The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 61

37.8K 5.4K 406
By Heather_Bell


Today is Monday and Promise is promise...

ပုန်ကန်သူများ၏ စစ်တပ်များသည် ဆွေဟိုင်းတစ်လျှောက် လမ်းခရီးတွင် အခိုင်အမာ စခန်းချထားကြသည်။ သူတို့ သတင်းရရှိပြီး ဖြစ်သည်။

တောင်ပိုင်းယန်မှ စစ်သည်တို့ ဆွေဟိုင်းကို ချီတက်လာသည်ဟု...နတ်ဆိုးဘုရင်နှင့် တိုက်ပွဲတွင် များစွာ အထိနာခဲ့သော ယန် စစ်သည်တော်တို့၏ အရေအတွက်မှာ နည်းပါးနေပြီ ဖြစ်သည့်အတွက် ပုန်ကန်သူတို့ စိတ်အေးနေသည်။

သို့သော်...
သုံးရက်ခန့်အကြာတွင် တောင်ပိုင်းမှ စစ်ချီလာသော စစ်သည်တော်တို့သည် ဟန်ပြသပ်သပ်သာသာ ဖြစ်ကြောင်း ပုန်ကန်သူတို့ သိလိုက်ရချိန်တွင် နောက်ကျသွားချေသည်။

သူတို့ဆီသို့အမှန်တကယ်ချီတက်လာသည်မှာ မြောက်ပိုင်းမှာ စစ်သည်တော်များပင် ဖြစ်သည်။ ဆွေဟိုင်းမှာ မြောက်ပိုင်းနှင့် ကပ်လျှပ်ဒေသဖြစ်သည့်အတွက် ပထဝီဝင်အနေအထားတို့မှာ မြောက်ပိုင်းသားတို့အတွက် မစိမ်းပေ...

မြေပြင်အနေအထားပိုမိုကျွမ်းကျင်ပြီး စိတ်ဓာတ်မာကျောသော မြောက်ပိုင်းစစ်သည်တော်တို့၏ အလစ်အငိုက်တိုက်ခံခြင်းကို ခံရသောကြောင့် အရေအတွက်များသော်လည်း ပုန်ကန်သူတို့မှာ တဖြည်းဖြည်းအရေးနိမ့်နေသည်။

လီချန်းယုံသည် သူ့ဆီသို့ အဆက်မပြတ်ရောက်လာသော တိုက်ပွဲ၏သတင်းများကို နားစွင့်ရင်း ယန်နန်းတော်၌သာ ရှိနေသည်။

မြောက်ပိုင်းစစ်သည်တော်တို့နှင့် ထိပ်တိုက် စစ်မျက်နှာပြင်ကို ရှေ့တန်းထွက်ကာ ပုန်ကန်သူတို့ ရင်ဆိုင်နေရသည်ဟူသော သတင်းရောက်လာချိန်၌ လီချန်းယုံက တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးဟန်ဖြင့် မတ်တပ်ရပ်လိုက်သည်။

သူ၏ခြေလှမ်းများက ယခင်ကသို့ အိန္ဒြေကြီးစွာ အေးဆေးတည်ငြိမ်နေပါသော်လည်း သူ၏ နှုတ်ခမ်းလွှာက တင်းတင်းစေ့ထားသည်။

နူးညံ့စွာပြုံးကာ အချိုသာဆုံးသော စကားတို့ကိုသာ ဆိုလေ့ရှိသော အိမ်ရှေ့စံလေးမှာ သူမည်သို့ ပြုံးရယ်ရမည်ကိုပင် မေ့နေဟန်တူသည်။

ဖြစ်နိုင်လျှင် လီချန်းယုံ နန်းဆောင်အပြင်သို့မထွက်ချင်ပါ။ နေရာတိုင်းက သူ့ကို လင်းမိုအား အမှတ်ရနေစေသည်။ တစ်ခါတစ်ရံ နန်းဆောင်ရှေ့တွင် လှုပ်ရှားသွားလာနေတတ်သော လင်းမို၏ ပုံရိပ်တို့ကို မြင်ယောင်လာသည်။

ယခုအချိန်မှ လီချန်းယုံမှာ သူလင်းမိုအပေါ် မည်မျှမှီခိုနေခဲ့မိကြောင်း သတိထားမိသည်။

မနက်မိုးလင်းလျှင် သူ့ကို အရင်ဆုံးကျီစယ်ကာ နှိုးတတ်သည်မှာ လင်းမိုပင်...ညီလာခံမသွားခင် မနက်စာအတူစားရန် ပြင်ဆင်ပေးသည်မှာလည်း လင်းမိုပင်...ညီလာခံမှ အပြန် နန်းတော်ကိစ္စများကို လျစ်လျူရှုကာ အဆောင်သို့ တစ်ခေါက်ပြန်လာပြီး သူ့ဘေးတွင် အချိန်ဖြုန်းနေတတ်သူ...အမြဲတစေ မခံချင်အောင် စနောက်တတ်သောသူ...နန်းတော်တစ်ခုလုံးကို အာရုံလွှဲပြီး မတွေ့ရသည့် အချိန်များမှာတောင် သူ့ဆီသို့ တကူးတကလာခဲ့သူ...

သူကြား​နေကျ အားယုံလေးဟူသော ခေါ်သံနှင့် လင်းမို၏ အပြုံးတို့ကို မြင်​ယောင်လာရင်း လီချန်းယုံမှာ ပါးပြင်၌ မျက်ရည်စီးကြောင်းတစ်ခုက စီးကျလာသည်။

ထိုကျဆင်းလာသောမျက်ရည်စတို့ကို သုတ်ပစ်ခြင်းမရှိဘဲ မနှေးမမြန်သော ခြေလှမ်းများဖြင့် လီချန်းယုံသည် ယန်နန်းတော်၏ ဥယျာဥ်တော်ဆီသို့ ဦးတည်လာခဲ့သည်။

ထိုဥယျာဥ်တော်၏ အနောက်ဘက်တွင် ဟေးချိုကို ထားထားခြင်းဖြစ်သည်။ နဂါးစီးနင်းသူအရှင်မရှိတော့သောကြောင့် ဟေးချိုမှာ သူ၏ လူသားအသွင်သို့ မပြောင်းလဲနိုင်သေး။ မရဏလှံတံ၏ မှော်အစွမ်းများက သက်ရောက်ဆဲဖြစ်သောကြောင့် ဟေးချို၏ စိတ်မှာ ပုံမှန်အခြေအနေ မဖြစ်သေးပေ။

စိတ်လွတ်သွားသည့်အခါတိုင်း ဟေးချိုက မီးများမှုတ်ထုတ်သောကြောင့် ဥယျာဥ်က သစ်ပင်တစ်ချို့မှာ ပြာဘဝသို့ရောက်ကုန်ပြီ ဖြစ်သည်။

အချိန်ပြည့်စိတ်လွတ်သွားခြင်းမဟုတ်သည့်အတွက် ဟေးချိုမှာ တစ်ခါတစ်ရံတွင်တော့ ငြိမ်သက်နေတတ်သည်။

ယခုလီချန်းယုံရောက်လာချိန်မှာ ဟေးချို စိတ့်ငြိမ်နေစဥ်ဖြစ်ဟန်တူသည်။ ဥယျာဥ်တော်အတွင်း မည်သည့်အသံမှမကြားရ...

မှောင်ရိပ်ပျိုးစအချိန်ဖြစ်သောကြောင့် အစောင့်များမှာ တစ်နေကုန် ပင်ပန်းနေသောကြောင့် အိပ်မောကျနေကြသည်။ ဟေးချို၏ ဒဏ်ရာကို နေ့မအိပ်ညမအိပ်ပြုစုပေးနေရသည့်အပြင် လီချန်းယုံဆီသို့လည်း လာရောက်ကာ စောင့်ရှောက်နေရသော ရှောင်ချိုမှာ ယခုတော့ ပင်ပန်းမှုဒဏ်များကြောင့် ဥယျာဥ်တော်က ကျောက်သားခုံရှည်ကြီးတွင် အိပ်ပျော်နေသည်။

အမှောင်ထုကိုအကာအကွယ်ယူကာ လီချန်းယုံက ခြေလှမ်းသံမကြားရအောင် ဖြည်းညင်းစွာ လှမ်းလာသည်။ လီချန်းယုံ၏ ခြေလှမ်းတို့က ညင်သာသော်လည်း ဟေးချိုက အိပ်စက်မနေသောကြောင့် သူ၏နားသို့ ကပ်လာသော တစ်စုံတစ်ယောက်ကို သတိထားမိလေသည်။

မြေပြင်သို့ကပ်ကာ လဲလျောင်းနေသော ဟေးချို၏ ဦးခေါင်းတို့က မော့လာပြီး ချဥ်းကပ်လာသော လီချန်းယုံကို ကြည့်လိုက်သည်။ လီချန်းယုံကို နှုတ်ခမ်းကို လက်ညှိုးဖြင့် ဖိကပ်ကာ အသံမထွက်ရန် အမူအရာလုပ်ပြသည်။

ဟေးချိုက နားလည်ဟန်ဖြင့် သူ၏ ဦးခေါင်းကို ညွှတ်ပြသည်။ ရှောင်ချို၏ အစီအမံဖြစ်လောက်မည်။ ဟေးချို၏ လည်ပင်းတွင် အနက်ရောင်သံကွင်းကြီးကို သံကြိုးရှည်ကြီးဖြင့်တွဲကာ ကျောက်တိုင်တစ်ခု၌ စိုက်ချည်ထားသည်။

လီချန်းယုံက အသင့်ယူလာသောသော့ဖြင့် ဟေးချို၏ လည်ပင်းက သံကွင်းကို လွတ်သွားအောင် ဖြုတ်ပေးပြီး ဟေးချို၏ ကျောကုန်းကို ပွတ်သပ်လိုက်သည်။

ဟေးချိုသည် နဂါးဖြစ်သည့်အတွက် သူ၏ ကျောတွင် ကြီးမားသော ဆူးတောင်ကြီးများရှိလေသည်။

လီချန်းယုံက ပွတ်သပ်လိုက်သည့်အခါ ဟေးချိုက မျက်လွှာချပြီး သူ၏ကျောကို တစ်ချက်လှုပ်ရှားလိုက်သည်။

ကျောပေါ်ကဆူးတောင်အချို့မှာ ပျောက်ကွယ်သွားပြီး လူတစ်ယောက်ထိုင်ရန်နေရာတစ်ခုစာ လပ်သွားသည်။

လီချန်းယုံပြုံးလိုက်သည်...
ဟေးချိုက သူ့ကို လက်ခံချေသည်။ သူက ဟေးချို၏ ကျောပေါ်သို့ တက်ပြီး ကောင်းကင်သို့ ပျံသန်းရန် အမိန့်ပေးလိုက်သည်။

ဟေးချိုက သူ၏အတောင်ပံကြီးများကို အသံမမြည်အောင် တစ်ချက်အသာခတ်လိုက်ပြီး ကောင်းကင်ဆီသို့ ဦးတည်လာခဲ့သည်။

ဟေးချို၏ ညင်သာမှုကြောင့် အိပ်ပျော်နေသော ရှောင်ချိုရော အစောင့်များပါမနိုးချေ။

ဆွေဟိုင်းကတိုက်ပွဲ၏ အဖြေမှာ ရှင်းလင်းစွာ ထွက်သွားပြီး ဖြစ်သည်။ ပုန်ကန်သူတို့မှာ အနောက်သို့ တစ်ဆုတ်တည်းဆုတ်ခွာနေရသည်။

သူတို့ အခြေချထားသော ရွက်ဖျင်တဲထောင်ချီမှာ အနောက်တွင် ရှိသောကြောင့် တစ်ဇွတ်ထိုးလှည့်ပြေးရန် ကြံစည်နေကြသည်။

သို့ရာတွင် ကံကြမ္မာက သူတို့ကို အခွင့်မပေးခဲ့။

ကျယ်လောင်သောတောင်ပံခတ်သံကြီးကို ကြားလိုက်ရချိန်၌ အကုန်လုံးက ကောင်းကင်သို့မော့ကြည့်ကြသည်။

ဒဏ္ဍာရီများထဲ၌သာ ရှိသည်ဟု ကြားဖူးသောနဂါးကြီး၏ ပုံရိပ်ကို အဝေးမှ မြင်လိုက်ရသည်။ ထိုစကားကို မည်သူစီးနင်းလာသည်ကို သိသော မြောက်ပိုင်းသားတို့မှာ ကြိုတင်စီစဥ်ထားသည့်အတိုင်း စစ်တပ်တို့ကို အလျင်အမြန်နောက်ဆုတ်သွားကြလေသည်။

ရုတ်တရက်ပေါ်လာသော နဂါးကြီးကြောင့် ပုန်ကန်သူတို့မှာ ကြောင်အနေကြသည်။

နဂါးကြီးအပေါ်တွင် စီးနင်းလာသော အဖြူရောင်ပုံရိပ်က အမိန့်ပေးလိုက်သည်နှင့် နဂါးကြီးသည် မီးလျှံတစ်ခုကို ရွက်ဖျင်တဲအစုအဝေးဆီသို့ ပစ်လွှတ်လိုက်လေသည်။

"ဝေါ....''
လေအဝှေ့၌ မီးတောက်တို့က လိုသည်ထက် ပြင်းထန်စွာ စွဲညိသွားကြသည်။

ထိုအခါမှ ကြောင်အနေသော ပုန်ကန်သူတို့ အခြေအနေကို နားလည်လိုက်သည်။ သူတို့ကို ဇီဝိန်ခြွေမည့်နဂါးက သူတို့ဆီတည့်တည့်လာနေသည်။

ရှေ့တိုးမသာ နောက်ဆုတ်မသာသောအခြေအနေတွင် ပုန်ကန်သူတို့မှာ များစွာ ထိတ်လန့်ကုန်ကြသည်။

လီချန်းယုံ၏ မျိုသိပ်ခဲ့ရသော ဝမ်းနည်းမှုတို့မှာ မျက်စိရှေ့တွင် အရှင်သခင်ကို ဆုံးရှုံးခဲ့ရသော ဟေးချို၏ ဒေါသတို့နှင့်ပေါင်းကာ ကြောက်မက်ဖွယ်မီးလျှံများ အဖြစ်ပြောင်းလဲသွားပြီ။

စားရေရိက္ခာနှင့် ပစ္စည်းတို့သိုလှောင်ထားသော ရွက်ဖျင်တဲတို့မှာ စက္ကန့်ပိုင်းအတွင်း  မီးတောက်များ၏ ဝါးမျိုဖျက်ဆီးခြင်းခံလိုက်ရသည်။

ပြေးစရာမြေမရှိသည်ကို နားလည်သွားကြသော ပုန်ကန်သူတို့မှာ ကြောက်ရွံ့ကာ လက်နက်တို့ကို ပစ်ချကြသည်။ မြေပြင်၌ ပြားပြားဝပ်ဒူးထောက်ကာ အသနားခံကြသည်။

လီချန်းယုံက မြေပြင်မှ ဒူးထောက်နေသူများကို ငုံ​့ကြည့်သည်။ သူ၏ မျက်နှာက နာကျည်းမှုအရိပ်အယောင်တို့အပြည့်...ဟေးချိုက မီးလျှံတို့ကို ထပ်မမှုတ်တော့...သူ့ကြည့်ရသည်မှာ လီချန်းယုံ၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဟန်....

လီချန်းယုံ သက်ပြင်းချလိုက်သည်။ သို့သော် သူ၏ ဝမ်းနည်းနာကျင်မှုတို့က လျော့ပါးမသွား။ စိတ်ရှိတိုင်းသာဆိုလျှင် ထိုလူတွေကို အကုန်မီးလောင်တိုက်သွင်းပစ်ချင်သည်။

သို့သော် ထိုအရာကလည်း သူ့ကိုလင်းမို မလုပ်စေချင်ဆုံး အရာဖြစ်ပေလိမ့်မည်။

လင်းမိုအကြောင်း ​အတွေး ဝင်လာသည်နှင့် လီချန်းယုံမှာ နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရသလို ခံစားရသည်။

သူဆက်လက်ပြီး ခံစားနိုင်ခြင်းမရှိတော့...
ထ်ုပုန်ကန်သူတို့ကို ဖမ်းဆီးရန် အနောက်ခပ်လှမ်းလှမ်းက မြောက်ပိုင်းလက်အောက်ခံအိမ်တော် အကြီးအကဲ ကိုအမိန့်ပေးလိုက်ရသည်။

ဟေးချိူက သူ၏ တောင်ပံများကို ဖြန့်ကျက်ပြီး ကောင်းကင်အမြင့်သို့ ပျံတက်သွားသည်။သို့သော် ဟေးချိုက တောင်ပိုင်းသို့ လှည့်ပြန်ခြင်းမဟုတ်....မြောက်ပိုင်း၏ အစွန်ဆုံး ရေခဲလွင်ပြင်ဆီသို့ ပျံသန်းသွားခြင်း ဖြစ်သည်။

တိမ်စိုင်များကြားမှ တစ်စွန်းတစ်စ မြင်ရသော ရေခဲလွင်ပြင်သည် ပြောင်းလဲမှုမရှိ။ အေးခဲကာ ရေခဲဖုံးနေသော သစ်ပင်ကျိုးတဲကျဲတဲဖြင့် လိုဏ်ဂူများက ယခင်အတိုင်း ရှိနေသည်။

လွင်ပြင်တစ်နေရာတွင် ဟေးချိုက မြေပြင်သို့ ဆင်းသက်ပြီး မီးလျှံတို့ကို မှုတ်ထုတ်လိုက်သည်။ နဂါးမီးလျှံတို့တွင် မှောစွမ်းအင်များပါနေသောကြောင့် သာမန်မီးလျှံတို့နှင့်မတူပေ။ အေးခဲနေသော ရေခဲပြင်ကို မီးတောက်တို့စွဲသွားကြသည်။

လီချန်းယုံ သည်မြင်ကွင်းကို ရင်းရင်းနှီးနှီးသိသည်။

သူ၏အိပ်မက်ထဲက မြင်ကွင်းပင်...

တစ်ခုပဲ မီးလျှံတို့ကို ရပ်ကြည့်နေသူက လင်းမို မဟုတ်ပဲ သူဖြစ်နေခြင်းပင်...

ထိုကျန်ရှိနေသော ညတစ်ဝက်ကို ရေခဲလွင်ပြင်က မီးလျှံတို့ကို ကြည့်ရင်း လီချန်းယုံ အချိန်ဖြုန်းခဲ့သည်။ သူဖြစ်နိုင်လျှင် မီးလျှံတ်ို့ထဲ တိုးဝင်ကာ ပျောက်ကွယ်သွားချင်သည်။

မိုးလင်းပိုင်းမှ ဟေးချိူနှင့် လီချန်းယုံမှာ ယန်နန်းတော်သို့ ပြန်ရောက်လာသည်။

ဥယျာဥ်တော်တွင် ရှောင်ချိုနှင့် အစောင့်များသည် အိပ်စက်နေတုန်းဖြစ်သည်။လီချန်းယုံက ဟေးချိုကို သူ၏ နေရာတွင် ပြန်နေစေပြီး လည်ပင်းက သံကွင်းကို ပြန်သော့ခတ်ထားခဲ့သည်။ ဟေးချိုမှာ သူ၏အရိုင်းစိတ်များထိန်းချုပ်ထားရန်နားလည်သောကြောင့် မငြင်းဆန်ပဲ သံကွင်းကို လည်ပင်း၌ အစွပ်ခံခဲ့သည်။

နောက်နေ့မနက်တွင် ဆယ့်ခြောက်ပြည်ထောင်အသီးသီး၌ အိမ်ရှေ့စံက နဂါးကြီး စီးနင်းပြီး ပုန်ကန်သူတို့ကို ချေမှုန်းခဲ့သည်ဆိုသော သတင်းက တောမီးလို ပျံ့နှံ့သွားသည်။ သေချာသည်က မည်သူမျှ သွေးတိုးစမ်းပြီး ပုန်ကန်ရဲတော့မည်မဟုတ်ချေ။

ယန်နန်းတော်တွင် အမတ်ကြီး၏ တားမြစ်မှုကြောင့် ထိုသတင်းကို မည်သူမျှ ပေါ်ပေါ်ထင်ထင်မပြောရဲကြ...

ရှောင်ချိုမှာ အဖြစ်မှန်ကို သိသွားသော်လည်း သခင်လေး၏ ဝမ်းနည်းမှုနှင်​့ ဟေးချို၏ ဒေါသကို နားအလည်ဆုံးသူ ဖြစ်သောကြောင့် သူမေးမြန်းခြင်းမပြုပဲ ဆိတ်ဆိတ်သာနေသည်။

ခြောက်လခန့်ကြာသော်...

ဆွေဟိုင်းနန်းတော်ကြီးမှာ အောင်မြင်စွာ တည်ဆောက်ပြီးစီး ပြီးဖြစ်သည်။ ယန်မြို့မှ ပြည်သူပြည်သားတို့ပင် ဆွေဟိုင်းသို့ နည်းနည်းစီ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

လီချန်းယုံမှာ မြောက်ပိုင်း၊ ဆွေဟိုင်းနှင့် ယန်နန်းတော်ကို ခေါက်တုံ့ခေါက်ပြန် သွားလာရင်း ဆယ့်ခြောက်နိုင်ငံကို ဦးဆောင်နေရသည်။

လီချန်းယုံတစ်ယောက် မနားမနေ လုပ်နေရသော တာဝန်တို့သည် တစ်ချိန်က လင်းမိုသည် မြောက်ပိုင်းက နန်းဆောင်လေးတွင်းမှ စီမံခဲ့သည်။

လင်းမိုက ဟန်မပျက် အေးအေးဆေးဆေးယူခဲ့သော တာဝန်တို့မှာ လီချန်းယုံအတွက် မနိုင်မနင်း ဖြစ်နေသည်။သေချာသည်က သူလင်းမိုလောက် ပရိယာယ်မကြွယ်သလို ကြိုတင်လည်း မမျှော်မြင်နိုင်ပေ။ဆင့်ကဲအုပ်ချုပ်ပုံဖြင့် လည်ပတ်နေသော မြောက်ပိုင်းကိုသာ သူကိုင်တွယ်နိုင်သည်။ တောင်ပိုင်းက သူ့အတွက် ကိုင်တွယ်ရန် ခက်ခဲလွန်းသည်။

အပြင်ပန်းကသာ လီချန်းယုံသည် သာမန်ပုံစံ ပြန်ဖြစ်သော်လည်း သူ၏ နန်းဆောင်နံရံတို့တွင် သွေးစက်တို့ စွန်းထင်းနေဆဲပင်...ပစ္စည်းများ ပေါက်ကွဲသံကြားတိုင်း အစေခံတို့ အပြေးအလွှားလာရောက်ရစမြဲပင်။ ညဘက်တွင် သမားတော်တို့ အဆောင်တော်သို့ ချောင်းပေါက်မတတ် လာရောက်ပြီး အိပ်ဆေးတို့ ပေးရစမြဲပင်။ မနက်ခင်းတိုင်း ရှောင်ချိုက လာရောက်ပြီး တစ်ခုခုစားရန် အတင်းအကြပ် တိုက်တွန်းရစမြဲပင်...

အဆိုးဆုံးမှာ အတိုင်ပင်ခံအမတ်ကြီးပင်...လီချန်းယုံက အားလပ်သည်နှင့် အမတ်ကြီးဆီသွားပြီး လင်းမို၏ ငယ်ဘဝကို မေးမြန်းလေ့ရှိသည်။ လင်းမို ဖြတ်သန်းခဲ့ရသော ငယ်ဘဝကို အသေးစိတ် အမတ်ကြီးက ပြန်ပြောတတ်သည်။

တစ်ခါတစ်ရံလည်း လီချန်းယုံက လင်းမို၏ အကြောင်းကို အထိန်းတော်များကို မထင်သလို မေးတတ်သည်။ အကြိုက်ဆုံးအစားအစာမှစ၍ မကြိုက်ဆုံးအရာများထိ ပြောပြပေးရသည်။ ဘေးနားရှိစဥ်က လင်းမိုကသာ အမြဲတစေ ဂရုစိုက်ခဲ့ပြီး ထိုဂရုစိုက်မှုတို့ကို ခံယူကာ လင်းမိုကို သူဂရုစိုက်ဖို့ မေ့နေခဲ့သည်။

တစ်ဖက်တွင် ဟေးချို၏ အခြေအနေမှာ များစွာတိုးတက်လာသော်လည်း တစ်လတွင် နှစ်ခါလောက် စိတ်ရိုင်းများဝင်လာတတ်သေးသည်။ အကြိမ်ရေလျော့လာပြီး တဖြည်းဖြည်း သက်သာလာသည်မှာ အမှန်ပင်။

ရှောင်ချိုကမူ သခင်လေးခွင့်ပြုချက်ဖြင့် မြောက်ပိုင်းသို့ မပြန်ပဲ ယန်နန်းတော်တွင်သာ နေထိုင်ကာ ဟေးချိုကို စောင့်ရှောက်နေသည်။

ထိုနေ့က လီချန်းယုံ မြောက်ပိုင်းက ပြန်လာပြီး နောက်တစ်ရက်...

ယန်နန်းတော်တစ်ခုလုံး ဆွေဟိုင်းကို ရွှေ့ရန် အမတ်များနှင့် ညီလာခံတွင် ဆွေးနွေးနေခိုက်...

"ဂါး....''

ဟေးချို၏ ကျယ်လောင်သော အော်သံကြီးက နန်းတော်ကြီးကို တုန်ဟီးစေသည်။

ဟေးချိုစိတ်ဖောက်နေပြီမှန်း လီချန်းယုံ သိလိုက်သည်။ သို့သော် ဖြစ်နေကျဖြစ်သောကြောင့် ရှောင်ချို ထိန်းနိုင်မည်ထင်ကာ သူ ညီလာခံက ထမသွားသေး...

"ဂါး....''
"ဂါး..''

အော်သံတို့က ဆိုးဝါးလာပြီး ညီလာခံ ပြတင်းမှ မီးတောက်တစ်ချို့ကို တွေ့လိုက်ရသောအခါ လီချန်းယုံ မနေသာတော့ပဲ ပြေးထွက်သွားရသည်။

ဟေးချိုက သူ့လည်ပင်းက သံကွင်းကို အတင်းရုန်းကန်နေသည်။ သူ၏ တောင်ပံများကို ခတ်ရင်း သံကွင်းနှင့် ချိတ်ထားသော သံကြိုးကို ​ပြတ်သွားရန် ကြိုးစားနေသည်။

ရှောင်ချိူက ထိန်းသော်လည်းမရ...အစောင့်တို့က အနားမကပ်ရဲ...

စိတ်ဖောက်နေသော နဂါးကြီးကိုသာ လွှတ်ပေးလိုက်လျှင် ဆယ့်ခြောက်ပြည်ထောင် ပြာကျသွားပေမည်။ လီချန်းယုံက ဟေးချို၏ ကျောကို ပွတ်ပေးပါသော်လည်း ယခုတစ်ကြိမ်ဆူးတောင်တို့က ပျောက်ကွယ်မသွား။

ဟေးချိုက သူတို့ကို အန္တာရာယ်မပေးသော်လည်း အတင်းရုန်းကန်မှုကြောင့် ရှောင်ချိူ လွင့်ထွက်သွားသည်။ လီချန်းယုံသည်လည်း လဲကျသွားသည်။

"ဝုန်း...''
ခိုင်ခံ့စွာ စိုက်ထားသော ကျောက်တိုင်ကြီး အရင်က ပြိုကျပြီး ဟေးချို၏ သံကြိုးက ပြတ်ထွက်သွားသည်။

ဟေးချိုက တောင်ပံတို့ကိုခတ်ရင်း အမြင့်ဆုံးသော ကောင်းကင်သို့ ဦးတည်ကာ ပျံထွက်သွားသည်။ ရှောင်ချိုနှင့် လီချန်းယုံသာ မြေပြင်တွင် ကျန်ခဲ့သည်။

လီချန်းယုံက မြေပြင်မှ လူးလဲထပြီး ပေကျံနေသော ဝတ်ရုံတို့ကို ခါပြီး ရှောင်ချိုကို ဆွဲထူသည်။ လီချန်းယုံ ယခုမှ တကယ်ကို ပြိုလဲချင်သလို ခံစားရသည်။ အနိုင်နိုင်စုစည်းထားရသော ဆယ့်ခြောက်ပြည်ထောင်နှင့် ဘယ်ဆီဘယ်ဝယ် လွတ်သွားမှန်းမသိ ထွက်သွားသော နဂါး...ပြသနာက မသေးချေ။

"ရှောင်ချို..ငါတို့ ဘယ်လိုလုပ်မလဲ''

ရှောင်ချိုကပြန်မဖြေ။ သူ၏ အာရုံက လီချန်းယုံထံတွင် မရှိ။ သူက ကောင်းကင်သာ မော့ကြည့်နေသည်။

"ရှောင်ချို...''
လီချန်းယုံက ပခုံးကို ပုတ်လိုက်သည်။

"သခင်လေး...ဟေးချိုက စိတ်ဖောက်သွားတာမဟုတ်ဘူး...သူစိတ်ရိုင်းတွေဝင်လာရင် ကျွန်တော့်ကို ရန်ပြုမှာ...အခုက ရန်မပြုဘူး။ သည်အတိုင်း သူ့ကို အချုပ်အနှောင်က လွတ်ချင်သလို ရုန်းထွက်သွားတာ...''
ရှောင်ချိုက လီချန်းယုံကို ပြောသည်။

ယခုမှ လီချန်းယုံ သတိထားမိသည်။ ဟေးချိုက သူ့ကိုလည်း ရန်မပြု။

"အဲ့ဒါထားလိုက်ဦး...သူဒီမှာ မရှိတုန်း စိတ်လွတ်ပြီး တစ်နေရာရာ သွားမီးရှို့နေရင် ဘယ်လိုလုပ်မလဲ''

လီချန်းယုံက သူစဥ်းစားမိသည်ကို ပြောသည်။

"ဟေးချိုက နဂါးလေ သခင်လေး''
ရှောင်ချိုက ပြန်ပြောသည်။

အဆီအငေါ်မတည့်သော ထိုစကားက လီချန်းယုံကို စိတ်တိုသွားစေသည်။

"ရှောင်ချို... ငါမသိဘူးထင်လို့လား!''

ရှောင်ချိုက လီချန်းယုံကို ဝေဖန်လိုဟန်အကြည့်တို့ဖြင့် ကြည့်ပြီးပြန်​ဖြေသည်။

"ကျွန်တော့်ကို သခင်လေး ဆင့်ခေါ်ကြည့်ပါလား...ကျွန်တော်ချက်ချင်းဝံပုလွေပုံစံနဲ့ သခင်လေးဆီလာရမှာ''

"မင်းဆိုလိုတာက...''
လီချန်းယုံက သူ့စကားကို ဆက်မပြော..အလောတကြီးဟန်ဖြင့် ရှောင်ချိုကို ကြည့်ရင်းမေးသည်။

"ဟေးချိုကို အရှင်က ဆင့်ခေါ်​ေနတာ...''
ရှောင်ချိုက ပြန်ဖြေသည်။

"သူ့အရှင်က လင်းမိုလား..??''
ကြောင်တောင်တောင်နိုင်သော လီချန်းယုံ၏ မေးခွန်းက သူယခုအချိန်အထိ လင်းမိုနှင့် ပတ်သက်လျှင် ဦးနှောက်ပုံမှန် အလုပ်မလုပ်မှန်း သိသာသည်။

ရှောင်ချိူက မချိုမချဥ် မျက်နှာဖြင့် ပြန်​ဖြေသည်။

"နှစ်ယောက်ရှိသေးလို့လား....''

"အား...''
အင်မတန် အိန္ဒြေကြီးမားလှသော မြောက်ပိုင်းအိမ်ရှေ့စံ၏ အော်သံက နန်းတော်ဥယျာဥ်တစ်ခုလုံး ပျံ့နှံ့သွားချေသည်။
______________________________________________________________
(Note- တစ်စုံတစ်ယောက်ဆီက ဝမ်းသာစရာ သတင်းကြားရရင် အာမေဋိတ်နဲ့ တုံ့ပြန်တတ်တယ်မလား။ လီချန်းယုံက ပျော်ပြီး အော်တာပါ။)

Zawgyi

Today is Monday and Promise is promise...

ပုန္ကန္သူမ်ား၏ စစ္တပ္မ်ားသည္ ေဆြဟိုင္းတစ္ေလွ်ာက္ လမ္းခရီးတြင္ အခိုင္အမာ စခန္းခ်ထားၾကသည္။ သူတို႔ သတင္းရရွိၿပီး ျဖစ္သည္။

ေတာင္ပိုင္းယန္မွ စစ္သည္တို႔ ေဆြဟိုင္းကို ခ်ီတက္လာသည္ဟု...နတ္ဆိုးဘုရင္ႏွင့္ တိုက္ပြဲတြင္ မ်ားစြာ အထိနာခဲ့ေသာ ယန္ စစ္သည္ေတာ္တို႔၏ အေရအတြက္မွာ နည္းပါးေနၿပီ ျဖစ္သည့္အတြက္ ပုန္ကန္သူတို႔ စိတ္ေအးေနသည္။

သို႔ေသာ္...
သုံးရက္ခန့္အၾကာတြင္ ေတာင္ပိုင္းမွ စစ္ခ်ီလာေသာ စစ္သည္ေတာ္တို႔သည္ ဟန္ျပသပ္သပ္သာသာ ျဖစ္ေၾကာင္း ပုန္ကန္သူတို႔ သိလိုက္ရခ်ိန္တြင္ ေနာက္က်သြားေခ်သည္။

သူတို႔ဆီသို႔အမွန္တကယ္ခ်ီတက္လာသည္မွာ ေျမာက္ပိုင္းမွာ စစ္သည္ေတာ္မ်ားပင္ ျဖစ္သည္။ ေဆြဟိုင္းမွာ ေျမာက္ပိုင္းႏွင့္ ကပ္လွ်ပ္ေဒသျဖစ္သည့္အတြက္ ပထဝီဝင္အေနအထားတို႔မွာ ေျမာက္ပိုင္းသားတို႔အတြက္ မစိမ္းေပ...

ေျမျပင္အေနအထားပိုမိုကြၽမ္းက်င္ၿပီး စိတ္ဓာတ္မာေက်ာေသာ ေျမာက္ပိုင္းစစ္သည္ေတာ္တို႔၏ အလစ္အငိုက္တိုက္ခံျခင္းကို ခံရေသာေၾကာင့္ အေရအတြက္မ်ားေသာ္လည္း ပုန္ကန္သူတို႔မွာ တျဖည္းျဖည္းအေရးနိမ့္ေနသည္။

လီခ်န္းယုံသည္ သူ႕ဆီသို႔ အဆက္မျပတ္ေရာက္လာေသာ တိုက္ပြဲ၏သတင္းမ်ားကို နားစြင့္ရင္း ယန္နန္းေတာ္၌သာ ရွိေနသည္။

ေျမာက္ပိုင္းစစ္သည္ေတာ္တို႔ႏွင့္ ထိပ္တိုက္ စစ္မ်က္ႏွာျပင္ကို ေရွ႕တန္းထြက္ကာ ပုန္ကန္သူတို႔ ရင္ဆိုင္ေနရသည္ဟူေသာ သတင္းေရာက္လာခ်ိန္၌ လီခ်န္းယုံက တစ္စုံတစ္ရာကို ဆုံးျဖတ္ၿပီးဟန္ျဖင့္ မတ္တပ္ရပ္လိုက္သည္။

သူ၏ေျခလွမ္းမ်ားက ယခင္ကသို႔ အိႏၵျေႀကီးစြာ ေအးေဆးတည္ၿငိမ္ေနပါေသာ္လည္း သူ၏ ႏႈတ္ခမ္းလႊာက တင္းတင္းေစ့ထားသည္။

ႏူးညံ့စြာၿပဳံးကာ အခ်ိဳသာဆုံးေသာ စကားတို႔ကိုသာ ဆိုေလ့ရွိေသာ အိမ္ေရွ႕စံေလးမွာ သူမည္သို႔ ၿပဳံးရယ္ရမည္ကိုပင္ ေမ့ေနဟန္တူသည္။

ျဖစ္နိုင္လွ်င္ လီခ်န္းယုံ နန္းေဆာင္အျပင္သို႔မထြက္ခ်င္ပါ။ ေနရာတိုင္းက သူ႕ကို လင္းမိုအား အမွတ္ရေနေစသည္။ တစ္ခါတစ္ရံ နန္းေဆာင္ေရွ႕တြင္ လႈပ္ရွားသြားလာေနတတ္ေသာ လင္းမို၏ ပုံရိပ္တို႔ကို ျမင္ေယာင္လာသည္။

ယခုအခ်ိန္မွ လီခ်န္းယုံမွာ သူလင္းမိုအေပၚ မည္မွ်မွီခိုေနခဲ့မိေၾကာင္း သတိထားမိသည္။

မနက္မိုးလင္းလွ်င္ သူ႕ကို အရင္ဆုံးက်ီစယ္ကာ ႏွိုးတတ္သည္မွာ လင္းမိုပင္...ညီလာခံမသြားခင္ မနက္စာအတူစားရန္ ျပင္ဆင္ေပးသည္မွာလည္း လင္းမိုပင္...ညီလာခံမွ အျပန္ နန္းေတာ္ကိစၥမ်ားကို လ်စ္လ်ဴရႈကာ အေဆာင္သို႔ တစ္ေခါက္ျပန္လာၿပီး သူ႕ေဘးတြင္ အခ်ိန္ျဖဳန္းေနတတ္သူ...အၿမဲတေစ မခံခ်င္ေအာင္ စေနာက္တတ္ေသာသူ...နန္းေတာ္တစ္ခုလုံးကို အာ႐ုံလႊဲၿပီး မေတြ႕ရသည့္ အခ်ိန္မ်ားမွာေတာင္ သူ႕ဆီသို႔ တကူးတကလာခဲ့သူ...

သူၾကားေနက် အားယုံေလးဟူေသာ ေခၚသံႏွင့္ လင္းမို၏ အၿပဳံးတို႔ကို ျမင္ေယာင္လာရင္း လီခ်န္းယုံမွာ ပါးျပင္၌ မ်က္ရည္စီးေၾကာင္းတစ္ခုက စီးက်လာသည္။

ထိုက်ဆင္းလာေသာမ်က္ရည္စတို႔ကို သုတ္ပစ္ျခင္းမရွိဘဲ မႏွေးမျမန္ေသာ ေျခလွမ္းမ်ားျဖင့္ လီခ်န္းယုံသည္ ယန္နန္းေတာ္၏ ဥယ်ာဥ္ေတာ္ဆီသို႔ ဦးတည္လာခဲ့သည္။

ထိုဥယ်ာဥ္ေတာ္၏ အေနာက္ဘက္တြင္ ေဟးခ်ိဳကို ထားထားျခင္းျဖစ္သည္။ နဂါးစီးနင္းသူအရွင္မရွိေတာ့ေသာေၾကာင့္ ေဟးခ်ိဳမွာ သူ၏ လူသားအသြင္သို႔ မေျပာင္းလဲနိုင္ေသး။ မရဏလွံတံ၏ ေမွာ္အစြမ္းမ်ားက သက္ေရာက္ဆဲျဖစ္ေသာေၾကာင့္ ေဟးခ်ိဳ၏ စိတ္မွာ ပုံမွန္အေျခအေန မျဖစ္ေသးေပ။

စိတ္လြတ္သြားသည့္အခါတိုင္း ေဟးခ်ိဳက မီးမ်ားမႈတ္ထုတ္ေသာေၾကာင့္ ဥယ်ာဥ္က သစ္ပင္တစ္ခ်ိဳ႕မွာ ျပာဘဝသို႔ေရာက္ကုန္ၿပီ ျဖစ္သည္။

အခ်ိန္ျပည့္စိတ္လြတ္သြားျခင္းမဟုတ္သည့္အတြက္ ေဟးခ်ိဳမွာ တစ္ခါတစ္ရံတြင္ေတာ့ ၿငိမ္သက္ေနတတ္သည္။

ယခုလီခ်န္းယုံေရာက္လာခ်ိန္မွာ ေဟးခ်ိဳ စိတ့္ၿငိမ္ေနစဥ္ျဖစ္ဟန္တူသည္။ ဥယ်ာဥ္ေတာ္အတြင္း မည္သည့္အသံမွမၾကားရ...

ေမွာင္ရိပ္ပ်ိဳးစအခ်ိန္ျဖစ္ေသာေၾကာင့္ အေစာင့္မ်ားမွာ တစ္ေနကုန္ ပင္ပန္းေနေသာေၾကာင့္ အိပ္ေမာက်ေနၾကသည္။ ေဟးခ်ိဳ၏ ဒဏ္ရာကို ေန႕မအိပ္ညမအိပ္ျပဳစုေပးေနရသည့္အျပင္ လီခ်န္းယုံဆီသို႔လည္း လာေရာက္ကာ ေစာင့္ေရွာက္ေနရေသာ ေရွာင္ခ်ိဳမွာ ယခုေတာ့ ပင္ပန္းမႈဒဏ္မ်ားေၾကာင့္ ဥယ်ာဥ္ေတာ္က ေက်ာက္သားခုံရွည္ႀကီးတြင္ အိပ္ေပ်ာ္ေနသည္။

အေမွာင္ထုကိုအကာအကြယ္ယူကာ လီခ်န္းယုံက ေျခလွမ္းသံမၾကားရေအာင္ ျဖည္းညင္းစြာ လွမ္းလာသည္။ လီခ်န္းယုံ၏ ေျခလွမ္းတို႔က ညင္သာေသာ္လည္း ေဟးခ်ိဳက အိပ္စက္မေနေသာေၾကာင့္ သူ၏နားသို႔ ကပ္လာေသာ တစ္စုံတစ္ေယာက္ကို သတိထားမိေလသည္။

ေျမျပင္သို႔ကပ္ကာ လဲေလ်ာင္းေနေသာ ေဟးခ်ိဳ၏ ဦးေခါင္းတို႔က ေမာ့လာၿပီး ခ်ဥ္းကပ္လာေသာ လီခ်န္းယုံကို ၾကည့္လိုက္သည္။ လီခ်န္းယုံကို ႏႈတ္ခမ္းကို လက္ညွိုးျဖင့္ ဖိကပ္ကာ အသံမထြက္ရန္ အမူအရာလုပ္ျပသည္။

ေဟးခ်ိဳက နားလည္ဟန္ျဖင့္ သူ၏ ဦးေခါင္းကို ၫႊတ္ျပသည္။ ေရွာင္ခ်ိဳ၏ အစီအမံျဖစ္ေလာက္မည္။ ေဟးခ်ိဳ၏ လည္ပင္းတြင္ အနက္ေရာင္သံကြင္းႀကီးကို သံႀကိဳးရွည္ႀကီးျဖင့္တြဲကာ ေက်ာက္တိုင္တစ္ခု၌ စိုက္ခ်ည္ထားသည္။

လီခ်န္းယုံက အသင့္ယူလာေသာေသာ့ျဖင့္ ေဟးခ်ိဳ၏ လည္ပင္းက သံကြင္းကို လြတ္သြားေအာင္ ျဖဳတ္ေပးၿပီး ေဟးခ်ိဳ၏ ေက်ာကုန္းကို ပြတ္သပ္လိုက္သည္။

ေဟးခ်ိဳသည္ နဂါးျဖစ္သည့္အတြက္ သူ၏ ေက်ာတြင္ ႀကီးမားေသာ ဆူးေတာင္ႀကီးမ်ားရွိေလသည္။

လီခ်န္းယုံက ပြတ္သပ္လိုက္သည့္အခါ ေဟးခ်ိဳက မ်က္လႊာခ်ၿပီး သူ၏ေက်ာကို တစ္ခ်က္လႈပ္ရွားလိုက္သည္။

ေက်ာေပၚကဆူးေတာင္အခ်ိဳ႕မွာ ေပ်ာက္ကြယ္သြားၿပီး လူတစ္ေယာက္ထိုင္ရန္ေနရာတစ္ခုစာ လပ္သြားသည္။

လီခ်န္းယုံၿပဳံးလိုက္သည္...
ေဟးခ်ိဳက သူ႕ကို လက္ခံေခ်သည္။ သူက ေဟးခ်ိဳ၏ ေက်ာေပၚသို႔ တက္ၿပီး ေကာင္းကင္သို႔ ပ်ံသန္းရန္ အမိန့္ေပးလိုက္သည္။

ေဟးခ်ိဳက သူ၏အေတာင္ပံႀကီးမ်ားကို အသံမျမည္ေအာင္ တစ္ခ်က္အသာခတ္လိုက္ၿပီး ေကာင္းကင္ဆီသို႔ ဦးတည္လာခဲ့သည္။

ေဟးခ်ိဳ၏ ညင္သာမႈေၾကာင့္ အိပ္ေပ်ာ္ေနေသာ ေရွာင္ခ်ိဳေရာ အေစာင့္မ်ားပါမနိုးေခ်။

ေဆြဟိုင္းကတိုက္ပြဲ၏ အေျဖမွာ ရွင္းလင္းစြာ ထြက္သြားၿပီး ျဖစ္သည္။ ပုန္ကန္သူတို႔မွာ အေနာက္သို႔ တစ္ဆုတ္တည္းဆုတ္ခြာေနရသည္။

သူတို႔ အေျခခ်ထားေသာ ႐ြက္ဖ်င္တဲေထာင္ခ်ီမွာ အေနာက္တြင္ ရွိေသာေၾကာင့္ တစ္ဇြတ္ထိုးလွည့္ေျပးရန္ ႀကံစည္ေနၾကသည္။

သို႔ရာတြင္ ကံၾကမၼာက သူတို႔ကို အခြင့္မေပးခဲ့။

က်ယ္ေလာင္ေသာေတာင္ပံခတ္သံႀကီးကို ၾကားလိုက္ရခ်ိန္၌ အကုန္လုံးက ေကာင္းကင္သို႔ေမာ့ၾကည့္ၾကသည္။

ဒ႑ာရီမ်ားထဲ၌သာ ရွိသည္ဟု ၾကားဖူးေသာနဂါးႀကီး၏ ပုံရိပ္ကို အေဝးမွ ျမင္လိုက္ရသည္။ ထိုစကားကို မည္သူစီးနင္းလာသည္ကို သိေသာ ေျမာက္ပိုင္းသားတို႔မွာ ႀကိဳတင္စီစဥ္ထားသည့္အတိုင္း စစ္တပ္တို႔ကို အလ်င္အျမန္ေနာက္ဆုတ္သြားၾကေလသည္။

႐ုတ္တရက္ေပၚလာေသာ နဂါးႀကီးေၾကာင့္ ပုန္ကန္သူတို႔မွာ ေၾကာင္အေနၾကသည္။

နဂါးႀကီးအေပၚတြင္ စီးနင္းလာေသာ အျဖဴေရာင္ပုံရိပ္က အမိန့္ေပးလိုက္သည္ႏွင့္ နဂါးႀကီးသည္ မီးလွ်ံတစ္ခုကို ႐ြက္ဖ်င္တဲအစုအေဝးဆီသို႔ ပစ္လႊတ္လိုက္ေလသည္။

"ေဝါ....''
ေလအေဝွ႕၌ မီးေတာက္တို႔က လိုသည္ထက္ ျပင္းထန္စြာ စြဲညိသြားၾကသည္။

ထိုအခါမွ ေၾကာင္အေနေသာ ပုန္ကန္သူတို႔ အေျခအေနကို နားလည္လိုက္သည္။ သူတို႔ကို ဇီဝိန္ေႁခြမည့္နဂါးက သူတို႔ဆီတည့္တည့္လာေနသည္။

ေရွ႕တိုးမသာ ေနာက္ဆုတ္မသာေသာအေျခအေနတြင္ ပုန္ကန္သူတို႔မွာ မ်ားစြာ ထိတ္လန့္ကုန္ၾကသည္။

လီခ်န္းယုံ၏ မ်ိဳသိပ္ခဲ့ရေသာ ဝမ္းနည္းမႈတို႔မွာ မ်က္စိေရွ႕တြင္ အရွင္သခင္ကို ဆုံးရႈံးခဲ့ရေသာ ေဟးခ်ိဳ၏ ေဒါသတို႔ႏွင့္ေပါင္းကာ ေၾကာက္မက္ဖြယ္မီးလွ်ံမ်ား အျဖစ္ေျပာင္းလဲသြားၿပီ။

စားေရရိကၡာႏွင့္ ပစၥည္းတို႔သိုေလွာင္ထားေသာ ႐ြက္ဖ်င္တဲတို႔မွာ စကၠန့္ပိုင္းအတြင္း မီးေတာက္မ်ား၏ ဝါးမ်ိဳဖ်က္ဆီးျခင္းခံလိုက္ရသည္။

ေျပးစရာေျမမရွိသည္ကို နားလည္သြားၾကေသာ ပုန္ကန္သူတို႔မွာ ေၾကာက္႐ြံ႕ကာ လက္နက္တို႔ကို ပစ္ခ်ၾကသည္။ ေျမျပင္၌ ျပားျပားဝပ္ဒူးေထာက္ကာ အသနားခံၾကသည္။

လီခ်န္းယုံက ေျမျပင္မွ ဒူးေထာက္ေနသူမ်ားကို ငုံ့ၾကည့္သည္။ သူ၏ မ်က္ႏွာက နာက်ည္းမႈအရိပ္အေယာင္တို႔အျပည့္...ေဟးခ်ိဳက မီးလွ်ံတို႔ကို ထပ္မမႈတ္ေတာ့...သူ႕ၾကည့္ရသည္မွာ လီခ်န္းယုံ၏ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနဟန္....

လီခ်န္းယုံ သက္ျပင္းခ်လိဳက္သည္။ သို႔ေသာ္ သူ၏ ဝမ္းနည္းနာက်င္မႈတို႔က ေလ်ာ့ပါးမသြား။ စိတ္ရွိတိုင္းသာဆိုလွ်င္ ထိုလူေတြကို အကုန္မီးေလာင္တိုက္သြင္းပစ္ခ်င္သည္။

သို႔ေသာ္ ထိုအရာကလည္း သူ႕ကိုလင္းမို မလုပ္ေစခ်င္ဆုံး အရာျဖစ္ေပလိမ့္မည္။

လင္းမိုအေၾကာင္း အေတြး ဝင္လာသည္ႏွင့္ လီခ်န္းယုံမွာ ႏွလုံးသားတစ္ခုလုံး ဖ်စ္ညွစ္ခံလိုက္ရသလို ခံစားရသည္။

သူဆက္လက္ၿပီး ခံစားနိုင္ျခင္းမရွိေတာ့...
ထ်ုပုန်ကန်သူတို့ကို ဖမ္းဆီးရန္ အေနာက္ခပ္လွမ္းလွမ္းက ေျမာက္ပိုင္းလက္ေအာက္ခံအိမ္ေတာ္ အႀကီးအကဲ ကိုအမိန့္ေပးလိုက္ရသည္။

ေဟးခ်ိဴက သူ၏ ေတာင္ပံမ်ားကို ျဖန့္က်က္ၿပီး ေကာင္းကင္အျမင့္သို႔ ပ်ံတက္သြားသည္။သို႔ေသာ္ ေဟးခ်ိဳက ေတာင္ပိုင္းသို႔ လွည့္ျပန္ျခင္းမဟုတ္....ေျမာက္ပိုင္း၏ အစြန္ဆုံး ေရခဲလြင္ျပင္ဆီသို႔ ပ်ံသန္းသြားျခင္း ျဖစ္သည္။

တိမ္စိုင္မ်ားၾကားမွ တစ္စြန္းတစ္စ ျမင္ရေသာ ေရခဲလြင္ျပင္သည္ ေျပာင္းလဲမႈမရွိ။ ေအးခဲကာ ေရခဲဖုံးေနေသာ သစ္ပင္က်ိဳးတဲက်ဲတဲျဖင့္ လိုဏ္ဂူမ်ားက ယခင္အတိုင္း ရွိေနသည္။

လြင္ျပင္တစ္ေနရာတြင္ ေဟးခ်ိဳက ေျမျပင္သို႔ ဆင္းသက္ၿပီး မီးလွ်ံတို႔ကို မႈတ္ထုတ္လိုက္သည္။ နဂါးမီးလွ်ံတို႔တြင္ ေမွာစြမ္းအင္မ်ားပါေနေသာေၾကာင့္ သာမန္မီးလွ်ံတို႔ႏွင့္မတူေပ။ ေအးခဲေနေသာ ေရခဲျပင္ကို မီးေတာက္တို႔စြဲသြားၾကသည္။

လီခ်န္းယုံ သည္ျမင္ကြင္းကို ရင္းရင္းႏွီးႏွီးသိသည္။

သူ၏အိပ္မက္ထဲက ျမင္ကြင္းပင္...

တစ္ခုပဲ မီးလွ်ံတို႔ကို ရပ္ၾကည့္ေနသူက လင္းမို မဟုတ္ပဲ သူျဖစ္ေနျခင္းပင္...

ထိုက်န္ရွိေနေသာ ညတစ္ဝက္ကို ေရခဲလြင္ျပင္က မီးလွ်ံတို႔ကို ၾကည့္ရင္း လီခ်န္းယုံ အခ်ိန္ျဖဳန္းခဲ့သည္။ သူျဖစ္နိုင္လွ်င္ မီးလျှံတ်ို့ထဲ တိုးဝင္ကာ ေပ်ာက္ကြယ္သြားခ်င္သည္။

မိုးလင္းပိုင္းမွ ေဟးခ်ိဴႏွင့္ လီခ်န္းယုံမွာ ယန္နန္းေတာ္သို႔ ျပန္ေရာက္လာသည္။

ဥယ်ာဥ္ေတာ္တြင္ ေရွာင္ခ်ိဳႏွင့္ အေစာင့္မ်ားသည္ အိပ္စက္ေနတုန္းျဖစ္သည္။လီခ်န္းယုံက ေဟးခ်ိဳကို သူ၏ ေနရာတြင္ ျပန္ေနေစၿပီး လည္ပင္းက သံကြင္းကို ျပန္ေသာ့ခတ္ထားခဲ့သည္။ ေဟးခ်ိဳမွာ သူ၏အရိုင္းစိတ္မ်ားထိန္းခ်ဳပ္ထားရန္နားလည္ေသာေၾကာင့္ မျငင္းဆန္ပဲ သံကြင္းကို လည္ပင္း၌ အစြပ္ခံခဲ့သည္။

ေနာက္ေန႕မနက္တြင္ ဆယ့္ေျခာက္ျပည္ေထာင္အသီးသီး၌ အိမ္ေရွ႕စံက နဂါးႀကီး စီးနင္းၿပီး ပုန္ကန္သူတို႔ကို ေခ်မႈန္းခဲ့သည္ဆိုေသာ သတင္းက ေတာမီးလို ပ်ံ့ႏွံ႕သြားသည္။ ေသခ်ာသည္က မည္သူမွ် ေသြးတိုးစမ္းၿပီး ပုန္ကန္ရဲေတာ့မည္မဟုတ္ေခ်။

ယန္နန္းေတာ္တြင္ အမတ္ႀကီး၏ တားျမစ္မႈေၾကာင့္ ထိုသတင္းကို မည္သူမွ် ေပၚေပၚထင္ထင္မေျပာရဲၾက...

ေရွာင္ခ်ိဳမွာ အျဖစ္မွန္ကို သိသြားေသာ္လည္း သခင္ေလး၏ ဝမ္းနည္းမႈႏွင့္ ေဟးခ်ိဳ၏ ေဒါသကို နားအလည္ဆုံးသူ ျဖစ္ေသာေၾကာင့္ သူေမးျမန္းျခင္းမျပဳပဲ ဆိတ္ဆိတ္သာေနသည္။

ေျခာက္လခန့္ၾကာေသာ္...

ေဆြဟိုင္းနန္းေတာ္ႀကီးမွာ ေအာင္ျမင္စြာ တည္ေဆာက္ၿပီးစီး ၿပီးျဖစ္သည္။ ယန္ၿမိဳ႕မွ ျပည္သူျပည္သားတို႔ပင္ ေဆြဟိုင္းသို႔ နည္းနည္းစီ ေျပာင္းေ႐ႊ႕ေနၾကၿပီ ျဖစ္သည္။

လီခ်န္းယုံမွာ ေျမာက္ပိုင္း၊ ေဆြဟိုင္းႏွင့္ ယန္နန္းေတာ္ကို ေခါက္တုံ႕ေခါက္ျပန္ သြားလာရင္း ဆယ့္ေျခာက္နိုင္ငံကို ဦးေဆာင္ေနရသည္။

လီခ်န္းယုံတစ္ေယာက္ မနားမေန လုပ္ေနရေသာ တာဝန္တို႔သည္ တစ္ခ်ိန္က လင္းမိုသည္ ေျမာက္ပိုင္းက နန္းေဆာင္ေလးတြင္းမွ စီမံခဲ့သည္။

လင္းမိုက ဟန္မပ်က္ ေအးေအးေဆးေဆးယူခဲ့ေသာ တာဝန္တို႔မွာ လီခ်န္းယုံအတြက္ မနိုင္မနင္း ျဖစ္ေနသည္။ေသခ်ာသည္က သူလင္းမိုေလာက္ ပရိယာယ္မႂကြယ္သလို ႀကိဳတင္လည္း မေမွ်ာ္ျမင္နိုင္ေပ။ဆင့္ကဲအုပ္ခ်ဳပ္ပုံျဖင့္ လည္ပတ္ေနေသာ ေျမာက္ပိုင္းကိုသာ သူကိုင္တြယ္နိုင္သည္။ ေတာင္ပိုင္းက သူ႕အတြက္ ကိုင္တြယ္ရန္ ခက္ခဲလြန္းသည္။

အျပင္ပန္းကသာ လီခ်န္းယုံသည္ သာမန္ပုံစံ ျပန္ျဖစ္ေသာ္လည္း သူ၏ နန္းေဆာင္နံရံတို႔တြင္ ေသြးစက္တို႔ စြန္းထင္းေနဆဲပင္...ပစၥည္းမ်ား ေပါက္ကြဲသံၾကားတိုင္း အေစခံတို႔ အေျပးအလႊားလာေရာက္ရစၿမဲပင္။ ညဘက္တြင္ သမားေတာ္တို႔ အေဆာင္ေတာ္သို႔ ေခ်ာင္းေပါက္မတတ္ လာေရာက္ၿပီး အိပ္ေဆးတို႔ ေပးရစၿမဲပင္။ မနက္ခင္းတိုင္း ေရွာင္ခ်ိဳက လာေရာက္ၿပီး တစ္ခုခုစားရန္ အတင္းအၾကပ္ တိုက္တြန္းရစၿမဲပင္...

အဆိုးဆုံးမွာ အတိုင္ပင္ခံအမတ္ႀကီးပင္...လီခ်န္းယုံက အားလပ္သည္ႏွင့္ အမတ္ႀကီးဆီသြားၿပီး လင္းမို၏ ငယ္ဘဝကို ေမးျမန္းေလ့ရွိသည္။ လင္းမို ျဖတ္သန္းခဲ့ရေသာ ငယ္ဘဝကို အေသးစိတ္ အမတ္ႀကီးက ျပန္ေျပာတတ္သည္။

တစ္ခါတစ္ရံလည္း လီခ်န္းယုံက လင္းမို၏ အေၾကာင္းကို အထိန္းေတာ္မ်ားကို မထင္သလို ေမးတတ္သည္။ အႀကိဳက္ဆုံးအစားအစာမွစ၍ မႀကိဳက္ဆုံးအရာမ်ားထိ ေျပာျပေပးရသည္။ ေဘးနားရွိစဥ္က လင္းမိုကသာ အၿမဲတေစ ဂ႐ုစိုက္ခဲ့ၿပီး ထိုဂ႐ုစိုက္မႈတို႔ကို ခံယူကာ လင္းမိုကို သူဂ႐ုစိုက္ဖို႔ ေမ့ေနခဲ့သည္။

တစ္ဖက္တြင္ ေဟးခ်ိဳ၏ အေျခအေနမွာ မ်ားစြာတိုးတက္လာေသာ္လည္း တစ္လတြင္ ႏွစ္ခါေလာက္ စိတ္ရိုင္းမ်ားဝင္လာတတ္ေသးသည္။ အႀကိမ္ေရေလ်ာ့လာၿပီး တျဖည္းျဖည္း သက္သာလာသည္မွာ အမွန္ပင္။

ေရွာင္ခ်ိဳကမူ သခင္ေလးခြင့္ျပဳခ်က္ျဖင့္ ေျမာက္ပိုင္းသို႔ မျပန္ပဲ ယန္နန္းေတာ္တြင္သာ ေနထိုင္ကာ ေဟးခ်ိဳကို ေစာင့္ေရွာက္ေနသည္။

ထိုေန႕က လီခ်န္းယုံ ေျမာက္ပိုင္းက ျပန္လာၿပီး ေနာက္တစ္ရက္...

ယန္နန္းေတာ္တစ္ခုလုံး ေဆြဟိုင္းကို ေ႐ႊ႕ရန္ အမတ္မ်ားႏွင့္ ညီလာခံတြင္ ေဆြးႏြေးေနခိုက္...

"ဂါး....''

ေဟးခ်ိဳ၏ က်ယ္ေလာင္ေသာ ေအာ္သံႀကီးက နန္းေတာ္ႀကီးကို တုန္ဟီးေစသည္။

ေဟးခ်ိဳစိတ္ေဖာက္ေနၿပီမွန္း လီခ်န္းယုံ သိလိုက္သည္။ သို႔ေသာ္ ျဖစ္ေနက်ျဖစ္ေသာေၾကာင့္ ေရွာင္ခ်ိဳ ထိန္းနိုင္မည္ထင္ကာ သူ ညီလာခံက ထမသြားေသး...

"ဂါး....''
"ဂါး..''

ေအာ္သံတို႔က ဆိုးဝါးလာၿပီး ညီလာခံ ျပတင္းမွ မီးေတာက္တစ္ခ်ိဳ႕ကို ေတြ႕လိုက္ရေသာအခါ လီခ်န္းယုံ မေနသာေတာ့ပဲ ေျပးထြက္သြားရသည္။

ေဟးခ်ိဳက သူ႕လည္ပင္းက သံကြင္းကို အတင္း႐ုန္းကန္ေနသည္။ သူ၏ ေတာင္ပံမ်ားကို ခတ္ရင္း သံကြင္းႏွင့္ ခ်ိတ္ထားေသာ သံႀကိဳးကို ျပတ္သြားရန္ ႀကိဳးစားေနသည္။

ေရွာင္ခ်ိဴက ထိန္းေသာ္လည္းမရ...အေစာင့္တို႔က အနားမကပ္ရဲ...

စိတ္ေဖာက္ေနေသာ နဂါးႀကီးကိုသာ လႊတ္ေပးလိုက္လွ်င္ ဆယ့္ေျခာက္ျပည္ေထာင္ ျပာက်သြားေပမည္။ လီခ်န္းယုံက ေဟးခ်ိဳ၏ ေက်ာကို ပြတ္ေပးပါေသာ္လည္း ယခုတစ္ႀကိမ္ဆူးေတာင္တို႔က ေပ်ာက္ကြယ္မသြား။

ေဟးခ်ိဳက သူတို႔ကို အႏၱာရာယ္မေပးေသာ္လည္း အတင္း႐ုန္းကန္မႈေၾကာင့္ ေရွာင္ခ်ိဴ လြင့္ထြက္သြားသည္။ လီခ်န္းယုံသည္လည္း လဲက်သြားသည္။

"ဝုန္း...''
ခိုင္ခံ့စြာ စိုက္ထားေသာ ေက်ာက္တိုင္ႀကီး အရင္က ၿပိဳက်ၿပီး ေဟးခ်ိဳ၏ သံႀကိဳးက ျပတ္ထြက္သြားသည္။

ေဟးခ်ိဳက ေတာင္ပံတို႔ကိုခတ္ရင္း အျမင့္ဆုံးေသာ ေကာင္းကင္သို႔ ဦးတည္ကာ ပ်ံထြက္သြားသည္။ ေရွာင္ခ်ိဳႏွင့္ လီခ်န္းယုံသာ ေျမျပင္တြင္ က်န္ခဲ့သည္။

လီခ်န္းယုံက ေျမျပင္မွ လူးလဲထၿပီး ေပက်ံေနေသာ ဝတ္႐ုံတို႔ကို ခါၿပီး ေရွာင္ခ်ိဳကို ဆြဲထူသည္။ လီခ်န္းယုံ ယခုမွ တကယ္ကို ၿပိဳလဲခ်င္သလို ခံစားရသည္။ အနိုင္နိုင္စုစည္းထားရေသာ ဆယ့္ေျခာက္ျပည္ေထာင္ႏွင့္ ဘယ္ဆီဘယ္ဝယ္ လြတ္သြားမွန္းမသိ ထြက္သြားေသာ နဂါး...ျပသနာက မေသးေခ်။

"ေရွာင္ခ်ိဳ..ငါတို႔ ဘယ္လိုလုပ္မလဲ''

ေရွာင္ခ်ိဳကျပန္မေျဖ။ သူ၏ အာ႐ုံက လီခ်န္းယုံထံတြင္ မရွိ။ သူက ေကာင္းကင္သာ ေမာ့ၾကည့္ေနသည္။

"ေရွာင္ခ်ိဳ...''
လီခ်န္းယုံက ပခုံးကို ပုတ္လိုက္သည္။

"သခင္ေလး...ေဟးခ်ိဳက စိတ္ေဖာက္သြားတာမဟုတ္ဘူး...သူစိတ္ရိုင္းေတြဝင္လာရင္ ကြၽန္ေတာ့္ကို ရန္ျပဳမွာ...အခုက ရန္မျပဳဘူး။ သည္အတိုင္း သူ႕ကို အခ်ဳပ္အႏွောင္က လြတ္ခ်င္သလို ႐ုန္းထြက္သြားတာ...''
ေရွာင္ခ်ိဳက လီခ်န္းယုံကို ေျပာသည္။

ယခုမွ လီခ်န္းယုံ သတိထားမိသည္။ ေဟးခ်ိဳက သူ႕ကိုလည္း ရန္မျပဳ။

"အဲ့ဒါထားလိုက္ဦး...သူဒီမွာ မရွိတုန္း စိတ္လြတ္ၿပီး တစ္ေနရာရာ သြားမီးရွို႔ေနရင္ ဘယ္လိုလုပ္မလဲ''

လီခ်န္းယုံက သူစဥ္းစားမိသည္ကို ေျပာသည္။

"ေဟးခ်ိဳက နဂါးေလ သခင္ေလး''
ေရွာင္ခ်ိဳက ျပန္ေျပာသည္။

အဆီအေငၚမတည့္ေသာ ထိုစကားက လီခ်န္းယုံကို စိတ္တိုသြားေစသည္။

"ေရွာင္ခ်ိဳ... ငါမသိဘူးထင္လို႔လား!''

ေရွာင္ခ်ိဳက လီခ်န္းယုံကို ေဝဖန္လိုဟန္အၾကည့္တို႔ျဖင့္ ၾကည့္ၿပီးျပန္ေျဖသည္။

"ကြၽန္ေတာ့္ကို သခင္ေလး ဆင့္ေခၚၾကည့္ပါလား...ကြၽန္ေတာ္ခ်က္ခ်င္းဝံပုေလြပုံစံနဲ႕ သခင္ေလးဆီလာရမွာ''

"မင္းဆိုလိုတာက...''
လီခ်န္းယုံက သူ႕စကားကို ဆက္မေျပာ..အေလာတႀကီးဟန္ျဖင့္ ေရွာင္ခ်ိဳကို ၾကည့္ရင္းေမးသည္။

"ေဟးခ်ိဳကို အရွင္က ဆင့္ေခၚေနတာ...''
ေရွာင္ခ်ိဳက ျပန္ေျဖသည္။

"သူ႕အရွင္က လင္းမိုလား..??''
ေၾကာင္ေတာင္ေတာင္နိုင္ေသာ လီခ်န္းယုံ၏ ေမးခြန္းက သူယခုအခ်ိန္အထိ လင္းမိုႏွင့္ ပတ္သက္လွ်င္ ဦးႏွောက္ပုံမွန္ အလုပ္မလုပ္မွန္း သိသာသည္။

ေရွာင္ခ်ိဴက မခ်ိဳမခ်ဥ္ မ်က္ႏွာျဖင့္ ျပန္ေျဖသည္။

"ႏွစ္ေယာက္ရွိေသးလို႔လား....''

"အား...''
အင္မတန္ အိႏၵျေႀကီးမားလွေသာ ေျမာက္ပိုင္းအိမ္ေရွ႕စံ၏ ေအာ္သံက နန္းေတာ္ဥယ်ာဥ္တစ္ခုလုံး ပ်ံ့ႏွံ႕သြားေခ်သည္။
______________________________________________________________
(Note- တစ္စုံတစ္ေယာက္ဆီက ဝမ္းသာစရာ သတင္းၾကားရရင္ အာေမဋိတ္နဲ႕ တုံ႕ျပန္တတ္တယ္မလား။ လီခ်န္းယုံက ေပ်ာ္ၿပီး ေအာ္တာပါ။)




Continue Reading

You'll Also Like

59.4K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
33.3K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛