{Zawgyi}
•အတြဲရဲ႕လုပ္ရပ္ကိုဖမ္းမိဖို႔အတြက္ ေက်ာင္းေပါက္ဝမွာေဆာင့္ေၾကာင့္ထိုင္ေစာင့္•
ဒီေန႔လင္က်န္းေက်ာင္းကို ထူးထူးျခားျခားေစာေရာက္ေနေပမယ့္ ေက်ာင္းထဲတန္းမဝင္ေသးဘူး။ အဲ့အစား ေက်ာင္းေပါက္ဝမွာေဆာင့္ေၾကာင့္ထိုင္ၿပီး အတြဲရဲ႕လုပ္ရပ္ကို ေစာင့္ဖမ္းဖို႔လုပ္တယ္!
ၿပီးခဲ့တဲ့ညက သူေနာက္ဆုံးနားလည္သြားခဲ့တယ္။ ႏွစ္ေပါင္းမ်ားစြာဟဲ့ခ်န္းမင္ေနာက္လိုက္ခဲ့တာေတာင္ ဘယ္တုန္းကမ်ား သူမိန္းကေလးတစ္ေယာက္နဲ႔ အီစီကလီလုပ္တာေတြ႕ဖူးလို႔လဲ? သူေယာက်ာ္းတစ္ေယာက္နဲ႔ အဲ့လိုမျဖစ္ႏိုင္ေလာက္ဘူးဆိုေပမယ့္လည္း… အေျခအျမစ္မရွိတဲ့ဇာတ္လမ္းေၾကာင့္ အေၾကာင္းျပခ်က္ကပိုေသခ်ာသြားတယ္! အဲ့တာေၾကာင့္ ဟဲ့ခ်န္းမင္ကလတ္တေလာမွ ေပၚလာတဲ့က်ီေလ်ာင္နဲ႔ဒိတ္ေနတာျဖစ္ႏိုင္တယ္လို႔ သံသယရွိတယ္!
က်ီေလ်ာင္ေပၚလာတည္းက ဟဲ့ခ်န္းမင္လုံးဝေျပာင္းလဲသြားတယ္။ စာသင္ခ်ိန္ေတြမွာ အရင္တုန္းကဆို အတန္းခ်ိန္ၿပီးတဲ့အထိ အၿမဲတမ္းအိပ္ပဲအိပ္ေနတတ္တဲ့သူက ခုဆိုသူ႔ရဲ႕WeChatကိုပဲ ေတာက္ေလွ်ာက္စစ္ေနတယ္! အခုေတာ့ေျပာစရာေတာင္မရွိေတာ့ဘူး။ ဆရာမကတခါတရံ ဟဲ့ခ်န္းမင္ကိုဥပမာထားၿပီး သူ႔ကိုအာ႐ုံစိုက္ဖို႔ ‘သတိေပး’လာတတ္တယ္။ “ဟဲ့ခ်န္းမင္ကိုၾကည့္ၾကစမ္း၊ သူကအတန္းထဲမွာ ပထမျဖစ္တာေတာင္မွ စာသင္ခ်ိန္ေတြဆို မအိပ္ဘူး၊ မင္းတို႔အားလုံး အိပ္ရဲေသးတယ္လား?”
လင္က်န္း : “…”
သူမကအေျခအေနကိုလိုက္ၿပီး ဘယ္လိုအခြင့္ေကာင္းယူရမလဲဆိုတာ တကယ္သိတာပဲ! အရင္ဟဲ့ခ်န္းမင္အိပ္ေနတုန္းကဆိုရင္ေတာ့ “အတန္းရဲ႕ပထမလူေတာင္ အိပ္ေနတာ မင္းတို႔အားလုံးဘာလို႔စာသင္ေနအုံးမွာလဲ?” ဆိုတဲ့ဥပမာကိုက်ေတာ့ တစ္ခါမွမၾကားခဲ့ရပါလား။ တိုတိုေျပာရရင္ သူမကသူ႔ကိုဆို စာသင္တာေတာင္ေကာင္းမသင္ႏိုင္တာေၾကာင့္ အိပ္ဖို႔မထိုက္တန္ဘူးလို႔ အျပစ္တင္ေနတာျဖစ္တယ္။
လင္က်န္းသက္ျပင္းသာခ်လိုက္တယ္။ ေက်ာင္းေပါက္ဝမွာထိုင္ေစာင့္ေနရတာေၾကာင့္ ေျခေထာက္ေတြေတာင္ေညာင္းလာတေပမယ့္ တစ္ေယာက္မွမေတြ႕မိေသးဘူး။
႐ုတ္တရက္ သူ႔ေရွ႕ကိုလူရိပ္တစ္ခုက်ေရာက္လာတယ္။ ေမာ့ၾကည့္လိုက္ေတာ့ ေျဖာင့္စင္းေနတဲ့ႏွာတံေပၚမွာ ေ႐ႊေရာင္မ်က္မွန္ကိုင္းေလးနဲ႔ေကာင္ေလးကို ေတြ႕လိုက္ရတယ္။ ကုမင္းယန္!
လင္က်န္းျမန္ျမန္ထရပ္လိုက္ၿပီး ေမးတယ္ “ကုေရွာင္.. ၿပိဳင္ပြဲကေနျပန္လာၿပီလား?”
ကုမင္းယန္က ဟဲ့ခ်န္းမင္နဲ႔အဆင့္တူတဲ့ တစ္ဦးတည္းေသာညီအစ္ကိုျဖစ္တယ္။ [T/N : အရင္းႏွီးဆုံးသူငယ္ခ်င္းကိုဆိုလိုတာပါ] ႏွစ္ေယာက္လုံးရဲ႕ ကိုယ္ပိုင္ဟန္၊ ဆြဲေဆာင္မႈနဲ႔ ဉာဏ္ရည္ထက္ျမက္မႈေတြက တန္းတူထူးျခားၾကတယ္! ဒါေပမယ့္ ဟဲ့ခ်န္းမင္နဲ႔ယွဥ္ရင္ ကုမင္းယန္ကနည္းနည္းနားလည္ရခက္တာေၾကာင့္ လင္က်န္းသူ႔ကိုဆို နည္းနည္းေတာ့ေၾကာက္တယ္။
“အင္း” ကုမင္းယန္သူ႔ကို မသၤကာသလိုၾကည့္ရင္းေမးလာတယ္ “မင္းဘာလို႔ဒီမွာ ေဆာင့္ေဆာင့္ႀကီးထိုင္ေနတာလဲ?”
လင္က်န္း႐ႊင္ျမဴးစြာရယ္ေမာလိုက္ၿပီး “ကြၽန္ေတာ္ မင္ေကာကိုေစာင့္ေနတာ!”
ကုမင္းယန္ရဲ႕မ်က္လုံးေတြက ခ်က္ခ်င္းေအးစက္သြားၿပီး မ်က္မွန္ေနာက္ကြယ္က မ်က္လုံးေတြေအာက္မွာ အႏၲရာယ္အေငြ႕အသက္ ခပ္ေရးေရးထြက္ေပၚလာတယ္။ “သူကမင္းကို ေစာင့္ခိုင္းထားတာလား?”
လင္က်န္းေၾကာင္သြားတယ္။ “မဟုတ္ပါဘူး.. ကြၽန္ေတာ္ကသူ႔ကိုေစာင့္ခ်င္လို႔”
သူေျပာၿပီးတာနဲ႔ ဘတ္စ္ကားေပၚကဆင္းၿပီး က်ီေလ်ာင္ေနာက္ကလိုက္လာတဲ့ ဟဲ့ခ်န္းမင္ကို ေတြ႕လိုက္ရတယ္! သူ႔သံသယကခိုင္လုံေၾကာင္းေသခ်ာသြားတာေၾကာင့္ အရမ္းေပ်ာ္သြားၿပီး ခ်က္ခ်င္းေျပးသြားကာ ေအာ္ေခၚလိုက္တယ္ “မင္ေကာ!”
ၿပီးေတာ့က်ီေလ်ာင္ကိုလည္း ႏႈတ္ဆက္လိုက္တယ္ “ေနေကာင္းလား မရီး?”
က်ီေလ်ာင္ေတာင့္သြားတယ္! သူျပန္တုန႔္ျပန္ႏိုင္ေတာ့မွ မ်က္ႏွာနီနီနဲ႔ ရွင္းျပရတယ္ “ကြၽန္ေတာ့္ကို အဲ့လိုမေခၚပါနဲ႔! ကြၽန္ေတာ္မဟုတ္ ——” ေဘးဘီကိုၾကည့္ၿပီး တစ္ေယာက္မွမၾကားလိုက္တာ္ေသခ်ာေတာ့မွ သက္ျပင္းေလးေလးပင္ပင္ခ်လိုက္တယ္။
ဒါေပမယ့္ ဟဲ့ခ်န္းမင္ကေတာ့ “မရီး”ဆိုတဲ့စကားလုံးကို ေပၚတင္ႀကီးေက်နပ္ေနတယ္။ သူ႔ဖုန္းကိုထုတ္လိုက္ၿပီး လင္က်န္းကို WeChatရဲ႕ blacklistထဲက ထုတ္လိုက္တယ္။
လင္က်န္းအရမ္းေပ်ာ္ေနတာေၾကာင့္ သူ႔ေနာက္ကေရခဲ႐ိုက္မ်က္ႏွာထားနဲ႔ တစ္စုံတစ္ေယာက္ကို သတိမထားမိလိုက္ဘူး။
ထိုကုတစ္စုံတစ္ေယာက္က က်ီေလ်ာင္ကိုၾကည့္လိုက္တယ္။ တခ်ိန္လုံး ဟဲ့ခ်န္းမင္ရဲ႕ရင္ထဲမွာတစ္ေယာက္ေယာက္ရွိေနတယ္ဆိုတာ သူသိေပမယ့္ အဲ့လူကေက်ာင္းကမဟုတ္ဘဲ ႏိုင္ငံရပ္ျခားကျဖစ္မယ္လို႔ ထင္ခဲ့တာ။ လိုက္တာအခုမွေအာင္ျမင္ရေအာင္ ၿပီးခဲ့တဲ့တစ္ႏွစ္ခြဲေလာက္တုန္းက သူဘာေတြလုပ္ေနခဲ့တာလဲ?
သူေလွာင္လိုက္ၿပီး ဟဲ့ခ်န္းမင္ကိုအထင္ေသးသလိုၾကည့္လိုက္တယ္။
ဟဲ့ခ်န္းမင္ေဒါသထြက္သြားေပမယ့္ ၿပဳံးၿပဳံးေလးသတိေပးလိုက္တယ္ “အဲ့လိုပုံမ်ိဳးလာလုပ္ျပမေနနဲ႔ ခုထိေတာင္ေအာင္ျမင္တဲ့ပုံမေပၚေသးဘဲနဲ႔”
ကုမင္းယန္ လင္က်န္းကိုအၾကည့္တစ္ခ်က္ပစ္သြင္းလိုက္တယ္။
လင္က်န္းကေတာ့သူ႔ကို အဖတ္ေတာင္မလုပ္ဘူး။ သူဟဲ့ခ်န္းမင္နဲ႔ က်ီေလ်ာင္ကိုပဲၾကည့္ေနၿပီး ႏွစ္ေယာက္စလုံးက အေျဖာင့္ပုံေတြခ်ည္းပဲလို႔ခံစားရတယ္။ အထူးသျဖင့္ဟဲ့ခ်န္းမင္။ ဒီလိုေဒါသႀကီးတဲ့သူကလည္း ေယာက်ာ္းခ်င္းစမ္းသပ္တာေတြကို စိတ္ဝင္စားတယ္လား? ေတြးၾကည့္လို႔ေတာင္ မရႏိုင္ေတာ့ဘူး။ ထပ္ၿပီးေတာ့လည္း ဘယ္သူကဘယ္သူ႔ကို လိုက္တာလဲ? သူတကယ္ကို သိခ်င္ေနပါၿပီေနာ္!
အဲ့တာေၾကာင့္ သူက်ီေလ်ာင္ကို ၿပဳံးျပလိုက္တယ္။ “က်ီေလ်ာင္ ငါတို႔အခ်င္းခ်င္း WeChatမွာအပ္ထားၾကရင္ ဘယ္လိုလဲ?”
က်ီေလ်ာင္တဖက္ေကာင္ေလးရဲ႕ စိတ္အားထက္သန္မႈကို မလြန္ဆန္ႏိုင္တာေၾကာင့္ သူတို႔အခ်င္းခ်င္းအပ္လိုက္ရတယ္။
“လုပ္လက္စနဲ႔” ကုမင္းယန္ သူ႔ဖုန္းကိုထိုးေပးလိုက္တယ္။
က်ီေလ်ာင္ခဏၾကာၾကည့္ေနၿပီး သူ႔ကုဒ္ကိုလည္း scanဖတ္ေပးလိုက္တယ္။
နားမလည္ပါးမလည္နဲ႔ ကို႔႐ို႕ကားယား “သူငယ္ခ်င္းေကာင္း”ႏွစ္ေယာက္ သူ႔ရဲ႕WeChatမွာေရာက္လာတယ္။ တစ္ေယာက္ကေက်ာ္ၾကားၿပီးခ်မ္းသာတဲ့ ဒုတိယမ်ိဳးဆက္ လင္က်န္း။ ေနာက္တစ္ေယာက္က်ေတာ့ ေက်ာင္းသားသမဂၢရဲ႕ဥကၠဌ ကုမင္းယန္။
ဒါကကုမင္းယန္နဲ႔ ပထမဆုံးအႀကိမ္နီးနီးကပ္ကပ္ေျပာဖူးတာျဖစ္လို႔ က်ီေလ်ာင္မထိန္းႏိုင္ဘဲ ေနာက္တစ္ေခါက္ျပန္ၾကည့္မိတယ္။ ေက်ာင္းသားသမဂၢရဲ႕ဥကၠဌက တကယ့္ကိုအေရးပါတဲ့လူတစ္ေယာက္ျဖစ္တယ္။ ဟဲ့ခ်န္းမင္ကလည္း “အေရးပါတဲ့လူ”တစ္ေယာက္ဆိုေပမယ့္ ကုမင္းယန္ရဲ႕သြင္ျပင္က ပိုၿပီးရည္ရည္မြန္မြန္ရွိတယ္။
“မင္းအဲ့လိုဆက္ၾကည့္ေနမယ္ဆိုရင္ ကိုယ္သဝန္တိုမိေတာ့မယ္” ဟဲ့ခ်န္းမင္ေခါင္းငုံ႔ကာ ကျီလျောင့်နားကပ္ေျပာလိုက္ၿပီး ပုခုံးေပၚလက္တင္ကာ အေဝးကိုဆြဲလိုက္တယ္။
ထုံးစံအတိုင္း လင္က်န္းလည္း ဟဲ့ခ်န္းမင္ေနာက္လိုက္ဖို႔လုပ္တယ္။ ဒါေပမယ့္ တစ္လွမ္းပဲလွမ္းရေသးတယ္၊ ကုမင္းယန္ကသူ႔ေျခေထာက္နဲ႔ လွမ္းတားလိုက္တယ္။ “မင္းဟာ”
ေျပာခ်င္တာက သူ႔ရဲ႕WeChatမွာလည္း အပ္ခ်င္တယ္ေပါ့။
လင္က်န္းစိတ္ေတြ ပရမ္းပတာျဖစ္သြားတယ္။ က်ီေလ်ာင္ကသူ႔အစ္ကိုႀကီးရဲ႕ဇနီးျဖစ္တာေၾကာင့္ သူအပ္ခ်င္တာက လက္ခံေပးလို႔ရေသးတယ္ဆိုေပမယ့္ ကုမင္းယန္ကေရာ ဘာလို႔သူ႔ကိုလာအပ္ခ်င္ေနတာလဲ? သူကဟဲ့ခ်န္းမင္ရဲ႕ညီငယ္ေလးတစ္ေယာက္သာသာပဲ ရွိၿပီးေတာ့ ဒီေလာက္ႀကီးလည္းမတန္ပါဘူး။
ဒါေပမယ့္လည္း အေကာင္ႀကီးႀကီးတစ္ေယာက္က အတည္ႀကီးလာေျပာေနမွေတာ့ သူလိုက္နာရေတာ့မွာေပါ့။
သူကုဒ္ကို ေပါ့ေပါ့ပါးပါး scanဖတ္ေပးလိုက္ၿပီး ဟဲ့ခ်န္းမင္ေနာက္ ေျပးလိုက္သြားတယ္။
____________________________________
{Unicode}
•အတွဲရဲ့လုပ်ရပ်ကိုဖမ်းမိဖို့အတွက် ကျောင်းပေါက်ဝမှာဆောင့်ကြောင့်ထိုင်စောင့်•
ဒီနေ့လင်ကျန်းကျောင်းကို ထူးထူးခြားခြားစောရောက်နေပေမယ့် ကျောင်းထဲတန်းမဝင်သေးဘူး။ အဲ့အစား ကျောင်းပေါက်ဝမှာဆောင့်ကြောင့်ထိုင်ပြီး အတွဲရဲ့လုပ်ရပ်ကို စောင့်ဖမ်းဖို့လုပ်တယ်!
ပြီးခဲ့တဲ့ညက သူနောက်ဆုံးနားလည်သွားခဲ့တယ်။ နှစ်ပေါင်းများစွာဟဲ့ချန်းမင်နောက်လိုက်ခဲ့တာတောင် ဘယ်တုန်းကများ သူမိန်းကလေးတစ်ယောက်နဲ့ အီစီကလီလုပ်တာတွေ့ဖူးလို့လဲ? သူယောကျာ်းတစ်ယောက်နဲ့ အဲ့လိုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့်လည်း… အခြေအမြစ်မရှိတဲ့ဇာတ်လမ်းကြောင့် အကြောင်းပြချက်ကပိုသေချာသွားတယ်! အဲ့တာကြောင့် ဟဲ့ချန်းမင်ကလတ်တလောမှ ပေါ်လာတဲ့ကျီလျောင်နဲ့ဒိတ်နေတာဖြစ်နိုင်တယ်လို့ သံသယရှိတယ်!
ကျီလျောင်ပေါ်လာတည်းက ဟဲ့ချန်းမင်လုံးဝပြောင်းလဲသွားတယ်။ စာသင်ချိန်တွေမှာ အရင်တုန်းကဆို အတန်းချိန်ပြီးတဲ့အထိ အမြဲတမ်းအိပ်ပဲအိပ်နေတတ်တဲ့သူက ခုဆိုသူ့ရဲ့WeChatကိုပဲ တောက်လျှောက်စစ်နေတယ်! အခုတော့ပြောစရာတောင်မရှိတော့ဘူး။ ဆရာမကတခါတရံ ဟဲ့ချန်းမင်ကိုဥပမာထားပြီး သူ့ကိုအာရုံစိုက်ဖို့ ‘သတိပေး’လာတတ်တယ်။ “ဟဲ့ချန်းမင်ကိုကြည့်ကြစမ်း၊ သူကအတန်းထဲမှာ ပထမဖြစ်တာတောင်မှ စာသင်ချိန်တွေဆို မအိပ်ဘူး၊ မင်းတို့အားလုံး အိပ်ရဲသေးတယ်လား?”
လင်ကျန်း : “…”
သူမကအခြေအနေကိုလိုက်ပြီး ဘယ်လိုအခွင့်ကောင်းယူရမလဲဆိုတာ တကယ်သိတာပဲ! အရင်ဟဲ့ချန်းမင်အိပ်နေတုန်းကဆိုရင်တော့ “အတန်းရဲ့ပထမလူတောင် အိပ်နေတာ မင်းတို့အားလုံးဘာလို့စာသင်နေအုံးမှာလဲ?” ဆိုတဲ့ဥပမာကိုကျတော့ တစ်ခါမှမကြားခဲ့ရပါလား။ တိုတိုပြောရရင် သူမကသူ့ကိုဆို စာသင်တာတောင်ကောင်းမသင်နိုင်တာကြောင့် အိပ်ဖို့မထိုက်တန်ဘူးလို့ အပြစ်တင်နေတာဖြစ်တယ်။
လင်ကျန်းသက်ပြင်းသာချလိုက်တယ်။ ကျောင်းပေါက်ဝမှာထိုင်စောင့်နေရတာကြောင့် ခြေထောက်တွေတောင်ညောင်းလာတပေမယ့် တစ်ယောက်မှမတွေ့မိသေးဘူး။
ရုတ်တရက် သူ့ရှေ့ကိုလူရိပ်တစ်ခုကျရောက်လာတယ်။ မော့ကြည့်လိုက်တော့ ဖြောင့်စင်းနေတဲ့နှာတံပေါ်မှာ ရွှေရောင်မျက်မှန်ကိုင်းလေးနဲ့ကောင်လေးကို တွေ့လိုက်ရတယ်။ ကုမင်းယန်!
လင်ကျန်းမြန်မြန်ထရပ်လိုက်ပြီး မေးတယ် “ကုရှောင်.. ပြိုင်ပွဲကနေပြန်လာပြီလား?”
ကုမင်းယန်က ဟဲ့ချန်းမင်နဲ့အဆင့်တူတဲ့ တစ်ဦးတည်းသောညီအစ်ကိုဖြစ်တယ်။ [T/N : အရင်းနှီးဆုံးသူငယ်ချင်းကိုဆိုလိုတာပါ] နှစ်ယောက်လုံးရဲ့ ကိုယ်ပိုင်ဟန်၊ ဆွဲဆောင်မှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေက တန်းတူထူးခြားကြတယ်! ဒါပေမယ့် ဟဲ့ချန်းမင်နဲ့ယှဉ်ရင် ကုမင်းယန်ကနည်းနည်းနားလည်ရခက်တာကြောင့် လင်ကျန်းသူ့ကိုဆို နည်းနည်းတော့ကြောက်တယ်။
“အင်း” ကုမင်းယန်သူ့ကို မင်္သကာသလိုကြည့်ရင်းမေးလာတယ် “မင်းဘာလို့ဒီမှာ ဆောင့်ဆောင့်ကြီးထိုင်နေတာလဲ?”
လင်ကျန်းရွှင်မြူးစွာရယ်မောလိုက်ပြီး “ကျွန်တော် မင်ကောကိုစောင့်နေတာ!”
ကုမင်းယန်ရဲ့မျက်လုံးတွေက ချက်ချင်းအေးစက်သွားပြီး မျက်မှန်နောက်ကွယ်က မျက်လုံးတွေအောက်မှာ အန္တရာယ်အငွေ့အသက် ခပ်ရေးရေးထွက်ပေါ်လာတယ်။ “သူကမင်းကို စောင့်ခိုင်းထားတာလား?”
လင်ကျန်းကြောင်သွားတယ်။ “မဟုတ်ပါဘူး.. ကျွန်တော်ကသူ့ကိုစောင့်ချင်လို့”
သူပြောပြီးတာနဲ့ ဘတ်စ်ကားပေါ်ကဆင်းပြီး ကျီလျောင်နောက်ကလိုက်လာတဲ့ ဟဲ့ချန်းမင်ကို တွေ့လိုက်ရတယ်! သူ့သံသယကခိုင်လုံကြောင်းသေချာသွားတာကြောင့် အရမ်းပျော်သွားပြီး ချက်ချင်းပြေးသွားကာ အော်ခေါ်လိုက်တယ် “မင်ကော!”
ပြီးတော့ကျီလျောင်ကိုလည်း နှုတ်ဆက်လိုက်တယ် “နေကောင်းလား မရီး?”
ကျီလျောင်တောင့်သွားတယ်! သူပြန်တုန့်ပြန်နိုင်တော့မှ မျက်နှာနီနီနဲ့ ရှင်းပြရတယ် “ကျွန်တော့်ကို အဲ့လိုမခေါ်ပါနဲ့! ကျွန်တော်မဟုတ် ——” ဘေးဘီကိုကြည့်ပြီး တစ်ယောက်မှမကြားလိုက်တာ်သေချာတော့မှ သက်ပြင်းလေးလေးပင်ပင်ချလိုက်တယ်။
ဒါပေမယ့် ဟဲ့ချန်းမင်ကတော့ “မရီး”ဆိုတဲ့စကားလုံးကို ပေါ်တင်ကြီးကျေနပ်နေတယ်။ သူ့ဖုန်းကိုထုတ်လိုက်ပြီး လင်ကျန်းကို WeChatရဲ့ blacklistထဲက ထုတ်လိုက်တယ်။
လင်ကျန်းအရမ်းပျော်နေတာကြောင့် သူ့နောက်ကရေခဲရိုက်မျက်နှာထားနဲ့ တစ်စုံတစ်ယောက်ကို သတိမထားမိလိုက်ဘူး။
ထိုကုတစ်စုံတစ်ယောက်က ကျီလျောင်ကိုကြည့်လိုက်တယ်။ တချိန်လုံး ဟဲ့ချန်းမင်ရဲ့ရင်ထဲမှာတစ်ယောက်ယောက်ရှိနေတယ်ဆိုတာ သူသိပေမယ့် အဲ့လူကကျောင်းကမဟုတ်ဘဲ နိုင်ငံရပ်ခြားကဖြစ်မယ်လို့ ထင်ခဲ့တာ။ လိုက်တာအခုမှအောင်မြင်ရအောင် ပြီးခဲ့တဲ့တစ်နှစ်ခွဲလောက်တုန်းက သူဘာတွေလုပ်နေခဲ့တာလဲ?
သူလှောင်လိုက်ပြီး ဟဲ့ချန်းမင်ကိုအထင်သေးသလိုကြည့်လိုက်တယ်။
ဟဲ့ချန်းမင်ဒေါသထွက်သွားပေမယ့် ပြုံးပြုံးလေးသတိပေးလိုက်တယ် “အဲ့လိုပုံမျိုးလာလုပ်ပြမနေနဲ့ ခုထိတောင်အောင်မြင်တဲ့ပုံမပေါ်သေးဘဲနဲ့”
ကုမင်းယန် လင်ကျန်းကိုအကြည့်တစ်ချက်ပစ်သွင်းလိုက်တယ်။
လင်ကျန်းကတော့သူ့ကို အဖတ်တောင်မလုပ်ဘူး။ သူဟဲ့ချန်းမင်နဲ့ ကျီလျောင်ကိုပဲကြည့်နေပြီး နှစ်ယောက်စလုံးက အဖြောင့်ပုံတွေချည်းပဲလို့ခံစားရတယ်။ အထူးသဖြင့်ဟဲ့ချန်းမင်။ ဒီလိုဒေါသကြီးတဲ့သူကလည်း ယောကျာ်းချင်းစမ်းသပ်တာတွေကို စိတ်ဝင်စားတယ်လား? တွေးကြည့်လို့တောင် မရနိုင်တော့ဘူး။ ထပ်ပြီးတော့လည်း ဘယ်သူကဘယ်သူ့ကို လိုက်တာလဲ? သူတကယ်ကို သိချင်နေပါပြီနော်!
အဲ့တာကြောင့် သူကျီလျောင်ကို ပြုံးပြလိုက်တယ်။ “ကျီလျောင် ငါတို့အချင်းချင်း WeChatမှာအပ်ထားကြရင် ဘယ်လိုလဲ?”
ကျီလျောင်တဖက်ကောင်လေးရဲ့ စိတ်အားထက်သန်မှုကို မလွန်ဆန်နိုင်တာကြောင့် သူတို့အချင်းချင်းအပ်လိုက်ရတယ်။
“လုပ်လက်စနဲ့” ကုမင်းယန် သူ့ဖုန်းကိုထိုးပေးလိုက်တယ်။
ကျီလျောင်ခဏကြာကြည့်နေပြီး သူ့ကုဒ်ကိုလည်း scanဖတ်ပေးလိုက်တယ်။
နားမလည်ပါးမလည်နဲ့ ကို့ရို့ကားယား “သူငယ်ချင်းကောင်း”နှစ်ယောက် သူ့ရဲ့WeChatမှာရောက်လာတယ်။ တစ်ယောက်ကကျော်ကြားပြီးချမ်းသာတဲ့ ဒုတိယမျိုးဆက် လင်ကျန်း။ နောက်တစ်ယောက်ကျတော့ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌ ကုမင်းယန်။
ဒါကကုမင်းယန်နဲ့ ပထမဆုံးအကြိမ်နီးနီးကပ်ကပ်ပြောဖူးတာဖြစ်လို့ ကျီလျောင်မထိန်းနိုင်ဘဲ နောက်တစ်ခေါက်ပြန်ကြည့်မိတယ်။ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌက တကယ့်ကိုအရေးပါတဲ့လူတစ်ယောက်ဖြစ်တယ်။ ဟဲ့ချန်းမင်ကလည်း “အရေးပါတဲ့လူ”တစ်ယောက်ဆိုပေမယ့် ကုမင်းယန်ရဲ့သွင်ပြင်က ပိုပြီးရည်ရည်မွန်မွန်ရှိတယ်။
“မင်းအဲ့လိုဆက်ကြည့်နေမယ်ဆိုရင် ကိုယ်သဝန်တိုမိတော့မယ်” ဟဲ့ချန်းမင်ခေါင်းငုံ့ကာ ကျီလျောင့်နားကပ်ပြောလိုက်ပြီး ပုခုံးပေါ်လက်တင်ကာ အဝေးကိုဆွဲလိုက်တယ်။
ထုံးစံအတိုင်း လင်ကျန်းလည်း ဟဲ့ချန်းမင်နောက်လိုက်ဖို့လုပ်တယ်။ ဒါပေမယ့် တစ်လှမ်းပဲလှမ်းရသေးတယ်၊ ကုမင်းယန်ကသူ့ခြေထောက်နဲ့ လှမ်းတားလိုက်တယ်။ “မင်းဟာ”
ပြောချင်တာက သူ့ရဲ့WeChatမှာလည်း အပ်ချင်တယ်ပေါ့။
လင်ကျန်းစိတ်တွေ ပရမ်းပတာဖြစ်သွားတယ်။ ကျီလျောင်ကသူ့အစ်ကိုကြီးရဲ့ဇနီးဖြစ်တာကြောင့် သူအပ်ချင်တာက လက်ခံပေးလို့ရသေးတယ်ဆိုပေမယ့် ကုမင်းယန်ကရော ဘာလို့သူ့ကိုလာအပ်ချင်နေတာလဲ? သူကဟဲ့ချန်းမင်ရဲ့ညီငယ်လေးတစ်ယောက်သာသာပဲ ရှိပြီးတော့ ဒီလောက်ကြီးလည်းမတန်ပါဘူး။
ဒါပေမယ့်လည်း အကောင်ကြီးကြီးတစ်ယောက်က အတည်ကြီးလာပြောနေမှတော့ သူလိုက်နာရတော့မှာပေါ့။
သူကုဒ်ကို ပေါ့ပေါ့ပါးပါး scanဖတ်ပေးလိုက်ပြီး ဟဲ့ချန်းမင်နောက် ပြေးလိုက်သွားတယ်။
_____
Thanks 😉