် အရည်အသွေးမြင့်ဝိဉာဉ်ကျောက်တုံး တစ်ထောင်ပေးမယ်”

ဆိုင်ရှင် အသာလေးခေါင်းငုံ့ကာ “ဒါဆိုလည်း ကျွန်တော်တို့ ဒီအရောင်းအဝယ်ကို လက်ခံပါတယ်”

ပိုင်ရန်ဆက်ပြောတယ် “လေသံနားဆင်ခန်းမကနေ ကျွန်တော်တောင်းဆိုချင်တဲ့တစ်ခုခုရှိသေးတယ်”
ဆိုင်ရှင်က ပြောတယ် “ဂုဏ်သရေရှိဧည့်သည်ခင်ဗျာ ဘာများညွှန်ကြားလိုပါသေးလဲ?”

“လေသံနားဆင်ခန်းမကို ခုနစ်စင်ကြယ်သားတော်က မူလအစကတောင်ဘက်ကလို့ သတင်းလွှင့်စေချင်တယ်”

ဆိုင်ရှင်တုန့်ဆိုင်းနေပြီး “ဂုဏ်သရေရှိဧည့်သည်ခင်ဗျာ ကျွန်တော်တို့ကသတင်းပဲရောင်းတာပါ၊ ကောလဟာလဖြန့်တာကိုတော့ တာဝန်မယူနိုင်ပါဘူး”

ပိုင်ရန်ပြုံးကာ “တကယ်လား?”

ဆိုင်ရှင်ဘာမှမတုန့်ပြန်ဘူး။

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကြည်နူးနဂါးမြို့တော်မှာ အဖိုးတန်ရတနာမှာတစ်ခုခုဖြစ်သွားတယ်ဆိုပြီး ရုတ်တရက်စကားတစ်ခွန်းထွက်လာတယ်လေ၊ အဲ့လိုသိလိုက်တဲ့လူအများကြီးက လေသံနားဆင်ခန်းမကနေရောင်းလိုက်တဲ့ သတင်းကနေ ဘယ်လိုရတနာလဲဆိုတာသိသွားတာ… တကယ့်အမှန်က ရတနာတစ်ခုခုဖြစ်သွားတယ်ဆိုတဲ့ သတင်းကိုလည်း လေသံနားဆင်ခန်းမကလွှင့်လိုက်တာပဲ၊ အဲ့လိုပုံစံတူတစ်ခုလည်း လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်ခဲ့သေးတယ်… လေသံနားဆင်ခန်းမက ပျော်ပျော်ကြီးလုပ်ခဲ့တာ ဘာလို့ငါ့ကျမှ လာငြင်းနေရတာလဲ?”

ဆိုင်ရှင်တုန်လှုပ်သွားတယ် “မင်းဘယ်သူလဲ? အဲ့တာဘယ်လိုသိတာလဲ?”

ပိုင်ရန်ပဟေဠိဆန်စွာပြုံးလိုက်တယ် ‘ငါကဘယ်သူလဲ? ငါကမူရင်းဝတ္ထုကို ဖတ်ထားတဲ့သူကွ!’ [T/N : ဂုဏ်ဆာ]

အဲ့အစားသူပြောလိုက်တာက “ငါဘယ်သူလဲဆိုတာ မစစ်ဆေးတော့ဘူးလား? နောက်ထပ်ဝိဉာဉ်ကျောက်တုံး တစ်ထောင်ထပ်ပေးမယ်… အဲ့လိုဆိုကျုပ်နဲ့စီးပွားရေးကို လက်ခံပြီလား?”

သူ့ရဲ့စိတ်အနှောင့်အယှက်ဖြစ်သလိုအမူအယာက တောက်လျှောက်ပြောင်းသွားတယ် “ဂုဏ်သရေရှိလူကြီးမင်း ခဏလောက်စောင့်ပေးပါ၊ ကျွန်တော်သွားမေးလိုက်ပါမယ်”

ပိုင်ရန်သူ့ကိုလျစ်လျူရှုထားပြီး သူ့လက်ထဲကပန်းအိုးကို ငုံ့ကြည့်လိုက်တယ်။

ဆိုင်ရှင်ကအတွင်းထဲလျှောက်သွားပြီး အကြာကြီးနေမှပြန်ထွက်လာတယ်။ သူကပိုင်ရန့်ကို “ကျွန်တော့်ဆရာက လက်ခံလိုက်ပြီ”

“ကောင်းတယ်!” ပိုင်ရန်သူ့လက်သူခပ်ဖွဖွပုတ်ကာ အိတ်တစ်ခုကိုဆွဲထုတ်ပြီး ဆိုင်ရှင်ကိုပေးလိုက်တယ်။ “အထဲမှာ ဝိဉာဉ်ကျောက်တုံး နှစ်ထောင်ရှိတယ်… မင်းဆရာက ငါတောင်းဆိုထားတာကို ပြီးမြောက်အောင်လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်နော်၊ လေသံနားဆင်ခန်းမရဲ့ဂုဏ်သိက္ခာကို ယုံလိုက်မယ်”

ဆိုင်ရှင်က အိတ်ကိုယူလိုက်ပြီး သူ့မျက်လုံးတွေက မျဉ်းဖြောင့်တန်းတစ်ခုဖြစ်လုနီးပါး အပြုံးကြီးပြုံးနေခဲ့တယ်။ ဝိဉာဉ်ကျောက်တုံးနှစ်ထောင်ဆိုတာ သာမာန်လူတစ်ယောက်အတွက် အဆမတန်များတဲ့ငွေပမာဏဖြစ်ပြီး သူ့ရှေ့ကလူကတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ပေးပစ်နိုင်တယ်။ သူကတကယ်ကို သဘောထားကြီးတာပဲ။

“ဂုဏ်သရေရှိလူကြီးမင်း စိတ်ချလက်ချသာနေပါ၊ ပြီးမြောက်စေရပါမယ်”

“ဒါဆိုရင်လည်း ကျွန်တော်ကပဲကြိုပြီး လေသံနားဆင်ခန်းမကို ကျေးဇူးတင်တယ်နော်” ပိုင်ရန်ဖျော့ဖျော့လေးပြုံးပြီး နောက်လှည့်ထွက်သွားတယ်။

ပိုင်ရန်ထွက်လာတာနဲ့ ရှောင်လင်းက “သခင်က လေသံနားဆင်ခန်းမကို သွားချင်ခဲ့တာပဲ”

“မင်းသိသွားပြီပေါ့”

“သတင်းတုလွှင့်လိုက်လို့ ဘာဖြစ်လာနိုင်လဲ?”

“ဇာတ်လိုက်ရဲ့ပုံစံအမှန်ကို မဖုံးနိုင်မှာစိုးလို့ မဖြစ်ခင်လူတွေဇဝေဇဝါဖြစ်အောင် အလိမ်အညာတွေလွှင့်ထားတာ”

“အသုံးဝင်ပါ့မလား?”

“တောင်ပိုင်းကလာတဲ့လူနှစ်ယောက်က အရမ်းထူးခြားတယ်ဆိုတာ ငါမှတ်မိတယ်၊ ယောကျာ်းတစ်ယောက် မိန်းမတစ်ယောက်… အဆုံးမှာ ယောကျာ်းက ဇာတ်လိုက်သတ်တာခံရပြီး မိန်းမကကျတော့ဇာတ်လိုက်ရဲ့ မောင်းမဆောင်ထဲတစ်စိတ်တစ်ပိုင်းရောက်သွားတယ်”

ရှောင်လင်းခဏလောက်တွေးတောပြီး ပြောလာတယ် “ဟုတ်သားပဲ… ဝတ္ထုရဲ့အလယ်လောက်မှာ ဇာတ်လိုက်ပြန်မွေးဖွားတဲ့ ဖီးနစ်မြို့တော်မှာ အဲ့ဇာတ်ကြောင်းဖြစ်သွားတာပဲ”

“ဟုတ်တယ် အဲ့နှစ်ယောက်ထဲကတစ်ယောက်က ခုနစ်စင်ကြယ်သားတော်ဖြစ်နိုင်တယ်ဆိုတာ လူတွေတွေးမိသွားအောင် လုပ်နိုင်သရွေ့ ဇာတ်လိုက်အန္တရာယ်ကင်းနိုင်တယ်”

“ဝေါင်း သခင်! အရမ်းတော်တယ်နော်”

“ငါ့ကို လာမြှောက်မနေနဲ့” ပိုင်ရန်မနေနိုင်ဘဲ ပြုံးမိတယ်။

အားလုံးလုပ်ပြီးတော့ ပိုင်ရန်အခြေချရာစခန်းကို ပြန်သွားဖို့လုပ်လိုက်တယ်။ နတ်ဆိုးဘုရင်ကြီးက သူ့ကိုလူသားနယ်မြေမှာ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးထားပြီး လော့ကျန်းဖန်နဲ့တန်းတူ အနက်ရောင်အစောင့်ဆယ်ယောက်ကိုလည်း အမိန့်ပေးနိုင်အောင်ထားပေးတယ်။ ဒါကြောင့် ပိုင်ရန်လူသားနယ်မြေကို လာတော့ လော့ကျန်းဖန်ကိုမတွေ့တော့ဘဲ တခြားဟာတွေပဲအပြေးအလွှားလုပ်နေခဲ့တယ်။

Teleportationသုံးပြီး လော့ကျန်းဖန်တည်ထောင်ထားတဲ့ လျှို့ဝှက်စခန်းကိုအမြန်ဆုံးရောက်ရှိလာတယ်။ နောက်ဆုံးအကြိမ်တုန်းက သူ့ရဲ့ကျင့်ကြံခြင်းကတိုးတက်လာတယ်ဆိုတော့ သူ့ကိုဘယ်အစောင့်မှမတွေ့လိုက်ဘူး။ ပိုင်ရန်စည်းကိုဒီတိုင်း ဖြတ်လျှောက်လာတယ်။

သူအခန်းထဲတောင်မဝင်ရသေးဘူး အထဲကထွက်လာတဲ့အသံကို ကြားလိုက်ရတယ်။

“အရှင် ဒေါသမထွက်ဘူးလား? အရှင်မင်းကြီးကဘာလို့ အရှင့်ကိုအခုလိုဆက်ဆံရတာလဲ? ရှဲ့ဇီထျန်းလိုအဆင့်နိမ့်တဲ့သူက ဘယ်လိုမျက်နှာချိုသွေးရမယ်ဆိုတာပဲသိတာ… သူကအရှင်ကြီးကိုကူညီပြီး ဆုကြီးပေါက်သွားတာ… ကျွန်တော်ကြားတာတော့ အရှင်ကြီးကသူ့ကို ကိုယ်တိုင်ကုပေးရုံတင်မကဘူး လူသားနယ်မြေမှာလည်း အရှင့်လက်အောက်နေစရာမလိုဘဲ အနက်ရောင်အစောင့်တစ်အုပ်နဲ့ လွတ်လွတ်လပ်လပ်သွားခွင့်ပေးထားတယ်တဲ့” ရင်းနှီးနေတဲ့အသံကပဲ ဆက်ပြီးညည်းငြူတယ်။ “အရှင်ကြီးက အရှင်တို့နှစ်ယောက်ကို တဆင့်တည်းရှိတယ်လို့ဆိုလိုချင်တာပဲ… ဒါပေမယ့်အရှင်က ရှဲ့ဇီထျန်းမရောက်ခင်တည်းက လူသားနယ်မြေကိုလာခဲ့တာ ကြာလှပြီ! အခုနေရာကိုရောက်ဖို့ သွေး၊ ချွေး မျက်ရည်တွေဘယ်လောက်တောင် ပေးဆပ်ထားရလဲ? ရှဲ့ဇီထျန်းဘာလုပ်ခဲ့လို့လဲ? သူရောက်လာတာနဲ့ အရှင်နဲ့တဆင့်တည်းနေနိုင်အောင် ဘာလုပ်ခဲ့လို့လဲ?”

အချိန်ခဏနေတော့ လော့ကျန်းဖန်ရဲ့မနှေးမမြန်အသံထွက်ပေါ်လာတယ်။

“အရှင်မင်းကြီးမှာ သူ့အစီအစဉ်နဲ့သူရှိမှာပေါ့… မင်းကဘာတွေစိတ်တိုနေတာလဲ?”

ပိုင်ရန်အစကတော့ ဒီတိုင်းအတင်းတိုးဝင်သွားပြီး ရပ်လိုက်စေချင်တာ။

“ဒါပေမယ့် အရှင်ရယ် အရှင်ကြီးက ရှဲ့ဇီထျန်းကိုအရမ်းဘက်လိုက်နေတယ်! သူကအရှင်ကြီးကို တစ်ခါပဲကူခဲ့တာကို အရှင်ကျတော့ရော? အရှင်က အစီအစဉ်တွေချပြီး ရှိသမျှခွန်အားတွေနဲ့ လူသားနယ်မြေမှာ နှစ်တွေအများကြီး လုပ်လာခဲ့တာတောင် အရှင်ကြီးက ခုထိအသိအမှတ်မပြုသေးဘူး… အရှင် ကျွန်တော်ထင်တာတော့ အရှင်နတ်ဆိုးနယ်မြေကိုပြန်ပြီး ကိုယ့်ကိုယ်ကို ပြသမှဖြစ်တော့မယ် မဟုတ်ရင် ကျွန်တော်တို့တကယ့်ကို ဘယ်လိုခက်ခက်ခဲခဲလုပ်ရတယ်ဆိုတာ အရှင်ကြီးသိမှာမဟုတ်ဘူး…”

ဒီလူကိုကြည့်ရတာ မကျေနပ်ချက်တွေအရမ်းများပြီး ရှဲ့ဇီထျန်းကို မနာလိုဖြစ်နေပုံရတယ်။

လော့ကျန်းဖန်နောက်ဘာဆက်ပြောမယ်ဆိုတာ ပိုင်ရန်ကြားချင်တယ်။

“စိတ်အေးအေးထား.. အရှင်က ငါတို့ဘာလုပ်နေလဲဆိုတာ မသိဘူးလို့တကယ်ထင်နေတာလား? အထိုင်ကျသွားရင် အရှင့်ဆီက ဆုံးဖြတ်ချက်တစ်ခုရလာလိမ့်မယ်” လော့ကျန်းဖန်အသံက တည်ငြိမ်နေဆဲဖြစ်ပြီး မယိမ်းယိုင်သွားဘူး။

အဲ့တာကိုကြားတော့ ပိုင်ရန်လျှောက်ဝင်လာပြီး ပြောတယ် “ဟုတ်တာပေါ့ အရှင့်မှာ သူ့အကြံနဲ့သူရှိတာပေါ့… တကယ်လို့အရှင်က ငါတို့ကိုတစ်ခုခုလုပ်ဖို့ပြောရင် ငါတို့လုပ်ရမယ်လေ”

အခန်းထဲမှာလူနှစ်ယောက်ရှိတယ် : တစ်ယောက်က လော့ကျန်းဖန်ဖြစ်ပြီး နောက်တစ်ယောက်က လူသားနယ်မြေက စစ်တပ်ကတပ်မှုးဖြစ်တယ်။ သူကဝှက်ပန်းတံလျပ်တုန်းက ပိုင်ရန်နဲ့အတူပါဝင်ခဲ့တဲ့တစ်ယောက်ဖြစ်တယ်။ သူတို့တွေ ပိုင်ရန်ဝင်လာမယ်လို့ မထင်ထားခဲ့ဘူး။ တပ်မှုးရဲ့အမူအယာက ရှုံ့တွနေပြီး မျက်လုံးတွေကလည်း အရမ်းကိုမတည်မငြိမ်ဖြစ်နေတယ်။

ပိုင်ရန်သူ့ကိုပြုံးပြီး ပြောလိုက်တယ် “ကြည့်ရတာ တပ်မှုးကျန်းက ကျုပ်ကိုသဘောမကျဘူးထင်တယ်”

တပ်မှုးကျန်းက လက်သီးကိုကျစ်နေအောင်ဆုတ်ပြီး “အရှင်ရှဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ပိုင်ရန်သူ့ရဲ့ကိုယ်ကျင့်တရားက မြင့်မြတ်လှတယ်ဆိုတဲ့စာကြောင်းကို ရွတ်တော့တယ် “ငါ့ကိုလူသားနယ်မြေကိုလာခွင့်ပေးပြီး နယ်မြေတိုင်တွေကို ရှာခိုင်းတာ အရှင့်မှာ သူ့အစီအစဉ်နဲ့သူရှိလို့… အရှင်ရှဲ့နဲ့ငါ နှစ်ယောက်လုံးလူသားနယ်မြေမှာ ရောက်နေတာကြောင့် လူတိုင်းအဆင့်အတန်းတွေ၊ ရာထူးတွေကို မတွေးဘဲအတူတူလက်တွဲ လုပ်သင့်တယ်၊ ဒါကအရှင့်ရဲ့ အိမ်မက်အတွက်ပဲ… မင်းဘာမင်းမကျေမနပ်ဖြစ်နေတာနဲ့ပဲ ငါ့ကိုလာစော်ကားမနေနဲ့၊ ကျော်ကြားတာတွေ ကံကောင်းတာတွေ ငါဂရုမစိုက်ဘူး အရှင့်ရဲ့ရည်မှန်းချက်ကိုပဲ အောင်မြင်စေချင်တာ… အရှင့်ရဲ့ရည်မှန်းချက်အောင်မြင်သရွေ့ငါကျေနပ်တယ်”

သူ့စကားလုံးတွေကြောင့် တစ်ခန်းလုံးတိတ်ဆိတ်သွားတယ်။

ရှောင်လင်း “သခင် လေနည်းနည်းတော့များတယ်နော်… သခင့်ကြောင့် ကျွန်မမျက်နှာတွေ နီလာသလိုတောင်ခံစားနေရတယ်”

ပိုင်ရန်အမူအယာကတော့ မပြောင်းလဲဘူး “သစ္စာရှိကြောင်းပြသတာ ဘယ်တော့မှမမှားဘူး”

လော့ကျန်းဖန်ပြုံးပြီးပြောလိုက်တယ် “ဟုတ်တယ် အားလုံးကအရှင်ကြီးကို မြင့်မြတ်ခမ်းနားစေဖို့ပဲ”

ပိုင်ရန် တပ်မှုးကျန်းကိုကြည့်ပြီး လေလုံးဆက်ထွားတော့တယ်။ “တပ်မှုးကျန်းဘာတွေတွေးနေလဲဆိုတာ ငါသိတယ်၊ အရှင်ကငါ့ကို အရမ်းကြီးတန်ဖိုးထားနေရတဲ့ အကြောင်းက ငါကသူ့ကိုသစ္စာရှိပြီး အရာအားလုံးအရှင့်အပေါ်မှာပဲ နှစ်မြှုပ်ထားတယ်ဆိုတာ မြင်သွားလို့ပဲ… အရှင့်မျက်လုံးတွေက အရမ်းကောင်းပြီး အရာအားလုံးကိုထည့်တွက်တတ်တဲ့သူမို့လို့ ငါ့ကိုဒီလိုကြီးလေးတဲ့တာဝန်ပေးတာပေါ့၊ တကယ်လို့တပ်မှုးကျန်းမှာ ညည်းငြူဖို့အချိန်တဲ့အားနေသေးရင် တာဝန်ကိုမြန်မြန်ပြီးအောင် ကောင်းကောင်းလေးလုပ်ပြီး အရှင့်ဆီကဂုဏ်ပြုဆုရအောင် ရှာပေါ့”

သူ့စကားတွေကြောင့် တပ်မှုးကျန်းရဲ့မျက်နှာက နီစိမ်းနေတာတောင် ပြန်မချေပရဲဘူး။ အဲ့အစား သူအထစ်ထစ်အငေါ့ငေါ့နဲ့ “အရှင်ရှဲ့ သင်ပြပေးနေတာက…”

လော့ကျန်းဖန် အများကြီးမပြောဘူး။ သူအရှေ့ကိုလျှောက်လာပြီး တပ်မှုးကျန်းပခုံးကိုပုတ်ကာ “အရှင်ရှဲ့စကားတွေကို သေချာနားထောင်ပြီး စိတ်ထဲမှာမှတ်သားထားလိုက်”

တပ်မှုးကျန်းက “ဟုတ် ဟုတ် ဟုတ်ကဲ့”

လော့ကျန်းဖန်ခေါင်းလှည့်လိုက်ပြီး ပိုင်ရန့်ကို အပြုံးလေးနဲ့ပြောလိုက်တယ် “အရှင်ရှဲ့ရဲ့ အရှင်ကြီးအပေါ်သစ္စာရှိမှုကတော့ လေးစားလောက်စရာပါပဲ”

ပိုင်ရန် တပ်မှုးကျန်းမျက်နှာကိုကြည့်လိုက်တော့ စကားလုံးရှစ်ခုကိုတွေ့လိုက်ရတယ် ‘အရှင့်ကို သစ္စာရှိတယ်? ဖော်လံဖားကြီးဖြစ်နေမှာပဲ ကြောက်ပါတယ်နော်’ [T/N : သူရေးထားတာတော့ ရှစ်လုံးတည်း မြန်မာလိုပြန်မှ များသွားတာ]

ပိုင်ရန်ကတော့ အဖတ်ကိုမလုပ်ဘူး။

ရှောင်လင်းက “သခင့်ကိုအခုကြည့်ရတာ တကယ့်ကိုငဖားကြီးနဲ့တူနေတယ်နော်… မြွေမကြောက်ဘူးလား? သခင်အဲ့တာကိုပျော်နေတယ်လို့ ဘာကြောင့်ခံစားမိနေပါလိမ့်?”

ပိုင်ရန်စိတ်ထဲမှာပဲ မျက်လုံးလန်ပြလိုက်ပြီး “သူတို့ကငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်းပြောနေကြတာလေ အဲ့တော့ပြန်ဂျွတ်ပေးရမှာပေါ့… ပြီးတော့လည်း နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးတွေက နေရာတိုင်းမှာရှိတယ်၊ ဒီနေ့စကားတွေကလည်း သူ့ဆီသေချာပေါက်ရောက်သွားမှာ၊ ငါကောင်းကောင်းလေး ပြောလိုက်တယ်ဆိုတော့ သူဟတ်ထိသွားမှာတော့ သေချာတယ်”

ရှောင်လင်း “…”

‘ငါတော့ သံသယဝင်မိတယ်’

မဟားတရားကြွားဝါလို့အပြီးမှာတော့ လေထုက နေလို့ကောင်းတာရော ကိုးရို့ကားယားကြီးရောဖြစ်နေတယ်။ လော့ကျန်းဖန်က တပ်မှုးကျန်းကို ထွက်သွားခိုင်းပြီး သူကျတော့ ပိုင်ရန်နဲ့သတင်းတွေအလဲအလှယ်လုပ်နိုင်ဖို့ နေခဲ့တယ်။

လော့ကျန်းဖန်က ပိုင်ရန်လူသားနယ်မြေကို လာရတဲ့ရည်ရွယ်ချက်ကို အကြိမ်ကြိမ်စမ်းသပ်ပေမယ့် အမြဲတမ်းပိုင်ရန်က အရှင့်ကိုကြီးမားတဲ့အောင်မြင်မှုရဖို့ ကူညီလိုတာကြောင့်လို့ပဲပြန်ပြောတယ်။ မတော်တဆဒီဇာတ်ကောင်နေရာကို ရလိုက်တဲ့ပိုင်ရန်ကတော့ လူသားနယ်မြေကိုလာရတဲ့ အဓိကအကြောင်းအရင်းကိုသိတယ် _ နတ်ဆိုးဘုရင်ကြီးက သူ့ကိုမပိုးနိုင်ခဲ့ဘူး ပြီးတော့ ရှဲ့ဇီထျန်းကလည်း သူ့အလုပ်ကိုတိုးတက်ချင်တာကြောင့် နတ်ဆိုးဘုရင်ကြီးက သူ့ကိုလူသားနယ်မြေကို ပို့လိုက်တာဖြစ်တယ်။

ပိုင်ရန် “…”

လက်တွေ့က အရမ်းပြဇာတ်ဆန်လိုက်တာ!

ပိုင်ရန်ပြောစရာစကားတောင်မရှိတော့ဘူး။

“အရှင်ရှဲ့ ကျွန်တော်နားမလည်နိုင်တဲ့ အရာတစ်ခုခုရှိနေတယ်၊ အဲ့တာကျွန်တော့်ကို အဖြေလေးများပေးနိုင်မလားလို့?” လော့ကျန်းဖန်ရုတ်တရက်ထမေးလိုက်တယ်။

“မေးပါ”

လော့ကျန်းဖန်မေးတာက “နောက်ဆုံးအခေါက်တုန်းက အရှင်ရှဲ့တိမ်လွှာပျံဝဲဂိုဏ်းမှာ ကျောက်စိမ်းပြာပုလဲနဲ့ နဂါးနိုင်ဓားအတွက် အကြီးကြီးရှုပ်ထွေးအောင် လုပ်ခဲ့တယ်၊ နဂါးနိုင်ဓားကိစ္စကိုတော့ နားလည်နိုင်ပါတယ်… ဒါပေမယ့် ကျောက်စိမ်းပြာပုလဲကိုလည်း ဘာကြောင့်လုပ်ရတာလဲ?”

ပိုင်ရန်တုန့်သွားတယ်။

_____

Thanks 😉





Continue Reading

You'll Also Like

661K 89.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...