The True Conqueror [Complete]

By Heather_Bell

4.3M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 54

39.9K 5K 230
By Heather_Bell

Unicode

တစ်ပတ်ခန့်အကြာ...

ယန်နန်းတော်၏ ကြီးမားသော ခန်းမဆောင်တွင် ပွဲလမ်းသဘင်တစ်ခု ဆင်နွှဲနေသည်။ ကြင်ယာတော်အဖြစ်အရွေးခံသော မိန်းမပျိုများထဲမှ ငါးယောက်ကို မိဖုရားအဖြစ် တင်မြှောက်မည်ဖြစ်ပြီး ငါးယောက်ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်မည်ဖြစ်သည်။ ကိုယ်လုပ်တော်တစ်ယောက်မှာ အမျိုးသားကိုယ်လုပ်တော် ဖြစ်သည်။

လင်းမိုနှင့် ထိုအမျိုးသမီးတို့၏ မင်္ဂလာအခမ်းအနားကို တက်ရောက်သူများထဲတွင် မြောက်ပိုင်းအိမ်ရှေ့စံသည်လည်း အပါအဝင်ဖြစ်သည်။ လီချန်းယုံသည် အနက်ရောင်ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်မြှင့်မြောက်ကာ ထုံးထားသည်။ သူ၏ ခါးတွင် ထုံးစံအတိုင်း ဝံပုလွေမာန်ဖီနေပုံကို ဓားရိုးတွင် ထိုးထားသည့် ဓားရှည်တစ်လက်ချိတ်ဆွဲထားသည်။

အကယ်၍ မြောက်ပိုင်းသားများသာ ဤေနရာ၌ ရှိနေပါက လီချန်းယုံ အမှန်တကယ် အသုံးပြုသော လက်နက်မှာ ဓားရှည်မဟုတ်ကြောင်း သိလိမ့်မည်။ ထို့အပြင် လီချန်းယုံ မည်သည့်အခါကမျှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်လိမ့်မည်မဟုတ်မှန်း သိလိမ့်မည်။

လီချန်းယုံသည် အစပထမက သူဝတ်ရုံနေကျ အဖြူရောင်ပိုးသား၌ အပြာရောင်ရေခဲတောင်းတန်းသဏ္႑ာန်ကို လက်အနားတွင် ထိုးထားသော ဝတ်ရုံကို ဝတ်ရန် စဉ်းစားသေးသည်။ သို့သော် ယနေ့သည် လင်းမို၏ မင်္ဂလာပွဲဖြစ်သည်။မည်သို့ပင် ဟန်ဆောင်လက်ထပ်သည်ဆိုစေ မင်္ဂလာပွဲက မင်္ဂလာပွဲဖြစ်သည်။ သူ့အတွက်ကတော့ ထိုမင်္ဂလာပွဲသည် ပျော်ရွှင်ဖွယ် အဓိပ္ပါယ်ကို ရည်ညွှန်းခြင်း မဟုတ်သောကြောင့် သူအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်သွားသည်။

သာယာစြာ တီးခတ်နေသော စောင်းသံတို့ကို လျစ်လျူရှုကာ မိမိအားချပေးထားသော နေရာတွင် လီချန်းယုံသည် သေရည်ခွက်ကို ငဲ့သောက်နေသည်။ သူ၏ ဘေးက အမတ်များက အရွေးခံရသော ကြင်ယာတော်တို့သည် မည်မျှချောကြောင်း လှကြောင်း ပြောဆိုနေကြသည်။

တောင်ပိုင်းက သေရည်က လီချန်းယုံကို သိပ်ပြီး အကျိုးသက်ရောက်မှုမရှိ။ သူက မူးချင်ပါသော်လည်း မမူးနိုင်ပါ။ နောက်ဆုံး လီချန်းယုံ လက်လျှော့လိုက်ရသည်။

မကြာမီတွင် ရှင်ဘုရင်ရောက်လာပြီဖြစ်ကြောင်း ကြေငြာသံထွက်လာသည်။ ခန်းမဆောင်တွင် ရှိသမျှလူတို့သည် ဒူးထောက်ဝပ်တွားကာ အရိုအသေပေးကြသည်။ လီချန်းယုံက မြောက်ပိုင်း အိမ်ရှေ့စံ ဖြစ်သောကြောင့် ထိုကဲ့သို့ ဝပ္တြားရန္မလို။ သို့သော် အရိုအသေပြုသောအားဖြင့် လင်းမို၏ မျက်နှာကို မော့မကြည့်ပေ။

လင်းမိုသည် အဆင်တန်ဆာများစွာစီခြယ်ထားသောတောက်ပြောင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ထိုခမ်းနားထည်ဝါသော ဝတ်ရုံကို ကြည့်ပြီး လီချန်းယုံမှာ စိတ်မသက်မသာဖြစ်သွားသည်။ ဤဝတ်ရုံဖြင့် လင်းမိုမည်မျှ ခန့်ညားနေမည်ကို လီချန်းယုံ မှန်းဆကြည့်လိုက်သည်။ ချစ်ရသူ၏ မင်္ဂလာပွဲဖြစ်သော်လည်း သူက လားလားမှမဆိုင်သော သူစိမ်းတစ်ယောက်သာ။

လင်းမို၏ နောက်တွင် မိဖုရားအမြှောက်ခံရမည့် ငါးယောက်သည်လည်း အနီရောင်ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ကာ နောက်ကလိုက်ပါလာသည်။ တစ်ဦးစီတိုင်းက မတူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ဝတ်ရုံများမှာ သာမန္ထက္ထူးကဲ ပြီး လှပနေသည်ကတော့ အမှန်ပင်။

လီချန်းယုံမှာ ကြားနေ၊ မြင်နေရသမျှက သူ၏ နှလုံးသားကို အပ်ဖြင့် ဆွနေသလိုပင်။ သူ မျက်စိစုံမှိတ်ကာ သေရည်တစ်ခွက်ကို မော့သောက်လိုက်သည်။ လည်ချောင်းဝမှ ပူပြင်းစွာ စီးကျသွားသော ထိုသေရည်က လီချန်းယုံ၏ စိတ်အာရုံတို့ကို ထွေပြားရန်ကားအထောက်အပံ့မဖြစ်။

မကြာမီ မိဖုရားတင်မြှောက်ခြင်း အခမ်းအနား စတင်လေသည်။ ရှည်လျားထွေပြားစွာ ရွတ်ဖက်နေသော ဆုတောင်းသဝဏ်လွှာများ၊ မပြီးနိုင်မစီးနိုင်အောင် ကျိန်ဆိုနေရသည့် ကတိသစ္စာများ၊ ဖြင့် တောင်ပိုင်း၏ မင်္ဂလာပွဲဓလေ့သည် မြောက်ပိုင်းနှင့်ကွာခြားလှသည်။ အတိုင်ပင်ခံအမတ်ကြီးကတင်မြှောက်လိုက်သော မိဖုရားတို့၏ ရာထူးအဆောင်အယောင်တို့ကို ကြောငြာပြီးသည့်နောက်မှာ အခမ်းအနားက တစ်ဝက်ပြီးပြီဖြစ်သည်။

အခမ်းအနားရှည်ကြာလေ လီချန်းယုံအတွက် ငရဲကျနေရသလိုပင်။ သူသည် ထထွက်သွားရန် အကြိမ်ကြိမ်စဉ်းစားသော်လည်း သူက ထိုကဲ့သို့လွယ်လွယ်ဖြင့် အရှုံးမပေးလိုပေ။

ဖျော်ဖြေရေးအခမ်းအနားစတင်ချိန်မှာ အကဆပ်ကပ်အဖွဲ့တစ်ဖွဲ့ ဝင်လာသည်။ သူတို့က ဗုံသံနှင့် အညီ စည်းချက်ကျကျ ကပြဖျော်ဖြေနေသည်။ တက်ရောက်လာသူတို့က လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြသည်။ အသစ်တင်မြှောက်ထားသော မိဖုရားတို့မှာ ခိုးခိုးခစ်ခစ်ရယ်မောကာ ကပြမှုကို ရှုစားနေကြသည်။ မည်သို့ဖြစ်စေ သူတို့သည် ယနေ့တွင် ကံအကောင်းဆုံး မိန်းကလေးများပင်။ နတ်ဘုရားလိုချောမောပြီး စွမ်းအားကြီးသည့် တောင်ပိုင်းဘုရင်နှင့် လတ်ဆတ်ရလေသည်။

ပထမကကွက်ပြီးဆုံး ချိန်မှာတော့ မျက်နှာဖုံးအမျိုးမျိုးဝတ်ဆင်ထားသူတို့က ဧည့်သည်တော်များကြားလာရောက်ကာ ဆုလာဘ်တို့ ချီးမြှင့်ခံကြသည်။ လီချန်းယုံ၏ ဘေးနားတွင်လည်း မျက်နှာဖုံးဝတ် တစ်ယောက်လာထိုင်နေသည်။ လူမ်ားစြာ၏ အာရုံမှာ ပျော်ပွဲများတွင် ရှိနေသောကြောင့် အကဆပ်ကပ်အဖွဲ့မှ ထိုမျက်နှာဖုံးဝတ်ကို အထူးအဆန်းလုပ်ပြီးကြည့်မနေ။

လီချန်းယုံသည် သူ၏ ဘေးနားတွင် အတင့်ရဲစွာ လာထိုင်သော ထိုသူကို ဓားဖြင့်ထပိုင်းချင်စိတ်တို့ကို အနိုင်နိုင်ထိန်းကာ သေရည်တစ်ခွက်ကို မော့သောက်လိုက်သည်။

မည်သူကထင်မည်လဲ...

ထိုမျက်နှာဖုံးဝတ်က သေရည်ခွက်ကိုင်ထားသော လီချန်းယုံ၏ လက်ကိုဖမ်းဆုပ်ပြီး သေရည်ခွက်ကို လုယူကာ စားပွဲပေါ်သို့ စောင့်ချလိုက်သည်။ သေရည်အနည်းက လီချန်းယုံ၏ ဝတ်ရုံကိုပင် စင်သွားသည်။

လီချန်းယုံသည် ဒေါသဖြင့် ထိုလူကို ကြိမ်းမောင်းရန် ကြည့်လိုက်သည်။ ဤစိတ်မချမ်းမြေ့ဖွယ် မင်္ဂလာပွဲတွင် လီချန်းယုံသည် ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်နှင့် အကြည့်ဆုံခြင်းဖြစ်သည်။ သူက ပလ္လင်ထက်က လင်းမိုကိုပင်မကြည့်။

အကြည့်ခြင်းဆုံသွားခိုက်...

လီချန်းယုံ၏ မျက်တောင်ရှည်တို့ရှိသော မျက်ဝန်းလေးမှာ ပိုမိုဝိုင်းစက်သွားသည်။ သူ၏ နှုတ်ခမ်းဖူးဖူးလေးမှာ အံ့သြမှုကြောင့် မပွင့်တပွင့် ဟသွားသည်။

ထိုမျက်နှာဖုံးဝတ်က လီချန်းယုံ၏ နားနားသို့ကပ်ကာတိုးတိုးလေးပြောလေသည်။
"အားယုံ...ကိုယ်တော်ကိုပြော မိန်းကလေးတွေအားလုံးက ဘာလို့ ကလက်တက်တက် ဖြစ်နေရတာလဲ''

သြဇာပါပြီး ဆွဲငင်းအားကောင်းသောထိုအသံသည်မှားစရာမရှိပါ။ လီချန်းယုံ၏ ဘေးတွင်လာထိုင်သော ထိုမျက်နှာဖုံးဝတ်က လင်းမိုဖြစ်သည်။ သို့ဆိုလျှင် ထိုပလ္လင်ပေါ်က မည်သူနည်း။ လီချန်းယုံကြည့်လိုက်သောအခါ ရှုပ်ထွေးသော အဆင်တန်ဆာတို့ဖြင့် ခေါင်းဆောင်းကို ဆောင်းထားသော လင်းမို၏ သဏ္႑ာန်တူတစ်ယောက်ကိုသာ အဝေးမှတွေ့ရသည်။ လီချန်းယုံနားလည်သွားချေသည်။ထိုပလ္လင်ပေါ်က လူသည် လင်းမိုမဟုတ်ချေ။ လင်းမိုက သူ့အစားတစ်စုံတစ်ယောက်ကို အစားထိုးထားခြင်းပင်။ ပိရိလွန်း၍ လီချန်းယုံပင်မရိပ်မိခဲ့။

သူက မျက်နှာဖုံးဝတ်ထားသော လင်းမိုဘက်လှည့်ကာ သူမသိဟန်ဖြင့် ပခုံးတွန့်ပြသည်။
"ငါဘယ္သိမွာလဲ...''

လင်းမိုက ထပ်ပြီးတိုးညှင်းစွာ ပြောသည်။
"အမတ်ကြီးကပြောတယ် အားယုံသိတယ်တဲ့''

လီချန်းယုံ၏ မျက်နှာမှာရှုံ့မဲ့သွားသည်။
"သူက အကုန်ပြန်ပြောတာပဲလား''

"အကုန်ပြောတာပေါ့...သူက ကိုယ်တော့်အမတ်ကြီးလေ...''

လီချန်းယုံက လင်းမို၏ အနားသို့ကပ်ကာ တိုးညှင်းစွာ ပြန် ပြောလေသည်။
"မင်းစိတ်တိုင်းကျအောင် သေချာရွေးပေးတာ''

သည်တစ်ကြိမ်မျက်နှာရှုံ့မဲ့သွားသူက လင်းမိုပင်။ မင်္ဂလာပွဲက အစီအစဉ်အတိုင်း ဆက်ကျင်းပနေသည်။ လီချန်းယုံမှာ ပလ္လင်ပေါ်မှ လူကို လင်းမိုမှတ်ပြီး ကြေကွဲနေသမျှ လင်းမိုက သူ၏ ဘေးနားသို့လာသောအခါ အကုန်မေ့ပျောက်သွားသည်။

လီချန်းယုံသည် သူ၏ ဘေးက လင်းမိုကို တစ်ချက်ကြည့်လိုက်သည်။ လင်းမိုက စားပွဲအောက်တွင် လီချန်းယုံ၏ လက္ကို ဆုပ်ကိုင်ပြီး ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုနေလေသည်။

လီချန်းယုံမှာ ယခုမွ တကယ်ဝမ်းနည်းလာသလိုခံစားရသည်။ ပလ္လင်ထက်တွင် အခန့်ထည်ဆုံးသော ဝတ်ရုံဖြင့် ဝင့်ကြွားနေရမည့် ဘုရင်သည် သာမန်ဆပ်ကပ်ဖြော်ဖျော်သူလို ဝတ္စားကာ သူ၏ နံဘေးတွင် လာထိုင်နေသည်။

ပြစ်ချက်မရှိ ပြည့်စုံလွန်းသော ထိုလူသားကို သူတစ်ယောက်သာ ပိုင်ဆိုင်လိုခြင်းသည် လီချန်းယုံ၏ အတ္တဆန်မှုပင်။ သို့သော် ထိုအတ္တသည် ချစ်ခြင်းမေတ္တာတို့ဖြင့်သာ ပြည့်လျှမ်းနေသည်။

ထိုမင်္ဂလာပွဲ၏ တစ်ဝက်ကို လီချန်းယုံ စိတ်ချမ်းသာစွာဖြင့် ဖြတ်သန်းလိုက်ရလေသည်။ ဆပ်ကပ်အဖွဲ့ထွက်သွားသောအခါ လင်းမိုလည်း ပြန်ထွက်ခွာသွားလေသည်။ လင်းမိုက ပြန်ထွက်မသွားခင် လီချန်းယုံ၏ လက္ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ဖျစ်ညှစ်သွားသည်။

ဟန်ယန်းတောအမဲလိုက်ပြိုင်ပွဲပြီးသည့်ညမှစ၍ လင်းမိုနှင့် လီချန်းယုံသည် အဆောင်ခွဲနေသည်။ ရံဖန်ရံခါ လင်းမိုက ထင်မှတ်မထားဟန်နှင့် ပေါ်လာသည်မှလွဲ၍ သူတို့နှစ်ယောက် တွေ့ရသောအချိန်က သိပ်မရှိလှ။ ယခုလည်း လင်းမိုထွက်သွားရပြန်သည်။

ထိုနေ့ညက လဝန်းကြီးမှာ ထိန်ထိန်သာအောင်တောက်ပနေသည်။ အသစ်စက်စက်မိဖုရားများနှင့် ကိုယ်လုပ်တော်များမှာ မိမိတို့နန်းဆောင်၌ ဘုရင်နှင့်အတူ မင်္ဂလာဦးညဖြတ်သန်းရန် အလှပဆုံး ပြင်ဆင်ရန် စောင့်စားနေကြသည်။ သူတို့ ဆယ်ယောက်တွင် တစ်စုံတစ်ယောက်က ကံထူးသူဖြစ်လိမ့်မည်ဟု ယုံကြည်ထားပြီး ဖြစ်သည်။ နာရီအချက်ပေးသံချောင်းခေါက်သံတို့က သူတို့၏ ရင်ခုန်သံကို အရှိန်မြှင့်ပေးနေသည်။

စာကြည့်ဆောင်တွင် လင်းမိုအလုပ်ရှုပ်နေသည်။ ဆွေဟိုင်းတွင် နန်းတော်တည်ဆောက်ရေးလုပ်ငန်းတို့စတင်နေပြီဖြစ်သည်။ ထိုဆီက အစီရင်ခံသည့် စာလွှာတို့က အဆက်မပြတ်လာနေသည်။ အခမ်းနားဆုံးသော နန်းတော်ကြီးကို စိတ်တိုင်းကျဖြစ်လိုသောကြောင့် အပင်ပန်းခံကာ ညွှန်ကြားနေခြင်း ဖြစ်သည်။

နာရီအချက်ပေးသံချောင်းသံက ပိုမိုများလာပြီး လမင်းကြီးသည်လည်း မဟူရာကောင်းကင်၏ အထွဋ်အခေါင်သို့ရောက်လုနေပြီဖြစ်သည်။

"အရှင်...စက်တော်မခေါ်သေးဘူးလား။ ဒီနေ့ အရှင့်ဘယ်နန်းဆောင်ကိုကြွဖို့ ဆန္ဒရှိလဲမသိဘူး''
အထိန်းတော်ကြီး၏ အသံကြားမှ လင်းမိုမော့ကြည့်သည်။

မည်သို့ပင် ဖြစ်စေ နန်းတော်ထဲက လူများအတွက် ယနေ့သည် လင်းမို၏ မင်္ဂလာပွဲနေ့ဖြစ်သည်။
"ရပြီ...အထိန်းတော်ကြီးတို့မလိုက်ခဲ့နဲ့။ ကိုယ်တော်တစ်ယောက်တည်းပဲသွားလိုက်မယ်။ သူအံသြသွားအောင်လို့''

ထိုသူက မည်သူကို ရည်ညွှန်းသည်ကို မသိသော်လည်း ဘုရင်ကို မေးခွန်းပြန်မေးရမည်မှာ သူ၏ နေရာမဟုတ်သည့်အတွက် အထိန်းတော်ကြီးက ဂါရဝပြုကာ ထွက်သွားသည်။

လီချန်းယုံသည် သူ၏ နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်ကာ လမင်းကြီးကို ကြည့်နေသည်။ အများအမြင်တွင်တော့ လြန္စြာ ခံ့ညားသော အိမ်ရှေ့စံက ကောင်းကင်ဘုံက လမင်းကို စိတ်ကူးယဉ်စွာ ငေးကြည့်နေသည်ဟု...ထိုမြင်ကွင်းကလည်း ပန်းချီကားတစ်ချပ်လို တင့်တယ်လေသည်။

အမှန်တကယ်တော့ လီချန်းယုံသည် သူ့အတွက် ပူလွန်းသော တောင်ပိုင်းရာသီဥတုကြောင့် အပြင်ထွက်ကာ လေညှင်းခံနေခြင်း ဖြစ်သည်။

လီချန်းယုံ သတိထားမိသည်။ ယခင် သူ၏ နန်းဆောင်ရှေ့က အဆောင်လွတ်များမှာ ယခု မီးများထိန်လင်းနေသည်။ အသစ်စက်က် မိဖုရားငါးယောက်ကို လီချန်းယုံ၏ အဆောင်ရှေ့က နန်းဆောင်ငါးဆောင်တွင်ထားခြင်း ဖြစ်သည်။

လီချန်းယုံက ပတ်ပတ်လည်ကြည့်လိုက်သောအခါ ကိုယ်လုပ်တော်ငါးယောက်မှာ သူ၏ အဆောင်နောက်က အဆောင်ငါးဆောင်တွင် နေရာချထားကြောင်းဖြစ်သည်။ ညအချိန်၌ ရိပ်ရိပ်မြင်ရသော ပုံရိပ်လေးများသည် အနှှီမိန်းကလေးတို့ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သက်သေခံနေသည်။

လီချန်းယုံသိသည်။ ထိုညတွင် လင်းမို မည်သည့်ကြင်ယာတော်အဆောင်မျှ ခြေဦးလှည့်လိမ့်မည်မဟုတ်ပေ။

လေပြေညှင်းကြောင့် အပူဒဏ်အနည်းငယ်သက်သာသွားပြီ ဖြစ်သည်။ လီချန်းယုံ နန်းဆောင်တွင်းသို့ ပြန်ဝင်လိုက်သည်။

ထိုအချိန်တွင် လင်းမိုသည် သူ၏ ချစ်လှစွာသော ဝံပုလွေဖြူလေးဆီသို့ အဆောင်တော်ကူးရန် ကြံစည်နေသည်။ ဝံပုလွေဖြူလေး၏ နှုတ်ခမ်းတို့ကို နမ်းရှိုက်ခဲ့ရသည်က မည်သည့် အချိန် နောက်ဆုံးဆိုသည်ကိုပင် သူမမှတ်မိချင်။

သူသိသည်က သည်အတိုင်းသာ ဝင်သွားပါက နန်းတော်တစ်ခုလုံးအား ကြင်ယာတော်အစစ်က မည်သူဆိုသည်ကို ကြေငြာ မောင်းခတ်လိုက်သလို ဖြစ်နေမည် ဖြစ်သည်။

သို့ကြောင့် လင်းမိုသည် သူ၏ ဝတ်ရုံကို ချွတ်ကာ တစ်ကိုယ်လုံး အနက်ရောင် ကိုယ်ကြပ်ဝတ်ရုံတစ်ထည်ပြောင်းဝတ်လိုက်သည်။ မျက်နှာတွင်လည်း အနက်ရောင် မျက်နှာဖုံးတစ်ခု စွပ်ချလိုက်သည်။

လင်းမို၏ သိုင်းပညာအဆင့်အတန်းမှာ မြင့်မားလှသောကြောင့် နန်းတော်တစ်ခုလုံးက အစောင့်တို့မှာ သူတို့အနားက ဖြတ်သွားသော အနက်ရောင်ပုံရိပ်ကို ရိပ်ရိပ်မျှ မမြင်လိုက်ရ။

လီချန်းယုံဆီသို့ ရုပ်ဖျက်လာသော လင်းမို၏ အကြံအစည်မှာ မှန်ကန်သွားသည်။ လင်းမိုက အယောင်ပြအနေဖြင့် လီချန်းယုံကို သူနှင့်အဝေးဆုံး နန်းဆောင်တွင်ထားရန် အမတ်ကြီးကို ပြောခဲ့သည်။ ထိုကြင်ယာတော်များကိုလည်း ခပ်ဝေးဝေးတွင် နေရာချထားရန်ပြောခဲ့ရာ ယခုကဲ့သို့ နန်းဆောင်များနီးသွားခြင်း ဖြစ်ပါသည်။

လင်းမိုက လီချန်းယုံ၏ နန်းဆောင်အနားသို့ ပေါ့ပါးသော ခြေလှမ်းတို့ဖြင့် ကပ်သွားသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ဆင့် ခုန်ဝင်သွားသည်။ လင်းမို၏ ခြေလှမ်းတိုင်းက မြန်ဆန်ပြီး ပေါ့ပါးသည်။ သာမန်အဆင့်သိုင်းသမားသာဆိုလျှင် သတိပင်ထားမိမည်မဟုတ်။

သို့သော် လီချန်းယုံမှာ သာမန်အဆင့်သိုင်းသမားမဟုတ်ခဲ့။ သူ၏ နန်းဆောင်အနီးသို့ ခိုးကြောင်ခိုးဝှက်ကပ်လာသော ခြေလှမ်း၏အသံကို သူကြားပြီးဖြစ်သည်။ အာရုံခံနိုင်စွမ်းကို အထူးမြင့်မားအောင် လေ့ကျင့်ထားသော လီချန်းယုံအဖို့ လူစိမ်း သူ၏ နန်းဆောင်သို့ ကျော်ဝင်လာမည့် အချိန်ကို တွက်ချက်ပြီးဖြစ်သည်။

လင်းမိုက အိပ်ဆောင်သို့ရောက်သောအခါ လီချန်းယုံကို အိပ်ယာပေါ်၌ မတွေ့။ သူက ဝေ့ဝဲရှာရန် ကြိုးစားလိုက်ချိန်မှာပင် သူ၏ လည်ပင်းနားက အေးစက်စက် အထိအတွေ့ရလိုက်သည်။

လှည့်မကြည့်သော်လည်း လီချန်းယုံက ဓားရှည်ဖြင့် သူ၏ လည်ပင်းကို ထောက်ထားကြောင်းသိလိုက်သည်။ လင်းမိုအံ့သြသွားသည်။ အဆင့်မြင့်သိုင်းသမားများ စုစည်းထားသည့် သူ၏ ကိုယ်ရံတော်အဖွဲ့သည်လျှင် သူ့ကို ခြေရာမခံနိုင်။ ဝံပုလွေဖြူလေးမှာကား သူ့ကို အာရုံခံနိုင်မိရုံမက အလစ်အငိုက်တွင် လည်ပင်းကို ဓားဖြင့်ထောက်ထားသည်။

သည်အတိုင်းဆိုလျှင် လီချန်းယုံသည် ဓားရှည်ကို တမင်မသုံးခြင်းဖြစ်လိမ့်မည်။ သူ၏ ဓားသိုင်းပညာသည်လည်း အဆင့်မနိမ့်နိူင်။

လင်းမိုသည် တစ်ကိုယ်လုံးအနက်ရောင်ဖုံးထားသော သူ့ကို လီချန်းယုံ မမှတ်မိဟုထင်ကာ အနောက်လှည့်လိုက်သည်။

မည်သူကထင်မည်လဲ...

လီချန်းယုံက ဓားကို လွှတ်ချပြီး သူ့ထံသို့ပြေးဝင်လာသည်။ အခြားလူအဖြစ်ဟန်ဆောင်ကြိူးပမ်းထားသော လင်းမိုမှာ ရင်ခွင်တွင်းသို့ ပြေးဝင်လာသော ဝံပုလွေဖြူလေးကြောင့် အကြံအစည်ပျက်ပြားကာ အလိုက်သင့် ဖမ်းထားလိုက်ရသည်။

"ချန်းယုံ...မင်းအခန်းထဲကိုခိုးဝင်လာတဲ့သူကို အဲ့ဒီလိုပဲ ပြေးဖက်မှာလား''

လီချန်းယုံက ကော့ညွတ်ရှည်လျားသောမျက်တောင်တို့ကို ပုတ်ခတ်ပြီး အသာခေါင်းငြိမ့်ပြသည်။

လင်းမိုစိတ်ထင်သည်လားမသိ။ လီချန်းယုံမှာ တစ်နေ့ထက်တစ်နေ့ အသဲယားအောင်ချစ်စရာကောင်းလာသည်။ သူစိတ်မထိန်းနိုင်တော့ပဲ နီရဲရဲချယ်ရီရောင်နှုတ်ခမ်းလေးကို အသာနမ်းရှိူက်လိုက်သည်။

အေးအေးဆေးဆေး အိပ်စက်အနားယူရန်ကြံစည်ထားသော ဝံပုလွေဖြူျလေးမှာ ဆောင်တော်ကူးလာသော ဘုရင်ကြီးကြောင့် ထိုနေ့ညက ကောင်းကောင်းမအိပ်ရတော့ပေ။
___________________________________________________________________________

(Note. လင်းမိုရဲ့ဟန်ဆောင်လက်ထပ်ပွဲမှာ လီချန်းယုံက အနက်ရောင်ဝတ်ရုံကို အဓိပ္ပါယ်နှစ်မျိုးနဲ့ဝတ်သွားတာပါ။ သူများတွေပျော်ရွှင်နေကြပေမယ့်  သူ့အတွက် စိတ်မကောင်းရလို့ ဝမ်းနည်းကြေကွဲမှု အထိမ်းမှတ် sign of mourn အနေနဲ့ ဝတ္သြားတာပါ။ ဒုတိယအကြောင်းကတော့ အနက်ရောင်က ကျက်သရေရှိမှု sign of grace ကိုလည်းကိုယ်စားပြုလို့ ဝတ္သြားတာပါ။ သူက မြောက်ပိုင်းအိမ်ရှေ့စံဖြစ်တာကြောင့် အများအမြင်မှာ တင့်တယ်စေဖို့ ပုံရိပ်ကိုထိန်းတဲ့အနေနဲ့ လီချန်းယုံက ဝတ်ရုံတွေကိုအထူးဂရုစိုက်ပြီးဝတ်ဆင်ပါတယ်)

( လင်းမိုက မင်္ဂလာပွဲမှာ ဘာလို့ သတို့သားမလုပ်ခဲ့တာလဲဆိုရင် ကတိသစ္စာပြုရမှာစိုးလို့ပါ။ တောင်ပိုင်းဓလေ့မှာ သည်လိုပဲ ကတိသစ္စာတွေပြုပြီး တစ်ယောက်ပြီးတစ်ယောက် လက်ထပ်ကြပေမယ့် မြောက်ပိုင်းမှာက ကတိသစ္စာပြုပြီးရင် အဲ့ဒီတစ်ယောက်ကိုပဲ သေတစ်ပန်သက်တစ်ဆုံးပေါင်းသင်းတာပါ။ ဓေလ့မတူတဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ လင်းမိုက မြောက်ပိုင်း ထုံးစံကိုပဲ လိုက်နာခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့် လင်းမိုက လီချန်းယုံကလွဲပြီး ဘယ်သူ့ကိုမှ  ထိမ်းမြှားမှာမဟုတ်ဘူးဆိုတာ သိသာပါတယ်။ လက်ထပ်ရင်လည်း မြောက်ပိုင်းဓလေ့အတိုင်း လက်ထပ်ဖို့ပဲ လင်းမိုက ဆန္ဒရှိပါတယ်)

Zawgyi

တစ္ပတ္ခန္႔အၾကာ...

ယန္နန္းေတာ္၏ ႀကီးမားေသာ ခန္းမေဆာင္တြင္ ပြဲလမ္းသဘင္တစ္ခု ဆင္ႏႊဲေနသည္။ ၾကင္ယာေတာ္အျဖစ္အေရြးခံေသာ မိန္းမပ်ိဳမ်ားထဲမွ ငါးေယာက္ကို မိဖုရားအျဖစ္ တင္ေျမႇာက္မည္ျဖစ္ၿပီး ငါးေယာက္ကို ကိုယ္လုပ္ေတာ္အျဖစ္ တင္ေျမႇာက္မည္ျဖစ္သည္။ ကိုယ္လုပ္ေတာ္တစ္ေယာက္မွာ အမ်ိဳးသားကိုယ္လုပ္ေတာ္ ျဖစ္သည္။

လင္းမိုႏွင့္ ထိုအမ်ိဳးသမီးတို႔၏ မဂၤလာအခမ္းအနားကို တက္ေရာက္သူမ်ားထဲတြင္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံသည္လည္း အပါအဝင္ျဖစ္သည္။ လီခ်န္းယံုသည္ အနက္ေရာင္ပိုးသားဝတ္ရံု႐ွည္ကို ဝတ္ဆင္ထားၿပီး သူ၏ ဆံပင္ျမႇင့္ေျမာက္ကာ ထံုးထားသည္။ သူ၏ ခါးတြင္ ထံုးစံအတိုင္း ဝံပုေလြမာန္ဖီေနပံုကို ဓား႐ိုးတြင္ ထိုးထားသည့္ ဓား႐ွည္တစ္လက္ခ်ိတ္ဆြဲထားသည္။

အကယ္၍ ေျမာက္ပိုင္းသားမ်ားသာ ဤေနရာ၌ ႐ွိေနပါက လီခ်န္းယံု အမွန္တကယ္ အသံုးျပဳေသာ လက္နက္မွာ ဓား႐ွည္မဟုတ္ေၾကာင္း သိလိမ့္မည္။ ထို႔အျပင္ လီခ်န္းယံု မည္သည့္အခါကမွ် အနက္ေရာင္ဝတ္ရံု ဝတ္ဆင္လိမ့္မည္မဟုတ္မွန္း သိလိမ့္မည္။

လီခ်န္းယံုသည္ အစပထမက သူဝတ္ရံုေနက် အျဖဴေရာင္ပိုးသား၌ အျပာေရာင္ေရခဲေတာင္းတန္းသ႑ာန္ကို လက္အနားတြင္ ထိုးထားေသာ ဝတ္ရံုကို ဝတ္ရန္ စဥ္းစားေသးသည္။ သို႔ေသာ္ ယေန႔သည္ လင္းမို၏ မဂၤလာပြဲျဖစ္သည္။မည္သို႔ပင္ ဟန္ေဆာင္လက္ထပ္သည္ဆိုေစ မဂၤလာပြဲက မဂၤလာပြဲျဖစ္သည္။ သူ႔အတြက္ကေတာ့ ထိုမဂၤလာပြဲသည္ ေပ်ာ္ရႊင္ဖြယ္ အဓိပၸါယ္ကို ရည္ၫႊန္းျခင္း မဟုတ္ေသာေၾကာင့္ သူအနက္ေရာင္ဝတ္ရံုကို ဝတ္ဆင္သြားသည္။

သာယာစြာ တီးခတ္ေနေသာ ေစာင္းသံတို႔ကို လ်စ္လ်ဴ႐ႈကာ မိမိအားခ်ေပးထားေသာ ေနရာတြင္ လီခ်န္းယံုသည္ ေသရည္ခြက္ကို ငဲ့ေသာက္ေနသည္။ သူ၏ ေဘးက အမတ္မ်ားက အေရြးခံရေသာ ၾကင္ယာေတာ္တို႔သည္ မည္မွ်ေခ်ာေၾကာင္း လွေၾကာင္း ေျပာဆိုေနၾကသည္။

ေတာင္ပိုင္းက ေသရည္က လီခ်န္းယံုကို သိပ္ၿပီး အက်ိဳးသက္ေရာက္မႈမ႐ွိ။ သူက မူးခ်င္ပါေသာ္လည္း မမူးႏိုင္ပါ။ ေနာက္ဆံုး လီခ်န္းယံု လက္ေလွ်ာ့လိုက္ရသည္။

မၾကာမီတြင္ ႐ွင္ဘုရင္ေရာက္လာၿပီျဖစ္ေၾကာင္း ေၾကျငာသံထြက္လာသည္။ ခန္းမေဆာင္တြင္ ႐ွိသမွ်လူတို႔သည္ ဒူးေထာက္ဝပ္တြားကာ အ႐ိုအေသေပးၾကသည္။ လီခ်န္းယံုက ေျမာက္ပိုင္း အိမ္ေ႐ွ႕စံ ျဖစ္ေသာေၾကာင့္ ထိုကဲ့သို႔ ဝပ္တြားရန္မလို။ သို႔ေသာ္ အ႐ိုအေသျပဳေသာအားျဖင့္ လင္းမို၏ မ်က္ႏွာကို ေမာ့မၾကည့္ေပ။

လင္းမိုသည္ အဆင္တန္ဆာမ်ားစြာစီျခယ္ထားေသာေတာက္ေျပာင္သည့္ ဝတ္ရံုကို ဝတ္ဆင္ထားသည္။ထိုခမ္းနားထည္ဝါေသာ ဝတ္ရံုကို ၾကည့္ၿပီး လီခ်န္းယံုမွာ စိတ္မသက္မသာျဖစ္သြားသည္။ ဤဝတ္ရံုျဖင့္ လင္းမိုမည္မွ် ခန္႔ညားေနမည္ကို လီခ်န္းယံု မွန္းဆၾကည့္လိုက္သည္။ ခ်စ္ရသူ၏ မဂၤလာပြဲျဖစ္ေသာ္လည္း သူက လားလားမွမဆိုင္ေသာ သူစိမ္းတစ္ေယာက္သာ။

လင္းမို၏ ေနာက္တြင္ မိဖုရားအေျမႇာက္ခံရမည့္ ငါးေယာက္သည္လည္း အနီေရာင္ဝတ္ရံု႐ွည္ႀကီးမ်ားကို ဝတ္ဆင္ကာ ေနာက္ကလိုက္ပါလာသည္။ တစ္ဦးစီတိုင္းက မတူညီေသာ ဝတ္ရံုမ်ားကို ဝတ္ဆင္ထားသည္။ ဝတ္ရံုမ်ားမွာ သာမန္ထက္ထူးကဲ ၿပီး လွပေနသည္ကေတာ့ အမွန္ပင္။

လီခ်န္းယံုမွာ ၾကားေန၊ ျမင္ေနရသမွ်က သူ၏ ႏွလံုးသားကို အပ္ျဖင့္ ဆြေနသလိုပင္။ သူ မ်က္စိစံုမွိတ္ကာ ေသရည္တစ္ခြက္ကို ေမာ့ေသာက္လိုက္သည္။ လည္ေခ်ာင္းဝမွ ပူျပင္းစြာ စီးက်သြားေသာ ထိုေသရည္က လီခ်န္းယံု၏ စိတ္အာရံုတို႔ကို ေထြျပားရန္ကားအေထာက္အပံ့မျဖစ္။

မၾကာမီ မိဖုရားတင္ေျမႇာက္ျခင္း အခမ္းအနား စတင္ေလသည္။ ႐ွည္လ်ားေထြျပားစြာ ရြတ္ဖက္ေနေသာ ဆုေတာင္းသဝဏ္လႊာမ်ား၊ မၿပီးႏိုင္မစီးႏိုင္ေအာင္ က်ိန္ဆိုေနရသည့္ ကတိသစၥာမ်ား၊ ျဖင့္ ေတာင္ပိုင္း၏ မဂၤလာပြဲဓေလ့သည္ ေျမာက္ပိုင္းႏွင့္ကြာျခားလွသည္။ အတိုင္ပင္ခံအမတ္ႀကီးကတင္ေျမႇာက္လိုက္ေသာ မိဖုရားတို႔၏ ရာထူးအေဆာင္အေယာင္တို႔ကို ေၾကာျငာၿပီးသည့္ေနာက္မွာ အခမ္းအနားက တစ္ဝက္ၿပီးၿပီျဖစ္သည္။

အခမ္းအနား႐ွည္ၾကာေလ လီခ်န္းယံုအတြက္ ငရဲက်ေနရသလိုပင္။ သူသည္ ထထြက္သြားရန္ အႀကိမ္ႀကိမ္စဥ္းစားေသာ္လည္း သူက ထိုကဲ့သို႔လြယ္လြယ္ျဖင့္ အ႐ႈံးမေပးလိုေပ။

ေဖ်ာ္ေျဖေရးအခမ္းအနားစတင္ခ်ိန္မွာ အကဆပ္ကပ္အဖြဲ႔တစ္ဖြဲ႔ ဝင္လာသည္။ သူတို႔က ဗံုသံႏွင့္ အညီ စည္းခ်က္က်က် ကျပေဖ်ာ္ေျဖေနသည္။ တက္ေရာက္လာသူတို႔က လက္ခုပ္လက္ဝါးတီးကာ အားေပးေနၾကသည္။ အသစ္တင္ေျမႇာက္ထားေသာ မိဖုရားတို႔မွာ ခိုးခိုးခစ္ခစ္ရယ္ေမာကာ ကျပမႈကို ႐ႈစားေနၾကသည္။ မည္သို႔ျဖစ္ေစ သူတို႔သည္ ယေန႔တြင္ ကံအေကာင္းဆံုး မိန္းကေလးမ်ားပင္။ နတ္ဘုရားလိုေခ်ာေမာၿပီး စြမ္းအားႀကီးသည့္ ေတာင္ပိုင္းဘုရင္ႏွင့္ လတ္ဆတ္ရေလသည္။

ပထမကကြက္ၿပီးဆံုး ခ်ိန္မွာေတာ့ မ်က္ႏွာဖံုးအမ်ိဳးမ်ိဳးဝတ္ဆင္ထားသူတို႔က ဧည့္သည္ေတာ္မ်ားၾကားလာေရာက္ကာ ဆုလာဘ္တို႔ ခ်ီးျမႇင့္ခံၾကသည္။ လီခ်န္းယံု၏ ေဘးနားတြင္လည္း မ်က္ႏွာဖံုးဝတ္ တစ္ေယာက္လာထိုင္ေနသည္။ လူမ်ားစြာ၏ အာရံုမွာ ေပ်ာ္ပြဲမ်ားတြင္ ႐ွိေနေသာေၾကာင့္ အကဆပ္ကပ္အဖြဲ႔မွ ထိုမ်က္ႏွာဖံုးဝတ္ကို အထူးအဆန္းလုပ္ၿပီးၾကည့္မေန။

လီခ်န္းယံုသည္ သူ၏ ေဘးနားတြင္ အတင့္ရဲစြာ လာထိုင္ေသာ ထိုသူကို ဓားျဖင့္ထပိုင္းခ်င္စိတ္တို႔ကို အႏိုင္ႏိုင္ထိန္းကာ ေသရည္တစ္ခြက္ကို ေမာ့ေသာက္လိုက္သည္။

မည္သူကထင္မည္လဲ...

ထိုမ်က္ႏွာဖံုးဝတ္က ေသရည္ခြက္ကိုင္ထားေသာ လီခ်န္းယံု၏ လက္ကိုဖမ္းဆုပ္ၿပီး ေသရည္ခြက္ကို လုယူကာ စားပြဲေပၚသို႔ ေစာင့္ခ်လိုက္သည္။ ေသရည္အနည္းက လီခ်န္းယံု၏ ဝတ္ရံုကိုပင္ စင္သြားသည္။

လီခ်န္းယံုသည္ ေဒါသျဖင့္ ထိုလူကို ႀကိမ္းေမာင္းရန္ ၾကည့္လိုက္သည္။ ဤစိတ္မခ်မ္းေျမ့ဖြယ္ မဂၤလာပြဲတြင္ လီခ်န္းယံုသည္ ပထမဆံုးအႀကိမ္ တစ္စံုတစ္ေယာက္ႏွင့္ အၾကည့္ဆံုျခင္းျဖစ္သည္။ သူက ပလႅင္ထက္က လင္းမိုကိုပင္မၾကည့္။

အၾကည့္ျခင္းဆံုသြားခိုက္...

လီခ်န္းယံု၏ မ်က္ေတာင္႐ွည္တို႔႐ွိေသာ မ်က္ဝန္းေလးမွာ ပိုမိုဝိုင္းစက္သြားသည္။ သူ၏ ႏႈတ္ခမ္းဖူးဖူးေလးမွာ အံ့ျသမႈေၾကာင့္ မပြင့္တပြင့္ ဟသြားသည္။

ထိုမ်က္ႏွာဖံုးဝတ္က လီခ်န္းယံု၏ နားနားသို႔ကပ္ကာတိုးတိုးေလးေျပာေလသည္။
"အားယံု...ကိုယ္ေတာ္ကိုေျပာ မိန္းကေလးေတြအားလံုးက ဘာလို႔ ကလက္တက္တက္ ျဖစ္ေနရတာလဲ''

ျသဇာပါၿပီး ဆြဲငင္းအားေကာင္းေသာထိုအသံသည္မွားစရာမ႐ွိပါ။ လီခ်န္းယံု၏ ေဘးတြင္လာထိုင္ေသာ ထိုမ်က္ႏွာဖံုးဝတ္က လင္းမိုျဖစ္သည္။ သို႔ဆိုလွ်င္ ထိုပလႅင္ေပၚက မည္သူနည္း။ လီခ်န္းယံုၾကည့္လိုက္ေသာအခါ ႐ႈပ္ေထြးေသာ အဆင္တန္ဆာတို႔ျဖင့္ ေခါင္းေဆာင္းကို ေဆာင္းထားေသာ လင္းမို၏ သ႑ာန္တူတစ္ေယာက္ကိုသာ အေဝးမွေတြ႔ရသည္။ လီခ်န္းယံုနားလည္သြားေခ်သည္။ထိုပလႅင္ေပၚက လူသည္ လင္းမိုမဟုတ္ေခ်။ လင္းမိုက သူ႔အစားတစ္စံုတစ္ေယာက္ကို အစားထိုးထားျခင္းပင္။ ပိရိလြန္း၍ လီခ်န္းယံုပင္မရိပ္မိခဲ့။

သူက မ်က္ႏွာဖံုးဝတ္ထားေသာ လင္းမိုဘက္လွည့္ကာ သူမသိဟန္ျဖင့္ ပခံုးတြန္႔ျပသည္။
"ငါဘယ္သိမွာလဲ...''

လင္းမိုက ထပ္ၿပီးတိုးညႇင္းစြာ ေျပာသည္။
"အမတ္ႀကီးကေျပာတယ္ အားယံုသိတယ္တဲ့''

လီခ်န္းယံု၏ မ်က္ႏွာမွာ႐ႈံ႕မဲ့သြားသည္။
"သူက အကုန္ျပန္ေျပာတာပဲလား''

"အကုန္ေျပာတာေပါ့...သူက ကိုယ္ေတာ့္အမတ္ႀကီးေလ...''

လီခ်န္းယံုက လင္းမို၏ အနားသို႔ကပ္ကာ တိုးညႇင္းစြာ ျပန္ ေျပာေလသည္။
"မင္းစိတ္တိုင္းက်ေအာင္ ေသခ်ာေရြးေပးတာ''

သည္တစ္ႀကိမ္မ်က္ႏွာ႐ႈံ႕မဲ့သြားသူက လင္းမိုပင္။ မဂၤလာပြဲက အစီအစဥ္အတိုင္း ဆက္က်င္းပေနသည္။ လီခ်န္းယံုမွာ ပလႅင္ေပၚမွ လူကို လင္းမိုမွတ္ၿပီး ေၾကကြဲေနသမွ် လင္းမိုက သူ၏ ေဘးနားသို႔လာေသာအခါ အကုန္ေမ့ေပ်ာက္သြားသည္။

လီခ်န္းယံုသည္ သူ၏ ေဘးက လင္းမိုကို တစ္ခ်က္ၾကည့္လိုက္သည္။ လင္းမိုက စားပြဲေအာက္တြင္ လီခ်န္းယံု၏ လက္ကို ဆုပ္ကိုင္ၿပီး ကျပေဖ်ာ္ေျဖမႈတို႔ကို ၾကည့္႐ႈေနေလသည္။

လီခ်န္းယံုမွာ ယခုမွ တကယ္ဝမ္းနည္းလာသလိုခံစားရသည္။ ပလႅင္ထက္တြင္ အခန္႔ထည္ဆံုးေသာ ဝတ္ရံုျဖင့္ ဝင့္ႂကြားေနရမည့္ ဘုရင္သည္ သာမန္ဆပ္ကပ္ေျဖာ္ေဖ်ာ္သူလို ဝတ္စားကာ သူ၏ နံေဘးတြင္ လာထိုင္ေနသည္။

ျပစ္ခ်က္မ႐ွိ ျပည့္စံုလြန္းေသာ ထိုလူသားကို သူတစ္ေယာက္သာ ပိုင္ဆိုင္လိုျခင္းသည္ လီခ်န္းယံု၏ အတၱဆန္မႈပင္။ သို႔ေသာ္ ထိုအတၱသည္ ခ်စ္ျခင္းေမတၱာတို႔ျဖင့္သာ ျပည့္လွ်မ္းေနသည္။

ထိုမဂၤလာပြဲ၏ တစ္ဝက္ကို လီခ်န္းယံု စိတ္ခ်မ္းသာစြာျဖင့္ ျဖတ္သန္းလိုက္ရေလသည္။ ဆပ္ကပ္အဖြဲ႔ထြက္သြားေသာအခါ လင္းမိုလည္း ျပန္ထြက္ခြာသြားေလသည္။ လင္းမိုက ျပန္ထြက္မသြားခင္ လီခ်န္းယံု၏ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး ဖ်စ္ညႇစ္သြားသည္။

ဟန္ယန္းေတာအမဲလိုက္ၿပိဳင္ပြဲၿပီးသည့္ညမွစ၍ လင္းမိုႏွင့္ လီခ်န္းယံုသည္ အေဆာင္ခြဲေနသည္။ ရံဖန္ရံခါ လင္းမိုက ထင္မွတ္မထားဟန္ႏွင့္ ေပၚလာသည္မွလြဲ၍ သူတို႔ႏွစ္ေယာက္ ေတြ႔ရေသာအခ်ိန္က သိပ္မ႐ွိလွ။ ယခုလည္း လင္းမိုထြက္သြားရျပန္သည္။

ထိုေန႔ညက လဝန္းႀကီးမွာ ထိန္ထိန္သာေအာင္ေတာက္ပေနသည္။ အသစ္စက္စက္မိဖုရားမ်ားႏွင့္ ကိုယ္လုပ္ေတာ္မ်ားမွာ မိမိတို႔နန္းေဆာင္၌ ဘုရင္ႏွင့္အတူ မဂၤလာဦးညျဖတ္သန္းရန္ အလွပဆံုး ျပင္ဆင္ရန္ ေစာင့္စားေနၾကသည္။ သူတို႔ ဆယ္ေယာက္တြင္ တစ္စံုတစ္ေယာက္က ကံထူးသူျဖစ္လိမ့္မည္ဟု ယံုၾကည္ထားၿပီး ျဖစ္သည္။ နာရီအခ်က္ေပးသံေခ်ာင္းေခါက္သံတို႔က သူတို႔၏ ရင္ခုန္သံကို အ႐ွိန္ျမႇင့္ေပးေနသည္။

စာၾကည့္ေဆာင္တြင္ လင္းမိုအလုပ္႐ႈပ္ေနသည္။ ေဆြဟိုင္းတြင္ နန္းေတာ္တည္ေဆာက္ေရးလုပ္ငန္းတို႔စတင္ေနၿပီျဖစ္သည္။ ထိုဆီက အစီရင္ခံသည့္ စာလႊာတို႔က အဆက္မျပတ္လာေနသည္။ အခမ္းနားဆံုးေသာ နန္းေတာ္ႀကီးကို စိတ္တိုင္းက်ျဖစ္လိုေသာေၾကာင့္ အပင္ပန္းခံကာ ၫႊန္ၾကားေနျခင္း ျဖစ္သည္။

နာရီအခ်က္ေပးသံေခ်ာင္းသံက ပိုမိုမ်ားလာၿပီး လမင္းႀကီးသည္လည္း မဟူရာေကာင္းကင္၏ အထြဋ္အေခါင္သိုု႔ေရာက္လုေနၿပီျဖစ္သည္။

"အ႐ွင္...စက္ေတာ္မေခၚေသးဘူးလား။ ဒီေန႔ အ႐ွင့္ဘယ္နန္းေဆာင္ကိုႂကြဖို႔ ဆႏၵ႐ွိလဲမသိဘူး''
အထိန္းေတာ္ႀကီး၏ အသံၾကားမွ လင္းမိုေမာ့ၾကည့္သည္။

မည္သို႔ပင္ ျဖစ္ေစ နန္းေတာ္ထဲက လူမ်ားအတြက္ ယေန႔သည္ လင္းမို၏ မဂၤလာပြဲေန႔ျဖစ္သည္။
"ရၿပီ...အထိန္းေတာ္ႀကီးတို႔မလိုက္ခဲ့နဲ႔။ ကိုယ္ေတာ္တစ္ေယာက္တည္းပဲသြားလိုက္မယ္။ သူအံျသသြားေအာင္လို႔''

ထိုသူက မည္သူကို ရည္ၫႊန္းသည္ကို မသိေသာ္လည္း ဘုရင္ကို ေမးခြန္းျပန္ေမးရမည္မွာ သူ၏ ေနရာမဟုတ္သည့္အတြက္ အထိန္းေတာ္ႀကီးက ဂါရဝျပဳကာ ထြက္သြားသည္။

လီခ်န္းယံုသည္ သူ၏ နန္းေဆာင္ေ႐ွ႕တြင္ မတ္တပ္ရပ္ကာ လမင္းႀကီးကို ၾကည့္ေနသည္။ အမ်ားအျမင္တြင္ေတာ့ လြန္စြာ ခံ့ညားေသာ အိမ္ေ႐ွ႕စံက ေကာင္းကင္ဘံုက လမင္းကို စိတ္ကူးယဥ္စြာ ေငးၾကည့္ေနသည္ဟု...ထိုျမင္ကြင္းကလည္း ပန္းခ်ီကားတစ္ခ်ပ္လို တင့္တယ္ေလသည္။

အမွန္တကယ္ေတာ့ လီခ်န္းယံုသည္ သူ႔အတြက္ ပူလြန္းေသာ ေတာင္ပိုင္းရာသီဥတုေၾကာင့္ အျပင္ထြက္ကာ ေလညႇင္းခံေနျခင္း ျဖစ္သည္။

လီခ်န္းယံု သတိထားမိသည္။ ယခင္ သူ၏ နန္းေဆာင္ေ႐ွ႕က အေဆာင္လြတ္မ်ားမွာ ယခု မီးမ်ားထိန္လင္းေနသည္။ အသစ္စက္က္ မိဖုရားငါးေယာက္ကို လီခ်န္းယံု၏ အေဆာင္ေ႐ွ႕က နန္းေဆာင္ငါးေဆာင္တြင္ထားျခင္း ျဖစ္သည္။

လီခ်န္းယံုက ပတ္ပတ္လည္ၾကည့္လိုက္ေသာအခါ ကိုယ္လုပ္ေတာ္ငါးေယာက္မွာ သူ၏ အေဆာင္ေနာက္က အေဆာင္ငါးေဆာင္တြင္ ေနရာခ်ထားေၾကာင္းျဖစ္သည္။ ညအခ်ိန္၌ ရိပ္ရိပ္ျမင္ရေသာ ပံုရိပ္ေလးမ်ားသည္ အႏွွီမိန္းကေလးတို႔ မည္မွ် စိတ္လႈပ္႐ွားေနေၾကာင္း သက္ေသခံေနသည္။

လီခ်န္းယံုသိသည္။ ထိုညတြင္ လင္းမို မည္သည့္ၾကင္ယာေတာ္အေဆာင္မွ် ေျခဦးလွည့္လိမ့္မည္မဟုတ္ေပ။

ေလေျပညႇင္းေၾကာင့္ အပူဒဏ္အနည္းငယ္သက္သာသြားၿပီ ျဖစ္သည္။ လီခ်န္းယံု နန္းေဆာင္တြင္းသို႔ ျပန္ဝင္လိုက္သည္။

ထိုအခ်ိန္တြင္ လင္းမိုသည္ သူ၏ ခ်စ္လွစြာေသာ ဝံပုေလြျဖဴေလးဆီသို႔ အေဆာင္ေတာ္ကူးရန္ ၾကံစည္ေနသည္။ ဝံပုေလြျဖဴေလး၏ ႏႈတ္ခမ္းတို႔ကို နမ္း႐ႈိက္ခဲ့ရသည္က မည္သည့္ အခ်ိန္ ေနာက္ဆံုးဆိုသည္ကိုပင္ သူမမွတ္မိခ်င္။

သူသိသည္က သည္အတိုင္းသာ ဝင္သြားပါက နန္းေတာ္တစ္ခုလံုးအား ၾကင္ယာေတာ္အစစ္က မည္သူဆိုသည္ကို ေၾကျငာ ေမာင္းခတ္လိုက္သလို ျဖစ္ေနမည္ ျဖစ္သည္။

သို႔ေၾကာင့္ လင္းမိုသည္ သူ၏ ဝတ္ရံုကို ခြၽတ္ကာ တစ္ကိုယ္လံုး အနက္ေရာင္ ကိုယ္ၾကပ္ဝတ္ရံုတစ္ထည္ေျပာင္းဝတ္လိုက္သည္။ မ်က္ႏွာတြင္လည္း အနက္ေရာင္ မ်က္ႏွာဖံုးတစ္ခု စြပ္ခ်လိုက္သည္။

လင္းမို၏ သိုင္းပညာအဆင့္အတန္းမွာ ျမင့္မားလွေသာေၾကာင့္ နန္းေတာ္တစ္ခုလံုးက အေစာင့္တို႔မွာ သူတို႔အနားက ျဖတ္သြားေသာ အနက္ေရာင္ပံုရိပ္ကို ရိပ္ရိပ္မွ် မျမင္လိုက္ရ။

လီခ်န္းယံုဆီသို႔ ႐ုပ္ဖ်က္လာေသာ လင္းမို၏ အၾကံအစည္မွာ မွန္ကန္သြားသည္။ လင္းမိုက အေယာင္ျပအေနျဖင့္ လီခ်န္းယံုကို သူႏွင့္အေဝးဆံုး နန္းေဆာင္တြင္ထားရန္ အမတ္ႀကီးကို ေျပာခဲ့သည္။ ထိုၾကင္ယာေတာ္မ်ားကိုလည္း ခပ္ေဝးေဝးတြင္ ေနရာခ်ထားရန္ေျပာခဲ့ရာ ယခုကဲ့သို႔ နန္းေဆာင္မ်ားနီးသြားျခင္း ျဖစ္ပါသည္။

လင္းမိုက လီခ်န္းယံု၏ နန္းေဆာင္အနားသို႔ ​ေပါ့ပါးေသာ ေျခလွမ္းတို႔ျဖင့္ ကပ္သြားသည္။ ဖြင့္ထားေသာ ျပတင္းေပါက္မွ တစ္ဆင့္ ခုန္ဝင္သြားသည္။ လင္းမို၏ ေျခလွမ္းတိုင္းက ျမန္ဆန္ၿပီး ေပါ့ပါးသည္။ သာမန္အဆင့္သိုင္းသမားသာဆိုလွ်င္ သတိပင္ထားမိမည္မဟုတ္။

သို႔ေသာ္ လီခ်န္းယံုမွာ သာမန္အဆင့္သိုင္းသမားမဟုတ္ခဲ့။ သူ၏ နန္းေဆာင္အနီးသို႔ ခိုးေၾကာင္ခိုးဝွက္ကပ္လာေသာ ေျခလွမ္း၏အသံကို သူၾကားၿပီးျဖစ္သည္။ အာရံုခံႏိုင္စြမ္းကို အထူးျမင့္မားေအာင္ ေလ့က်င့္ထားေသာ လီခ်န္းယံုအဖို႔ လူစိမ္း သူ၏ နန္းေဆာင္သို႔ ေက်ာ္ဝင္လာမည့္ အခ်ိန္ကို တြက္ခ်က္ၿပီးျဖစ္သည္။

လင္းမိုက အိပ္ေဆာင္သို႔ေရာက္ေသာအခါ လီခ်န္းယံုကို အိပ္ယာေပၚ၌ မေတြ႔။ သူက ေဝ့ဝဲ႐ွာရန္ ႀကိဳးစားလိုက္ခ်ိန္မွာပင္ သူ၏ လည္ပင္းနားက ေအးစက္စက္ အထိအေတြ႔ရလိုက္သည္။

လွည္႔မျကည္႔ေသာ္လည္း လီခ်န္းယံုက ဓား႐ွည္ျဖင့္ သူ၏ လည္ပင္းကို ေထာက္ထားေၾကာင္းသိလိုက္သည္။ လင္းမိုအံ့ျသသြားသည္။ အဆင့္ျမင့္သိုင္းသမားမ်ား စုစည္းထားသည့္ သူ၏ ကိုယ္ရံေတာ္အဖြဲ႔သည္လွ်င္ သူ႔ကို ေျခရာမခံႏိုင္။ ဝံပုေလြျဖဴေလးမွာကား သူ႔ကို အာရံုခံႏိုင္မိရံုမက အလစ္အငိုက္တြင္ လည္ပင္းကို ဓားျဖင့္ေထာက္ထားသည္။

သည္အတိုင္းဆိုလွ်င္ လီခ်န္းယံုသည္ ဓား႐ွည္ကို တမင္မသံုးျခင္းျဖစ္လိမ့္မည္။ သူ၏ ဓားသိုင္းပညာသည္လည္း အဆင့္မနိမ့္ႏိူင္။

လင္းမိုသည္ တစ္ကိုယ္လံုးအနက္ေရာင္ဖံုးထားေသာ သူ႔ကို လီခ်န္းယံု မမွတ္မိဟုထင္ကာ အေနာက္လွည့္လိုက္သည္။

မည္သူကထင္မည္လဲ...

လီခ်န္းယံုက ဓားကို လႊတ္ခ်ၿပီး သူ႔ထံသို႔ေျပးဝင္လာသည္။ အျခားလူအျဖစ္ဟန္ေဆာင္ႀကိဴးပမ္းထားေသာ လင္းမိုမွာ ရင္ခြင္တြင္းသို႔ ေျပးဝင္လာေသာ ဝံပုေလြျဖဴေလးေၾကာင့္ အၾကံအစည္ပ်က္ျပားကာ အလိုက္သင့္ ဖမ္းထားလိုက္ရသည္။

"ခ်န္းယံု...မင္းအခန္းထဲကိုခိုးဝင္လာတဲ့သူကို အဲ့ဒီလိုပဲ ေျပးဖက္မွာလား''

လီခ်န္းယံုက ေကာ့ၫြတ္႐ွည္လ်ားေသာမ်က္ေတာင္တို႔ကို ပုတ္ခတ္ၿပီး အသာေခါင္းၿငိမ့္ျပသည္။

လင္းမိုစိတ္ထင္သည္လားမသိ။ လီခ်န္းယံုမွာ တစ္ေန႔ထက္တစ္ေန႔ အသဲယားေအာင္ခ်စ္စရာေကာင္းလာသည္။ သူစိတ္မထိန္းႏိုင္ေတာ့ပဲ နီရဲရဲခ်ယ္ရီေရာင္ႏႈတ္ခမ္းေလးကို အသာနမ္း႐ိႉက္လိုက္သည္။

ေအးေအးေဆးေဆး အိပ္စက္အနားယူရန္ၾကံစည္ထားေသာ ဝံပုေလြျဖဴ်ေလးမွာ ေဆာင္ေတာ္ကူးလာေသာ ဘုရင္ႀကီးေၾကာင့္ ထိုေန႔ညက ေကာင္းေကာင္းမအိပ္ရေတာ့ေပ။
___________________________________________________________________________

(Note. လင္းမိုရဲ႕ဟန္ေဆာင္လက္ထပ္ပြဲမွာ လီခ်န္းယံုက အနက္ေရာင္ဝတ္ရံုကို အဓိပၸါယ္ႏွစ္မ်ိဳးနဲ႔ဝတ္သြားတာပါ။ သူမ်ားေတြေပ်ာ္ရႊင္ေနျကေပမယ့္  သူ႔အတြက္ စိတ္မေကာင္းရလို႔ ဝမ္းနည္းေၾကကြဲမွု အထိမ္းမွတ္ sign of mourn အေနနဲ႔ ဝတ္သြားတာပါ။ ဒုတိယအေၾကာင္းကေတာ့ အနက္ေရာင္က က်က္သေရ႐ွိမႈ sign of grace ကိုလည္းကိုယ္စားျပဳလို႔ ဝတ္သြားတာပါ။ သူက ေျမာက္ပိုင္းအိမ္ေ႐ွ႕စံျဖစ္တာေၾကာင့္ အမ်ားအျမင္မွာ တင့္တယ္ေစဖို႔ ပံုရိပ္ကိုထိန္းတဲ့အေနနဲ႔ လီခ်န္းယံုက ဝတ္ရံုေတြကိုအထူးဂ႐ုစိုက္ၿပီးဝတ္ဆင္ပါတယ္)

( လင္းမိုက မဂၤလာပြဲမွာ ဘာလို႔ သတို႔သားမလုပ္ခဲ့တာလဲဆိုရင္ ကတိသစၥာျပဳရမွာစိုးလို႔ပါ။ ေတာင္ပိုင္းဓေလ့မွာ သည္လိုပဲ ကတိသစၥာေတြျပဳၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ လက္ထပ္ၾကေပမယ့္ ေျမာက္ပိုင္းမွာက ကတိသစၥာျပဳၿပီးရင္ အဲ့ဒီတစ္ေယာက္ကိုပဲ ေသတစ္ပန္သက္တစ္ဆံုးေပါင္းသင္းတာပါ။ ဓေလ့မတူတဲ့ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ လင္းမိုက ေျမာက္ပိုင္း ထံုးစံကိုပဲ လိုက္နာခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ လင္းမိုက လီခ်န္းယံုကလြဲၿပီး ဘယ္သူ႔ကိုမွ ထိမ္းျမႇားမွာမဟုတ္ဘူးဆိုတာ သိသာပါတယ္။ လက္ထပ္ရင္လည္း ေျမာက္ပိုင္းဓေလ့အတိုင္း လက္ထပ္ဖို႔ပဲ လင္းမိုက ဆနၵ႐ွိပါတယ္)











Continue Reading

You'll Also Like

115K 5.8K 32
chan-ငါမင္​းကိုအရမ္​းမုန္​းတယ္​ မင္​းက အရမ္​း အတၱႀကီးလြန္​းတယ္​ Sehun-hyung ကြၽန္​​ေတာ္​့ကို ႀကိဳက္​သ​ေလာက္​ မုန္​းႏိုင္​တယ္​ ...
70K 3.1K 12
3ႏွစ္ၾကာ ၾကာသြားပီးတဲ့ ေနာက္ သူတို႔ရဲ႕ RS ဘယ္လို ဖစ္သြားမလဲ? ဒီ fic ကို ႀကိဳက္လို႔ ဘာသာျပန္ပီး ျပန္တင္ေရသားထားပါသည္ မူရင္း Author ကို Credit ေပးပါသည္။
118K 14.2K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛