The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 51

40.8K 5K 337
By Heather_Bell

Unicode

လီချန်းယုံကို ခေါ်ဆောင်လာသော အဖိုးကြီးသည် အလာကကဲ့သို့ အဖြူရောင်ငှက်ကြီးဖြင့်ပင် ပြန်ပို့ဆောင်ပေးခဲ့သည်။ ကောင်းကင်မှ မြေပြင်သို့ မြင်နိုင်လောက်သည့် အကွာအဝေးတွင် ဟန်ယန်းတောတစ်ခုလုံး မြင်းများစီးနင်းသည့် ကိုယ်ရံတော်တပ်ဖွဲ့များနှင့် စစ်သည်တော်တို့ဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရသည်။

လီချန်းယုံမှာ အလွန်အမင်းအံ့သြမသွားဘဲ အခြေအနေမှန်ကို ရိပ်စားမိလေသည်။ လင်းမိုကသူ့ကိုရှာရန်တပ်ဖွဲ့များစေလွှတ်ထားခြင်းဖြစ်ဟန်တူသည်။

ကောင်းကင်မှ ပျံဝဲလာသော အဖြူငှက်ကြီးနှင့် အဖိုးအိုကို သာမန်လူတို့ မမြင်နိုင်ပေ။ အဖိုးအိုသည် လီချန်းယုံကို သူကနဦးက ခေါ်ဆောင်လာသော နေရာသို့ ပြန်ပို့ပေးသည်။ ထိုနေရာ၏ အနီးတစ်ဝိုက်တွင် စစ်သည်တော်တို့ရှိမနေ။

လီချန်းယုံက ငှက်ကြီး၏ကိုယ်ပေါ်မှ အလျင်အမြန်ဆင်းပြီး သူကျားအရေခွံထားခဲ့သော နေရာသို့သွားလိုက်သည်။ ကျားအရေခွံသည် သူထားခဲ့သော နေရာတွင်ရှိမနေ။ သူသေချာအောင်အနီးပတ်ပတ်လည်ထိ ရှာကြည့်သည်။

ထိုအချိန်တွင် လင်းမိုသည် မြင်းနက်ကြီးကို စီးကာ တောတစ်ခုလုံး နေရာလပ်မကျန်အောင် လီချန်းယုံကို ရှာဖွေနေခဲ့သည်။

"အူ....''
မလှမ်းမကမ်းဆီက ဝံပုလွေအူသံသည် ရှောင်ချို၏ အသံဖြစ်မှန်းသိသောကြောင့် လင်းမိုက မြင်းကိုရပ်တန့်လိုက်သည်။ သူက စိတ်အာရုံဖြင့် ရှောင်ချိုကို လှမ်းဆက်သွယ်လိုက်သည်။

"အရှင်...ကျွန်တော်ခံစားလို့ရပြီ။ သခင်လေးပြန်လာပြီ။ အရှင် မနက္က ကျားအရေခွံယူလာတဲ့နေရာမှာ...''

"မင်းဟေးချိုနဲ့ကိုယ်ရံတော်တွေကို အကြောင်းကြားလိုက်။ ငါချန်းယုံကို သွားခေါ်မယ်''

ပြောရင်းမြင်းဇက်ကြိုးကို ဆြဲကာ ဒုန်းစိုင်းစီးပြီး မနက္က သူရှာခဲ့သော နေရာသို့ ပြန်လှည့်လာခဲ့သည်။

အရွက်ဖားဖားနှင့် သစ်ပင်ကြီးများအုံ့မိုးကာ ချုံနွယ်သစ်ငုတ်တို့ ထူထဲနေသော နေရာတွင် အဖြူရောင်ဝတ်စုံနှင့် ကောင်လေးတစ်ယောက်သည် ခြေထောက်ထော့နင်းထော့နင်းဖြင့် တစ်စံတြစ်ခုကို ရှာဖွေနေသည်။

သူ၏ ဝတ်ရုံမှာ မြင်မကောင်းအောင်ပေရေနေပြီး အောက်နားတွင် သွေးတို့ပေကျံနေသည်။ ဝတ်ရုံစပါကုတ်ဆွဲထားရသောခြေထောက်တွင် ဒဏ်ရာက အထင်းသား။

အာရုံခံနိုင်စွမ်းရည်အလွန်မြင့်သော လီချန်းယုံမှာ သူ၏ေနာက္က မြင်းနက်ကြီးဖြင့် မားမားမတ်ရပ်နေသောသူတစ်စုံတစ်ယောက်ရောက်နေသည်ကို မသိရှာပါ။

သူထားခဲ့သည့် က်ားအေရခြံ ထူးဆန်းစွာပျောက်နေသည်ကို မကျေမနပ်ဖြစ်နေစဉ်မှာပင် လီချန်းယုံသည် သူ၏ နောက်ကျောမှ အသံတစ္သံကို ကြားလိုက်ရသည်။ ရေခဲတစ်မျှအေးစက်နေသော ထိုအသံကြောင့် လီချန်းယုံမှာ ကျောထဲကပင် စိမ့်သွားသည်။

"တစ်ခုခုများရှာနေတာလား...လီချန်းယုံ''

မှားယွင်းစရာမရှိသော ထိုသြဇာပါသည့်အသံကြောင့် လီချန်းယုံ နောက်သို့လှည့်ကြည့်လိုက်သည်။

အနက်ရောင်မြင်းကြီးပေါ်တွင် ကြီးမားသော ကျားသားရေကြီးကို ကိုင်ဆောင်ထားသည့် လင်းမို...

"အာ...လင်းမို...ဘယ် လို လုပ် ပြီး???''
ရက်ပေါင်းအတန်ကြာ လွမ်းဆွတ်နေရသော ချစ်ရသူကို တွေ့ရသောကြောင့် လီချန်းယုံမှာ ပြေးသွားချင်ပေမယ့် သူ၏ ခြေထောက်က ခွင့်မပြုပေ။

"မင်းတစ်ခုခုရှာနေတယ်ဆိုရင်တောင် မင်းဘယ်ရောက်သွားမှန်းမသိလို့ ရူးတော့မယ့် ငါ့ကို ရှာသင့်တာမဟုတ်ဘူးလား''
လင်းမိုက လီချန်းယုံကို ကြည့်ကာ အေးစက်စွာပြောလေသည်။

ယခုအချိန်တွင် လင်းမိုမည်မျှဒေါသထွက်နေသည်ဆိုသည်ကို လီချန်းယုံ မခန့်မှန်းရဲပါ။

"ငါ...မင်းကိုရှာတော့မလို့''
လီချန်းယုံ၏ အသံမွာ တိုးဝင်သွားသည်။ ကျားရဲတစ်ကောင်ကို ရင်ဆိုင်ရဲသော သတ္တိများက ယခုတော့ ဘယ်ဆီရောက်သွားသည် မသိ။

"ရှာတော့မလို့...''
လင်းမို၏ မျက်ခုံးတို့က သိသာစြာ တွန့်ချိုးသွားပြီး မျက်ဝန်းတို့ကို ဓားသြားလို စူးရဲလာသည်။ လင်းမိုက မြင်းပေါ်မှ ဆင်းပြီး လီချန်းယုံရှိရာသို့ တစ်လှမ်းချင်းလှမ်းသွားသည်။

လင်းမိုက ရှေ့တိုးလာလေ လီချန်းယုံက နောက်ဆုတ်သွားလေဖြစ်သည်။ သစ်ပင်၏ မာကျောသော ပင်စည်နှင့် ကျောကပ်မိမှ သူဆုတ္စရာ မြေမရှိတော့မှန်း လီချန်းယုံနားလည်လိုက်သည်။

သနားစဖွယ် ဝံပုလွေလေးသည် အရှိန်အဝါကြီးသော နဂါးကြီး၏ ရှေ့မှ မှောက်ရက်လဲပေတော့သည်။

လင်းမိုက လီချန်းယုံနားသို့ကပ်ရန် နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်သည်။

ကြံရာမရသော ဝံပုလွေလေးမှာ သူ၏ နောက်ဆုံးဗျူဟာကိုသာ ထုတ်သုံးလိုက်သည်။

ရုတ်တရက် လီချန်းယုံက သူတွယ်ကပ်နေသော ပင်စည်ကို ကျောခိုင်းကာ သူ့ဆီသို့လှမ်းလာနေသော လင်းမို၏ ရင်ခွင်ထဲသို့ ပြေးဝင်လေသည်။ လင်းမို၏ ခါးကိုသူ၏ လက်တို့ဖြင့် သိုင်းဖက်ပြီး ရင်ခွင်ထဲသို့ တိုးဝင်လေသည်။

အပြီအပြင်ဆူငေါက်ရန်ကြံစည်ထားသော လင်းမိုမှာ ရင်ခွင်တွင်းသော ရုတ်ချည်းတိုးဝင်လာသော လီချန်းယုံကြောင့် အကြံအစည်တို့ ပျက်ပြားကုန်သည်။

အလစ်အငိုက်ဖြစ်သောကြောင့် လင်းမိုမရှောင်လိုက်နိုင်ပေ။ လီချန်းယုံက သူ့ကို ဖက်ထားလေသည်။

"ငါ မင်းကို...ဘယ်လောက်...''

"သိတယ်လို့ မင်းစိတ်ပူနေတာမလား။ ငါလည်း မင်းစိတ်ပူနေမှာကို သိပြီး စိတ်ပူနေတာ''
လီချန်းယုံက သနားစဖွယ်မျက်ဝန်းများဖြင့် မျက်တောင်ရှည်ကြီး မ်ားကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလေသည်။

လီချန်းယုံ မချွဲခင်ကမှ ပျော့ချင်နေသော လင်းမိုထံတွင် ဆူငေါက်ရန် အကြံအစည်တို့လုံးလုံး မရှိတော့ချေ။
"ချန်းယုံ...ပေကျံနေတာပဲ။ ခြေထောက်မှာလည်း ဒဏ်ရာနဲ့။ တကယ် ငါရူးသွားတာ မြင်ချင်တာလား''

လီချန်းယုံက သူ၏ သွားဖြူဖြူလေးများပေါ်အောင်ထိ ရယ်ပြပြီးပြောသည်။
"မင်း မရူးပါနဲ့။ ငါ့ကို နန်းတော်ပြန်ပို့ဦး။ ဘာမွ ကောင်းကောင်း မစားရတာ သုံးရက်ကျော်နေပြီ''

လင်းမို၏ မျက်နှာမှာ ထပ်ပျက်သွားသည်။ သူက သက်ပြင်းကို လေးပင်းစွာချပြီး လီချန်းယုံကို စွေ့ခနဲပွေ့ချီလိုက်သည်။ က်ားရဲကို ရင်ဆိုင်နိုင်စွမ်းရှိသော မြောက်ပိုင်း အိမ်ရှေ့စံမှာ တောင်ပိုင်းဘုရင်ကြီး၏ ရင်ခွင်အတွင်း ပွေ့ချီခံလိုက်ရလေသည်။

လင်းမို၏ ပွေ့ချီမှုကို အျမဲတေစ ငြင်းဆန်လေ့ရှိသော လီချန်းယုံမှာ ယခုတစ်ကြိမ်မငြင်းဆန်ပေ။ သူအရမ်း ပင်ပန်းနေပြီဖြစ်သည်။

လင်းမိုက လီချန်းယုံကို မြင်းပေါ်သို့ပွေ့ချီကာ သူက နောက်က ထိန်းရင်းမြင်းကို စီးလာသည်။ ဟန်ယန်းတောအစပ်တွင်မူ အသင့်စောင့်နေသော မြင်းခြောက်ကောင်ဆွဲသော ရထားလုံးရှိသောကြောင့် လင်းမိုနှင့် လီချန်းယုံသည် ထိုရထားလုံးဖြင့်သာ နန်းဆောင်သို့ ရောက်လာသည်။

နန်းဆောင်ရောက်သည့်အခါ လင်းမိုမှာ အလုပ်ရှုပ်ရပေတော့သည်။ လီချန်းယုံ၏ ခြေထောက်ဒဏ်ရာကို သူကိုယ်တိုင် ဆေးထည့်ပေးလေသည်။ နန်းဆောင်မှ အစောင့်အကြပ်တို့ကို လီချန်းယုံအတွက် အစားအသောက်ပြင်ပေးရန် စားဖိုဆောင်ကို သွားရောက်မှာကြားစေသည်။

လီချန်းယုံ၏ ကိုယ်ခန္တာကိုလည်း ရေနွေးနွေးဖြင့် သန့်စင်ပေးရန်လည်း ပြင်ဆင်နေလေသည်။ နန်းတော်တစ်ခုလုံးက လင်းမို၏ ဝေယျာဝေစ္စကိုလုပ်ပေးရန် အစေခံတို့ရှိသော်လည်း လီချန်းယုံ၏ ဝေယျာဝေစ္စကိုကား လင်းမိုက သူကိုယ်တိုင်လုပ်ပေးလေသည်။

စည်ထဲမှရေ၏ အပူကို စမ်းကြည့်ပြီး လင်းမိုက လှည့်ပြောသည်။
"ရပြီ မင်းဝတ်ရုံချွတ်လိုက်တော့''

လီချန်းယုံက သူ၏ မျက်လုံးတို့ကို ထောင့်ကပ်ပြီး လင်းမိုကို မယုံသင်္ကာဟန်ဖြင့် ကြည့်လေသည်။

လင်းမိုက မျက်မှောင်ကြုတ်ကာ လီချန်းယုံကိုပြန်ပြောသည်။
"မင်း အဲ့ဒီလောက်ပင်ပန်းနေတာ ငါက ဘာလုပ်ရမှာလဲ''

"မသိဘူးလေ...မင်းကယုံရတာ ကျလို့''
လီချန်းယုံကပြန်ဖြေသည်။

"ငါချွတ်ပေးရမှာလား။ မင်းကိုယ်တိုင်ချွတ်မှာလား''
လင်းမိုက စည်၏ ဘေးနားမှ ထလာပြီး ပြောသည်။

"ကိုယ့်ဘာသာ ချွတ်မယ်လို့''
ပြောရင်း လီချန်းယုံက ဝတ်ရုံကို ချွတ်သည်။ သူက ချွတ်ပြီးသား ဝတ်ရုံကို ဘေးတစ်နေရာသို့ လှမ်းပစ်လိုက်သည်။

လီချန်းယုံ၏ အပြုအမူကြောင့် လင်းမိုမှာ ရယ်ချင်သွားသည်။
မည်သူက ထင်မည်နည်း။ စည်းစနစ်ကြီးသော အိမ်ရှေ့စံတွင်လည်း သည်လို အကျင့်ဆိုးလေး ရှိသည်ဟု။

"အားယုံလေး...ဒါက ကိုယ်တော့်ရဲ့ နန်းဆောင်နော်။ နောက်နေ့ အဝတ်တွေပစ်ချင်တိုင်းပစ်ရင် အပြစ်ပေးခံရမယ်''

လီချန်းယုံက နှာခေါင်းရှုံ့သွားပြီး နောက်ထပ်ကျန်ရှိနေသည်တို့ကို ချွတ်ကာ ပထမဝတ်ရုံရှိရာသို့ ပစ်လိုက်ပြန်သည်။

သည်တစ်ကြိမ်တော့ လင်းမို မစနောက်နိုင်တော့။ ပြစ်မျိုမှဲ့မထင်သော လီချန်းယုံ၏ အဝတ်တစ်မျှင်မှ မရှိသော ခန္တာကိုယ်၏ ဆွဲဆောင်အားမှာ ကျရှုံးသွားသောကြောင့် ဖြစ်သည်။

လင်းမို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်။ သူသည် သည်လို ဆွဲဆောင်မှုမျိုးကို မည်သည့်သမာဓိနှင့် ခုခံနိုင်ပါမည်နည်း။

လီချန်းယုံက လင်းမိုကို အာရုံမထားဘဲ စည်ရှိရာသို့လာပြီး ဝင်ရန်ပြင်လိုက်သည်။ သို့သော် လင်းမိုက လီချန်းယုံကို အချိန်မီ လှမ်းဆွဲသည်။

"မင်းဘာလုပ်တာလဲ''
လီချန်းယုံက လှည့်ပြီး လင်းမိုကို မေးလေသည်။ ရုတ်တရက် အဆွဲခံလိုက်ရသောကြောင့် လီချန်းယုံမှာ စိတ်တိုသွားလေသည်။

"အားယုံက ကိုယ်တော်နဲ့နေတာ ကြာလို့ ဦးနှောက်လေးကကြီးလာမလားမှတ်တယ်။ ပိုတောင်သေးသွားသလိုပဲ။ ဆေးထည့်ထားတဲ့ ခြေထောက်နဲ့ စည်ထဲဝင်စိမ်တော့ ဆေးတွေက ရေနဲ့ပါသွားမှာပေါ့။ ဒဏ်ရာလည်း ရေနဲ့ထိနေတော့ ပိုမဆိုးသြားဘူးလား''
လင်းမိုက ငါးနှစ်သားကလေးကို ရှင်းပြသလို ရှင်းပြနေသည်။

လီချန်းယုံက ဟုတ္သားပဲဟု မပြောချင်သော်လည်း သူကလည်း သူပင် ဖြစ်သည်။ အလွန်ပေါ့ပေါ့ဆဆနိုင်သည်။ သို့သော် လင်းမို၏ အသားလွတ်လှောင်ပြောင်မှုကိုတော့ သူငြိမ်မခံချင်။
"သိတယ်....ရေပူမပူစမ်းကြည့်တာ''

လီချန်းယုံ၏ စကားကြောင့် လင်းမိုက အံ့သြသွားဟန်ဖြင့် မေးလေသည်။
"ခြေထောက်နဲ့ပေါ့''

ထိုစကားအဆုံး၌ လင်းမိုသည် ဝံပုလွေဖြူလေးဆီက လက်သီးတစ်လုံး လက်ဆောင်ရလေသည်။ အားမပါသော လက္သီး၏ သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် ဝမ်းဗိုက်ကို မည်သို့မျှ မနာကျင်စေ။ သို့သော် ခင်ပွန်းသည်တို့၏ ဝတ္တရား အတိုင်း စိတ်ဆိုးနေသော ဇနီးသည်ကျေနပ်အောင် ဟန်ဆောင်ကာ ရှုံ့မဲ့ပြရသည်။လင်းမိုက ရှုံ့မဲ့နေမှ လီချန်းယုံက ကျေနပ်သွားလေသည်။

ထို့နောက်တွင် လင်းမိုက လီချန်းယုံကို ရေပတ်တိုက်ပေးလေသည်။ လင်းမိုက သူ၏ ကတိကို တည်သော်လည်း အပြည့်အဝမဟုတ်။ တစ်ဝက်သာ တည်လေသည်။

လီချန်းယုံ၏ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးခြင်းအမှု၌ လင်းမို၏ အသားယူခြင်းက အကင်းအရှင်းမဟုတ်ပေ။

"မင်းအဲ့ဒီနားကို ဘယ်နှစ်ခါရှိနေပြီလဲ''

သူ၏ ရင်ဘတ်ကို ပွတ်သပ်နေသော လင်းမိုကို ကြည့်ပြီး လီချန်းယုံက အလိုမကျစွာမေးလေသည်။

"အားယုံတစ်ကိုယ်လုံးပေကျံနေတာကို...သုံးရက်လောက်ရေမချိုးဘူးမလား။ ညကျရင် ကိုယ်တော့်ဘေးလာအိပ်မှာကို။''

လီချန်းယုံမှာ လင်းမို၏ စကားကြောင့် မျက်နှာမဲ့သွားလေသည်။ သူက ကိုယ်တော့်ဘေး သွားအိပ်သည်လား၊ အဲ့ဒီကိုယ်တော်က သူ့ကို ခေါ်ထားသည်လား ဝေခွဲမရပေ။

"မြန်မြန်လုပ်''
ခန္တာကိုယ်အရှေ့ပိုင်းမှ အနောက်သို့ ရောက်သွားသော လင်းမိုကို ရင်ထိတ်စွာ လီချန်းယုံ သတိလှမ်းပေးရသည်။

"အင်းပါ...''
ထို့နောက်တွင် လင်းမိုဆီက အသံမကြားရတော့ပေ။ ရေပတ်တိုက်ခြင်းအမှုကို လြန္စြာ အာရုံစိုက်ပြီး လုပ်နေဟန်တူသည်။

"ဖြောင်း...''
လင်းမိုက လီချန်းယုံ၏ ဖြူဝင်းပြီး မို့မောက်နေသော အနောက်ပိုင်းက တစ်နေရာကို ရိုက်ထည့်လိုက်သည်။

ရုတ်တရက် အရိုက်ခံလိုက်ရသော လီချန်းယုံမှာ လန့်သွားသည်။ သို့သော် သူက ကြောင်အမနေ။ အချိန်မီ လှည့်ရန်တွေ့သည်။
"မင်းဘာလုပ်တာလဲ''

"ခြင်...''
လင်းမိုက အေးဆေးစွာ ဖြေသည်။

"ခြင်...''
လီချန်းယုံက သံယောင်လိုက်ပြီး ပြန်ပြောသည်။

ဒီနန်းဆောင်ထဲမှာ ခြင်ကဘယ်လိုလုပ်ရှိရမှာလဲ။ ရှိနေရင်လည်း ခြင်ရှိရလောက်အောင် နန်းဆောင်ကို ပေါ့ပေါ့ဆ ဆထားသော အေစခံမ်ားကို သတ်ပစ်သင့်သည်။ လီချန်းယုံ စိတ်ပေါက်ပေါက်နှင့် တွေးနေသည်။

"လှည့်ပါ။ လှည့်ပါ။ ကိုယ်တော့်ရဲ့သမာဓိက အချိန်အကန့်သတ်ရှိတယ်။ အားယုံလေးကိုသာ နောက်ထပ် မိနစ်နှစ်ဆယ်လောက် ဒီလိုထပ်မြင်နေရရင် ကိုယ်တော်အာမ မခံနိုင်ဘူး''

လီချန်းယုံက အရှေ့သို့ ပြန်လှည့်လိုက်ရသည်။ သို့သော် နောက်ထပ် ခြင်ဟူသော အကြောင်းပြချက်ဖြင့် သူနောက်တစ်ချက် အရိုက်ခံလိုက်ရသေးသည်။

လင်းမိုကတော့ လီချန်းယုံ၏ အနောက်တွင် သူ၏ လက်ဝါးရာ နွစ္ခု ထင်းနေသည်ကို သေဘာတက် ကြည့်ကာ နောက်ထပ်အသားမယူတော့ပဲ လီချန်းယုံကို ဝတ်ရုံများပြန်ဝတ်ပေးလိုက်သည်။

တောင်ပိုင်းဘုရင်ကြီး၏ လက်သရမ်းကာ အသားယူမှုကို ခံလိုက်ရသော်လည်း လီချန်းယုံမှာ ယခုမွ သန့်ရှင်းပြီး နေရထိုင်ရ အဆင်ပြေသွားသည်။ ဒဏ်ရာသည်လည်း ဆေးထည့်ထားသောကြောင့် တဆစ်ဆစ်ကိုက်ခံခြင်းမရှိတော့ပေ။

ထို့နောက် အေစခံမ်ားက အစားအသောက်များကို လာပို့လေသည်။လင်းမိုက သူကိုယ်တိုင် ဂရုတစိုက် ထမင်းပွဲရော ဟင်းပွဲများကိုရော ယူကာ လီချန်းယုံ ကို ခွံ့ကျွေးလေသည်။

လီချန်းယုံသည် သုံးရက်ကျော်မျှ က်ားရဲကို ခြေရာခံအမဲခံလိုက်ခဲ့သော မုဆိုးသည် သူမဟုတ်သည့်အတိုင်း တောင်ပိုင်းဘုရင်ကြီး၏ နန်းဆောင်တွင် ဘုရင်ကြီး၏ ပြုစုမှုတို့ကို ကလေးတစ်ယောက်သဖွယ်ခံယူကာ ဇိမ်ကျနေလေသည်။

သို့သော် သူသည် လင်းမိုကို ရေပတ်တိုက်ခိုင်းခဲ့ခြင်းကို အလွန် နောင်တရမိလေသည်။ ညဘက်တွင် သူကောင်းကောင်းမအိပ်ရ။

ထိုနေ့ညက ရက်အတော်ကြာ လွမ်းဆွတ်နေခဲ့ရသောကြောင့် အိပ်ယာထက်တွင် ချစ်သူနှစ်ဦး အနမ်းတို့ဖြင့် ကလူကျီစယ်နေခိုက် လင်းမိုက မည်သို့ စိတ်ကူးရသည်မသိ။ ခြင်ဟူသော အကြောင်းပြချက်ဖြင့် လီချန်းယုံ၏ တင်ပါးကို ရိုက်လေသည်။

လီချန်းယုံက ရန်တွေ့ရန် ကြိုးစားသော်လည်း လင်းမိုက အနမ်းတို့်််ဖြင့် ဖြေသိမ့်ပြီး သူ့ကိုဒေါသထွက်ခွင့်မပေးချေ။ ချိုမြိန်သော အနမ်းတို့အောက်တွင် ဝံပုလွေဖြူလေးမှာ နောက်တစ်ကြိမ် ကျရှုံးပြီး တောင်ပိုင်းဘုရင်ကြီးကို အရှုံးပေးရလေတော့သည်။
_________________________________________________________________________

Zawgyi

လီခ်န္းယံုကို ေခၚေဆာင္လာေသာ အဖိုးႀကီးသည္ အလာကကဲ့သို႔ အျဖဴေရာင္ငွက္ႀကီးျဖင့္ပင္ ျပန္ပို႔ေဆာင္ေပးခဲ့သည္။ ေကာင္းကင္မွ ေျမျပင္သို႔ ျမင္ႏိုင္ေလာက္သည့္ အကြာအေဝးတြင္ ဟန္ယန္းေတာတစ္ခုလံုး ျမင္းမ်ားစီးနင္းသည့္ ကိုယ္ရံေတာ္တပ္ဖြဲ႔မ်ားႏွင့္ စစ္သည္ေတာ္တို႔ျဖင့္ ျပည့္ေနေၾကာင္း ေတြ႔လိုက္ရသည္။

လီခ်န္းယံုမွာ အလြန္အမင္းအံ့ျသမသြားဘဲ အေျခအေနမွန္ကို ရိပ္စားမိေလသည္။ လင္းမိုကသူ႔ကို႐ွာရန္တပ္ဖြဲ႔မ်ားေစလႊတ္ထားျခင္းျဖစ္ဟန္တူသည္။

ေကာင္းကင္မွ ပ်ံဝဲလာေသာ အျဖဴငွက္ႀကီးႏွင့္ အဖိုးအိုကို သာမန္လူတို႔ မျမင္ႏိုင္ေပ။ အဖိုးအိုသည္ လီခ်န္းယံုကို သူကနဦးက ေခၚေဆာင္လာေသာ ေနရာသို႔ ျပန္ပို႔ေပးသည္။ ထိုေနရာ၏ အနီးတစ္ဝိုက္တြင္ စစ္သည္ေတာ္တို႔႐ွိမေန။

လီခ်န္းယံုက ငွက္ႀကီး၏ကိုယ္ေပၚမွ အလ်င္အျမန္ဆင္းၿပီး သူက်ားအေရခြံထားခဲ့ေသာ ေနရာသို႔သြားလိုက္သည္။ က်ားအေရခြံသည္ သူထားခဲ့ေသာ ေနရာတြင္႐ွိမေန။ သူေသခ်ာေအာင္အနီးပတ္ပတ္လည္ထိ ႐ွာၾကည့္သည္။

ထိုအခ်ိန္တြင္ လင္းမိုသည္ ျမင္းနက္ႀကီးကို စီးကာ ေတာတစ္ခုလံုး ေနရာလပ္မက်န္ေအာင္ လီခ်န္းယံုကို ႐ွာေဖြေနခဲ့သည္။

"အူ....''
မလွမ္းမကမ္းဆီက ဝံပုေလြအူသံသည္ ေ႐ွာင္ခ်ိဳ၏ အသံျဖစ္မွန္းသိေသာေၾကာင့္ လင္းမိုက ျမင္းကိုရပ္တန္႔လိုက္သည္။ သူက စိတ္အာရံုျဖင့္ ေ႐ွာင္ခ်ိဳကို လွမ္းဆက္သြယ္လိုက္သည္။

"အ႐ွင္...ကြၽန္ေတာ္ခံစားလို႔ရၿပီ။ သခင္ေလးျပန္လာၿပီ။ အ႐ွင္ မနက္က က်ားအေရခြံယူလာတဲ့ေနရာမွာ...''

"မင္းေဟးခ်ိဳနဲ႔ကိုယ္ရံေတာ္ေတြကို အေၾကာင္းၾကားလိုက္။ ငါခ်န္းယံုကို သြားေခၚမယ္''

ေျပာရင္းျမင္းဇက္ႀကိဳးကို ဆြဲကာ ဒုန္းစိုင္းစီးၿပီး မနက္က သူ႐ွာခဲ့ေသာ ေနရာသို႔ ျပန္လွည့္လာခဲ့သည္။

အရြက္ဖားဖားႏွင့္ သစ္ပင္ႀကီးမ်ားအံု႔မိုးကာ ခ်ံဳႏြယ္သစ္ငုတ္တို႔ ထူထဲေနေသာ ေနရာတြင္ အျဖဴေရာင္ဝတ္စံုႏွင့္ ေကာင္ေလးတစ္ေယာက္သည္ ေျခေထာက္ေထာ့နင္းေထာ့နင္းျဖင့္ တစ္စံၾတစ္ခုကို ႐ွာေဖြေနသည္။

သူ၏ ဝတ္ရံုမွာ ျမင္မေကာင္းေအာင္ေပေရေနၿပီး ေအာက္နားတြင္ ေသြးတို႔ေပက်ံေနသည္။ ဝတ္ရံုစပါကုတ္ဆြဲထားရေသာေျခေထာက္တြင္ ဒဏ္ရာက အထင္းသား။

အာရံုခံႏိုင္စြမ္းရည္အလြန္ျမင့္ေသာ လီခ်န္းယံုမွာ သူ၏ေနာက္က ျမင္းနက္ႀကီးျဖင့္ မားမားမတ္ရပ္ေနေသာသူတစ္စံုတစ္ေယာက္ေရာက္ေနသည္ကို မသိ႐ွာပါ။

သူထားခဲ့သည့္ က်ားအေရခြံ ထူးဆန္းစြာေပ်ာက္ေနသည္ကို မေက်မနပ္ျဖစ္ေနစဥ္မွာပင္ လီခ်န္းယံုသည္ သူ၏ ေနာက္ေက်ာမွ အသံတစ္သံကို ၾကားလိုက္ရသည္။ ေရခဲတစ္မွ်ေအးစက္ေနေသာ ထိုအသံေၾကာင့္ လီခ်န္းယံုမွာ ေက်ာထဲကပင္ စိမ့္သြားသည္။

"တစ္ခုခုမ်ား႐ွာေနတာလား...လီခ်န္းယံု''

မွားယြင္းစရာမ႐ွိေသာ ထိုျသဇာပါသည့္အသံေၾကာင့္ လီခ်န္းယံု ေနာက္သို႔လွည့္ၾကည့္လိုက္သည္။

အနက္ေရာင္ျမင္းႀကီးေပၚတြင္ ႀကီးမားေသာ က်ားသားေရႀကီးကို ကိုင္ေဆာင္ထားသည့္ လင္းမို...

"အာ...လင္းမို...ဘယ္ လို လုပ္ ၿပီး???''
ရက္ေပါင္းအတန္ၾကာ လြမ္းဆြတ္ေနရေသာ ခ်စ္ရသူကို ေတြ႔ရေသာေၾကာင့္ လီခ်န္းယံုမွာ ေျပးသြားခ်င္ေပမယ့္ သူ၏ ေျခေထာက္က ခြင့္မျပဳေပ။

"မင္းတစ္ခုခု႐ွာေနတယ္ဆိုရင္ေတာင္ မင္းဘယ္ေရာက္သြားမွန္းမသိလို႔ ႐ူးေတာ့မယ့္ ငါ့ကို ႐ွာသင့္တာမဟုတ္ဘူးလား''
လင္းမိုက လီခ်န္းယံုကို ၾကည့္ကာ ေအးစက္စြာေျပာေလသည္။

ယခုအခ်ိန္တြင္ လင္းမိုမည္မွ်ေဒါသထြက္ေနသည္ဆိုသည္ကို လီခ်န္းယံု မခန္႔မွန္းရဲပါ။

"ငါ...မင္းကို႐ွာေတာ့မလို႔''
လီခ်န္းယံု၏ အသံမွာ တိုးဝင္သြားသည္။ က်ားရဲတစ္ေကာင္ကို ရင္ဆိုင္ရဲေသာ သတၱိမ်ားက ယခုေတာ့ ဘယ္ဆီေရာက္သြားသည္ မသိ။

"႐ွာေတာ့မလို႔...''
လင္းမို၏ မ်က္ခံုးတို႔က သိသာစြာ တြန္႔ခ်ိဳးသြားၿပီး မ်က္ဝန္းတို႔ကို ဓားသြားလို စူးရဲလာသည္။ လင္းမိုက ျမင္းေပၚမွ ဆင္းၿပီး လီခ်န္းယံု႐ွိရာသို႔ တစ္လွမ္းခ်င္းလွမ္းသြားသည္။

လင္းမိုက ေ႐ွ႕တိုးလာေလ လီခ်န္းယံုက ေနာက္ဆုတ္သြားေလျဖစ္သည္။ သစ္ပင္၏ မာေက်ာေသာ ပင္စည္ႏွင့္ ေက်ာကပ္မိမွ သူဆုတ္စရာ ေျမမ႐ွိေတာ့မွန္း လီခ်န္းယံုနားလည္လိုက္သည္။

သနားစဖြယ္ ဝံပုေလြေလးသည္ အ႐ွိန္အဝါႀကီးေသာ နဂါးႀကီး၏ ေ႐ွ႕မွ ေမွာက္ရက္လဲေပေတာ့သည္။

လင္းမိုက လီခ်န္းယံုနားသို႔ကပ္ရန္ ေနာက္ထပ္ ေျခတစ္လွမ္းလွမ္းလိုက္သည္။

ၾကံရာမရေသာ ဝံပုေလြေလးမွာ သူ၏ ေနာက္ဆံုးဗ်ဴဟာကိုသာ ထုတ္သံုးလိုက္သည္။

႐ုတ္တရက္ လီခ်န္းယံုက သူတြယ္ကပ္ေနေသာ ပင္စည္ကို ေက်ာခိုင္းကာ သူ႔ဆီသို႔လွမ္းလာေနေသာ လင္းမို၏ ရင္ခြင္ထဲသို႔ ေျပးဝင္ေလသည္။ လင္းမို၏ ခါးကိုသူ၏ လက္တို႔ျဖင့္ သိုင္းဖက္ၿပီး ရင္ခြင္ထဲသို႔ တိုးဝင္ေလသည္။

အၿပီအျပင္ဆူေငါက္ရန္ၾကံစည္ထားေသာ လင္းမိုမွာ ရင္ခြင္တြင္းေသာ ႐ုတ္ခ်ည္းတိုးဝင္လာေသာ လီခ်န္းယံုေၾကာင့္ အၾကံအစည္တို႔ ပ်က္ျပားကုန္သည္။

အလစ္အငိုက္ျဖစ္ေသာေၾကာင့္ လင္းမိုမေ႐ွာင္လိုက္ႏိုင္ေပ။ လီခ်န္းယံုက သူ႔ကို ဖက္ထားေလသည္။

"ငါ မင္းကို...ဘယ္ေလာက္...''

"သိတယ္လို႔ မင္းစိတ္ပူေနတာမလား။ ငါလည္း မင္းစိတ္ပူေနမွာကို သိၿပီး စိတ္ပူေနတာ''
လီခ်န္းယံုက သနားစဖြယ္မ်က္ဝန္းမ်ားျဖင့္ မ်က္ေတာင္႐ွည္ႀကီး မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ေျပာေလသည္။

လီခ်န္းယံု မခြၽဲခင္ကမွ ေပ်ာ့ခ်င္ေနေသာ လင္းမိုထံတြင္ ဆူေငါက္ရန္ အၾကံအစည္တို႔လံုးလံုး မ႐ွိေတာ့ေခ်။
"ခ်န္းယံု...ေပက်ံေနတာပဲ။ ေျခေထာက္မွာလည္း ဒဏ္ရာနဲ႔။ တကယ္ ငါ႐ူးသြားတာ ျမင္ခ်င္တာလား''

လီခ်န္းယံုက သူ၏ သြားျဖဴျဖဴေလးမ်ားေပၚေအာင္ထိ ရယ္ျပၿပီးေျပာသည္။
"မင္း မ႐ူးပါနဲ႔။ ငါ့ကို နန္းေတာ္ျပန္ပို႔ဦး။ ဘာမွ ေကာင္းေကာင္း မစားရတာ သံုးရက္ေက်ာ္ေနၿပီ''

လင္းမို၏ မ်က္ႏွာမွာ ထပ္ပ်က္သြားသည္။ သူက သက္ျပင္းကို ေလးပင္းစြာခ်ၿပီး လီခ်န္းယံုကို ေစြ႔ခနဲေပြ႔ခ်ီလိုက္သည္။ က်ားရဲကို ရင္ဆိုင္ႏိုင္စြမ္း႐ွိေသာ ေျမာက္ပိုင္း အိမ္ေ႐ွ႕စံမွာ ေတာင္ပိုင္းဘုရင္ႀကီး၏ ရင္ခြင္အတြင္း ေပြ႔ခ်ီခံလိုက္ရေလသည္။

လင္းမို၏ ေပြ႔ခ်ီမႈကို အျမဲတေစ ျငင္းဆန္ေလ့႐ွိေသာ လီခ်န္းယံုမွာ ယခုတစ္ႀကိမ္မျငင္းဆန္ေပ။ သူအရမ္း ပင္ပန္းေနၿပီျဖစ္သည္။

လင္းမိုက လီခ်န္းယံုကို ျမင္းေပၚသို႔ေပြ႔ခ်ီကာ သူက ေနာက္က ထိန္းရင္းျမင္းကို စီးလာသည္။ ဟန္ယန္းေတာအစပ္တြင္မူ အသင့္ေစာင့္ေနေသာ ျမင္းေျခာက္ေကာင္ဆြဲေသာ ရထားလံုး႐ွိေသာေၾကာင့္ လင္းမိုႏွင့္ လီခ်န္းယံုသည္ ထိုရထားလံုးျဖင့္သာ နန္းေဆာင္သို႔ ေရာက္လာသည္။

နန္းေဆာင္ေရာက္သည့္အခါ လင္းမိုမွာ အလုပ္႐ႈပ္ရေပေတာ့သည္။ လီခ်န္းယံု၏ ေျခေထာက္ဒဏ္ရာကို သူကိုယ္တိုင္ ေဆးထည့္ေပးေလသည္။ နန္းေဆာင္မွ အေစာင့္အၾကပ္တို႔ကို လီခ်န္းယံုအတြက္ အစားအေသာက္ျပင္ေပးရန္ စားဖိုေဆာင္ကို သြားေရာက္မွာၾကားေစသည္။

လီခ်န္းယံု၏ ကိုယ္ခႏၱာကိုလည္း ေရေႏြးေႏြးျဖင့္ သန္႔စင္ေပးရန္လည္း ျပင္ဆင္ေနေလသည္။ နန္းေတာ္တစ္ခုလံုးက လင္းမို၏ ေဝယ်ာေဝစၥကိုလုပ္ေပးရန္ အေစခံတို႔႐ွိေသာ္လည္း လီခ်န္းယံု၏ ေဝယ်ာေဝစၥကိုကား လင္းမိုက သူကိုယ္တိုင္လုပ္ေပးေလသည္။

စည္ထဲမွေရ၏ အပူကို စမ္းၾကည့္ၿပီး လင္းမိုက လွည့္ေျပာသည္။
"ရၿပီ မင္းဝတ္ရံုခြၽတ္လိုက္ေတာ့''

လီခ်န္းယံုက သူ၏ မ်က္လံုးတို႔ကို ေထာင့္ကပ္ၿပီး လင္းမိုကို မယံုသကၤာဟန္ျဖင့္ ၾကည့္ေလသည္။

လင္းမိုက မ်က္ေမွာင္ၾကဳတ္ကာ လီခ်န္းယံုကိုျပန္ေျပာသည္။
"မင္း အဲ့ဒီေလာက္ပင္ပန္းေနတာ ငါက ဘာလုပ္ရမွာလဲ''

"မသိဘူးေလ...မင္းကယံုရတာ က်လို႔''
လီခ်န္းယံုကျပန္ေျဖသည္။

"ငါခြၽတ္ေပးရမွာလား။ မင္းကိုယ္တိုင္ခြၽတ္မွာလား''
လင္းမိုက စည္၏ ​ေဘးနားမွ ထလာၿပီး ေျပာသည္။

"ကိုယ္႔ဘာသာ ခြၽတ္မယ္လို႔''
ေျပာရင္း လီခ်န္းယံုက ဝတ္ရံုကို ခြၽတ္သည္။ သူက ခြၽတ္ၿပီးသား ဝတ္ရံုကို ေဘးတစ္ေနရာသို႔ လွမ္းပစ္လိုက္သည္။

လီခ်န္းယံု၏ အျပဳအမူေၾကာင့္ လင္းမိုမွာ ရယ္ခ်င္သြားသည္။
မည္သူက ထင္မည္နည္း။ စည္းစနစ္ႀကီးေသာ အိမ္ေ႐ွ႕စံတြင္လည္း သည္လို အက်င့္ဆိုးေလး ႐ွိသည္ဟု။

"အားယံုေလး...ဒါက ကိုယ္ေတာ့္ရဲ႕ နန္းေဆာင္ေနာ္။ ေနာက္ေန႔ အဝတ္ေတြပစ္ခ်င္တိုင္းပစ္ရင္ အျပစ္ေပးခံရမယ္''

လီခ်န္းယံုက ႏွာေခါင္း႐ႈံ႕သြားၿပီး ေနာက္ထပ္က်န္႐ွိေနသည္တို႔ကို ခြၽတ္ကာ ပထမဝတ္ရံု႐ွိရာသို႔ ပစ္လိုက္ျပန္သည္။

သည္တစ္ႀကိမ္ေတာ့ လင္းမို မစေနာက္ႏိုင္ေတာ့။ ျပစ္မ်ိဳမွဲ႔မထင္ေသာ လီခ်န္းယံု၏ အဝတ္တစ္မွ်င္မွ မ႐ွိေသာ ခႏၱာကိုယ္၏ ဆြဲေဆာင္အားမွာ က်႐ႈံးသြားေသာေၾကာင့္ ျဖစ္သည္။

လင္းမို ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းသည္။ သူသည္ သည္လို ဆြဲေဆာင္မႈမ်ိဳးကို မည္သည့္သမာဓိႏွင့္ ခုခံႏိုင္ပါမည္နည္း။

လီခ်န္းယံုက လင္းမိုကို အာရံုမထားဘဲ စည္႐ွိရာသို႔လာၿပီး ဝင္ရန္ျပင္လိုက္သည္။ သို႔ေသာ္ လင္းမိုက လီခ်န္းယံုကို အခ်ိန္မီ လွမ္းဆြဲသည္။

"မင္းဘာလုပ္တာလဲ''
လီခ်န္းယံုက လွည့္ၿပီး လင္းမိုကို ေမးေလသည္။ ႐ုတ္တရက္ အဆြဲခံလိုက္ရေသာေၾကာင့္ လီခ်န္းယံုမွာ စိတ္တိုသြားေလသည္။

"အားယံုက ကိုယ္ေတာ္နဲ႔ေနတာ ၾကာလို႔ ဦးေႏွာက္ေလးကႀကီးလာမလားမွတ္တယ္။ ပိုေတာင္ေသးသြားသလိုပဲ။ ေဆးထည့္ထားတဲ့ ေျခေထာက္နဲ႔ စည္ထဲဝင္စိမ္ေတာ့ ေဆးေတြက ေရနဲ႔ပါသြားမွာေပါ့။ ဒဏ္ရာလည္း ေရနဲ႔ထိေနေတာ့ ပိုမဆိုးသြားဘူးလား''
လင္းမိုက ငါးႏွစ္သားကေလးကို ႐ွင္းျပသလို ႐ွင္းျပေနသည္။

လီခ်န္းယံုက ဟုတ္သားပဲဟု မေျပာခ်င္ေသာ္လည္း သူကလည္း သူပင္ ျဖစ္သည္။ အလြန္ေပါ့ေပါ့ဆဆႏိုင္သည္။ သို႔ေသာ္ လင္းမို၏ အသားလြတ္ေလွာင္ေျပာင္မႈကိုေတာ့ သူၿငိမ္မခံခ်င္။
"သိတယ္....ေရပူမပူစမ္းၾကည့္တာ''

လီခ်န္းယံု၏ စကားေၾကာင့္ လင္းမိုက အံ့ျသသြားဟန္ျဖင့္ ေမးေလသည္။
"ေျခေထာက္နဲ႔ေပါ့''

ထိုစကားအဆံုး၌ လင္းမိုသည္ ဝံပုေလြျဖဴေလးဆီက လက္သီးတစ္လံုး လက္ေဆာင္ရေလသည္။ အားမပါေသာ လက္သီး၏ သူ၏ ႂကြက္သားအေျမာင္းေျမာင္းႏွင့္ ဝမ္းဗိုက္ကို မည္သို႔မွ် မနာက်င္ေစ။ သို႔ေသာ္ ခင္ပြန္းသည္တို႔၏ ဝတၱရား အတိုင္း စိတ္ဆိုးေနေသာ ဇနီးသည္ေက်နပ္ေအာင္ ဟန္ေဆာင္ကာ ႐ႈံ႕မဲ့ျပရသည္။လင္းမိုက ႐ႈံ႕မဲ့ေနမွ လီခ်န္းယံုက ေက်နပ္သြားေလသည္။

ထို႔ေနာက္တြင္ လင္းမိုက လီခ်န္းယံုကို ေရပတ္တိုက္ေပးေလသည္။ လင္းမိုက သူ၏ ကတိကို တည္ေသာ္လည္း အျပည့္အဝမဟုတ္။ တစ္ဝက္သာ တည္ေလသည္။

လီခ်န္းယံု၏ ခႏၶာကိုယ္ကို ေရပတ္တိုက္ေပးျခင္းအမႈ၌ လင္းမို၏ အသားယူျခင္းက အကင္းအ႐ွင္းမဟုတ္ေပ။

"မင္းအဲ့ဒီနားကို ဘယ္ႏွစ္ခါ႐ွိေနၿပီလဲ''

သူ၏ ရင္ဘတ္ကို ပြတ္သပ္ေနေသာ လင္းမိုကို ၾကည့္ၿပီး လီခ်န္းယံုက အလိုမက်စြာေမးေလသည္။

"အားယံုတစ္ကိုယ္လံုးေပက်ံေနတာကို...သံုးရက္ေလာက္ေရမခ်ိဳးဘူးမလား။ ညက်ရင္ ကိုယ္ေတာ့္ေဘးလာအိပ္မွာကို။''

လီခ်န္းယံုမွာ လင္းမို၏ စကားေၾကာင့္ မ်က္ႏွာမဲ့သြားေလသည္။ သူက ကိုယ္ေတာ့္ေဘး သြားအိပ္သည္လား၊ အဲ့ဒီကိုယ္ေတာ္က သူ႔ကို ေခၚထားသည္လား ေဝခြဲမရေပ။

"ျမန္ျမန္လုပ္''
ခႏၱာကိုယ္အေ႐ွ႕ပိုင္းမွ အေနာက္သို႔ ေရာက္သြားေသာ လင္းမိုကို ရင္ထိတ္စြာ လီခ်န္းယံု သတိလွမ္းေပးရသည္။

"အင္းပါ...''
ထို႔ေနာက္တြင္ လင္းမိုဆီက အသံမၾကားရေတာ့ေပ။ ေရပတ္တိုက္ျခင္းအမႈကို လြန္စြာ အာရံုစိုက္ၿပီး လုပ္ေနဟန္တူသည္။

"ေျဖာင္း...''
လင္းမိုက လီခ်န္းယံု၏ ျဖဴဝင္းၿပီး မို႔ေမာက္ေနေသာ အေနာက္ပိုင္းက တစ္ေနရာကို ႐ိုက္ထည့္လိုက္သည္။

႐ုတ္တရက္ အ႐ိုက္ခံလိုက္ရေသာ လီခ်န္းယံုမွာ လန္႔သြားသည္။ သို႔ေသာ္ သူက ေၾကာင္အမေန။ အခ်ိန္မီ လွည့္ရန္ေတြ႔သည္။
"မင္းဘာလုပ္တာလဲ''

"ျခင္...''
လင္းမိုက ေအးေဆးစြာ ေျဖသည္။

"ျခင္...''
လီခ်န္းယံုက သံေယာင္လိုက္ၿပီး ျပန္ေျပာသည္။

ဒီနန္းေဆာင္ထဲမွာ ျခင္ကဘယ္လိုလုပ္႐ွိရမွာလဲ။ ႐ွိေနရင္လည္း ျခင္႐ွိရေလာက္ေအာင္ နန္းေဆာင္ကို ေပါ့ေပါ့ဆ ဆထားေသာ အေစခံမ်ားကို သတ္ပစ္သင့္သည္။ လီခ်န္းယံု စိတ္ေပါက္ေပါက္ႏွင့္ ေတြးေနသည္။

"လွည့္ပါ။ လွည့္ပါ။ ကိုယ္ေတာ့္ရဲ႕သမာဓိက အခ်ိန္အကန္႔သတ္႐ွိတယ္။ အားယံုေလးကိုသာ ေနာက္ထပ္ မိနစ္ႏွစ္ဆယ္ေလာက္ ဒီလိုထပ္ျမင္ေနရရင္ ကိုယ္ေတာ္အာမ မခံႏိုင္ဘူး''

လီခ်န္းယံုက အေ႐ွ႕သို႔ ျပန္လွည့္လိုက္ရသည္။ သို႔ေသာ္ ေနာက္ထပ္ ျခင္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ သူေနာက္တစ္ခ်က္ အ႐ိုက္ခံလိုက္ရေသးသည္။

လင္းမိုကေတာ့ လီခ်န္းယံု၏ အေနာက္တြင္ သူ၏ လက္ဝါးရာ နွစ္ခု ထင္းေနသည္ကို သေဘာတက် ၾကည့္ကာ ေနာက္ထပ္အသားမယူေတာ့ပဲ လီခ်န္းယံုကို ဝတ္ရံုမ်ားျပန္ဝတ္ေပးလိုက္သည္။

ေတာင္ပိုင္းဘုရင္ႀကီး၏ လက္သရမ္းကာ အသားယူမႈကို ခံလိုက္ရေသာ္လည္း လီခ်န္းယံုမွာ ယခုမွ သန္႔႐ွင္းၿပီး ေနရထိုင္ရ အဆင္ေျပသြားသည္။ ဒဏ္ရာသည္လည္း ေဆးထည့္ထားေသာေၾကာင့္ တဆစ္ဆစ္ကိုက္ခံျခင္းမ႐ွိေတာ့ေပ။

ထို႔ေနာက္ အေစခံမ်ားက အစားအေသာက္မ်ားကို လာပို႔ေလသည္။လင္းမိုက သူကိုယ္တိုင္ ဂ႐ုတစိုက္ ထမင္းပြဲေရာ ဟင္းပြဲမ်ားကိုေရာ ယူကာ လီခ်န္းယံု ကို ခြံ႔ေကြၽးေလသည္။

လီခ်န္းယံုသည္ သံုးရက္ေက်ာ္မွ် က်ားရဲကို ေျခရာခံအမဲခံလိုက္ခဲ့ေသာ မုဆိုးသည္ သူမဟုတ္သည့္အတိုင္း ေတာင္ပိုင္းဘုရင္ႀကီး၏ နန္းေဆာင္တြင္ ဘုရင္ႀကီး၏ ျပဳစုမႈတို႔ကို ကေလးတစ္ေယာက္သဖြယ္ခံယူကာ ဇိမ္က်ေနေလသည္။

သို႔ေသာ္ သူသည္ လင္းမိုကို ေရပတ္တိုက္ခိုင္းခဲ့ျခင္းကို အလြန္ ေနာင္တရမိေလသည္။ ညဘက္တြင္ သူေကာင္းေကာင္းမအိပ္ရ။

ထိုေန႔ညက ရက္အေတာ္ၾကာ လြမ္းဆြတ္ေနခဲ့ရေသာေၾကာင့္ အိပ္ယာထက္တြင္ ခ်စ္သူႏွစ္ဦး အနမ္းတို႔ျဖင့္ ကလူက်ီစယ္ေနခိုက္ လင္းမိုက မည္သို႔ စိတ္ကူးရသည္မသိ။ ျခင္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ လီခ်န္းယံု၏ တင္ပါးကို ႐ိုက္ေလသည္။

လီခ်န္းယံုက ရန္ေတြ႔ရန္ ႀကိဳးစားေသာ္လည္း လင္းမိုက အနမ္းတို္္္႔ျဖင့္ ေျဖသိမ့္ၿပီး သူ႔ကိုေဒါသထြက္ခြင့္မေပးေခ်။ ခ်ိဳၿမိန္ေသာ အနမ္းတို႔ေအာက္တြင္ ဝံပုေလြျဖဴေလးမွာ ေနာက္တစ္ႀကိမ္ က်႐ႈံးၿပီး ေတာင္ပိုင္းဘုရင္ႀကီးကို အ႐ႈံးေပးရေလေတာ့သည္။
_________________________________________________________________________




Continue Reading

You'll Also Like

10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
78.2K 5.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛
70K 3.1K 12
3ႏွစ္ၾကာ ၾကာသြားပီးတဲ့ ေနာက္ သူတို႔ရဲ႕ RS ဘယ္လို ဖစ္သြားမလဲ? ဒီ fic ကို ႀကိဳက္လို႔ ဘာသာျပန္ပီး ျပန္တင္ေရသားထားပါသည္ မူရင္း Author ကို Credit ေပးပါသည္။