ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.4K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၁၁

25.8K 4.3K 61
By Kay_Wine


{Zawgyi}

•ထင္တဲ့အတိုင္းပဲ ေယာက်ာ္းေတြအားလုံး သစၥာမဲ့ၾကတယ္•

ဟဲ့ခ်န္းမင္ပင္ပန္းပုံေပါက္ေနတာရဲ႕ အေၾကာင္းအရင္းက အခ်ိန္အေတာ္ၾကာအိပ္မေပ်ာ္တာေၾကာင့္ျဖစ္တယ္။ ဒါေပမယ့္ သူအိပ္မေပ်ာ္ရတဲ့ေနာက္ခံသမိုင္းကို က်ီေလ်ာင္ကိုမေျပာျပႏိုင္ဘူး။

ဒါက ခါးသီးၿပီး နာက်င္စရာေကာင္းတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္တယ္။

ေနာက္တစ္ႀကိမ္ ႏႈတ္မဟမိေအာင္ သူႏႈတ္ခမ္းကိုတင္းတင္းေစ့ၿပီး ေအးတိေအးစက္အမူအယာနဲ႔ေနေနတယ္။

“စိတ္ဆိုးေနတာလား?” တစ္ဖက္ကေကာင္ေလးရဲ႕စိတ္အေျခအေနကို သိသိသာသာ အာ႐ုံခံလိုက္မိတာေၾကာင့္ က်ီေလ်ာင္ ႏူးႏူးညံ့ညံ့ေလးေမးလိုက္တယ္။

ဟဲ့ခ်န္းမင္ ဘာတစ္ခြန္းမွမေျပာဘူး။ ဘတ္စ္ကားေရာက္တဲ့အခါ သူကေရွ႕ကဦးေဆာင္ၿပီး လက္ထပ္ထားတဲ့အမ်ိဳးသမီးငယ္ေလးတစ္ေယာက္လို က်ီေလ်ာင္ေနာက္ကလိုက္သြားတယ္။ ေနာက္ဆုံးတန္းမွာ လြတ္ေနတဲ့ခုံႏွစ္ခုံရွိၿပီး ဟဲ့ခ်န္းမင္က က်ီေလ်ာင္ကို အရင္ထိုင္ခိုင္းကာ သူကေတာ့ အျပင္ဘက္ကခုံမွာေနရာယူလိုက္တယ္။

ကားထြက္တာေတာင္ ႏွစ္ေယာက္လုံးတိတ္ဆိတ္ေနၿပီး တစ္ေယာက္ကေတာ့အမူအယာမေျပာင္းမလဲရွိေနၿပီး ေနာက္တစ္ေယာက္ကေတာ့ အရႈံးသမားေလးတစ္ေယာက္လို ႏႈတ္ခမ္းကိုကိုက္ထားတယ္။

သူစိတ္ဆိုးေနတယ္ဆိုတာ သိသာေနတာပဲလို႔ က်ီေလ်ာင္ကိုယ့္ဘာသာေတြးရင္း တိတ္တိတ္ေလးမေက်မနပ္ျဖစ္ေနတယ္။ ဒါေပမယ့္ သူေျပာေတာ့ ငါ့ကိုဆိုရင္ ဘယ္ေတာ့မွစိတ္မဆိုးပါဘူးဆိုၿပီးေတာ့! အာ.. အခုမွရက္အနည္းငယ္ပဲရွိေသးတယ္! ထင္တဲ့အတိုင္းပဲ ေယာက်ာ္းေတြအားလုံးက သစၥာမရွိၾကဘူး! [T/N : သားရယ္ အဲ့တာဆိုသားေလးကေရာ?]

သူမေက်မနပ္ေတြးေနရင္နဲ႔မွ သူကသူ႔ကိုယ္သူပါထည့္ေျပာမိမွန္း သတိထားမိသြားတယ္။ မတတ္ႏိုင္စြာပဲ အဲ့တာက ရယ္စရာေကာင္းတယ္လို႔ေတြးမိၿပီး လွ်ာေလးထုတ္မိသြားတယ္။

ဟဲ့ခ်န္းမင္ အဲ့အျပဳအမူေလးကို ျဖတ္ခနဲေတြ႕လိုက္ရတယ္။ ႐ုတ္ျခည္းပဲ သူ႔မ်က္ႏွာေပၚက ေအးစက္စက္အသြင္ကေန ေႏြဦးေလျပည္ေလးတိုက္ခတ္သြားသလို ေပ်ာ့ေျပာင္းသြားတယ္။ တကယ္ေတာ့ သူကက်ီေလ်ာင္ကို စိတ္ဆိုးတာမဟုတ္ဘဲ သူ႔ကိုယ္သူသာျဖစ္တယ္ _ သူကသာမျပည့္မစုံျဖစ္ေနလို႔ ထပ္ခါထပ္ခါအျငင္းခံေနရတာျဖစ္တယ္။

“စိတ္မဆိုးေတာ့ဘူးလား?” သူ႔အမူအယာအနည္းငယ္ေပ်ာ့ေျပာင္းလာေတာ့မွ က်ီေလ်ာင္စကားေျပာရဲေတာ့တယ္။ ဟဲ့ခ်န္းမင္ရဲ႕ပုံစံက နည္းနည္းေတာ့ထူးဆန္းတယ္လို႔ သူခံစားရတယ္ _ သူ႔ေဒါသကေရာက္လာၿပီး ခ်က္ခ်င္းျပန္ေျပသြားတာပဲ။

“ေနာက္တစ္ႀကိမ္ အဲ့လိုမ်ိဳးမေျပာပါနဲ႔” ကိုယ့္ကိုေနာက္တစ္ႀကိမ္မျငင္းပါနဲ႔ေတာ့…

ဟဲ့ခ်န္းမင္ေခါင္းကိုလွည့္ၿပီး က်ီေလ်ာင္ကိုၾကင္နာစြာၾကည့္လိုက္တယ္။ ႐ုတ္တရက္ သူ႔လက္ကိုေျမႇာက္ၿပီး က်ီေလ်ာင္ေခါင္းေလးကို ကိုင္ဖို႔လုပ္လိုက္တယ္။

က်ီေလ်ာင္ေရွာင္လိုက္ေပမယ့္ လြတ္လြတ္ကြၽတ္ကြၽတ္ေတာ့ မေရွာင္ႏိုင္ဘူး။ သူမခံခ်ိမခံသာေျပာလိုက္တယ္ “ငါေခြးမဟုတ္ဘူးေနာ္…”

သူ႔စကားကို ဟဲ့ခ်န္းမင္သေဘာက်သြားတာပဲလာ မေျပာတတ္ဘူး၊ သူၿပဳံးလိုက္တာကို ျမင္လိုက္ရၿပီးေနာက္ ထိုတစ္ေယာက္က အားရပါးရေျပာလာတယ္ “မင္းက ေခြးေလးေတြထက္ေတာင္ ခ်စ္ဖို႔ေကာင္းေသးတယ္”

က်ီေလ်ာင္ “…” အဲ့လိုႏႈိင္းယွဥ္လို႔ရတယ္လား?

အစကေတာ့ ေဘးနားကလူကိုၾကည့္ၿပီး သူမေပ်ာ္ေၾကာင္းျပေတာ့မလို႔ပဲ။ ဒါေပမယ့္ တစ္ဖက္ေကာင္ေလးရဲ႕ႏူးညံ့ေပမယ့္ ပင္ပန္းေနပုံကိုျမင္ရေတာ့ သူရင္နာရတယ္။ ၿပီးေတာ့လည္း ဟဲ့ခ်န္းမင္က သူဒီလိုေျပာတာေတြကို မၾကားခ်င္ဘူးဆိုေတာ့…

ဘယ္ကဘယ္လိုသတၱိေတြ ရသြားတာလဲေတာ့မသိဘူး၊ က်ီေလ်ာင္လက္ကို ဆန႔္ထုတ္ၿပီး သူ႔ထက္ 9cmပိုရွည္တဲ့သူရဲ႕ေခါင္းကို သူ႔ပုခုံးေပၚဆြဲခ်လိုက္တယ္။

“ငါ့ေပၚမွီၿပီး တေရးအိပ္လိုက္အုံး” သူခါးဆန႔္ၿပီး ေတာင့္ေတာင့္ႀကီးေျပာလိုက္တယ္။

ဟဲ့ခ်န္းမင္ကေတာ့ သူ႔ေခါင္းကို ကိုးဆယ္ဒီဂရီနီးပါးေလာက္ေစာင္းၿပီး အေနအထားကသက္ေသာင့္သက္သာ မရွိေပမယ့္ က်ီေလ်ာင္နဲ႔နီးနီးကပ္ကပ္ေနရတာ သူ႔အတြက္အရမ္းေနလို႔ေကာင္းတယ္။ သူေၾကာင္ေတာင္ေတာင္ ခဏေလာက္ျဖစ္ေနၿပီးမွ သူ႔ရဲ႕ေလာင္ကြၽမ္းေနတဲ့လည္ေခ်ာင္းထဲကေန အသံတစ္သံထြက္လာတယ္ “အင္း”

သူမ်က္လုံးကိုမွိတ္လိုက္ၿပီး အိပ္ေပ်ာ္သြားပုံရတယ္။

က်ီေလ်ာင္ေခါင္းကို ငုံ႔ၿပီးၾကည့္လိုက္ေတာ့ ဟဲ့ခ်န္းမင္ၿငိမ္ၿငိမ္ေလးအိပ္ေပ်ာ္ေနတာေတြ႕ေတာ့ သူနည္းနည္းေနလို႔ေကာင္းသြားတယ္။ ဒါေပမယ့္ သူစိတ္နဲ႔ကိုယ္ျပန္ကပ္တဲ့အခ်ိန္မွာ ေနာင္တရဖို႔အရမ္းေနာက္က်သြားၿပီ! သူဘာေတြလုပ္လိုက္တာလဲ?! ဟဲ့ခ်န္းမင္ပင္ပန္းေနတယ္ဆိုရင္လည္း သူ႔အတြက္ဘာအေရးလဲ?!

က်ီေလ်ာင္တစ္ေယာက္ ဟဲ့ခ်န္းမင္အညႇိဳ႕ခံလိုက္ရတာျဖစ္မယ္။ မဟုတ္ရင္ သူဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳးေတြလုပ္မိမွာလဲ?

အဲ့လိုသာဆိုရင္ တစ္ျခားေယာက်ာ္းေလးတစ္ေယာက္အတြက္ သူရင္နာတာကို ဝန္မခံခင္ သူအရင္ေသသြားလိမ့္မယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တာေတြလည္း ၿပီးပါေစေတာ့ဆိုၿပီး သူစိုးရိမ္မေနေတာ့ဘူး။ အဲ့ေနာက္သူနားလည္ရခက္စြာေတြးလိုက္တယ္ ဟဲ့ခ်န္းမင္သူ႔ေလာက္ပုတဲ့သူကို မွီထားရတာ အဆင္မေျပမျဖစ္ဘူးလား? အဲ့တာေၾကာင့္ သူခါးေၾကာကိုဆန႔္လိုက္ၿပီး အနည္းငယ္ ရွည္ထြက္လာေအာင္လုပ္လိုက္တယ္။

ဟဲ့ခ်န္းမင္တကယ္အိပ္ေပ်ာ္ေနတာျဖစ္ၿပီး က်ီေလ်ာင္လႈပ္လိုက္ေတာ့မွ သူႏိုးလာတယ္။ သူမ်က္လုံးဖြင့္ၿပီး ေခါင္းကိုလွည့္လိုက္ေတာ့ သူ႔ႏႈတ္ခမ္းကက်ီေလ်ာင္လည္ပင္းနဲ႔ ရွပ္ထိသြားၿပီး နားနားမွာကပ္ေျပာလိုက္တယ္။ “မင္းကိုယ့္ကိုႏႈိးလိုက္တယ္”

သူ႔အသံက တိုးလ်ၿပီးအက္ကြဲေနကာ စိတ္ေကာက္ေနသလိုလည္း ျဖစ္ေနတယ္။

က်ီေလ်ာင္လည္ပင္းတစ္ခုလုံး နီရဲေနတယ္! ထိုအခ်ိန္မွာ သူထခုန္ၿပီး ထိုတစ္ေယာက္ေခါင္းကိုတြန္းထုတ္ကာ မင္းဘာေတြလာလုပ္ေနတာလဲ?! လို႔ ေအာ္ထုတ္လိုက္ခ်င္တယ္။ ဒါေပမယ့္ တစ္ဖက္ကေကာင္ေလးကေတာ့ သူ႔ကိုနမ္းမိသြားတာကို သတိမထားမိဘဲ ဘာမွမျဖစ္ခဲ့သလိုမ်ိဳးသူ႔ပုခုံးေပၚမွာပဲ ျပန္အိပ္ေပ်ာ္သြားတယ္…

က်ီေလ်ာင္တစ္ေယာက္တည္း စိတ္ေသာကေရာက္ေနၿပီး ဒီအေႂကြးကိုရင္ထဲမွာသာ တိတ္တိတ္ေလးသိမ္းထားေတာ့တယ္

{ႏွစ္ပိုင္းတင္ေပးလို႔ ေပ်ာ္သြားတယ္ေတာ့လုပ္လိုက္🐪}

____________________________________



{Unicode}

•ထင်တဲ့အတိုင်းပဲ ယောကျာ်းတွေအားလုံး သစ္စာမဲ့ကြတယ်•

ဟဲ့ချန်းမင်ပင်ပန်းပုံပေါက်နေတာရဲ့ အကြောင်းအရင်းက အချိန်အတော်ကြာအိပ်မပျော်တာကြောင့်ဖြစ်တယ်။ ဒါပေမယ့် သူအိပ်မပျော်ရတဲ့နောက်ခံသမိုင်းကို ကျီလျောင်ကိုမပြောပြနိုင်ဘူး။

ဒါက ခါးသီးပြီး နာကျင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်။

နောက်တစ်ကြိမ် နှုတ်မဟမိအောင် သူနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အေးတိအေးစက်အမူအယာနဲ့နေနေတယ်။

“စိတ်ဆိုးနေတာလား?” တစ်ဖက်ကကောင်လေးရဲ့စိတ်အခြေအနေကို သိသိသာသာ အာရုံခံလိုက်မိတာကြောင့် ကျီလျောင် နူးနူးညံ့ညံ့လေးမေးလိုက်တယ်။

ဟဲ့ချန်းမင် ဘာတစ်ခွန်းမှမပြောဘူး။ ဘတ်စ်ကားရောက်တဲ့အခါ သူကရှေ့ကဦးဆောင်ပြီး လက်ထပ်ထားတဲ့အမျိုးသမီးငယ်လေးတစ်ယောက်လို ကျီလျောင်နောက်ကလိုက်သွားတယ်။ နောက်ဆုံးတန်းမှာ လွတ်နေတဲ့ခုံနှစ်ခုံရှိပြီး ဟဲ့ချန်းမင်က ကျီလျောင်ကို အရင်ထိုင်ခိုင်းကာ သူကတော့ အပြင်ဘက်ကခုံမှာနေရာယူလိုက်တယ်။

ကားထွက်တာတောင် နှစ်ယောက်လုံးတိတ်ဆိတ်နေပြီး တစ်ယောက်ကတော့အမူအယာမပြောင်းမလဲရှိနေပြီး နောက်တစ်ယောက်ကတော့ အရှုံးသမားလေးတစ်ယောက်လို နှုတ်ခမ်းကိုကိုက်ထားတယ်။

သူစိတ်ဆိုးနေတယ်ဆိုတာ သိသာနေတာပဲလို့ ကျီလျောင်ကိုယ့်ဘာသာတွေးရင်း တိတ်တိတ်လေးမကျေမနပ်ဖြစ်နေတယ်။ ဒါပေမယ့် သူပြောတော့ ငါ့ကိုဆိုရင် ဘယ်တော့မှစိတ်မဆိုးပါဘူးဆိုပြီးတော့! အာ.. အခုမှရက်အနည်းငယ်ပဲရှိသေးတယ်! ထင်တဲ့အတိုင်းပဲ ယောကျာ်းတွေအားလုံးက သစ္စာမရှိကြဘူး! [T/N : သားရယ် အဲ့တာဆိုသားလေးကရော?]

သူမကျေမနပ်တွေးနေရင်နဲ့မှ သူကသူ့ကိုယ်သူပါထည့်ပြောမိမှန်း သတိထားမိသွားတယ်။ မတတ်နိုင်စွာပဲ အဲ့တာက ရယ်စရာကောင်းတယ်လို့တွေးမိပြီး လျှာလေးထုတ်မိသွားတယ်။

ဟဲ့ချန်းမင် အဲ့အပြုအမူလေးကို ဖြတ်ခနဲတွေ့လိုက်ရတယ်။ ရုတ်ခြည်းပဲ သူ့မျက်နှာပေါ်က အေးစက်စက်အသွင်ကနေ နွေဦးလေပြည်လေးတိုက်ခတ်သွားသလို ပျော့ပြောင်းသွားတယ်။ တကယ်တော့ သူကကျီလျောင်ကို စိတ်ဆိုးတာမဟုတ်ဘဲ သူ့ကိုယ်သူသာဖြစ်တယ် _ သူကသာမပြည့်မစုံဖြစ်နေလို့ ထပ်ခါထပ်ခါအငြင်းခံနေရတာဖြစ်တယ်။

“စိတ်မဆိုးတော့ဘူးလား?” သူ့အမူအယာအနည်းငယ်ပျော့ပြောင်းလာတော့မှ ကျီလျောင်စကားပြောရဲတော့တယ်။ ဟဲ့ချန်းမင်ရဲ့ပုံစံက နည်းနည်းတော့ထူးဆန်းတယ်လို့ သူခံစားရတယ် _ သူ့ဒေါသကရောက်လာပြီး ချက်ချင်းပြန်ပြေသွားတာပဲ။

“နောက်တစ်ကြိမ် အဲ့လိုမျိုးမပြောပါနဲ့” ကိုယ့်ကိုနောက်တစ်ကြိမ်မငြင်းပါနဲ့တော့…

ဟဲ့ချန်းမင်ခေါင်းကိုလှည့်ပြီး ကျီလျောင်ကိုကြင်နာစွာကြည့်လိုက်တယ်။ ရုတ်တရက် သူ့လက်ကိုမြှောက်ပြီး ကျီလျောင်ခေါင်းလေးကို ကိုင်ဖို့လုပ်လိုက်တယ်။

ကျီလျောင်ရှောင်လိုက်ပေမယ့် လွတ်လွတ်ကျွတ်ကျွတ်တော့ မရှောင်နိုင်ဘူး။ သူမခံချိမခံသာပြောလိုက်တယ် “ငါခွေးမဟုတ်ဘူးနော်…”

သူ့စကားကို ဟဲ့ချန်းမင်သဘောကျသွားတာပဲလာ မပြောတတ်ဘူး၊ သူပြုံးလိုက်တာကို မြင်လိုက်ရပြီးနောက် ထိုတစ်ယောက်က အားရပါးရပြောလာတယ် “မင်းက ခွေးလေးတွေထက်တောင် ချစ်ဖို့ကောင်းသေးတယ်”

ကျီလျောင် “…” အဲ့လိုနှိုင်းယှဉ်လို့ရတယ်လား?

အစကတော့ ဘေးနားကလူကိုကြည့်ပြီး သူမပျော်ကြောင်းပြတော့မလို့ပဲ။ ဒါပေမယ့် တစ်ဖက်ကောင်လေးရဲ့နူးညံ့ပေမယ့် ပင်ပန်းနေပုံကိုမြင်ရတော့ သူရင်နာရတယ်။ ပြီးတော့လည်း ဟဲ့ချန်းမင်က သူဒီလိုပြောတာတွေကို မကြားချင်ဘူးဆိုတော့…

ဘယ်ကဘယ်လိုသတ္တိတွေ ရသွားတာလဲတော့မသိဘူး၊ ကျီလျောင်လက်ကို ဆန့်ထုတ်ပြီး သူ့ထက် 9cmပိုရှည်တဲ့သူရဲ့ခေါင်းကို သူ့ပုခုံးပေါ်ဆွဲချလိုက်တယ်။

“ငါ့ပေါ်မှီပြီး တရေးအိပ်လိုက်အုံး” သူခါးဆန့်ပြီး တောင့်တောင့်ကြီးပြောလိုက်တယ်။

ဟဲ့ချန်းမင်ကတော့ သူ့ခေါင်းကို ကိုးဆယ်ဒီဂရီနီးပါးလောက်စောင်းပြီး အနေအထားကသက်သောင့်သက်သာ မရှိပေမယ့် ကျီလျောင်နဲ့နီးနီးကပ်ကပ်နေရတာ သူ့အတွက်အရမ်းနေလို့ကောင်းတယ်။ သူကြောင်တောင်တောင် ခဏလောက်ဖြစ်နေပြီးမှ သူ့ရဲ့လောင်ကျွမ်းနေတဲ့လည်ချောင်းထဲကနေ အသံတစ်သံထွက်လာတယ် “အင်း”

သူမျက်လုံးကိုမှိတ်လိုက်ပြီး အိပ်ပျော်သွားပုံရတယ်။

ကျီလျောင်ခေါင်းကို ငုံ့ပြီးကြည့်လိုက်တော့ ဟဲ့ချန်းမင်ငြိမ်ငြိမ်လေးအိပ်ပျော်နေတာတွေ့တော့ သူနည်းနည်းနေလို့ကောင်းသွားတယ်။ ဒါပေမယ့် သူစိတ်နဲ့ကိုယ်ပြန်ကပ်တဲ့အချိန်မှာ နောင်တရဖို့အရမ်းနောက်ကျသွားပြီ! သူဘာတွေလုပ်လိုက်တာလဲ?! ဟဲ့ချန်းမင်ပင်ပန်းနေတယ်ဆိုရင်လည်း သူ့အတွက်ဘာအရေးလဲ?!

ကျီလျောင်တစ်ယောက် ဟဲ့ချန်းမင်အညှို့ခံလိုက်ရတာဖြစ်မယ်။ မဟုတ်ရင် သူဘယ်လိုလုပ်ပြီး ဒီလိုမျိုးတွေလုပ်မိမှာလဲ?

အဲ့လိုသာဆိုရင် တစ်ခြားယောကျာ်းလေးတစ်ယောက်အတွက် သူရင်နာတာကို ဝန်မခံခင် သူအရင်သေသွားလိမ့်မယ်။

ဒါပေမယ့်လည်း ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ဆိုပြီး သူစိုးရိမ်မနေတော့ဘူး။ အဲ့နောက်သူနားလည်ရခက်စွာတွေးလိုက်တယ် ဟဲ့ချန်းမင်သူ့လောက်ပုတဲ့သူကို မှီထားရတာ အဆင်မပြေမဖြစ်ဘူးလား? အဲ့တာကြောင့် သူခါးကြောကိုဆန့်လိုက်ပြီး အနည်းငယ် ရှည်ထွက်လာအောင်လုပ်လိုက်တယ်။

ဟဲ့ချန်းမင်တကယ်အိပ်ပျော်နေတာဖြစ်ပြီး ကျီလျောင်လှုပ်လိုက်တော့မှ သူနိုးလာတယ်။ သူမျက်လုံးဖွင့်ပြီး ခေါင်းကိုလှည့်လိုက်တော့ သူ့နှုတ်ခမ်းကကျီလျောင်လည်ပင်းနဲ့ ရှပ်ထိသွားပြီး နားနားမှာကပ်ပြောလိုက်တယ်။ “မင်းကိုယ့်ကိုနှိုးလိုက်တယ်”

သူ့အသံက တိုးလျပြီးအက်ကွဲနေကာ စိတ်ကောက်နေသလိုလည်း ဖြစ်နေတယ်။

ကျီလျောင်လည်ပင်းတစ်ခုလုံး နီရဲနေတယ်! ထိုအချိန်မှာ သူထခုန်ပြီး ထိုတစ်ယောက်ခေါင်းကိုတွန်းထုတ်ကာ မင်းဘာတွေလာလုပ်နေတာလဲ?! လို့ အော်ထုတ်လိုက်ချင်တယ်။ ဒါပေမယ့် တစ်ဖက်ကကောင်လေးကတော့ သူ့ကိုနမ်းမိသွားတာကို သတိမထားမိဘဲ ဘာမှမဖြစ်ခဲ့သလိုမျိုးသူ့ပုခုံးပေါ်မှာပဲ ပြန်အိပ်ပျော်သွားတယ်…

ကျီလျောင်တစ်ယောက်တည်း စိတ်သောကရောက်နေပြီး ဒီအကြွေးကိုရင်ထဲမှာသာ တိတ်တိတ်လေးသိမ်းထားတော့တယ်

{နှစ်ပိုင်းတင်ပေးလို့ ပျော်သွားတယ်တော့လုပ်လိုက်🐪}

_____

Thanks 😉


Continue Reading

You'll Also Like

225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...
137K 16.6K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
68.8K 4.6K 25
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...