လီချန်းယုံ နေ့လယ်စာစားပြီးမှ လင်းမိုက မြောက်ပိုင်းက ပို့လိုက်သော သဝဏ်လွှာအကြောင်းပြောပြသည်။
လီချန်းယုံ သဝဏ်လွှာကို ဖွင့်ဖတ်လိုက်သောအခါ ပြန်လာရန် ဘုရင်ကြီးလီက မှာကြားခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
လီချန်းယုံ၏ မျက်နှာအမူအရာအရ စာထဲမှ အကြောင်းအရာကို လင်းမို ခန့်မှန်းမိသွားချေသည်။
"ချန်းယုံ. . .ပြန်လာခိုင်းတာလား''
"အင်း''
လီချန်းယုံက သက်ပြင်းချပြီး ခေါင်းညိတ်ပြသည်။
လင်းမို၏ မျက်နှာအမူအရာက ပြောင်းလဲမှုမရှိ။ သူက လီချန်းယုံ၏ လက်ကို ခပ်တင်းတင်း ဖျစ်ညှစ်ပြီး ဆုပ်ကိုင်လိုက်သည်။
"ဆွေဟိုင်း နန်းတော်က ပြီးဖို့လိုသေးတယ်၊ ဒါပေမယ့် အဲ့ဒီမတိုင်ခင် ငါမြောက်ပိုင်းလာခဲ့မယ်''
ထိုသို့ ပြောလာသည့်အခါ လီချန်းယုံက လင်းမိုကို ပြုံးပြီး စိုက်ကြည့်သည်။ သူ့ကို ကြည့်ရသည်မှာ တစ်စုံတစ်ရာကို သဘောကျသွားဟန် ရှိသည်။
"လင်းမို. . . မင်းနဲ့ ငါနဲ့ ဒီလို တောင်ပိုင်းနဲ့မြောက်ပိုင်း အသွားအပြန် လုပ်နေရင်တော့ နန်းရွှေ့ပြောင်းရေးတွေက မြန်မြန်ပြီးတော့မှာပဲ''
လင်းမိုက လီချန်းယုံ၏ ပါးကို ဖျစ်ညှစ်လိုက်ပြီး -
"ငါ. . . မင်းနဲ့လချီပြီး မခွဲနိုင်ဘူး''
"မင်းတကယ်လိုက်လာမှာလား''
"အင်း''
လီချန်းယုံက သူ၏ လက်သန်းကို လင်းမိုရှေ့သို့ ထိုးပေးသည်။ ကတိပြုရအောင်ဆိုသော အထိမ်းအမှတ်ပင်။
"ချန်းယုံ. . .အဲ့ဒါ ကလေးတွေလုပ်တာ''
လင်းမိုက ထိုသို့ပြောသော်လည်း သူသည် ဝံပုလွေဖြူလေးခိုင်းသည့် အရာကို မလွန်ဆန်ရဲ။ သူ၏ လက်သန်းကို လီချန်းယုံ၏ လက်သန်းနှင့် ချိတ်ပြီး လက်မချင်း ဖိနှိပ်လိုက်သည်။
"ကတိနော်''
လီချန်းယုံက ထပ်ဆင့်အတည်ပြုသည်။
လင်းမိုက ပြုံးပြီး ခေါင်းညိတ်ပြသည်။
နောက်တစ်နေ့တွင် မြောက်ပိုင်း အိမ်ရှေ့စံသည် မြောက်ပိုင်းသို့ ပြန်မည်ဖြစ်သည်။ လာစဉ်ကကဲ့သို့ တိတ်တဆိတ်ပြန်ရန် စီစဉ်ထားသောကြောင့် လီချန်းယုံ၊ ရှောင်ချိုနှင့် ဟေးချိုတို့သုံးယောက်သာ နန်းရင်ပြင်တွင် ရှိလေသည်။
လီချန်းယုံသိသည်။ လူအများ၏ အမြင်၌ သူနှင့် လင်းမိုသည် မပြေလည်သော ဆက်ဆံရေးတွင် ရှိနေသောကြောင့် လင်းမိုက သူ့ကို လိုက်ပို့နိုင်မည်မဟုတ်ပေ။ သို့သော်လည်း မြောက်ပိုင်းအိမ်ရှေ့စံဟူသော ဂုဏ်ပုဒ်ကိုအကြောင်းပြပြီး လင်းမိုက သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ကို ယန်နယ်စပ်အထိ လိုက်ပို့ပေးရန် အမိန့်ပေးထားသည်။
လင်းမို အစားရောက်လာသော ကိုယ်ရံတော်တပ်ဖွဲ့ကို ကြည့်ပြီး လီချန်းယုံ ခပ်ယဲ့ယဲ့ပြုံးမိသည်။ အနည်းဆုံးတော့ သူ တောင့်ခံထားရန် လိုချေသည်။ လင်းမိုနှင့်က မည်သည့်အချိန်မှ တွေ့ရမည်မပြောတတ်။
ယန်ပြည်ထောင်မှ မြောက်ပိုင်းသို့ အပြန်ခရီးသည် လာစဉ်ကထက် ခြောက်ကပ်လွန်းသည်။ ခရီးတွင်ရေးကို ဦးစားပေးသည့်အနေဖြင့် ယန်နယ်စပ်ကို ကျော်လွန်လာသောအခါ သုံးယောက်သား မြင်းကို ဒုန်ဆိုင်းမောင်းလာခဲ့ကြတော့သည်။
နှစ်ပတ်ကျော်ခန့်အကြာမှ လီချန်းယုံ မြောက်ပိုင်းနန်းတော်သို့ ရောက်ချေသည်။ တာဝန်တို့က အသင့်စောင့်ကြိုနေသောကြောင့် သူ့ခမျာ လွမ်းမောဖွယ်အချိန်မရှိ။ လက်အောက်ခံအိမ်တော်တို့၏ ကိစ္စအဝဝနှင့် မြောက်ပိုင်းစစ်တပ်ကို ကိုယ်တိုင်ပင် ကြီးကြပ်ကွပ်ကဲသောကြောင့် နေ့ခင်းဘက်များတွင် လီချန်းယုံမှာ အလုပ်များလွန်းသည်။
လင်းမိုသည်လည်း ထိုနည်းလည်းကောင်းပင်။ သူက ဆွေဟိုင်းတွင် နန်းတည်ရေး၊ မြို့တော်အသစ်ပြောင်းရွှေ့ရေးတို့ကို အင်တိုက်အားတိုက် ကြိုးစားကာ လုပ်ဆောင်နေလေသည်။ နန်းတော်အသစ်မှာ နေ့ချင်းညချင်း တည်ဆောက်ပြီး ဘွားခနဲ ပေါ်လာနိုင်သော အရာမဟုတ်ချေ။ သို့ကြောင့် လင်းမိုက အချိန်ယူကာ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
ထိုရက်ပိုင်းအတွင်း လင်းမိုဆီက ပို့သော စာပို့ခိုများဖြင့် စာလွှာများကိုလည်း လီချန်းယုံ လက်ခံရရှိလေသည်။ လင်းမိုဆီက စာများသည် ပုံသေတစ်သမတ်တည်းပင်။ သူလီချန်းယုံကို မည်မျှလွမ်းဆွတ်သည်ဆိုသည်တို့ကို ရေးထားခြင်းဖြစ်သည်။ ရံဖန်ရံခါလည်း ကဗျာများစပ်ပြီး ပို့တတ်သည်။
လီချန်းယုံက လင်းမိုဆီ ပြန်ပို့ရသောစာများကမူ တစ်သမတ်တည်း မဟုတ်ချေ။
မနက်မိုးလင်းပြီး မျက်လွှာစဖွင့်သည့်အချိန်မှစ၍ ညအိပ်ရာဝင်သည့်အချိန်အထိ သူ၏ နိစ္စဓူဝအမှုကိစ္စတို့ကို အစီရင်ခံရသည်။ စာပို့ခိုများမှာ နေ့တိုင်းမရောက်နိုင်သည့်အတွက် အပတ်စဉ် တစ်နေ့တာမှတ်တမ်းများကို ရေးထားရသည်မှာ လီချန်းယုံ၏ ကြီးမားသော ဝတ္တရားတစ်ခု။
တစ်ရက်တွင် လင်းမိုက မည်သို့ စိတ်ကူးပေါက်သည်မသိ။ လီချန်းယုံထံသို့ စာပို့ခိုဖြင့် ကြီးမားသော စာရွက်လိပ်ကိုထုတ်ပိုးကာ ပို့လိုက်သည်။
ထို စာပို့ခိုရောက်လာချိန်က လီချန်းယုံညီလာခံမှအပြန် ဖြစ်သည်။ တစ်မူထူးခြားသော ထိုစာပို့ခိုကြောင့် လီချန်းယုံသည် သူဝင်စရာရှိသော စစ်ရေးလေ့ကျင့်ရေးကွင်းပြင်ပင် မသွားဘဲ နန်းဆောင်သို့ ပြန်လာသည်။
လီချန်းယုံ နန်းဆောင်သို့ရောက်လာသော ထိုစာရွက်လိပ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်သည်။ ထိုစာရွက်လိပ်ထဲမှ ပေါ်ထွက်လာသော အရာက သူ့ကို ပို၍ စိတ်လှုပ်ရှားစေသည်။
ဓားသွားတစ်လက်လို စူးရှသော အကြည့်တို့ဖြင့် သူ့ကိုစိုက်ကြည့်နေသော လင်းမို၏ ပုံတူ။
လင်းမို၏ ပြေပြစ်သောမေးရိုး၊ နှာတံ၊ ထူထဲသောမျက်ခုံးတို့မှ အစအသေးစိတ်ပေါ်လွင်လှသော ထိုပုံတူကို ကြည့်ပြီး လီချန်းယုံမှာ အလွန်အမင်းအံ့သြနေလေသည်။
ဆွေဟိုင်းနန်းတော်၏ ပုံကြမ်းကို လင်းမို ဆွဲပြကတည်းက လီချန်းယုံက လင်းမို ပုံဆွဲတတ်လိမ့်မည်ဟု ခန့်မှန်းမိသော်လည်း ယခုကဲ့သို့ ချွတ်စပ်တူလှသော လူပုံသဏ္ဍာန် ချွတ်စွပ်တူအောင် ဆွဲနိုင်လိမ့်မည်ဟုမထင်ခဲ့။
လီချန်းယုံ တွေးရင်းနှင့်ပင် လင်းမိုကို ပိုပြီး အထင်ကြီးလေးစားသွားရသည်။ လင်းမိုတွင် သူမသိသည့် အတတ်ပညာများ ကျန်နေသည်လား မပြောတတ်။
ပုံတူပန်းချီနှင့် တွဲလျှက် စာရွက်ခေါက်လေးတစ်ခုလည်း ပါလေသည်။
ထိုစာရွက်ခေါက်လေးတွင် ရေးထားသည်က. . .
"အားယုံလေး...အလွမ်းပြေဖို့ ကိုယ်တော်ရဲ့ပုံတူကို ပို့ပေးလိုက်ပါတယ်၊ ခဏခဏ ခိုးမနမ်းဘူးလို့ ကတိပေးပါ''
ထိုစာရွက်ခေါက်လေးမှ စာကိုကြည့်ကာ လီချန်းယုံ ပြုံးမိသွားသည်။ အဝေးမှ သူ့ကို စာတကူးတကရေးကာ မခံချင်အောင် စနောက်သော လင်းမိုကို လီချန်းယုံ ပြန်လက်စားချေရန် ဆုံးဖြတ်လိုက်သည်။
လင်းမိုကို တူညီသောနည်းလမ်းဖြင့် ပြန်ပို့ရန် လီချန်းယုံက စာရွက်နှင့် စုတ်တံကို ယူလိုက်သည်။
ထို့နောက် အဖြူရောင်ဗလာကျင်းစာရွက်တွင် တစ်စုံတစ်ရာကို ရေးခြစ်ရန် စုတ်တံကိုင်လိုက်သည်။
ခဏအကြာ ထိုစုတ်တံကို ကြည့်ပြီး လီချန်းယုံက စိတ်ပျက်လက်ပျက် ပြန်ချလိုက်ပြီး ခပ်တိုးတိုး ပြောသည်။
"မေ့နေတာ၊ ငါပုံမဆွဲတတ်ဘူး''
သူ၏ ရှေ့က အလွန်လက်ရာမြောက်သော လင်းမို၏ ပုံတူပန်းချီက သူ့ကို သရော်နေဟန်ရှိသည်။
လီချန်းယုံက ပစ်ချလိုက်သော စုတ်တံ ကို ပြန်ကောက်ကာ စာရွက်ပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း စပြီးဆွဲလိုက်သည်။
သူဆွဲလိုက်သော သေသပ်လှပသည့် မျဉ်းကြောင်းကို ကြည့်ကာ လီချန်းယုံ အလွန်အမင်း စိတ်မချမ်းမြေ့ဖြစ်သွားသည်။ သူ့ကိုယ်သူလည်း စိတ်ပျက်သွားသည်။
"သြော်... မျဉ်းတောင်ဖြောင့်အောင်မဆွဲတတ်ဘူး''
လီချန်းယုံသည် လွယ်လွယ်နှင့် အရှုံးပေးတတ်သူမဟုတ်။
ထို့ကြောင့် သူဆွဲထားသည့် မဖြောင့်မတန်းမျဉ်းတိုလေး၏ ထိပ်တွင် အဝိုင်းလေးတစ်ဝိုင်းဆွဲလိုက်သည်။ ထိုအဝိုင်းသည်လည်း အစမှတ်နှင့် အဆုံးမှတ်မညီ။ ကိစ္စမရှိပါ။ အဝိုင်းဖြစ်နေရန် အရေးကြီးသည်။
သူဆွဲထားသော မျဉ်း၏ ဘေးတွင် နောက်ထပ်မျဉ်းလေးနှစ်ကြောင်း ထပ်ခြစ်သည်။ မျဉ်း၏ အောက်ခြေတွင်လည်း မျဉ်းနှစ်ကြောင်း ထပ်ခြစ်သည်။
သူလူပုံဆွဲနေခြင်းဖြစ်သည်။ ငါးနှစ်သားကလေးပင် ထိုကဲ့သို့ပုံထက် သာလွန်သော ပုံကို ဆွဲနိုင်မည်ဖြစ်သည်။
ပီပြင်စွာပုံလာသော သူ၏ လက်ရာမြောက်ပုံတူကို တစ်စုံတစ်ယောက်ကသာ တွေ့မြင်ပါက မည်သည့်ပုံမှန်း သိမည်မဟုတ်ချေ။ အခြားသူမဆိုထားနှင့် လင်းမိုပင် သိလိမ့်မည်မဟုတ်။
မည်သည့်ပုံမှန်း လင်းမိုသိနိုင်အောင် ကူညီပေးမည့်အကြံအစည်တစ်ခု လီချန်းယုံတွင် ရှိပါသည်။ သူက ထိုလူသဏ္ဍာန်လေး၏ ဘေးတွင် မြားလေးတစ်ချောင်းထိုးကာ စာရေးလိုက်သည်။
အားယုံလေး. . .
ထိုအားယုံလေး၏ နောက်တွင် အသည်းပုံလေးနှစ်ခုပါ ထည့်လိုက်သေးသည်။
ဤသို့ဖြင့် လီချန်းယုံ၏ လင်းမိုကို တုပကာ ပုံတူပန်းချီဆွဲသော အမှုသည် အချိန်ပိုင်းမျှဖြင့် ပြီးစီးသွားချေသည်။
လင်းမိုသည် ညီလာခံတွင် ရောက်လာချိန် သူ့ဆီသို့ ရောက်လာသော စာသဝဏ်လွှာများကို အလျင်ဖတ်ရှုနေလေသည်။ အထူးသဖြင့် လီချန်းယုံဆီမှ စာရောက်လာပါက လင်းမိုက ဦးစားပေးဖတ်လေ့ရှိသည်။
ခံ့ညားထည်ဝါသော ဝံပုလွေမာန်ဖီနေဟန် စည်းတံဆိပ် ခတ်နှိပ်ထားသည့် စာသဝဏ်လွှာကို လင်းမို ဖွင့်ဖတ်လိုက်သည်။ အမတ်တို့မှာ မြောက်ပိုင်းမှ ကုန်သွယ်ရေးနှင့် ပတ်သက်သော အရာဟုသာ ထင်မှတ်နေကြသည်။ ထိုသို့ ထင်မှတ်အောင်လည်း လင်းမိုက လီချန်းယုံ ရေးထားသမျှကို မထူးဆန်းသည့်ဟန်ဖြင့် မင်သေသေ ဖတ်ရှုသည်။
သို့သော်...
ထိုနေ့က စာသဝဏ်လွှာတွင် ပေါ်လာသော ပုံရိပ်ကြောင့် လင်းမိုမှာ ခါတိုင်းကဲ့သို့ မထိန်းချုပ်နိုင်။
"ဟား...ဟား...''
အမြဲတစေ ပြုံးယောင်ယောင်ရှိသော်လည်း လင်းမိုမှာ လူအများရှေ့တွင် ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် တစ်ခါမှ မရယ်ဖူးပေ။ ရုတ်တရက် ထရယ်လိုက်သောကြောင့် အမတ်များပင် လန့်သွားသည်။
လင်းမိုသည် လီချန်းယုံ၏ ကလေးဆန်မှုတို့ကို သိရှိပြီး ဖြစ်သော်လည်း ထိုမျှထိဟု မထင်ထား။
လူပုံသဏ္ဍာန်ဟုထင်ရသော ထိုအဝိုင်းလေးနှင့် မျဉ်းကြောင်းလေးများဘေးတွင် အားယုံလေးဟုပင် ရေးထားသေးသည်။
"အဟမ်း...''
မျက်နှာအမူအရာကို ထိန်းသည့်အနေဖြင့် တစ်လျှောက်လုံးနည်ထားပါသော်လည်း လင်းမိုသည် တစ်ခါတစ်ရံ ပြုံးယောင်ယောင် ဖြစ်သွားသည်ကတော့ အမှန်ပင်။
နက္ခတ်ဗေဒမျှော်စင်တွင် သခင်မကျန်းသည် ပြောင်းလဲသွားသော နက္ခတ်တို့ကို ကြည့်ရှုနေသည်။ မြောက်အရပ်တွင် ရှိနေရမည့် အထွန်းလင်းဆုံးသော ကြယ်တံခွန်သည် တိမ်မဲတစ်အုပ်၏ ဝါးမျိုမှုကြောင့် မထွန်းလင်းနိုင်။
သာမန်ရာသီဥတုကြောင့်ဟု ထင်စရာရှိသော်လည်း ထိုတိမ်မဲတစ်အုပ်က လေတိုက်သော်လည်း မရွေ့လျားပေ။
သခင်မကျန်းသည် အခြေအနေကို စောင့်ကြည့်နေသည်မှာ ရက်သတ္တပတ်အတော်ကြာပြီ ဖြစ်သည်။ တိမ်မဲများမှာ များသထက်များလာပြီး ကြယ်တံခွန်ကိုပင် ဖုံးလုမတတ်ဖြစ်နေပြီဖြစ်သည်။
ထိုအချင်းအရာသည် တစ်စုံတစ်ရာသော အရာကို ကိုယ်စားပြုနေကြောင်း သခင်မကျန်းသိလေသည်။
ဒဏ္ဍာရီများရှိသည်။ နတ်ဆိုးဝိညာဉ်လောကမှ နတ်ဆိုးဘုရင်သည် လူ့လောကနှင့် တစ္ဆေမိစ္ဆာလောကကြားမှ သေဆုံးခြင်းအလွန်နယ်နမိတ်ကို ကျော်ဖြတ်ကာ လူ့လောကကို ကပ်ဆိုးများ ဖန်တီးရန် ရောက်လာမည်ဟု။
မြောက်အရပ်မှ ကြယ်တံခွန်သည် ဆယ့်ခြောက်ပြည်ထောင်ကို အုပ်စိုးသည့် အရှင် ကို ကိုယ်စားပြုလေသည်။ ထိုကြယ်တံခွန်ကို တိမ်မဲများ ဖုံးအုပ်နေသည်မှာ ကောင်းသော လက္ခဏာမဟုတ်ချေ။
သခင်မကျန်းသည် စိတ်ကို သေချာဆုံးဖြတ်လိုက်ပြီး သူမ၏ နောက်မှ တပည့်များထဲမှ အငယ်ဆုံးတစ်ယောက်ကို ခေါ်ယူလိုက်သည်။ ထိုတပည့်လေးသည် ယန်နန်းတော် အတိုင်ပင်ခံ အမတ်ကြီးနှင့် အဆက်အသွယ်ရှိကြောင်း သိထားလေသည်။ သူမက ထိုကေလးမကို အကြောင်းခြင်းရာ အကျဉ်းချုပ်အားပြောပြပြီး ယန်နန်းတော်သို့ စေလွှတ်လိုက်သည်။
ယန်နန်းတော်တွင် အတိုင်ပင်ခံအမတ်ကြီးသည် သူ၏ မနက်ခင်း ဝတ္တရားဖြစ်သည့် တိုင်းပြည်အသီးသီးမှ စာသဝဏ်လွှာတို့ကို ကြည့်ရှုနေခိုက် တံခါးခေါက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
ထိုကလေးမလေးကို မြင်သည်နှင့် အမတ်ကြီး တန်းသိလိုက်သည်။ သခင်မကျန်း၏ နက္ခတ်ဗေဒမျှော်စင်တွင် သူလွှတ်ထားသော ငှက်ကလေးပင်။
နေရာဒေသအသီးသီးမှ ငှက်ကလေးများသည် သူ့ထံသို့ လျှို့ဝှက် သတင်းများကို ပြန်လည် ပေးပို့သော်လည်း ထိုနက္ခတ်ဗေဒမျှော်စင်မှ ငှက်ကလေးသည် တစ်ကြိမ်တစ်ခါမျှ သတင်းယူဆောင်မလာဖူးပေ။
ယခုတစ်ကြိမ်တွင်တော့ သူမက အမတ်ကြီး၏ နန်းဆောင်တံခါးဝရှေ့သို့ ရောက်နေချေသည်။
"နံရံတိုင်းမှာ နားတွေရှိတယ်။ နေရာတိုင်းမှာ ငှက်ကလေးတွေရှိတယ်။ ငှက်ကလေးက သူရဲ့ ဌာနေကို ပြန်လာပါပြီ''
ကလေးမလေး၏ ဌာန်းကရိုဏ်းမကျသော ကဗျာရွတ်သံက အမတ်ကြီး၏ ထင်မြင်ချက်ကို ပို၍ ခိုင်မာစေသည်။
"လာ...ကလေး...ဒီကဘိုးဘိုးဆီမှာ အချိုပွဲမုန့်တွေ အများကြီးရှိတယ်''
ကလေးမလေး အထဲဝင်သွားသည်နှင့် အမတ်ကြီးက တံခါးကို ပိတ်လိုက်သည်။ လုံခြုံသွားပြီဟု ယူဆရသည့် အချိန်မှ ကလေးမလေးက အမတ်ကြီးထံကို အဖြူရောင်စာအိတ်တစ်အိတ် ကမ်းလိုက်သည်။ အမတ်ကြီးက လှမ်းယူလိုက်ပြီး ကလေးမလေးလက်ထဲသို့ သူ၏ ကြွေအုပ်လေးထဲမှ သကြားလုံးအချို့ကို ပြန်ပေးလိုက်သည်။
ကေလးမေလးမှာ သကြားလုံးများကို လက်နှင့်အပြည့် ဆုပ်ကိုင်ပြီး ပျော်ရွှင်စွာ အမတ်ကြီး၏ နန်းဆောင်မှ ပျော်ရွှင်ထွက်ခွာသွားသည်။
အမတ်ကြီးမှာ နန်းဆောင်တွင်း၌ စာအိတ်ဖြူထဲမှ စာကို ဖောက်ဖတ်နေသည်။ရေးသားထားသော အကြောင်းအရာက ရှည်လျားသောကြောင့် အမတ်ကြီးမှာ သေချာ အချိန်ယူဖတ်လိုက်ရသည်။ ထိုစာ အစအဆုံးကို ဖတ်ပြီးသည့်နောက်တွင် အမတ်ကြီးသည် အကြောင်းအရာ အကျဉ်းချုပ်ကို သိသွားချေသည်။
ထိုကိစ္စသည် အရေးကြီးသည်။အရှင်လင်းမိုကို လျှောက်တင်ရန် လိုပေသည်။ သူသည် အရှင်လင်းမို၏ နန်းဆောင်သို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
______________________________________________________________________________
Zawgyi
လီခ်န္းယံုေန႔လည္စာစားၿပီးမွ လင္းမိုက ေျမာက္ပိုင္းက ပို႔လိုက္ေသာ သဝဏ္လႊာအေၾကာင္းေျပာျပသည္။
လီခ်န္းယံုက သဝဏ္လႊာကို ဖြင့္ဖတ္လိုက္ေသာအခါ သူျပန္လာရန္ ဘုရင္ႀကီးလီက မွာၾကားျခင္းျဖစ္ေၾကာင္း ျဖစ္ေၾကာင္း ေတြ႔လိုက္ရသည္။
လီခ်န္းယံု၏ မ်က္ႏွာအမူအရာအရ လင္းမိုက စာထဲမွ အေၾကာင္းအရာကို ခန္႔မွန္းမိသြားေခ်သည္။
"ခ်န္းယံု...ျပန္လာခိုင္းတာလား''
"အင္း...''
လီခ်န္းယံုက သက္ျပင္းခ်ၿပီး ေခါင္းၿငိမ့္ျပသည္။
လင္းမို၏ မ်က္ႏွာအမူအရာက ေျပာင္းလဲမႈမ႐ွိ။ သူက လီခ်န္းယံု၏ လက္ကို ခပ္တင္းတင္း ဖ်စ္ညႇစ္ၿပီး ဆုပ္ကိုင္လိုက္သည္။
"ေဆြဟိုင္း နန္းေတာ္က ၿပီးဖို႔လိုေသးတယ္...ဒါေပမယ့္ အဲ့ဒီမတိုင္ခင္ ငါေျမာက္ပိုင္းလာခဲ့မယ္''
လီခ်န္းယံုက လင္းမိုက ျပံဳးၿပီး စိုက္ၾကည့္သည္။ သူ႔ကို ၾကည့္ရသည္မွာ တစ္စံုတစ္ရာကို သေဘာက်သြားသည့္ဟန္႐ွိသည္။
"လင္းမို...မင္းနဲ႔ငါနဲ႔ ဒီလို ေတာင္ပိုင္းနဲ႔ေျမာက္ပိုင္း အသြားအျပန္ လုပ္ေနရင္ေတာ့ နန္းေရႊ႕ေျပာင္းေရးေတြက ျမန္ျမန္ၿပီးေတာ့မွာပဲ''
ျပံဳးေနေသာ လီခ်န္းယံု၏ ပါးကို လင္းမိုက ဖ်စ္ညႇစ္ၿပီး ေျပာသည္။
"ငါ...မင္းနဲ႔လခ်ီၿပီးမခြဲႏိုင္ဘူး''
"မင္းတကယ္လိုက္လာမွာလား...''
လီခ်န္းယံုက လင္းမိုကို ျပန္ေမးသည္။
"အင္း...''
လီခ်န္းယံုက သူ၏ လက္သန္းကို လင္းမိုေ႐ွ႕သို႔ ထိုးေပးသည္။ ကတိျပဳရေအာင္ဆိုေသာ အထိမ္းအမွတ္ပင္။
"ခ်န္းယံု...အဲ့ဒါ ကေလးေတြလုပ္တာ''
လင္းမိုက ထိုသို႔ေျပာေသာ္လည္း သူသည္ ဝံပုေလြျဖဴေလးခိုင္းသည့္ အရာကို မလြန္ဆန္ရဲ။ သူ၏ လက္သန္းကို လီခ်န္းယံု၏ လက္သန္းႏွင့္ ခ်ိတ္ၿပီး လက္မခ်င္း ဖိႏွိပ္လိုက္သည္။
"ကတိ...ေနာ္''
လီခ်န္းယံုက ထပ္ဆင့္အတည္ျပဳသည္။
လင္းမိုက ျပံဳးၿပီး ေခါင္းၿငိမ့္ျပသည္။
ေနာက္တစ္ေန႔တြင္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံသည္ ေျမာက္ပိုင္းသို႔ ျပန္မည္ျဖစ္သည္။ လာစဥ္ကကဲ့သို႔ တိတ္တဆိတ္ျပန္ရန္ စီစဥ္ထားေသာေၾကာင့္ လီခ်န္းယံု၊ ေ႐ွာင္ခ်ိဳႏွင့္ ေဟးခ်ိဳတို႔သံုးေယာက္သာ နန္းရင္ျပင္တြင္႐ွိေလသည္။
လီခ်န္းယံုသိသည္။ လူအမ်ား၏ အျမင္၌ သူႏွင့္လင္းမိုသည္ မေျပလည္ေသာ ဆက္ဆံေရးတြင္ ႐ွိေနေသာေၾကာင့္ လင္းမိုက သူ႔ကို လိုက္ပို႔ႏိုင္မည္မဟုတ္ေပ။ သို႔ေသာ္လည္း ေျမာက္ပိုင္းအိမ္ေ႐ွ႕စံဟူေသာ ဂုဏ္ပုဒ္ကိုအေၾကာင္းျပၿပီး လင္းမိုက သူ၏ ကိုယ္ရံေတာ္တပ္ဖြဲ႔ကို ယန္နယ္စပ္အထိ လိုက္ပို႔ေပးရန္ အမိန္႔ေပးထားသည္။
လင္းမို၏ အစားေရာက္လာေသာ ကိုယ္ရံေတာ္တပ္ဖြဲ႔ကို ၾကည့္ၿပီး လီခ်န္းယံု ခပ္ယဲ့ယဲ့ျပံဳးမိသည္။ အနည္းဆံုးေတာ့ သူ ေတာင့္ခံထားရန္လိုေခ်သည္။ လင္းမိုႏွင့္က မည္သည့္အခ်ိန္မွ ေတြ႔ရမည္မေျပာတတ္။
ယန္ျပည္ေထာင္မွ ေျမာက္ပိုင္းသို႔ အျပန္ခရီးသည္ လာစဥ္ကထက္ ေျခာက္ကပ္လြန္းသည္။ ခရီးတြင္ေရးကို ဦးစားေပးသည့္အေနျဖင့္ ယန္နယ္စပ္ကို ေက်ာ္လြန္လာေသာအခါ သံုးေယာက္သား ျမင္းကို ဒုန္ဆိုင္းေမာင္းလာခဲ့ၾကေတာ့သည္။
ႏွစ္ပတ္ေက်ာ္ခန္႔အၾကာမွ လီခ်န္းယံု ေျမာက္ပိုင္းနန္းေတာ္သို႔ ေရာက္ေခ်သည္။ တာဝန္တို႔က အသင့္ေစာင့္ႀကိဳေနေသာေၾကာင့္ သူ႔ခမ်ာ လြမ္းေမာဖြယ္အခ်ိန္မ႐ွိ။ လက္ေအာက္ခံအိမ္ေတာ္တို႔၏ ကိစၥအဝဝႏွင့္ ေျမာက္ပိုင္းစစ္တပ္ကို ကိုယ္တိုင္ပင္ ႀကီးၾကပ္ကြပ္ကဲေသာေၾကာင့္ ေန႔ခင္းဘက္မ်ားတြင္ လီခ်န္းယံုမွာ အလုပ္မ်ားလြန္းသည္။
လင္းမိုသည္လည္း ထိုနည္းလည္းေကာင္းပင္။ သူက ေဆြဟိုင္းတြင္ နန္းတည္ေရး၊ ၿမိဳ႕ေတာ္အသစ္ေျပာင္းေရႊ႔႕ေရးတို႔ကို အင္တိုက္အားတိုက္ ႀကိဳးစားကာ လုပ္ေဆာင္ေနေလသည္။ နန္းေတာ္အသစ္မွာ ေန႔ခ်င္းညခ်င္း တည္ေဆာက္ၿပီး ဘြားကနဲ ေပၚလာႏိုင္ေသာ အရာမဟုတ္ေခ်။ သို႔ေၾကာင့္ လင္းမိုက အခ်ိန္ယူကာ အေကာင္အထည္ေဖာ္ေနျခင္း ျဖစ္သည္။
ထိုရက္ပိုင္းအတြင္း လင္းမိုဆီက ပို႔ေသာ စာပို႔ခိုမ်ားျဖင့္ စာတို႔ကိုလည္း လီခ်န္းယံုလက္ခံရ႐ွိေလသည္။ လင္းမိုဆီက စာမ်ားက ပံုေသတစ္သက္မတ္တည္းပင္။ သူလီခ်န္းယံုကို မည္မွ်လြမ္းဆြတ္သည္ဆိုသည္တို႔ကို ေရးထားျခင္းပင္။ ရံဖန္ရံခါလည္း ကဗ်ာမ်ားစပ္ၿပီး ပို႔တတ္သည္။
လီခ်န္းယံုက လင္းမိုဆီ ျပန္ပို႔ရေသာစာမ်ားကမူ တစ္သမတ္တည္း မဟုတ္ေခ်။ လီခ်န္းယံု မနက္မိုးလင္းၿပီး မ်က္လႊာစဖြင့္သည့္အခ်ိန္မွစ၍ ညအိပ္ယာဝင္သည့္အခ်ိန္အထိ သူ၏ နိစၥဓူဝအမႈကိစၥတို႔ကို အစီရင္ခံရသည္။ စာပို႔ခိုမ်ားမွာေန႔တိုင္းမေရာက္ႏိုင္သည့္အတြက္ အပတ္စဥ္ တစ္ေန႔တာမွတ္တမ္းမ်ကို ေရးထားရသည္မွာ လီခ်န္းယံု၏ ႀကီးမားေသာ ဝတၱရားတစ္ခု။
တစ္ရက္တြင္ လင္းမိုက မည္သို႔ စိတ္ကူးေပါက္သည္မသိ။ လီခ်န္းယံုထံသို႔ စာပို႔ခိုျဖင့္ ႀကီးမားေသာ စာရြက္လိပ္ကိုထုတ္ပိုးကား ပို႔လိုက္သည္။
ထိုစာပို႔ခိုေရာက္လာခ်ိန္က လီခ်န္းယံုညီလာခံမွအျပန္ ျဖစ္သည္။ တမူထူးျခားေသာ ထိုစာပို႔ခိုေၾကာင့္ လီခ်န္းယံုသည္ သူဝင္စရာ႐ွိေသာ စစ္ေရးေလ့က်င့္ေရးကြင္းျပင္ပင္ မသြားဘဲ နန္းေဆာင္သို႔ ျပန္လာသည္။
လီခ်န္းယံု နန္းေဆာင္သို႔ေရာက္လာေသာ ထိုစာရြက္လိပ္ကို စိတ္လႈပ္႐ွားစြာ ဖြင့္ၾကည့္သည္။ ထိုစာရြက္လိပ္ထဲမွ ေပၚထြက္လာေသာ အရာက သူ႔ကို ပို၍ စိတ္လႈပ္႐ွားေစသည္။
ဓားတစ္လက္လို စူး႐ွေသာ အၾကည့္တို႔ျဖင့္ သူ႔ကိုစိုက္ၾကည့္ေနေသာ လင္းမို၏ ပံုတူ...
လင္းမို၏ ေျပျပစ္ေသာေမး႐ိုး၊ ႏွာတံ၊ ထူထဲေသာမ်က္ခံုးတို႔မွ အစအေသးစိတ္ေပၚလြင္လွေသာ ထိုပံုတူကို ၾကည့္ၿပီး လီခ်န္းယံုမွာ အလြန္အမင္းအံ့ျသေနေလသည္။
ေဆြဟိုင္းနန္းေတာ္၏ ပံုၾကမ္းကို လင္းမို ဆြဲျပကတည္းက လီခ်န္းယံုက လင္းမို ပံုဆြဲတတ္လိမ့္မည္ဟု ခန္႔မွန္းမိေသာ္လည္း ယခုကဲ့သို႔ ခြၽတ္စပ္တူလွေသာ လူပံုသ႑ာန္ကို ခြၽတ္စြပ္တူေအာင္ ဆြဲႏိုင္လိမ့္မည္ဟုမထင္ခဲ့။
လီခ်န္းယံု ေတြးရင္းႏွင့္ပင္ လင္းမိုကို ပိုၿပီး အထင္ႀကီးေလးစားသြားရသည္။ လင္းမိုတြင္ သူမသိသည့္ အတတ္ပညာမ်ား က်န္ေနသည္လားမေျပာတတ္။
ပံုတူပန္းခ်ီႏွင့္ တြဲလ်ွက္ စာရြက္ေခါက္ေလးတစ္ခုလည္း ပါေလသည္။ ထိုစာရြက္ေခါက္ေလးတြင္ ေရးထားသည္က...
"အားယံုေလး...အလြမ္းေျပဖို႔ ကိုယ္ေတာ္ရဲ႕ပံုတူကို ပို႔ေပးလိုက္ပါတယ္။ ခဏခဏ ခိုးမနမ္းဘူးလို႔ ကတိေပးပါ''
ထိုစာရြက္ေခါက္ေလးမွ စာကိုၾကည့္ကာ လီခ်န္းယံု ျပံဳးမိသြားသည္။ အေဝးမွ သူ႔ကို စာတကူးတကေရးကာ မခံခ်င္ေအာင္ စေနာက္ေသာ လင္းမိုကို လီခ်န္းယံု ျပန္လက္စားေခ်ရန္ ဆံုးျဖတ္လိုက္သည္။
လင္းမိုကို တူညီေသာနည္းလမ္းျဖင့္ ျပန္ပို႔ရန္ လီခ်န္းယံုက စာရြက္ႏွင့္ စုတ္တံကို ယူလိုက္သည္။
ထို႔ေနာက္ အျဖဴေရာင္ဗလာက်င္းစာရြက္တြင္ တစ္စံုတစ္ရာကို ေရးျခစ္ရန္ လီခ်န္းယံုက စုတ္တံကိုင္လိုက္သည္။ ခဏအၾကာ ထိုစုတ္တံကို လီခ်န္းယံုက စိတ္ပ်က္လက္ပ်က္ ျပန္ခ်လိုက္ၿပီး ခပ္တိုးတိုး ေျပာသည္။
"ေမ့ေနတာ...ငါပံုမဆြဲတတ္ဘူး''
သူ၏ ေ႐ွ႕က အလြန္လက္ရာေျမာက္ေသာ လင္းမို၏ ပံုတူပန္းခ်ီက သူ႔ကို သေရာ္ေနဟန္႐ွိသည္။
လီခ်န္းယံုက ပစ္ခ်လိုက္ေသာ စုတ္တံ ကို ျပန္ေကာက္ကာ စာရြက္ေပၚတြင္ မ်ဥ္းေၾကာင္းတစ္ေၾကာင္း စၿပီးဆြဲလိုက္သည္။
သူဆြဲလိုက္ေသာ ေသသပ္လွပသည့္ မ်ဥ္းေၾကာင္းကို ၾကည့္ကာ လီခ်န္းယံု အလြန္အမင္း စိတ္မခ်မ္းေျမ႔ျဖစ္သြားသည္။ သူ႔ကိုသူလည္း စိတ္ပ်က္သြားသည္။
"ေျသာ္... မ်ဥ္းေတာင္ေျဖာင့္ေအာင္မဆြဲတတ္ဘူး''
လီခ်န္းယံုသည္ လြယ္လြယ္ႏွင့္ အ႐ႈံးေပးတတ္သူမဟုတ္။
ထို႔ေၾကာင့္ သူဆြဲထားသည့္ မေျဖာင့္မတန္းမ်ဥ္းတိုေလး၏ ထိပ္တြင္ အဝိုင္းေလးတစ္ဝိုင္းဆြဲလိုက္သည္။ ထိုအဝိုင္းသည္လည္း အစမွတ္ႏွင့္ အဆံုးမွတ္မညီ။ ကိစၥမ႐ွိပါ။ အဝိုင္းျဖစ္ေနရန္ အေရးႀကီးသည္။
သူဆြဲထားေသာ မ်ဥ္း၏ ေဘးတြင္ ေနာက္ထပ္မ်ဥ္းေလးႏွစ္ေၾကာင္း ထပ္ျခစ္သည္။ မ်ဥ္း၏ ေအာက္ေျခတြင္လည္း မ်ဥ္းႏွစ္ေၾကာင္း ထပ္ျခစ္သည္။
သူလူပံုဆြဲေနျခင္းျဖစ္သည္။ ငါးႏွစ္သားကေလးပင္ ထိုကဲ့သို႔ပံုထက္ သာလြန္ေသာ ပံုကို ဆြဲႏိုင္မည္ျဖစ္သည္။
ပီျပင္စြာပံုလာေသာ သူ၏ လက္ရာေျမာက္ပံုတူကို တစ္စံုတစ္ေယာက္ကသာ ေတြ႔ျမင္ပါက မည္သည့္ပံုမွန္း သိမည္မဟုတ္ေခ်။ အျခားသူမဆိုထားႏွင့္ လင္းမိုပင္ သိလိမ့္မည္မဟုတ္။
မည္သည့္ပံုမွန္း လင္းမိုသိႏိုင္ေအာင္ ကူညီေပးမည့္အၾကံအစည္တစ္ခု လီခ်န္းယံုတြင္ ႐ွိပါသည္။ သူက ထိုလူသ႑ာန္ေလး၏ ေဘးတြင္ ျမႇားေလးတစ္ေခ်ာင္းထိုးကာ စာေရးလိုက္သည္။
အားယံုေလး...
ထိုအားယံုေလး၏ ေနာက္တြင္ အသည္းပံုေလးႏွစ္ခုပါ ထည့္လိုက္ေသးသည္။
ဤသို႔ျဖင့္ လီခ်န္းယံု၏ လင္းမိုကို တုပကာ ပံုတူပန္းခ်ီဆြဲေသာ အမႈသည္ မိနစ္ပိုင္းမွ်ျဖင့္ ၿပီးစီးသြားေခ်သည္။
လင္းမိုသည္ ညီလာခံတြင္ ေရာက္လာခ်ိန္ သူ႔ဆီသို႔ ေရာက္လာေသာ စာသဝဏ္လႊာမ်ားကို အလ်င္ဖတ္႐ႈေနေလသည္။ အထူးသျဖင့္ လီခ်န္းယံုဆီမွ စာေရာက္လာပါက လင္းမိုက ဦးစားေပးဖတ္ေလ့႐ွိသည္။
ခံ့ညားထည္ဝါေသာ ဝံပုေလြမာန္ဖီေနဟန္ စည္းတံဆိပ္ ခတ္ႏွိပ္ထားသည့္ စာသဝဏ္လႊာကို လင္းမို ဖြင့္ဖတ္လိုက္သည္။ အမတ္တို႔မွာ ေျမာက္ပိုင္းမွ ကုန္သြယ္ေရးႏွင့္ ပတ္သက္ေသာ အရာဟုသာ ထင္မွတ္ေနၾကသည္။ ထိုသို႔ ထင္မွတ္ေအာင္လည္း လင္းမိုက လီခ်န္းယံု ေရးထားသမွ်ကို မထူးဆန္းသည့္ဟန္ျဖင့္ မင္ေသေသ ဖတ္႐ႈသည္။
သို႔ေသာ္...
ထိုေန႔က စာသဝဏ္လႊာတြင္ ေပၚလာေသာ ပံုရိပ္ေၾကာင့္ လင္းမိုမွာ ခါတိုင္းကဲ့သို႔ မထိန္းခ်ဳပ္ႏိုင္။
"ဟား...ဟား...''
အျမဲတေစ ျပံဳးေယာင္ေယာင္႐ွိေသာ္လည္း လင္းမိုမွာ လူအမ်ားေရွ႕တြင္ ယခုကဲ့သို႔ စိတ္လြတ္ကိုယ္လြတ္ တစ္ခါမွ မရယ္ဖူးေပ။ ႐ုတ္တရက္ ထရယ္လိုက္ေသာေၾကာင့္ အမတ္မ်ားပင္ လန္႔သြားသည္။
လင္းမိုသည္ လီခ်န္းယံု၏ ကေလးဆန္မႈတို႔ကို သိ႐ွိၿပီး ျဖစ္ေသာ္လည္း ထိုမွ်ထိဟု မထင္ထား...
လူပံုသ႑ာန္ဟုထင္ရေသာ ထိုအဝိုင္းေလးႏွင့္ မ်ဥ္းေၾကာင္းေလးမ်ားေဘးတြင္ အားယံုေလးဟုပင္ ေရးထားေသးသည္။
"အဟမ္း...''
မ်က္ႏွာအမူအရာကို ထိန္းသည့္အေနျဖင့္ တစ္ေလွ်ာက္လံုးနည္ထားပါေသာ္လည္း လင္းမိုသည္ တစ္ခါတစ္ရံ ျပံဳးေယာင္ေယာင္ ျဖစ္သြားသည္ကေတာ့ အမွန္ပင္။
နကၡတ္ေဗဒေမွ်ာ္စင္တြင္ သခင္မက်န္းသည္ ေျပာင္းလဲသြားေသာ နကၡတ္တို႔ကို ၾကည့္႐ႈေနသည္။ ေျမာက္အရပ္တြင္ ႐ွိေနရမည့္ အထြန္းလင္းဆံုးေသာ ၾကယ္တံခြန္သည္ တိမ္မဲတစ္အုပ္၏ ဝါးမ်ိဳမႈေၾကာင့္ မထြန္းလင္းႏိုင္။
သာမန္ရာသီဥတုေၾကာင့္ဟု ထင္စရာ႐ွိေသာ္လည္း ထိုတိမ္မဲတစ္အုပ္က ေလတိုက္ေသာ္လည္း မေရြ႔လ်ားေပ။
သခင္မက်န္းသည္ အေျခအေနကို ေစာင့္ၾကည့္ေနသည္မွာ ရသတၱပတ္အေတာ္ၾကာၿပီ ျဖစ္သည္။ တိမ္မဲမ်ားမွာ မ်ားသထက္မ်ားလာၿပီး ၾကယ္တံခြန္ကိုပင္ ဖံုးလုမတတ္ျဖစ္ေနၿပီျဖစ္သည္။
ထိုအျခင္းအရာသည္ တစ္စံုတစ္ရာေသာ အရာကို ကိုယ္စားျပဳေနေၾကာင္း သခင္မက်န္းသိေလသည္။
ဒ႑ာရီမ်ား႐ွိသည္။ နတ္ဆိုးဝိညာဥ္ေလာကမွ နတ္ဆိုးဘုရင္သည္ လူ႔ေလာကႏွင့္ တေစၦမိစၦာေလာကၾကားမွ ေသဆံုးျခင္းအလြန္နယ္နမိတ္ကို ေက်ာ္ျဖတ္ကာ လူ႔ေလာကကို ကပ္ဆိုးမ်ား ဖန္တီးရန္ေရာက္လာမည္ဟု...
ေျမာက္အရပ္မွ ၾကယ္တံခြန္သည္ ဆယ့္ေျခာက္ျပည္ေထာင္ကို အုပ္စိုးသည့္ အ႐ွင္ ကို ကိုယ္စားျပဳေလသည္။ ထိုၾကယ္တံခြန္ကို တိမ္မဲမ်ား ဖံုးအုပ္ေနသည္မွာ ေကာင္းေသာ လကၡဏာမဟုတ္ေခ်။
သခင္မက်န္းသည္ စိတ္ကို ေသခ်ာဆံုးျဖတ္လိုက္ၿပီး သူမ၏ ေနာက္မွ တပည့္မ်ားထဲမွ အငယ္ဆံုးတစ္ေယာက္ကို ေခၚယူလိုက္သည္။ ထိုတပည့္ေလးသည္ ယန္နန္းေတာ္ အတိုင္ပင္ခံ အမတ္ႀကီးႏွင့္ အဆက္အသြယ္႐ွိေၾကာင္း သိထားေလသည္။ သူမက ထိုကေလးမကို အေၾကာင္းျခင္းရာ အက်ဥ္းခ်ဳပ္အားေျပာျပၿပီး ယန္နန္းေတာ္သို႔ ေစလႊတ္လိုက္သည္။
ယန္နန္းေတာ္တြင္ အတိုင္ပင္ခံအမတ္ႀကီးသည္ သူ၏ မနက္ခင္း ဝတၱရားျဖစ္သည့္ တိုင္းျပည္အသီးသီးမွ စာသဝဏ္လႊာတို႔ကို ၾကည့္႐ႈေနခိုက္ တံခါးေခါက္သံသဲ့သဲ့ကို ၾကားလိုက္ရသည္။
ဆယ္ႏွစ္အရြယ္ကေလးမေလးတစ္ေယာက္က တံခါးေ႐ွ႕တြင္ မတ္တပ္ရပ္လိုက္သည္။
ထိုကေလးမေလးကို ျမင္သည္ႏွင့္ အမတ္ႀကီး တန္းသိလိုက္သည္။ သခင္မက်န္း၏ နကၡတ္ေဗဒေမွ်ာ္စင္တြင္ သူလႊတ္ထားေသာ ငွက္ကေလးပင္။
ေနရာေဒသအသီးသီးမွ ငွက္ကေလးမ်ားသည္ သူ႔ထံသို႔ လွ်ိဳ႕ဝွက္ သတင္းမ်ားကို ျပန္လည္ ေပးပို႔ေသာ္လည္း ထိုနကၡတ္ေဗဒေမွ်ာ္စင္မွ ငွက္ကေလးသည္ တစ္ႀကိမ္တစ္ခါမွ် သတင္းယူေဆာင္မလာဖူးေပ။
ယခုတစ္ႀကိမ္တြင္ေတာ့ သူမက အမတ္ႀကီး၏ နန္းေဆာင္တံခါးဝေ႐ွ႕သို႔ ေရာက္ေနေခ်သည္။
"နံရံတိုင္းမွာ နားေတြ႐ွိတယ္။ ေနရာတိုင္းမွာ ငွက္ကေလးေတြ႐ွိတယ္။ ငွက္ကေလးက သူရဲ႕ ဌာေနကို ျပန္လာပါၿပီ''
ကေလးမေလး၏ ဌာန္းက႐ိုဏ္းမက်ေသာ ကဗ်ာရြတ္သံက အမတ္ႀကီး၏ ထင္ျမင္ခ်က္ကို ပို၍ ခိုင္မာေစသည္။
"လာ...ကေလး...ဒီကဘိုးဘိုးဆီမွာ အခ်ိဳပြဲမုန္႔ေတြအမ်ားႀကီး႐ွိတယ္''
ကေလးမေလး အထဲဝင္သြားသည္ႏွင့္ အမတ္ႀကီးက တံခါးကို ပိတ္လိုက္သည္။ လံုျခံဳသြားၿပီဟု ယူဆရသည့္ အခ်ိန္မွ ကေလးမေလးက အမတ္ႀကီးထံကို အျဖဴေရာင္စာအိတ္တစ္အိတ္ ကမ္းလိုက္သည္။ အမတ္ႀကီးက လွမ္းယူလိုက္ၿပီး ကေလးမေလးလက္ထဲသို႔ သူ၏ ေႂကြအုပ္ေလးထဲမွ သၾကားလံုးအခ်ိဳ႕ကို ျပန္ေပးလိုက္သည္။
ကေလးမေလးမွာ သၾကားလံုးမ်ားကို လက္ႏွင့္အဆုပ္ကိုင္ၿပီး ေပ်ာ္ရႊင္စြာ အမတ္ႀကီး၏ နန္းေဆာင္မွ ေပ်ာ္ရႊင္ထြက္ခြာသြားသည္။
အမတ္ႀကီးမွာ နန္းေဆာင္တြင္း၌ စာအိတ္ျဖဴထဲမွ စာကို ေဖာက္ဖတ္ေနသည္။ေရးသားထားေသာ အေၾကာင္းအရာက ႐ွည္လ်ားေသာေၾကာင့္ အမတ္ႀကီးမွာ ေသခ်ာ အခ်ိန္ယူဖတ္လိုက္ရသည္။ ထိုစာ အစအဆံုးကို ဖတ္ၿပီးသည့္ေနာက္တြင္ အမတ္ႀကီးသည္ အေၾကာင္းအရာ အက်ဥ္းခ်ဳပ္ကို သိသြားေခ်သည္။
ထိုကိစၥသည္ အေရးႀကီးသည္။အ႐ွင္လင္းမိုကို ေလွ်ာက္တင္ရန္ လိုေပသည္။ သူသည္ အ႐ွင္လင္းမို၏ နန္းေဆာင္သို႔ အလ်င္အျမန္ ထြက္ခြာလာခဲ့သည္။
______________________________________________________________________________