( Zawgyi )
မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့
ေခါင္းက နည္နည္း ကိုက္သြားသည္.....
အခန္း ေဘးဘီကို ေဝ့ၾကည့္လိုက္ေတာ့
ဒါဟာ ကိုကို႔အခန္း......
မိုးလင္းေနေပမယ့္ လိုက္ကာေတြ
ကာထားသည္ေၾကာင့္ အလင္းေရာင္ေတြက
အခန္းထဲသို႔ ဝင္ခြင့္မရဘဲ
ခပ္ေမွာင္ေမွာင္ျဖစ္ေနသည္.....
ေခါင္းက အနည္းငယ္ ေနာက္ေနတာေၾကာင့္
ေခါင္းကို ကိုင္ရန္ လက္လွမ္းလိုက္ေတာ့
လက္ဖမိုးမွာ ပလတ္စတာေတြ
ကပ္ထားသည္.....
ေဆးပုလင္းခ်ိတ္ၿပီး၍ ကပ္ထားသလိုမ်ိဳး
ကပ္ထားသည္ေၾကာင့္
ျပန္စဥ္းစားၾကည့္လိုက္ေတာ့....
ကြၽန္ေတာ္ မေန႕က ေလွကားေပၚကေန
အတြန္းခ် ခံရတာပဲ.....
ကိုေလးကကြၽန္ေတာ့ကို
ျပန္ေခၚလာခဲ့ပုံရသည္....
တီတီတို႔လည္း သိသြားၿပီေပါ့....
ဒါဆို ကိုကိုေရာ.... ကိုကိုေရာ
ကြၽန္ေတာ္ ဒဏ္ရာေတြ ရတာကို
သိသြားၿပီလား....
ကိုကို သိသြားရင္ ေဒါသေတြ
ထြက္ေနမယ္ ထင္တယ္....
ေနာက္ၿပီး ကြၽန္ေတာ့ကိုလည္း
ဆူမယ္ထင္တယ္.....
ကိုကို ႐ုံးသြားသည့္အခ်ိန္တြင္
ကိုကိုက မသြားခိုင္းတဲ့ေနရာကို
တစ္ေယာက္တည္းသြားဖို႔လုပ္ေနတာကို
ကိုေလးက စိတ္မခ်လိဳ႕
လိုက္ပို႔ေပးလိုက္ရသည္ဆိုတာကို
သိလွ်င္ ပိုၿပီး စိတ္ဆိုးေနမည္ထင္သည္...
ကြၽန္ေတာ္လည္း ကိစၥေလးရွိလို႔
သြားလိုက္တာပါ....ကိုကိုကလည္း
မလႊတ္မွန္းသိလို႔ ေနာက္ၿပီး
ကိုေလးတို႔လည္း မအားမွာစိုးလို႔
ဘယ္သူ႕ကိုမွလိုက္မပို႔ခိုင္းဘဲ
တစ္ေယာက္တည္းေတာင္သြားဖို႔ကို
လုပ္ခဲ့တာ....
ခႏၶာကိုယ္ကို လႈပ္ၾကည့္ေတာ့
ေက်ာကုန္းကလည္း ေအာင့္ေနသည္....
ပုခုံးကလည္း နည္းနည္းနာေနသည္.....
တစ္ကိုယ္လုံးနီးပါး နာေနတာေၾကာင့္
အား ကြၽတ္စ္ ကြၽတ္စ္.....ဆိုၿပီး တ ကာ
ညာဘက္ကိုေစာင္းရန္လုပ္လိုက္ေတာ့
ေစာင္းမရဘဲ ဗိုက္ေပၚမွာ
ေလးေလးပင္ပင္ တစ္ခုခုတင္ေနသည္.....
ငုံ႕ၾကည့္လိုက္ေတာ့ လက္ႀကီး....
ခ်က္ခ်င္းေဘးကိုၾကည့္လိုက္ေတာ့
ကြၽန္ေတာ့ခါးကို ဖက္ထားၿပီး
အိပ္ေပ်ာ္ေနေသာ ကိုကို....
အိပ္ေမာက်ေနသည့္ ကိုကိုက
ဘာေတြကိုပဲ အလိုမက်သည္မသိ....
ဒါမွမဟုတ္ အိမ္မက္ပဲ မေကာင္းတာလား
မ်က္ေမွာင္ကိုက်ဳံ႕ထားကာ
အိပ္ေပ်ာ္ေနသည္.....
ကိုကို႔ပါးေလးကို ပလာစတာအုပ္ထားသည့္
လက္ျဖင့္ အုပ္ကာကိုင္လိုက္ၿပီး
ကိုကို႔နဖူးေလးကို နမ္းလိုက္မိသည္....
ကိုကို စိတ္ဆိုးေနေသးလား မသိဘူး....
ဟု ေတြးမိၿပီး ထိုက်ဳံ႕ေနေသာမ်က္ခုံးကို
ဖိကာ ေျဖေပးလိုက္ေတာ့ တစ္ျဖည္းျဖည္းနဲ႕
နိုးလာသည္....နိုးနိုးခ်င္း
" ဘယ္လိုေနေသးလဲ....
အရမ္းနာေနလား....."
ဟု ကြၽန္ေတာ့ကိုၾကည့္ကာ
အိပ္ရာနိုးခါစ အသံအက္အက္ျဖင့္
ေမးေနသည့္ ကိုကိုက သိပ္ကို
ဆြဲေဆာင္မႈရွိေနျပန္သည္.....
" နည္းနည္းေတာ့ နာေသးတယ္...."
ဟု ခြၽဲလိုက္ေတာ့
" အင္း ဘယ္လိုလဲ...ဒဏ္ရာေတြရေတာ့
ေနလို႔ေကာင္းသြားၿပီလား...."
ဟု႐ြဲ႕ကာေမးလာသည္ေၾကာင့္
" ကိုကိုကလည္း...အဲ့လိုမေျပာပါနဲ႕...."
ဟု ခပ္တိုးတိုး အသံျဖင့္ ေျပာမိေတာ့....
" အဲ့လို မေျပာရင္ ဘယ္လိုေျပာရမွာလဲ....
ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ခ်င္တာလုပ္ၿပီးမွ
ျဖစ္တဲ့ ျပသနာေတြအတြက္
ဘယ္လိုေျပာသင့္လဲ အဲ့ဒါဆို..."
ဟု ေလသံမာမာျဖင့္ ေမးလာသည္...
" ေတာင္းပန္ပါတယ္ ကိုကို.....
ကိုကို မႀကိဳက္တာကိုလုပ္မိလို႔....."
ဟု ေတာင္းပန္လိုက္ေပမယ့္.....
"ေကာင္းပါတယ္....ငါက မႀကိဳက္ေပမယ့္ မင္းက ႀကိဳက္တယ္မလား.....
ရတယ္ လုပ္ခ်င္တာသာလုပ္....
ၿပီးရင္ ကိုယ္ျဖစ္ကိုယ္ခံ....."
ဟု ေျပာကာ မ်က္လုံးမွိတ္ၿပီး
ျပန္အိပ္ရန္ လုပ္ေနသည့္
ကိုကို႔ရင္ဘတ္ႀကီးအားလက္သီးဆုပ္ျဖင့္
ထုပစ္လိုက္သည္....
ဆူရင္လည္း ဆူတာမဟုတ္ဘူး...
ဂ႐ုလည္းမစိုက္ဘဲ အခုလိုၿပီး
ပစ္စလတ္ခတ္ႀကီးေျပာတာကိုေတာ့
တကယ္ကို မခံစားနိုင္တာ.....
ကြၽန္ေတာ္ထုတာကို သိေပမယ့္
မ်က္လုံးကို ထပ္ဖြင့္မၾကည့္သည့္
ကိုကို႔ကို ၾကည့္ၿပီး လူက
ဝမ္းနည္းလာသည္......
အသံမထြက္ေအာင္ တစ္ေယာက္တည္း
ႀကိတ္ငိုေပမယ့္ ရွိုက္သံက
တစ္ခ်က္တစ္ခ်က္ ထြက္သြားေလသည္....
" Sob * Sob *.... ဟင့္....."
ကြၽန္ေတာ္ ငိုေနသည္ကို
ကိုကိုက မ်က္လုံးဖြင့္ၾကည့္လာကာ
" ဘာေကာင္းတာလုပ္ထားလို႔
ငိုေနတာလဲ..... "
ဟု ေမးလာျပန္သည္ေၾကာင့္
ငိုခ်င္ရက္လက္တို႔ ကြၽန္ေတာ့ကို
ကိုကို႔စကားတစ္ခြန္းက ပိုငိုေစသည္.....
" အီးးးးးးဟီးးးးးး ဟင့္....ဟင့္......"
ဆိုကာ ပိုငိုမိတာေၾကာင့္ ကိုကိုက
" ဘာလို႔ ငိုတာလဲ....."
ဟု ေမးလာသည္.....ကြၽန္ေတာ္လည္း
ငိုေနရင္းတန္းလန္းနဲ႕ပင္.....
" ေၾကာက္လို႔....."
ဟု ေျဖမိေတာ့ ကိုကိုက
" ဘာကိုေၾကာက္တာလဲ...ငါ့ကိုလား..."
ဟု ေမးလာသည္...
ငါဆိုသည့္ စကားလုံးကိုပါ
သုံးလာသည္ဆိုေတာ့ ကိုကိုကြၽန္ေတာ့ကို
ေတာ္ေတာ္ေလး စိတ္ဆိုးေနတာ
ေသခ်ာၿပီ.....
" ေအး....ငါက မေကာင္းတဲ့
ေကာင္ႀကီးဆိုေတာ့ ငါ့ကိုပဲေၾကာက္
သိလား.....ဟိုအိမ္က
ေခြးကိုက်ေတာ့ မေၾကာက္နဲ႕....
မင္းသတင္းကိုၾကားေတာ့
ငါ့မွာ ေစာက္႐ူးလိုပဲ...
မည္းမည္းျမင္ အကုန္သတ္ခ်င္ေနတာ..."
ဟု ေအာ္လိုက္ေတာ့ သူေလးက
ေခါင္းေလးကို ငုံ႕ထားကာ ကြၽန္ေတာ့
ရင္ခြင္ထဲသို႔ တိုးဝင္ေနသည္.....
" ေတာင္းပန္ပါတယ္ ကိုကို....."
" ဟင့္အင္း မေတာင္းပန္နဲ႕....
မလုပ္သင့္မွန္း သိရက္နဲ႕
လုပ္ၿပီးမွေတာင္းပန္တဲ့လူေတြဆို
ငါက သိပ္႐ြံတာ...."
ဟု ေျပာကာ ကြၽန္ေတာ့ကို
သူ႕ရင္ခြင္ထဲကေန ဆြဲထုတ္ကာ
ကိုကိုက ခုတင္ေပၚတြင္ ထထိုင္ေလသည္...
စိတ္ဆိုးေနသည့္ ကိုကို႔ကို ေခ်ာ့ရန္
ရွင္းျပရန္ ကြၽန္ေတာ္လည္း
လိုက္ထိုင္လိုက္ေပမယ့္
တစ္ကိုယ္လုံးနာေနတာေၾကာင့္
ျပန္လဲက်သြားေတာ့ ကိုကိုက
အသာေလး မထူေပးကာ ထိုင္ေစသည္...
ၾကည့္ စိတ္သာဆိုးေနတာ...
စိတ္ကပူတုန္း...
"သတၱိေတြ သိပ္ေကာင္းေနတာ...
ဟုတ္လား...အဲ့အိမ္ကို
တစ္ေယာက္တည္း ျပန္ဖို႔ေတာင္
လုပ္ရတဲ့အထိ.....
ဒီလို ေခါင္းေပါက္႐ုံနဲ႕တင္ မဟုတ္ဘဲ
လက္က်ိဳးေျခက်ိဳး တစ္ခုခု.....
ဒါမွမဟုတ္....မင္းေသပါေသသြားမယ္
ဆိုရင္ေရာ မင္းဘယ္လိုလုပ္မွာလဲ....
အဲ့လို နည္းနည္းေလးေတာင္
စဥ္းစားမႈမရွိဘဲ လုပ္ခ်င္တိုင္းေတြ
လုပ္ေနတာ.....ဟာကြာ....
စိတ္တိုလိုက္တာ မင္းကို....."
ဟု စိတ္ပ်က္သလိုေျပာကာ
ထြက္သြားရန္ လုပ္ေနသည့္
ကိုကို႔ကို
" Baek ကို ဆူခ်င္ဆူပါ ရပါတယ္....
ရိုက္ခ်င္ေသးရင္လည္း ရိုက္ပါ....
ဒါေပမယ့္ အဲ့လိုႀကီးေတာ့ ပစ္မသြားပါနဲ႕...."
ဟု ကိုကို႔ခါးကို ဖက္လိုက္ရင္း
တရစပ္ေျပာလိုက္ေတာ့ ကိုကိုက
ကြၽန္ေတာ့လက္ကို ဆြဲျဖဳတ္ကာ
" ဆူစရာလည္း မရွိဘူး....
ထပ္ေျပာစရာလည္း မရွိဘူး....
မင္းႀကိဳက္တာလုပ္.....
ငါ့စကားကိုနားေထာင္စရာမလိုဘူးထင္လို႔
လုပ္ခ်င္ရာလုပ္တယ္...အိုေက...
ငါ့ကို အေရးမပါဘူးထင္လို႔
ငါမလုပ္ေစခ်င္တဲ့အရာကို ငါ့ကို
အသိမေပးဘဲ လုပ္တယ္....
ဟုတ္တယ္ေနာ္....
ေအး...ဆက္လုပ္...ႀကိဳက္တာလုပ္...
ေရွ႕ေလွ်ာက္ ငါမင္းကို ဘာမွ
မေျပာေတာ့ဘူး...မင္းစိတ္ႀကိဳက္လုပ္..."
ဟု ေျပာကာ အတင္းထထြက္သြားတာေၾကာင့္
" ေတာင္းပန္ပါတယ္ကိုကို.....
ေတာင္းပန္ပါတယ္....ဟင့္....ဟင့္....
အဲ့လိုႀကီး မေျပာပါနဲ႕ေနာ္....ဟင့္.....ဟင့္.....
ေနာက္ကို ကိုကို႔စကားကို
နားေထာင္ပါ့မယ္...ဟင့္...ဟင့္...
ကိုကို မႀကိဳက္တာကို မလုပ္...
မလုပ္ေတာ့ပါဘူး...တကယ္ပါ...
ဟင့္ဟင့္...ေတာင္းပန္ပါတယ္...."
ဟု ကြၽန္ေတာ့အား လက္အုပ္ကေလးခ်ီၿပီး
ေတာင္းပန္ေနျပန္သည္.....
ၾကည့္....သူအျပစ္လုပ္ထားၿပီးေတာ့မွ
" မင္းငါ့ကို အဲ့လိုကတိေပးေနတာ
ဘယ္ႏွစ္ခါ ရွိၿပီလဲ...ဘယ္ႏွစ္ခါေရာ
ကတိတည္ဖူးလို႔လဲ...ဟမ္...ေျပာ...
အၿမဲတမ္း...အၿမဲတမ္း...
လုပ္ခ်င္တာလုပ္တယ္....
ၿပီးရင္ေတာ့ေျပာစကားကို
နားေထာင္ပါ့မယ္ေလး ဘာေလးနဲ႕
ကတိကဝတ္ေတြေပး...ငါကယုံ...
ဟက္...ဟက္...မင္းအျမင္က
ငါကအ႐ူးနဲ႕တူေနလား...ဟုတ္လား.... ငါက ေစာက္႐ူးလား...."
ဟု ကိုယ့္ရင္ဘတ္ကို ကိုယ္ထုကာ
ေအာ္ေမးလိုက္ေတာ့ ေခါင္းေလးကို
အတင္းခါကာ ငိုေနေလသည္.....
" မဟုတ္ပါဘူး....မဟုတ္ပါဘူး....
Baek ေတာင္းပန္ပါတယ္...ဟင့္ဟင့္...
တကယ္ပါ...ေနာက္ကို ဒီလိုမ်ိဳး
ဟင့္...ဟင့္...ထပ္မျဖစ္ေစရေတာ့ပါဘူး...
တကယ္ ကတိ....ကတိေပးတယ္ေလ.....
အဲ့လိုႀကီး မေျပာပါနဲ႕ ကိုကိုရယ္.....
ေၾကာက္လို႔ပါ....."
ဟု ေျပာေနသည့္သူ႕အား
" ေၾကာက္လား...ငါ အဲ့လို
ပစ္ထားမွာကို ေၾကာက္လား...."
ဟု ေမးလိုက္ေတာ့ ေခါင္းေလးညိတ္ျပကာ
ေၾကာက္ေၾကာင္းကိုျပန္ေျဖသည္.....
" အဲ့ဒါဆို ငါမႀကိဳက္တာကို.....
မလုပ္နဲ႕ဆိုၿပီး တားျမစ္ထားတာကို
ဘာလို႔လုပ္လဲ.....ေနာက္ၿပီး
ငါစိတ္ဆိုးတာက ငါ့ကို မေျပာဘဲ
တမင္ကို လွို႔ဝွက္ၿပီး သြားလို႔မဟုတ္ဘဲ
မင္းတစ္ေယာက္တည္း သြားတာကို
စိတ္ဆိုးတာ...အခု ကိုေလးပါသြားလို႔ေလ
မဟုတ္ရင္ မင္းဘယ္လိုလုပ္မလဲ....
ဘယ္လိုလုပ္မလဲလို႔...."
ဟု အားႏွင့္ပိတ္ေအာ္လိုက္ေတာ့
သူ႕ခမ်ာ တုန္ပါတက္သြားသည္.....
ကြၽန္ေတာ့ကိုေတာ့ မ်က္လုံးေလးျပဴးၿပီး
ၾကည့္ေနကာ မ်က္ရည္ေလးေတြကလည္း
က်လိဳ႕......
ကြၽန္ေတာ့ေအာ္သံေၾကာင့္ အခန္းတံခါးကို
ဖြင့္ကာ ဝင္လာေသာ ကိုေလး ႏွင့္မာမီ.....
မာမီက ထိုကေလးအနားကို
ေျပးသြားကာ သူ႕ကို ဖက္လိုက္ၿပီး
ေခ်ာ့ေနသည္.....ကိုေလးကေတာ့
ကြၽန္ေတာ့အနားကို လာကာ ကြၽန္ေတာ့
လက္ေမာင္းကို ကိုင္ကာ လာထိန္းသည္.....
" ေျပာ....အဲ့အိမ္ကို
ဘာသြားလုပ္တာလဲ...ငါ့ကိုေတာင္
မေျပာနိုင္ဘဲ ခိုးၿပီးသြားတာ
ဘာသြားလုပ္တာလဲ...."
ဟု ေလသံမာမာႏွင့္ေမးမိေတာ့
မာမီဖက္ထားေပးသည့္ၾကားကေန
ခႏၶာကိုယ္ေလးက တုန္တက္သြားသည္...
" သားးးးး ကေလးက
ေနသိပ္မေကာင္းေသးဘူးေလ....
ေနေကာင္းေတာ့မွ ေျပာပါလားကြယ္.....
ကေလးအရမ္းငိုေနတယ္...."
ဟု မာမီက ဝင္ထိန္းလာေပမယ့္.....
"ေဟ်ာင့္....မင္းကိုငါေမးေနတယ္....
ဘာသြားလုပ္တာလဲလို႔...
အခုခ်က္ခ်င္း ငါ့ကိုေျဖ..."
ဟု ထပ္ေအာ္လိုက္ေတာ့ မာမီ့ရင္ခြင္ထဲကေန
ထြက္လာကာ ငိုေနရင္းႏွင့္ ကြၽန္ေတာ့ကို
စကားေျပာမလို႔ပဲရွိေသးသည္....
ေခါင္းကမူးလာသည္ထင္
ေခါင္းေလးကိုကိုင္ကာ ဘာမွကို
ဆက္မေျပာနိုင္ေတာ့ဘဲ ေမ့သြားသည္....
အနားကိုအျမန္သြားလိုက္ကာ ခုတင္ေပၚကို
ခုန္တက္လိုက္ၿပီး သူ႕ကိုဖက္ထားရင္း
" Baek....သတိထားစမ္း...
Baek...Baek...."
ဟု ကြၽန္ေတာ္ေအာ္ေျပာေနမိသည္...
ငယ္ေလး အရမ္းေဒါသေတြ ထြက္ၿပီး
ေအာ္ေမးေနေပမယ့္ ကေလးလည္း ေခါင္းမူးေရာ ကြၽန္ေတာ့အနားကေန ခုတင္ေပၚကို
ဘယ္လို ခုန္တက္သြားသည္မသိ
ဟိုကေလးအနားကိုေတာင္ ေရာက္သြားၿပီ....
ၿပီးေတာ့သူပဲ ပါးေလးကို
ပုတ္ကာ ပုတ္ကာျဖင့္ႏွိုးေနျပန္သည္....
တကယ့္ ကေလးႏွစ္ေယာက္
မေန႕က ငယ္ေလးက မူးၿပီးျပန္လာလို႔
ကေလး ဟိုအိမ္ကို ဘာေၾကာင့္သြားသည္
ဆိုတာကို ကြၽန္ေတာ္ သိသည့္အေၾကာင္းေတြ
ဘာမွေတာင္ မေျပာလိုက္ရဘူး.....
ၿပီးေတာ့မွ ေျပာျပရဦးမယ္.....
ကေလးအနားကိုအျမန္သြားကာ
မ်က္ခမ္းစပ္ကို နည္းနည္းေလးၿဖဲၾကည့္ၿပီး
" ကေလးက ေနမေကာင္းတဲ့အရွိန္နဲ႕မို႔....
ေသြးေပါင္က်ၿပီး မူးသြားတာ.....
ဘာမွမျဖစ္ဘူး...လာခ်လိဳက္
ကေလးကို...."
ဟု သူ႕ကို ခုတင္ေပၚကိုခ်ခိဳင္းသည္ေၾကာင့္
အသာေလး လွဲအိပ္ေစလိုက္သည္....
နားၾကပ္ႏွင့္ ေဆးေသတၱာကို
ေျပးယူကာ ကေလးကိုျပန္စမ္းသပ္ၿပီး
ေဆးပုလင္းတစ္လုံးကို ခ်ိတ္ေပးၿပီး
" ငယ္ေလး....ၿပီးရင္
ကိုေလးဆီလာဦး...ကိုေလး ျပစရာရွိလို႔..."
ဟု ေျပာကာ မာမီႏွင့္အျပင္ကို
ထြက္လာခဲ့ေတာ့သည္.....
ျပန္အိပ္ေပ်ာ္သြားသည့္ သူေလးကို
ေစာင္ၿခဳံေပးလိုက္ၿပီး
နဖူးေလးကို ငုံ႕နမ္းလိုက္ကာ
ငိုထားတာေၾကာင့္ နီရဲကာ
တုန္ေနေသာ ႏႈတ္ခမ္းေလးကိုပါ
ဖြဖြေလး နမ္းလိုက္ၿပီး ကိုေလးဆီသို႔
သြားလိုက္ေတာ့သည္....
~~~~~~~~~~to be continued 💛💚💙
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
( Unicode )
မျက်လုံးကိုဖွင့်ကြည့်လိုက်တော့
ခေါင်းက နည်နည်း ကိုက်သွားသည်.....
အခန်း ဘေးဘီကို ဝေ့ကြည့်လိုက်တော့
ဒါဟာ ကိုကို့အခန်း......
မိုးလင်းနေပေမယ့် လိုက်ကာတွေ
ကာထားသည်ကြောင့် အလင်းရောင်တွေက
အခန်းထဲသို့ ဝင်ခွင့်မရဘဲ
ခပ်မှောင်မှောင်ဖြစ်နေသည်.....
ခေါင်းက အနည်းငယ် နောက်နေတာကြောင့်
ခေါင်းကို ကိုင်ရန် လက်လှမ်းလိုက်တော့
လက်ဖမိုးမှာ ပလတ်စတာတွေ
ကပ်ထားသည်.....
ဆေးပုလင်းချိတ်ပြီး၍ ကပ်ထားသလိုမျိုး
ကပ်ထားသည်ကြောင့်
ပြန်စဉ်းစားကြည့်လိုက်တော့....
ကျွန်တော် မနေ့က လှေကားပေါ်ကနေ
အတွန်းချ ခံရတာပဲ.....
ကိုလေးကကျွန်တော့ကို
ပြန်ခေါ်လာခဲ့ပုံရသည်....
တီတီတို့လည်း သိသွားပြီပေါ့....
ဒါဆို ကိုကိုရော.... ကိုကိုရော
ကျွန်တော် ဒဏ်ရာတွေ ရတာကို
သိသွားပြီလား....
ကိုကို သိသွားရင် ဒေါသတွေ
ထွက်နေမယ် ထင်တယ်....
နောက်ပြီး ကျွန်တော့ကိုလည်း
ဆူမယ်ထင်တယ်.....
ကိုကို ရုံးသွားသည့်အချိန်တွင်
ကိုကိုက မသွားခိုင်းတဲ့နေရာကို
တစ်ယောက်တည်းသွားဖို့လုပ်နေတာကို
ကိုလေးက စိတ်မချလို့
လိုက်ပို့ပေးလိုက်ရသည်ဆိုတာကို
သိလျှင် ပိုပြီး စိတ်ဆိုးနေမည်ထင်သည်...
ကျွန်တော်လည်း ကိစ္စလေးရှိလို့
သွားလိုက်တာပါ....ကိုကိုကလည်း
မလွှတ်မှန်းသိလို့ နောက်ပြီး
ကိုလေးတို့လည်း မအားမှာစိုးလို့
ဘယ်သူ့ကိုမှလိုက်မပို့ခိုင်းဘဲ
တစ်ယောက်တည်းတောင်သွားဖို့ကို
လုပ်ခဲ့တာ....
ခန္ဓာကိုယ်ကို လှုပ်ကြည့်တော့
ကျောကုန်းကလည်း အောင့်နေသည်....
ပုခုံးကလည်း နည်းနည်းနာနေသည်.....
တစ်ကိုယ်လုံးနီးပါး နာနေတာကြောင့်
အား ကျွတ်စ် ကျွတ်စ်.....ဆိုပြီး တ ကာ
ညာဘက်ကိုစောင်းရန်လုပ်လိုက်တော့
စောင်းမရဘဲ ဗိုက်ပေါ်မှာ
လေးလေးပင်ပင် တစ်ခုခုတင်နေသည်.....
ငုံ့ကြည့်လိုက်တော့ လက်ကြီး....
ချက်ချင်းဘေးကိုကြည့်လိုက်တော့
ကျွန်တော့ခါးကို ဖက်ထားပြီး
အိပ်ပျော်နေသော ကိုကို....
အိပ်မောကျနေသည့် ကိုကိုက
ဘာတွေကိုပဲ အလိုမကျသည်မသိ....
ဒါမှမဟုတ် အိမ်မက်ပဲ မကောင်းတာလား
မျက်မှောင်ကိုကျုံ့ထားကာ
အိပ်ပျော်နေသည်.....
ကိုကို့ပါးလေးကို ပလာစတာအုပ်ထားသည့်
လက်ဖြင့် အုပ်ကာကိုင်လိုက်ပြီး
ကိုကို့နဖူးလေးကို နမ်းလိုက်မိသည်....
ကိုကို စိတ်ဆိုးနေသေးလား မသိဘူး....
ဟု တွေးမိပြီး ထိုကျုံ့နေသောမျက်ခုံးကို
ဖိကာ ဖြေပေးလိုက်တော့ တစ်ဖြည်းဖြည်းနဲ့
နိုးလာသည်....နိုးနိုးချင်း
" ဘယ်လိုနေသေးလဲ....
အရမ်းနာနေလား....."
ဟု ကျွန်တော့ကိုကြည့်ကာ
အိပ်ရာနိုးခါစ အသံအက်အက်ဖြင့်
မေးနေသည့် ကိုကိုက သိပ်ကို
ဆွဲဆောင်မှုရှိနေပြန်သည်.....
" နည်းနည်းတော့ နာသေးတယ်...."
ဟု ချွဲလိုက်တော့
" အင်း ဘယ်လိုလဲ...ဒဏ်ရာတွေရတော့
နေလို့ကောင်းသွားပြီလား...."
ဟုရွဲ့ကာမေးလာသည်ကြောင့်
" ကိုကိုကလည်း...အဲ့လိုမပြောပါနဲ့...."
ဟု ခပ်တိုးတိုး အသံဖြင့် ပြောမိတော့....
" အဲ့လို မပြောရင် ဘယ်လိုပြောရမှာလဲ....
ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်တာလုပ်ပြီးမှ
ဖြစ်တဲ့ ပြသနာတွေအတွက်
ဘယ်လိုပြောသင့်လဲ အဲ့ဒါဆို..."
ဟု လေသံမာမာဖြင့် မေးလာသည်...
" တောင်းပန်ပါတယ် ကိုကို.....
ကိုကို မကြိုက်တာကိုလုပ်မိလို့....."
ဟု တောင်းပန်လိုက်ပေမယ့်.....
"ကောင်းပါတယ်....ငါက မကြိုက်ပေမယ့် မင်းက ကြိုက်တယ်မလား.....
ရတယ် လုပ်ချင်တာသာလုပ်....
ပြီးရင် ကိုယ်ဖြစ်ကိုယ်ခံ....."
ဟု ပြောကာ မျက်လုံးမှိတ်ပြီး
ပြန်အိပ်ရန် လုပ်နေသည့်
ကိုကို့ရင်ဘတ်ကြီးအားလက်သီးဆုပ်ဖြင့်
ထုပစ်လိုက်သည်....
ဆူရင်လည်း ဆူတာမဟုတ်ဘူး...
ဂရုလည်းမစိုက်ဘဲ အခုလိုပြီး
ပစ်စလတ်ခတ်ကြီးပြောတာကိုတော့
တကယ်ကို မခံစားနိုင်တာ.....
ကျွန်တော်ထုတာကို သိပေမယ့်
မျက်လုံးကို ထပ်ဖွင့်မကြည့်သည့်
ကိုကို့ကို ကြည့်ပြီး လူက
ဝမ်းနည်းလာသည်......
အသံမထွက်အောင် တစ်ယောက်တည်း
ကြိတ်ငိုပေမယ့် ရှိုက်သံက
တစ်ချက်တစ်ချက် ထွက်သွားလေသည်....
" Sob * Sob *.... ဟင့်....."
ကျွန်တော် ငိုနေသည်ကို
ကိုကိုက မျက်လုံးဖွင့်ကြည့်လာကာ
" ဘာကောင်းတာလုပ်ထားလို့
ငိုနေတာလဲ..... "
ဟု မေးလာပြန်သည်ကြောင့်
ငိုချင်ရက်လက်တို့ ကျွန်တော့ကို
ကိုကို့စကားတစ်ခွန်းက ပိုငိုစေသည်.....
" အီးးးးးးဟီးးးးးး ဟင့်....ဟင့်......"
ဆိုကာ ပိုငိုမိတာကြောင့် ကိုကိုက
" ဘာလို့ ငိုတာလဲ....."
ဟု မေးလာသည်.....ကျွန်တော်လည်း
ငိုနေရင်းတန်းလန်းနဲ့ပင်.....
" ကြောက်လို့....."
ဟု ဖြေမိတော့ ကိုကိုက
" ဘာကိုကြောက်တာလဲ...ငါ့ကိုလား..."
ဟု မေးလာသည်...
ငါဆိုသည့် စကားလုံးကိုပါ
သုံးလာသည်ဆိုတော့ ကိုကိုကျွန်တော့ကို
တော်တော်လေး စိတ်ဆိုးနေတာ
သေချာပြီ.....
" အေး....ငါက မကောင်းတဲ့
ကောင်ကြီးဆိုတော့ ငါ့ကိုပဲကြောက်
သိလား.....ဟိုအိမ်က
ခွေးကိုကျတော့ မကြောက်နဲ့....
မင်းသတင်းကိုကြားတော့
ငါ့မှာ စောက်ရူးလိုပဲ...
မည်းမည်းမြင် အကုန်သတ်ချင်နေတာ..."
ဟု အော်လိုက်တော့ သူလေးက
ခေါင်းလေးကို ငုံ့ထားကာ ကျွန်တော့
ရင်ခွင်ထဲသို့ တိုးဝင်နေသည်.....
" တောင်းပန်ပါတယ် ကိုကို....."
" ဟင့်အင်း မတောင်းပန်နဲ့....
မလုပ်သင့်မှန်း သိရက်နဲ့
လုပ်ပြီးမှတောင်းပန်တဲ့လူတွေဆို
ငါက သိပ်ရွံတာ...."
ဟု ပြောကာ ကျွန်တော့ကို
သူ့ရင်ခွင်ထဲကနေ ဆွဲထုတ်ကာ
ကိုကိုက ခုတင်ပေါ်တွင် ထထိုင်လေသည်...
စိတ်ဆိုးနေသည့် ကိုကို့ကို ချော့ရန်
ရှင်းပြရန် ကျွန်တော်လည်း
လိုက်ထိုင်လိုက်ပေမယ့်
တစ်ကိုယ်လုံးနာနေတာကြောင့်
ပြန်လဲကျသွားတော့ ကိုကိုက
အသာလေး မထူပေးကာ ထိုင်စေသည်...
ကြည့် စိတ်သာဆိုးနေတာ...
စိတ်ကပူတုန်း...
"သတ္တိတွေ သိပ်ကောင်းနေတာ...
ဟုတ်လား...အဲ့အိမ်ကို
တစ်ယောက်တည်း ပြန်ဖို့တောင်
လုပ်ရတဲ့အထိ.....
ဒီလို ခေါင်းပေါက်ရုံနဲ့တင် မဟုတ်ဘဲ
လက်ကျိုးခြေကျိုး တစ်ခုခု.....
ဒါမှမဟုတ်....မင်းသေပါသေသွားမယ်
ဆိုရင်ရော မင်းဘယ်လိုလုပ်မှာလဲ....
အဲ့လို နည်းနည်းလေးတောင်
စဉ်းစားမှုမရှိဘဲ လုပ်ချင်တိုင်းတွေ
လုပ်နေတာ.....ဟာကွာ....
စိတ်တိုလိုက်တာ မင်းကို....."
ဟု စိတ်ပျက်သလိုပြောကာ
ထွက်သွားရန် လုပ်နေသည့်
ကိုကို့ကို
" Baek ကို ဆူချင်ဆူပါ ရပါတယ်....
ရိုက်ချင်သေးရင်လည်း ရိုက်ပါ....
ဒါပေမယ့် အဲ့လိုကြီးတော့ ပစ်မသွားပါနဲ့...."
ဟု ကိုကို့ခါးကို ဖက်လိုက်ရင်း
တရစပ်ပြောလိုက်တော့ ကိုကိုက
ကျွန်တော့လက်ကို ဆွဲဖြုတ်ကာ
" ဆူစရာလည်း မရှိဘူး....
ထပ်ပြောစရာလည်း မရှိဘူး....
မင်းကြိုက်တာလုပ်.....
ငါ့စကားကိုနားထောင်စရာမလိုဘူးထင်လို့
လုပ်ချင်ရာလုပ်တယ်...အိုကေ...
ငါ့ကို အရေးမပါဘူးထင်လို့
ငါမလုပ်စေချင်တဲ့အရာကို ငါ့ကို
အသိမပေးဘဲ လုပ်တယ်....
ဟုတ်တယ်နော်....
အေး...ဆက်လုပ်...ကြိုက်တာလုပ်...
ရှေ့လျှောက် ငါမင်းကို ဘာမှ
မပြောတော့ဘူး...မင်းစိတ်ကြိုက်လုပ်..."
ဟု ပြောကာ အတင်းထထွက်သွားတာကြောင့်
" တောင်းပန်ပါတယ်ကိုကို.....
တောင်းပန်ပါတယ်....ဟင့်....ဟင့်....
အဲ့လိုကြီး မပြောပါနဲ့နော်....ဟင့်.....ဟင့်.....
နောက်ကို ကိုကို့စကားကို
နားထောင်ပါ့မယ်...ဟင့်...ဟင့်...
ကိုကို မကြိုက်တာကို မလုပ်...
မလုပ်တော့ပါဘူး...တကယ်ပါ...
ဟင့်ဟင့်...တောင်းပန်ပါတယ်...."
ဟု ကျွန်တော့အား လက်အုပ်ကလေးချီပြီး
တောင်းပန်နေပြန်သည်.....
ကြည့်....သူအပြစ်လုပ်ထားပြီးတော့မှ
" မင်းငါ့ကို အဲ့လိုကတိပေးနေတာ
ဘယ်နှစ်ခါ ရှိပြီလဲ...ဘယ်နှစ်ခါရော
ကတိတည်ဖူးလို့လဲ...ဟမ်...ပြော...
အမြဲတမ်း...အမြဲတမ်း...
လုပ်ချင်တာလုပ်တယ်....
ပြီးရင်တော့ပြောစကားကို
နားထောင်ပါ့မယ်လေး ဘာလေးနဲ့
ကတိကဝတ်တွေပေး...ငါကယုံ...
ဟက်...ဟက်...မင်းအမြင်က
ငါကအရူးနဲ့တူနေလား...ဟုတ်လား.... ငါက စောက်ရူးလား...."
ဟု ကိုယ့်ရင်ဘတ်ကို ကိုယ်ထုကာ
အော်မေးလိုက်တော့ ခေါင်းလေးကို
အတင်းခါကာ ငိုနေလေသည်.....
" မဟုတ်ပါဘူး....မဟုတ်ပါဘူး....
Baek တောင်းပန်ပါတယ်...ဟင့်ဟင့်...
တကယ်ပါ...နောက်ကို ဒီလိုမျိုး
ဟင့်...ဟင့်...ထပ်မဖြစ်စေရတော့ပါဘူး...
တကယ် ကတိ....ကတိပေးတယ်လေ.....
အဲ့လိုကြီး မပြောပါနဲ့ ကိုကိုရယ်.....
ကြောက်လို့ပါ....."
ဟု ပြောနေသည့်သူ့အား
" ကြောက်လား...ငါ အဲ့လို
ပစ်ထားမှာကို ကြောက်လား...."
ဟု မေးလိုက်တော့ ခေါင်းလေးညိတ်ပြကာ
ကြောက်ကြောင်းကိုပြန်ဖြေသည်.....
" အဲ့ဒါဆို ငါမကြိုက်တာကို.....
မလုပ်နဲ့ဆိုပြီး တားမြစ်ထားတာကို
ဘာလို့လုပ်လဲ.....နောက်ပြီး
ငါစိတ်ဆိုးတာက ငါ့ကို မပြောဘဲ
တမင်ကို လှို့ဝှက်ပြီး သွားလို့မဟုတ်ဘဲ
မင်းတစ်ယောက်တည်း သွားတာကို
စိတ်ဆိုးတာ...အခု ကိုလေးပါသွားလို့လေ
မဟုတ်ရင် မင်းဘယ်လိုလုပ်မလဲ....
ဘယ်လိုလုပ်မလဲလို့...."
ဟု အားနှင့်ပိတ်အော်လိုက်တော့
သူ့ခမျာ တုန်ပါတက်သွားသည်.....
ကျွန်တော့ကိုတော့ မျက်လုံးလေးပြူးပြီး
ကြည့်နေကာ မျက်ရည်လေးတွေကလည်း
ကျလို့......
ကျွန်တော့အော်သံကြောင့် အခန်းတံခါးကို
ဖွင့်ကာ ဝင်လာသော ကိုလေး နှင့်မာမီ.....
မာမီက ထိုကလေးအနားကို
ပြေးသွားကာ သူ့ကို ဖက်လိုက်ပြီး
ချော့နေသည်.....ကိုလေးကတော့
ကျွန်တော့အနားကို လာကာ ကျွန်တော့
လက်မောင်းကို ကိုင်ကာ လာထိန်းသည်.....
" ပြော....အဲ့အိမ်ကို
ဘာသွားလုပ်တာလဲ...ငါ့ကိုတောင်
မပြောနိုင်ဘဲ ခိုးပြီးသွားတာ
ဘာသွားလုပ်တာလဲ...."
ဟု လေသံမာမာနှင့်မေးမိတော့
မာမီဖက်ထားပေးသည့်ကြားကနေ
ခန္ဓာကိုယ်လေးက တုန်တက်သွားသည်...
" သားးးးး ကလေးက
နေသိပ်မကောင်းသေးဘူးလေ....
နေကောင်းတော့မှ ပြောပါလားကွယ်.....
ကလေးအရမ်းငိုနေတယ်...."
ဟု မာမီက ဝင်ထိန်းလာပေမယ့်.....
"ဟျောင့်....မင်းကိုငါမေးနေတယ်....
ဘာသွားလုပ်တာလဲလို့...
အခုချက်ချင်း ငါ့ကိုဖြေ..."
ဟု ထပ်အော်လိုက်တော့ မာမီ့ရင်ခွင်ထဲကနေ
ထွက်လာကာ ငိုနေရင်းနှင့် ကျွန်တော့ကို
စကားပြောမလို့ပဲရှိသေးသည်....
ခေါင်းကမူးလာသည်ထင်
ခေါင်းလေးကိုကိုင်ကာ ဘာမှကို
ဆက်မပြောနိုင်တော့ဘဲ မေ့သွားသည်....
အနားကိုအမြန်သွားလိုက်ကာ ခုတင်ပေါ်ကို
ခုန်တက်လိုက်ပြီး သူ့ကိုဖက်ထားရင်း
" Baek....သတိထားစမ်း...
Baek...Baek...."
ဟု ကျွန်တော်အော်ပြောနေမိသည်...
ငယ်လေး အရမ်းဒေါသတွေ ထွက်ပြီး
အော်မေးနေပေမယ့် ကလေးလည်း ခေါင်းမူးရော ကျွန်တော့အနားကနေ ခုတင်ပေါ်ကို
ဘယ်လို ခုန်တက်သွားသည်မသိ
ဟိုကလေးအနားကိုတောင် ရောက်သွားပြီ....
ပြီးတော့သူပဲ ပါးလေးကို
ပုတ်ကာ ပုတ်ကာဖြင့်နှိုးနေပြန်သည်....
တကယ့် ကလေးနှစ်ယောက်
မနေ့က ငယ်လေးက မူးပြီးပြန်လာလို့
ကလေး ဟိုအိမ်ကို ဘာကြောင့်သွားသည်
ဆိုတာကို ကျွန်တော် သိသည့်အကြောင်းတွေ
ဘာမှတောင် မပြောလိုက်ရဘူး.....
ပြီးတော့မှ ပြောပြရဦးမယ်.....
ကလေးအနားကိုအမြန်သွားကာ
မျက်ခမ်းစပ်ကို နည်းနည်းလေးဖြဲကြည့်ပြီး
" ကလေးက နေမကောင်းတဲ့အရှိန်နဲ့မို့....
သွေးပေါင်ကျပြီး မူးသွားတာ.....
ဘာမှမဖြစ်ဘူး...လာချလိုက်
ကလေးကို...."
ဟု သူ့ကို ခုတင်ပေါ်ကိုချခိုင်းသည်ကြောင့်
အသာလေး လှဲအိပ်စေလိုက်သည်....
နားကြပ်နှင့် ဆေးသေတ္တာကို
ပြေးယူကာ ကလေးကိုပြန်စမ်းသပ်ပြီး
ဆေးပုလင်းတစ်လုံးကို ချိတ်ပေးပြီး
" ငယ်လေး....ပြီးရင်
ကိုလေးဆီလာဦး...ကိုလေး ပြစရာရှိလို့..."
ဟု ပြောကာ မာမီနှင့်အပြင်ကို
ထွက်လာခဲ့တော့သည်.....
ပြန်အိပ်ပျော်သွားသည့် သူလေးကို
စောင်ခြုံပေးလိုက်ပြီး
နဖူးလေးကို ငုံ့နမ်းလိုက်ကာ
ငိုထားတာကြောင့် နီရဲကာ
တုန်နေသော နှုတ်ခမ်းလေးကိုပါ
ဖွဖွလေး နမ်းလိုက်ပြီး ကိုလေးဆီသို့
သွားလိုက်တော့သည်....
~~~~~~~~~~to be continued 💛💚💙