The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 57

37.6K 4.8K 196
By Heather_Bell

ထိုရက်ပိုင်းအတွင် ယန်ပြည်နယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ပြည်သူများအကြားတွင် အလွန်ထူးခြားသော သတင်းတစ်ခုပျံ့နှံ့နေသည်။

နတ်ဆိုးဘုရင်သည် ကပ်ဆိုးဘေးအန္တရာယ်များကို ဖန်တီးရန် လူ့လောကသို့ ရောက်လာပြီဟုပင်။

ထိုသတင်းတို့၏ ရင်းမြစ်မှာ သင်္ချိုင်း မြေအနီးသို့ ဟင်းရွက်ခူးသွားသော ကောင်လေးတစ်ယောက်ဆီက စခဲ့ခြင်း ဖြစ်သည်။

ယန်ပြည်နယ်၏ နယ်စပ် ရွာလေးတစ်ရွာ၌ ကျန်းယန် ဆိုသော ကောင်လေးတစ်ယောက်ရှိလေသည်။ မုဆိုးမ အမေကြီးကို ပြုစုစောင့်ရှောက်နေသော ထိုကလေးမှာ ညနေတိုင်း ရွာ အစပ်တွင် ဟင်းရွက်တို့သွားခူးလေ့ရှိသည်။

တစ်နေ့တွင် ကျန်းယန်သည် ရွာအစပ်က ဟင်းရွက်တို့ကို ဆိတ်များစားထားသဖြင့် သိပ်မကျန်တော့ရာ နံဘေးက သင်္ချိုင်းမြေဆီသို့ အရဲစွန့်ပြီး သွားခူးလေသည်။

သူ ဟင်းရွက်ခူးနေစဉ် သင်္ချိုင်းမြေမို့မို့ဆီက ထူးခြားသော တစ်စုံတစ်ခုကို သတိထားမိလိုက်လေသည်။ ထိုအရာကား မြေထဲမှ တိုးထွက်လာသော အရိုးစုပင်။ ထိုအရိုးစုကို တွေ့လျှင်တွေ့ချင်း ကျန်းယန်မှာ လိပ်ပြာလွင့်မတတ်ကြောက်ရွံ့ပြီး ရွာဆီသို့ ပြေးသွားလေသည်။

ထိုအချိန်မှစ၍ သတင်းစကားတို့ပျံ့နှံ့သွားခဲ့လေသည်။ နတ်ဆိုးဘုရင် လူ့လောကသို့ စတင်ကျူးကျော်မည့် အချိန်တွင် ၎င်း၏ ရှေ့ပြေးတမန်တော်များအဖြစ် သေလွန်းပြီးသောသူတို့က အသက်ဝင်သူကဲ့သို့ နိုးထလာမည်ဟု အဆိုရှိရာ လူအများကြောက်ရွံ့သွားကြလေသည်။

ရက်ပိုင်းခန့်အတွင်း အလားတူ ဖြစ်ရပ်များမှာ များသထက်များလာသည်။

လင်းမိုသည် ဆယ့်ငါးပြည်ထောင် ပြည့်ရှင်အနေဖြင့် ထိုသတင်းစကားတို့က သူ့ဆီသို့ နေ့တိုင်းရောက်လာနေသည်။ အခြေအနပ်အရပ်ရပ်ကို ထိန်းသိမ်းရန်ကြိုးပမ်းနေရခြင်းကြောင့် လင်းမိုမှာ ကတိပေးထားသည့်အတိုင်း မြောက်ပိုင်းသို့ မသွားနိုင်သေး။

သင်္ချိုင်းမြေများ၌ လင်းမို၏ အစောင့်အကြပ် စစ်သည်တော်တို့ အပြည့်နေရာယူထားကြသည်။ လင်းမို၏ သီးသန့်ကိုယ်ရံတော် တပ်ဖွဲ့မှ သိုင်းပညာရှင်တို့သည်လည်း ထန်ရွှမ်းတိုက်၏ နေရာအသီးသီး၌ အသင့်နေရာယူထားကြသည်။

အခြေအနေက ပိုမိုဆိုးဝါးမလာသော်လည်း အချိန်ကိုက်ပေါက်ကွဲမည့် ဗုံးတစ်လုံးကဲ့သို့ပင်။

မြောက်ပိုင်းသည် တောင်ပိုင်းနှင့် အဆက်အသွယ်ရှိသော်လည်း ကုန်သည်အချင်းချင်းသာ ဆက်သွယ်နေကြခြင်း ဖြစ်သည်။ ထိုသတင်းစကားတို့က အိမ်ရှေ့စံ၏ နားသို့ မပေါက်သေး။ လင်းမိုသည်လည်း အနှီက်ိစ္စတို့ကို လီချန်းယုံအားပြောမပြချေ။

သာမန်အခြေအနေကဲ့သို့ ဟန်ဆောင်ကာ လီချန်းယုံဆီသို့ စာများပို့နေသည်။ လီချန်းယုံမှာ လင်းမို သာမန်ကဲ့သို့ အလုပ်များနေသည်ဟု ထင်မှတ်ကာ သူ၏ ပြန်စာများက အလုပ်ပိုရှုပ်စေမည်စိုးသောကြောင့် ပြန်စာပင် မရေးဖြစ်ချေ။

ရက်ပိုင်းခန့်အကြာတွင် အဖြစ်အပျက်တို့မှာ ပိုမိုဆိုးဝါးလှသည်။ ညဘက်တွင် ပေါ်လာတတ်သည့် အရိပ်မည်းကြီးများက သာမန်လူတို့၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသည်။ နေဝင်သွားသည်နှင့် ကောင်းကင်မှ အရိပ်မည်းကြီးများ ပေါ်လာတတ်ပြီး လမ်းမတွင် ရှိနေသူတို့ကို လေပွေလို စုပ်ယူသွားလေသည်။ အရိပ်မည်းကြီးနှင့် ပါသွားသော သူတို့မှာ မည်သည့်နေရာတွင်မျှ ရှာ၍မရအောင် အစအနမကျန်ပျောက်ဆုံးသွားလေသည်။

ဖြစ်ရပ်တို့က ကြုံဖန်များလာသောအခါ လူသားတို့်မှာ ညဘက်ပင် အပြင်မထွက်ရဲအောင် ဖြစ်လာသည်။ ယန်နိုင်ငံတစ်ခုတည်းသာမက ကျန်နိုင်ငံများ၌ပါ ထိုသို့ ဖြစ်နေခြင်းဖြစ်သည်။

ထိုအရိပ်မည်များသည် နတ်ဆိုးဘုရင် ဒုတိယတမန်တော်များ ဖြစ်သည်။ တတိယတမန်တော်များရောက်လာပြီးလျှင် နတ်ဆိုးဘုရင် လူ့လောကသို့ အမှန်တကယ်ရောက်လာမည်ဖြစ်သည်။

လင်းမိုက နန်းဆောင်ပတ်ပတ်လည်မှ ပေါ်လာတတ်သော အရိပ်မည်းများကို လျစ်လျူရှုကာ သူစာကြည့်ဆောင်တွင် အချိန်ဖြုန်းနေသည်။ သူ၏ နံဘေးတွင် စာအုပ်များက ပြန်ကျဲနေသည်။

လင်းမို ထိုစာဖတ်ခန်းထဲမှ မထွက်သည်မှာ သုံးရက်ကျော်ကြာမြင့် ပြီဖြစ်သည်။ ထိုရက်အတွင်း အစားလည်းမစား၊ အိပ်လည်းမအိပ်ပေ။

သူကတစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် စာအုပ်စင်မှ စာအုပ်ကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေသည်။ နံဘေးမှ အတိုင်ပင်ခံ အမတ်ကြီးမှာ အခြေအနေကို စောင့်ကြည့်အကဲခတ်နေဟန်ဖြင့် တိတ်တဆိတ် မတ်တပ်ရပ်နေသည်။

လင်းမိုက အလွန်အမင်းရှေးကျသော သားရေဖြင့် ဖုံးထားသော စာအုပ်ကြီးကို ရှာတွေ့သောအခါ အထဲမှပါသည်များကို စေ့စေ့စပ်စပ်ဖတ်ရှုနေသည်။ ဖတ်သွားသော စာကြောင်းတို့အလိုက် ရွေ့သွားသော သူ၏ လက်ချောင်းတို့က သူမည်မျှ အာရုံစိုက်နေကြောင်းဖော်ပြနေသည်။

စာအုပ်၏ တစ်နေရာအရောက်တွင် ထိုရွေ့လျားနေသော လက်ချောင်းတို့က ရပ်သွားသည်။

တစ်စွန်းတစ်စ မြင်ရသော စာမျက်နှာ၏ ထိပ်တွင် နတ်ဆိုးဟုယူဆရေသာ အသွင်သဏ္ဍာန်ကို တွေ့လိုက်ရသောကြောင့် ထိုစာပါအကြောင်းအရာတို့သည် တစ္ဆေမိစ္ဆာနတ်ဆိုးတို့နှင့် သက်ဆိုင်ကြောင်း အမတ်ကြီး အကြမ်းဖျင်းယူဆလိုက်လေသည်။

"အမတ်ကြီး...''

လင်းမိုက ဖတ်ရှုပြီးသည့်အခါ ထိုစာအုပ်ကို ခပ်လှမ်းလှမ်းက သူ၏ စားပွဲပေါ်သို့ ပစ်တင်ရင်း လှမ်းပြောသည်။

"မြောက်ပိုင်းရဲ့ အခြေအနေဘယ်လိုလဲ''

"မှန်လှပါအရှင်၊ အခုချိန်ထိတော့ ထွေထွေထူးထူးဖြစ်ရပ်တွေ မရှိသေးဘူးလို့ သိရပါတယ်''

လင်းမိုက သက်ပြင်းချပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။အနည်းငယ် ညိုနေသော သူ၏ မျက်ဝန်းက သူမည်မျှ စိတ်ဖိစီးနေကြောင်း သက်သေခံနေသည်။

"အဆိုးထဲက အကောင်းပေါ့၊ ကိုယ်တော်အမတ်ကြီးကို ကြီးလေးတဲ့ တာဝန်တစ်ခုပေးရတော့မယ်၊ အခုဆယ့်ငါးနိုင်ငံလုံးက ဖြစ်ပျက်နေသမျှကို မြောက်ပိုင်းက အိမ်ရှေ့စံရဲ့နားထဲမရောက်အောင်လုပ်ပါ၊ လိုအပ်ရင် အကြောင်းတစ်ခုခု ပြပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း ကုန်သွယ်မှုကို ဖြတ်တောက်လိုက်''

အမတ်ကြီးက နာခံစွာ ခေါင်းညိတ်ပြသည်။ သူ့အတွက် ခက်ခဲသော တာဝန်ဖြစ်သော်လည်း အရှင်လင်းမို၏ အာဏာစက်အောက် မည်သူမျှ လွန်ဆန်နိုင်မည်မထင်။

လင်းမိုသည် သူ၏ နန်းဆောင်တွင် မည်သည့်ကိစ္စမျှ မဖြစ်ပျက်နေသကဲ့သို့ လီချန်းယုံထံ စာရေးလေသည်။ ဤအရာက များပြားလှသော အလုပ်တာဝန်များကြားမှ အရေးကြီးဆုံးသော တာဝန်ပင်။ စာရေးပြီးသောအခါ လင်းမိုက ခါတိုင်းကဲ့သို့ ခိုလေး၏ ခြေထောက်တွင် သူ၏ စာကို ချိတ်ပေးလိုက်သည်။

နောက်နေ့မနက်တွင် လင်းမိုသည် သူအတည်ပြုစရာ ကိစ္စအတွက် နက္ခမျှော်စင်ဆီသို့ ထွက်လာခဲ့သည်။ ပထမအကြိမ် နတ်ဆိုးဘုရင်အကြောင်းကို သတိပေးပြီးကတည်းက လင်းမိုသည် သခင်မကျန်းနှင့် အဆက်အသွယ်ရှိပြီး ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်သည် ပထမဆုံး လူကိုယ်တိုင်လာရောက်ခြင်းပင်။

သခင်မကျန်းသည် နက္ခတ်မျှော်စင်၏ အမြင့်ဆုံးအထပ်တွင် ရှိနေပြီးတိတ်တဆိတ်ရောက်လာသော ရှင်ဘုရင်ကို တွေ့သောအခါ ဂါရဝပြုနှုတ်ဆက်သည်။

"အရှင်...''

လင်းမိုက သူ့ကို လွန်မင်းစွာရိုကျိုးမနေဟန် အရိပ်အယောင်ပြသည့် အနေဖြင့် လက်ကာပြပြီး စားပွဲ၌ဝင်ထိုင်သည်။

"သခင်မကျန်း...ကိုယ်တော် သိချင်တာတစ်ခုရှိတယ်''

"မေးပါအရှင်၊ ကျွန်တော်မျိုးသိတာဆိုရင် ဖြေပေးနိုင်မှာပါ''

လင်းမိုက စားပွဲကို မသိမသာခေါက်နေသော သူ၏ လက်တို့ကို ရပ်တန့်ပြီး ပြန်ပြောသည်။

"အခုဖြစ်နေတဲ့ နမိတ်လက္ခဏာတွေအားလုံး မြောက်ပိုင်းမှာ ဖြစ်မနေဘူး...အဲ့ဒါဘာလို့လဲ''

သခင်မကျန်း၏ မျက်နှာအမူအရာက သိပ်ပြီးပြောင်းလဲသွားမှုမရှိသောကြောင့် ဤကဲ့သို့သော မေးခွန်းကို သူမမျှော်လင့်ပြီး ဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။

"မြောက်ပိုင်းက တောင်ပိုင်းနဲ့မတူဘူး အရှင်၊ မြောက်ပိုင်းက ရှေးဟောင်းဒဏ္ဍာရီ နယ်မြေဖြစ်တဲ့အတွက်ကြောင့် သူ့မှာကာရံထားတဲ့ မမြင်ရတဲ့ မှော်အစီအရင်တွေရှိပါတယ်၊ မြင့်မြတ်တဲ့နယ်မြေဖြစ်တာကြောင့် သွေးဖြူဝံပုလွေဟာ မြောက်ပိုင်းရေခဲလွင်ပြင်မှာပဲ မွေးဖွားခဲ့တာပါ၊ အရှင်ပြောသလို မှော်ဆရာတစ်ယောက်က နဂါးကိုဆင့်ခေါ်နိုင်ခဲ့တာလည်း မြောက်ပိုင်းနယ်မြေနယ်နမိတ်အတွင်း ဖြစ်နေလို့ပါ''

သခင်မကျန်း၏ ရှည်ဝေးသော ရှင်းပြချက်တို့ကို နားထောင်ပြီး လင်းမိုက အရေးကြီးဆုံးသော မေးခွန်းကိုသာ မေးလိုက်သည်။

"အဲ့ဒီအကာအရံက ဘယ်အချိန်ထိ တည်မြဲနိုင်မလဲ...''

သခင်မကျန်းက သက်ပြင်းချပြီး ခေါင်းကို ဖြည်းညင်းစွာ ယမ်းပြသည်။

အမှန်တိုင်းပြောရလျှင် သူမ ထိုအကာအရံတို့ မည်သည့်အချိန်ထိ တည်မြဲနိုင်မည်ကို မသိပေ။

"အချိန်တော့ရှိဦးမှာပေါ့...''
လင်းမိုက အေးဆေးစွာ ပြောသည်။

"အရှင်...ကျွန်မသိသလောက် အရှင့်ရဲ့ ကြင်ယာတော်က မြောက်ပိုင်းမှာလို့သိရတယ်၊ အခုအချိန်မှာ သူ့ကို ပြန်ခေါ်တာက...''

အမတ်ကြီးက သခင်မကျန်းကို လီချန်းယုံအကြောင်းပြောပြထားပြီး ဖြစ်သည်။ အမတ်ကြီးမပြောလျှင်လည်း သခင်မကျန်းသည် သွေဖြူဝံပုလွေ၏ အစောင့်ရှောက်ခံ အိမ်ရှေ့စံအကြောင်း သိပြီး ဖြစ်သည်။

"အိမ်ရှေ့စံကို ပြန်ခေါ်ပြီး ဘာလုပ်ရမှာလဲ''
လင်းမို၏ အသံက ကြောက်စရာကောင်းအောင် အေးစက်သွားသည်။

"အ..အရှင်''
ထင်မှတ်မထားသော လင်းမိုဆီက တုံ့ပြန်မှုကြောင့် သခင်မကျန်း ထိတ်လန့်သွားသည်။

"အဟက်...လူတိုင်းက အဲ့ဒီလိုပဲ မျှော်လင့်နေတာလား၊ ကိုယ်တော်က ချန်းယုံရဲ့ ရင်ဝကို ဓားနဲ့ထိုးပြီး အသေခံခိုင်းမယ်၊ ပြီးရင် နတ်ဆိုးဘုရင်ကို တိုက်ခိုက်အနိုင်ယူပြီး လောကကြီး အေးချမ်းအောင် စောင့်ရှောက်မယ်တဲ့လား''

သခင်မကျန်းက သူမ၏ စိတ်ကို အတတ်နိုင်ဆုံး တင်းပြီး ဖြည်းညင်းစွာပြောသည်။

"တကယ်လို့...အဲ့ဒီလို ဖြစ်ခဲ့ရင်တောင် သွေးဖြူဝံပုလွေက ကြင်ယာတော်ကို ပြန်ခေါ်ပေးမှာပါ''

လင်းမို၏ မျက်လုံးတို့က ခဏချင်းစူးရဲသွားသည်။
"ကိုယ်တော့်ကိုပြော...အရင် သွေးဖြူဝံပုလွေက နဂါးစီးနင်းသူ အရှင်ရဲ့ ဝိညာဉ်ကို ပြန်လည်ခေါ်ပေးနိုင်ခဲ့လား''

သည်တစ်ကြိမ်တော့ သခင်မကျန်း တိတ်ဆိတ်သွားသည်။

"ပြန်ခေါ်ပေးနိုင်တာ သေချာတယ်ဆိုရင်တောင် ကိုယ်တော်က ချန်းယုံကို ရင်ဝဓားနဲ့အထိုးခံတာ မပြောနဲ့ ဆံခြည်မျှင်လေးတောင် အထိမခံချင်ဘူး''

သခင်မကျန်းမှာ အရှင်၏ ချစ်ခြင်းမေတ္တာကို ခံစားမိသော်လည်း သူမက လူသားမျိုးနွယ်အတွက် စိုးရိမ်ကြောင့်ကြနေသေးသည်။

"အရှင်...အဲ့ဒါဆို ဘယ်လိုနည်းနဲ့များ နတ်ဆိုးဘုရင်ကို အနိုင်ယူမှာလဲ၊ တစ်ခြားနည်းမရှိတော့ဘူးဆိုတာ အရှင်သိပါတယ်''

လင်းမိုက သူ၏ လက်တို့ကို စိုက်ကြည့်ပြီး ပြန်ဖြေသည်။

"တစ်ခြားနည်း ဘာလို့မရှိတာလဲ သိလား...''

သခင်မကျန်းက ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်စွာ မော့ကြည့်သည်။

"တစ်ခြားနည်းလမ်းကို မစဉ်းစားခဲ့ကြလို့...''

အဓိပ္ပါယ်ဖော်ရခက်သော စကားတို့ကို ပြောပြီး လင်းမိုက သခင်မကျန်း၏ နက္ခတ်မျှော်စင်မှ ထွက်ခွာသွားခဲ့သည်။

အမတ်ကြီးသည် လင်းမိုပေးသည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသည်။ တောင်ပိုင်းတွင် ဖြစ်ပျက်နေသမျှ သတင်းတို့ကို မြောက်ပိုင်းသို့ မရောက်အောင် တားဆီးထားသည်။ သဘာဝဘေးအန္တာရာယ်ဟု အကြောင်းပြကာ ကုန်သွယ်မှုတို့ကို ခေတ္တရပ်နားလိုက်သည်။

မြောက်ပိုင်းနန်းဆောင်တွင် လီချန်းယုံသည် လင်းမိုဆီက လာသော စာကို အထပ်ထပ်ပြန်ဖတ်ရှုနေသည်။ စာပါအကြောင်းအရာတို့မှာ သိပ်ပြီး ထူးခြားမှုမရှိ။ သို့သော် ထိုသို့ ထူးခြားမှု မရှိသည်ကိုက တစ်စုံတစ်ခု ထူးခြားနေသလိုပင်။

လီချန်းယုံသည် စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ အိပ်ရာပေါ်သို့ လှဲချဲလိုက်သည်။ နံရံပေါ်တွင် သူချိတ်ဆွဲထားခဲ့သော လင်းမို၏ ပုံတူ ပန်းချီကားကို တွေ့သောအခါ နှုတ်ခမ်းတို့က အလိုလိုပြုံးမိသွားသည်။

လင်းမိုက သူ့ကို မြောက်ပိုင်းသို့ ဆက်ဆက် လိုက်လာမည်ဟု ကတိပေးခဲ့သည်။ လင်းမိုက တောင်ပိုင်းတွင် သဘာဝဘေးကျရောက်သောကြောင့် အခြေအနေများရှုပ်ထွေးနေသည်ဟု ဆိုထားသောကြောင့် လီချန်းယုံက စိတ်ရှည်လက်ရှည်စောင့်နေခြင်း ဖြစ်သည်။

ထိုညက လီချန်းယုံ နောက်ကျမှ အိပ်ယာဝင်သည်။ သူအိပ်ပျော်သွားသည့်နောက်တွင် အိပ်မက်တစ်ခုမက်ခဲ့သည်။

မျက်စိတစ်ဆုံးကျယ်ပြန့်သော ရေခဲပြင်တွင် မီးလျှံများ အရှိန်ညီးစွာ တောက်လောင်နေသည်။ ရေခဲနှင့် မီးလျှံမှာ မအပ်စပ်သော တွဲဖက်မှုပင်။

အိပ်မက်ဟု မသိစိတ္က အလိုလိုသိနေသော်လည်း လီချန်းယုံ ထိုနေရာက မရွေ့နိုင်ခဲ့။

မကြာမီ နဂါး၏ အော်သံအကျယ်ကြီးကို ကြားရပြီး ကောင်းကင်ပြင်တွင် ကြီးမားသောနဂါးကြီး၏ ပုံရိပ်က ပေါ်လာသည်။

နဂါးကြီးရေခဲပြင်သို့ ဆင်းသက်လ်ိုက်သည်နှင့် နဂါး၏ ကျောပေါ်မှ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူတစ်ယောက် ဆင်းလာသည်။

လင်းမို. . .

လီချန်းယုံ၏ နှုတ်ဖျားက အလိုလိုရေရွတ်မိသွားသည်။ လင်းမိုက သူ့ကို မြင်ဟန်မတူ။ လွန်ခဲ့သည့် နှစ်ပိုင်းက သူမက်ခဲ့ဖူးသော အိပ်မက်ကဲ့သို့ပင် လင်းမို၏ မျက်လုံးတို့က ကြောက်စရာကောင်းအောင် အေးစက်ပြီး အသက်မဲ့နေသည်။ သူ၏ခါးတွင် ဝံပုလွေမာန်ဖီနေပုံသဏ္ဍာန်ရှိသည့် ရေခဲဝိညာဉ်ဓားကို ချိတ်ဆွဲထားသည်။

ထိုရင်းနှီးသော မြင်ကွင်းက လီချန်းယုံကို ထိတ်လန့်စေသည်။ လင်းမိုသည် တစ်စုံတစ်ရာကို လက်လွှတ်ဆုံးရှုံးထားရသည့်ဟန် ဖြစ်သည်။ ယခင်က ထိုအိပ်မက်တွင် လင်းမိုမည်သည့်အရာကို ဆုံးရှုံးခဲ့သည်ကို သူမသိခဲ့။

ယခုတစ်ကြိမ်တော့ သူအတိအကျသိချေသည်။

လင်းမိုသည် သူ့ကို လက်လွှတ်ဆုံးရှုံးရလိုက်ခြင်းပင်။

အိပ်မက်ဟုသိနေသော်လည်း လီချန်းယုံ၏ ရင်ထဲမှာ ဆို့နစ်ပြီး မျက်ရည်တို့က ဝဲတက်လာသည်။ သူသေဆုံးရမည်ကို မကြောက်။ သူသေလွန်ပြီးသည့်နောက်တွင် ယခုကဲ့သို့ ကျန်ရစ်နေမည့် လင်းမိုကို သူစိုးရိမ်သည်။

အိပ်မက်ဆိုး၏ နှိပ်စက်မှုကြောင့် ချွေးများရွှဲနစ်စွာ လီချန်းယုံ နိုးထလာသည်။ ထိုအိပ်မက်က တစ်စုံတစ်ရာကို ညွှန်းဆိုနေမှန်း သူသိနေသည်။

ရေတစ်ခွက်ကို ကပျာကယာသောက်ပြီး လီချန်းယုံ အိပ်ရာက ထလိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ စာရွက်နှင့် စုတ်တံယူကာ အမိန့်တစ်ခုကို ရေးနေသည်။
________________________________________________________________________

Zawgyi

ထိုရက္ပိုင္းအတြင္ ယန္ျပည္နယ္တစ္ခုလံုး အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနၾကသည္။ ျပည္သူမ်ားအၾကားတြင္ အလြန္ထူးျခားေသာ သတင္းတစ္ခုပ်ံ႕ႏွံ႔ေနသည္။

နတ္ဆိုးဘုရင္သည္ ကပ္ဆိုးေဘးအႏၱာရာယ္မ်ားကို ဖန္တီးရန္ လူ႔ေလာကသို႔ ေရာက္လာၿပီဟု...

ထိုသတင္းတို႔၏ ရင္းျမစ္မွာ သခ်ိၤဳင္းေျမအနီးသို႔ ဟင္းရြက္ခူးသြားေသာ ေကာင္ေလးတစ္ေယာက္ဆီက စခဲ့သည္။
ယန္ျပည္နယ္၏ နယ္စပ္ ရြာေလးတစ္ရြာ၌ က်န္းယန္ ဆိုေသာ ေကာင္ေလးတစ္ေယာက္႐ွိေလသည္။ မုဆိုးမ အေမႀကီးကို ျပဳစုေစာင့္ေ႐ွာက္ေနေသာ ထိုကေလးမွာ ညေနတိုင္း ရြာ အစပ္တြင္ ဟင္းရြက္တို႔သြားခူးေလ့႐ွိသည္။

တစ္ေန႔တြင္ က်န္းယန္သည္ ဟင္းရြက္တို႔မွာ ဆိတ္မ်ားစားထားသျဖင့္ သိပ္မက်န္ေတာ့ေသာေၾကာင့္ နံေဘးက သခ်ႌဳင္းေျမဆီသို႔ အရဲစြန္႔ၿပီး သြားခူးေလသည္။

သူဟင္းရြက္ခူးေနစဥ္ သခ်ႋုင္းေျမမို႔မို႔ဆီက ထူးျခားေသာ တစ္စံုတစ္ခုကို သတိထားမိလိုက္ေလသည္။ ထိုအရာကား ေျမထဲမွ တိုးထြက္လာေသာ အ႐ိုးစုပင္။ ထိုအ႐ိုးစုကို ေတြ႔လွ်င္ေတြ႔ခ်င္း က်န္းယန္မွာ လိပ္ျပာလြင့္မတတ္ေၾကာက္ရြံ႕ၿပီး ရြာဆီသို႔ ေျပးသြားေလသည္။

ထိုအခ်ိန္မွစ၍ သတင္းစကားတို႔ပ်ံ႕ႏွံ႕သြားျခင္းပင္။ ထိုအ႐ိုးစုႏွင့္ နတ္ဆိုးဘုရင္ မည္သို႔ သက္ဆိုင္သည္ဆိုေသာ္ နတ္ဆိုးဘုရင္ လူ႔ေလာကသို႔ စတင္က်ဴးေက်ာ္မည့္ အခ်ိန္တြင္ ၎၏ ေ႐ွ႕ေျပးတမန္ေတာ္မ်ားအျဖစ္ ေသလြန္းၿပီးေသာသူတို႔က အသက္ဝင္သူကဲ့သို႔ ႏိုးထလာမည္ဟု...

ရက္ပိုင္းခန္႔အတြင္း ထိုျဖစ္ရပ္မ်ားမွာ မ်ားသထက္မ်ားလာသည္။

လင္းမိုသည္ ဆယ့္ငါးျပည္ေထာင္ ျပည့္႐ွင္အေနျဖင့္ ထိုသတင္းစကားတို႔က သူ႔ဆီသို႔ ေန႔တိုင္းေရာက္လာသည္။ အေျခအနပ္အရပ္ရပ္ကို ထိန္းသိမ္းရန္ႀကိဳးပမ္းေနရျခင္းေၾကာင့္ လင္းမိုမွာ ကတိေပးထားေသာ လီခ်န္းယံု၏ ေျမာက္ပိုင္းသို႔ မသြားႏိုင္ေသး။

သခ်ိဳင္းေျမမ်ား၌ လင္းမို၏ အေစာင့္အၾကပ္ စစ္သည္ေတာ္တို႔ အျပည့္ေနရာယူထားၾကသည္။ လင္းမို၏ သီးသန္႔ကိုယ္ရံေတာ္ တပ္ဖြဲ႔မွ သိုင္းပညာ႐ွင္တို႔သည္လည္း ထန္ရႊမ္းတိုက္၏ ေနရာအသီးသီး၌ အသင့္ေနရာယူထားၾကသည္။

အေျခအေနက ပိုမိုဆိုးဝါးမလာေသာ္လည္း အခ်ိန္ကိုက္ေပါက္ကြဲမည့္ ဗံုးတစ္လံုးကဲ့သို႔ပင္။

ေျမာက္ပိုင္းမွာ ေတာင္ပိုင္းႏွင့္ အဆက္အသြယ္႐ွိေသာ္လည္း ကုန္သည္အခ်င္းခ်င္းသာ ဆက္သြယ္ေနၾကျခင္း ျဖစ္သည္။ ထိုသတင္းစကားတို႔က အိမ္ေ႐ွ႕စံ၏ နားသို႔ မေပါက္ေသး။ လင္းမိုသည္လည္း အႏွီက္ိစၥတို႔ကို လီခ်န္းယံုအားေျပာမျပေခ်။

သာမန္အေျခအေနကဲ့သို႔ ဟန္ေဆာင္ကာ လီခ်န္းယံုဆီသို႔ စာမ်ားပို႔ေနသည္။ လီခ်န္းယံုမွာ လင္းမို သာမန္ကဲ့သို႔ အလုပ္မ်ားေနသည္ဟု ထင္မွတ္ကာ သူ၏ ျပန္စာမ်ားက အလုပ္ပို႐ႈပ္ေစမည္စိုးေသာေၾကာင့္ ျပန္စာပင္ မေရးျဖစ္ေပ။

ရက္ပိုင္းခန္႔အၾကာတြင္ အျဖစ္အပ်က္တို႔မွာ ပိုမိုဆိုးဝါးလွသည္။ ညဘက္တြင္ ေပၚလာတတ္သည့္ အရိပ္မည္းႀကီးမ်ားက သာမန္လူတို႔၏ အသက္အႏၱာရာယ္ကိုပင္ ၿခိမ္းေျခာက္ေနသည္။ ေနဝင္သြားသည္ႏွင့္ ေကာင္းကင္မွ အရိပ္မည္းႀကီးမ်ား ေပၚလာတတ္ၿပီး လမ္းမတြင္ ႐ွိေနသူတို႔ကို ေလေပြလို စုပ္ယူသြားေလသည္။ အရိပ္မည္းႀကီးႏွင့္ ပါသြားေသာ သူတို႔မွာ မည္သည့္ေနရာတြင္မွ် ႐ွာ၍မရေအာင္ အစအနမက်န္ေပ်ာက္ဆံုးသြားေလသည္။

ျဖစ္ရပ္တို႔က ၾကံဳဖန္မ်ားလာေသာအခါ လူသားတို္႔မွာ ညဘက္ပင္ အျပင္မထြက္ရဲေအာင္ျဖစ္လာသည္။ ယန္ႏိုင္ငံတသ္ခုတည္းသာမက က်န္ႏိုင္ငံမ်ား၌ပါ ထိုသို႔ ျဖစ္ေနျခင္းျဖစ္သည္။

ထိုအရိပ္မည္မ်ားသည္ နတ္ဆိုးဘုရင္ ဒုတိယတမန္ေတာ္မ်ား ျဖစ္သည္။ တတိယတမန္ေတာ္မ်ားေရာက္လာၿပီးလွ်င္ နတ္ဆိုးဘုရင္ လူ႔ေလာကသို႔ အမွန္တကယ္ေရာက္လာမည္ျဖစ္သည္။

လင္းမိုက နန္းေဆာင္ပတ္ပတ္လည္မွ ေပၚလာတတ္ေသာ အရိပ္မည္းမ်ားကို လ်စ္လ်ဴ႐ႈကာ သူစာၾကည့္ေဆာင္တြင္ အခ်ိန္ျဖဳန္းေနသည္။ သူ၏ နံေဘးတြင္ စာအုပ္မ်ားက ျပန္က်ဲ႕ေနသည္။ လင္းမို ထိုစာဖတ္ခန္းထဲမွ မထြက္သည္မွာ သံုးရက္ေက်ာ္ၾကာျမင့္ ၿပီျဖစ္သည္။ ထိုရက္အတြင္း အစားလည္းမစား၊ အိပ္လည္းမအိပ္ေပ။

သူကတစ္စံုတစ္ခုကို ႐ွာေဖြေနဟန္ျဖင့္ စာအုပ္စင္မွ စာအုပ္မ်ကို တစ္အုပ္ၿပီးတစ္အုပ္ ဖတ္ေနေလသည္။ နံေဘးမွ အတိုင္ပင္ခံ အမတ္ႀကီးမွာ အေျခအေနကို ေစာင့္ၾကည့္အကဲခတ္ေနဟန္ျဖင့္ ဆိတ္ဆိတ္သာ မတ္တပ္ရပ္ေနသည္။

လင္းမိုက အလြန္အမင္းေ႐ွးက်ေသာ သားေရျဖင့္ ဖံုးထားေသာ စာအုပ္ႀကီးကို ႐ွာေတြ႔ေသာအခါ အထဲမွပါသည္မ်ားကို ေစ့ေစ့စပ္စပ္ဖတ္႐ႈေနသည္။ ဖတ္သြားေသာ စာေၾကာင္းတို႔အလိုက္ ေရြ႕သြားေသာ သူ၏ လက္ေခ်ာင္းတို႔က သူမည္မွ် အာရံုစိုက္ေနေၾကာင္းေဖာ္ျပေနသည္။

စာအုပ္၏ တစ္ေနရာအေရာက္တြင္ ထိုေရြ႕လ်ားေနေသာ လက္ေခ်ာင္းတို႔က ရပ္သြားသည္။ လင္းမိုက ထိုမ်က္ႏွာမွ အေၾကာင္းအရာကို ထပ္ကာထပ္ကာ ဖတ္႐ႈေနသည္။ တစ္စြန္းတစ္စ ျမင္ရေသာ စာမ်က္ႏွာ၏ ထိပ္တြင္ နတ္ဆိုးဟုယူဆရေသာ အသြင္သ႑ာန္ကို ေတြ႔လိုက္ရေသာေၾကာင့္ ထိုစာပါအေၾကာင္းအရာတို႔သည္ တေစၦမိစၦာနတ္ဆိုးတို႔ႏွင့္ သက္ဆိုင္ေၾကာင္း အမတ္ႀကီး အၾကမ္းဖ်င္းယူဆလိုက္ေလသည္။

"အမတ္ႀကီ...''
လင္းမိုက ထိုစာအုပ္ကို ခပ္လွမ္းလွမ္းက သူ၏ စားပြဲေပၚသို႔ ပစ္တင္ရင္း လွမ္းေျပာသည္။

"ေျမာက္ပိုင္းရဲ႕ အေျခအေနဘယ္လိုလဲ''

"မွန္လွပါအ႐ွင္...အခုခ်ိန္ထိေတာ့ ေထြေထြထူးထူးျဖစ္ရပ္ေတြ မ႐ွိေသးဘူးလို႔ သိရပါတယ္''

လင္းမိုက သက္ျပင္းခ်ၿပီး ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။အနည္းငယ္ ညိဳေနေသာ သူ၏ မ်က္ဝန္းက သူမည္မွ် စိတ္ဖိစီးေနေၾကာင္း သက္ေသခံေနသည္။

"အဆိုးထဲက အေကာင္းေပါ့။ ကိုယ္ေတာ္အမတ္ႀကီးကို ႀကီးေလးတဲ့ တာဝန္တစ္ခုေပးရေတာ့မယ္။ အခုဆယ့္ငါးႏိုင္ငံလံုးက ျဖသ္ပ်က္ေနသမွ်ကို ေျမာက္ပိုင္းက အိမ္ေ႐ွ႕စံရဲ႕နားထဲမေရာက္ေအာင္လုပ္ပါ။ လိုအပ္ရင္ အေၾကာင္းတစ္ခုခု ျပၿပီး ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း ကုန္သြယ္မႈကို ျဖတ္ေတာက္လိုက္''

အမတ္ႀကီးက နာခံစြာ ေခါင္းၿငိမ့္ျပသည္။ သူ႔အတြက္ ခက္ခဲေသာ တာဝန္ျဖစ္ေသာ္လည္း အ႐ွင္လင္းမို၏ အာဏာစက္ေအာက္ မည္သူမွ် လြန္ဆန္ႏိုင္မည္မထင္။

လင္းမိုသည္ သူ၏ နန္းေဆာင္တြင္ မည္သည့္ကိစၥမွ် မျဖစ္ပ်က္ေနသကဲ့သို႔ လီခ်န္းယံုထံ စာေရးေလသည္။ ဤအရာက မ်ားျပားလွေသာ အလုပ္တာဝန္မ်ားၾကားမွ အေရးႀကီးဆံုးေသာ တာဝန္ပင္။ စာေရးၿပီးေသာအခါ လင္းမိုက ခါတိုင္းကဲ့သို႔ ခိုေလး၏ ေျခေထာက္တြင္ သူ၏ စာကို ခ်ိတ္ေပးလိုက္သည္။

ေနာက္ေန႔မနက္တြင္ လင္းမိုသည္ သူအတည္ျပဳစရာ ကိစၥအတြက္ နကၡေမွ်ာ္စင္ဆီသို႔ ထြက္လာခဲ့သည္။ ပထမအႀကိမ္ နတ္ဆိုးဘုရင္အေၾကာင္းကို သတိေပးၿပီးကတည္းက လင္းမိုသည္ သခင္မက်န္းႏွင့္ အဆက္အသြယ္႐ွိၿပီး ျဖစ္သည္။

သို႔ေသာ္ ယခုတစ္ႀကိမ္သည္ ပထမဆံုး လူကိုယ္တိုင္လာေရာက္ျခင္းပင္။

သခင္မက်န္းသည္ နကၡတ္ေမွ်ာ္စင္၏ အျမင့္ဆံုးအထပ္တြင္ ႐ွိေနၿပီးတိတ္တဆိတ္ေရာက္လာေသာ ႐ွင္ဘုရင္ကို ေတြ႔ေသာအခါ ဂါရဝျပဳႏႈတ္ဆက္သည္။

"အ႐ွင္...''

လင္းမိုက သူ႔ကို လြန္မင္းစြာ႐ိုက်ိဳးမေနဟန္ အရိပ္အေယာင္ျပသည့္ အေနျဖင့္ လက္ကာျပၿပီး စားပြဲ၌ဝင္ထိုင္သည္။

"သခင္မက်န္း...ကိုယ္ေတာ္...သိခ်င္တာတစ္ခု႐ွိတယ္''

"ေမးပါအ႐ွင္...ကြၽန္ေတာ္မ်ိဳးသိတာဆိုရင္ ေျဖေပးႏိုင္မွာပါ''

လင္းမိုက စားပြဲကို မသိမသာေခါက္ေနေသာ သူ၏ လက္တို႔ကို ရပ္တန္႔ၿပီး ျပန္ေျပာသည္။
"အခုျဖစ္ေနတဲ့ နမိတ္လကၡဏာေတြအားလံုး ေျမာက္ပိုင္းမွာ ျဖစ္မေနဘူး...အဲ့ဒါဘာလို႔လဲ''

သခင္မက်န္း၏ မ်က္ႏွာအမူအရာက သိပ္ၿပီးေျပာင္းလဲသြားမႈမ႐ွိေသာေၾကာင့္ ဤကဲ့သို႔ေသာ ေမးခြန္းကို သူမေမွ်ာ္လင့္ၿပီး ျဖစ္သည္ဟု ခန္႔မွန္းႏိုင္သည္။

"ေျမာက္ပိုင္းက ေတာင္ပိုင္းနဲ႔မတူဘူး အ႐ွင္..ေျမာက္ပိုင္းက ေ႐ွးေဟာင္းဒ႑ာရီနယ္ေျမျဖစ္တဲ့အတြက္ေၾကာင့္ သူ႔မွာကာရံထားတဲ့ မျမင္ရတဲ့ ေမွာ္အစီအရင္ေတြ႐ွိပါတယ္။ ျမင့္ျမတ္တဲ့နယ္ေျမျဖစ္တာေၾကာင့္ ေသြးျဖဴဝံပုေလြဟာ ေျမာက္ပိုင္းေရခဲလြင္ျပင္မွာပဲ ေမြးဖြားခဲ့တာပါ။ အ႐ွင္ေျပာသလို ေမွာ္ဆရာတစ္ေယာက္က နဂါးကိုဆင့္ေခၚႏိုင္ခဲ့တာလည္း ေျမာက္ပိုင္းနယ္ေျမနယ္နမိတ္အတြင္း ျဖစ္ေနလို႔ပါ''

သခင္မက်န္း၏ ႐ွည္ေဝးေသာ ႐ွင္းျပခ်က္တို႔ကို နားေထာင္ၿပီး လင္းမိုက အေရးႀကီးဆံုးေသာ ေမးခြန္းကိုသာ ေမးလိုက္သည္။

"အဲ့ဒီအကာအရံက ဘယ္အခ်ိန္ထိ တည္ျမဲႏိုင္မလဲ...''

သခင္မက်န္းက သက္ျပင္းခ်ၿပီး ေခါင္းကို ျဖည္းညင္းစြာ ယမ္းျပသည္။

အမွန္တိုင္းေျပာရလွ်င္ သူမ ထိုအကာအရံတို႔ မည္သည့္အခ်ိန္ထိ တည္ျမဲႏိုင္မည္ကို မသိေပ...

"အခ်ိန္ေတာ့႐ွိဦးမွာပါ...''
လင္းမိုက ေအးေဆးစြာ ေျပာသည္။

"အ႐ွင္...ကြၽန္မသိသေလာက္ အ႐ွင့္ရဲ႕ ၾကင္ယာေတာ္က ေျမာက္ပိုင္းမွာလို႔သိရတယ္။ အခုအခ်ိန္မွာ သူ႔ကို ျပန္ေခၚတာက...''

အမတ္ႀကီးက သခင္မက်န္းကို လီခ်န္းယံုအေၾကာင္းေျပာျပထားၿပီး ျဖစ္သည္။ အမတ္ႀကီးမေျပာလွ်င္လည္း သခင္မက်န္းသည္ ေသြျဖဴဝံပုေလြ၏ အေစာင့္ေ႐ွာက္ခံ အိမ္ေ႐ွ႕စံအေၾကာင္း သိၿပီး ျဖစ္သည္။

"အိမ္ေ႐ွ႕စံကို ျပန္ေခၚၿပီး ဘာလုပ္ရမွာလဲ''
လင္းမို၏ အသံက ေၾကာက္စရာေကာင္းေအာင္ ေအးစက္သြားသည္။

"အ..အ႐ွင္''
ထင္မွတ္မထားေသာ လင္းမိုဆီက တံု႔ျပန္မႈေၾကာင့္ သခင္မက်န္း ထိတ္လန္႔သြားသည္။

"အဟက္...လူတိုင္းက အဲ့ဒီလိုပဲ ေမွ်ာ္လင့္ေနတာလား။ ကိုယ္ေတာ္က ခ်န္းယံုရဲ႕ ရင္ဝကို ဓားနဲ႔ထိုးၿပီး အေသခံခိုင္းမယ္။ ၿပီးရင္ နတ္ဆိုးဘုရင္ကို တိုက္ခိုက္အႏိုင္ယူၿပီး ေလာကႀကီး ေအးခ်မ္းေအာင္ ေစာင့္ေ႐ွာက္မယ္တဲ့လား''

သခင္မက်န္းက သူမ၏ စိတ္ကို အတတ္ႏိုင္ဆံုး တင္းၿပီး ျဖည္းညင္းစြာေျပာသည္။

"တကယ္လို႔...အဲ့ဒီလို ျဖစ္ခဲ့ရင္ေတာင္ ေသြးျဖဴဝံပုေလြက ၾကင္ယာေတာ္ကို ျပန္ေခၚေပးမွာပါ''

လင္းမို၏ မ်က္လံုးတို႔က ခဏခ်င္းစူးရဲသြားသည္။
"ကိုယ္ေတာ့္ကိုေျပာ...အရင္ ေသြးျဖဴဝံပုေလြက နဂါးစီးနင္းသူ အ႐ွင္ရဲ႕ ဝိညာဥ္ကို ျပန္လည္ေခၚေပးႏိုင္ခဲ့လား''

သည္တစ္ႀကိမ္ေတာ့ သခင္မက်န္း တိတ္ဆိတ္သြားသည္။

"ျပန္ေခၚေပးႏိုင္တာ ေသခ်ာတယ္ဆိုရင္ေတာင္ ကိုယ္ေတာ္က ခ်န္းယံုကို ရင္ဝဓားနဲ႔အထိုးခံတာ မေျပာနဲ႔ ဆံျခည္မွ်င္ေလးေတာင္ အထိမခံခ်င္ဘူး''

သခင္မက်န္းမွာ အ႐ွင္၏ ခ်စ္ျခင္းေမတၱာကို ခံစားမိေသာ္လည္း သူမက လူသားမ်ိဳးႏြယ္အတြက္ စိုးရိမ္ေၾကာင့္ၾကေနေသးသည္။

"အ႐ွင္...အဲ့ဒါဆို ဘယ္လိုနည္းနဲ႔မ်ား နတ္ဆိုးဘုရင္ကို အႏိုင္ယူမွာလဲ...တစ္ျခားနည္းမ႐ွိေတာ့ဘူးဆိုတာ အ႐ွင္သိပါတယ္''

လင္းမိုက သူ၏ လက္တို႔ကို စိုက္ၾကည့္ၿပီး ျပန္ေျဖသည္။
"တစ္ျခားနည္း ဘာလို႔မ႐ွိတာလဲ သိလား...''

သခင္မက်န္းက ထိုစကား၏ အဓိပၸါယ္ကို နားမလည္စြာ ေမာ့ၾကည့္သည္။

"တစ္ျခားနည္းလမ္းကို မစဥ္းစားခဲ့ၾကလို႔...''

အဓိပၸါယ္ေဖာ္ရခက္ေသာ စကားတို႔ကို ေျပာၿပီး လင္းမိုက သခင္မက်န္း၏ နကၡတ္ေမွ်ာ္စင္မွ ထြက္ခြာသြားခဲ့သည္။

အမတ္ႀကီးသည္ လင္းမိုေပးသည့္ တာဝန္ကို ေက်ပြန္စြာ ေဆာင္ရြက္ေလသည္။ ေတာင္ပိုင္းတြင္ ျဖစ္ပ်က္ေနသမွ် သတင္းတို႔ကို ေျမာက္ပိုင္းသို႔ မေရာက္ေအာင္ တားဆီးထားသည္။ သဘာဝေဘးအႏၱာရာယ္ဟု အေၾကာင္းျပကာ ကုန္သြယ္မႈတို႔ကို ေခတၱရပ္နားလိုက္သည္။

ေျမာက္ပိုင္းနန္းေဆာင္တြင္ လီခ်န္းယံုသည္ လင္းမိုဆီက လာေသာ စာကို အထပ္ထပ္ျပန္ဖတ္႐ႈေနသည္။ စာပါအေၾကာင္းအရာတို႔မွာ သိပ္ၿပီး ထူးျခားမႈမ႐ွိ။ သို႔ေသာ္ ထိုသို႔ ထူးျခားမႈ မ႐ွိသည္ကိုက တစ္စံုတစ္ခု ထူးျခားေနသလိုပင္။

လီခ်န္းယံုသည္ စိတ္႐ႈပ္ေထြးစြာျဖင့္ သူ၏ အိပ္ယာေပၚသို႔ လွဲခ်ဲလိုက္သည္။ နံရံေပၚတြင္ သူခ်ိတ္ဆြဲထားခဲ့ေသာ လင္းမို၏ ပံုတူ ပန္းခ်ီကားကို ေတြ႔ေသာအခါ ႏႈတ္ခမ္းတို႔က အလိုလိုျပံဳးမိသြားသည္။

လင္းမိုက သူ႔ကို ေျမာက္ပိုင္းသို႔ ဆက္ဆက္ လိုက္လာမည္ဟု ကတိေပးခဲ့သည္။ လင္းမိုက ေတာင္ပိုင္းတြင္ သဘာဝေဘးက်ေရာက္ေသာေၾကာင့္ အေျခအေနမ်ား႐ႈပ္ေထြးေနသည္ဟု ဆိုထားေသာေၾကာင့္ လီခ်န္းယံုက စိတ္႐ွည္လက္႐ွည္ေစာင့္ေနျခင္း ျဖစ္သည္။

ထိုညက လီခ်န္းယံု ေနာက္က်မွ အိပ္ယာဝင္သည္။ သူအိပ္ေပ်ာ္သြားသည့္ေနာက္တြင္ အိပ္မက္တစ္ခုမက္ခဲ့သည္။

မ်က္စိတစ္ဆံုးက်ယ္ျပန္႔ေသာ ေရခဲျပင္တြင္ မီးလွ်ံမ်ား အ႐ွိန္ညီးစြာ ေတာက္ေလာင္ေနသည္။ ေရခဲႏွင့္ မီးလွ်ံမွာ မအပ္စပ္ေသာ တြဲဖက္မႈပင္။

အိပ္မက္ဟု မသိစိတ္က အလိုလိုသိေနေသာ္လည္း လီခ်န္းယံု ထိုေနရာက မေရြ႔ႏိုင္ခဲ့။

မၾကာမီ နဂါး၏ ေအာ္သံအက်ယ္ႀကီးကို ၾကားရၿပီး ေကာင္းကင္ျပင္တြင္ ႀကီးမားေသာနဂါးႀကီး၏ ပံုရိပ္က ေပၚလာသည္။
နဂါးႀကီးေရခဲျပင္သို႔ ဆင္းသက္လ္ိုက္သည္ႏွင့္ နဂါး၏ ေက်ာေပၚမွ အနက္ေရာင္ဝတ္ရံု႐ွည္ကို ဝတ္ဆင္ထားေသာ လူတစ္ေယာက္ ဆင္းလာသည္။

လင္းမို...
လီခ်န္းယံု၏ ႏႈတ္ဖ်ားက အလိုလိုေရရြတ္မိသြားသည္။ လင္းမိုက သူ႔ကို ျမင္ဟန္မတူ။ လြန္ခဲ့သည့္ ႏွစ္ပိုင္းက သူမက္ခဲ့ဖူးေသာ အိပ္မက္ကဲ့သို႔ပင္ လင္းမို၏ မ်က္လံုးတို႔က ေၾကာက္စရာေကာင္းေအာင္ ေအးစက္ၿပီး အသက္မဲ့ေနသည္။ သူ၏ခါးတြင္ ဝံပုေလြမာန္ဖီေနပံုသ႑ာန္႐ွိသည့္ ေရခဲဝိညာဥ္ဓားကို ခ်ိတ္ဆြဲထားသည္။

ထိုရင္းႏွီးေသာ ျမင္ကြင္းက လီခ်န္းယံုကို ထိတ္လန္႔ေစသည္။ လင္းမိုသည္ တစ္စံုတစ္ရာကို လက္လႊတ္ဆံုး႐ႈံးထားရသည့္ဟန္ ျဖစ္သည္။ ယခင္က ထိုအိပ္မက္တြင္ လင္းမိုမည္သည့္အရာကို ဆံုး႐ႈံးခဲ့သည္ကို သူမသိခဲ့။

ယခုတစ္ႀကိမ္ေတာ့ သူအတိအက်သိေခ်သည္။

လင္းမိုသည္ သူ႔ကို လက္လႊတ္ဆံုး႐ႈံးရလိုက္ျခင္းပင္။

အိပ္မက္ဟုသိေနေသာ္လည္း လီခ်န္းယံု၏ ရင္ထဲမွာ ဆို႔နစ္ၿပီး မ်က္ရည္တို႔က ဝဲတက္လာသည္။ သူေသဆံုးရမည္ကို မေၾကာက္။ သူေသလြန္းၿပီးသည့္ေနာက္တြင္ ယခုကဲ့သို႔ က်န္ရစ္ေနမည့္ လင္းမိုကို သူစိုးရိမ္သည္။

အိပ္မက္ဆိုး၏ ႏွိပ္စက္မႈေၾကာင့္ ေခြၽးမ်ားရႊဲနစ္စြာ လီခ်န္းယံု ႏိုးထလာသည္။ ထိုအိပ္မက္က တစ္စံုတစ္ရာကို ၫႊန္းဆိုေနမွန္း သူသိေနသည္။

ေရတစ္ခြက္ကို ကပ်ာကယာေသာက္ၿပီး လီခ်န္းယံု အိပ္ယာက ထလိုက္သည္။ သူက တံု႔ဆိုင္းမေနဘဲ စာရြက္ႏွင့္ စုတ္တံကိုယူကာ အမိန္႔တစ္ခုကို ေရးေနသည္။
________________________________________________________________________

Continue Reading

You'll Also Like

78.2K 5.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
33.3K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
59.3K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...