{Zawgyi}
“ရတယ္”ပိုင္ရန္ ေဒါသထြက္မသြားဘဲ လက္ကိုေဝွ႔ယမ္းျပလိုက္တယ္။
“အရွင္ရွဲ႕ ကြၽန္ေတာ္တို႔ကိုအရွင့္အဝတ္လဲေပးခြင့္ျပဳပါ” ထိုလူငယ္ေလးက တေလးတစားေျပာလိုက္တယ္။
ပိုင္ရန္သူ႔ကို သံသယမဝင္တာေၾကာင့္ လက္ခံေတာင္ေခါင္းပဲၿငိတ္ျပလိုက္တယ္။
ဝင္လာတဲ့ႏွစ္ေယာက္ထဲက တစ္ေယာက္ကအဝတ္ဘီဒိုကေန ဝတ္စုံသစ္တစ္စုံထုတ္လိုက္ၿပီး ေရကိုေမွာက္ခ်လိုက္တဲ့ ေနာက္တစ္ေယာက္ကေတာ့ သူ႔ကိုအက်ီလဲႏိုင္ဖို႔ ကူညီေပးေနတယ္။
ပိုင္ရန္ တဖက္လူအဆင္ေျပေအာင္ လက္ေတြကိုဆန႔္ေပးထားတယ္။
လူငယ္ေလးက သူ႔ကိုေသေသခ်ာခ်ာအဝတ္ခြၽတ္ေပးေနတယ္။ ေနာက္က်ေတာ့ လူငယ္ေလးက သူ႔ကိုမေတာ္တေရာ္လာထိေတြ႕ေနေပမယ့္ ပိုင္ရန္ကေတာ့ ရည္႐ြယ္ခ်က္ရွိရွိလုပ္ေနမွန္း မသိခဲ့ဘူး။
အေပၚလႊာကိုခြၽတ္ၿပီးေတာ့ ပိုင္ရန္ရဲ႕ေတာင့္တင္းတဲ့ရင္ဘတ္ေပၚလာတယ္၊ ထိုေကာင္ေလးက အတင့္ရဲလာၿပီး သူ႔လက္ေတြကလည္း မရွိသင့္တဲ့ေနရာတည့္တည့္ကို ေရာက္လာတယ္။ ရွက္႐ြံ႕တဲ့ပုံေလးနဲ႔ သူကစေျပာလာတယ္ “အရွင္ရွဲ႕…”
ပိုင္ရန္ “…”
မနက္ေစာေစာ တစ္စုံတစ္ေယာက္ကသူ႔ကိုလာၿပီး ျမဴဆြယ္လိမ့္မယ္လို႔ သူမထင္ထားခဲ့ဘူး။
‘သူစိတ္ပါေနလို႔လား ဒါမွမဟုတ္ တစ္ေယာက္ေယာက္အမိန႔္ေပးထားလို႔ လုပ္ေနတာလား?’
ပိုင္ရန္ေတာင့္တင္းသြားေပမယ့္ သူရဲ႕မၿပီးေသးတဲ့ daily taskကိုအမွတ္ရသြားတာေၾကာင့္ ခဏေလာက္တြန႔္ဆုတ္သြားၿပီး ဒီအခြင့္အေရးကိုအက်ိဳးရွိရွိအသုံးခ်ဖို႔အတြက္ ထိုေကာင္ေလးရဲ႕ပါးကိုကိုင္လိုက္တယ္။ သူ႔ႏႈတ္ခမ္းေထာင့္နားျမင့္တက္သြားၿပီး မေကာင္းဆိုးဝါးအၿပဳံးၿပဳံးကာ “အလွေလး.. မင္းကိုဘယ္သူပို႔လိုက္တာလဲ?”
ထိုလူငယ္ေလးက သူ႔ရဲ႕ႏွင္းဆီေရာင္ႏႈတ္ခမ္းေလးကိုကိုက္ကာ သမင္မ်က္လုံးလိုမ်က္လုံး႐ြဲႀကီးေတြနဲ႔ သူ႔ကိုျပန္ေျပာလာတယ္ “အရွင္ရွဲ႕.. ယြဲ႕အာကိုယ့္ဘာသာကိုယ္လာခဲ့တာပါ.. ကြၽန္ေတာ္တို႔အဖြဲ႕က ထာဝရအေမွာင္ထုနန္းေတာ္မွာ ခစားလာတာတစ္ႏွစ္ခြဲေတာင္ရွိေနၿပီျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔အခုထိနတ္ဆိုးအရွင္ရဲ႕မ်က္ႏွာကိုေတာင္ ခိုးၾကည့္လို႔မရခဲ့ပါဘူး… သူကသူ႔ရဲ႕အလိုဆႏၵေတြကို ဂ႐ုမစိုက္ဘူး၊ ကြၽန္ေတာ္တို႔အရွင္ရွဲ႕အေမွာင္ထုနန္းေတာ္မွာ နားေနတယ္ၾကားေတာ့ ကြၽန္ေတာ္တို႔အရွင္ရွဲ႕ကိုလာေတြ႕ၿပီး ကြၽန္ေတာ္တို႔ကိုပါတပါးတည္းေခၚသြားၿပီး ေနာက္အနာဂတ္မွာ ကြၽန္ေတာ္တို႔ကိုျပဳစုခြင့္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္”
‘အဲ့ေတာ့ နတ္ဆိုးဘုရင္ႀကီးက သူ႔ရဲ႕ဒီကိုယ္လုပ္ေတာ္အုပ္ႀကီးကို လ်စ္လ်ဴရႈထားတယ္ေပါ့? အဲ့တာေၾကာင့္ သူတို႔ေတြက သူတို႔ရဲ႕အထီးက်န္မႈေတြကို သည္းမခံႏိုင္ေတာ့တဲ့အဆုံး ငါ့အိပ္ယာေပၚတက္ခ်င္လာၾကတယ္ေပါ့?’
‘နတ္ဆိုးဘုရင္ႀကီးသာ ဒါကျမင္ရင္ ဘယ္လိုထင္သြားမလဲ? သူ႔ေခါင္းထိပ္မွာ ျမက္ခင္းႀကီးလိုစိမ္းေနၿပီလို႔ ထင္သြားႏိုင္ေလာက္လား?’ [T/N: ဦးထုပ္စိမ္း ><]
ပိုင္ရန္ေရွ႕ဆက္တိုးဖို႔မျမင္တာေၾကာင့္ လူငယ္ေလးက ပိုင္ရန႔္ခါးပတ္ကိုခြၽတ္လိုက္တယ္။ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့ဝတ္႐ုံေလးက ေျမေပၚက်သြားၿပီး သူ႔ရဲ႕ရွင္းသန႔္ေနတဲ့ကိုယ္လုံးျဖဴျဖဴေလး ေပၚထြက္လာတယ္။
လူငယ္က ပိုင္ရန႔္လက္ကိုဆြဲၿပီး သူ႔ကိုယ္ေပၚတင္ေပးလိုက္တယ္။ ပိုင္ရန႔္လက္ကို ကိုင္ထားတဲ့လက္က တျဖည္းျဖည္းအရွက္မဲ့လာၿပီး သူ႔ကိုယ္သူျပန္ပြတ္ေနေတာ့တယ္။
ပိုင္ရန္ ေခါင္းႀကိမ္းလာတယ္။ ‘ဒင္’ဆိုတဲ့အသံက သူ႔ဦးေႏွာက္ကထြက္ေပၚလာၿပီး daily taskၿပီးေၾကာင့္အခ်က္ျပတာေၾကာင့္ သူ႔လက္ကိုအလင္းအလ်င္လိုျပန္႐ုတ္ေတာ့တယ္။ သို႔ေသာ္လည္း လူငယ္ေလးကနည္းနည္းပါးပါးက်င့္ႀကံထားတယ္ျဖစ္မယ္။ သူကပိုင္ရန႔္လက္ကိုျပန္ဆြဲၿပီး ပိုင္ရန႔္လက္နဲ႔သူ႔ရဲ႕ေခ်ာေမြ႕တဲ့ကိုယ္တစ္ေလွ်ာက္ ပြတ္ေနေတာ့တယ္။
အရင္ကသူ႔မွာရွိတဲ့က်င့္ႀကံျခင္းအဆင့္ေတြ ဆုံးရႈံးသြားတာေၾကာင့္ ပိုင္ရန္ထိုေကာင္ေလးကို ဘယ္လိုမွမႏိုင္ဘူးျဖစ္ေနတယ္။
လူငယ္ေလးကလည္း ပိုင္ရန္ကမတြန္းခ်င္ တြန္းခ်င္နဲ႔တြန္းေနတယ္လို႔ ထင္သြားၿပီး အေပ်ာ္လြန္သြားတယ္။ အဲ့တာကိုအခြင့္အေရးလို႔ေတြးလိုက္ၿပီး သူ႔အျပဳအမူေတြက ပိုလို႔ေတာင္အတင့္ရဲလာတယ္။
“ေဘးဖယ္ေတာ့…” ဒီေလာက္ေတာင္အရိပ္အျခည္မၾကည့္တတ္တဲ့ စိတ္ရႈပ္စရာေကာင္းတဲ့သူကို ပိုင္ရန္သည္းမခံႏိုင္ေတာ့တာေၾကာင့္ ေနာက္ကိုဆုတ္လိုက္တယ္။
လူငယ္ေလးကေတာ့ သူ႔ကိုလိုက္ကပ္ေနလ်က္ပဲ။
သူစကားေတာင္ မေျပာရေသးခင္ ထိတ္လန႔္သြားတဲ့အသံတစ္ခု အခန္းျပင္ကထြက္ေပၚလာတယ္။ “မနက္အေစာႀကီး ဘာေတြလုပ္ေနၾကတာလဲ?”
အသံကိုၾကားေတာ့ အခန္းထဲကအတြဲက ေခါင္းလွည့္ၾကည့္လိုက္ခ်ိန္ နတ္ဆိုးဘုရင္ႀကီးက အျပင္မွာတျခားသူအခ်ိဳ႕နဲ႔ ရပ္ေနတာေတြ႕လိုက္ရတယ္။ အသံက အျပင္ကအေစာင့္ဆီကျဖစ္ရမယ္။
နတ္ဆိုးဘုရင္ႀကီးက အေနာက္ဘက္နည္းနည္းေဝးေဝးမွာရပ္ေနေပမယ့္ သူ႔အျမင္အာ႐ုံနဲ႔ဆိုရင္ အထဲမွာဘာေတြျဖစ္ေနတယ္ဆိုတာကို အားလုံးျမင္သြားမွာေသခ်ာတယ္။
သူ႔ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာက ေရခဲတုံးႀကီးလိုျဖစ္ေနတယ္။ ၿခံဝင္းတစ္ခုလုံးလည္း အပူခ်ိန္အနည္းငယ္ေလ်ာ့က်သြားတယ္။
ေလထုကလည္း သိပ္သည္းလာတယ္။
ကိုး႐ို႕ကားယားႏိုင္တဲ့တိတ္ဆိတ္မႈႀကီး ပ်ံ႕ႏွံ႔သြားတယ္။
ပိုင္ရန္ကေတာ့ ၾကည္လင္လွတဲ့အထက္ေကာင္းကင္ကေန သူ႔ေခါင္းတည့္တည့္မိုးႀကိဳးပစ္ခ်လိုက္သလားလို႔ေတာင္ ခံစားေနရတယ္။ ခဏေလာက္သူ႔စိတ္ကဗလာျဖစ္ေနၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့ဘူး။
‘အခုခ်ိန္မွာ နတ္ဆိုးဘုရင္ႀကီးရဲ႕ကိုယ္လုပ္ေတာ္နဲ႔ ငါကအခ်င္းခ်င္းဖက္ေနၿပီးေတာ့ အဝတ္အစားေတြကလည္း ရွက္စရာေကာင္းေလာက္ေအာင္ ဖ႐ိုဖရဲျဖစ္ေနတယ္… ငါတို႔အဲ့လိုျဖစ္ေနတုန္း သူတို႔မိသြားတာ… ျပႆနာက လူေတြအမ်ားႀကီးလည္း ျမင္သြားတာပဲ’
‘အဲ့ေတာ့ နတ္ဆိုးဘုရင္ႀကီးက ငါသူ႔ကိုဦးထုတ္စိမ္းေပးလိုက္တယ္လို႔ ေတြးသြားမလား?’
ပိုင္ရန္နတ္ဆိုးဘုရင္ႀကီးရဲ႕အိပ္ယာေပၚတက္ဖို႔ ကမ္းလွမ္းမႈကိုသူျငင္းလိုက္တုန္းကေတာင္ နတ္ဆိုးဘုရင္ႀကီးသူ႔ကိုေသခ်ာေပါက္ မသတ္ႏိုင္ေလာက္ဘူးလို႔ ေတြးခဲ့တယ္။ အခုသူက နတ္ဆိုးဘုရင္ႀကီးရဲ႕အိမ္ေမြးေကာင္ေလးနဲ႔ ကလူေနၿပီး လူတိုင္းၾကည့္ေနတုန္းသူ႔ကို အစိမ္းေရာင္ဦးထုတ္ေလးေတာင္ ေပးလိုက္ေသးတယ္… ဘယ္ေယာက်ာ္းမွာ အဲ့တာကိုသည္းခံႏိုင္မွာမဟုတ္ဘူး။
“ေရွာင္လင္း၊ သူငါ့ကို အပိုင္းပိုင္းျဖတ္ေတာ့မယ္လို႔ မင္းထင္လား?” သူ႔စိတ္ထဲကေရွာင္လင္းကို ေမးလိုက္တယ္။
ေရွာင္လင္းကလည္း ဆြံ႕အေနဆဲ “သခင္ကဘာလို႔ တံခါးမပိတ္ခဲ့တာလဲ?”
“ငါကအက်ီပဲလဲခ်င္တာေလ… ဘာလို႔တံခါးပိတ္ရမွာလဲ? ဒီလူကငါ့ကို ျမဴဆြယ္ဖို႔ႀကိဳးစားမယ္မွန္း ငါဘယ္လိုလုပ္သိမွာလဲ?”
“သခင္က လူေတြအမ်ားႀကီးရဲ႕ေရွ႕မွာ သူ႔ကိုဦးထုတ္စိမ္းေလးေဆာင္းေပးလိုက္တာပဲ.. သခင္.. ေတာ္ေတာ္ေလးသတၱိရွိတယ္ေနာ္”
ပိုင္ရန္ငိုခ်င္ေနေပမယ့္ ဘာမ်က္ရည္မွက်မလာဘူး “အဲ့တာအမွန္မဟုတ္မွန္း မင္းသိရဲ႕သားနဲ႔”
“သခင္ ေနာက္ဆုံးမွာခ်င္တာေတြရွိရင္ အခုေျပာလိုက္ပါ… ကြၽန္မျပန္ေျပာေပးပါ့မယ္”
ေသေရးရွင္ေရးနဲ႔ႀကဳံလာၿပီဆိုရင္ လူေတြကသတၱိေတြပိုတိုးလာတာျဖစ္ႏိုင္ေပမယ့္ ပိုင္ရန္ကေတာ့ ဖ႐ိုဖရဲျဖစ္ေနတဲ့လူငယ္ကို တြန္းထုတ္လိုက္ၿပီး သူ႔ဘယ္လက္ကိုေထာင္ကာ က်ိန္ဆိုလိုက္တယ္ “အရွင္… ကြၽန္ေတာ္တို႔ဘာမွမလုပ္ခဲ့ဘူးဆိုတာ က်ိန္ဆိုပါတယ္”
အဲ့ေနာက္ထပ္ေျပာတယ္ “သူက ကြၽန္ေတာ့္ေပၚေရေမွာက္က်သြားလို႔ အက်ီကူလဲေပးေနတာပါ”
တိတ္တိတ္ေလးေနေနတဲ့နတ္ဆိုးဘုရင္ႀကီး ေနာက္ဆုံးေတာ့လႈပ္လာၿပီး တစ္လွမ္းခ်င္းအထဲကို လွမ္းလာတယ္။
သူ႔ေျခလွမ္းတစ္လွမ္းခ်င္းစီက ၾကည့္ေနသူေတြရဲ႕ႏွလုံးသားကို နင္းေလွ်ာက္သြားသလိုေတာင္ ထင္ရတယ္။ သူ႔ေျခလွမ္းေတြက ပိုမိုေလးပင္လာၿပီး အသက္ရႈဖို႔ေတာင္ ခက္ခဲလာတဲ့အထိပဲ။
သူ ပိုင္ရန္ေရွ႕မွာ ရပ္လိုက္တယ္။ သူပိုင္ရန္ကိုၾကည့္ၿပီး ေၾကာက္႐ြံ႕ေနတဲ့လူငယ္ေလးကို ျပန္ၾကည့္ကာ ေအးတိေအးစက္ရယ္ေမာလိုက္တယ္ “အဝတ္လဲတယ္? အဝတ္လဲတာက အကုန္ခြၽတ္ၿပီးေတာ့ အခ်င္းခ်င္းပူးကပ္ေနစရာလိုလို႔လား?”
“အရွင္ ကြၽန္ေတာ္ရွင္းျပပါရေစ… ကြၽန္ေတာ္တို႔တကယ္ ဘာမွမလုပ္ခဲ့ပါဘူး” ပိုင္ရန္အကူအညီမဲ့စြာေျပာလိုက္တယ္။
“တကယ္လို႔ ကိုယ္ေတာ္တို႔သာေရာက္တာေနာက္က်ရင္ အကုန္လုံးျဖစ္ၿပီးသြားလိမ့္မယ္” နတ္ဆိုးဘုရင္ႀကီးေလသံက တိုးလ်ေနတယ္။
“မင္းေတြးေနသလို တကယ္မဟုတ္ပါဘူးကြ!” ပိုင္ရန္စိတ္ထဲမွာသာ ေအာ္ဟစ္ေနမိတယ္။ သူျမစ္ဝါျမစ္ထဲကို ခုန္ခ်လိုက္ရင္ေတာင္ သူ႔ကိုယ္သူစင္ၾကယ္သြားေအာင္ ေဆးေၾကာႏိုင္မွာမဟုတ္ေတာ့ဘူး။
‘ဒီလူေတြက ဘာလို႔ငါ့ကို လာျမဴဆြယ္ရတာလဲ? ဘာလို႔နတ္ဆိုးဘုရင္ႀကီး ေတြ႕သြားရတာလဲ? နတ္ဆိုးဘုရင္ႀကီးကေရာ အၿမဲလိုလိုနန္းေတာ္ခန္းမမွာေနၿပီးေတာ့ အုပ္ခ်ဳပ္မႈေရးရာေတြကို ေျဖရွင္းေပးေနတာလား? သူကဘာလို႔ဒီကိုလာေနရတာလဲ?’
“အရွင္ ဘာလို႔ဒီကိုလာတာပါလဲ?” ပိုင္ရန္အတင္းစကားလမ္းေၾကာင္းလႊဲေတာ့တယ္။
နတ္ဆိုးဘုရင္ႀကီးက ေအးစက္စြာၿပဳံးကာ “ၾကည့္ရတာ မင္းမေန႔ကေျပာတဲ့ဟာက အလိမ္အညာမဟုတ္ဘူးပဲ… မင္းကကိုယ္ေတာ့္အေပၚတကယ္ ခံစားခ်က္မရွိတာပါလား”
ပိုင္ရန္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားတယ္။
သူကဘာလို႔ဒီအေၾကာင္း ေျပာင္းေျပာလိုက္ရတာလဲ?
“မင္းသာ ခံစားခ်က္ရွိမယ္ဆိုရင္ တျခားသူေတြနဲ႔ဆက္စပ္ယွက္ရွပ္လုပ္ေနမွာမဟုတ္ဘူး” နတ္ဆိုးဘုရင္ႀကီး ေျပာလိုက္တယ္။ “ကိုယ္ေတာ္ပဲ နားလည္မႈလြဲသြားတာျဖစ္မယ္၊ မင္းကအဲ့လိုေတြ လုပ္ရတာႀကိဳက္တာ… ၾကည့္ေကာင္းတဲ့တစ္ေယာက္ေယာက္ကို ျမင္လိုက္တာနဲ႔ အဲ့သူနဲ႔လုပ္ႏိုင္ဖို႔မင္းႀကိဳးစားေတာ့တာပဲ… တဏွာအားေကာင္းလိုက္တာေနာ္!”
ေနာက္ဆုံးစကားလုံးေတြကို ခံစားခ်က္မဲ့စြာေငါ့တူးေျပာလိုက္တာျဖစ္တယ္။
ပိုင္ရန္ အေထ့အေငါ့ေျပာလိုက္တာေၾကာင့္ ေခြၽးေစးေတြေတာင္ ထြက္လာတယ္။
နတ္ဆိုးးဘုရင္ႀကီးက လက္ကိုဆန႔္ထုတ္လိုက္တယ္ “မေန႔က မင္းအာဏာနဲ႔အစြမ္းလိုခ်င္တယ္လို႔ ေျပာတယ္ေနာ္.. ဒီေန႔မင္းဆႏၵကို ကူညီၿပီးျဖည့္ေပးမယ္… မင္းပါးစပ္ဟလိုက္”
ပိုင္ရန္ဘာမွမေတြးဘဲ ပါးစပ္ဟလိုက္တယ္။
နတ္ဆိုးဘုရင္ႀကီးက သူ႔ေမးေစ့ကိုကိုင္ၿပီၚ ပါးစပ္ထဲအနက္ေရာင္ေဆးတစ္ခုပစ္ထည့္လိုက္တယ္။
“အဲ့တာက ေကာင္းကင္ေနမင္းေဆး၊ ေရပူစမ္းကိုသြားၿပီးေတာ့ တရားထိုင္ေနလိုက္” နတ္ဆိုးဘုရင္ႀကီးက အျဖဴေရာင္ေႂကြပုလင္းေလးကို ပစ္လိုက္တာေၾကာင့္ ပိုင္ရန္သတိလက္လြတ္ဖမ္းလိုက္တယ္။ ပုလင္းေလးက လက္ထဲမွာေအးေနၿပီး ေက်ာက္စိမ္းနဲ႔လုပ္ထားသလားထင္ရေအာင္ ေခ်ာမြတ္ေနတယ္။
နတ္ဆိုးဘုရင္ႀကီး မ်က္လုံးေတြက အခန္းထဲမွာတုန္လႈပ္ေနတဲ့အျခားေကာင္ေလးႏွစ္ေယာက္ဆီ ေ႐ြ႕သြားတယ္။ “သူတို႔ကိုေတာ့… သူတို႔ကေယာက်ာ္းေတြကို အရမ္းႀကိဳက္တယ္ဆိုေတာ့လည္း သူတို႔ရဲ႕က်င့္ႀကံခ်င္းကိုဖ်က္ဆီးၿပီး သူတို႔ကိုျပည့္တန္ဆာအေနနဲ႔ စစ္တန္းလ်ားကိုပို႔ေပးလိုက္၊ ေယာက်ာ္းေတြကိုလည္း ေန႔တိုင္းျပဳစုခိုင္း”
“ခြင့္လႊတ္ေပးပါ အရွင္ႀကီး! ကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ေပးပါ အရွင္!!” လူငယ္ေလးႏွစ္ေယာက္က သူတို႔ကိုဆြဲေခၚမခံရေသးခင္ ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုေတာ့တယ္။
နတ္ဆိုးဘုရင္ႀကီးကေတာ့ ေျပာၿပီးတာနဲ႔ ေပ်ာက္သြားတယ္။
သူေပ်ာက္သြားေတာ့မွ ပိုင္ရန္ရဲ႕ေတာင့္တင္းေနတဲ့အေၾကာေတြ ေျပေလ်ာ့သြားၿပီး သူ႔ေနာက္ေက်ာမွာ ေခြၽးေတြခ်ည္းပဲဆိုတာ သိလိုက္ရတယ္။ သူအိမ္ျပန္ဖို႔ေတြးတုန္းပဲရွိေသးတယ္ နတ္ဆိုးဘုရင္ႀကီးရဲ႕ေအးတိေအးစက္အသံ ၾကားလိုက္ရတယ္ “ဒီကိုလာခဲ့!”
ပိုင္ရန္ တဖက္လူေဒါသထြက္ေနတာကိုသိတာေၾကာင့္ သူ႔အမိန႔္ကိုမလြန္ဆန္ရဲဘဲ အျမန္ေျပးသြားလိုက္တယ္။ ရွက္စရာေကာင္းတာကိုလည္း ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။
ပိုင္ရန႔္အေနာက္မွာေတာ့ သူ႔ကိုျဖားေယာင္းဖို႔ႀကိဳးစားခဲ့တဲ့ လူငယ္ေလးႏွစ္ေယာက္ကို အေစာင့္ေတြက အခန္းျပင္ဆြဲထုတ္သြားေတာ့တယ္။ သူတို႔အဆုံးသတ္ကေတာ့ ေကာင္းႏိုင္ဖြယ္မရွိဘူး။
____________________________________
{Unicode}
“ရတယ်”ပိုင်ရန် ဒေါသထွက်မသွားဘဲ လက်ကိုဝှေ့ယမ်းပြလိုက်တယ်။
“အရှင်ရှဲ့ ကျွန်တော်တို့ကိုအရှင့်အဝတ်လဲပေးခွင့်ပြုပါ” ထိုလူငယ်လေးက တလေးတစားပြောလိုက်တယ်။
ပိုင်ရန်သူ့ကို သံသယမဝင်တာကြောင့် လက်ခံတောင်ခေါင်းပဲငြိတ်ပြလိုက်တယ်။
ဝင်လာတဲ့နှစ်ယောက်ထဲက တစ်ယောက်ကအဝတ်ဘီဒိုကနေ ဝတ်စုံသစ်တစ်စုံထုတ်လိုက်ပြီး ရေကိုမှောက်ချလိုက်တဲ့ နောက်တစ်ယောက်ကတော့ သူ့ကိုအကျီလဲနိုင်ဖို့ ကူညီပေးနေတယ်။
ပိုင်ရန် တဖက်လူအဆင်ပြေအောင် လက်တွေကိုဆန့်ပေးထားတယ်။
လူငယ်လေးက သူ့ကိုသေသေချာချာအဝတ်ချွတ်ပေးနေတယ်။ နောက်ကျတော့ လူငယ်လေးက သူ့ကိုမတော်တရော်လာထိတွေ့နေပေမယ့် ပိုင်ရန်ကတော့ ရည်ရွယ်ချက်ရှိရှိလုပ်နေမှန်း မသိခဲ့ဘူး။
အပေါ်လွှာကိုချွတ်ပြီးတော့ ပိုင်ရန်ရဲ့တောင့်တင်းတဲ့ရင်ဘတ်ပေါ်လာတယ်၊ ထိုကောင်လေးက အတင့်ရဲလာပြီး သူ့လက်တွေကလည်း မရှိသင့်တဲ့နေရာတည့်တည့်ကို ရောက်လာတယ်။ ရှက်ရွံ့တဲ့ပုံလေးနဲ့ သူကစပြောလာတယ် “အရှင်ရှဲ့…”
ပိုင်ရန် “…”
မနက်စောစော တစ်စုံတစ်ယောက်ကသူ့ကိုလာပြီး မြူဆွယ်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
‘သူစိတ်ပါနေလို့လား ဒါမှမဟုတ် တစ်ယောက်ယောက်အမိန့်ပေးထားလို့ လုပ်နေတာလား?’
ပိုင်ရန်တောင့်တင်းသွားပေမယ့် သူရဲ့မပြီးသေးတဲ့ daily taskကိုအမှတ်ရသွားတာကြောင့် ခဏလောက်တွန့်ဆုတ်သွားပြီး ဒီအခွင့်အရေးကိုအကျိုးရှိရှိအသုံးချဖို့အတွက် ထိုကောင်လေးရဲ့ပါးကိုကိုင်လိုက်တယ်။ သူ့နှုတ်ခမ်းထောင့်နားမြင့်တက်သွားပြီး မကောင်းဆိုးဝါးအပြုံးပြုံးကာ “အလှလေး.. မင်းကိုဘယ်သူပို့လိုက်တာလဲ?”
ထိုလူငယ်လေးက သူ့ရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးကိုကိုက်ကာ သမင်မျက်လုံးလိုမျက်လုံးရွဲကြီးတွေနဲ့ သူ့ကိုပြန်ပြောလာတယ် “အရှင်ရှဲ့.. ယွဲ့အာကိုယ့်ဘာသာကိုယ်လာခဲ့တာပါ.. ကျွန်တော်တို့အဖွဲ့က ထာဝရအမှောင်ထုနန်းတော်မှာ ခစားလာတာတစ်နှစ်ခွဲတောင်ရှိနေပြီဖြစ်ပေမယ့် ကျွန်တော်တို့အခုထိနတ်ဆိုးအရှင်ရဲ့မျက်နှာကိုတောင် ခိုးကြည့်လို့မရခဲ့ပါဘူး… သူကသူ့ရဲ့အလိုဆန္ဒတွေကို ဂရုမစိုက်ဘူး၊ ကျွန်တော်တို့အရှင်ရှဲ့အမှောင်ထုနန်းတော်မှာ နားနေတယ်ကြားတော့ ကျွန်တော်တို့အရှင်ရှဲ့ကိုလာတွေ့ပြီး ကျွန်တော်တို့ကိုပါတပါးတည်းခေါ်သွားပြီး နောက်အနာဂတ်မှာ ကျွန်တော်တို့ကိုပြုစုခွင့်ပေးဖို့ မျှော်လင့်ပါတယ်”
‘အဲ့တော့ နတ်ဆိုးဘုရင်ကြီးက သူ့ရဲ့ဒီကိုယ်လုပ်တော်အုပ်ကြီးကို လျစ်လျူရှုထားတယ်ပေါ့? အဲ့တာကြောင့် သူတို့တွေက သူတို့ရဲ့အထီးကျန်မှုတွေကို သည်းမခံနိုင်တော့တဲ့အဆုံး ငါ့အိပ်ယာပေါ်တက်ချင်လာကြတယ်ပေါ့?’
‘နတ်ဆိုးဘုရင်ကြီးသာ ဒါကမြင်ရင် ဘယ်လိုထင်သွားမလဲ? သူ့ခေါင်းထိပ်မှာ မြက်ခင်းကြီးလိုစိမ်းနေပြီလို့ ထင်သွားနိုင်လောက်လား?’ [T/N: ဦးထုပ်စိမ်း ><]
ပိုင်ရန်ရှေ့ဆက်တိုးဖို့မမြင်တာကြောင့် လူငယ်လေးက ပိုင်ရန့်ခါးပတ်ကိုချွတ်လိုက်တယ်။ မီးခိုးရောင်ဖျော့ဖျော့ဝတ်ရုံလေးက မြေပေါ်ကျသွားပြီး သူ့ရဲ့ရှင်းသန့်နေတဲ့ကိုယ်လုံးဖြူဖြူလေး ပေါ်ထွက်လာတယ်။
လူငယ်က ပိုင်ရန့်လက်ကိုဆွဲပြီး သူ့ကိုယ်ပေါ်တင်ပေးလိုက်တယ်။ ပိုင်ရန့်လက်ကို ကိုင်ထားတဲ့လက်က တဖြည်းဖြည်းအရှက်မဲ့လာပြီး သူ့ကိုယ်သူပြန်ပွတ်နေတော့တယ်။
ပိုင်ရန် ခေါင်းကြိမ်းလာတယ်။ ‘ဒင်’ဆိုတဲ့အသံက သူ့ဦးနှောက်ကထွက်ပေါ်လာပြီး daily taskပြီးကြောင့်အချက်ပြတာကြောင့် သူ့လက်ကိုအလင်းအလျင်လိုပြန်ရုတ်တော့တယ်။ သို့သော်လည်း လူငယ်လေးကနည်းနည်းပါးပါးကျင့်ကြံထားတယ်ဖြစ်မယ်။ သူကပိုင်ရန့်လက်ကိုပြန်ဆွဲပြီး ပိုင်ရန့်လက်နဲ့သူ့ရဲ့ချောမွေ့တဲ့ကိုယ်တစ်လျှောက် ပွတ်နေတော့တယ်။
အရင်ကသူ့မှာရှိတဲ့ကျင့်ကြံခြင်းအဆင့်တွေ ဆုံးရှုံးသွားတာကြောင့် ပိုင်ရန်ထိုကောင်လေးကို ဘယ်လိုမှမနိုင်ဘူးဖြစ်နေတယ်။
လူငယ်လေးကလည်း ပိုင်ရန်ကမတွန်းချင် တွန်းချင်နဲ့တွန်းနေတယ်လို့ ထင်သွားပြီး အပျော်လွန်သွားတယ်။ အဲ့တာကိုအခွင့်အရေးလို့တွေးလိုက်ပြီး သူ့အပြုအမူတွေက ပိုလို့တောင်အတင့်ရဲလာတယ်။
“ဘေးဖယ်တော့…” ဒီလောက်တောင်အရိပ်အခြည်မကြည့်တတ်တဲ့ စိတ်ရှုပ်စရာကောင်းတဲ့သူကို ပိုင်ရန်သည်းမခံနိုင်တော့တာကြောင့် နောက်ကိုဆုတ်လိုက်တယ်။
လူငယ်လေးကတော့ သူ့ကိုလိုက်ကပ်နေလျက်ပဲ။
သူစကားတောင် မပြောရသေးခင် ထိတ်လန့်သွားတဲ့အသံတစ်ခု အခန်းပြင်ကထွက်ပေါ်လာတယ်။ “မနက်အစောကြီး ဘာတွေလုပ်နေကြတာလဲ?”
အသံကိုကြားတော့ အခန်းထဲကအတွဲက ခေါင်းလှည့်ကြည့်လိုက်ချိန် နတ်ဆိုးဘုရင်ကြီးက အပြင်မှာတခြားသူအချို့နဲ့ ရပ်နေတာတွေ့လိုက်ရတယ်။ အသံက အပြင်ကအစောင့်ဆီကဖြစ်ရမယ်။
နတ်ဆိုးဘုရင်ကြီးက အနောက်ဘက်နည်းနည်းဝေးဝေးမှာရပ်နေပေမယ့် သူ့အမြင်အာရုံနဲ့ဆိုရင် အထဲမှာဘာတွေဖြစ်နေတယ်ဆိုတာကို အားလုံးမြင်သွားမှာသေချာတယ်။
သူ့ရဲ့ချောမောတဲ့မျက်နှာက ရေခဲတုံးကြီးလိုဖြစ်နေတယ်။ ခြံဝင်းတစ်ခုလုံးလည်း အပူချိန်အနည်းငယ်လျော့ကျသွားတယ်။
လေထုကလည်း သိပ်သည်းလာတယ်။
ကိုးရို့ကားယားနိုင်တဲ့တိတ်ဆိတ်မှုကြီး ပျံ့နှံ့သွားတယ်။
ပိုင်ရန်ကတော့ ကြည်လင်လှတဲ့အထက်ကောင်းကင်ကနေ သူ့ခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလားလို့တောင် ခံစားနေရတယ်။ ခဏလောက်သူ့စိတ်ကဗလာဖြစ်နေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။
‘အခုချိန်မှာ နတ်ဆိုးဘုရင်ကြီးရဲ့ကိုယ်လုပ်တော်နဲ့ ငါကအချင်းချင်းဖက်နေပြီးတော့ အဝတ်အစားတွေကလည်း ရှက်စရာကောင်းလောက်အောင် ဖရိုဖရဲဖြစ်နေတယ်… ငါတို့အဲ့လိုဖြစ်နေတုန်း သူတို့မိသွားတာ… ပြဿနာက လူတွေအများကြီးလည်း မြင်သွားတာပဲ’
‘အဲ့တော့ နတ်ဆိုးဘုရင်ကြီးက ငါသူ့ကိုဦးထုတ်စိမ်းပေးလိုက်တယ်လို့ တွေးသွားမလား?’
ပိုင်ရန်နတ်ဆိုးဘုရင်ကြီးရဲ့အိပ်ယာပေါ်တက်ဖို့ ကမ်းလှမ်းမှုကိုသူငြင်းလိုက်တုန်းကတောင် နတ်ဆိုးဘုရင်ကြီးသူ့ကိုသေချာပေါက် မသတ်နိုင်လောက်ဘူးလို့ တွေးခဲ့တယ်။ အခုသူက နတ်ဆိုးဘုရင်ကြီးရဲ့အိမ်မွေးကောင်လေးနဲ့ ကလူနေပြီး လူတိုင်းကြည့်နေတုန်းသူ့ကို အစိမ်းရောင်ဦးထုတ်လေးတောင် ပေးလိုက်သေးတယ်… ဘယ်ယောကျာ်းမှာ အဲ့တာကိုသည်းခံနိုင်မှာမဟုတ်ဘူး။
“ရှောင်လင်း၊ သူငါ့ကို အပိုင်းပိုင်းဖြတ်တော့မယ်လို့ မင်းထင်လား?” သူ့စိတ်ထဲကရှောင်လင်းကို မေးလိုက်တယ်။
ရှောင်လင်းကလည်း ဆွံ့အနေဆဲ “သခင်ကဘာလို့ တံခါးမပိတ်ခဲ့တာလဲ?”
“ငါကအကျီပဲလဲချင်တာလေ… ဘာလို့တံခါးပိတ်ရမှာလဲ? ဒီလူကငါ့ကို မြူဆွယ်ဖို့ကြိုးစားမယ်မှန်း ငါဘယ်လိုလုပ်သိမှာလဲ?”
“သခင်က လူတွေအများကြီးရဲ့ရှေ့မှာ သူ့ကိုဦးထုတ်စိမ်းလေးဆောင်းပေးလိုက်တာပဲ.. သခင်.. တော်တော်လေးသတ္တိရှိတယ်နော်”
ပိုင်ရန်ငိုချင်နေပေမယ့် ဘာမျက်ရည်မှကျမလာဘူး “အဲ့တာအမှန်မဟုတ်မှန်း မင်းသိရဲ့သားနဲ့”
“သခင် နောက်ဆုံးမှာချင်တာတွေရှိရင် အခုပြောလိုက်ပါ… ကျွန်မပြန်ပြောပေးပါ့မယ်”
သေရေးရှင်ရေးနဲ့ကြုံလာပြီဆိုရင် လူတွေကသတ္တိတွေပိုတိုးလာတာဖြစ်နိုင်ပေမယ့် ပိုင်ရန်ကတော့ ဖရိုဖရဲဖြစ်နေတဲ့လူငယ်ကို တွန်းထုတ်လိုက်ပြီး သူ့ဘယ်လက်ကိုထောင်ကာ ကျိန်ဆိုလိုက်တယ် “အရှင်… ကျွန်တော်တို့ဘာမှမလုပ်ခဲ့ဘူးဆိုတာ ကျိန်ဆိုပါတယ်”
အဲ့နောက်ထပ်ပြောတယ် “သူက ကျွန်တော့်ပေါ်ရေမှောက်ကျသွားလို့ အကျီကူလဲပေးနေတာပါ”
တိတ်တိတ်လေးနေနေတဲ့နတ်ဆိုးဘုရင်ကြီး နောက်ဆုံးတော့လှုပ်လာပြီး တစ်လှမ်းချင်းအထဲကို လှမ်းလာတယ်။
သူ့ခြေလှမ်းတစ်လှမ်းချင်းစီက ကြည့်နေသူတွေရဲ့နှလုံးသားကို နင်းလျှောက်သွားသလိုတောင် ထင်ရတယ်။ သူ့ခြေလှမ်းတွေက ပိုမိုလေးပင်လာပြီး အသက်ရှုဖို့တောင် ခက်ခဲလာတဲ့အထိပဲ။
သူ ပိုင်ရန်ရှေ့မှာ ရပ်လိုက်တယ်။ သူပိုင်ရန်ကိုကြည့်ပြီး ကြောက်ရွံ့နေတဲ့လူငယ်လေးကို ပြန်ကြည့်ကာ အေးတိအေးစက်ရယ်မောလိုက်တယ် “အဝတ်လဲတယ်? အဝတ်လဲတာက အကုန်ချွတ်ပြီးတော့ အချင်းချင်းပူးကပ်နေစရာလိုလို့လား?”
“အရှင် ကျွန်တော်ရှင်းပြပါရစေ… ကျွန်တော်တို့တကယ် ဘာမှမလုပ်ခဲ့ပါဘူး” ပိုင်ရန်အကူအညီမဲ့စွာပြောလိုက်တယ်။
“တကယ်လို့ ကိုယ်တော်တို့သာရောက်တာနောက်ကျရင် အကုန်လုံးဖြစ်ပြီးသွားလိမ့်မယ်” နတ်ဆိုးဘုရင်ကြီးလေသံက တိုးလျနေတယ်။
“မင်းတွေးနေသလို တကယ်မဟုတ်ပါဘူးကွ!” ပိုင်ရန်စိတ်ထဲမှာသာ အော်ဟစ်နေမိတယ်။ သူမြစ်ဝါမြစ်ထဲကို ခုန်ချလိုက်ရင်တောင် သူ့ကိုယ်သူစင်ကြယ်သွားအောင် ဆေးကြောနိုင်မှာမဟုတ်တော့ဘူး။
‘ဒီလူတွေက ဘာလို့ငါ့ကို လာမြူဆွယ်ရတာလဲ? ဘာလို့နတ်ဆိုးဘုရင်ကြီး တွေ့သွားရတာလဲ? နတ်ဆိုးဘုရင်ကြီးကရော အမြဲလိုလိုနန်းတော်ခန်းမမှာနေပြီးတော့ အုပ်ချုပ်မှုရေးရာတွေကို ဖြေရှင်းပေးနေတာလား? သူကဘာလို့ဒီကိုလာနေရတာလဲ?’
“အရှင် ဘာလို့ဒီကိုလာတာပါလဲ?” ပိုင်ရန်အတင်းစကားလမ်းကြောင်းလွှဲတော့တယ်။
နတ်ဆိုးဘုရင်ကြီးက အေးစက်စွာပြုံးကာ “ကြည့်ရတာ မင်းမနေ့ကပြောတဲ့ဟာက အလိမ်အညာမဟုတ်ဘူးပဲ… မင်းကကိုယ်တော့်အပေါ်တကယ် ခံစားချက်မရှိတာပါလား”
ပိုင်ရန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။
သူကဘာလို့ဒီအကြောင်း ပြောင်းပြောလိုက်ရတာလဲ?
“မင်းသာ ခံစားချက်ရှိမယ်ဆိုရင် တခြားသူတွေနဲ့ဆက်စပ်ယှက်ရှပ်လုပ်နေမှာမဟုတ်ဘူး” နတ်ဆိုးဘုရင်ကြီး ပြောလိုက်တယ်။ “ကိုယ်တော်ပဲ နားလည်မှုလွဲသွားတာဖြစ်မယ်၊ မင်းကအဲ့လိုတွေ လုပ်ရတာကြိုက်တာ… ကြည့်ကောင်းတဲ့တစ်ယောက်ယောက်ကို မြင်လိုက်တာနဲ့ အဲ့သူနဲ့လုပ်နိုင်ဖို့မင်းကြိုးစားတော့တာပဲ… တဏှာအားကောင်းလိုက်တာနော်!”
နောက်ဆုံးစကားလုံးတွေကို ခံစားချက်မဲ့စွာငေါ့တူးပြောလိုက်တာဖြစ်တယ်။
ပိုင်ရန် အထေ့အငေါ့ပြောလိုက်တာကြောင့် ချွေးစေးတွေတောင် ထွက်လာတယ်။
နတ်ဆိုးးဘုရင်ကြီးက လက်ကိုဆန့်ထုတ်လိုက်တယ် “မနေ့က မင်းအာဏာနဲ့အစွမ်းလိုချင်တယ်လို့ ပြောတယ်နော်.. ဒီနေ့မင်းဆန္ဒကို ကူညီပြီးဖြည့်ပေးမယ်… မင်းပါးစပ်ဟလိုက်”
ပိုင်ရန်ဘာမှမတွေးဘဲ ပါးစပ်ဟလိုက်တယ်။
နတ်ဆိုးဘုရင်ကြီးက သူ့မေးစေ့ကိုကိုင်ပြီါ် ပါးစပ်ထဲအနက်ရောင်ဆေးတစ်ခုပစ်ထည့်လိုက်တယ်။
“အဲ့တာက ကောင်းကင်နေမင်းဆေး၊ ရေပူစမ်းကိုသွားပြီးတော့ တရားထိုင်နေလိုက်” နတ်ဆိုးဘုရင်ကြီးက အဖြူရောင်ကြွေပုလင်းလေးကို ပစ်လိုက်တာကြောင့် ပိုင်ရန်သတိလက်လွတ်ဖမ်းလိုက်တယ်။ ပုလင်းလေးက လက်ထဲမှာအေးနေပြီး ကျောက်စိမ်းနဲ့လုပ်ထားသလားထင်ရအောင် ချောမွတ်နေတယ်။
နတ်ဆိုးဘုရင်ကြီး မျက်လုံးတွေက အခန်းထဲမှာတုန်လှုပ်နေတဲ့အခြားကောင်လေးနှစ်ယောက်ဆီ ရွေ့သွားတယ်။ “သူတို့ကိုတော့… သူတို့ကယောကျာ်းတွေကို အရမ်းကြိုက်တယ်ဆိုတော့လည်း သူတို့ရဲ့ကျင့်ကြံချင်းကိုဖျက်ဆီးပြီး သူတို့ကိုပြည့်တန်ဆာအနေနဲ့ စစ်တန်းလျားကိုပို့ပေးလိုက်၊ ယောကျာ်းတွေကိုလည်း နေ့တိုင်းပြုစုခိုင်း”
“ခွင့်လွှတ်ပေးပါ အရှင်ကြီး! ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ အရှင်!!” လူငယ်လေးနှစ်ယောက်က သူတို့ကိုဆွဲခေါ်မခံရသေးခင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုတော့တယ်။
နတ်ဆိုးဘုရင်ကြီးကတော့ ပြောပြီးတာနဲ့ ပျောက်သွားတယ်။
သူပျောက်သွားတော့မှ ပိုင်ရန်ရဲ့တောင့်တင်းနေတဲ့အကြောတွေ ပြေလျော့သွားပြီး သူ့နောက်ကျောမှာ ချွေးတွေချည်းပဲဆိုတာ သိလိုက်ရတယ်။ သူအိမ်ပြန်ဖို့တွေးတုန်းပဲရှိသေးတယ် နတ်ဆိုးဘုရင်ကြီးရဲ့အေးတိအေးစက်အသံ ကြားလိုက်ရတယ် “ဒီကိုလာခဲ့!”
ပိုင်ရန် တဖက်လူဒေါသထွက်နေတာကိုသိတာကြောင့် သူ့အမိန့်ကိုမလွန်ဆန်ရဲဘဲ အမြန်ပြေးသွားလိုက်တယ်။ ရှက်စရာကောင်းတာကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။
ပိုင်ရန့်အနောက်မှာတော့ သူ့ကိုဖြားယောင်းဖို့ကြိုးစားခဲ့တဲ့ လူငယ်လေးနှစ်ယောက်ကို အစောင့်တွေက အခန်းပြင်ဆွဲထုတ်သွားတော့တယ်။ သူတို့အဆုံးသတ်ကတော့ ကောင်းနိုင်ဖွယ်မရှိဘူး။
_____
Thanks😉