The True Conqueror [Complete]

By Heather_Bell

4.3M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 48

37.7K 4.8K 82
By Heather_Bell

Unicode

ညတစ်ညကုန်လွန်ပြီးနောက် မိုးလင်းလာသောအခါ လီချန်းယုံ သစ်ပင်ပေါ်က ဆင်းလာခဲ့သည်။ သူအမဲလိုက်ခရီးကို စတင်ရပေဦးမည်။ မိုင်နှစ်ရာခန့်ကျယ်ဝန်းသောတောတွင် ယခုလိုသာ လျှောက်သွားနေပါက ကျားဖြင့်မတွေ့ခင် အန္တာရာယ်အမျိုးမျိူးတို့ဖြင့်ရင်ဆိုင်ရကာ သူဒုက္ခရောက်သွားနိုင်သည်။

လီချန်းယုံက သူရောက်ရှိနေသော နေရာ၏ မြေအနေအထားကို အကဲခတ်သည်။ နီညိုရောင်ဖြင့် အနည်းငယ်ပျော့နေသော မြေသားတို့က အောက်ဘက်တွင် ရေအရင်းအမြစ်တစ်ခုခုရှိကြောင်း ညွှန်ပြနေသည်။ စိမ်းလန်းနေသော အကြီးဆုံး ကျွန်းသစ်ပင်ကြီးတို့၏ အမြစ်တို့ကို အနည်းငယ်တူးကြည့်ရာ အမြစ်တို့မှာ အနောက်ဘက်သို့ ဦးတည်ပြီး ယှက်နွှယ်နေကြလေသည်။

သစ်ကိုင်းတို့သည် နေရောင်ခြည်ရသည့်ဘက်ကို ကွေးညွှတတ်ပြီး သစ်ပင်အမြစ်တို့သည် ရေရသည့်ဘက်သို့ ဦးတည်ကာ ကုပ်တွယ်ထားတတ်ကြသည်။ ရေအရင်းအမြစ်ရှိသည့်နေရာကို ရှာရသည့်အကြောင်းရင်းမှာ မိုင်နှစ်ရာကျယ်သော ဤတောတွင် ဟန်ယန်းကျားသည် သေချာပေါက် ရေရှိရာသို့ ရောက်လာလိမ့်မည်ဟု တွက်ဆမိသောကြောင့် ဖြစ်သည်။

လီချန်းယုံ၏ တွက်ဆချက်မမှားပါ မိုင်ဝက်ခန့်လမ်းလျှောက်ပြီးချိန်မှာတော့ သူသည် စမ်းရေကျသံ ကိုကြားလိုက်ရသည်။ အတွင်းအားနှင့် သိုင်းပညာကို အသုံးမပြုရသော်လည်း စွဲမြဲစွာလေ့ကျင့်ခဲ့မှုကြောင့် လီချန်းယုံ၏ အမြင်အာရုံနှင့်အကြားစွမ်းရည်မှာ သာမန်ထက်ထူးကဲလေသည်။

စမ်းချောင်းနားသို့ နီးကပ်လာသည်နှင့်အမျှ ရေဓာတ်ဖြည့်တင်းရန် လာကြသော သတ္တဝါငယ်လေးများကိုလည်း တွေ့ရလေသည်။ ရေဆင်းသောက်သော တောဆင်းရိုင်းအုပ်ကြောင့် သူသည် မြက်ရိုင်းရှည်ကြီးများတွင် ပုန်းကွယ်လိုက်ရသေးသည်။ ကံကောင်းသည်က လေက အထက်ဘက်က တိုက်ခတ်နေသောကြောင့် တောဆင်းရိုင်းအုပ်မှာ လူသား၏ အနံ့ကို မရလိုက်ပေ။

သို့သော် ကံကောင်းမှုမှာ တာရှည်မခံပေ။ ထိုတောဆင်ရိုင်းအုပ်မှာ ဆင်ပေါက်လေးက လီချန်းယုံ ပုန်းကွယ်နေသည့် မြက်ရိုင်းရှည်ကြီးများအနီးသို့ ကပ်လာသည်။ ဆင်ပေါက်လေးက ကပ်လာသည့်နှင့်အမျှ မသင်္ကာအနံ့ကို ခံမိဟန်တူသည်။ ဆင်ပေါက်လေးမှာ အစွယ်နှစ်ချောင်းပါသော စွယ်စုံဆင်ဖြစ်သည်။ အရွယ်ရောက်လာပါက ခွန်အားကြီးပြီး ဆင်အုပ်ကို ဦးစီးနိုင်မည့် အနေအထားတွင် ရှိသည်။

ဆင်ပေါက်လေးနီးကပ်လာသည်နှင့်အမျှ လီချန်းယုံမှာ ရင်ခုန်သံမြန်လာသည်။ ဆင်ပေါက်တစ်ကောင်က ပြသာနာမဟုတ်သော်လည်း ထိုတောဆင်ရိုင်းအုပ်လိုက်ကြီးဖြင့်သာ ရင်ဆိုင်ရပါက သူသက်သာစရာ အကြောင်းမရှိပေ။

ဆင်ပေါက်လေးက မြက်ရှည်များကို နင်းလာပြီး သူ့ဆီသို့ ရောက်လာဆဲဆဲတွင် ကြီးမားသော အစွယ်နှစ်ချောင်းက ထိုတင်လေး၏ နှာမောင်းဆီသို့ ဦးတည်လာလေသည်။ ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရသော ဆင်လေးမှာ ကျွီ ခနဲအော်ကာ နှာမောင်းထောင်၍ ထွက်ပြေးလေသည်။

အမှန်စစ်စစ်ထိုဆင်လေးကို တိုက်ခိုက်လိုက်သည်မှာ အမဲရောင် စွယ်စုံဆင်ကြီးဖြစ်လေသည်။

လီချန်းယုံနားလည်သွားချေပြီ။ ဆင်ပေါက်လေးမှာ အလုံးအရပ်ကောင်းမွန်ပြီး ခွန်အားကြီးဆင်ဖြစ်လာနိုင်သောကြောင့် ဆင်ရိုင်းအုပ်၏ ခေါင်းဆောင်ဆင်က တမင်ရည်ရွယ်တိုက်ခိုက်နေခြင်းဖြစ်သည်။ တောဆင်ရိုင်းအုပ်တွင် ထိုကဲ့သို့ နေဂါလုမှုများမှာ ဖြစ်လေ့ဖြစ်ထရှိသောကြောင့် လီချန်းယုံ မအံ့သြတော့ပေ။ ကပ်သီးလေးကံကောင်းသွားသော သူ၏ ကံတရားကိုသာ ကျေးဇူးတင်မိသည်။ စွယ်စုံဆင်ကြီးက လူသားအနံ့ရဟန်မတူဘဲ စမ်းချောင်းဘက်သို့ လှည့်ထွက်သွားလေသည်။

ထိုနေ့တစ်နေ့လုံး လီချန်းယုံသည် စမ်းချောင်းနံဘေးတွင် စိတ်ရှည်ရှည်စောင့်လေသည်။ ရေလာသောက်ကြသော သတ္တဝါလေးများမှာ သူ၏ ပစ်မှတ်မဟုတ်သောကြောင့် သူအေးအေးဆေးဆေးသာ စောင့်သည်။ အကယ်၍ ဟန်ယန်ကျားရောက်လာပါကလည်း သူချက်ချင်း တိုက်ခိုက်မည်မဟုတ်ပေ။ အခြေအနေကိုကြည့်ကာ အကဲခတ်ရပေဦးမည်။

နေ့လည်မွန်းတည့်ချိန်တွင် သူပုန်းအောင်းနေသော စမ်းချောင်းနံဘေးတွင် လူရိပ်တစ်ရိပ်ကို ဖြတ်ခနဲတွေ့လိုက်ရသည်။ အနီရောင်ဆင်တူဝတ်စုံကြောင့် ထိုသူသည်လည်း လီချန်းယုံကဲ့သို့ သားကောင်လာရှာခြင်းဖြစ်ဟန်တူသည်။ ထိုလူက လီချန်းယုံကို အရိုအသေပြုဟန်ဦးညွှတ်ပြပြီး နေရာတစ်နေရာရှာကာ ပုန်းအောင်းနေလေသည်။ နောက်တစ်နာရီခန့်တွင် နောက်ထပ်လူနှစ်ယောက်ရောက်လာသည်။

ပထမရောက်လာသောသူက ဆတ်တစ်ကောင်ကိုတွေ့သောအခါ နေရာမှ အလျင်အမြန်ထွက်ခွာသွားလေသည်။ နောက်ထပ်လူနှစ်ယောက်မှာကား လီချန်းယုံကဲ့သို့ ဟန်ယန်းကျားကို စောင့်နေသည်လားမပြောတတ်။ မည်သည့်သားကောင်လာလာ နေရာမျှမရွှေ့ပေ။ ညနေစောင်းအချိန်တွင် စမ်းချောင်းစပ်က ချုံပုတ်တွင် ခိုအောင်းနေသော ကျေးငှက်တစ်သိုက် ဝေါခနဲထပြန်သည်။

စမ်းရေကိုလာသောက်သောချေလေးနှစ်ကောင်မှာ ရုတ်တရက်တစ်စုံတစ်ရာကို လန့်ဖြတ်နေဟန်ဖြင့် လာရာလမ်းအတိုင်း ပြန်ပြေးလေသည်။ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် တစ်စုံတစ်ရာသော အန္တာရာယ်က ရောက်လာတော့မည်ဖြစ်ကြောင်း လီချန်းယုံနားလည်လိုက်သည်။ သူရှေ့က လူနှစ်ယောက်သည် ထူးခြားချက်ကို အာရုံမခံမိသော်လည်း လီချန်းယုံ၏ အရိပ်အခြေကိုကြည့်ကာ ထူးခြားနေပြီဖြစ်ကြောင်းသိလိုက်သည်။ သူတို့သည် ဓားရှည်ကိုယ်စီသယ်ဆောင်လာပြီး ထိုဓားတို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

လီချန်းယုံသည် တစ်ချက်ကြည့်ရုံမျှဖြင့် သူ့ရှေ့က လူနှစ်ယောက်သည် အမဲလိုက်ခြင်း၌ အတွေ့အကြုံမရှိသော သူများဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် လီချန်းယုံက သူမပြောမချင်း တုပ်တုပ်မျှမလှုပ်ရန် အချက်လှမ်းပြလိုက်သည်။ ထိုသူတို့သည် မုဆိုးများမဟုတ်သော်လည်း စစ်သည်တော်များဖြစ်သောကြောင့် အမိန့်ကို နာခံတတ်လေသည်။

လီချန်းယုံသည် သူ၏ ကိုယ်နေဟန်ထားကို အတတ်နိုင်ဆုံး ပြေပြစ်အောင်ပြင်လိုက်သည်။ မည်မျှကြာအောင် မလှုပ်မယှက် နေနေရမည်ကို မသိသောကြောင့် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ မြှားကျည်တောက်ထဲက မြှားတံတစ်ချောင်းကို အသင့်ယူထားကာ လေးကိုကိုင်ထားလေသည်။

သူတွက်ဆသည့်အတိုင်း မကြာမီတွင် မြက်ရိုင်းရှည်ကြီးများမှ ခြေသံတရှပ်ရှပ်ကိုကြားရလေသည်။ သူက ဦးခေါင်းကို မလှည့်မိအောင် သတိထားပြီး မျက်လုံးကိုထောင့်ကပ်ပြီး ကြည့်လိုက်သည်။ မြက်ရိုင်းရှည်ကြီးများတွင် အဝါနှင့် အနက်ဆင်းကြောင်း အရိပ်သဏ္႑ာန်ကို တွေ့လိုက်ရသည်။

ကျားက ခြေသံလုံလုံဖြင့် စမ်းချောင်းကို ချည်းကပ်လာရာ သူ၏ အမြှီးအနေအထားကို ကြည့်ခြင်းအားဖြင့် ထိုကျားသည် စမ်းရေလာသောက်ခြင်းမဟုတ်ပဲ သားကောင်လာချောင်းခြင်းသာ ဖြစ်ကြောင်း သိလိုက်သည်။ လောလောဆည်ထိ စမ်းချောင်းအနီးတစ်ဝိုက်တွင် မည်သည့်သားကောင်မျှ လီချန်းယုံမတွေ့မိပေ။

ထို့ကြောင့် သူက ကျားကြီးချောင်းနေသည့် နေရာကို ကြည့်လိုက်သောအခါ လူကြီးလက်မောင်းတစ်ဖက်ခန့်မကသော မြွေကြီးကို တွေ့လိုက်ရလေသည်။ မြွေကြီးမှာ မြေပြင်တွင် မလှုပ်မယှက်ရှိနေပြီး သူ၏ မြွေရေခွံအရောင်မှာ မြေကြီးနှင့်ရောနေသောကြောင့် လီချန်းယုံသတိမထားမိခြင်း ဖြစ်သည်။

ထိုမြွေကြီးမှာ မကြာသေးမီက သားကောင်တစ်ကောင်ကောင်ကို မျိုထားဟန်တူသည်။ ထိုနေရာမှ မည်သည့်နေရာသို့ မသွားနိုင်ပေ။ စပါးကြီးမြွေတို့သည် သားကောင်ကို ခန္တာကိုယ်ဖြင့် ရစ်ခွေပြီး အရိုးပျော့အောင်ချိုးကာ အကောင်လိုက်မျိုတတ်လေသည်။ ထိုသို့ တစ်ခါ အစားစားပြီးပါက လချီပြီး မစားဘဲ မြေအောက်တွင်းထဲတွင် ခိုအောင်းနေနိုင်လေသည်။ ယခုမြွေကြီးမှာကား သားကောင်အကြီးတစ်ကောင်ကို လောဘတကြီး မျိုထားဟန်တူသည်။ သူ၏ တွင်းသို့ပင် ရောက်အောက် ပြန်မသွားနိူင်။

လေငြိမ်နေသောကြောင့် အထက်ဘက်ကရော အောက်ဘက်ကရော ပုန်းအောင်းနေသည့် လူသားတို့၏ အနံ့ကို ထိုကျားကြီးမရပေ။ ထိုသားကောင်သို့သာ အာရုံစိုက်နေသည်။

မြွေကြီးက အန္တာရာယ်အငွေ့အသက်ကို ရဟန်တူသည်။ ချက်ချင်း ခေါင်းထောင်လာသည်။ သူဆီသို့ ဦးတည်လာနေသော အနက်နှင့်အဝါးစင်း ကျားကြီးကို တွေ့လိုက်သောအခါ သူ၏ ကြီးမားသော ပါးပျဉ်ကြီးကို ဖြန့်ကျက်လိုက်လေသည်။
မြွေကြီးမှာ နှေးကွေးလေးလံပြီး မလှုပ်မရှားနိူင်ဖြစ်နေသော်လည်း ကျားက ဇွတ်အတင်းမဝင်ပေ။ အခြေအနေကို အကဲခတ်နေသည်။

လီချန်းယုံကတော့ တောတွင်းဘုရင်သားရဲတို့၏ တိုက်ပွဲကို အေးအေးဆေးဆေးအကဲခတ်နေလေသည်။ သူ ယခုအချိန်သာ ကျားကြီးကိုမြှားဖြင့် ပစ်လိုက်ပါက ကျားကြီးရှောင်နိုင်လောက်မည်မဟုတ်ပေ။

သို့သော်လီချန်းယုံသည် အမဲလိုက်မုဆိုးတို့လိုက်နာအပ်သည့် စည်းကမ်းကို သိလေသည်။ စည်းကမ်းဆိုသည်ထက် ကျင့်ဝတ်ဆိုသည်က ပိုမှန်ပေလိမ့်မည်။ သနေ္ဓသားရှိသည့် သားကောင်တို့ကို မပစ်ခတ်ရသလို အစားစားရန်အမဲလိုက်နေသည့် သားကောင်ကို မပစ်ခတ်ရပေ။ သို့ကြောင့် သူက ခပ်အေးအေးသာ ကြည့်နေသည်။

သူရှေ့က နှစ်ယောက်မှာမူကား လေးနှင့် မြှားမယူလာခဲ့ရသည်ကို အလွန်အမင်းနောင်တရနေဟန်တူသည်။ ဓားရှည်ဖြင့် ဝင်ခုတ်ပါက သူတို့မလှုပ်ရှားမီ ကျားကြီးကအရင်တိုက်ခိုက်လာနိုင်လေသည်။ သို့ကြောင့် အားမတန်မာန်လျှော့ပြီး တိတ်တဆိတ်သာ စောင့်ကြည့်နေကြလေသည်။

ကျားကြီးမှာ အလစ်တွင် မြွေကြီး၏ လည်မျိုကို အတင်းဝင်ခဲလေသည်။ မြွေကြီး၏ ကိုယ်မှာလူးလွန့်လာပြီး ကျားကြီးကို အတင်းရစ်ပတ်ခွေရန် ကြိုးပမ်းနေလေသည်။ ကောင်းစွာ မလှုပ်ရှားနိုင်သော်လည်း သေရေးရှင်ရေးဖြစ်သောကြောင့် မြွေကြီးက အတင်းရုန်းကန်နေရာ တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

အဆုံးသတ်ရလဒ်ကတော့ ခန့်မှန်းခဲ့သည့်အတိုင်းပင်။ မြွေကြီးမှာ မိမိအသက်ကို မကာကွယ်နိုင်ပဲ ကျား၏ ကိုက်ခဲစားသောက်ခြင်းကို ခံလိုက်ရသည်။ ကျားက မြွေကြီး၏ အသားကို ကိုက်ဖြတ်စားသောက်ပြီးသည့်နောက် စမ်းချောင်းမှရေကို ငုံ့သောက်ကာ လာရာလမ်းအတိုင်းလှည့်ပြန်သွားလေသည်။

ကျားကြီးအတော်အတန်ရောက်မှ လီချန်းယုံလည်း သက်ပြင်းချကာ ပုန်းကွယ်နေရာမှ ထွက်လာသည်။ လီချန်းယုံ၏ ရှေ့က လူနှစ်ယောက်ကတော့ ကျားကြီးနောက်မှလိုက်ပြီး ထောင်ချောက်ဆင်ဖမ်းရန် ကြံရွယ်နေကြလေသည်။ ထိုသူတို့နှစ်ယောက်လည်း မိနစ်ပိုင်းခန့်တိုင်ပင်ပြီး နေရာမှ အလျင်အမြန်ထွက်ခွာသွားလေသည်။

လီချန်းယုံကတော့ မှောင်မိုက်လာသော ပတ်ဝန်းကျင်ကြောင့် ကျားကြီး၏ နောက်ကို မလိုက်ရန်ဆုံးဖြတ်လိုက်သည်။ နို့မဟုတ်ပါက သူသည် မုဆိုးအဖြစ်မှ သားကောင်အဖြစ်သို့ လျှောကျသွားနိုင်လေသည်။ ကျားကြီးကို ခြေရာခံမိပြီဖြစ်သောကြောင့် မနက်မိုးလင်းမှ ခြေရာကောက်ပြီး လိုက်လျှင်လည်း နောက်မကျသေးပေ။

သို့ကြောင့် လီချန်းယုံက စမ်းချောင်းဘေးတွင် သစ်ကိုင်းခြောက်များကို စုကာ မီးဖိုလိုက်သည်။ ယခုလိုအန္တာရာယ်ထူပြောသည့် တောအုပ်တွင် မီးသည်သာ အားကိုးရာဖြစ်သည်။ မီးရောင်ရှိပါကသားရဲများ အနားသို့ ကပ်ရဲမည်မဟုတ်ချေ။

လီချန်းယုံသည် အရှိန်းညီးညီးတောက်ပနေသော မီးပုံ၏ ဘေးတွင် ပြန့်ပြူးသော မြေပြင်သို့ လဲလျောင်းကာ ကောင်းကင်သို့မော့ကြည့်လိုက်သည်။ ကောင်းကင်ပြင်တွင် ကြယ်လေးများက မှိတ်တုတ်မှိတ်တုတ်လက်နေပြီး ရွှန်းလက်တောက်ပနေသော လမင်းကြီးကို တိမ်မဲတစ်အုပ်က ဝါးမျိုထားသည်။

ကြယ်တစ်လုံးချင်းဆီကို လိုက်ကြည့်ပြီး သူ၏ စိတ်တို့က အဝေးတစ်နေရာသို့ လွင့်ပျံသွားသည်။ သူမတွေးမိချင်ပေမယ့် ယခုချိန် လင်းမိုလည်း သူ့ကို လွမ်းနေမည်လား...ထိုမေးခွန်း၏ အဖြေကို သူကောင်းစွာ သိသည်။ လင်းမို လွမ်းဆွတ်နေပေလိမ့်မည်။

သူ၏ စိတ်ကူးထဲတွင် ခံ့ညားချောမောသော မျက်နှာတစ်ခုပေါ်လာသည်။ ထူးဆန်းသည်။ လင်းမိုအကြောင်းတွေးမိသည်နှင့် သူ၏ နှုတ်ခမ်းတို့ကို အလိုလိုပြုံးလာမိသည်။ လီချန်းယုံသည် ကောင်းကင်ကို ငေးကြည့်ရင်း အရင်က ကိစ္စများအားတွေးတောနေမိသည်။

လင်းမိုကို သူမမြင်ဖူးခင်က တောင်ပိုင်းမှ ရက်စက်ဆိုးသွမ်းသည့် ဘုရင်အဖြစ်သာသိထားသည်။ သို့ကြောင့် သူ၏ အာရုံတွင် လင်းမိုကို အသက်ကြီးကြီး၊အရုပ်ဆိုဆိုး၊ ကြမ်းတမ်းခက်ထန်သည့် ဘုရင်ကြီးအဖြစ်ပုံဖော်ထားမိခဲ့သည်။

ပိုင်အိမ်တော်၏ သတို့သမီးအဖြစ်ဝေါယာဉ်က ဆင်းလာသည့် ဖြူဖွေးနူးညံ့သည့် လက်တစ်စုံသည် သူပုံဖော်ထားသည့်ပုံနှင့် လွန်စွာကွဲလွဲနေသည်မှန်း လီချန်းယုံမသိနိုင်ခဲ့ချေ။ သိလိုက်ချိန်တွင် လင်းမိုကသူ့ကို အဆိပ်ခတ်လိုက်ပြီး ဖြစ်သည်။

မြင်မြင်ချင်းအချစ်ဆိုသည်မှာ ဤလောကတွင် အမှန်တကယ်တည်ရှိနိုင်သည့်အရာမဟုတ်ဟု သူလက်ခံထားခဲ့သော်လည်း အနီရောင်ဇာပုဝါအောက်က မကောင်းဆိုးဝါးဆန်ဆန်နှုတ်ခမ်းတို့က ထိုယုံကြည်ချက်တို့ကို ရိုက်ချိုးသွားခဲ့ချေသည်။

ထိုစဉ်ကရန်သူ တောင်ပိုင်းဘုရင်ကြီးကို တွေ့လိုက်ရသောကြောင့် မြောက်ပိုင်းအိမ်ရှေ့စံတစ်ယောက်အနေဖြင့် တိုင်းပြည်အနာဂတ်အတွက် စိုးထိတ်ကာ စိတ်လှုပ်ရှားသွားသည်ဟု ထင်ခဲ့သည်။ အမှန်တကယ်တော့ လီချန်းယုံ၏ နှလုံးသားသည် သူ၏ အနာဂတ်ဖူးစာရှင်အတွက် စိတ်လှုပ်ရှားသွားခြင်းသာဖြစ်သည်။

အချို့့လူများက လင်းမိုသည် နှစ်ချီ၍ ပြင်ဆင်ပြီး မြောက်ပိုင်းကို စစ်ချီသော်လည်း ဘာမှမရဘဲ အချည်းနှီးပြန်လာခဲ့ရသည်ဟု နောက်ကွယ်တွင် တီးတိုးဝေဖန်ကြသည်။ ထိုသူတို့မသိလိုက်သည့်အချက်မှာ လင်းမိုသည် အချည်းနှီးပြန်သွားခြင်းမဟုတ်။ မြောက်ပိုင်းအိမ်ရှေ့စံ၏ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားခြင်းသာ ဖြစ်သည်။

တိမ်မဲတစ်အုပ် လေနှင်ရာသို့ပျောက်ကွယ်သွားပြီး လရောင်ပြန်ပေါ်လာသည့်အချိန်မှာတော့ လီချန်းယုံမှာ သူ၏ တောင်စဉ်ရေမရ အတွေးတို့ကို ရပ်တန့်လိုက်လေသည်။ သူသည် မနက်တွင် မပြီးဆုံးသေးသောတာဝန်ကို ထမ်းဆောင်ရန် ခွန်အားရှိနေဖို့လိုပေသည်။

______________________________________________________________________

Zawgyi

ညတစ္ညကုန္လြန္ၿပီးေနာက္ မိုးလင္းလာေသာအခါ လီခ်န္းယံု သစ္ပင္ေပၚက ဆင္းလာခဲ့သည္။ သူအမဲလိုက္ခရီးကို စတင္ရေပဦးမည္။ မိုင္ႏွစ္ရာခန္႔က်ယ္ဝန္းေသာေတာတြင္ ယခုလိုသာ ေလွ်ာက္သြားေနပါက က်ားျဖင့္မေတြ႔ခင္ အႏၱာရာယ္အမ်ိဳးမ်ိဴးတို႔ျဖင့္ရင္ဆိုင္ရကာ သူဒုကၡေရာက္သြားႏိုင္သည္။

လီခ်န္းယံုက သူေရာက္႐ွိေနေသာ ေနရာ၏ ေျမအေနအထားကို အကဲခတ္သည္။ နီညိဳေရာင္ျဖင့္ အနည္းငယ္ေပ်ာ့ေနေသာ ေျမသားတို႔က ေအာက္ဘက္တြင္ ေရအရင္းအျမစ္တစ္ခုခု႐ွိေၾကာင္း ၫႊန္ျပေနသည္။ စိမ္းလန္းေနေသာ အျကီးဆံုး ကြ်န္းသစ္ပင္ႀကီးတို႔၏ အျမစ္တို႔ကို အနည္းငယ္တူးၾကည့္ရာ အျမစ္တို႔မွာ အေနာက္ဘက္သို႔ ဦးတည္ၿပီး ယွက္ႏႊယ္ေနၾကေလသည္။

သစ္ကိုင္းတို႔သည္ ေနေရာင္ျခည္ရသည့္ဘက္ကို ေကြးၫႊတတ္ၿပီး သစ္ပင္အျမစ္တို႔သည္ ေရရသည့္ဘက္သို႔ ဦးတည္ကာ ကုပ္တြယ္ထားတတ္ၾကသည္။ ေရအရင္းအျမစ္႐ွိသည့္ေနရာကို ႐ွာရသည့္အေၾကာင္းရင္းမွာ မိုင္ႏွစ္ရာက်ယ္ေသာ ဤေတာတြင္ ဟန္ယန္းက်ားသည္ ေသခ်ာေပါက္ ေရ႐ွိရာသို႔ ေရာက္လာလိမ့္မည္ဟု တြက္ဆမိေသာေၾကာင့္ ျဖစ္သည္။

လီခ်န္းယံု၏ တြက္ဆခ်က္မမွားပါ မိုင္ဝက္ခန္႔လမ္းေလွ်ာက္ၿပီးခ်ိန္မွာေတာ့ သူသည္ စမ္းေရက်သံ ကိုၾကားလိုက္ရသည္။ အတြင္းအားႏွင့္ သိုင္းပညာကို အသံုးမျပဳရေသာ္လည္း စြဲျမဲစြာေလ့က်င့္ခဲ့မႈေၾကာင့္ လီခ်န္းယံု၏ အျမင္အာရံုႏွင့္အၾကားစြမ္းရည္မွာ သာမန္ထက္ထူးကဲေလသည္။

စမ္းေခ်ာင္းနားသို႔ နီးကပ္လာသည္ႏွင့္အမွ် ေရဓာတ္ျဖည့္တင္းရန္ လာၾကေသာ သတၱဝါငယ္ေလးမ်ားကိုလည္း ေတြ႔ရေလသည္။ ေရဆင္းေသာက္ေသာ ေတာဆင္း႐ိုင္းအုပ္ေၾကာင့္ သူသည္ ျမက္႐ိုင္း႐ွည္ႀကီးမ်ားတြင္ ပုန္းကြယ္လိုက္ရေသးသည္။ ကံေကာင္းသည္က ေလက အထက္ဘက္က တိုက္ခတ္ေနေသာေၾကာင့္ ေတာဆင္း႐ိုင္းအုပ္မွာ လူသား၏ အနံ႕ကို မရလိုက္ေပ။

သို႔ေသာ္ ကံေကာင္းမႈမွာ တာ႐ွည္မခံေပ။ ထိုေတာဆင္႐ိုင္းအုပ္မွာ ဆင္ေပါက္ေလးက လီခ်န္းယံု ပုန္းကြယ္ေနသည့္ ျမက္႐ိုင္း႐ွည္ႀကီးမ်ားအနီးသို႔ ကပ္လာသည္။ ဆင္ေပါက္ေလးက ကပ္လာသည့္ႏွင့္အမွ် မသကၤာအနံ႔ကို ခံမိဟန္တူသည္။ ဆင္ေပါက္ေလးမွာ အစြယ္ႏွစ္ေခ်ာင္းပါေသာ စြယ္စံုဆင္ျဖစ္သည္။ အရြယ္ေရာက္လာပါက ခြန္အားႀကီးၿပီး ဆင္အုပ္ကို ဦးစီးႏိုင္မည့္ အေနအထားတြင္ ႐ွိသည္။

ဆင္ေပါက္ေလးနီးကပ္လာသည္ႏွင့္အမွ် လီခ်န္းယံုမွာ ရင္ခုန္သံျမန္လာသည္။ ဆင္ေပါက္တစ္ေကာင္က ျပသာနာမဟုတ္ေသာ္လည္း ထိုေတာဆင္႐ိုင္းအုပ္လိုက္ႀကီးျဖင့္သာ ရင္ဆိုင္ရပါက သူသက္သာစရာ အေၾကာင္းမ႐ွိေပ။

ဆင္ေပါက္ေလးက ျမက္႐ွည္မ်ားကို နင္းလာၿပီး သူ႔ဆီသို႔ ေရာက္လာဆဲဆဲတြင္ ႀကီးမားေသာ အစြယ္ႏွစ္ေခ်ာင္းက ထိုတင္ေလး၏ ႏွာေမာင္းဆီသို႔ ဦးတည္လာေလသည္။ ႐ုတ္တရက္ အတိုက္ခိုက္ခံလိုက္ရေသာ ဆင္ေလးမွာ ကြၽီ ခနဲေအာ္ကာ ႏွာေမာင္းေထာင္၍ ထြက္ေျပးေလသည္။

အမွန္စစ္စစ္ထိုဆင္ေလးကို တိုက္ခိုက္လိုက္သည္မွာ အမဲေရာင္ စြယ္စံုဆင္ႀကီးျဖစ္ေလသည္။

လီခ်န္းယံုနားလည္သြားေခ်ၿပီ။ ဆင္ေပါက္ေလးမွာ အလံုးအရပ္ေကာင္းမြန္ၿပီး ခြန္အားႀကီးဆင္ျဖစ္လာႏိုင္ေသာေၾကာင့္ ဆင္႐ိုင္းအုပ္၏ ေခါင္းေဆာင္ဆင္က တမင္ရည္ရြယ္တိုက္ခိုက္ေနျခင္းျဖစ္သည္။ ေတာဆင္႐ိုင္းအုပ္တြင္ ထိုကဲ့သို႔ ေနဂါလုမႈမ်ားမွာ ျဖစ္ေလ့ျဖစ္ထ႐ွိေသာေၾကာင့္ လီခ်န္းယံု မအံ့ျသေတာ့ေပ။ ကပ္သီးေလးကံေကာင္းသြားေသာ သူ၏ ကံတရားကိုသာ ေက်းဇူးတင္မိသည္။ စြယ္စံုဆင္ႀကီးက လူသားအနံ႔ရဟန္မတူဘဲ စမ္းေခ်ာင္းဘက္သို႔ လွည့္ထြက္သြားေလသည္။

ထိုေန႔တစ္ေန႔လံုး လီခ်န္းယံုသည္ စမ္းေခ်ာင္းနံေဘးတြင္ စိတ္႐ွည္႐ွည္ေစာင့္ေလသည္။ ေရလာေသာက္ၾကေသာ သတၱဝါေလးမ်ားမွာ သူ၏ ပစ္မွတ္မဟုတ္ေသာေၾကာင့္ သူေအးေအးေဆးေဆးသာ ေစာင့္သည္။ အကယ္၍ ဟန္ယန္က်ားေရာက္လာပါကလည္း သူခ်က္ခ်င္း တိုက္ခိုက္မည္မဟုတ္ေပ။ အေျခအေနကိုၾကည့္ကာ အကဲခတ္ရေပဦးမည္။

ေန႔လည္မြန္းတည့္ခ်ိန္တြင္ သူပုန္းေအာင္းေနေသာ စမ္းေခ်ာင္းနံေဘးတြင္ လူရိပ္တစ္ရိပ္ကို ျဖတ္ခနဲေတြ႔လိုက္ရသည္။ အနီေရာင္ဆင္တူဝတ္စံုေၾကာင့္ ထိုသူသည္လည္း လီခ်န္းယံုကဲ့သို႔ သားေကာင္လာ႐ွာျခင္းျဖစ္ဟန္တူသည္။ ထိုလူက လီခ်န္းယံုကို အ႐ိုအေသျပဳဟန္ဦးၫႊတ္ျပၿပီး ေနရာတစ္ေနရာ႐ွာကာ ပုန္းေအာင္းေနေလသည္။ ေနာက္တစ္နာရီခန္႔တြင္ ေနာက္ထပ္လူႏွစ္ေယာက္ေရာက္လာသည္။

ပထမေရာက္လာေသာသူက ဆတ္တစ္ေကာင္ကိုေတြ႔ေသာအခါ ေနရာမွ အလ်င္အျမန္ထြက္ခြာသြားေလသည္။ ေနာက္ထပ္လူႏွစ္ေယာက္မွာကား လီခ်န္းယံုကဲ့သို႔ ဟန္ယန္းက်ားကို ေစာင့္ေနသည္လားမေျပာတတ္။ မည္သည့္သားေကာင္လာလာ ေနရာမွ်မေရႊ႕ေပ။ ညေနေစာင္းအခ်ိန္တြင္ စမ္းေခ်ာင္းစပ္က ခ်ံဳပုတ္တြင္ ခိုေအာင္းေနေသာ ေက်းငွက္တစ္သိုက္ ေဝါခနဲထျပန္သည္။

စမ္းေရကိုလာေသာက္ေသာေခ်ေလးႏွစ္ေကာင္မွာ ႐ုတ္တရက္တစ္စံုတစ္ရာကို လန္႔ျဖတ္ေနဟန္ျဖင့္ လာရာလမ္းအတိုင္း ျပန္ေျပးေလသည္။ ႐ုတ္ခ်ည္းေျပာင္းလဲသြားေသာ အေျခအေနေၾကာင့္ တစ္စံုတစ္ရာေသာ အႏၱာရာယ္က ေရာက္လာေတာ့မည္ျဖစ္ေၾကာင္း လီခ်န္းယံုနားလည္လိုက္သည္။ သူေ႐ွ႕က လူႏွစ္ေယာက္သည္ ထူးျခားခ်က္ကို အာရံုမခံမိေသာ္လည္း လီခ်န္းယံု၏ အရိပ္အေျခကိုၾကည့္ကာ ထူးျခားေနၿပီျဖစ္ေၾကာင္းသိလိုက္သည္။ သူတို႔သည္ ဓား႐ွည္ကိုယ္စီသယ္ေဆာင္လာၿပီး ထိုဓားတို႔ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။

လီခ်န္းယံုသည္ တစ္ခ်က္ၾကည့္ရံုမွ်ျဖင့္ သူ႔ေ႐ွ႕က လူႏွစ္ေယာက္သည္ အမဲလိုက္ျခင္း၌ အေတြ႔အၾကံဳမ႐ွိေသာ သူမ်ားျဖစ္ေၾကာင္းသိလိုက္သည္။ ထို႔ေၾကာင့္ လီခ်န္းယံုက သူမေျပာမခ်င္း တုပ္တုပ္မွ်မလႈပ္ရန္ အခ်က္လွမ္းျပလိုက္သည္။ ထိုသူတို႔သည္ မုဆိုးမ်ားမဟုတ္ေသာ္လည္း စစ္သည္ေတာ္မ်ားျဖစ္ေသာေၾကာင့္ အမိန္႔ကို နာခံတတ္ေလသည္။

လီခ်န္းယံုသည္ သူ၏ ကိုယ္ေနဟန္ထားကို အတတ္ႏိုင္ဆံုး ေျပျပစ္ေအာင္ျပင္လိုက္သည္။ မည္မွ်ၾကာေအာင္ မလႈပ္မယွက္ ေနေနရမည္ကို မသိေသာေၾကာင့္ ႀကိဳတင္ျပင္ဆင္ျခင္းျဖစ္သည္။ ျမႇားက်ည္ေတာက္ထဲက ျမႇားတံတစ္ေခ်ာင္းကို အသင့္ယူထားကာ ေလးကိုကိုင္ထားေလသည္။

သူတြက္ဆသည့္အတိုင္း မၾကာမီတြင္ ျမက္႐ိုင္း႐ွည္ႀကီးမ်ားမွ ေျခသံတ႐ွပ္႐ွပ္ကိုၾကားရေလသည္။ သူက ဦးေခါင္းကို မလွည့္မိေအာင္ သတိထားၿပီး မ်က္လံုးကိုေထာင့္ကပ္ၿပီး ၾကည့္လိုက္သည္။ ျမက္႐ိုင္း႐ွည္ႀကီးမ်ားတြင္ အဝါႏွင့္ အနက္ဆင္းေၾကာင္း အရိပ္သ႑ာန္ကို ေတြ႔လိုက္ရသည္။

က်ားက ေျခသံလံုလံုျဖင့္ စမ္းေခ်ာင္းကို ခ်ည္းကပ္လာရာ သူ၏ အျမႇီးအေနအထားကို ၾကည့္ျခင္းအားျဖင့္ ထိုက်ားသည္ စမ္းေရလာေသာက္ျခင္းမဟုတ္ပဲ သားေကာင္လာေခ်ာင္းျခင္းသာ ျဖစ္ေၾကာင္း သိလိုက္သည္။ ေလာေလာဆည္ထိ စမ္းေခ်ာင္းအနီးတစ္ဝိုက္တြင္ မည္သည့္သားေကာင္မွ် လီခ်န္းယံုမေတြ႔မိေပ။

ထို႔ေၾကာင့္ သူက က်ားႀကီးေခ်ာင္းေနသည့္ ေနရာကို ၾကည့္လိုက္ေသာအခါ လူႀကီးလက္ေမာင္းတစ္ဖက္ခန္႔မကေသာ ေႁမြႀကီးကို ေတြ႔လိုက္ရေလသည္။ ေႁမြႀကီးမွာ ေျမျပင္တြင္ မလႈပ္မယွက္႐ွိေနၿပီး သူ၏ ေႁမြေရခြံအေရာင္မွာ ေျမႀကီးႏွင့္ေရာေနေသာေၾကာင့္ လီခ်န္းယံုသတိမထားမိျခင္း ျဖစ္သည္။

ထိုေႁမြႀကီးမွာ မၾကာေသးမီက သားေကာင္တစ္ေကာင္ေကာင္ကို မ်ိဳထားဟန္တူသည္။ ထိုေနရာမွ မည္သည့္ေနရာသို႔ မသြားႏိုင္ေပ။ စပါးႀကီးေႁမြတို႔သည္ သားေကာင္ကို ခႏၱာကိုယ္ျဖင့္ ရစ္ေခြၿပီး အ႐ိုးေပ်ာ့ေအာင္ခ်ိဳးကာ အေကာင္လိုက္မ်ိဳတတ္ေလသည္။ ထိုသို႔ တစ္ခါ အစားစားၿပီးပါက လခ်ီၿပီး မစားဘဲ ေျမေအာက္တြင္းထဲတြင္ ခိုေအာင္းေနႏိုင္ေလသည္။ ယခုေႁမြႀကီးမွာကား သားေကာင္အႀကီးတစ္ေကာင္ကို ေလာဘတႀကီး မ်ိဳထားဟန္တူသည္။ သူ၏ တြင္းသို႔ပင္ ေရာက္ေအာက္ ျပန္မသြားႏိူင္။

ေလၿငိမ္ေနေသာေၾကာင့္ အထက္ဘက္ကေရာ ေအာက္ဘက္ကေရာ ပုန္းေအာင္းေနသည့္ လူသားတို႔၏ အနံ႕ကို ထိုက်ားႀကီးမရေပ။ ထိုသားေကာင္သို႔သာ အာရံုစိုက္ေနသည္။

ေႁမြႀကီးက အႏၱာရာယ္အေငြ႔အသက္ကို ရဟန္တူသည္။ ခ်က္ခ်င္း ေခါင္းေထာင္လာသည္။ သူဆီသို႔ ဦးတည္လာေနေသာ အနက္ႏွင့္အဝါးစင္း က်ားႀကီးကို ေတြ႔လိုက္ေသာအခါ သူ၏ ႀကီးမားေသာ ပါးပ်ဥ္ႀကီးကို ျဖန္႔က်က္လိုက္ေလသည္။
ေႁမြႀကီးမွာ ေႏွးေကြးေလးလံၿပီး မလႈပ္မ႐ွားႏိူင္ျဖစ္ေနေသာ္လည္း က်ားက ဇြတ္အတင္းမဝင္ေပ။ အေျခအေနကို အကဲခတ္ေနသည္။

လီခ်န္းယံုကေတာ့ ေတာတြင္းဘုရင္သားရဲတို႔၏ တိုက္ပြဲကို ေအးေအးေဆးေဆးအကဲခတ္ေနေလသည္။ သူ ယခုအခ်ိန္သာ က်ားႀကီးကိုျမႇားျဖင့္ ပစ္လိုက္ပါက က်ားႀကီးေ႐ွာင္ႏိုင္ေလာက္မည္မဟုတ္ေပ။

သို႔ေသာ္လီခ်န္းယံုသည္ အမဲလိုက္မုဆိုးတို႔လိုက္နာအပ္သည့္ စည္းကမ္းကို သိေလသည္။ စည္းကမ္းဆိုသည္ထက္ က်င့္ဝတ္ဆိုသည္က ပိုမွန္ေပလိမ့္မည္။ သေႏၶသား႐ွိသည့္ သားေကာင္တို႔ကို မပစ္ခတ္ရသလို အစားစားရန္အမဲလိုက္ေနသည့္ သားေကာင္ကို မပစ္ခတ္ရေပ။ သို႔ေၾကာင့္ သူက ခပ္ေအးေအးသာ ၾကည့္ေနသည္။

သူေ႐ွ႕က ႏွစ္ေယာက္မွာမူကား ေလးႏွင့္ ျမႇားမယူလာခဲ့ရသည္ကို အလြန္အမင္းေနာင္တရေနဟန္တူသည္။ ဓား႐ွည္ျဖင့္ ဝင္ခုတ္ပါက သူတို႔မလႈပ္႐ွားမီ က်ားႀကီးကအရင္တိုက္ခိုက္လာႏိုင္ေလသည္။ သို႔ေၾကာင့္ အားမတန္မာန္ေလွ်ာ့ၿပီး တိတ္တဆိတ္သာ ေစာင့္ၾကည့္ေနၾကေလသည္။

က်ားႀကီးမွာ အလစ္တြင္ ေႁမြႀကီး၏ လည္မ်ိဳကို အတင္းဝင္ခဲေလသည္။ ေႁမြႀကီး၏ ကိုယ္မွာလူးလြန္႔လာၿပီး က်ားႀကီးကို အတင္းရစ္ပတ္ေခြရန္ ႀကိဳးပမ္းေနေလသည္။ ေကာင္းစြာ မလႈပ္႐ွားႏိုင္ေသာ္လည္း ေသေရး႐ွင္ေရးျဖစ္ေသာေၾကာင့္ ေႁမြႀကီးက အတင္း႐ုန္းကန္ေနရာ တိုက္ပြဲက ပိုမိုျပင္းထန္လာသည္။

အဆံုးသတ္ရလဒ္ကေတာ့ ခန္႔မွန္းခဲ့သည့္အတိုင္းပင္။ ေႁမြႀကီးမွာ မိမိအသက္ကို မကာကြယ္ႏိုင္ပဲ က်ား၏ ကိုက္ခဲစားေသာက္ျခင္းကို ခံလိုက္ရသည္။ က်ားက ေႁမြႀကီး၏ အသားကို ကိုက္ျဖတ္စားေသာက္ၿပီးသည့္ေနာက္ စမ္းေခ်ာင္းမွေရကို ငံု႔ေသာက္ကာ လာရာလမ္းအတိုင္းလွည့္ျပန္သြားေလသည္။

က်ားႀကီးအေတာ္အတန္ေရာက္မွ လီခ်န္းယံုလည္း သက္ျပင္းခ်ကာ ပုန္းကြယ္ေနရာမွ ထြက္လာသည္။ လီခ်န္းယံု၏ ေ႐ွ႕က လူႏွစ္ေယာက္ကေတာ့ က်ားႀကီးေနာက္မွလိုက္ၿပီး ေထာင္ေခ်ာက္ဆင္ဖမ္းရန္ ၾကံရြယ္ေနၾကေလသည္။ ထိုသူတို႔ႏွစ္ေယာက္လည္း မိနစ္ပိုင္းခန္႔တိုင္ပင္ၿပီး ေနရာမွ အလ်င္အျမန္ထြက္ခြာသြားေလသည္။

လီခ်န္းယံုကေတာ့ ေမွာင္မိုက္လာေသာ ပတ္ဝန္းက်င္ေၾကာင့္ က်ားႀကီး၏ ေနာက္ကို မလိုက္ရန္ဆံုးျဖတ္လိုက္သည္။ ႏို႔မဟုတ္ပါက သူသည္ မုဆိုးအျဖစ္မွ သားေကာင္အျဖစ္သို႔ ေလွ်ာက်သြားႏိုင္ေလသည္။ က်ားႀကီးကို ေျခရာခံမိၿပီျဖစ္ေသာေၾကာင့္ မနက္မိုးလင္းမွ ေျခရာေကာက္ၿပီး လိုက္လွ်င္လည္း ေနာက္မက်ေသးေပ။

သို႔ေျကာင္႔ လီခ်န္းယံုက စမ္းေခ်ာင္းေဘးတြင္ သစ္ကိုင္းေျခာက္မ်ားကို စုကာ မီးဖိုလိုက္သည္။ ယခုလိုအႏၱာရာယ္ထူေျပာသည့္ ေတာအုပ္တြင္ မီးသည္သာ အားကိုးရာျဖစ္သည္။ မီးေရာင္႐ွိပါကသားရဲမ်ား အနားသို႔ ကပ္ရဲမည္မဟုတ္ေခ်။

လီခ်န္းယံုသည္ အ႐ွိန္းညီးညီးေတာက္ပေနေသာ မီးပံု၏ ေဘးတြင္ ျပန္႔ျပဴးေသာ ေျမျပင္သို႔ လဲေလ်ာင္းကာ ေကာင္းကင္သို႔ေမာ့ၾကည့္လိုက္သည္။ ေကာင္းကင္ျပင္တြင္ ၾကယ္ေလးမ်ားက မွိတ္တုတ္မွိတ္တုတ္လက္ေနၿပီး ရႊန္းလက္ေတာက္ပေနေသာ လမင္းႀကီးကို တိမ္မဲတစ္အုပ္က ဝါးမ်ိဳထားသည္။

ၾကယ္တစ္လံုးခ်င္းဆီကို လိုက္ၾကည့္ၿပီး သူ၏ စိတ္တို႔က အေဝးတစ္ေနရာသို႔ လြင့္ပ်ံသြားသည္။ သူမေတြးမိခ်င္ေပမယ့္ ယခုခ်ိန္ လင္းမိုလည္း သူ႔ကို လြမ္းေနမည္လား...ထိုေမးခြန္း၏ အေျဖကို သူေကာင္းစြာ သိသည္။ လင္းမို လြမ္းဆြတ္ေနေပလိမ့္မည္။

သူ၏ စိတ္ကူးထဲတြင္ ခံ့ညားေခ်ာေမာေသာ မ်က္ႏွာတစ္ခုေပၚလာသည္။ ထူးဆန္းသည္။ လင္းမိုအေၾကာင္းေတြးမိသည္ႏွင့္ သူ၏ ႏႈတ္ခမ္းတို႔ကို အလိုလိုျပံဳးလာမိသည္။ လီခ်န္းယံုသည္ ေကာင္းကင္ကို ေငးၾကည့္ရင္း အရင္က ကိစၥမ်ားအားေတြးေတာေနမိသည္။

လင္းမိုကို သူမျမင္ဖူးခင္က ေတာင္ပိုင္းမွ ရက္စက္ဆိုးသြမ္းသည့္ ဘုရင္အျဖစ္သာသိထားသည္။ သို႔ေၾကာင့္ သူ၏ အာရံုတြင္ လင္းမိုကို အသက္ျကီးျကီး၊အ႐ုပ္ဆိုဆိုး၊ ၾကမ္းတမ္းခက္ထန္သည့္ ဘုရင္ႀကီးအျဖစ္ပံုေဖာ္ထားမိခဲ့သည္။

ပိုင္အိမ္ေတာ္၏ သတို႔သမီးအျဖစ္ေဝါယာဥ္က ဆင္းလာသည့္ ျဖဴေဖြးႏူးညံ့သည့္ လက္တစ္စံုသည္ သူပံုေဖာ္ထားသည့္ပံုႏွင့္ လြန္စြာကြဲလြဲေနသည္မွန္း လီခ်န္းယံုမသိႏိုင္ခဲ့ေခ်။ သိလိုက္ခ်ိန္တြင္ လင္းမိုကသူ႔ကို အဆိပ္ခတ္လိုက္ၿပီး ျဖစ္သည္။

ျမင္ျမင္ခ်င္းအခ်စ္ဆိုသည္မွာ ဤေလာကတြင္ အမွန္တကယ္တည္႐ွိႏိုင္သည့္အရာမဟုတ္ဟု သူလက္ခံထားခဲ့ေသာ္လည္း အနီေရာင္ဇာပုဝါေအာက္က မေကာင္းဆိုးဝါးဆန္ဆန္ႏႈတ္ခမ္းတို႔က ထိုယံုၾကည္ခ်က္တို႔ကို ႐ိုက္ခ်ိဳးသြားခဲ့ေခ်သည္။

ထိုစဥ္ကရန္သူ ေတာင္ပိုင္းဘုရင္ျကီးကို ေတြ႔လိုက္ရေသာေၾကာင့္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံတစ္ေယာက္အေနျဖင့္ တိုင္းျပည္အနာဂတ္အတြက္ စိုးထိတ္ကာ စိတ္လႈပ္႐ွားသြားသည္ဟု ထင္ခဲ့သည္။ အမွန္တကယ္ေတာ့ လီခ်န္းယံု၏ ႏွလံုးသားသည္ သူ၏ အနာဂတ္ဖူးစာရွင္အတြက္ စိတ္လႈပ္႐ွားသြားျခင္းသာျဖစ္သည္။

အခ်ိဳ႔႕လူမ်ားက လင္းမိုသည္ ႏွစ္ခ်ီ၍ ျပင္ဆင္ၿပီး ေျမာက္ပိုင္းကို စစ္ခ်ီေသာ္လည္း ဘာမွမရဘဲ အခ်ည္းႏွီးျပန္လာခဲ့ရသည္ဟု ေနာက္ကြယ္တြင္ တီးတိုးေဝဖန္ၾကသည္။ ထိုသူတို႔မသိလိုက္သည့္အခ်က္မွာ လင္းမိုသည္ အခ်ည္းႏွီးျပန္သြားျခင္းမဟုတ္။ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံ၏ ႏွလံုးသားတစ္ခုလံုးကို သိမ္းပိုက္သြားျခင္းသာ ျဖစ္သည္။

တိမ္မဲတစ္အုပ္ ေလႏွင္ရာသို႔ေပ်ာက္ကြယ္သြားၿပီး လေရာင္ျပန္ေပၚလာသည့္အခ်ိန္မွာေတာ့ လီခ်န္းယံုမွာ သူ၏ ေတာင္စဥ္ေရမရ အေတြးတို႔ကို ရပ္တန္႔လိုက္ေလသည္။ သူသည္ မနက္တြင္ မၿပီးဆံုးေသးေသာတာဝန္ကို ထမ္းေဆာင္ရန္ ခြန္အား႐ွိေနဖို႔လိုေပသည္။

______________________________________________________________________

Continue Reading

You'll Also Like

10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
76.7K 5K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
194K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း