( Zawgyi )
ငဂ်ဳံ႕ဘီယာခြက္ကိုကိုင္လိုက္ၿပီး
လက္ထဲကို နည္းနည္းေလာင္းခ်လိဳက္ကာ
အကၤ်ီရင္ဘတ္ကို ဟိုသုတ္ဒီသုတ္
နည္းနည္းလုပ္လိုက္သည္...
ပါးစပ္ထဲကိုလည္း တစ္ငုံထည့္ကာ
ပါးလုပ္က်င္းၿပီးေထြးထုတ္လိုက္သည္....
ကြၽန္ေတာ္လုပ္ေနသည္မ်ားကို
ဟိုႏွစ္ေကာင္ကလိုက္ၾကည့္ကာ
မ်က္ႏွာေတြက ရႈံ႕မဲ့လ်က္...
" လူယုတ္မာ အႀကံနဲ႕..."
ဟူ ပစ္ပစ္ႏွစ္ႏွစ္ ေျပာကာ
က်န္ေနခဲ့ၾကသည္....
ၿခံထဲကို ကားေမာင္းၿပီးဝင္လာေတာ့
ဟိုကေလးက အိမ္ေပါက္ဝေလးမွာ
ငုတ္တုပ္ကေလးထိုင္ကာ
ကြၽန္ေတာ္ျပန္မလာေသးလို႔
ေစာင့္ေနသည့္ပုံပါေလ...
ဪကြာ...ခ်စ္ပါတယ္ဆိုမွ
အခ်စ္ပိုေအာင္ လုပ္ေနျပန္ပါၿပီ...
ကားေပၚကေန ယိုင္တိုင္တိုင္နဲ႕
ဆင္းလိုက္ေတာ့ အနားကို
ခ်က္ခ်င္းေရာက္လာကာ
ကြၽန္ေတာ့ကို တြဲလိုက္ၿပီး
" ဟာ...ေဟ့ ကိုကို...
အမ်ားႀကီး မေသာက္လာပါနဲ႕လို႔
ေျပာလိုက္တဲ့ဟာကို ေသာက္လာျပန္ၿပီ ၾကည့္...."
ဟု ပါးစပ္ကေနလည္း ပြစိပြစိေျပာကာ
ကြၽန္ေတာ့ကိုယ္ႀကီးကိုမနိုင္မနင္းမေနသည္....
မူးခ်င္ေယာင္ေဆာင္ေနသည့္
ကြၽန္ေတာ္ကလည္း သူ႕ကိုယ္ေလးေပၚကို
အားျပဳထားလိုက္သည္...
" အီးးးးးး ေလးလိုက္တာ ကိုကိုရာ...
ကိုကို႔... လမ္းေလးနည္းနည္းေလာက္
ေလွ်ာက္ဦးေလ...Baek ကိုခ်ည္းပဲ
အားျပဳမေနနဲ႕...."
ဟု ေျပာလာျပန္သည္....
" ကိုကို႔.... ဟာ ကိုကို႔....
အဲ့လိုႀကီးမထိုင္ခ်လိဳက္နဲ႕...
အခန္းထဲမွာသြားအိပ္မယ္ေလ....
ဒီမွာအိပ္လို႔မရဘူး...ထထ...
ကိုကိုက လိမၼာတယ္..."
ဆိုကာ ကြၽန္ေတာ့ကို ထိုင္မခ်ေစရန္
အတင္းဆြဲမထားကာ လူႀကီးေလးလို
ကြၽန္ေတာ့ကို လိမၼာသေလး ဘာေလးနဲ႕
ေခ်ာ့ေျပာေနျပန္သည္....
အသည္းယားစရာေလး....
" ဟိတ္... ကေလးေလး...."
ဟု ကြၽန္ေတာ္က မူးခ်င္ေယာင္ေဆာင္ကာ
ထေအာ္လိုက္ေတာ့ ကြၽန္ေတာ့ပါးစပ္ကို
လက္ကေလးျဖင့္ အုပ္ကာ
" ရႉးတိုးတိုး....ဘဘနိုးသြားရင္
ကိုကို အဆူခံရမယ္ေလ....
အက်ယ္ႀကီး မေအာ္ရဘူး..."
ဟု ကြၽန္ေတာ့ကို ေျပာကာ
ေလွကားဆီသို႔ ကြၽန္ေတာ့ကို တြဲကာ
ေခၚလာသည္....
ၿပီးေတာ့ ေလွကားေအာက္ဆုံးထစ္ကေန
အေပၚဆုံးထစ္ကို သူ႕ဘာ့သာေမာ့ၾကည့္ကာ
သက္ျပင္းေလးခ်ၿပီး
" ငါ ဘယ္လို သယ္ရမလဲ..."
ဟု တိုးတိုးေလး ေရ႐ြတ္ေနျပန္သည္...
သူ႕ကိုၾကည့္ၿပီး ရယ္ခ်င္လာသည္ေၾကာင့္
ေခါင္းကိုေမာ့ကာ ခိုးရယ္လိုက္သည္....
ၿပီးေတာ့ သူ႕ပုခုံးေပၚကို တင္ထားသည့္
ကြၽန္ေတာ့လက္ကို သူ႕လက္တစ္ဖက္ျဖင့္ဆုပ္ကိုင္ကာ ကြၽန္ေတာ့ခါးကို
သိုင္းဖက္လာသည့္ ေနာက္ထပ္
လက္သြယ္သြယ္ေလး....
" ကိုကို... Baekတို႔ အိမ္ေပၚကို
သြားၾကမယ္ေနာ္....ေလွကားေတြကို
ေသခ်ာတက္ေပးေလေနာ္...မဟုတ္ရင္
ျပဳတ္က်ၿပီး ကိုကို နာသြားမွာစိုးလို႔..."
ဟု တိုးတိုးေလးဆိုမွ တကယ္တိုးတိုးေလး
ေျပာလာသည္... ျပဳတ္က်တာျခင္း
အတူတူေတာင္ သူနာမွာစိုးလို႔ မဟုတ္ဘဲ ကြၽန္ေတာ္ နာမွာစိုးလို႔တဲ့...
ဘယ္ေလာက္ ခ်စ္ဖို႔ေကာင္းလဲ....
သူေလးကို သနားေသာအားျဖင့္ေသခ်ာ
တက္ေပးလိုက္ပါေတာ့မယ္....
ေလွကားကို ျဖည္းျဖည္းခ်င္း တစ္ထစ္ခ်င္းစီ
စတက္ကာ အေပၚကို ေရာက္ေတာ့မွ
Baek က ကြၽန္ေတာ့ပါးကို ေမာ့နမ္းလိုက္ကာ
" Baek ကိုကိုက ေတာ္လိုက္တာ..."
ဟု ခ်ီးမြမ္းလာသည္...
ဒီအနမ္းက ကေလးေလးတစ္ေယာက္က
အလုပ္တစ္ခုကို ေသခ်ာလုပ္လို႔ ေတာ္လို႔
လူႀကီးတစ္ေယာက္က ေပးသလို...
ကြၽန္ေတာ္က ေလွကားကို
ေသခ်ာတက္ေပးလို႔ ရသည့္
ဆုတစ္ခု ျဖစ္မည္ထင္....
ဘာပဲျဖစ္ျဖစ္ အနမ္းခံလိုက္ရတယ္...
မူးခ်င္ေယာင္ေဆာင္ရတာ တန္တယ္...
" အမေလး...အမေလး...
မထိုင္ခ်လိဳက္ပါနဲ႕ဦး...
အခန္းထဲေရာက္ေတာ့မယ္ ကိုကိုရဲ႕...
နည္းနည္းေလးပဲ လမ္းေလွ်ာက္လိုက္ေလ..."
ဟု ထိုင္ခ်လိဳက္သည့္ ကြၽန္ေတာ့ကို
သူကလည္းငုတ္တုပ္ထိုင္ၿပီး ခ်ိဳင္းကေန
ဆြဲမေနကာ ေျပာေနျပန္သည္...
သူေလးကို ဆြဲဖက္ထားလိုက္ေတာ့
ၿငိမ္ၿငိမ္ေလး ေနေပးကာ ကြၽန္ေတာ့
ေက်ာကုန္းေလးကို ျဖည္းျဖည္းခ်င္း
ပုတ္ေပးေနသည္....
ကြၽန္ေတာ့ကို တကယ္မူးေနတယ္ထင္ၿပီး
ေခ်ာ့ေနတာ....
" ကဲ....ကိုကိုက လိမၼာတယ္ေနာ္...
အိပ္ခန္းထဲသြားရေအာင္....
ထပါကိုကိုရယ္.... "
ဟု ေခ်ာ့ေျပာကာ ကြၽန္ေတာ့ကို
မ ေနျပန္တာေၾကာင့္ အသာေလး
လိုက္ထေပးလိုက္ေတာ့ ခ်က္ခ်င္းကို
ကြၽန္ေတာ့လက္တစ္ဖက္ကိုျမႇောက္ကာ
သူ႕ပုခုံးေပၚကို တင္လိုက္ၿပီး
သူ႕လက္ သြယ္သြယ္ေလး ေနာက္တစ္ဖက္ျဖင့္
ကြၽန္ေတာ့ခါးကို ခ်က္ခ်င္းဖက္လိုက္ျပန္သည္
တစ္ျဖည္းျဖည္းခ်င္း အခန္းထဲေရာက္သြားကာ
ခုတင္ေပၚကို ကြၽန္ေတာ့ကို လွဲခ်လိဳက္စဥ္
သူေလးကိုပါ ဖက္ၿပီး လွဲခ်လိဳက္ေတာ့
ႏွစ္ေယာက္စလုံး ခုတင္ေပၚသို႔ ေဘးတိုက္
လဲက်သြားသည္...
သူေလးကေတာ့ ကြၽန္ေတာ့ပုခုံးေလးကို
ပုတ္ၿပီး သိပ္ေနသည္...
အသည္းယားလာတာေၾကာင့္ သူ႕ကို
ပလက္လွန္လိုက္ကာ ကြၽန္ေတာ္က
သူ႕အေပၚကေန အုပ္မိုးလိုက္ေတာ့
အလန႔္လန႔္ အျဖန႔္ျဖန႔္နဲ႕ ကြၽန္ေတာ့
ရင္ဘတ္ကို တြန္းလာၿပီး
" ဟင္... ကိုကို မမူးဘူး..."
ဟု အံ့ၾသတႀကီးႏွင့္ေမးလာသည့္
လုံးတစ္ေလးအား
" ဟင့္အင္း... ကိုယ္မူးတယ္...
ဒါေပမယ့္ မင္းထင္သေလာက္ မမူးတာ..."
ဟု ေျပာေတာ့ သူေလးက မ်က္ေစာင္းထိုးကာ
" သူ႕ကိုယ္ႀကီး အေလးႀကီးကို
သယ္ခိုင္းတယ္...ဒီမွာ
အသက္ထြက္ၿပီေတာင္ ထင္တာ..."
" အသက္က မထြက္ပါနဲ႕ဦး....
ေနပါဦး...မဂၤလာေတာင္
မေဆာင္ရေသးဘူး..."
ဟု ေျပာလိုက္ေတာ့ ပါးေလးႏွစ္ဖက္က
ရဲခနဲ ျဖစ္သြားကာ နီလာၿပီး
"အဲ့ကိုကိုကေလ...တကယ္ပဲ
မဂၤလာေဆာင္ဖို႔ပဲ ေျပာေနတာပဲ... "
" ေဟာဗ်ာ...မဂၤလာေဆာင္ခါနီးမလို႔
မဂၤလာေဆာင္ဖို႔ ေျပာတာေပါ့...
ဘာလဲ မႀကိဳက္ဘူးလား...."
ဟု ေမးလိုက္ေတာ့
" မႀကိဳက္တာေတာ့ မဟုတ္ပါဘူး...
ဒါေပမယ့္ ရွက္စရာႀကီးေလ...."
" ဟင္...ရွက္တယ္ ဟုတ္လား...
ရွက္စရာ ဘာပါလို႔လဲ..."
ဟု ေမးၿပီးမွ သူေလးကို စခ်င္ျပန္တာေၾကာင့္
"ဟိတ္....တစ္ေယာက္တည္း
ဘာေတြေတြးၿပီး ရွက္ေနတာလဲ...."
ဟု စလိုက္ေတာ့
" ကိုကိုေနာ္....မစနဲ႕ဗ်ာ...
ရွက္ပါတယ္ဆိုမွ...."
ဟု ကြၽန္ေတာ့ ရင္ဘတ္ကို ထုကာ
ေျပာလာသည္...
" အင္းေလ... ဘာကိုရွက္တာလဲလို႔....
ဘာလဲ...ကိုယ္နဲ႕ မဂၤလာေဆာင္ရလို႔
ရွက္တာလား....ရွက္ရင္လည္း
မဂၤလာမေဆာင္ဘဲ ေန႐ုံေပါ့...."
ဟု ေျပာလိုက္ေတာ့ သူေလးက
ေခါင္းရမ္းျပကာ
" အယ္....မဟုတ္တာ ...
ကိုကိုနဲ႕ မဂၤလာေဆာင္ရလို႔
ရွက္တာ မဟုတ္ပါဘူး...."
"အဲဲ့ဒါဆို ဘာလို႔ရွက္တာလဲ...."
ဟုထပ္ေမးေတာ့
မ်က္လုံးေလးပုတ္ခတ္ ပုတ္ခတ္လုပ္ကာ
မေျဖတတ္၍ ဘယ္လိုေျဖရမည္မွန္းမသိသည့္
ပုံစံေလးႏွင့္...
" ဘာလဲ ဟန္းနီးမြန္း ထြက္ရမွာကို
ရွက္တာလား... မဂ္လာဦးညကို
ရွက္တာလား..."
" ဟာ...ကိုကိုကလည္း ရွက္ပါတယ္ဆိုမွ
ဘာလို႔ အဲ့လိုႀကီး ေျပာတာလဲ..."
ဟု ကြၽန္ေတာ့အား မၾကည့္ေတာ့ဘဲ
ေခါင္းေလးငုံ႕ကာ မေျပာေစခ်င္ေၾကာင္း
ျပေလသည္...
" အခုမေျပာလည္း ေနာက္ပိုင္းက်ရင္
ႀကဳံရမွာပဲကို..."
ဟုေျပာလိုက္ေတာ့
"ေနာက္ပိုင္းႀကဳံမွာက ေနာက္ပိုင္းမွေလ..."
"အဲဲဒါဆို ေနာက္ပိုင္းမွာႀကဳံရင္ ရၿပီေပါ့...
အဲ့လိုလား...ေသခ်ာလို႔လား...."
ဟု ေမးလိုက္ေတာ့
"ကိုကို မေကာင္းဘူးဗ်ာ...
ရွက္ပါတယ္ဆိုမွ လိုက္စေနတယ္...
ကိုကို ေျခေထာက္ လက္ေထာက္ေဆး...
မ်က္ႏွာသစ္ သြားတိုက္ေခ် သြား...
အက္်ီလဲဖို႔ ထုတ္ထားေပးမယ္...."
ဟု စကားလမ္းေၾကာင္းလႊဲကာ
ကြၽန္ေတာ့ကို ေမာင္းထုတ္ေနသည့္
သူ႕အား ရစ္ခ်င္လာသည္ေၾကာင့္
" ဘာလို႔လဲ...အနံ႕မခံနိုင္လို႔လား..."
ဟု ေမးလိုက္ေတာ့
ေခါင္းေလးညိတ္ျပသည္ေၾကာင့္
" ကိုယ့္ေသာက္လာလို႔ ရတဲ့အနံ႕ေလ...
ကိုယ့္ဆီက ရတဲ့အနံ႕ပဲကို...
သည္းမခံနိုင္ဘူးလား..."
ဟု ေမးလိုက္ေတာ့
" အခုလိုေတာ့ သည္းခံနိုင္တယ္ေလ....
တစ္ညလုံးအိပ္ရင္ေတာ့ အနံ႕ႀကီးက
ပ်င္းတာႀကီးကို...."
" အဲ့ေတာ့ ကိုယ့္ကို သည္းမခံနိုင္ဘူးေပါ့..."
" ဟာကြာ...ကိုကိုကလည္း
အရမ္းႀကီးလည္း မမူးလာဘဲနဲ႕
ရစ္ေနျပန္ၿပီ...."
ဟု အလိုမက်သည့္ အသံေလးျဖင့္
ေျပာလာသည္ေၾကာင့္
" ကိုယ္ မူး မမူး သိခ်င္လား..."
" ဟင့္အင္း....မသိ...."
ဟု စကားပင္ ဆုံးေအာင္ေျပာခြင့္မေပးဘဲ
သူေလးႏႈတ္ခမ္းအား ၾကမ္းတမ္းစြာ
နမ္းလိုက္ၿပီး
" ေျပာ....ကိုယ္ မူးေနလား...."
" ဟင့္အင္း...မမူးဘူး....
အဲ့ဒါဆို သက္သက္ ရစ္တာေပါ့...."
" ဟားးးးးဟားးးးးဟားးးးး ဟုတ္ပဗ်ာ....
ဟုတ္ပ....ခင္ဗ်ားေလးကို စခ်င္လို႔
တမင္ ဘီယာေတြကို အက္်မွာ
သုတ္လာတာ...."
ဟု ေျပာေတာ့ သူေလးက
ကြၽန္ေတာ့ ရင္ဘတ္ကိုထုကာ
" အဲ့ကိုကိုကေလ Baek ကိုဆို သိပ္စ...
ခုနတုန္းက မူးသလို ဟန္ေဆာင္ေနတာမ်ား
မင္းသားလုပ္လို႔ေတာင္ရတယ္....
မုန္းပစ္ခ်င္စရာႀကီး....."
ဟု ေျပာလာသည့္ ႏႈတ္ခမ္းပါးပါးေလးအား
နီရဲတြတ္လာသည္အထိ နမ္းကာ
အသက္ရႉၾကပ္လာသည့္ပုံေလးေၾကာင့္
လႊတ္ေပးလိုက္ၿပီး သူ႕ႏွာေခါင္းေလးကို
လက္ညွိုးႏွင့္လက္ခလည္သုံးၿပီး
ညွစ္လိုက္ကာ
" ဒီႏွာေခါင္းေလးနဲ႕ အသက္ရႉေလ...
ဘယ္လိုျဖစ္လို႔ အသက္ရႉတာကို
ေအာင့္ထားတာလဲ...."
ကြၽန္ေတာ့ကို စကားေတာင္
ျပန္မေျပာနိုင္ဘဲ ေဟာဟဲ ေဟာဟဲ
အသက္ရႉေနသည္...
သူ႕ေဘးနားေလးမွာ ဝင္လွဲလိုက္ေတာ့
သူေလးက ကြၽန္ေတာ့ ရင္ခြင္ထဲသို႔
တိုးဝင္လာသည္....
" ဟိတ္...ေျပာေတာ့ျဖင့္
အနံ႕မခံနိုင္ဘူးဆို...."
" ကိုကိုက ေနာက္ကို အၿမဲတမ္း
အရက္ေသာက္ရင္ အနံ႕ခံနိုင္ေအာင္လို႔
က်င့္ေနတာ..."
ဟု ေျပာလာျပန္သည္...
ၾကည့္ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲ...
ကြၽန္ေတာ့ကို ေနာက္ကို အရက္မေသာက္နဲ႕လို႔
မတားဘဲနဲ႕ ကြၽန္ေတာ္ အရက္ေသာက္လာရင္
သူ အနံ႕ခံနိုင္ေအာင္လို႔ က်င့္ေနတာတဲ့ေလ...
ကဲေျပာ....ဒီလိုကေလးေလးကိုမွ
မခ်စ္ရင္ ဘယ္ကေလးကိုခ်စ္ရမလဲ....
လွဲအိပ္ေနရာမွ သူေလး၏
လည္တိုင္ေလးထက္သို႔ အနမ္းမ်ားကို
ႀကဲမိေတာ့
" အင့္...ဟင့္...အင့္...."
ဆိုကာ အသံေလးေတြ ထြက္လာသည္...
သူ႕ႏႈတ္ခမ္းကို သူအုပ္လိုက္ကာ
ကြၽန္ေတာ့ရင္ဘတ္ကိုတြန္းလာသည္....
" အင့္...လုပ္နဲ႕....ကိုကို....
ဘယ္လိုႀကီးလဲ....ဟင္းးးးး မသိဘူး...."
ဟု တုန္တုန္ရီရီႏွင့္ တားလာသည့္ကေလးအား
ေၾကာက္သြားမည္စိုးသည္ေၾကာင့္
ရပ္တန႔္လိုက္ကာ သူ႕ႏွာေခါင္းေလးကို
နမ္းလိုက္ၿပီး ခုတင္ေပၚကေနထကာ
ေရခ်ိဳးခန္းထဲသို႔ ဝင္လိုက္ေတာ့သည္...
ဒီေလာက္ေလာက္ဆို ဟန္းးနီးမြန္းရင္
သူေလး အဆင္ေျပေလာက္မယ္
ထင္တာပါပဲ...
ဝုန္းဒိုင္းထသြားသည့္ကြၽန္ေတာ့ကို
စိတ္ဆိုးသြားတယ္ဟု ထင္သြားပုံရသည္...
" ကိုကို.... ဘာစားၿပီးၿပီလဲ..."
ဟုလွမ္းေမးသည္ေၾကာင့္
" ဟင့္အင္း...ဘာမွ မစားရေသးဘူး...
မင္းေစာင့္ေနမယ္ထင္လို႔ ျမန္ျမန္ျပန္လာတာ "
ဟု ေျဖလိုက္ေတာ့ မ်က္လုံးေလး
ပုတ္ခတ္ ပုတ္ခတ္ျဖင့္ ရွက္သြားကာ
" အဲ့ဒါဆို ဘာစားခ်င္လဲ....
Baek ဘာလုပ္ေပးရမလဲ...."
ဟု ေမးလာသည့္ လုံးတစ္ေလးအား
" အင္း...ေခါက္ဆြဲျပဳတ္စားခ်င္တယ္..."
" အြန္း...အဲ့ဒါဆို Baek သြားၿပီး
ျပဳတ္ထားလိုက္မယ္... ကိုကိုၿပီးရင္
ေအာက္ကို လိုက္လာခဲ့ေနာ္..."
" ျပန္တက္မလာဘူးလား..."
" ဘာ...ဘာလုပ္ဖို႔လဲ..."
" အကၤ်ီမထုတ္ေပးေတာ့ဘူးလား..."
" အာ...အကၤ်ီလား...
အခု ထုတ္သြားေပးမယ္ေလ...."
" အဲ့ေတာ့ ကိုယ့္ဘာ့သာကိုယ္
ဝတ္ရမွာလား..."
" ဗ်ာ..."
အရက္လည္းမေသာက္လာပါဘဲ
ရစ္ေနေသာ ကြၽန္ေတာ့ကိုကို...
" အကၤ်ီကိုဝတ္...ဝတ္ေပး...ရမွာလား..."
" အင္းေပါ့...အက္်ီမဝတ္ေပးခ်င္ရင္ေန
ၾကယ္သီးတပ္ေပးေလ..."
ဟု ေျပာလိုက္ေသာေၾကာင့္
ပါးေလးႏွစ္ဖက္ နီရဲလာကာ
ေခါင္းညိတ္ျပၿပီး....
" ၿပီး...ၿပီးရင္ တပ္ေပးမယ္ေနာ္...
အခု ေခါက္ဆြဲသြားျပဳတ္လိုက္ဦးမယ္..."
ဟု ေျပာကာ အခန္းအျပင္ကို
ေျပးထြက္သြားသည့္
ကေလးေလးအား လိုက္ၾကည့္ကာ
သေဘာတက်ႏွင့္ ရယ္လိုက္ေတာ့သည္...
အီးေပေလးက ရွက္သြားတာေနမွာ....
ဒါနဲ႕ ကြၽန္ေတာ္ မေမးလိုက္ရဘူး...
သူေခါက္ဆြဲေရာ ျပဳတ္တတ္ရဲ႕လားလို႔...
ေတာ္ၾကာ အပူေတြေလာင္ကုန္မွျဖင့္
မျဖစ္ေသးပါဘူး ေရျမန္ျမန္ခ်ိဳးမွပါ...
ေရကို ကမန္းကတန္းခ်ိဳးလိုက္ကာ
ေရခ်ိဳးခန္းထဲကေန ထြက္လာေတာ့
ခုတင္ေအာက္ကို ေျခေထာက္ကေလး
တန္းလန္းကေလးခ်ကာ ငုတ္တုပ္ကေလး
ထိုင္ေနသည္...
ေခါက္ဆြဲျပဳတ္တာ အဲ့ေလာက္ျမန္တယ္....
သဘတ္ကေလးသုတ္ကာ ဘီရိုေရွ႕ကို
မတ္တပ္ရပ္လိုက္ေတာ့ အေနာက္ကေန
အကၤ်ေလးကိုကိုင္ကာ ေရာက္လာသည္...
" ကိုကို....."
ကြၽန္ေတာ့ကို အကၤ်ီဝတ္ေပးမလို႔
ေရာက္လာပုံပဲ....
" ဟို....ဟို...အက္်ီဝတ္...
ဝတ္ေတာ့မွာလား...."
ဟုေမးလာသည္ေၾကာင့္
ေခါင္းညိတ္ျပလိုက္တာေတာ့
ဆင္တူ ညဝတ္အကၤ်ီကိုျဖန႔္ကာ
ကြၽန္ေတာ့ကို အသင့္ဝတ္ေစသည္...
ဝတ္ၿပီး သူ႕ဘက္ကိုလွည့္ေပးလိုက္ေတာ့
ၾကယ္သီးေလးကို တပ္ေပးရန္
လက္ကေလးကတုန္တုန္ရီရီျဖင့္
အက္်ီကို ကိုင္လာသည္....
အရင္က သူဖက္ခ်င္တိုင္းဖက္...
လုပ္ခ်င္တိုင္းလုပ္ေနတဲ့ ေခြးေပါက္
မဟုတ္ေတာ့တဲ့အတိုင္းပဲ
အရွက္သည္းေနတာ....
အက္်ီၾကယ္သီးကိုေအာက္ဆုံးကေန
စတပ္လာသည္...ဟင္...ထူးထူးဆန္းဆန္း
အေပၚဆုံးကေန မတပ္ဘဲ
ၾကယ္သီးကို ေအာက္ကေန ေျပာင္းျပန္
ျပန္တပ္ရတယ္လို႔ သူ႕က်မွ...
" အေပၚကေန မတပ္ဘဲ ဘာလို႔
ေအာက္ဆုံးကေန စတပ္တာလဲ..."
ဟုေမးလိုက္ေတာ့ ၾကယ္သီးတပ္ေနရင္းႏွင့္
" မာမီက အက္်ီၾကယ္သီးတပ္ေပးရင္
အၿမဲတမ္းေအာက္ဆုံးကေန တပ္ေပးတာ..."
" ဘာလို႔.... "
"ဘာျဖစ္လို႔လဲဆိုေတာ့
ၾကယ္သီးေတြလြဲသြားမွာစိုးလို႔တဲ့...
Baek တို႔က ၾကယ္သီးတပ္ရင္
အေပၚဆုံးကေန စတပ္တာေလေဝၚ...
အဲ့က်ရင္ ေအာက္ဆုံးလည္းေရာက္ေရာ
ၾကယ္သီးေတြက လြဲေနေရာ....
အဲ့ဒါေၾကာင့္ မာမီက ၾကယ္သီးကို
ေအာက္ဆုံးကေန စတပ္ဖို႔ကို
သင္ေပးထားတာ..."
ေဟာၾကည့္...သူေလးႏွင့္စကားေျပာတိုင္း
တစ္ခုမဟုတ္ တစ္ခု အထူးအဆန္း
သိရသည္....
တစ္ျဖည္းျဖည္းတပ္ရင္းႏွင့္
ဗိုက္နားလည္းေရာက္ေရာ
ဗိုက္အသားကို သူ႕လက္ႏွင့္မထိေအာင္
အက္်ီစကို အသာေလးယူေနျပန္သည္...
သူက အသာေလး မထိတထိႏွင့္ဖြဖြေလး
လုပ္ေနတာေၾကာင့္ လူကတစ္ျဖည္းျဖည္းႏွင့္
ယားလာသည္....
တပ္ရင္းတပ္ရင္းျဖင့္
အေပၚဆုံးၾကယ္သီးကိုေရာက္လာသည္...
ကြၽန္ေတာ္က မငုံ႕ေပးဘဲ ခႏၶာကိုယ္ကို
တည့္တည့္ပဲရပ္ေနတာေၾကာင့္ သူေလး
မမွီေတာ့ေခ်...
ေျခဖ်ားေလးကိုေထာက္ကာ ေထာက္ကာျဖင့္
တပ္ေနေလသည္...ေသခ်ာမျမင္ရေတာ့
ၾကယ္သီးႏွင့္ၾကယ္သီးေပါက္ႏွင့္က
တစ္လြဲ....
ၾကာေတာ့သူေလးေညာင္းလာသည္ထင္သည္
" ကိုကို႔...နည္းနည္းေလာက္
ငုံ႕ေပးပါလား..."
" မမွီဘူးလား..."
ဟုေမးကာ သူေလးမ်က္ႏွာနားကို
ကြၽန္ေတာ့မ်က္ႏွာကပ္သြားသည္အထိ
ငုံ႕ေပးလိုက္ေတာ့
" အြတ္..."
ေဟာ သူေလးႀကိဳ႕ထိုးျပန္သည္...
ကြၽန္ေတာ္ ထိုကဲ့သို႔ လုပ္လိုက္တိုင္း
သူေလး ႀကိဳ႕ထိုးသည္...
အဲ့ဒါဆို အဲ့ႀကိဳ႕က ကြၽန္ေတာ့ေၾကာင့္
ထိုးတာေပါ့...
မ်က္ေတာင္ေလးကို ပုတ္ခတ္ပုတ္ခတ္ျဖင့္
အသည္းအသန္တပ္ေနသည့္ သူေလး၏
ခါးေလးကေန ဆြဲေပြ႕လိုက္ေတာ့
လူကို အေနာက္ကို အရမ္းလွန္ထားတာေၾကာင့္
ပက္လက္ကေလး ကြၽန္ေတာ့လက္ထဲသို႔
ပါလာသည္....
" အေဝးႀကီးကေန တပ္ေနတာကိုး...
ဘယ္လိုလုပ္ တပ္လို႔ရမွာလဲ ေျပာ..."
ဟုေမးကာ တပ္ခိုင္းေတာ့မွ
တပ္လို႔ ၿပီးသြားေလသည္....
ၿပီးသြားသည္အထိ ကြၽန္ေတာ္က
ဖက္ထားတာေၾကာင့္ ကြၽန္ေတာ့
ရင္ဘတ္ေပၚကို သူ႕လက္ဖဝါးေလးျဖင့္
တြန္းကာ
" လႊတ္....လႊတ္ေပးေတာ့ေလ...."
" ဘာလို႔ လႊတ္ေပးရမွာလဲ..."
ဟု သူ႕လည္ပင္းေလးထဲကို မ်က္ႏွာတိုးကာ
ေမးလိုက္ေတာ့ သူေလးက
အသက္ရႉေအာင့္လိုက္သည္...
အသက္ရႉေအာင့္လိုက္မွန္းကိုလည္း
သူ႕လည္ပင္းေၾကာေတြ
ေထာင္လာတာေၾကာင့္
သိလိုက္ရျခင္းျဖစ္သည္...
" ကိုကိုပဲ ဗိုက္....ဗိုက္ ဆာတယ္ဆို...."
" အင္း...ေခါက္ဆြဲျပဳတ္ၿပီးၿပီလား..."
ဟုေမးလိုက္ေတာ့
" အဲ့ဒါ ကိုကို႔ကိုေမးမလို႔...
ေခါက္ဆြဲထုပ္ကေလ ကုန္ေနလို႔
တစ္ျခား ဘာစားမလဲလို႔..."
ေၾသာ္...ထင္ေတာ့ ထင္ပါတယ္...
ေခါက္ဆြဲျပဳတ္တာ အဲ့ေလာက္
ျမန္ပါ့မလားလို႔....လက္စသတ္ေတာ့
ေခါက္ဆြဲထုပ္ ကုန္ေနတာကိုး....
" အဲ့ေတာ့ ကိုယ္ ဘာကိုစားရမလဲ..."
ဟုေမးလိုက္ေတာ့
" ကိုကို ဘာစားခ်င္လဲ...."
ဟု ကြၽန္ေတာ့အား ျပန္ေမးလာသည္...
ကြၽန္ေတာ္စားခ်င္တာကို ျပန္ေျဖလိုက္ရင္ေတာ့
ဒီေနရာမွာတင္ သူလန႔္ဖ်ား ဖ်ားသြားနိုင္သည္
ကိုယ္စားခ်င္တာက ဟင္းးးးဟင္းးးးးးး
ဟု စိတ္ထဲကေတြးကာ အျပင္တြင္ေတာ့
" အျပင္မွာ တစ္ခုခုသြားစားမလား..."
ဟု ေမးလိုက္ေတာ့ သူေလးက
စဥ္းစားသလိုေလး လုပ္လိုက္ကာ
" အဲ့လိုလုပ္ၾကမလား...."
ဟု ျပန္ေမးလာသည္ေၾကာင့္
ေခါင္းညိတ္ျပလိုက္ၿပီး
" သြား အႏြေးထည္သြားဝတ္....
သြားမယ္...."
ဟုေျပာလိုက္ေတာ့ အႏြေးထည္ေလးကို
ေျပးကိုင္ကာ
"ရၿပီ ကိုကို... ရယ္ဒီပဲ..."
ဟု ေျဖလာသည္....
" အရင္ဝတ္စမ္းပါဦးကြာ..."
ဟုေျပာကာ သူ႕လက္ထဲက
အႏြေးထည္ေလးကိုယူကာ
သူ႕ကိုဝတ္ေပးေတာ့ ခိုင္းသည့္အတိုင္း
ဝတ္ေနျပန္သည္....
ကြၽန္ေတာ့ဆီကေန သူယူထားေသာ
အႏြေးထည္မဟုတ္ဘဲ
ကြၽန္ေတာ္ေပးထားေသာ အႏြေးထည္
အနီေရာင္ကို ဝတ္ေပးကာ ဇစ္ကို
ေျခသလုံးနားကေန လည္ပင္းနား
ေရာက္သည္အထိ ဆြဲလိုက္ကာ
ေခါင္းစြပ္ကေလးကိုပါ ေစာင္းေစေတာ့
လူက ပိုးတုံးလုံးေလးျဖစ္သြားသည္....
ကြၽန္ေတာ္လည္း ဒူးဆစ္နားေလာက္ထိ
ရွည္ေသာ အႏြေးထည္ကိုဝတ္လိုက္ကာ
" လာ သြားမယ္...."
ဟု သူ႕လက္ကေလးကို ဆြဲေခၚကာ
အခန္းအျပင္ကို ထြက္ခဲ့ေတာ့သည္...
ေလွကား တစ္ဝက္ေလာက္ေရာက္ကာမွ
အိတ္ကပ္ထဲကို စမ္းၾကည့္မိေတာ့
ပိုက္ဆံအိတ္ မပါေပ...
" လုံးတစ္...ကိုယ့္ပိုက္ဆံအိတ္
က်န္ခဲ့ၿပီ...သြားယူလိုက္ဦး..
ကိုယ္ ကားထုတ္ထားႏွင့္မယ္..."
ဟု ေျပာေတာ့ ကြၽန္ေတာ့ကို ဒိုင္းခနဲဆို
မ်က္ေစာင္းထိုးကာ လက္ကို ႐ုန္းသြားၿပီး
အေပၚထပ္ကို ျပန္တက္သြားသည္...
ေကာက္သြားျပန္ၿပီထင္တယ္...
သူ႕ကို လုံးတစ္လို႔ ေခၚလိုက္လို႔...
~~~~~~~~~~to be continued 💛💚💙
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
( Unicode )
ငဂျုံ့ဘီယာခွက်ကိုကိုင်လိုက်ပြီး
လက်ထဲကို နည်းနည်းလောင်းချလိုက်ကာ
အင်္ကျီရင်ဘတ်ကို ဟိုသုတ်ဒီသုတ်
နည်းနည်းလုပ်လိုက်သည်...
ပါးစပ်ထဲကိုလည်း တစ်ငုံထည့်ကာ
ပါးလုပ်ကျင်းပြီးထွေးထုတ်လိုက်သည်....
ကျွန်တော်လုပ်နေသည်များကို
ဟိုနှစ်ကောင်ကလိုက်ကြည့်ကာ
မျက်နှာတွေက ရှုံ့မဲ့လျက်...
" လူယုတ်မာ အကြံနဲ့..."
ဟူ ပစ်ပစ်နှစ်နှစ် ပြောကာ
ကျန်နေခဲ့ကြသည်....
ခြံထဲကို ကားမောင်းပြီးဝင်လာတော့
ဟိုကလေးက အိမ်ပေါက်ဝလေးမှာ
ငုတ်တုပ်ကလေးထိုင်ကာ
ကျွန်တော်ပြန်မလာသေးလို့
စောင့်နေသည့်ပုံပါလေ...
ဪကွာ...ချစ်ပါတယ်ဆိုမှ
အချစ်ပိုအောင် လုပ်နေပြန်ပါပြီ...
ကားပေါ်ကနေ ယိုင်တိုင်တိုင်နဲ့
ဆင်းလိုက်တော့ အနားကို
ချက်ချင်းရောက်လာကာ
ကျွန်တော့ကို တွဲလိုက်ပြီး
" ဟာ...ဟေ့ ကိုကို...
အများကြီး မသောက်လာပါနဲ့လို့
ပြောလိုက်တဲ့ဟာကို သောက်လာပြန်ပြီ ကြည့်...."
ဟု ပါးစပ်ကနေလည်း ပွစိပွစိပြောကာ
ကျွန်တော့ကိုယ်ကြီးကိုမနိုင်မနင်းမနေသည်....
မူးချင်ယောင်ဆောင်နေသည့်
ကျွန်တော်ကလည်း သူ့ကိုယ်လေးပေါ်ကို
အားပြုထားလိုက်သည်...
" အီးးးးးး လေးလိုက်တာ ကိုကိုရာ...
ကိုကို့... လမ်းလေးနည်းနည်းလောက်
လျှောက်ဦးလေ...Baek ကိုချည်းပဲ
အားပြုမနေနဲ့...."
ဟု ပြောလာပြန်သည်....
" ကိုကို့.... ဟာ ကိုကို့....
အဲ့လိုကြီးမထိုင်ချလိုက်နဲ့...
အခန်းထဲမှာသွားအိပ်မယ်လေ....
ဒီမှာအိပ်လို့မရဘူး...ထထ...
ကိုကိုက လိမ္မာတယ်..."
ဆိုကာ ကျွန်တော့ကို ထိုင်မချစေရန်
အတင်းဆွဲမထားကာ လူကြီးလေးလို
ကျွန်တော့ကို လိမ္မာသလေး ဘာလေးနဲ့
ချော့ပြောနေပြန်သည်....
အသည်းယားစရာလေး....
" ဟိတ်... ကလေးလေး...."
ဟု ကျွန်တော်က မူးချင်ယောင်ဆောင်ကာ
ထအော်လိုက်တော့ ကျွန်တော့ပါးစပ်ကို
လက်ကလေးဖြင့် အုပ်ကာ
" ရှူးတိုးတိုး....ဘဘနိုးသွားရင်
ကိုကို အဆူခံရမယ်လေ....
အကျယ်ကြီး မအော်ရဘူး..."
ဟု ကျွန်တော့ကို ပြောကာ
လှေကားဆီသို့ ကျွန်တော့ကို တွဲကာ
ခေါ်လာသည်....
ပြီးတော့ လှေကားအောက်ဆုံးထစ်ကနေ
အပေါ်ဆုံးထစ်ကို သူ့ဘာ့သာမော့ကြည့်ကာ
သက်ပြင်းလေးချပြီး
" ငါ ဘယ်လို သယ်ရမလဲ..."
ဟု တိုးတိုးလေး ရေရွတ်နေပြန်သည်...
သူ့ကိုကြည့်ပြီး ရယ်ချင်လာသည်ကြောင့်
ခေါင်းကိုမော့ကာ ခိုးရယ်လိုက်သည်....
ပြီးတော့ သူ့ပုခုံးပေါ်ကို တင်ထားသည့်
ကျွန်တော့လက်ကို သူ့လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ကျွန်တော့ခါးကို
သိုင်းဖက်လာသည့် နောက်ထပ်
လက်သွယ်သွယ်လေး....
" ကိုကို... Baekတို့ အိမ်ပေါ်ကို
သွားကြမယ်နော်....လှေကားတွေကို
သေချာတက်ပေးလေနော်...မဟုတ်ရင်
ပြုတ်ကျပြီး ကိုကို နာသွားမှာစိုးလို့..."
ဟု တိုးတိုးလေးဆိုမှ တကယ်တိုးတိုးလေး
ပြောလာသည်... ပြုတ်ကျတာခြင်း
အတူတူတောင် သူနာမှာစိုးလို့ မဟုတ်ဘဲ ကျွန်တော် နာမှာစိုးလို့တဲ့...
ဘယ်လောက် ချစ်ဖို့ကောင်းလဲ....
သူလေးကို သနားသောအားဖြင့်သေချာ
တက်ပေးလိုက်ပါတော့မယ်....
လှေကားကို ဖြည်းဖြည်းချင်း တစ်ထစ်ချင်းစီ
စတက်ကာ အပေါ်ကို ရောက်တော့မှ
Baek က ကျွန်တော့ပါးကို မော့နမ်းလိုက်ကာ
" Baek ကိုကိုက တော်လိုက်တာ..."
ဟု ချီးမွမ်းလာသည်...
ဒီအနမ်းက ကလေးလေးတစ်ယောက်က
အလုပ်တစ်ခုကို သေချာလုပ်လို့ တော်လို့
လူကြီးတစ်ယောက်က ပေးသလို...
ကျွန်တော်က လှေကားကို
သေချာတက်ပေးလို့ ရသည့်
ဆုတစ်ခု ဖြစ်မည်ထင်....
ဘာပဲဖြစ်ဖြစ် အနမ်းခံလိုက်ရတယ်...
မူးချင်ယောင်ဆောင်ရတာ တန်တယ်...
" အမလေး...အမလေး...
မထိုင်ချလိုက်ပါနဲ့ဦး...
အခန်းထဲရောက်တော့မယ် ကိုကိုရဲ့...
နည်းနည်းလေးပဲ လမ်းလျှောက်လိုက်လေ..."
ဟု ထိုင်ချလိုက်သည့် ကျွန်တော့ကို
သူကလည်းငုတ်တုပ်ထိုင်ပြီး ချိုင်းကနေ
ဆွဲမနေကာ ပြောနေပြန်သည်...
သူလေးကို ဆွဲဖက်ထားလိုက်တော့
ငြိမ်ငြိမ်လေး နေပေးကာ ကျွန်တော့
ကျောကုန်းလေးကို ဖြည်းဖြည်းချင်း
ပုတ်ပေးနေသည်....
ကျွန်တော့ကို တကယ်မူးနေတယ်ထင်ပြီး
ချော့နေတာ....
" ကဲ....ကိုကိုက လိမ္မာတယ်နော်...
အိပ်ခန်းထဲသွားရအောင်....
ထပါကိုကိုရယ်.... "
ဟု ချော့ပြောကာ ကျွန်တော့ကို
မ နေပြန်တာကြောင့် အသာလေး
လိုက်ထပေးလိုက်တော့ ချက်ချင်းကို
ကျွန်တော့လက်တစ်ဖက်ကိုမြှောက်ကာ
သူ့ပုခုံးပေါ်ကို တင်လိုက်ပြီး
သူ့လက် သွယ်သွယ်လေး နောက်တစ်ဖက်ဖြင့်
ကျွန်တော့ခါးကို ချက်ချင်းဖက်လိုက်ပြန်သည်
တစ်ဖြည်းဖြည်းချင်း အခန်းထဲရောက်သွားကာ
ခုတင်ပေါ်ကို ကျွန်တော့ကို လှဲချလိုက်စဉ်
သူလေးကိုပါ ဖက်ပြီး လှဲချလိုက်တော့
နှစ်ယောက်စလုံး ခုတင်ပေါ်သို့ ဘေးတိုက်
လဲကျသွားသည်...
သူလေးကတော့ ကျွန်တော့ပုခုံးလေးကို
ပုတ်ပြီး သိပ်နေသည်...
အသည်းယားလာတာကြောင့် သူ့ကို
ပလက်လှန်လိုက်ကာ ကျွန်တော်က
သူ့အပေါ်ကနေ အုပ်မိုးလိုက်တော့
အလန့်လန့် အဖြန့်ဖြန့်နဲ့ ကျွန်တော့
ရင်ဘတ်ကို တွန်းလာပြီး
" ဟင်... ကိုကို မမူးဘူး..."
ဟု အံ့သြတကြီးနှင့်မေးလာသည့်
လုံးတစ်လေးအား
" ဟင့်အင်း... ကိုယ်မူးတယ်...
ဒါပေမယ့် မင်းထင်သလောက် မမူးတာ..."
ဟု ပြောတော့ သူလေးက မျက်စောင်းထိုးကာ
" သူ့ကိုယ်ကြီး အလေးကြီးကို
သယ်ခိုင်းတယ်...ဒီမှာ
အသက်ထွက်ပြီတောင် ထင်တာ..."
" အသက်က မထွက်ပါနဲ့ဦး....
နေပါဦး...မင်္ဂလာတောင်
မဆောင်ရသေးဘူး..."
ဟု ပြောလိုက်တော့ ပါးလေးနှစ်ဖက်က
ရဲခနဲ ဖြစ်သွားကာ နီလာပြီး
"အဲ့ကိုကိုကလေ...တကယ်ပဲ
မင်္ဂလာဆောင်ဖို့ပဲ ပြောနေတာပဲ... "
" ဟောဗျာ...မင်္ဂလာဆောင်ခါနီးမလို့
မင်္ဂလာဆောင်ဖို့ ပြောတာပေါ့...
ဘာလဲ မကြိုက်ဘူးလား...."
ဟု မေးလိုက်တော့
" မကြိုက်တာတော့ မဟုတ်ပါဘူး...
ဒါပေမယ့် ရှက်စရာကြီးလေ...."
" ဟင်...ရှက်တယ် ဟုတ်လား...
ရှက်စရာ ဘာပါလို့လဲ..."
ဟု မေးပြီးမှ သူလေးကို စချင်ပြန်တာကြောင့်
"ဟိတ်....တစ်ယောက်တည်း
ဘာတွေတွေးပြီး ရှက်နေတာလဲ...."
ဟု စလိုက်တော့
" ကိုကိုနော်....မစနဲ့ဗျာ...
ရှက်ပါတယ်ဆိုမှ...."
ဟု ကျွန်တော့ ရင်ဘတ်ကို ထုကာ
ပြောလာသည်...
" အင်းလေ... ဘာကိုရှက်တာလဲလို့....
ဘာလဲ...ကိုယ်နဲ့ မင်္ဂလာဆောင်ရလို့
ရှက်တာလား....ရှက်ရင်လည်း
မင်္ဂလာမဆောင်ဘဲ နေရုံပေါ့...."
ဟု ပြောလိုက်တော့ သူလေးက
ခေါင်းရမ်းပြကာ
" အယ်....မဟုတ်တာ ...
ကိုကိုနဲ့ မင်္ဂလာဆောင်ရလို့
ရှက်တာ မဟုတ်ပါဘူး...."
"အဲဲ့ဒါဆို ဘာလို့ရှက်တာလဲ...."
ဟုထပ်မေးတော့
မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်လုပ်ကာ
မဖြေတတ်၍ ဘယ်လိုဖြေရမည်မှန်းမသိသည့်
ပုံစံလေးနှင့်...
" ဘာလဲ ဟန်းနီးမွန်း ထွက်ရမှာကို
ရှက်တာလား... မဂ်လာဦးညကို
ရှက်တာလား..."
" ဟာ...ကိုကိုကလည်း ရှက်ပါတယ်ဆိုမှ
ဘာလို့ အဲ့လိုကြီး ပြောတာလဲ..."
ဟု ကျွန်တော့အား မကြည့်တော့ဘဲ
ခေါင်းလေးငုံ့ကာ မပြောစေချင်ကြောင်း
ပြလေသည်...
" အခုမပြောလည်း နောက်ပိုင်းကျရင်
ကြုံရမှာပဲကို..."
ဟုပြောလိုက်တော့
"နောက်ပိုင်းကြုံမှာက နောက်ပိုင်းမှလေ..."
"အဲဲဒါဆို နောက်ပိုင်းမှာကြုံရင် ရပြီပေါ့...
အဲ့လိုလား...သေချာလို့လား...."
ဟု မေးလိုက်တော့
"ကိုကို မကောင်းဘူးဗျာ...
ရှက်ပါတယ်ဆိုမှ လိုက်စနေတယ်...
ကိုကို ခြေထောက် လက်ထောက်ဆေး...
မျက်နှာသစ် သွားတိုက်ချေ သွား...
အက်ျီလဲဖို့ ထုတ်ထားပေးမယ်...."
ဟု စကားလမ်းကြောင်းလွှဲကာ
ကျွန်တော့ကို မောင်းထုတ်နေသည့်
သူ့အား ရစ်ချင်လာသည်ကြောင့်
" ဘာလို့လဲ...အနံ့မခံနိုင်လို့လား..."
ဟု မေးလိုက်တော့
ခေါင်းလေးညိတ်ပြသည်ကြောင့်
" ကိုယ့်သောက်လာလို့ ရတဲ့အနံ့လေ...
ကိုယ့်ဆီက ရတဲ့အနံ့ပဲကို...
သည်းမခံနိုင်ဘူးလား..."
ဟု မေးလိုက်တော့
" အခုလိုတော့ သည်းခံနိုင်တယ်လေ....
တစ်ညလုံးအိပ်ရင်တော့ အနံ့ကြီးက
ပျင်းတာကြီးကို...."
" အဲ့တော့ ကိုယ့်ကို သည်းမခံနိုင်ဘူးပေါ့..."
" ဟာကွာ...ကိုကိုကလည်း
အရမ်းကြီးလည်း မမူးလာဘဲနဲ့
ရစ်နေပြန်ပြီ...."
ဟု အလိုမကျသည့် အသံလေးဖြင့်
ပြောလာသည်ကြောင့်
" ကိုယ် မူး မမူး သိချင်လား..."
" ဟင့်အင်း....မသိ...."
ဟု စကားပင် ဆုံးအောင်ပြောခွင့်မပေးဘဲ
သူလေးနှုတ်ခမ်းအား ကြမ်းတမ်းစွာ
နမ်းလိုက်ပြီး
" ပြော....ကိုယ် မူးနေလား...."
" ဟင့်အင်း...မမူးဘူး....
အဲ့ဒါဆို သက်သက် ရစ်တာပေါ့...."
" ဟားးးးးဟားးးးးဟားးးးး ဟုတ်ပဗျာ....
ဟုတ်ပ....ခင်ဗျားလေးကို စချင်လို့
တမင် ဘီယာတွေကို အက်ျမှာ
သုတ်လာတာ...."
ဟု ပြောတော့ သူလေးက
ကျွန်တော့ ရင်ဘတ်ကိုထုကာ
" အဲ့ကိုကိုကလေ Baek ကိုဆို သိပ်စ...
ခုနတုန်းက မူးသလို ဟန်ဆောင်နေတာများ
မင်းသားလုပ်လို့တောင်ရတယ်....
မုန်းပစ်ချင်စရာကြီး....."
ဟု ပြောလာသည့် နှုတ်ခမ်းပါးပါးလေးအား
နီရဲတွတ်လာသည်အထိ နမ်းကာ
အသက်ရှူကြပ်လာသည့်ပုံလေးကြောင့်
လွှတ်ပေးလိုက်ပြီး သူ့နှာခေါင်းလေးကို
လက်ညှိုးနှင့်လက်ခလည်သုံးပြီး
ညှစ်လိုက်ကာ
" ဒီနှာခေါင်းလေးနဲ့ အသက်ရှူလေ...
ဘယ်လိုဖြစ်လို့ အသက်ရှူတာကို
အောင့်ထားတာလဲ...."
ကျွန်တော့ကို စကားတောင်
ပြန်မပြောနိုင်ဘဲ ဟောဟဲ ဟောဟဲ
အသက်ရှူနေသည်...
သူ့ဘေးနားလေးမှာ ဝင်လှဲလိုက်တော့
သူလေးက ကျွန်တော့ ရင်ခွင်ထဲသို့
တိုးဝင်လာသည်....
" ဟိတ်...ပြောတော့ဖြင့်
အနံ့မခံနိုင်ဘူးဆို...."
" ကိုကိုက နောက်ကို အမြဲတမ်း
အရက်သောက်ရင် အနံ့ခံနိုင်အောင်လို့
ကျင့်နေတာ..."
ဟု ပြောလာပြန်သည်...
ကြည့် ဘယ်လောက်ချစ်ဖို့ကောင်းလဲ...
ကျွန်တော့ကို နောက်ကို အရက်မသောက်နဲ့လို့
မတားဘဲနဲ့ ကျွန်တော် အရက်သောက်လာရင်
သူ အနံ့ခံနိုင်အောင်လို့ ကျင့်နေတာတဲ့လေ...
ကဲပြော....ဒီလိုကလေးလေးကိုမှ
မချစ်ရင် ဘယ်ကလေးကိုချစ်ရမလဲ....
လှဲအိပ်နေရာမှ သူလေး၏
လည်တိုင်လေးထက်သို့ အနမ်းများကို
ကြဲမိတော့
" အင့်...ဟင့်...အင့်...."
ဆိုကာ အသံလေးတွေ ထွက်လာသည်...
သူ့နှုတ်ခမ်းကို သူအုပ်လိုက်ကာ
ကျွန်တော့ရင်ဘတ်ကိုတွန်းလာသည်....
" အင့်...လုပ်နဲ့....ကိုကို....
ဘယ်လိုကြီးလဲ....ဟင်းးးးး မသိဘူး...."
ဟု တုန်တုန်ရီရီနှင့် တားလာသည့်ကလေးအား
ကြောက်သွားမည်စိုးသည်ကြောင့်
ရပ်တန့်လိုက်ကာ သူ့နှာခေါင်းလေးကို
နမ်းလိုက်ပြီး ခုတင်ပေါ်ကနေထကာ
ရေချိုးခန်းထဲသို့ ဝင်လိုက်တော့သည်...
ဒီလောက်လောက်ဆို ဟန်းးနီးမွန်းရင်
သူလေး အဆင်ပြေလောက်မယ်
ထင်တာပါပဲ...
ဝုန်းဒိုင်းထသွားသည့်ကျွန်တော့ကို
စိတ်ဆိုးသွားတယ်ဟု ထင်သွားပုံရသည်...
" ကိုကို.... ဘာစားပြီးပြီလဲ..."
ဟုလှမ်းမေးသည်ကြောင့်
" ဟင့်အင်း...ဘာမှ မစားရသေးဘူး...
မင်းစောင့်နေမယ်ထင်လို့ မြန်မြန်ပြန်လာတာ "
ဟု ဖြေလိုက်တော့ မျက်လုံးလေး
ပုတ်ခတ် ပုတ်ခတ်ဖြင့် ရှက်သွားကာ
" အဲ့ဒါဆို ဘာစားချင်လဲ....
Baek ဘာလုပ်ပေးရမလဲ...."
ဟု မေးလာသည့် လုံးတစ်လေးအား
" အင်း...ခေါက်ဆွဲပြုတ်စားချင်တယ်..."
" အွန်း...အဲ့ဒါဆို Baek သွားပြီး
ပြုတ်ထားလိုက်မယ်... ကိုကိုပြီးရင်
အောက်ကို လိုက်လာခဲ့နော်..."
" ပြန်တက်မလာဘူးလား..."
" ဘာ...ဘာလုပ်ဖို့လဲ..."
" အင်္ကျီမထုတ်ပေးတော့ဘူးလား..."
" အာ...အင်္ကျီလား...
အခု ထုတ်သွားပေးမယ်လေ...."
" အဲ့တော့ ကိုယ့်ဘာ့သာကိုယ်
ဝတ်ရမှာလား..."
" ဗျာ..."
အရက်လည်းမသောက်လာပါဘဲ
ရစ်နေသော ကျွန်တော့ကိုကို...
" အင်္ကျီကိုဝတ်...ဝတ်ပေး...ရမှာလား..."
" အင်းပေါ့...အက်ျီမဝတ်ပေးချင်ရင်နေ
ကြယ်သီးတပ်ပေးလေ..."
ဟု ပြောလိုက်သောကြောင့်
ပါးလေးနှစ်ဖက် နီရဲလာကာ
ခေါင်းညိတ်ပြပြီး....
" ပြီး...ပြီးရင် တပ်ပေးမယ်နော်...
အခု ခေါက်ဆွဲသွားပြုတ်လိုက်ဦးမယ်..."
ဟု ပြောကာ အခန်းအပြင်ကို
ပြေးထွက်သွားသည့်
ကလေးလေးအား လိုက်ကြည့်ကာ
သဘောတကျနှင့် ရယ်လိုက်တော့သည်...
အီးပေလေးက ရှက်သွားတာနေမှာ....
ဒါနဲ့ ကျွန်တော် မမေးလိုက်ရဘူး...
သူခေါက်ဆွဲရော ပြုတ်တတ်ရဲ့လားလို့...
တော်ကြာ အပူတွေလောင်ကုန်မှဖြင့်
မဖြစ်သေးပါဘူး ရေမြန်မြန်ချိုးမှပါ...
ရေကို ကမန်းကတန်းချိုးလိုက်ကာ
ရေချိုးခန်းထဲကနေ ထွက်လာတော့
ခုတင်အောက်ကို ခြေထောက်ကလေး
တန်းလန်းကလေးချကာ ငုတ်တုပ်ကလေး
ထိုင်နေသည်...
ခေါက်ဆွဲပြုတ်တာ အဲ့လောက်မြန်တယ်....
သဘတ်ကလေးသုတ်ကာ ဘီရိုရှေ့ကို
မတ်တပ်ရပ်လိုက်တော့ အနောက်ကနေ
အင်္ကျလေးကိုကိုင်ကာ ရောက်လာသည်...
" ကိုကို....."
ကျွန်တော့ကို အင်္ကျီဝတ်ပေးမလို့
ရောက်လာပုံပဲ....
" ဟို....ဟို...အက်ျီဝတ်...
ဝတ်တော့မှာလား...."
ဟုမေးလာသည်ကြောင့်
ခေါင်းညိတ်ပြလိုက်တာတော့
ဆင်တူ ညဝတ်အင်္ကျီကိုဖြန့်ကာ
ကျွန်တော့ကို အသင့်ဝတ်စေသည်...
ဝတ်ပြီး သူ့ဘက်ကိုလှည့်ပေးလိုက်တော့
ကြယ်သီးလေးကို တပ်ပေးရန်
လက်ကလေးကတုန်တုန်ရီရီဖြင့်
အက်ျီကို ကိုင်လာသည်....
အရင်က သူဖက်ချင်တိုင်းဖက်...
လုပ်ချင်တိုင်းလုပ်နေတဲ့ ခွေးပေါက်
မဟုတ်တော့တဲ့အတိုင်းပဲ
အရှက်သည်းနေတာ....
အက်ျီကြယ်သီးကိုအောက်ဆုံးကနေ
စတပ်လာသည်...ဟင်...ထူးထူးဆန်းဆန်း
အပေါ်ဆုံးကနေ မတပ်ဘဲ
ကြယ်သီးကို အောက်ကနေ ပြောင်းပြန်
ပြန်တပ်ရတယ်လို့ သူ့ကျမှ...
" အပေါ်ကနေ မတပ်ဘဲ ဘာလို့
အောက်ဆုံးကနေ စတပ်တာလဲ..."
ဟုမေးလိုက်တော့ ကြယ်သီးတပ်နေရင်းနှင့်
" မာမီက အက်ျီကြယ်သီးတပ်ပေးရင်
အမြဲတမ်းအောက်ဆုံးကနေ တပ်ပေးတာ..."
" ဘာလို့.... "
"ဘာဖြစ်လို့လဲဆိုတော့
ကြယ်သီးတွေလွဲသွားမှာစိုးလို့တဲ့...
Baek တို့က ကြယ်သီးတပ်ရင်
အပေါ်ဆုံးကနေ စတပ်တာလေဝေါ်...
အဲ့ကျရင် အောက်ဆုံးလည်းရောက်ရော
ကြယ်သီးတွေက လွဲနေရော....
အဲ့ဒါကြောင့် မာမီက ကြယ်သီးကို
အောက်ဆုံးကနေ စတပ်ဖို့ကို
သင်ပေးထားတာ..."
ဟောကြည့်...သူလေးနှင့်စကားပြောတိုင်း
တစ်ခုမဟုတ် တစ်ခု အထူးအဆန်း
သိရသည်....
တစ်ဖြည်းဖြည်းတပ်ရင်းနှင့်
ဗိုက်နားလည်းရောက်ရော
ဗိုက်အသားကို သူ့လက်နှင့်မထိအောင်
အက်ျီစကို အသာလေးယူနေပြန်သည်...
သူက အသာလေး မထိတထိနှင့်ဖွဖွလေး
လုပ်နေတာကြောင့် လူကတစ်ဖြည်းဖြည်းနှင့်
ယားလာသည်....
တပ်ရင်းတပ်ရင်းဖြင့်
အပေါ်ဆုံးကြယ်သီးကိုရောက်လာသည်...
ကျွန်တော်က မငုံ့ပေးဘဲ ခန္ဓာကိုယ်ကို
တည့်တည့်ပဲရပ်နေတာကြောင့် သူလေး
မမှီတော့ချေ...
ခြေဖျားလေးကိုထောက်ကာ ထောက်ကာဖြင့်
တပ်နေလေသည်...သေချာမမြင်ရတော့
ကြယ်သီးနှင့်ကြယ်သီးပေါက်နှင့်က
တစ်လွဲ....
ကြာတော့သူလေးညောင်းလာသည်ထင်သည်
" ကိုကို့...နည်းနည်းလောက်
ငုံ့ပေးပါလား..."
" မမှီဘူးလား..."
ဟုမေးကာ သူလေးမျက်နှာနားကို
ကျွန်တော့မျက်နှာကပ်သွားသည်အထိ
ငုံ့ပေးလိုက်တော့
" အွတ်..."
ဟော သူလေးကြို့ထိုးပြန်သည်...
ကျွန်တော် ထိုကဲ့သို့ လုပ်လိုက်တိုင်း
သူလေး ကြို့ထိုးသည်...
အဲ့ဒါဆို အဲ့ကြို့က ကျွန်တော့ကြောင့်
ထိုးတာပေါ့...
မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်ဖြင့်
အသည်းအသန်တပ်နေသည့် သူလေး၏
ခါးလေးကနေ ဆွဲပွေ့လိုက်တော့
လူကို အနောက်ကို အရမ်းလှန်ထားတာကြောင့်
ပက်လက်ကလေး ကျွန်တော့လက်ထဲသို့
ပါလာသည်....
" အဝေးကြီးကနေ တပ်နေတာကိုး...
ဘယ်လိုလုပ် တပ်လို့ရမှာလဲ ပြော..."
ဟုမေးကာ တပ်ခိုင်းတော့မှ
တပ်လို့ ပြီးသွားလေသည်....
ပြီးသွားသည်အထိ ကျွန်တော်က
ဖက်ထားတာကြောင့် ကျွန်တော့
ရင်ဘတ်ပေါ်ကို သူ့လက်ဖဝါးလေးဖြင့်
တွန်းကာ
" လွှတ်....လွှတ်ပေးတော့လေ...."
" ဘာလို့ လွှတ်ပေးရမှာလဲ..."
ဟု သူ့လည်ပင်းလေးထဲကို မျက်နှာတိုးကာ
မေးလိုက်တော့ သူလေးက
အသက်ရှူအောင့်လိုက်သည်...
အသက်ရှူအောင့်လိုက်မှန်းကိုလည်း
သူ့လည်ပင်းကြောတွေ
ထောင်လာတာကြောင့်
သိလိုက်ရခြင်းဖြစ်သည်...
" ကိုကိုပဲ ဗိုက်....ဗိုက် ဆာတယ်ဆို...."
" အင်း...ခေါက်ဆွဲပြုတ်ပြီးပြီလား..."
ဟုမေးလိုက်တော့
" အဲ့ဒါ ကိုကို့ကိုမေးမလို့...
ခေါက်ဆွဲထုပ်ကလေ ကုန်နေလို့
တစ်ခြား ဘာစားမလဲလို့..."
သြော်...ထင်တော့ ထင်ပါတယ်...
ခေါက်ဆွဲပြုတ်တာ အဲ့လောက်
မြန်ပါ့မလားလို့....လက်စသတ်တော့
ခေါက်ဆွဲထုပ် ကုန်နေတာကိုး....
" အဲ့တော့ ကိုယ် ဘာကိုစားရမလဲ..."
ဟုမေးလိုက်တော့
" ကိုကို ဘာစားချင်လဲ...."
ဟု ကျွန်တော့အား ပြန်မေးလာသည်...
ကျွန်တော်စားချင်တာကို ပြန်ဖြေလိုက်ရင်တော့
ဒီနေရာမှာတင် သူလန့်ဖျား ဖျားသွားနိုင်သည်
ကိုယ်စားချင်တာက ဟင်းးးးဟင်းးးးးးး
ဟု စိတ်ထဲကတွေးကာ အပြင်တွင်တော့
" အပြင်မှာ တစ်ခုခုသွားစားမလား..."
ဟု မေးလိုက်တော့ သူလေးက
စဉ်းစားသလိုလေး လုပ်လိုက်ကာ
" အဲ့လိုလုပ်ကြမလား...."
ဟု ပြန်မေးလာသည်ကြောင့်
ခေါင်းညိတ်ပြလိုက်ပြီး
" သွား အနွေးထည်သွားဝတ်....
သွားမယ်...."
ဟုပြောလိုက်တော့ အနွေးထည်လေးကို
ပြေးကိုင်ကာ
"ရပြီ ကိုကို... ရယ်ဒီပဲ..."
ဟု ဖြေလာသည်....
" အရင်ဝတ်စမ်းပါဦးကွာ..."
ဟုပြောကာ သူ့လက်ထဲက
အနွေးထည်လေးကိုယူကာ
သူ့ကိုဝတ်ပေးတော့ ခိုင်းသည့်အတိုင်း
ဝတ်နေပြန်သည်....
ကျွန်တော့ဆီကနေ သူယူထားသော
အနွေးထည်မဟုတ်ဘဲ
ကျွန်တော်ပေးထားသော အနွေးထည်
အနီရောင်ကို ဝတ်ပေးကာ ဇစ်ကို
ခြေသလုံးနားကနေ လည်ပင်းနား
ရောက်သည်အထိ ဆွဲလိုက်ကာ
ခေါင်းစွပ်ကလေးကိုပါ စောင်းစေတော့
လူက ပိုးတုံးလုံးလေးဖြစ်သွားသည်....
ကျွန်တော်လည်း ဒူးဆစ်နားလောက်ထိ
ရှည်သော အနွေးထည်ကိုဝတ်လိုက်ကာ
" လာ သွားမယ်...."
ဟု သူ့လက်ကလေးကို ဆွဲခေါ်ကာ
အခန်းအပြင်ကို ထွက်ခဲ့တော့သည်...
လှေကား တစ်ဝက်လောက်ရောက်ကာမှ
အိတ်ကပ်ထဲကို စမ်းကြည့်မိတော့
ပိုက်ဆံအိတ် မပါပေ...
" လုံးတစ်...ကိုယ့်ပိုက်ဆံအိတ်
ကျန်ခဲ့ပြီ...သွားယူလိုက်ဦး..
ကိုယ် ကားထုတ်ထားနှင့်မယ်..."
ဟု ပြောတော့ ကျွန်တော့ကို ဒိုင်းခနဲဆို
မျက်စောင်းထိုးကာ လက်ကို ရုန်းသွားပြီး
အပေါ်ထပ်ကို ပြန်တက်သွားသည်...
ကောက်သွားပြန်ပြီထင်တယ်...
သူ့ကို လုံးတစ်လို့ ခေါ်လိုက်လို့...
~~~~~~~~~~to be continued 💛💚💙