The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 52

42.3K 5.1K 354
By Heather_Bell

Unicode

"ချန်းယုံ...ရှောင်ချိုပြောတာ မင်းပျောက်သွားတယ်ဆို။ဘယ်ကို ရောက်သွားတာလဲ''
နောက်တစ်နေ့မနက်တွင် အိပ်ယာနိုးနိုးချင်း လင်းမိုက လီချန်းယုံကို မေးလေသည်။

"သေဆုံးခြင်းအလွန်နယ်နမိတ်''
လီချန်းယုံက ပြန်ဖြေသည်။

ထိုအမည်နာမကို ကြားရသောအခါ လင်းမို၏ မျက်နှာက ကြက္ခနဲ ပျက်သွားသည်။
"မင်းက အဲ့ဒီကိုဘယ်လိုလုပ်ပြီးရောက်သွားတာလဲ''

"ရှောင်ချိုနဲ့ ဟေးချိုလို ဒဏ္႑ာရီသတ္တဝါ ချီလင် အဖိုးကြီးက ခေါ်သွားတာ''
လီချန်းယုံက အဖိုးကြီးသူ့ကို မည်သို့လာခေါ်သွားကြောင်းကိုလည်း လင်းမိုကို တစ်စပ်တည်း ရှင်းပြသည်။

လင်းမိုက လီချန်းယုံ ရှင်းပြသည်ကို နားထောင်ရင်း သူအသိချင်ဆုံးသော အရာကိုသာ တိုက်ရိုက်မေးလိုက်သည်။
"သူက မင်းကို ဘာလို့ခေါ်သွားတာလဲ''

လီချန်းယုံက သက်ပြင်းတစ်ချက်ချလိုက်သည်။
"သူပြောတာက ငါ့ကို သတိပေးလို့ရအောင်တဲ့။ လူ့လောက နဲ့ နတ်ဆိုးမိစၦာလောကကြားက အလွှာပါးလွှာသွားတဲ့ အချိန်မှာ နတ်ဆိုးဘုရင်က လူ့လောကကို ရောက်လာပြီး ကပ်ဆိုးတွေကို ဖန်တီးလိမ့်မယ်တဲ့။ အဲ့ဒီနတ်ဆိုးဘုရင်ကို နဂါးစီးနင်းသူအရှင်ကပဲ ရေခဲဝိညာဉ်ဓားနဲ့ အနိုင်ယူနိုင်မှာ။ ရေခဲဝိညာဉ်ဓားအသက်ဝင်ဖို့က ငါ့ရဲ့ နှလုံးသွေး...''

"ချန်းယုံ...တော်ပြီ''
လီချန်းယုံ ရှင်းပြသည်များကို လင်းမိုဆက်လက် နားမထောင်ချင်ပါ။ တစ်ယောက်ယောက်၏ နှုတ်ဖျားမှ လီချန်းယုံ၏ မကောင်းကြောင်းထွက်လာလျှင်ပင် သူသတ်ပစ်ချင်သည်အထိ ဒေါသထွက်ရာ ယခုလို လီချန်းယုံ၏ ရင်ကိုခွဲပြီး ဓားတစ်ချောင်း စိုက်အဝင်ခံရမည့်အကြောင်းအရာကို နားထောင်ရန်မှာ သူ့အတွက်ခါးသီးလှသည်။

"နတ်ဆိုးဘုရင်ကလာရင် နဂါးစီးနင်းသူအရှင်အသစ်ရဲ့ ကြင်ယာတော်ကို လိုက်ရှာမှာတဲ့။ အဲ့ဒါကြောင့် ငါ့ကို သတိထားခိုင်းတာ။ အချိန်မတန်သေးပဲ ငါသေသွားခဲ့ရင် မင်းက လူ့လောကကို မကယ်နိုင်မှာစိုးလို့''
ရှင်းပြနေသော လီချန်းယုံ၏ အသံမွာ တုန်ယင်နေပြီး အဆုံးသတ်၌ မသိမသာ တိုးဝင်သွားသည်။

"ချန်းယုံ...''

လင်းမိုက သူမကြားချင်သော အကြောင်းအရာများကို ပြောနေသော လီချန်းယုံ၏ ကိုယ်ကိုသူ့ဘက်သို့ ဆွဲလှည့်ပြီး သူ၏ ညာဘက္လက္ကို ထောင်ပြသည်။ သူ၏ လပ်ဖမိုးတွင် အမာရွတ်က အထင်အရှား...

"ချန်းယုံ...ဒီလက္က ဒဏ်ရာကို သိလား။ မင်းကို အဆိပ်ခတ်မိလို့ ငါ့ကိုယ့်ငါ ဒဏ်ပေးတာ။ ငါဘာလို့ မြောက်ပိုင်းကို သိမ်းဖို့ လက်လျှော့ခဲ့လဲသိလား။ ငါ့ကို စိတ်ပျက်ပြီး မင်းညိုညင်သွားမှာထက်စာရင် မြောက်ပိုင်းကိုပဲငါလက်လွှတ်လိုက်မယ်။ ဆယ့်ငါးပြည်ထောင်လုံးနဲ့ အတိုက်အခံလုပ်ပြီး ဆွေဟိုင်းကိုမှ မြို့တော်အဖြစ် ရွေးချယ်ခဲ့တာလည်း မင်းအနားမှာ နေခွင့်ရချင်လို့''

လင်းမိုက စကားကို ခဏရပ်ပြီး လီချန်းယုံ၏ ဆံနွယ်တို့ကို ပင့်သပ်ပေးလိုက်သည်။ ထို့နောက်သူက စကားဆက်ပြောသည်။
"မင်းနဲ့တွေ့ပြီးတဲ့နောက် ငါအသက်ရှင်နေရတာကိုက မင်းကြောင့် လို့ပဲ တွေးမိတယ်။ မင်းရဲ့ဖြစ်တည်မှုက ငါ့အတွက် အဲ့ဒီလောက် အရေးပါတယ်''

လင်းမို၏ စကားအခွန်းတိုင်းက လီချန်းယုံ၏ နှလုံးသားတစ်ခုလုံးကို ကိုင်လှုပ်နေသလိုပင်။

"ချန်းယုံ...မင်းကိုငါဘယ်တော့မှ အဆုံးအရှုံးခံမှာမဟုတ်ဘူး။ အဲ့ဒီကံကြမ္မာဆိုတဲ့အရာကြီးက စေခိုင်းရင်တောင် ငါက လင်းမို။ ငါ့အတွက် ဒုတိယရွေးချယ်မှုဆိုတာ အမြဲရှိတယ်။ အဲ့ဒီလို ရှိအောင်လည်း ငါလုပ်နိုင်တယ်။ ဒီအတိုင်း မင်းက ငါ့ကိုယုံပေး''

လီချန်းယုံက လင်းမို၏ မျက်ဝန်းတို့ကို စိုက်ကြည့်ရင်း သေချာသော အမွန္တရားတစ္ခုကို ရှာတွေ့ခဲ့သည်။
သူလင်းမိုကိုယုံသည်။

လင်းမိုက သူ့ကို ခေါင်းငြိမ့်ပြသော ဝံပုလွေဖြူလေးကို တင်းကြပ်နေအောင် ဖက်ပြီး သူ၏ ရင်ခွင်ထဲထည့်ထားလေသည်။

ထိုနေ့သည် သာမန်ဟု ထင်ရသော်လည်း လင်းမို၏ အကြောင်းကို သိသော လီချန်းယုံသည် လင်းမို အနည်းငယ်ထူးဆန်းနေကြောင်းသိလေသည်။

လင်းမိုသည် လီချန်းယုံနှင့်အတူ မနက်စာစားသည်။ လီချန်းယုံ၏ ခြေထောက်ကို ကိုယ်တိုင်ဆေးထည့်ပေးသည်။ ဆေးထည့်ပေးနေသောကြောင့် လင်းမိုမှာ မနက်ခင်း ညီလာခံပင် အနည်းငယ်နောက်ကျသွားသည်။

ထိုမွ်အထိ မထူးဆန်းသေးပေ။ လင်းမိုက ညီလာခံက ပြန်လာပြီးနောက် လီချန်းယုံနှင့် ဆွေဟိုင်းတွင်ဆောက်မည့် နန်းတော်သစ်အကြောင်း ပြောသည်။ လင်းမိုကိုယ်တိုင်ပင် အသစ်ဆောက်မည့် နန်းတော်၏ ပုံကြမ်းကို ဆွဲပြသည်။

"ချန်းယုံ...နန်းဆောင်ကို နည်းနည်း ကျယ်ကျယ်ဆောက်မလား''
လင်းမိုပြသော ပုံ၏ အကြမ်းဖြင့်ပင် နန်းဆောင်က တော်တော်ကြီးနေသည်။ လင်းမိုက သူနှင့်လီချန်းယုံအတူနေရန် ကြံရွယ်ထားသော အဆောင်သည် ညီလာခံခန်းမထက်ပင် ကြီးနေသည်။

"အခုကို တော်တော်ကျယ်နေပြီပဲ။မင်းဘာလုပ်ဖို့ အကျယ်ကြီးဆောက်ချင်နေရတာလဲ''

လင်းမိုက လီချန်းယုံ၏ နှာခေါင်းကို ဖျစ်ညှစ်ပြီး ပြန်ဖြေသည်။
"မင်းအကျယ်ကြီးအော်လို့''

လီချန်းယုံသည် အစပထမက ထိုစကား၏ အနက်အဓိပ္ပါယ်ကို နားမလည်။ နားလည်သွားသောအခါ သူ၏ နားရွက်ဖျားတို့ ရဲတွတ်သွားသည်။ လီချန်းယုံက သူ၏ နှုတ်ခမ်းကို ကိုက်ပြီး ပြန်ဖြေသည်။

"ငါဘယ်တုန်းက အော်လို့လဲ။''

"အချိန်တိုင်းပဲ။ အဲ့ဒီလောက် ဆွဲဆောင်မှုရှိတဲ့ အားယုံလေးရဲ့ အသံကို တစ်ယောက်ယောက်က မတော်တဆ ကြားသွားမှာတောင် ကိုယ်တော်က မလိုချင်ဘူး''
လင်းမိုက လီချန်းယုံကို မကောင်းဆိုးဝါးဆန်ဆန်စိုက်ကြည့်ပြီး ပြောလေသည်။

လီချန်းယုံမှာ သူ၏ အပြစ်ကိုသူသိသည်။ သူသည် လင်းမို၏ ယခုအိပ်ဆောင်၌ရော၊ သူ၏ မြောက်ပိုင်းကနန်းဆောင်တွင်ရော ထိုကဲ့သို့သော အသံတစ်ချို့ ပြုလုပ်မိသည်မှာ အမှန်ဖြစ်သည်။ သို့ကြောင့် လင်းမိုနှင့် ဆက်လက်မငြင်းနေတော့ဘဲ သူ၏ အကြံအစည်ကိုသာ ထုတ်ဖော်ပြောလိုက်သည်။

"အဲ့ဒါဆိုထပ်မကျယ်နဲ့တော့လေ။ သည်အတိုင်းနန်းဆောင်ပတ်ပတ်လည်မှာ ပန်းသစ်တော်ဥယျာဉ်စိုက်လိုက်''

လင်းမိုက ဖြန့်ချထားသော စာရွက်ပေါ်တွင် နောက်ထပ်ပုံကြမ်းတစ်ပုံဆွဲပြသည်။ လွပေသာ ပန်းဥယျာဉ်ကြီးတစ်ခု...ဥယျာဉ်၏ အလယ်တွင် ကုန်းမြင့်တံတားလေးတစ်ခုထိုးထားပြီး ထိုတံတားလေးမှ နန်းဆောင်ဆီရောက်မည် ဖြစ်သည်။ လင်းမိုက တံတား၏ ဘေးတွင် ရေတံခွန်အသေးလေးပါသည့် စမ်းချောင်းလေးပင်ထည့်ထားသေးသည်။

ပြီးပြည့်စုံလှသော ပုံကြမ်းကိုကြည့်ပြီး လီချန်းယုံက ဝမ်းသာအားရဖြင့် လင်းမို၏ ခါးကိုဖက်ပြီး ပါးကို အနမ်းတစ်ချက်ပေးလိုက်သည်။ သူ၏ နှုတ်ဖျားကလည်း အသံတစ်သံထွက်လာသည်။
"အာဘြား...''

လင်းမိုမှာ ချက်ချင်းလက်ငင်း နို့နံမစင်သေးသော ကလေးသာသာဖြစ်သွားသည့် လီချန်းယုံကို ကြည့်ပြီးအံ့သြသွားလေသည်။ သူက ဘာလဲဟူသော အဓိပ္ပါယ်ဖြင့် မျက်ခုံးပင့်ပြသည်။

လီချန်းယုံက သူ့ကို အံသြတကြီး ကြည့်နေသော လင်းမို၏ ပါးကို ဖျစ်ညှစ်ရင်း ပြန်ဖြေသည်။
"တော်လို့လေ... အားယုံ ကိုကိုက မလုပ္တတ္တာကို မရှိဘူး''

လင်းမိုမှာ ဒုတိယံမိ အံ့သြသွားပြန်သည်။ သူ၏ အားယုံလေး အစားတစ်ခုခုမှားစားထားသည်လား သို့တည်းမဟုတ် ခြေထောက်တွင်ထည့်သောဆေးက မတည့်သည့်အရာတစ်ခုခုပါနေသည်လား မပြောတတ်။

အမှန်တော့ လီချန်းယုံသည် မနက်ခင်းက လင်းမိုသူ့ကို ပြောခဲ့သော စကားတို့ကြောင့် လင်းမိုအပေါ် အမြင်ကြည်လင်ကာ ထိုကဲ့သို့ ပြုမူနေခြင်း ဖြစ်သည်။

လင်းမိုက လီချန်းယုံ၏ နှုတ်ခမ်းကို အသာနမ်းရှိုက်ပြီး တီးတိုးပြောလေသည်။
"နေ့တိုင်း ဒီလိုလေး လိမ္မာနေရင် ကိုယ်တော် ဘယ်လောက် အမောပြေလိုက်မလဲ''

ထိုစကားကြားမှ လီချန်းယုံသည် လင်းမိုကို သူပစားမပေးသင့်ကြောင့် နားလည်လိုက်သည်။ လင်းမိုသည် သူ၏ စကားအတွက် လီချန်းယုံ၏ ပြန်လည်ချေပခြင်းခံလိုက်ရသည်။

"မင်းအမောမပြေအောင် ငါဘာလုပ်နေလို့လဲ''

လင်းမိုက ထိုအချိန်ကို စောင့်ဆိုင်းနေဟန်ဖြင့် နန်းဆောင်၏ နံရံ၍ ချိတ်ဆွဲထားသော ကျားသားရေကြီးကို လက်ညှိုးထိုးပြသည်။
"အားယုံလေး...အဲ့ဒီလိုပြောမှာဆိုးလို့ ကိုယ်တော်ကကြိုချိတ်ထားတာ။ မြင်တိုင်းသတိရနော်။ အားယုံမလိမ္မာတာတွေ''

လီချန်းယုံက နှာခေါင်းရှုံ့သွားပြီး လင်းမိုဆွဲထားသော အခြားပုံကြမ်းများကို သာ ကြည့်နေလိုက်သည်။ သူက ထိုစာရွက်တို့ကို ကိုင်ကြည့်ရင်း တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် ပြောသည်။

"လင်းမို...မင်းနေရာမှာ အခြားဘုရင်သာဆို နန်းတော်ထဲမှာ ကြင်ယာတော်တွေအတွက် အဆောင်တွေနဲ့ပြည့်နေမှာပဲ''

လင်းမိုက မျက်မှောင်ကြုတ်ပြီး သံယောင်လိုက်ပြောသည်။
"ကြင် ယာ တော်''

လီချန်းယုံက သူပြောသည်ကို အထူးအဆန်းလုပ်နေသော လင်းမိုကို ခေါင်းငဲ့ကြည့်ကာ ပြန်ပြောသည်။
"ဟုတ်တယ်လေ... မင်းတို့တောင်ပိုင်းကဘုရင်တွေက မိဖုရားအများကြီး ယူတာမလား။ မြောက်ပိုင်းမှာသာ ရွေးချယ်ပြီးတဲ့ သူကို သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းရတာ။ ခမည်းတော်ဆို မယ်တော်တစ်ယောက်ပဲ လက်ထပ်ပြီး မိဖုရားနေရာထားခဲ့တာ။ ငါလည်းမင်းကို လက်ထပ်ပြီး မိဖုရားနေရာထားမယ်လေ''

"....''
လင်းမိုမခံချင်အောင် လီချန်းယုံက စနောက်လိုက်သော်လည်း လင်းမိုဆီက အဖြေပြန်ထွက်မလာ။

ထိုအချိန်မှစ၍ လင်းမိုထူးဆန်းသွားခြင်းဖြစ်သည်။
တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် အတွေးတို့က လွင့်ပျံ့နေသည်။ ရှည်လျားသော သူ၏ လက်ချောင်းတို့က စားပြဲကို တတောက်တောက်မြည်အောင် တောက်နေသည်။ သူ၏ မျက်ဝန်းတို့က ထိုတောက်နေသော လက်ချောင်းကို စိုက်ကြည့်နေသည်။

ရုတ်တရက်ပြောင်းလဲသွားသော လင်းမို၏ အပြုအမူကြောင့် လီချန်းယုံမှာ အံ့အားသင့်သွားသည်။ သူပြောသောစကားကြောင့် လင်းမိုစိတ်ဆိုးသွားခြင်းမဟုတ်သည်ကို သူအသေအချာသိသည်။ လင်းမို တစ်စုံတစ်ရာကို စဉ်းစားခန့်ဖွင့်နေမှန်းလည်း လီချန်းယုံသိသည်။ သို့သော် မည်သည့်အရာကို စဉ်းစားနေမှန်းသူမသိ။

အတန်ကြာအထိ လင်းမိုဆီက မည်သည့်တုံ့ပြန်ချက်မှ မရသောကြောင့် လီချန်းယုံက မတ်တပ်ရပ်ပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။ အမှန်တော့ သူဗိုက်အနည်းငယ်ဆာသလို ရှိသောကြောင့် တစ်ခုခုထစားခြင်းဖြစ်သည်။ သို့သော် သူထထွက်သွားသည်ကို လင်းမိုက သူ့ကို ဆွဲဖမ်းထားပြီး သူ့ရင်ခွင်ထဲသို့ထိုင်စေကာ သူက အေနာက္က သိုင်းဖက်ထားသည်။

"ငြိမ်ငြိမ်နေ''
လင်းမိုက ပြောသည်။

"မင်းတစ်ခုခုစဉ်းစားနေတာမလား။ မင်းအနှောင့်အယှက်ဖြစ်မှာစိုးလို့ငါက ခဏရှောင်ပေးမလို့''

"မင်းထွက်သွားတာမှ အနှောင့်အယှက်ဖြစ်တာ။ ငြိမ်ငြိမ်လေးထိုင်နေ။ အဲ့ဒီလိုဆို ငါပိုပြီးအကြံအစည်ထွက်လာနိုင်တယ်''
လင်းမိုက သူသိုင်းဖက်ထားသော လီချန်းယုံ၏ ပခုံးပေါ်သို့ မေးတင်ကာ ပြောသည်။

လီချန်းယုံသည် ရင်ထဲတွင် အတွေးတို့ပြည့်သွားသည်။
လင်းမို ဆယ့်ငါးပြည်ထောင်ကို သိမ်းပိုက်စဉ်က မည်သို့စဉ်းစားခဲ့ပါသနည်း။ မြောက်ပိုင်းကိုသိမ်းရန် ပြောင်မြောက်သော အကြံအစည်တို့ မည်သို့စဉ်းစားခဲ့ပါသနည်း။
သေချာသည်က သူတစ်ယောက်တည်းစဉ်းစားခဲ့ခြင်းဖြစ်လိမ့်မည်။ ယခုမွ အဆန်းတကြယ်လုပ်ပြီး လီချန်းယုံကို သူ့ရင်ခွင်ထဲတွင် ထိုင်စေကာ စဉ်းစားခန်းဖွင့်နေသည်။

လီချန်းယုံသည် ဗိုက်ဆာနေသည်ကို သည်းခံကာ တစ်နာရီလောက်နေလိုက်ရသည်။

ထိုအခါမွ လင်းမိုဆီက စကားသံထွက်လာသည်။
"ငါ ကြင်ယာတော်မြှောက်မယ်''

လီချန်းယုံကအံသြသွားဟန်ဖြင့်ပြန်မေးသည်။
"ဘယ်သူ့ကိုလဲ''

လင်းမိုက လီချန်းယုံ၏ မဟူရာရောင်ဆံနွယ်တို့ကို သပ်ပြီး ပြန်ဖြေသည်။
"မိန်းကလေးတွေ လိုအပ်ရင် ယောကျ်ားလေးတွေ''

ထိုစကားကြားလိုက်ရသော လီချန်းယုံ၏ မျက်ဝန်းအစုံက စူးရဲသွားသည်။ လင်းမိုက တစ်နာရီကျော်ကြာအောင် ဤကိစ္စကို စဉ်းစားနေသည်လား။

တောင်ပိုင်းဘုရင်များ မိဖုရားအများကြီးမြှောက်တတ်ပြီး ရံဖန်ရံခါ အမျိုးသား ကိုယ်လုပ်တော်များပါ ထားတတ်သည်ကို သူသိသည်။ တစ်ခုပဲ။လင်းမိုက ထိုသူတို့ထဲတွင် ပါလိမ့်မည်ဟု မထင်ခဲ့။လီချန်းယုံသည် ချက်ချင်းပင် ပျက်သွားသော သူ၏ မျက်နှာကို ပြင်လိုက်သည်။ သူက အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားကာ မေးလိုက်သည်။
"ဘယ်နှစ်ယာက်လဲ''

"တတ်နိုင်သမျှများများ''

"မင်း...''
လီချန်းယုံ၏ အသံမွာ တိမ်ဝင်သွားသည်။ သူ့ကိုယ်သူ စိတ်ဓာတ်ခိုင်မာသည်ဟု ထင်ထားခဲ့သော်လည်း ယခုတစ်ကြိမ် သူမည်သို့မျှ ထိန်းမထားနိုင်။ ချက်ချင်း မျက်ရည်ဥတို့က ဝေ့သီလာသည်။ လင်းမိုက သူ့ကို စိတ်ကုန်သွားပြီလား။

လင်းမိုက ပျက်ယွင်းသွားသော လီချန်းယုံ၏ မျက်နှာကို သူ့လက်ဖြင့် ထိတွေ့ပြီး ကျလုဆဲဆဲမျက်ရည်တို့ကို အသာအယာတို့ထိကာ ဖယ်ရှားပေးသည်။
"ချန်းယုံ...မင်းငါ့ကိုယုံကြည်ပေးဖို့ မနက္ကပဲ ပြောခဲ့တာ။ နေ့လည်ကျတော့ မင်း သဝန်တိုပြီးငိုနေပြီ''

လီချန်းယုံက ဘာမှမပြော အံတင်းတင်းကြိတ်ကာ လင်းမို၏ လက္ကို ပုတ်ထုတ်လိုက်သည်။
"မင်း ကြင်ယာတော်မြှောက်ချင်ရင် ကြိုက်သလောက်ယူ။ ငါဂရုမစိုက်ဘူး။ အဲ့ဒီဆွေဟိုင်းမှာလည်း ငါမေနဘူး။ မြောက်ပိုင်းကို ပြန်မယ်။ မင်းနေချင်သလိုနေ''

"ငါဆွေဟိုင်းနန်းတော်ထိ ဘယ်သူမှမခေါ်ဘူး။ မင်းကိုပဲခေါ်မှာ။ ကြင်ယာတော်တွေက ဒီမှာပဲမြှောက်မှာ''
လင်းမိုသည်လည်း ဒေါသထွက်ဟန်ဖြင့် လေသံမာလာသည်။

"မင်းအဲ့ဒီလောက်ယူချင်ရင် ကြိုက်သလောက်ယူ''
လီချန်းယုံသည် ဒေါသထွက်စွာ အော်လိုက်သောကြောင့် သူ၏ အသံက ကျယ်သွားသည်။

"မင်းတကယ်အကြောင်းအရင်းကိုမတွေးမိဘူးလား''
လင်းမိုက သူ၏ ဒေါသတို့ဖြေလျှော့လိုက်ဟန်ဖြင့် လီချန်းယုံငို စိုက်ကြည့်ကာ မေးသည်။

လီချန်းယုံက လင်းမို၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူမည်သည့်အခါမျှ လင်းမိုတွေးတောကြံစည်သမျှကို လိုက်မမှီ။ ယခုတစ်ကြိမ်အပါအဝင်ဖြစ်သည်။

"မင်းပြောတော့ နတ်ဆိုးမိစၦာဘုရင်ရောက်လာရင် ငါ့ရဲ့ကြင်ယာတော်ကို အရင်ရှာမှာဆို။ ငါ့ဆီမွာ မိဖုရားအများကြီးရှိနေရင် ငါ့ရဲ့ကြင်ယာတော်က ဘယ်သူမှန်းသူဘယ်လိုသိမလဲ။ ငါ့နှလုံးသားတစ်ခုလုံးက ဘယ်သူ့ကို အပ်နှင်းထားတာ သူဘယ္လိုသိမလဲ။''

လီချန်းယုံမှာ သူထင်မှတ်မထားသောစကားကြောင့် အံသြမှင်သက်သွားသည်။

"ငါ မင်းကို အထိခိုက်မခံချင်ဘူး။ တစ်စုံတစ်ယောက်ရဲ့ ပစ်မှတ်ထဲ မင်းကို အရောက်ခံမယ့်အစား အလုံခြုံဆုံးနေရာမှာ ငါကလွဲပြီး ဘယ္သူမွ မသိတဲ့နေရာမှာဖွက်ထားချင်တာ။ အဲ့ဒီနတ်ဆိုးမိစၦာကို ငါအနိုင်ယူမယ်။ မင်းက ဒီအတိုင်းလေး ဘာမှအထိအခိုက်မရှိပဲ လုံခြုံတဲ့နေရာမှာ ရှိပေး။''

လင်းမိုက စကားမ်ားကို တရစပ်ပြောနေသည်။
"ငါရဲ့ ကံကြမ္မာကဒီလောကကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင်တောင် ငါအကာကွယ်ပေးချင်ဆုံးသူက မင်းပါ။ မင်းကို စတေးဖို့ ဘယ္လို ဖြစ်နိူင်မှာလဲ။ ဒီအတိုင်း ငါ့ကိုပဲယုံကြည်ပေး''

လီချန်းယုံ၏ ကျလုဆဲဆဲမျက်ရည်များက ယခုမွ တကယ်ကျလာသည်။ သူက အဲ့သည်လောက်တုံးအနေသည်လား။ သူက လင်းမို၏ ရင်ခွင်တွင်းသို့ပြေးဝင်ပြီး လင်းမိုကို ဖက်ထားသည်။
"တောင်းပန်ပါတယ်...ငါအမြဲပဲတုံးအနေလို့။ ဘယ်တုန်းကမှ မင်းကို နားလည်မပေးနိူင်ဘူး''

လင်းမိုက လီချန်းယုံကို အသာပွေ့ဖက်ပြီး ပြန်ပြောသည်။
"မင်းသဝန်မတိုရင်တောင် ငါဒေါသပိုထွက်မှာ။ မငိုနဲ့တော့။ ဗိုက်ဆာနေပြီမလား။ နေ့လည်စာ စားမယ်လေ''

ထို့နောက် လင်းမိုက သူကိုယ်တိုင်ပင် လီချန်းယုံအတွက် နေ့လည်စာကို စီမံပေးလေသည်။ ကြိုက်နှစ်သက်သော အစားအသောက်တို့ကြောင့် လီချန်းယုံမှာ စိတ်သောကဖြစ်ဖွယ်တို့ မေ့ပျောက်ပြီး ပြုံးရယ်လာလေသည်။
_____________________________________________________________________
Zawgyi

"ခ်န္းယံု...ေ႐ွာင္ခ်ိဳေျပာတာ မင္းေပ်ာက္သြားတယ္ဆို။ဘယ္ကို ေရာက္သြားတာလဲ''
ေနာက္တစ္ေန႔မနက္တြင္ အိပ္ယာႏိုးႏိုးခ်င္း လင္းမိုက လီခ်န္းယံုကို ေမးေလသည္။

"ေသဆံုးျခင္းအလြန္နယ္နမိတ္''
လီခ်န္းယံုက ျပန္ေျဖသည္။

ထိုအမည္နာမကို ၾကားရေသာအခါ လင္းမို၏ မ်က္ႏွာက ကြက္ခနဲ ပ်က္သြားသည္။
"မင္းက အဲ့ဒီကိုဘယ္လိုလုပ္ၿပီးေရာက္သြားတာလဲ''

"ေ႐ွာင္ခ်ိဳနဲ႔ ေဟးခ်ိဳလို ဒ႑ာရီသတၱဝါ ခ်ီလင္ အဖိုးႀကီးက ေခၚသြားတာ''
လီခ်န္းယံုက အဖိုးႀကီးသူ႔ကို မည္သို႔လာေခၚသြားေၾကာင္းကိုလည္း လင္းမိုကို တစ္စပ္တည္း ႐ွင္းျပသည္။

လင္းမိုက လီခ်န္းယံု ႐ွင္းျပသည္ကို နားေထာင္ရင္း သူအသိခ်င္ဆံုးေသာ အရာကိုသာ တိုက္႐ိုက္ေမးလိုက္သည္။
"သူက မင္းကို ဘာလို႔ေခၚသြားတာလဲ''

လီခ်န္းယံုက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
"သူေျပာတာက ငါ့ကို သတိေပးလို႔ရေအာင္တဲ့။ လူ႔ေလာက နဲ႔ နတ္ဆိုးမိစၦာေလာကၾကားက အလႊာပါးလႊာသြားတဲ့ အခ်ိန္မွာ နတ္ဆိုးဘုရင္က လူ႔ေလာကကို ေရာက္လာၿပီး ကပ္ဆိုးေတြကို ဖန္တီးလိမ့္မယ္တဲ့။ အဲ့ဒီနတ္ဆိုးဘုရင္ကို နဂါးစီးနင္းသူအ႐ွင္ကပဲ ေရခဲဝိညာဥ္ဓားနဲ႔ အႏိုင္ယူႏိုင္မွာ။ ေရခဲဝိညာဥ္ဓားအသက္ဝင္ဖို႔က ငါ့ရဲ႕ ႏွလံုးေသြး...''

"ခ်န္းယံု...ေတာ္ၿပီ''
လီခ်န္းယံု ႐ွင္းျပသည္မ်ားကို လင္းမိုဆက္လက္ နားမေထာင္ခ်င္ပါ။ တစ္ေယာက္ေယာက္၏ ႏႈတ္ဖ်ားမွ လီခ်န္းယံု၏ မေကာင္းေၾကာင္းထြက္လာလွ်င္ပင္ သူသတ္ပစ္ခ်င္သည္အထိ ေဒါသထြက္ရာ ယခုလို လီခ်န္းယံု၏ ရင္ကိုခြဲၿပီး ဓားတစ္ေခ်ာင္း စိုက္အဝင္ခံရမည့္အေၾကာင္းအရာကို နားေထာင္ရန္မွာ သူ႔အတြက္ခါးသီးလွသည္။

"နတ္ဆိုးဘုရင္ကလာရင္ နဂါးစီးနင္းသူအ႐ွင္အသစ္ရဲ႕ ၾကင္ယာေတာ္ကို လိုက္႐ွာမွာတဲ့။ အဲ့ဒါေၾကာင့္ ငါ့ကို သတိထားခိုင္းတာ။ အခ်ိန္မတန္ေသးပဲ ငါေသသြားခဲ့ရင္ မင္းက လူ႔ေလာကကို မကယ္ႏိုင္မွာစိုးလို႔''
႐ွင္းျပေနေသာ လီခ်န္းယံု၏ အသံမွာ တုန္ယင္ေနၿပီး အဆံုးသတ္၌ မသိမသာ တိုးဝင္သြားသည္။

"ခ်န္းယံု...''

လင္းမိုက သူမၾကားခ်င္ေသာ အေၾကာင္းအရာမ်ားကို ေျပာေနေသာ လီခ်န္းယံု၏ ကိုယ္ကိုသူ႔ဘက္သို႔ ဆြဲလွည့္ၿပီး သူ၏ ညာဘက္လက္ကို ေထာင္ျပသည္။ သူ၏ လပ္ဖမိုးတြင္ အမာရြတ္က အထင္အ႐ွား...

"ခ်န္းယံု...ဒီလက္က ဒဏ္ရာကို သိလား။ မင္းကို အဆိပ္ခတ္မိလို႔ ငါ့ကိုယ့္ငါ ဒဏ္ေပးတာ။ ငါဘာလို႔ ေျမာက္ပိုင္းကို သိမ္းဖို႔ လက္ေလွ်ာ့ခဲ့လဲသိလား။ ငါ့ကို စိတ္ပ်က္ၿပီး မင္းညိဳညင္သြားမွာထက္စာရင္ ေျမာက္ပိုင္းကိုပဲငါလက္လႊတ္လိုက္မယ္။ ဆယ့္ငါးျပည္ေထာင္လံုးနဲ႔ အတိုက္အခံလုပ္ၿပီး ေဆြဟိုင္းကိုမွ ၿမိဳ႕ေတာ္အျဖစ္ ေရြးခ်ယ္ခဲ့တာလည္း မင္းအနားမွာ ေနခြင့္ရခ်င္လို႔''

လင္းမိုက စကားကို ခဏရပ္ၿပီး လီခ်န္းယံု၏ ဆံႏြယ္တို႔ကို ပင့္သပ္ေပးလိုက္သည္။ ထို႔ေနာက္သူက စကားဆက္ေျပာသည္။
"မင္းနဲ႔ေတြ႔ၿပီးတဲ့ေနာက္ ငါအသက္႐ွင္ေနရတာကိုက မင္းေၾကာင့္ လို႔ပဲ ေတြးမိတယ္။ မင္းရဲ႕ျဖစ္တည္မႈက ငါ့အတြက္ အဲ့ဒီေလာက္ အေရးပါတယ္''

လင္းမို၏ စကားအခြန္းတိုင္းက လီခ်န္းယံု၏ ႏွလံုးသားတစ္ခုလံုးကို ကိုင္လႈပ္ေနသလိုပင္။

"ခ်န္းယံု...မင္းကိုငါဘယ္ေတာ့မွ အဆံုးအ႐ႈံးခံမွာမဟုတ္ဘူး။ အဲ့ဒီကံၾကမၼာဆိုတဲ့အရာႀကီးက ေစခိုင္းရင္ေတာင္ ငါက လင္းမို။ ငါ့အတြက္ ဒုတိယေရြးခ်ယ္မႈဆိုတာ အျမဲ႐ွိတယ္။ အဲ့ဒီလို ႐ွိေအာင္လည္း ငါလုပ္ႏိုင္တယ္။ ဒီအတိုင္း မင္းက ငါ့ကိုယံုေပး''

လီခ်န္းယံုက လင္းမို၏ မ်က္ဝန္းတို႔ကို စိုက္ၾကည့္ရင္း ေသခ်ာေသာ အမွန္တရားတစ္ခုကို ႐ွာေတြ႔ခဲ့သည္။
သူလင္းမိုကိုယံုသည္။

လင္းမိုက သူ႔ကို ေခါင္းၿငိမ့္ျပေသာ ဝံပုေလြျဖဴေလးကို တင္းၾကပ္ေနေအာင္ ဖက္ၿပီး သူ၏ ရင္ခြင္ထဲထည့္ထားေလသည္။

ထိုေန႔သည္ သာမန္ဟု ထင္ရေသာ္လည္း လင္းမို၏ အေၾကာင္းကို သိေသာ လီခ်န္းယံုသည္ လင္းမို အနည္းငယ္ထူးဆန္းေနေၾကာင္းသိေလသည္။

လင္းမိုသည္ လီခ်န္းယံုႏွင့္အတူ မနက္စာစားသည္။ လီခ်န္းယံု၏ ေျခေထာက္ကို ကိုယ္တိုင္ေဆးထည့္ေပးသည္။ ေဆးထည့္ေပးေနေသာေၾကာင့္ လင္းမိုမွာ မနက္ခင္း ညီလာခံပင္ အနည္းငယ္ေနာက္က်သြားသည္။

ထိုမွ်အထိ မထူးဆန္းေသးေပ။ လင္းမိုက ညီလာခံက ျပန္လာၿပီးေနာက္ လီခ်န္းယံုႏွင့္ ေဆြဟိုင္းတြင္ေဆာက္မည့္ နန္းေတာ္သစ္အေၾကာင္း ေျပာသည္။ လင္းမိုကိုယ္တိုင္ပင္ အသစ္ေဆာက္မည့္ နန္းေတာ္၏ ပံုၾကမ္းကို ဆြဲျပသည္။

"ခ်န္းယံု...နန္းေဆာင္ကို နည္းနည္း က်ယ္က်ယ္ေဆာက္မလား''
လင္းမိုျပေသာ ပံု၏ အၾကမ္းျဖင့္ပင္ နန္းေဆာင္က ေတာ္ေတာ္ႀကီးေနသည္။ လင္းမိုက သူႏွင့္လီခ်န္းယံုအတူေနရန္ ၾကံရြယ္ထားေသာ အေဆာင္သည္ ညီလာခံခန္းမထက္ပင္ ႀကီးေနသည္။

"အခုကို ေတာ္ေတာ္က်ယ္ေနၿပီပဲ။မင္းဘာလုပ္ဖို႔ အက်ယ္ႀကီးေဆာက္ခ်င္ေနရတာလဲ''

လင္းမိုက လီခ်န္းယံု၏ ႏွာေခါင္းကို ဖ်စ္ညႇစ္ၿပီး ျပန္ေျဖသည္။
"မင္းအက်ယ္ႀကီးေအာ္လို႔''

လီခ်န္းယံုသည္ အစပထမက ထိုစကား၏ အနက္အဓိပၸါယ္ကို နားမလည္။ နားလည္သြားေသာအခါ သူ၏ နားရြက္ဖ်ားတို႔ ရဲတြတ္သြားသည္။ လီခ်န္းယံုက သူ၏ ႏႈတ္ခမ္းကို ကိုက္ၿပီး ျပန္ေျဖသည္။

"ငါဘယ္တုန္းက ေအာ္လို႔လဲ။''

"အခ်ိန္တိုင္းပဲ။ အဲ့ဒီေလာက္ ဆြဲေဆာင္မႈ႐ွိတဲ့ အားယံုေလးရဲ႕ အသံကို တစ္ေယာက္ေယာက္က မေတာ္တဆ ၾကားသြားမွာေတာင္ ကိုယ္ေတာ္က မလိုခ်င္ဘူး''
လင္းမိုက လီခ်န္းယံုကို မေကာင္းဆိုးဝါးဆန္ဆန္စိုက္ၾကည့္ၿပီး ေျပာေလသည္။

လီခ်န္းယံုမွာ သူ၏ အျပစ္ကိုသူသိသည္။ သူသည္ လင္းမို၏ ယခုအိပ္ေဆာင္၌ေရာ၊ သူ၏ ေျမာက္ပိုင္းကနန္းေဆာင္တြင္ေရာ ထိုကဲ့သို႔ေသာ အသံတစ္ခ်ိဳ႕ ျပဳလုပ္မိသည္မွာ အမွန္ျဖစ္သည္။ သို႔ေၾကာင့္ လင္းမိုႏွင့္ ဆက္လက္မျငင္းေနေတာ့ဘဲ သူ၏ အၾကံအစည္ကိုသာ ထုတ္ေဖာ္ေျပာလိုက္သည္။

"အဲ့ဒါဆိုထပ္မက်ယ္နဲ႔ေတာ့ေလ။ သည္အတိုင္းနန္းေဆာင္ပတ္ပတ္လည္မွာ ပန္းသစ္ေတာ္ဥယ်ာဥ္စိုက္လိုက္''

လင္းမိုက ျဖန္႔ခ်ထားေသာ စာရြက္ေပၚတြင္ ေနာက္ထပ္ပံုၾကမ္းတစ္ပံုဆြဲျပသည္။ လွပေသာ ပန္းဥယ်ာဥ္ႀကီးတစ္ခု...ဥယ်ာဥ္၏ အလယ္တြင္ ကုန္းျမင့္တံတားေလးတစ္ခုထိုးထားၿပီး ထိုတံတားေလးမွ နန္းေဆာင္ဆီေရာက္မည္ ျဖစ္သည္။ လင္းမိုက တံတား၏ ေဘးတြင္ ေရတံခြန္အေသးေလးပါသည့္ စမ္းေခ်ာင္းေလးပင္ထည့္ထားေသးသည္။

ၿပီးျပည့္စံုလွေသာ ပံုၾကမ္းကိုၾကည့္ၿပီး လီခ်န္းယံုက ဝမ္းသာအားရျဖင့္ လင္းမို၏ ခါးကိုဖက္ၿပီး ပါးကို အနမ္းတစ္ခ်က္ေပးလိုက္သည္။ သူ၏ ႏႈတ္ဖ်ားကလည္း အသံတစ္သံထြက္လာသည္။
"အာဘြား...''

လင္းမိုမွာ ခ်က္ခ်င္းလက္ငင္း ႏို႔နံမစင္ေသးေသာ ကေလးသာသာျဖစ္သြားသည့္ လီခ်န္းယံုကို ၾကည့္ၿပီးအံ့ျသသြားေလသည္။ သူက ဘာလဲဟူေသာ အဓိပၸါယ္ျဖင့္ မ်က္ခံုးပင့္ျပသည္။

လီခ်န္းယံုက သူ႔ကို အံျသတႀကီး ၾကည့္ေနေသာ လင္းမို၏ ပါးကို ဖ်စ္ညႇစ္ရင္း ျပန္ေျဖသည္။
"ေတာ္လို႔ေလ... အားယံု ကိုကိုက မလုပ္တတ္တာကို မ႐ွိဘူး''

လင္းမိုမွာ ဒုတိယံမိ အံ့ျသသြားျပန္သည္။ သူ၏ အားယံုေလး အစားတစ္ခုခုမွားစားထားသည္လား သို႔တည္းမဟုတ္ ေျခေထာက္တြင္ထည့္ေသာေဆးက မတည့္သည့္အရာတစ္ခုခုပါေနသည္လား မေျပာတတ္။

အမွန္ေတာ့ လီခ်န္းယံုသည္ မနက္ခင္းက လင္းမိုသူ႔ကို ေျပာခဲ့ေသာ စကားတို႔ေၾကာင့္ လင္းမိုအေပၚ အျမင္ၾကည္လင္ကာ ထိုကဲ့သို႔ ျပဳမူေနျခင္း ျဖစ္သည္။

လင္းမိုက လီခ်န္းယံု၏ ႏႈတ္ခမ္းကို အသာနမ္း႐ႈိက္ၿပီး တီးတိုးေျပာေလသည္။
"ေန႔တိုင္း ဒီလိုေလး လိမၼာေနရင္ ကိုယ္ေတာ္ ဘယ္ေလာက္ အေမာေျပလိုက္မလဲ''

ထိုစကားၾကားမွ လီခ်န္းယံုသည္ လင္းမိုကို သူပစားမေပးသင့္ေၾကာင့္ နားလည္လိုက္သည္။ လင္းမိုသည္ သူ၏ စကားအတြက္ လီခ်န္းယံု၏ ျပန္လည္ေခ်ပျခင္းခံလိုက္ရသည္။

"မင္းအေမာမေျပေအာင္ ငါဘာလုပ္ေနလို႔လဲ''

လင္းမိုက ထိုအခ်ိန္ကို ေစာင့္ဆိုင္းေနဟန္ျဖင့္ နန္းေဆာင္၏ နံရံ၍ ခ်ိတ္ဆြဲထားေသာ က်ားသားေရႀကီးကို လက္ညႇိဳးထိုးျပသည္။
"အားယံုေလး...အဲ့ဒီလိုေျပာမွာဆိုးလို႔ ကိုယ္ေတာ္ကႀကိဳခ်ိတ္ထားတာ။ ျမင္တိုင္းသတိရေနာ္။ အားယံုမလိမၼာတာေတြ''

လီခ်န္းယံုက ႏွာေခါင္း႐ႈံ႕သြားၿပီး လင္းမိုဆြဲထားေသာ အျခားပံုၾကမ္းမ်ားကို သာ ၾကည့္ေနလိုက္သည္။ သူက ထိုစာရြက္တို႔ကို ကိုင္ၾကည့္ရင္း တစ္စံုတစ္ရာကို စဥ္းစားမိဟန္ျဖင့္ ေျပာသည္။

"လင္းမို...မင္းေနရာမွာ အျခားဘုရင္သာဆို နန္းေတာ္ထဲမွာ ၾကင္ယာေတာ္ေတြအတြက္ အေဆာင္ေတြနဲ႔ျပည့္ေနမွာပဲ''

လင္းမိုက မ်က္ေမွာင္ၾကဳတ္ၿပီး သံေယာင္လိုက္ေျပာသည္။
"ၾကင္ ယာ ေတာ္''

လီခ်န္းယံုက သူေျပာသည္ကို အထူးအဆန္းလုပ္ေနေသာ လင္းမိုကို ေခါင္းငဲ့ၾကည့္ကာ ျပန္ေျပာသည္။
"ဟုတ္တယ္ေလ... မင္းတို႔ေတာင္ပိုင္းကဘုရင္ေတြက မိဖုရားအမ်ားႀကီး ယူတာမလား။ ေျမာက္ပိုင္းမွာသာ ေရြးခ်ယ္ၿပီးတဲ့ သူကို ေသတစ္ပန္သက္တစ္ဆံုး ေပါင္းသင္းရတာ။ ခမည္းေတာ္ဆို မယ္ေတာ္တစ္ေယာက္ပဲ လက္ထပ္ၿပီး မိဖုရားေနရာထားခဲ့တာ။ ငါလည္းမင္းကို လက္ထပ္ၿပီး မိဖုရားေနရာထားမယ္ေလ''

"....''
လင္းမိုမခံခ်င္ေအာင္ လီခ်န္းယံုက စေနာက္လိုက္ေသာ္လည္း လင္းမိုဆီက အေျဖျပန္ထြက္မလာ။

ထိုအခ်ိန္မွစ၍ လင္းမိုထူးဆန္းသြားျခင္းျဖစ္သည္။
တစ္စံုတစ္ရာကို စဥ္းစားေနဟန္ျဖင့္ အေတြးတို႔က လြင့္ပ်ံ႕ေနသည္။ ႐ွည္လ်ားေသာ သူ၏ လက္ေခ်ာင္းတို႔က စားပြဲကို တေတာက္ေတာက္ျမည္ေအာင္ ေတာက္ေနသည္။ သူ၏ မ်က္ဝန္းတို႔က ထိုေတာက္ေနေသာ လက္ေခ်ာင္းကို စိုက္ၾကည့္ေနသည္။

႐ုတ္တရက္ေျပာင္းလဲသြားေသာ လင္းမို၏ အျပဳအမူေၾကာင့္ လီခ်န္းယံုမွာ အံ့အားသင့္သြားသည္။ သူေျပာေသာစကားေၾကာင့္ လင္းမိုစိတ္ဆိုးသြားျခင္းမဟုတ္သည္ကို သူအေသအခ်ာသိသည္။ လင္းမို တစ္စံုတစ္ရာကို စဥ္းစားခန္႔ဖြင့္ေနမွန္းလည္း လီခ်န္းယံုသိသည္။ သို႔ေသာ္ မည္သည့္အရာကို စဥ္းစားေနမွန္းသူမသိ။

အတန္ၾကာအထိ လင္းမိုဆီက မည္သည့္တံု႔ျပန္ခ်က္မွ မရေသာေၾကာင့္ လီခ်န္းယံုက မတ္တပ္ရပ္ၿပီး လွည့္ထြက္ရန္ျပင္လိုက္သည္။ အမွန္ေတာ့ သူဗိုက္အနည္းငယ္ဆာသလို ႐ွိေသာေၾကာင့္ တစ္ခုခုထစားျခင္းျဖစ္သည္။ သို႔ေသာ္ သူထထြက္သြားသည္ကို လင္းမိုက သူ႔ကို ဆြဲဖမ္းထားၿပီး သူ႔ရင္ခြင္ထဲသို႔ထိုင္ေစကာ သူက အေနာက္က သိုင္းဖက္ထားသည္။

"ၿငိမ္ၿငိမ္ေန''
လင္းမိုက ေျပာသည္။

"မင္းတစ္ခုခုစဥ္းစားေနတာမလား။ မင္းအေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ငါက ခဏေ႐ွာင္ေပးမလို႔''

"မင္းထြက္သြားတာမွ အေႏွာင့္အယွက္ျဖစ္တာ။ ၿငိမ္ၿငိမ္ေလးထိုင္ေန။ အဲ့ဒီလိုဆို ငါပိုၿပီးအၾကံအစည္ထြက္လာႏိုင္တယ္''
လင္းမိုက သူသိုင္းဖက္ထားေသာ လီခ်န္းယံု၏ ပခံုးေပၚသို႔ ေမးတင္ကာ ေျပာသည္။

လီခ်န္းယံုသည္ ရင္ထဲတြင္ အေတြးတို႔ျပည့္သြားသည္။
လင္းမို ဆယ့္ငါးျပည္ေထာင္ကို သိမ္းပိုက္စဥ္က မည္သို႔စဥ္းစားခဲ့ပါသနည္း။ ေျမာက္ပိုင္းကိုသိမ္းရန္ ေျပာင္ေျမာက္ေသာ အၾကံအစည္တို႔ မည္သို႔စဥ္းစားခဲ့ပါသနည္း။
ေသခ်ာသည္က သူတစ္ေယာက္တည္းစဥ္းစားခဲ့ျခင္းျဖစ္လိမ့္မည္။ ယခုမွ အဆန္းတၾကယ္လုပ္ၿပီး လီခ်န္းယံုကို သူ႔ရင္ခြင္ထဲတြင္ ထိုင္ေစကာ စဥ္းစားခန္းဖြင့္ေနသည္။

လီခ်န္းယံုသည္ ဗိုက္ဆာေနသည္ကို သည္းခံကာ တစ္နာရီေလာက္ေနလိုက္ရသည္။

ထိုအခါမွ လင္းမိုဆီက စကားသံထြက္လာသည္။
"ငါ ၾကင္ယာေတာ္ေျမႇာက္မယ္''

လီခ်န္းယံုကအံျသသြားဟန္ျဖင့္ျပန္ေမးသည္။
"ဘယ္သူ႔ကိုလဲ''

လင္းမိုက လီခ်န္းယံု၏ မဟူရာေရာင္ဆံႏြယ္တို႔ကို သပ္ၿပီး ျပန္ေျဖသည္။
"မိန္းကေလးေတြ လိုအပ္ရင္ ေယာက်္ားေလးေတြ''

ထိုစကားၾကားလိုက္ရေသာ လီခ်န္းယံု၏ မ်က္ဝန္းအစံုက စူးရဲသြားသည္။ လင္းမိုက တစ္နာရီေက်ာ္ၾကာေအာင္ ဤကိစၥကို စဥ္းစားေနသည္လား။

ေတာင္ပိုင္းဘုရင္မ်ား မိဖုရားအမ်ားႀကီးေျမႇာက္တတ္ၿပီး ရံဖန္ရံခါ အမ်ိဳးသား ကိုယ္လုပ္ေတာ္မ်ားပါ ထားတတ္သည္ကို သူသိသည္။ တစ္ခုပဲ။လင္းမိုက ထိုသူတို႔ထဲတြင္ ပါလိမ့္မည္ဟု မထင္ခဲ့။လီခ်န္းယံုသည္ ခ်က္ခ်င္းပင္ ပ်က္သြားေသာ သူ၏ မ်က္ႏွာကို ျပင္လိုက္သည္။ သူက အတတ္ႏိုင္ဆံုး စိတ္ၿငိမ္ၿငိမ္ထားကာ ေမးလိုက္သည္။
"ဘယ္ႏွစ္ယာက္လဲ''

"တတ္ႏိုင္သမွ်မ်ားမ်ား''

"မင္း...''
လီခ်န္းယံု၏ အသံမွာ တိမ္ဝင္သြားသည္။ သူ႔ကိုယ္သူ စိတ္ဓာတ္ခိုင္မာသည္ဟု ထင္ထားခဲ့ေသာ္လည္း ယခုတစ္ႀကိမ္ သူမည္သို႔မွ် ထိန္းမထားႏိုင္။ ခ်က္ခ်င္း မ်က္ရည္ဥတို႔က ေဝ့သီလာသည္။ လင္းမိုက သူ႔ကို စိတ္ကုန္သြားၿပီလား။

လင္းမိုက ပ်က္ယြင္းသြားေသာ လီခ်န္းယံု၏ မ်က္ႏွာကို သူ႔လက္ျဖင့္ ထိေတြ႔ၿပီး က်လုဆဲဆဲမ်က္ရည္တို႔ကို အသာအယာတို႔ထိကာ ဖယ္႐ွားေပးသည္။
"ခ်န္းယံု...မင္းငါ့ကိုယံုၾကည္ေပးဖို႔ မနက္ကပဲ ေျပာခဲ့တာ။ ေန႔လည္က်ေတာ့ မင္း သဝန္တိုၿပီးငိုေနၿပီ''

လီခ်န္းယံုက ဘာမွမေျပာ အံတင္းတင္းႀကိတ္ကာ လင္းမို၏ လက္ကို ပုတ္ထုတ္လိုက္သည္။
"မင္း ၾကင္ယာေတာ္ေျမႇာက္ခ်င္ရင္ ႀကိဳက္သေလာက္ယူ။ ငါဂ႐ုမစိုက္ဘူး။ အဲ့ဒီေဆြဟိုင္းမွာလည္း ငါမေနဘူး။ ေျမာက္ပိုင္းကို ျပန္မယ္။ မင္းေနခ်င္သလိုေန''

"ငါေဆြဟိုင္းနန္းေတာ္ထိ ဘယ္သူမွမေခၚဘူး။ မင္းကိုပဲေခၚမွာ။ ၾကင္ယာေတာ္ေတြက ဒီမွာပဲေျမႇာက္မွာ''
လင္းမိုသည္လည္း ေဒါသထြက္ဟန္ျဖင့္ ေလသံမာလာသည္။

"မင္းအဲ့ဒီေလာက္ယူခ်င္ရင္ ႀကိဳက္သေလာက္ယူ''
လီခ်န္းယံုသည္ ေဒါသထြက္စြာ ေအာ္လိုက္ေသာေၾကာင့္ သူ၏ အသံက က်ယ္သြားသည္။

"မင္းတကယ္အေၾကာင္းအရင္းကိုမေတြးမိဘူးလား''
လင္းမိုက သူ၏ ေဒါသတို႔ေျဖေလွ်ာ့လိုက္ဟန္ျဖင့္ လီခ်န္းယံုငို စိုက္ၾကည့္ကာ ေမးသည္။

လီခ်န္းယံုက လင္းမို၏ မ်က္ဝန္းမ်ားကို စိုက္ၾကည့္လိုက္သည္။ သူမည္သည့္အခါမွ် လင္းမိုေတြးေတာၾကံစည္သမွ်ကို လိုက္မမွီ။ ယခုတစ္ႀကိမ္အပါအဝင္ျဖစ္သည္။

"မင္းေျပာေတာ့ နတ္ဆိုးမိစၦာဘုရင္ေရာက္လာရင္ ငါ့ရဲ႕ၾကင္ယာေတာ္ကို အရင္႐ွာမွာဆို။ ငါ့ဆီမွာ မိဖုရားအမ်ားႀကီး႐ွိေနရင္ ငါ့ရဲ႕ၾကင္ယာေတာ္က ဘယ္သူမွန္းသူဘယ္လိုသိမလဲ။ ငါ့ႏွလံုးသားတစ္ခုလံုးက ဘယ္သူ႔ကို အပ္ႏွင္းထားတာ သူဘယ္လိုသိမလဲ။''

လီခ်န္းယံုမွာ သူထင္မွတ္မထားေသာစကားေၾကာင့္ အံျသမွင္သက္သြားသည္။

"ငါ မင္းကို အထိခိုက္မခံခ်င္ဘူး။ တစ္စံုတစ္ေယာက္ရဲ႕ ပစ္မွတ္ထဲ မင္းကို အေရာက္ခံမယ့္အစား အလံုျခံဳဆံုးေနရာမွာ ငါကလြဲၿပီး ဘယ္သူမွ မသိတဲ့ေနရာမွာဖြက္ထားခ်င္တာ။ အဲ့ဒီနတ္ဆိုးမိစၦာကို ငါအႏိုင္ယူမယ္။ မင္းက ဒီအတိုင္းေလး ဘာမွအထိအခိုက္မ႐ွိပဲ လံုျခံဳတဲ့ေနရာမွာ ႐ွိေပး။''

လင္းမိုက စကားမ်ားကို တရစပ္ေျပာေနသည္။
"ငါရဲ႕ ကံၾကမၼာကဒီေလာကကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔ဆိုရင္ေတာင္ ငါအကာကြယ္ေပးခ်င္ဆံုးသူက မင္းပါ။ မင္းကို စေတးဖို႔ ဘယ္လို ျဖစ္ႏိူင္မွာလဲ။ ဒီအတိုင္း ငါ့ကိုပဲယံုၾကည္ေပး''

လီခ်န္းယံု၏ က်လုဆဲဆဲမ်က္ရည္မ်ားက ယခုမွ တကယ္က်လာသည္။ သူက အဲ့သည္ေလာက္တံုးအေနသည္လား။ သူက လင္းမို၏ ရင္ခြင္တြင္းသို႔ေျပးဝင္ၿပီး လင္းမိုကို ဖက္ထားသည္။
"ေတာင္းပန္ပါတယ္...ငါအျမဲပဲတံုးအေနလို႔။ ဘယ္တုန္းကမွ မင္းကို နားလည္မေပးႏိူင္ဘူး''

လင္းမိုက လီခ်န္းယံုကို အသာေပြ႔ဖက္ၿပီး ျပန္ေျပာသည္။
"မင္းသဝန္မတိုရင္ေတာင္ ငါေဒါသပိုထြက္မွာ။ မငိုနဲ႔ေတာ့။ ဗိုက္ဆာေနၿပီမလား။ ေန႔လည္စာ စားမယ္ေလ''

ထို႔ေနာက္ လင္းမိုက သူကိုယ္တိုင္ပင္ လီခ်န္းယံုအတြက္ ေန႔လည္စာကို စီမံေပးေလသည္။ ႀကိဳက္ႏွစ္သက္ေသာ အစားအေသာက္တို႔ေၾကာင့္ လီခ်န္းယံုမွာ စိတ္ေသာကျဖစ္ဖြယ္တို႔ ေမ့ေပ်ာက္ၿပီး ျပံဳးရယ္လာေလသည္။
_____________________________________________________________________








Continue Reading

You'll Also Like

232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
70K 3.1K 12
3ႏွစ္ၾကာ ၾကာသြားပီးတဲ့ ေနာက္ သူတို႔ရဲ႕ RS ဘယ္လို ဖစ္သြားမလဲ? ဒီ fic ကို ႀကိဳက္လို႔ ဘာသာျပန္ပီး ျပန္တင္ေရသားထားပါသည္ မူရင္း Author ကို Credit ေပးပါသည္။
165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛