The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 49

38.4K 5K 337
By Heather_Bell

Unicode

လီချန်းယုံမနက်ဝေလီဝေလင်းတွင် ကြားလိုက်ရသော ငှက်ကလေးများ၏ အော်သံကြောင့် သူနိုးလာလေသည်။ သူနိုးနိုးချင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ တောအုပ်မှာ ပိတ်ပိတ်ထူနေသောကြောင့် နေပြောက်မထိုးနိုင်။ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရသေးပေ။ သူအိပ်ယာက ဆတ်ခနဲထပြီး မပြီးဆုံးသေးသော တာဝန်ကို လုပ်ဆောင်ရန် ဟန်ပြင်လိုက်သည်။

ဟန်ယန်ကျားတိုးဝင်ပျောက်ကွယ်သွားသော စမ်းချောင်းဘေးမှ သစ်ပင်တို့ကို ကြည့်ကာ လီချန်းယုံသည် အမဲလိုက်ခရီး စတင်ခဲ့ချေသည်။ သစ်တောတွင်းက မြေတို့်မှာ အနည်းငယ်ပျော့နေသောကြောင့် ကျားခြေရာတို့ကို မထင်မရှားတွေ့နိုင်ပေသည်။

ကျွမ်းကျင်သောမုဆိုးကောင်းတို့၏ အရည်အသွေးတွင် သားကောင်၏ ခြေရာကို ကောင်းစွာကောက်ယူနိုင်ခြင်းသည်လည်း အပါအဝင်ဖြစ်ချေသည်။

လီချန်းယုံက တစ်စတစ်စနက်ရှိုင်းလာသော တောကို ပိုမိုသတိကြီးစွာ ကျော်ဖြတ်နေရသည်။ လမ်းတစ်လျှောက်တွင် လူတစ်ရပ်မြုပ်သွားနိုင်သော နွံများ၊ အသက်ဝင်လှုပ်ရှားနေသည့် နွယ်ပင်များ၊ အဆိပ်ပြင်းမြွေများမရေမတွက်နိုင်အောင် တွေ့ခဲ့ရလေသည်။

လီချန်းယုံသာ သတိရှိမနေပါက သူ၏ အသက်နှင့်အိုးစာ ကွဲသွားနိုင်သည်။  သူက မြေပြင်က မထင်မရှားကျားခြေရာများနောက်သို့ လိုက်ရင်း ကျားနှင့် တဖြည်းဖြည်းနီးလာမှန်းသိလိုက်ရချေသည်။

"ဝေါင်း...''
သူ့နားထဲတွင် ကျားဟိန်းသံ အကျယ်ကြီးကိုကြားလိုက်ရချေသည်။ သားကောင်တို့၏ အသံကို ခွဲခြားနိူင်ရန် လေ့ကျင့်ထားသည့် လီချန်းယုံသည် ထိုကျားဟိန်းသံမှာ တစ်စုံတစ်ရာကြောင့် နာကျင်သွားသည့် ဒေါသဖြင့် ဟိန်းသံ ဖြစ်ကြောင်းသိလိုက်သည်။

လီချန်းယုံက သူ၏ ခြေလှမ်းတို့ကို အရှိန်တင်ပြီး ကျားဟိန်းသံကြားရသော နေရာသို့ဦးတည်သွားလိုက်သည်။ သို့သော် တော်တော်နှင့်မရောက်နိုင်။

တောအုပ်အတွင်း ဖြစ်သောကြောင့် အသံတို့က ပဲ့တင်ကာ ရိုက်ခတ်နေခြင်းဖြစ်သည်။ သို့ကြောင့် လီချန်းယုံသည် သူ၏ နားထဲတွင် ကျားဟိန်းသံကို အကျယ်ကြီး ကြားလိုက်ရခြင်း ဖြစ်သည်။

လီချန်းယုံက ဂရုစိုက်ပြီး ရှေ့သို့သွားနေစဉ်...

"အား....''
လူတစ်ယောက်၏ အော်သံကဲ့သို့ အသံအကျယ်ကြီးကိုပါ ကြားလိုက်ရပြန်သည်။ သည်တစ်ကြိမ်တော့ လီချန်းယုံတွေဝေမနေ။ အသံကြားရသော နေရာသို့ အပြေးသွားလိုက်သည်။

ကြီးမားသော ကညင်ပင်ကြီး၏ အောက်တွင် ဓားရှည်ကိုင်ဆောင်ထားသော လူနှစ်ယောက်က ကျားတစ်ကောင်နှင့် တိုက်ခိုက်နေကြသည်။ သို့သော် ဓားရှည်ကိုင်ထားသော လူနှစ်ယောက်မှာ ကျားကို ကောင်းစွာမရင်ဆိူင်နိုင်။ ညာဘက်က လူမှာ လက်မောင်းတစ်ခုလုံး သွေးချင်းချင်းနီအောင် အကိုက်ခံထားရပြီး ဖြစ်သည်။

ကျားတစ်ကောင်နှင့် လူနှစ်ယောက်တိုက်ပွဲ...
ကျားနှင့် အနီးကပ်တိုက်ခိုက်နေရသော လူနှစ်ယောက်မှာ အခြေအနေမကောင်းပါ။ လီချန်းယုံ ရုတ်တရက် တွေဝေသွားသည်။ ထိုသူနှစ်ယောက်ကိုကူညီပြန်ပါကလည်း နောက်မှရောက်လာသော သူက သားကောင်ကို လုယူသည်ဟု အထင်ခံရနိုင်သည်။ မကူညီပြန်ပါကလည်း ထိုသူနှစ်ယောက် ဒဏ်ရာအကြီးအကျယ်ရသွားနိုင်သည်။

"ရှပ်...''
နောက်ထပ်ခြေသံတစ်ခုကြားလိုက်ရသောကြောင့် လီချန်းယုံ လန့်ဖြတ်သွားသည်။ အလွန်တရာပါးလှသော သူ၏ နားများကြောင့် မဟုတ်လျှင် ထိုအသံကို သူကြားမိမည်မဟုတ်။ လီချန်းယုံ လှည့်ကြည့်လိုက်သောအခါ...

အလွန်တရာကြီးမားသော အနက်ဆင်းကျား ကျားကြီးတစ်ကောင်။ ထိုကျားကြီးသည် သူပထမတွေ့ခါစက ကျားထက်ပိုကြီးမားသည်။ လီချန်းယုံ အသက်ကို ပြင်းပြင်းရှုလိုက်သည်။ ကံကြမ္မာက သူ့အတွက် တိုက်ပွဲအသစ်ဖန်တီးပေးပါသည်။

မဝေးလှသော ကိုက်အနေအထားကြောင့် မြှားဖြင့်ပစ်ရန်မလွယ်ကူတော့ချေ။ သို့သော် လီချန်းယုံသည် လေးနှင့် မြှားကို သာမန်ကာလျှံကာ လေ့ကျင့်ခဲ့သည်မဟုတ်။ ခြေငါးလှမ်းအကွာက ပစ်မှတ်ကိုပင် မြှားဖြင့်ပစ်နိုင်အောင်လေ့ကျင့်ခဲ့သူဖြစ်သည်။

(Note. သာမန်အားဖြင့် လေးနှင့်မြှားကို အဝေးကပစ်မှတ်တွေပစ်ဖို့အတွက်ပဲ သုံးလို့ရပါတယ်။ ပစ်မှတ်နီးလေ ထိဖို့အခွင့်အရေးများပေမယ့် အရမ်းနီးလွန်းသွားရင် ပစ်လို့မရတော့ဘူး။ အဲ့ဒါကြောင့် လုံးဝနီးကပ်သွားတဲ့ ပစ်မှတ်တွေမျိုးကို လေ့ကျင့်ထားတဲ့ မြှားပစ်သမားကပဲ ပစ်နိုင်ပါတယ်။ မယုံလျှင် စမ်းကြည့်ပါ)

လီချန်းယုံသည် စိတ်ကိုဖြေလျှော့ပြီး ကျားကို ပစ်ရန်မြှားတံကို လေး၌တင်ပြီး ချိန်လိုက်သည်။ ကျားကြီးက အခြေအနေကို အကဲခတ်နေဟန်ဖြင့် တစ်လှမ်းချင်း လှမ်းလာသည်။ ကျားကြီး၏ ကိုယ်နေဟန်ထားက အနည်းငယ်ညွှတ်သွားပြီး အမြှီးက ဖြောင့်တန်းသွားချိန်တွင် လီချန်းယုံသည် ကျားက သူ့ကို ခုန်အုပ်တော့မည်မှန်းသိလိုက်သည်။ ထိုစက္ကန့်မျှကြာသော အချိန်မှာ သူ့အတွက်အလွန်တရာအရေးကြီးပေသည်။

ကျားကြီးကသာ သူ့ကို ခုန်အုပ်လ်ိုက်ပါက သူ့အတွက် အခွင့်အရေးနည်းသွားမည်ဖြစ်သည်။ သူက လေးကြိုးကိုဆွဲပြီး တင်ထားသော မြှားတံကို ပစ်လိုက်သည်။

"ဒုတ်....''

"ဝေါင်း...''
နှလုံးတည့်တည့်သို့ မြှားထိမှန်သွားသောကြောင့် ကျားကြီး၏ မချိမဆန့်အော်သံက ပတ်ဝန်းကျင်တွင် ကြောက်စရာကောင်းအောင် ပျံ့နှံ့သွားသည်။

လီချန်းယုံက သတိလက်လွတ်မနေ။ သူခါးတွင် ချိတ်ထားသော ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ မြှားတံမှာ ချက်ကောင်းထိသွားသော်လည်း ကျားကြီးမှာ တုံ့ခနဲလဲမသွား။ အရှိန်ပျက်သွားခြင်းသာ ရှိသည်။

သူကနားကျည်းစွာအော်ပြီး နောက်တစ်ကြိမ်ခုန်အုပ်ရင်ဝင်လာသည်။ လီချန်းယုံမှာ ကျား၏ လက်သည်းတို့ဖြင့် အပုတ်ခံရပါက သူ၏ ခန္ဓာကိုယ်စုတ်ပြတ်သွားမည်ကို သိသောကြောင့် လွတ်အောင်လိမ့်ပြီး ရှောင်တိမ်းလိုက်သည်။

ကျားကြီးက သူ့ကိုဒေါသတကြီးလိုက်ပြီး လက်ဖြင့်ဆွဲကုတ်ရာ သူ၏ ညာဘက်ခြေထောက်မှာ ရှပ်ထိသွားသည်။ သွေးများက ချက်ချင်းကျလာပြီး လီချန်းယုံမှာ ဟန်ချက်ပျက်သွားသည်။

နောက်တစ်ကြိမ်ခုန်ဝင်လာရန်ကြိုးစားသော ကျားမှာလီချန်းယုံဆီမရောက်လာခင် လမ်းတစ်ဝက်တွင် မဟန်နိုင်တော့ဟန်ဖြင့် လဲကျသွားလေသည်။ လီချန်းယုံသည် သူ့ဘေးက လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထိုသူတို့သည်လည်း အခြေအနေမကောင်း။ နောက်ထပ်စဉ်းစားမနေတော့ပဲ လေးနှင့်မြှားကိုယူကာ ကျန်ရှိနေသော ကျားထံသို့ မြှားနောက်တစ်စင်းပစ်လိုက်သည်။

သည်တစ်ကြိမ်တော့ ကျားက ချက်ချင်းလဲကျသွားသည်။ ထိုလူနှစ်ယောက်က ကျေးဇူးတင်ဟန်ဖြင့် လီချန်းယုံကို ဦးညွှတ်ပြသည်။ လီချန်းယုံမကယ်ပါက သူတို့အနေဖြင့် သိုင်းပညာထုတ်သုံးခြင်းမှအပ အခြားနည်းမရှိတော့ချေ။ သိုင်းပညာသုံးခြင်းသည် ဟန်ယန်းအမဲလိုက်တောပြိုင်ပွဲတွင် ပြင်းထန်စွာ တားမြစ်ထားလေသည်။ ချိုးဖောက်မိပါက အပြစ်ပေးခံနိုင်ရသည်။

ထိုသူနှစ်ယောက်က ကျားသေကို ခိုခံ့သော ကြိုးများဖြင့် ခြေနှင့်လက်ကို တုတ်နှောင်ကာ  ဝါးလုံးများဖြင့် လှိျုးပြီး သယ်ယူသွားလေသည်။

လီချန်းယုံက သူ၏ ခြေထောက်ကို တစ်ချက်ကြည့်လိုက်သည်။ ဒဏ်ရာက မသေးပါ။ ကျား၏ လက်သည်းရာက အစင်းလိုက်ဖြင့် သွေးတို့ချင်းချင်းနီနေသည်။ သည်တိုင်းထားပါက သွေးထွက်လွန်သွားနိုင်သည်။

လီချန်းယုံက အနီးနားပတ်ဝန်းကျင်တွင် ပေါက်နေသော အပင်လေးများကို ရှာဖွေကြည့်လိုက်သည်။ တောတွင်း အမဲလိုက်မုဆိုးများ ဒဏ်ရာရလျှင် သုံးတတ်သည့် ဆေးပင်တွေ့လိုတွေ့ညားရှာနေခြင်းဖြစ်သည်။

ကံကောင်းစွာပင် အသုံးဝင်သော အပင်တစ်ချို့တွေ့သဖြင့် နုှုတ်ယူပြီး ချေကာ ဒဏ်ရာကို အုံထားလိုက်သည်။ သူ၏ ဝတ်ရုံအနားမှ ပိတ်စဖြူကို ဖြဲကာ စည်းနှောင်လိုက်သည်။

ပြီးစီးသွားသည့်အခါမှာတော့ ဒဏ်ရာမှာ လောလောဆည်ထိ စိတ်ပူစရာမရှိကြောင်း သိလိုက်သည်။ သိူ့သော် လီချန်းယုံမှာ လမ်းကောင်းကောင်း မလျှောက်နိုင်။ ထော့နဲထော့နဲ ဖြစ်နေသည်။

လီချန်းယုံက ကျားကြီးကို တစ်ချက်ကြည့်လိုက်သည်။ သည်လောက်ကြီးမားသော ကျားကြီးကို ဒဏ်ရာရနေသောလီချန်းယုံက ဘယ်နည်းနှင့်မျှမသယ်နိုင်။ သို့သော်ကျားသာ ပါမလာပါက လီချန်းယုံသည် သူတာဝန်ပြီးဆုံးကြောင်း မည်သို့ သက်သေပြပါမည်နည်း။

သူရှည်ရှည်ဝေးဝေးမစဉ်းစားပါ။
ဓားမြှောင်ကို ကောက်ယူပြီး ကျား၏သားရေကို ခွာလိုက်သည်။ အဝါ၊ အနက်စင်းကျားတို့ဖြင့် အမွေးများပြောင်လက်နေသော ကျားသားရေမှာ အလွန်လှပပေသည်။ လီချန်းယုံမှာ သိပ်တော့ အပြစ်ရှိသလို မခံစားရ။ ယခုကျားသည် သူအမဲလိုက်ရန်ခြေရာကောက်လာသော ကျားမဟုတ်ချေ။ သူ့ကို ချောင်းပြီး တိုက်ခိုက်ရန်ချောင်းနေခြင်းသာ ဖြစ်သည်။ အကယ်၍ သူက ကျားကို မသတ်ပါက ကျားက သူ့ကို သတ်ချေတော့မည်။

ထိုအချိန်တွင် ဟန်ယန်တောအပြင်ဘက်က လင်းမိုမှာ ရွက်ဖျင်တဲရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ ယခုက သုံးရက်မြောက်သောနေ့ပင်။ တစ်နည်းအားဖြင့် အမဲလိုက်သော သူတို့ပြန်လာရမည့်နေ့ဖြစ်သည်။ တောအစပ်လောက်သာ သွားပြီး သာမန်သားရဲတို့ကို ဖမ်းလာသော စစ်သည်တော်အချို့ပင် ပြန်ရောက်လာကြပြီဖြစ်သည်။

လင်းမိုသည် လီချန်းယုံကို ကောင်းစွာသိသည်။ တောအစပ်လောက်သာသွားပြီး သမင်လေးတစ်ကောင်ကို မြှားဖြင့်ပစ်ကာ ထမ်းသယ်လာမည့် မုဆိုးမဟုတ်ချေ။ တောအနက်ဆုံးထိ သွားပြီး အန္တာရာယ်အများဆုံးသော သားကောင်ကို ရွေးချယ်ပြီး စိန်ခေါ်မည့်ုဖြစ်သည်။

ယခုအချိန်တွင် လင်းမို၏ အတွေးအာရုံ၌ လီချန်းယုံရင်ဘတ်တွင် ရှိသော ဝက်ဝံလက်သည်းရာ ထင်းထင်းကြီးကိုသာ မြင်ယောင်နေသည်။ ထိုဝက်ဝံလက်သည်းရာမှာ သူ့ဘဝ၏ ဂုဏ်ယူစရာဟု မကြာခဏကြွေးကြော်တတ်သော လီချန်းယုံသည် နောက်ထပ်ကြွေးကြော်စရာ တစ်ခု ယူဆောင်မလာပါစေရန်သာ လင်းမိုဆုတောင်းရမည်။

မည်သည့်ကိစ္စမဆို ကြိုတင်စီစဉ်ကာ အကွက်ချတတ်ပြီး ကိစ္စတိုင်းကလည်း သူစီစဉ်ထားသလို ဖြစ်လာသော လင်းမိုမှာ ယခုအခြေအနေကိုတော့ အမှန်တကယ် မုန်းတီးမိသည်။ သူစီစဉ်လို့ရသည်အရာ တစ်ခုမှမရှိချေ။ လင်းမို၏ အတွေးထဲတွင် ယုတ္တိမရှိသော အရာတစ်ချို့ပင် ဝင်လာသည်။

သည်လိုဖြစ်မည်မှန်းသိခဲ့လျှင် အမဲလိုက်ပြိုင်ပွဲမတိုင်ခင်ကတည်းက ရှိရှိသမျှ အန္တာရာယ်များသည့် သားရဲတို့ကို သူသတ်ပစ်ထားလိုက်ပေမည်။ မဆီလျော်သော အတွေးတို့ကို ခေါင်းထဲမှ အမြန်ထုတ်ကာ လင်းမိုသည် တောအစပ်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

ရှောင်ချိုနှင့်ဟေးချိုသည်လည်း ရွက်ဖျင်တဲ၏ အပြင်ဘက်တွင် ထိုင်ကာ အခြေအနေကို အကဲခတ်နေသည်။ သခင်လေးချန်းယုံ၏ အမဲလိုက်စွမ်းရည်ကို အပြည့်အဝယုံကြည်ထားသော ရှောင်ချိုက နည်းနည်းမျှပင်စိတ်မပူ။

အရှင်လင်းမိုကြောက်၍သာ သူစိတ်ပူနေသကဲ့သို့ အပြင်ထွက်ထိုင်နေခြင်းဖြစ်သည်။ နို့မဟုတ်ပါက သူသည် သခင်ကို စောင့်ရှောက်ရမည့် သွေးဖြူဝံပုလွေတို့၏ ဝတ္တရားမကျေဟု အထင်ခံရနိုင်သည်။

ဟေးချိုသည်လည်း စိတ်အေးလက်အေးဖြင့်ထိုင်နေသည်။ သူကလည်း စိတ်မပူပါ။ သူစိတ်မပူရသည့်အကြောင်းမှာ ရှောင်ချိုက မပူရန်ပြောထားသောကြောင့် ဖြစ်သည်။

အချိန်ကာလရွေ့လျားလာသည်နှင့် အမျှလင်းမိုမှာပို၍ မတည်မငြိမ်ဖြစ်လာသည်။ တောစပ်မှ အမဲလိုက်ပြီးပြန်လာသူတို့က တဖွဲဖွဲရောက်လာကြသည်။ ပြန်ရောက်လာသူများကို ဒဏ်ရာရမရ စစ်ဆေးနေသော သမားတော်များ၊ သိုင်းပညာသုံးခဲ့ခြင်းရှိမရှိစစ်ဆေးနေသော ပညာရှင်တို့ဖြင့် ရွက်ဖျင်တဲတို့မှာ စည်ကားနေသည်။

လင်းမို၏ စစ်သူကြီးမင်ယုကိုယ်တိုင်လည်း ရရှိလာသော သားကောင်များကို အဆင့်သတ်မှတ်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။ တော်တော်များများက အန္တာရာယ်များသော သားကောင်များကို ခဲခဲယဉ်းယဉ်းအမဲလိုက်ခဲ့ခြင်းသာဖြစ်သည်။

လင်းမိုသည် သူ၏ စိတ်တို့တည်ငြိမ်အောင်မနည်းပင် ကြိုးစားနေရချေသည်။ ဤမျှကျယ်ဝန်းသော တောနက်ကြီးတွင် သုံးရက်နှင့် ပြန်မရောက်သော အမဲလိုက်ပြိုင်ပွဲဝင်များရှိသည်ကိုလည်း သူသိသည်။ သို့သော် ယခုအခြေအနေနှင့်ဆိုလျှင် သူလီချန်းယုံကို တွေ့မှ စိတ်အေးမည်ဖြစ်သည်။

ညနေပိုင်းနေလုံးကြီးအနောက်ရပ်သို့ ဦးတည်လာချိန်တွင် အမဲလိုက်ပြိုင်ပွဲဝင် လေးပုံသုံးပုံခန့်ပြန်ရောက်ပြီဖြစ်သည်။

နေဝင်ရီတရောအချိန်တွင် တောအစပ်မှ အနီရောင်ပုံရိပ်နှင့် လူနှစ်ယောက် ကျားတစ်ကောင်ကို လျှိုထမ်းပြီးရောက်လာသည်။ လင်းမို ထိုလူတို့်ကို တစ်ချက် ကြည့်လိုက်သည်။ သူသည် လီချန်းယုံ အမဲလိုက်ပါက အန္တာရာယ်အရှိဆုံးသော ကျားကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း သိသည်။ ယခုထိုလူနှစ်ယောက်ကလည်း ကျားကိုပင် သယ်ဆောင်လာသည်။

နံဘေးတွင် ရပ်နေသော အတိုင်ပင်ခံအမတ်ကြီးက အရိပ်အကဲနားလည်စွာ ထိုစစ်သည်တော်နှစ်ယောက်ကို သွားခေါ်စေသည်။ စစ်သည်နှစ်ယောက်ကလည်း လမ်းတွင် မြောက်ပိုင်းအိမ်ရှေ့စံနှင့် တွေ့ခဲ့သူများဖြစ်၌ လင်းမိုဆီ သတင်းပေးရန် ရောက်လာကြသည်။

လင်းမိုရှေ့တွင် ထိုစစ်သည်တော်နှစ်ယောက်က ဒူးထောက်၍ အရိုအသေပေးပြီး ညာဘက်ကလူက စကားစပြောသည်။
"အရှင်...လျှောက်တင်ပါတယ်။ မြောက်ပိုင်းအိမ်ရှေ့စံနဲ့ အမဲလိုက်တုန်းက တွေ့ခဲ့ပါတယ်။ အိမ်ရှေ့စံက ဟန်ယန်းတောက အကြီးဆုံးကျားရဲကို အနိုင်ယူတိုက်ခိုက်ခဲ့တာလည်း မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ကိုတောင် အိမ်ရှေ့စံက ကူညီခဲ့သေးတယ်။ ကျွန်တော်တို့ကအရင်ထွက်လာခဲ့တာကြောင့် အိမ်ရှေ့စံ မကြာမီ ပြန်ရောက်လာမှာပါ''

ထိုသူ၏ စကားမှ လင်းမိုနားထဲသို့ဝင်သွားသော စကားလုံးမှာ
ဟန်ယန်းတောကအကြီးဆုံးကျားရဲ...

လင်းမို၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ခုကို အလိုမကျဟန်နှုတ်ခမ်းတို့က တည်သွားသည်။
"သူဒဏ်ရာရသေးလား''

စစ်သည်တော်နှစ်ယောက်မှာ အမေးရှိလျှင် အဖြေရှိရမည်ဖြစ်သောကြောင့် စိုးရွံ့စွာဖြေလေသည်။
"အိမ်ရှေ့စံရဲ့ ညာဘက်ခြေထောက်ကိုတော့ ကျားရဲ့ လက်သည်းတွေနဲ့ ကုတ်မိတယ်ထင်တယ်''

လင်းမို၏ မျက်လုံးတို့ကို အလွန်ထက်သည့် ဓားတစ်လက်လို စူးရဲသွားသည်။

"ရှပ်ထိသွားတာပါ အရှင်။ အိမ်ရှေ့စံ လမ်းလျှောက်နိုင်ပါတယ်။ သားကောင်ရခဲ့တဲ့ သက်သေအနေနဲ့ ကျားရဲဆီက တစ်စုံတစ်ခု ယူနေတာကြောင့် နောက်ကျနေတာနေမှာပါ အရှင်။''

အတိုင်ပင်ခံအမတ်ကြီး ကခေါင်းတဆတ်ဆတ်ငြိမ့်ပြီး လင်းမိုကို ဖြောင်းဖျသည်။
"အရှင်...ခဏတော့စောင့်ကြည့်ပါဦး။ သူရဲ့ သွေးဖြူဝံပုလွေလည်း ရှိနေတာပဲ။ တစ်ခုခုဆိုရင်ခံစားမိမှာပါ။ အလျင်စလို လှုပ်ရှားလိုက်လို့ အိမ်ရှေ့စံရဲ့ ကြိုးစားမှုက အလဟာသဖြစ်သွားရင် မကောင်းဘူး''

လင်းမို သူ့စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားနေရသည်။ ရွက်ဖျင်တဲ ပတ်ပတ်လည်၌ လင်းမို၏ အထူးကိုယ်ရံတော်တပ်ဖွဲ့က နေရာယူထားကြသည်။ အိမ်ရှေ့စံတစ်ခုခုဖြစ်ပါက အချိန်မီ လိုက်ရှာရန် စီစဉ်ထားခြင်းဖြစ်သည်။ တော၏ အရပ်မျက်နှာလေးဘက်လုံးတွင် ဝတ်ရုံပြည့်ဖြင့် စောင့်ကြပ်နေသော ကိုယ်ရံတော်အဖွဲ့လေးဖွဲ့ရှိသည်။ လင်းမိုကိုယ်တိုင်သွားရန်လည်း မြင်းကအသင့်ပြင်ထားပြီဖြစ်သည်။

လင်းမိုဝေခွဲရခက်နေသည်။ သူအလွန်တရာစိတ်ပူနေပေမယ့် သူဝင်ပါလိုက်ပါက ပြိုင်ပွဲအရ လီချန်းယုံမည်သည့်သားကောင်ရရ စည်းကမ်းနှင့်အကျုံးမဝင်ပေ။

ထိုအခိုက်အတန့်တွင် ရွက်ဖျင်တဲအနီးတစ်ဝိုက်ကလူများသည် ဝံပုလွေအူသံကို ကြားလိုက်ရသည်။

ကောင်းကင်ကို မော့ကြည့်ကာ အနီရင့်ရောင်မျက်လုံး၊ ချွန်ထက်သော လက်သည်းတို့ဖြင့် အသွင်ပြောင်းစပြုနေသောရှောင်ချို...

"ရှောင်ချို...''
လင်းမိုရော ဟေးချိုပါ ပြိုင်တူခေါ်လိုက်သည်။

"ခံစားလို့မရတော့ဘူး...''
ရှောင်ချိုက သွေးချင်းချင်းနီသောမျက်လုံးတို့ဖြင့် တုပ်လှုပ်စွာပြောသည်။

"ရှောင်ချို ဘာဖြစ်တာလဲ''
လင်းမိုက ရှောင်ချို၏ ပခုံးတို့ကို ကိူင်လှုပ်ပြီးမေးသည်။

"ကျွန်တော် ခံစားလို့မရတော့ဘူး သခင်လေးရဲ့ ဖြစ်တည်မှုကို။ သခင်လေး နှလုံးခုန်သံရပ်ပြီး အသက်မရှိတော့ရင်တောင် ကျွန်တော် အာရုံခံလို့ရသေးတယ်။ အခုက သခင်လေးဒီတိုင်း ပျောက်သွားသလိုပဲ။ ဒီလောကကြီးမှာ သခင်လေးက ဘယ်တုန်းကမှ မတည်ရှိခဲ့သလို ပျောက်သွားပြီ...''

လင်းမို၏ မျက်ဝန်းအစုံက မကောင်းဆိုးဝါးလို ခက်ထန်သွားသည်။ သူ၏ လက်တို့်က တင်းတင်းဆုပ်ထားပြီး သူက အမိန့်ပေးလိုက်သည်။
"အချက်ပြလိုက်...အရပ်လေးမျက်နှာလုံးက ကိုယ်ရံတော်တွေ ဟန်ယန်းတောမြေနေရာ တစ်လက်မမှ မကျန်အောင်ရှာခဲ့လို့''

ပြောရင်း လင်းမိုက သူအသင့်ပြင်ထားသော မြင်းပေါ် တက်ပြီး ကစုန်ဆိုင်းစီးသွားသည်။ ရှောင်ချိုသည်လည်း ဝံပုလွေအသွင် ဖြင့်တောထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။ ဟေးချိုက မြင်းတစ်ကောင်ဖြင့်နောက်ကလိုက်လာသည်။

ကောင်းကင်ပြင်တွင် မီးရှုးပန်းများထိန်လင်းသွားသည်နှင့် ကိုယ်ရံတော်တပ်ဖွဲ့တို့စတင်လှုပ်ရှားလေသည်။

ခြောက်ချားဖွယ်ကောင်းပြီး တိတ်ဆိတ်နေသော ဟန်ယန်းတောကြီးတွင် မကြာမီပင် မြင်းခွာသံတဖြောင်းဖြောင်းဖြင့် ဆူညံသွားသည်။

Zawgyi

လီခ်န္းယံုမနက္ေဝလီေဝလင္းတြင္ ၾကားလိုက္ရေသာ ငွက္ကေလးမ်ား၏ ေအာ္သံေၾကာင့္ သူႏိုးလာေလသည္။ သူႏိုးႏိုးခ်င္း ပတ္ဝန္းက်င္ကို အကဲခတ္လိုက္သည္။ ေတာအုပ္မွာ ပိတ္ပိတ္ထူေနေသာေၾကာင့္ ေနေျပာက္မထိုးႏိုင္။ ပတ္ဝန္းက်င္ကို ႐ွင္းလင္းစြာ မျမင္ရေသးေပ။ သူအိပ္ယာက ဆတ္ခနဲထၿပီး မၿပီးဆံုးေသးေသာ တာဝန္ကို လုပ္ေဆာင္ရန္ ဟန္ျပင္လိုက္သည္။

ဟန္ယန္က်ားတိုးဝင္ေပ်ာက္ကြယ္သြားေသာ စမ္းေခ်ာင္းေဘးမွ သစ္ပင္တို႔ကို ၾကည့္ကာ လီခ်န္းယံုသည္ အမဲလိုက္ခရီး စတင္ခဲ့ေခ်သည္။ သစ္ေတာတြင္းက ေျမတို္႔မွာ အနည္းငယ္ေပ်ာ့ေနေသာေၾကာင့္ က်ားေျခရာတို႔ကို မထင္မ႐ွားေတြ႔ႏိုင္ေပသည္။

ကြၽမ္းက်င္ေသာမုဆိုးေကာင္းတို႔၏ အရည္အေသြးတြင္ သားေကာင္၏ ေျခရာကို ေကာင္းစြာေကာက္ယူႏိုင္ျခင္းသည္လည္း အပါအဝင္ျဖစ္ေခ်သည္။

လီခ်န္းယံုက တစ္စတစ္စနက္႐ႈိင္းလာေသာ ေတာကို ပိုမိုသတိႀကီးစြာ ေက်ာ္ျဖတ္ေနရသည္။ လမ္းတစ္ေလွ်ာက္တြင္ လူတစ္ရပ္ျမဳပ္သြားႏိုင္ေသာ ႏြံမ်ား၊ အသက္ဝင္လႈပ္႐ွားေနသည့္ ႏြယ္ပင္မ်ား၊ အဆိပ္ျပင္းေႁမြမ်ားမေရမတြက္ႏိုင္ေအာင္ ေတြ႔ခဲ့ရေလသည္။

လီခ်န္းယံုသာ သတိ႐ွိမေနပါက သူ၏ အသက္ႏွင့္အိုးစာ ကြဲသြားႏိုင္သည္။  သူက ေျမျပင္က မထင္မ႐ွားက်ားေျခရာမ်ားေနာက္သို႔ လိုက္ရင္း က်ားႏွင့္ တျဖည္းျဖည္းနီးလာမွန္းသိလိုက္ရေခ်သည္။

"ေဝါင္း...''
သူ႔နားထဲတြင္ က်ားဟိန္းသံ အက်ယ္ႀကီးကိုၾကားလိုက္ရေခ်သည္။ သားေကာင္တို႔၏ အသံကို ခြဲျခားႏိူင္ရန္ ေလ့က်င့္ထားသည့္ လီခ်န္းယံုသည္ ထိုက်ားဟိန္းသံမွာ တစ္စံုတစ္ရာေၾကာင့္ နာက်င္သြားသည့္ ေဒါသျဖင့္ ဟိန္းသံ ျဖစ္ေၾကာင္းသိလိုက္သည္။

လီခ်န္းယံုက သူ၏ ေျခလွမ္းတို႔ကို အ႐ွိန္တင္ၿပီး က်ားဟိန္းသံၾကားရေသာ ေနရာသို႔ဦးတည္သြားလိုက္သည္။ သို႔ေသာ္ ေတာ္ေတာ္ႏွင့္မေရာက္ႏိုင္။

ေတာအုပ္အတြင္း ျဖစ္ေသာေၾကာင့္ အသံတို႔က ပဲ့တင္ကာ ႐ိုက္ခတ္ေနျခင္းျဖစ္သည္။ သို႔ေၾကာင့္ လီခ်န္းယံုသည္ သူ၏ နားထဲတြင္ က်ားဟိန္းသံကို အက်ယ္ႀကီး ၾကားလိုက္ရျခင္း ျဖစ္သည္။

လီခ်န္းယံုက ဂ႐ုစိုက္ၿပီး ေ႐ွ႕သို႔သြားေနစဥ္...

"အား....''
လူတစ္ေယာက္၏ ေအာ္သံကဲ့သို႔ အသံအက်ယ္ႀကီးကိုပါ ၾကားလိုက္ရျပန္သည္။ သည္တစ္ႀကိမ္ေတာ့ လီခ်န္းယံုေတြေဝမေန။ အသံၾကားရေသာ ေနရာသို႔ အေျပးသြားလိုက္သည္။

ႀကီးမားေသာ ကညင္ပင္ႀကီး၏ ေအာက္တြင္ ဓား႐ွည္ကိုင္ေဆာင္ထားေသာ လူႏွစ္ေယာက္က က်ားတစ္ေကာင္ႏွင့္ တိုက္ခိုက္ေနၾကသည္။ သို႔ေသာ္ ဓား႐ွည္ကိုင္ထားေသာ လူႏွစ္ေယာက္မွာ က်ားကို ေကာင္းစြာမရင္ဆိူင္ႏိုင္။ ညာဘက္က လူမွာ လက္ေမာင္းတစ္ခုလံုး ေသြးခ်င္းခ်င္းနီေအာင္ အကိုက္ခံထားရၿပီး ျဖစ္သည္။

က်ားတစ္ေကာင္ႏွင့္ လူႏွစ္ေယာက္တိုက္ပြဲ...
က်ားႏွင့္ အနီးကပ္တိုက္ခိုက္ေနရေသာ လူႏွစ္ေယာက္မွာ အေျခအေနမေကာင္းပါ။ လီခ်န္းယံု ႐ုတ္တရက္ ေတြေဝသြားသည္။ ထိုသူႏွစ္ေယာက္ကိုကူညီျပန္ပါကလည္း ေနာက္မွေရာက္လာေသာ သူက သားေကာင္ကို လုယူသည္ဟု အထင္ခံရႏိုင္သည္။ မကူညီျပန္ပါကလည္း ထိုသူႏွစ္ေယာက္ ဒဏ္ရာအႀကီးအက်ယ္ရသြားႏိုင္သည္။

"႐ွပ္...''
ေနာက္ထပ္ေျခသံတစ္ခုၾကားလိုက္ရေသာေၾကာင့္ လီခ်န္းယံု လန္႔ျဖတ္သြားသည္။ အလြန္တရာပါးလွေသာ သူ၏ နားမ်ားေၾကာင့္ မဟုတ္လွ်င္ ထိုအသံကို သူၾကားမိမည္မဟုတ္။ လီခ်န္းယံု လွည့္ၾကည့္လိုက္ေသာအခါ...

အလြန္တရာႀကီးမားေသာ အနက္ဆင္းက်ား က်ားႀကီးတစ္ေကာင္။ ထိုက်ားႀကီးသည္ သူပထမေတြ႔ခါစက က်ားထက္ပိုႀကီးမားသည္။ လီခ်န္းယံု အသက္ကို ျပင္းျပင္း႐ႈလိုက္သည္။ ကံၾကမၼာက သူ႔အတြက္ တိုက္ပြဲအသစ္ဖန္တီးေပးပါသည္။

မေဝးလွေသာ ကိုက္အေနအထားေၾကာင့္ ျမႇားျဖင့္ပစ္ရန္မလြယ္ကူေတာ့ေခ်။ သို႔ေသာ္ လီခ်န္းယံုသည္ ေလးႏွင့္ ျမႇားကို သာမန္ကာလွ်ံကာ ေလ့က်င့္ခဲ့သည္မဟုတ္။ ေျခငါးလွမ္းအကြာက ပစ္မွတ္ကိုပင္ ျမႇားျဖင့္ပစ္ႏိုင္ေအာင္ေလ့က်င့္ခဲ့သူျဖစ္သည္။

(Note. သာမန္အားျဖင့္ ေလးႏွင့္ျမႇားကို အေဝးကပစ္မွတ္ေတြပစ္ဖို႔အတြက္ပဲ သံုးလို႔ရပါတယ္။ ပစ္မွတ္နီးေလ ထိဖို႔အခြင့္အေရးမ်ားေပမယ့္ အရမ္းနီးလြန္းသြားရင္ ပစ္လို႔မရေတာ့ဘူး။ အဲ့ဒါေၾကာင့္ လံုးဝနီးကပ္သြားတဲ့ ပစ္မွတ္ေတြမ်ိဳးကို ေလ့က်င့္ထားတဲ့ ျမႇားပစ္သမားကပဲ ပစ္ႏိုင္ပါတယ္။ မယံုလွ်င္ စမ္းၾကည့္ပါ)

လီခ်န္းယံုသည္ စိတ္ကိုေျဖေလွ်ာ့ၿပီး က်ားကို ပစ္ရန္ျမႇားတံကို ေလး၌တင္ၿပီး ခ်ိန္လိုက္သည္။ က်ားႀကီးက အေျခအေနကို အကဲခတ္ေနဟန္ျဖင့္ တစ္လွမ္းခ်င္း လွမ္းလာသည္။ က်ားႀကီး၏ ကိုယ္ေနဟန္ထားက အနည္းငယ္ၫႊတ္သြားၿပီး အျမႇီးက ေျဖာင့္တန္းသြားခ်ိန္တြင္ လီခ်န္းယံုသည္ က်ားက သူ႔ကို ခုန္အုပ္ေတာ့မည္မွန္းသိလိုက္သည္။ ထိုစကၠန္႔မွ်ၾကာေသာ အခ်ိန္မွာ သူ႔အတြက္အလြန္တရာအေရးႀကီးေပသည္။

က်ားႀကီးကသာ သူ႔ကို ခုန္အုပ္လ္ိုက္ပါက သူ႔အတြက္ အခြင့္အေရးနည္းသြားမည္ျဖစ္သည္။ သူက ေလးႀကိဳးကိုဆြဲၿပီး တင္ထားေသာ ျမႇားတံကို ပစ္လိုက္သည္။

"ဒုတ္....''

"ေဝါင္း...''
ႏွလံုးတည့္တည့္သို႔ ျမႇားထိမွန္သြားေသာေၾကာင့္ က်ားႀကီး၏ မခ်ိမဆန္႔ေအာ္သံက ပတ္ဝန္းက်င္တြင္ ေၾကာက္စရာေကာင္းေအာင္ ပ်ံ႕ႏွံ႔သြားသည္။

လီခ်န္းယံုက သတိလက္လြတ္မေန။ သူခါးတြင္ ခ်ိတ္ထားေသာ ဓားေျမႇာင္ကို ဆြဲထုတ္လိုက္သည္။ ျမႇားတံမွာ ခ်က္ေကာင္းထိသြားေသာ္လည္း က်ားႀကီးမွာ တံု႔ခနဲလဲမသြား။ အ႐ွိန္ပ်က္သြားျခင္းသာ ႐ွိသည္။

သူကနားက်ည္းစြာေအာ္ၿပီး ေနာက္တစ္ႀကိမ္ခုန္အုပ္ရင္ဝင္လာသည္။ လီခ်န္းယံုမွာ က်ား၏ လက္သည္းတို႔ျဖင့္ အပုတ္ခံရပါက သူ၏ ခႏၶာကိုယ္စုတ္ျပတ္သြားမည္ကို သိေသာေၾကာင့္ လြတ္ေအာင္လိမ့္ၿပီး ေ႐ွာင္တိမ္းလိုက္သည္။

က်ားႀကီးက သူ႔ကိုေဒါသတႀကီးလိုက္ၿပီး လက္ျဖင့္ဆြဲကုတ္ရာ သူ၏ ညာဘက္ေျခေထာက္မွာ ႐ွပ္ထိသြားသည္။ ေသြးမ်ားက ခ်က္ခ်င္းက်လာၿပီး လီခ်န္းယံုမွာ ဟန္ခ်က္ပ်က္သြားသည္။

ေနာက္တစ္ႀကိမ္ခုန္ဝင္လာရန္ႀကိဳးစားေသာ က်ားမွာလီခ်န္းယံုဆီမေရာက္လာခင္ လမ္းတစ္ဝက္တြင္ မဟန္ႏိုင္ေတာ့ဟန္ျဖင့္ လဲက်သြားေလသည္။ လီခ်န္းယံုသည္ သူ႔ေဘးက လူႏွစ္ေယာက္ကို ၾကည့္လိုက္သည္။ ထိုသူတို႔သည္လည္း အေျခအေနမေကာင္း။ ေနာက္ထပ္စဥ္းစားမေနေတာ့ပဲ ေလးႏွင့္ျမႇားကိုယူကာ က်န္႐ွိေနေသာ က်ားထံသို႔ ျမႇားေနာက္တစ္စင္းပစ္လိုက္သည္။

သည္တစ္ႀကိမ္ေတာ့ က်ားက ခ်က္ခ်င္းလဲက်သြားသည္။ ထိုလူႏွစ္ေယာက္က ေက်းဇူးတင္ဟန္ျဖင့္ လီခ်န္းယံုကို ဦးၫႊတ္ျပသည္။ လီခ်န္းယံုမကယ္ပါက သူတို႔အေနျဖင့္ သိုင္းပညာထုတ္သံုးျခင္းမွအပ အျခားနည္းမ႐ွိေတာ့ေခ်။ သိုင္းပညာသံုးျခင္းသည္ ဟန္ယန္းအမဲလိုက္ေတာၿပိဳင္ပြဲတြင္ ျပင္းထန္စြာ တားျမစ္ထားေလသည္။ ခ်ိဳးေဖာက္မိပါက အျပစ္ေပးခံႏိုင္ရသည္။

ထိုသူႏွစ္ေယာက္က က်ားေသကို ခိုခံ့ေသာ ႀကိဳးမ်ားျဖင့္ ေျခႏွင့္လက္ကို တုတ္ေႏွာင္ကာ  ဝါးလံုးမ်ားျဖင့္ လွိ်ဳးၿပီး သယ္ယူသြားေလသည္။

လီခ်န္းယံုက သူ၏ ေျခေထာက္ကို တစ္ခ်က္ၾကည့္လိုက္သည္။ ဒဏ္ရာက မေသးပါ။ က်ား၏ လက္သည္းရာက အစင္းလိုက္ျဖင့္ ေသြးတို႔ခ်င္းခ်င္းနီေနသည္။ သည္တိုင္းထားပါက ေသြးထြက္လြန္သြားႏိုင္သည္။

လီခ်န္းယံုက အနီးနားပတ္ဝန္းက်င္တြင္ ေပါက္ေနေသာ အပင္ေလးမ်ားကို ႐ွာေဖြၾကည့္လိုက္သည္။ ေတာတြင္း အမဲလိုက္မုဆိုးမ်ား ဒဏ္ရာရလွ်င္ သံုးတတ္သည့္ ေဆးပင္ေတြ႔လိုေတြ႔ညား႐ွာေနျခင္းျဖစ္သည္။

ကံေကာင္းစြာပင္ အသံုးဝင္ေသာ အပင္တစ္ခ်ိဳ႕ေတြ႔သျဖင့္ ႏုႈတ္ယူၿပီး ေခ်ကာ ဒဏ္ရာကို အံုထားလိုက္သည္။ သူ၏ ဝတ္ရံုအနားမွ ပိတ္စျဖဴကို ျဖဲကာ စည္းေႏွာင္လိုက္သည္။

ၿပီးစီးသြားသည့္အခါမွာေတာ့ ဒဏ္ရာမွာ ေလာေလာဆည္ထိ စိတ္ပူစရာမ႐ွိေၾကာင္း သိလိုက္သည္။ သိူ႔ေသာ္ လီခ်န္းယံုမွာ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္။ ေထာ့နဲေထာ့နဲ ျဖစ္ေနသည္။

လီခ်န္းယံုက က်ားႀကီးကို တစ္ခ်က္ၾကည့္လိုက္သည္။ သည္ေလာက္ႀကီးမားေသာ က်ားႀကီးကို ဒဏ္ရာရေနေသာလီခ်န္းယံုက ဘယ္နည္းႏွင့္မွ်မသယ္ႏိုင္။ သို႔ေသာ္က်ားသာ ပါမလာပါက လီခ်န္းယံုသည္ သူတာဝန္ၿပီးဆံုးေၾကာင္း မည္သို႔ သက္ေသျပပါမည္နည္း။

သူ႐ွည္႐ွည္ေဝးေဝးမစဥ္းစားပါ။
ဓားေျမႇာင္ကို ေကာက္ယူၿပီး က်ား၏သားေရကို ခြာလိုက္သည္။ အဝါ၊ အနက္စင္းက်ားတို႔ုျဖင့္ အေမြးမ်ားေျပာင္လက္ေနေသာ က်ားသားေရမွာ အလြန္လွပေပသည္။ လီခ်န္းယံုမွာ သိပ္ေတာ့ အျပစ္႐ွိသလို မခံစားရ။ ယခုက်ားသည္ သူအမဲလိုက္ရန္ေျခရာေကာက္လာေသာ က်ားမဟုတ္ေခ်။ သူ႔ကို ေခ်ာင္းၿပီး တိုက္ခိုက္ရန္ေခ်ာင္းေနျခင္းသာ ျဖစ္သည္။ အကယ္၍ သူက က်ားကို မသတ္ပါက က်ားက သူ႔ကို သတ္ေခ်ေတာ့မည္။

ထိုအခ်ိန္တြင္ ဟန္ယန္ေတာအျပင္ဘက္က လင္းမိုမွာ ရြက္ဖ်င္တဲေ႐ွ႕တြင္ ေခါက္တံု႔ေခါက္ျပန္ေလွ်ာက္ေနသည္။ ယခုက သံုးရက္ေျမာက္ေသာေန႔ပင္။ တစ္နည္းအားျဖင့္ အမဲလိုက္ေသာ သူတို႔ျပန္လာရမည့္ေန႔ျဖစ္သည္။ ေတာအစပ္ေလာက္သာ သြားၿပီး သာမန္သားရဲတို႔ကို ဖမ္းလာေသာ စစ္သည္ေတာ္အခ်ိဳ႕ပင္ ျပန္ေရာက္လာၾကၿပီျဖစ္သည္။

လင္းမိုသည္ လီခ်န္းယံုကို ေကာင္းစြာသိသည္။ ေတာအစပ္ေလာက္သာသြားၿပီး သမင္ေလးတစ္ေကာင္ကို ျမႇားျဖင့္ပစ္ကာ ထမ္းသယ္လာမည့္ မုဆိုးမဟုတ္ေခ်။ ေတာအနက္ဆံုးထိ သြားၿပီး အႏၱာရာယ္အမ်ားဆံုးေသာ သားေကာင္ကို ေရြးခ်ယ္ၿပီး စိန္ေခၚမည့္ုျဖစ္သည္။

ယခုအခ်ိန္တြင္ လင္းမို၏ အေတြးအာရံု၌ လီခ်န္းယံုရင္ဘတ္တြင္ ႐ွိေသာ ဝက္ဝံလက္သည္းရာ ထင္းထင္းႀကီးကိုသာ ျမင္ေယာင္ေနသည္။ ထိုဝက္ဝံလက္သည္းရာမွာ သူ႔ဘဝ၏ ဂုဏ္ယူစရာဟု မၾကာခဏေႂကြးေၾကာ္တတ္ေသာ လီခ်န္းယံုသည္ ေနာက္ထပ္ေႂကြးေၾကာ္စရာ တစ္ခု ယူေဆာင္မလာပါေစရန္သာ လင္းမိုဆုေတာင္းရမည္။

မည္သည့္ကိစၥမဆို ႀကိဳတင္စီစဥ္ကာ အကြက္ခ်တတ္ၿပီး ကိစၥတိုင္းကလည္း သူစီစဥ္ထားသလို ျဖစ္လာေသာ လင္းမိုမွာ ယခုအေျခအေနကိုေတာ့ အမွန္တကယ္ မုန္းတီးမိသည္။ သူစီစဥ္လို႔ရသည္အရာ တစ္ခုမွမ႐ွိေခ်။ လင္းမို၏ အေတြးထဲတြင္ ယုတၱိမ႐ွိေသာ အရာတစ္ခ်ိဳ႕ပင္ ဝင္လာသည္။

သည္လိုျဖစ္မည္မွန္းသိခဲ့လွ်င္ အမဲလိုက္ၿပိဳင္ပြဲမတိုင္ခင္ကတည္းက ႐ွိ႐ွိသမွ် အႏၱာရာယ္မ်ားသည့္ သားရဲတို႔ကို သူသတ္ပစ္ထားလိုက္ေပမည္။ မဆီေလ်ာ္ေသာ အေတြးတို႔ကို ေခါင္းထဲမွ အျမန္ထုတ္ကာ လင္းမိုသည္ ေတာအစပ္ကိုသာ မမွိတ္မသုန္ စိုက္ၾကည့္ေနသည္။

ေ႐ွာင္ခ်ိဳႏွင့္ေဟးခ်ိဳသည္လည္း ရြက္ဖ်င္တဲ၏ အျပင္ဘက္တြင္ ထိုင္ကာ အေျခအေနကို အကဲခတ္ေနသည္။ သခင္ေလးခ်န္းယံု၏ အမဲလိုက္စြမ္းရည္ကို အျပည့္အဝယံုၾကည္ထားေသာ ေ႐ွာင္ခ်ိဳက နည္းနည္းမွ်ပင္စိတ္မပူ။

အ႐ွင္လင္းမိုေၾကာက္၍သာ သူစိတ္ပူေနသကဲ့သို႔ အျပင္ထြက္ထိုင္ေနျခင္းျဖစ္သည္။ ႏို႔မဟုတ္ပါက သူသည္ သခင္ကို ေစာင့္ေ႐ွာက္ရမည့္ ေသြးျဖဴဝံပုေလြတို႔၏ ဝတၱရားမေက်ဟု အထင္ခံရႏိုင္သည္။

ေဟးခ်ိဳသည္လည္း စိတ္ေအးလက္ေအးျဖင့္ထိုင္ေနသည္။ သူကလည္း စိတ္မပူပါ။ သူစိတ္မပူရသည့္အေၾကာင္းမွာ ေ႐ွာင္ခ်ိဳက မပူရန္ေျပာထားေသာေၾကာင့္ ျဖစ္သည္။

အခ်ိန္ကာလေရြ႕လ်ားလာသည္ႏွင့္ အမွ်လင္းမိုမွာပို၍ မတည္မၿငိမ္ျဖစ္လာသည္။ ေတာစပ္မွ အမဲလိုက္ၿပီးျပန္လာသူတို႔က တဖြဲဖြဲေရာက္လာၾကသည္။ ျပန္ေရာက္လာသူမ်ားကို ဒဏ္ရာရမရ စစ္ေဆးေနေသာ သမားေတာ္မ်ား၊ သိုင္းပညာသံုးခဲ့ျခင္း႐ွိမ႐ွိစစ္ေဆးေနေသာ ပညာ႐ွင္တို႔ျဖင့္ ရြက္ဖ်င္တဲတို႔မွာ စည္ကားေနသည္။

လင္းမို၏ စစ္သူႀကီးမင္ယုကိုယ္တိုင္လည္း ရ႐ွိလာေသာ သားေကာင္မ်ားကို အဆင့္သတ္မွတ္ျခင္းျဖင့္ အလုပ္႐ႈပ္ေနသည္။ ေတာ္ေတာ္မ်ားမ်ားက အႏၱာရာယ္မ်ားေသာ သားေကာင္မ်ားကို ခဲခဲယဥ္းယဥ္းအမဲလိုက္ခဲ့ျခင္းသာျဖစ္သည္။

လင္းမိုသည္ သူ၏ စိတ္တို႔တည္ၿငိမ္ေအာင္မနည္းပင္ ႀကိဳးစားေနရေခ်သည္။ ဤမွ်က်ယ္ဝန္းေသာ ေတာနက္ႀကီးတြင္ သံုးရက္ႏွင့္ ျပန္မေရာက္ေသာ အမဲလိုက္ၿပိဳင္ပြဲဝင္မ်ား႐ွိသည္ကိုလည္း သူသိသည္။ သို႔ေသာ္ ယခုအေျခအေနႏွင့္ဆိုလွ်င္ သူလီခ်န္းယံုကို ေတြ႔မွ စိတ္ေအးမည္ျဖစ္သည္။

ညေနပိုင္းေနလံုးႀကီးအေနာက္ရပ္သို႔ ဦးတည္လာခ်ိန္တြင္ အမဲလိုက္ၿပိဳင္ပြဲဝင္ ေလးပံုသံုးပံုခန္႔ျပန္ေရာက္ၿပီျဖစ္သည္။

ေနဝင္ရီတေရာအခ်ိန္တြင္ ေတာအစပ္မွ အနီေရာင္ပံုရိပ္ႏွင့္ လူႏွစ္ေယာက္ က်ားတစ္ေကာင္ကို လွ်ိဳထမ္းၿပီးေရာက္လာသည္။ လင္းမို ထိုလူတို္႔ကို တစ္ခ်က္ ၾကည့္လိုက္သည္။ သူသည္ လီခ်န္းယံု အမဲလိုက္ပါက အႏၱာရာယ္အ႐ွိဆံုးေသာ က်ားကိုသာ ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိသည္။ ယခုထိုလူႏွစ္ေယာက္ကလည္း က်ားကိုပင္ သယ္ေဆာင္လာသည္။

နံေဘးတြင္ ရပ္ေနေသာ အတိုင္ပင္ခံအမတ္ႀကီးက အရိပ္အကဲနားလည္စြာ ထိုစစ္သည္ေတာ္ႏွစ္ေယာက္ကို သြားေခၚေစသည္။ စစ္သည္ႏွစ္ေယာက္ကလည္း လမ္းတြင္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံႏွင့္ ေတြ႔ခဲ့သူမ်ားျဖစ္၌ လင္းမိုဆီ သတင္းေပးရန္ ေရာက္လာၾကသည္။

လင္းမိုေ႐ွ႕တြင္ ထိုစစ္သည္ေတာ္ႏွစ္ေယာက္က ဒူးေထာက္၍ အ႐ိုအေသေပးၿပီး ညာဘက္ကလူက စကားစေျပာသည္။
"အ႐ွင္...ေလွ်ာက္တင္ပါတယ္။ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံနဲ႔ အမဲလိုက္တုန္းက ေတြ႔ခဲ့ပါတယ္။ အိမ္ေ႐ွ႕စံက ဟန္ယန္းေတာက အႀကီးဆံုးက်ားရဲကို အႏိုင္ယူတိုက္ခိုက္ခဲ့တာလည္း ျမင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ကိုေတာင္ အိမ္ေ႐ွ႕စံက ကူညီခဲ့ေသးတယ္။ ကြၽန္ေတာ္တို႔ကအရင္ထြက္လာခဲ့တာေၾကာင့္ အိမ္ေ႐ွ႕စံ မၾကာမီ ျပန္ေရာက္လာမွာပါ''

ထိုသူ၏ စကားမွ လင္းမိုနားထဲသို႔ဝင္သြားေသာ စကားလံုးမွာ
ဟန္ယန္းေတာကအႀကီးဆံုးက်ားရဲ...

လင္းမို၏ မ်က္လံုးမ်ားက က်ဥ္းေျမာင္းသြားၿပီး တစ္စံုတစ္ခုကို အလိုမက်ဟန္ႏႈတ္ခမ္းတို႔က တည္သြားသည္။
"သူဒဏ္ရာရေသးလား''

စစ္သည္ေတာ္ႏွစ္ေယာက္မွာ အေမး႐ွိလွ်င္ အေျဖ႐ွိရမည္ျဖစ္ေသာေၾကာင့္ စိုးရြံ႕စြာေျဖေလသည္။
"အိမ္ေရွ႕စံရဲ႕ ညာဘက္ေျခေထာက္ကိုေတာ့ က်ားရဲ႕ လက္သည္းေတြနဲ႔ ကုတ္မိတယ္ထင္တယ္''

လင္းမို၏ မ်က္လံုးတို႔ကို အလြန္ထက္သည့္ ဓားတစ္လက္လို စူးရဲသြားသည္။

"႐ွပ္ထိသြားတာပါ အ႐ွင္။ အိမ္ေ႐ွ႕စံ လမ္းေလွ်ာက္ႏိုင္ပါတယ္။ သားေကာင္ရခဲ့တဲ့ သက္ေသအေနနဲ႔ က်ားရဲဆီက တစ္စံုတစ္ခု ယူေနတာေၾကာင့္ ေနာက္က်ေနတာေနမွာပါ အ႐ွင္။''

အတိုင္ပင္ခံအမတ္ႀကီး ကေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး လင္းမိုကို ေျဖာင္းဖ်သည္။
"အ႐ွင္...ခဏေတာ့ေစာင့္ၾကည့္ပါဦး။ သူရဲ႕ ေသြးျဖဴဝံပုေလြလည္း ႐ွိေနတာပဲ။ တစ္ခုခုဆိုရင္ခံစားမိမွာပါ။ အလ်င္စလို လႈပ္႐ွားလိုက္လို႔ အိမ္ေ႐ွ႕စံရဲ႕ ႀကိဳးစားမႈက အလဟာသျဖစ္သြားရင္ မေကာင္းဘူး''

လင္းမို သူ႔စိတ္ကို အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္ထားေနရသည္။ ရြက္ဖ်င္တဲ ပတ္ပတ္လည္၌ လင္းမို၏ အထူးကိုယ္ရံေတာ္တပ္ဖြဲ႔က ေနရာယူထားၾကသည္။ အိမ္ေ႐ွ႕စံတစ္ခုခုျဖစ္ပါက အခ်ိန္မီ လိုက္႐ွာရန္ စီစဥ္ထားျခင္းျဖစ္သည္။ ေတာ၏ အရပ္မ်က္ႏွာေလးဘက္လံုးတြင္ ဝတ္ရံုျပည့္ျဖင့္ ေစာင့္ၾကပ္ေနေသာ ကိုယ္ရံေတာ္အဖြဲ႔ေလးဖြဲ႔႐ွိသည္။ လင္းမိုကိုယ္တိုင္သြားရန္လည္း ျမင္းကအသင့္ျပင္ထားၿပီျဖစ္သည္။

လင္းမိုေဝခြဲရခက္ေနသည္။ သူအလြန္တရာစိတ္ပူေနေပမယ့္ သူဝင္ပါလိုက္ပါက ၿပိဳင္ပြဲအရ လီခ်န္းယံုမည္သည့္သားေကာင္ရရ စည္းကမ္းနွင့္အက်ံဳးမဝင္ေပ။

ထိုအခိုက္အတန္႔တြင္ ရြက္ဖ်င္တဲအနီးတစ္ဝိုက္ကလူမ်ားသည္ ဝံပုေလြအူသံကို ၾကားလိုက္ရသည္။

ေကာင္းကင္ကို ေမာ့ၾကည့္ကာ အနီရင့္ေရာင္မ်က္လံုး၊ ခြၽန္ထက္ေသာ လက္သည္းတို႔ျဖင့္ အသြင္ေျပာင္းစျပဳေနေသာေ႐ွာင္ခ်ိဳ...

"ေ႐ွာင္ခ်ိဳ...''
လင္းမိုေရာ ေဟးခ်ိဳပါ ၿပိဳင္တူေခၚလိုက္သည္။

"ခံစားလို႔မရေတာ့ဘူး...''
ေ႐ွာင္ခ်ိဳက ေသြးခ်င္းခ်င္းနီေသာမ်က္လံုးတို႔ျဖင့္ တုပ္လႈပ္စြာေျပာသည္။

"ေ႐ွာင္ခ်ိဳ ဘာျဖစ္တာလဲ''
လင္းမိုက ေ႐ွာင္ခ်ိဳ၏ ပခံုးတို႔ကို ကိူင္လႈပ္ၿပီးေမးသည္။

"ကြၽန္ေတာ္ ခံစားလို႔မရေတာ့ဘူး သခင္ေလးရဲ႕ ျဖစ္တည္မႈကို။ သခင္ေလး ႏွလံုးခုန္သံရပ္ၿပီး အသက္မ႐ွိေတာ့ရင္ေတာင္ ကြၽန္ေတာ္ အာရံုခံလို႔ရေသးတယ္။ အခုက သခင္ေလးဒီတိုင္း ေပ်ာက္သြားသလိုပဲ။ ဒီေလာကႀကီးမွာ သခင္ေလးက ဘယ္တုန္းကမွ မတည္႐ွိခဲ့သလို ေပ်ာက္သြားၿပီ...''

လင္းမို၏ မ်က္ဝန္းအစံုက မေကာင္းဆိုးဝါးလို ခက္ထန္သြားသည္။ သူ၏ လက္တို္႔က တင္းတင္းဆုပ္ထားၿပီး သူက အမိန္႔ေပးလိုက္သည္။
"အခ်က္ျပလိုက္...အရပ္ေလးမ်က္ႏွာလံုးက ကိုယ္ရံေတာ္ေတြ ဟန္ယန္းေတာေျမေနရာ တစ္လက္မမွ မက်န္ေအာင္႐ွာခဲ့လို႔''

ေျပာရင္း လင္းမိုက သူအသင့္ျပင္ထားေသာ ျမင္းေပၚ တက္ၿပီး ကစုန္ဆိုင္းစီးသြားသည္။ ေ႐ွာင္ခ်ိဳသည္လည္း ဝံပုေလြအသြင္ ျဖင့္ေတာထဲသို႔ တစ္ဟုန္ထိုးေျပးဝင္သြားသည္။ ေဟးခ်ိဳက ျမင္းတစ္ေကာင္ျဖင့္ေနာက္ကလိုက္လာသည္။

ေကာင္းကင္ျပင္တြင္ မီး႐ႈးပန္းမ်ားထိန္လင္းသြားသည္ႏွင့္ ကိုယ္ရံေတာ္တပ္ဖြဲ႔တို႔စတင္လႈပ္႐ွားေလသည္။

ေျခာက္ခ်ားဖြယ္ေကာင္းၿပီး တိတ္ဆိတ္ေနေသာ ဟန္ယန္းေတာႀကီးတြင္ မၾကာမီပင္ ျမင္းခြာသံတေျဖာင္းေျဖာင္းျဖင့္ ဆူညံသြားသည္။

Continue Reading

You'll Also Like

165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
471K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
60.3K 6.4K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
121K 14.5K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...