The True Conqueror [Complete]

By Heather_Bell

4.3M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 47

40.8K 4.9K 195
By Heather_Bell

Unicode

နောက်နေ့မနက်တွင် ယန်နန်းတော်သည် မနက်ခင်းအစောကတည်းက သက်ဝင်လှုပ်ရှားနေသည်။ မြို့အစွန်က တောအုပ်တွင် ကျင်းပမည့် ဟန်ယန်းတောအမဲလိုက်ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

တောင်ပိုင်းဘုရင်ကြီး၏ အိပ်ဆောင်တွင် လင်းမိုသည် လီချန်းယုံကို ကိုယ်တိုင်ကိုယ်ကျ ဝတ်ရုံဝတ်ဆင်ပေးနေလေသည်။ သူက ခါးစည်းကြိုးကိုချည်ပေးပြီး စိတ်မသက်မသာစွာ ပြောလေသည်။

"ချန်းယုံ... မင်းအခုမသွားရင်မှီသေးတယ်နော်''

လီချန်းယုံက သူ၏ ချွန်ထက်သော နှာခေါင်းကို ရှုံ့ပြီး ပြန်ပြောသည်။
"မင်းဘယ်လိုဖြစ်နေတာလဲ...မနေ့ကညီလာခံမှာငါ့ကိုအကဲစမ်းသလိုကြည့်နေတဲ့ မျက်လုံးတွေကို မတွေ့ဘူးလား။ ငါသာ သတ္တိကြောင်ပြီး မသွားရင် ဘယ်လိုများကဲ့ရဲ့ကြမလဲမသိဘူး''

လင်းမိုသက်ပြင်းချလိုက်သည်။ သူလီချန်းယုံကို ကောင်းကောင်းသိသည်။ သည်လိုမာနမျိုးနှင့် တစ်ပါးသူ၏ အကြည့်နှင့် ကဲ့ရဲ့မှုတို့ကို ခံယူမည့်သူမဟုတ်ချေ။

"ဂရုစိုက်...မင်းဆီမှာပွန်းရာလေးပဲပါခဲ့ရင်တောင် အဲ့ဒီတောတစ်ခုလုံး ငါမြေလှန်ပစ်နိုင်တယ်ဆိုတာ မမေ့နဲ့''

"အင်း...''
လင်းမို၏ သြဇာအပြည့်ပါသော အသံက လီချန်းယုံ၏ ရင်ကို နွေးထွေးသွားစေသည်။ သည်လို လူမျိုး၏ အစောင့်ရှောက်ခံ၊ အကာကွယ်ခံဖြစ်ရန် မိမိသည် အရင်ဘဝက မည်သို့သောကောင်းမှုမျိုးကို ပြုခဲ့ပါလိမ့် ဟုလီချန်းယုံ တွေးမိလိုက်သည်။ ထိုအတွေးက သူ၏ နှုတ်ခမ်းတွင် အပြုံးရေးရေးလေးထင်သွားစေသည်။

"ချန်း...ယုံ...ငါဘာပြောနေတာလဲရော မင်းနားထောင်နေရဲ့လား''

လင်းမိုက ကြည့်လိုက်သောအခါ တစ်ကိုယ်တည်းအတွေးဖြင့် ပြုံးနေသော ဝံပုလွေဖြူလေးကို တွေ့လိုက်ရသည်။

"ချန်း..ယုံ..မင်းအာရုံက ငါ့စကားမှာ....''
လင်းမိုစကားဆုံးအောင်မပြောလိုက်ရပေ။

အကြောင်းရင်းက လီချန်းယုံက သူ၏ နှုတ်ခမ်းကို နမ်းလိုက်သောကြောင့် ဖြစ်သည်။ စက္ကန့်ပိုင်းအကြာမှ လီချန်းယုံက လင်းမို၏ နှုတ်ခမ်းကို လွှတ်ပြီး နားနားသို့ ကပ်ကာ တိုးတိုးလေးပြောသည်။
"သိပြီလို့...မှာတာတွေအကုန်မှတ်မိတယ်။ အခုနောက်ကျတော့မယ်။ သွားရအောင်''

မိမိကစိုးရိမ်စွာဆူပူနေပါသော်လည်း အနမ်းတို့ဖြင့် ဖြေသိမ့်ခံလိုက်ရသော တောင်ပိုင်းဘုရင်ကြီးမှာ ထပ်ပြီးဆူပူခွင့်မရတော့ပဲ ဝံပုလွေဖြူလေးဆွဲခေါ်ရာနောက်သို့သာ ပါလာသည်။

ဟန်ယန်းတောအစပ်တွင် ယာယီရွက်ဖျင်တဲကြီးများထိုးထားသည်။ ကြွရောက်လာမည့်ဘုရင်နှင့် အကဲဖြတ်ပေးမည့်စစ်သူကြီး၊ သိုင်းပညာရှင်၊ ဆေးသမားတော်တို့အတွက် စီစဉ်ထားခြင်းဖြစ်သည်။ ဆေးသမားတော်ပါဝင်သည့်အကြောင်းမှာ တာဝန်ပြီးမြောက်သည့် စစ်သည်တော်တို့ သိုင်းပညာနှင့် အတွင်းအားကို ထုတ်သုံးထားခြင်းရှိမရှိစစ်ဆေးခြင်း ဖြစ်သည်။

ပါဝင်မည့် စစ်သည်တော်မှာ အယောက်ရှစ်ဆယ်ခန့်ရှိပြီး တူညီဝတ်စုံများဖြင့် ရွက်ဖျင်တဲများရှေ့တွင် စီတန်းနေရာယူထားကြသည်။ လင်းမိုနှင့် လီချန်းယုံရောက်လာချိန်တွင် အကုန်လုံးက အရိုအသေပေးကြသည်။ လင်းမိုက အကဲဖြတ်အဖွဲ့ရှိရာသို့ လျှောက်သွားပြီး လီချန်းယုံကတော့ ပြိုင်ပွဲဝင်များနှင့်အတူ နေရာယူလိုက်သည်။

ပထမဦးစွာ ပြိုင်ပွဲကိုတာဝန်ယူစီစဉ်ထားသည့် အမတ်ကြီးက ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ဖတ်ပြသည်။ လီချန်းယုံက မြောက်ပိုင်းသား ထိုပြိုင်ပွဲနှင့် မရင်းနှီးသော်လည်း လင်းမိုက သူ့ကို စည်းကမ်းချက်များအကြောင်းပြောပြပြီး ဖြစ်သည်။ သို့ကြောင့် တော်တော်များများမှာ သူသိပြီး ဖြစ်သည်။

ထို့နောက် စစ်သူကြီးချင်က ပြိုင်ပွဲဝင်များအား စားပွဲရှည်ကြီးပေါ်တွင် ခင်းကျင်းထားသော လက်နက်များထဲမှ နှစ်သက်ရာကို ရွေးခိုင်းသည်။

လီချန်းယုံက အမျိုးအစားစုံလင်သော လက်နက်များကိုကြည့်လိုက်သည်။ အရည်အသွေးကောင်းသော သံထည်များဖြင့် ပြုလုပ်ထားသည်မှအပ ထိုလက်နက်များသည် သာမန်မုဆိုးများကိုင်ဆောင်လေ့ရှိသည့် လက်နက်မျိုးဖြစ်သည်။

အများစုက ဓားရှည်နှင့် လှံတံများကို ရွေးချယ်ကြသည်။ လီချန်းယုံအတွက်ကမူ လက်နက်သည် ထွေထွေထူးထူးစဉ်းစားစရာ မလိုပေ။ ငယ်စဉ်ကတည်းက လေးနှင့်မြှားကို အထူးလေ့ကျင့်ခဲ့သည်ဖြစ်သောကြောင့် လေးနှင့်မြှားကိုသာ ရွေးချယ်လိုက်သည်။ မြှားကျည်တောက်တစ်ခုကိုလည်းပေးထားပြီး မြှားတံများကို စိတ်ကြိုက်ရွေးချယ်ကာ သယ်ဆောင်ခွင့်ပေးထားလေသည်။

အမဲလိုက်ခရီးကြမ်းတွင် လေးနှင့်မြှားကိုသာ အားကိုးနေပါက အနီးကပ်သားကောင်တိုက်ခိုက်လာပါက မကာကွယ်နိုင်မည်ကို သိသောကြောင့် လီချန်းယုံက ဓားမြှောင်တစ်လက်ကိုလည်း လိုလိုမယ်မယ် ယူခဲ့လေသည်။

ပြိုင်ပွဲဝင်များလက်နက်ရွေးချယ်ပြီးသောအခါ စစ်သူကြီးချင်က ရှေ့ထွက်လာပြီး လုပ်ဆောင်ရမည့်တာဝန်များကို ဖော်ပြထားသည့် စာရွက်လိပ်ကြီးကို သယ်ဆောင်လာစေသည်။ စာရွက်လိပ်ကို ဖြန့်ပြီး ကပ်လိုက်ချိန်မှာတော့ ရေးသားထားသည်များကို ရှင်းလင်းစွာ မြင်ရလေသည်။

ဟန်ယန်းတောထဲတွင် ရှိသည့် သားရဲတိရိစၦာန်တို့်ကို အဆင့် (၁) မှ (၃) အထိ သတ်မှတ်ထားသည်။ အဆင့် (၁)မှာ အန္တာရာယ်အများဆုံးဖြစ်ပြီး အဆင့်သုံးမှာ အဆင့် (၁)နှင့် (၂) လောက် အန္တာရာယ်မများပေ။

လီချန်းယုံက ထိပ်ဆုံးက ရေးသားထားသည်ကိုသာကြည့်လိုက်သည်။ အဆင့် (၁)အဖြစ် သတ်မှတ်ထားသည်မှာ ဟန်ယန်းကျား ဖြစ်သည်။ ဟန်ယန်းကျားမှာ ကိုးတောင်ကျော်ခန့်အရွယ်အစားကြီးမားပြီး နက်မှောင်ပြောင်လက်သော အဝါးစင်းကျားများ ရှိသည်။ လျင်မြန်ပြီး ပရိယာယ်များ၊ ခွန်အားကြီးသည့် ကျားကြီးမှာ အဆင့် (၁)သားရဲအဖြစ် သတ်မှတ်ထားသည်။ သူ၏ နောက်တွင် မိကျောင်း၊ တောဝက်၊ ဆတ်၊ ပြောင် အစရှိသည့် သားရဲတို့ရှိလေသည်။

သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ထိုသားရဲတို့ကို အနိုင်ယူရန်မှာ မခက်သော်လည်း သာမန်အမဲလိုက်မုဆိုးတစ်ယောက်အတွက်ကား အလွန်တရာခဲယဉ်းလှပေသည်။

ပြိုင်ပွဲစတင်ကြောင်း မောင်းထုသံကြားလိုက်သောအခါ လီချန်းယုံက လေးနှင့်မြှားကို သယ်ပိုးပြီး တောအုပ်ထဲသို့ ဝင်သွားရန်ပြင်သည်။ သူက သွားခါနီးတွင် လင်းမိုကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်သည်။ လင်းမိုက သူ့ကို စူးရဲစွာကြည့်နေပြီး သူ၏ အကြည့်တို့က အဓိပ္ပါယ်ဖော်ရခက်ပေသည်။ လင်းမိုသည် ယခုထိ လီချန်းယုံကို ပြိုင်ပွဲသို့ပါဝင်စေချင်ပုံမရ။ သို့သော် သူက လီချန်းယုံ စိတ်ချမ်းသာအောင် ပြန်ပြုံးပြဖို့မမေ့ပေ။ နတ်ဘုရားလို ချောမောတည်ကြည်သော ချစ်ရသူဆီက အပြုံးကို တွေ့ပြီးမှ လီချန်းယုံက တောအုပ်ဆီသို့ စတင်ခြေလှမ်းလာခဲ့တော့သည်။

ဟန်ယန်းတောအုပ်သည် မိုင်သုံးရာ ပတ်လည်ခန့်ကျယ်ဝန်းပြီး သစ်ပင်ကြီးများထူထဲစွာပေါက်ရောက်လေသည်။ အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်မည့်သူတို့သည် တောအုပ်ထဲသို့ အသီးသီးတိုးဝင်ကာ တစ်ယောက်တစ်နေရာဆီ ဦးတည်သွားကြသည်။

လီချန်းယုံက ဖြေးဆေးကာမှန်ကန်သော ခြေလှမ်းတို့ဖြင့် လှမ်းလာသည်။ ငယ်စဉ်ကတည်းက အမဲလိုက်ခြင်းကို ကစားနည်းတစ်ခုလို သတ်မှတ်ခဲ့သည့်သူ့အတွက် ယခုအမဲလိုက်ပြိုင်ပွဲက အပျော်တမ်းသက်သက်မျှသာ။ ရေခဲလွင်ပြင်နှင့် ဟန်ယန်းတောအုပ်မှာ ပထဝီဝင်အနေအထားခြင်းမတူသော်လည်း တူညီသည့်အရာတစ်ခုတော့ရှိသည်။

ထိုအချက်ကား သားရဲကြီးတို့သည် မည်သည့်အခါမျှ လူသားတို့နှင့် နီးသည့် နယ်မြေအစပ်တို့တွင်နေထိုင်လေ့မရှိ။ သို့ကြောင့် လီချန်းယုံက တောအုပ်နက်ထဲသို့ ချည်းနင်းကာ ဝင်လာသည်။

အစပိုင်းတွင် မပြေမပြစ်လမ်းလေးရှိသော်လည်း တောက ထူလာသည်နှင့်အမျှ တောမြက်ရိုင်းရှည်နှင့် ခြုံနွယ်တို့က ထူသထက်ထူလာပြီး လမ်းမရှိတော့ချေ။ ခြေလှမ်းတိုင်းမှာ ပို၍ ခက်ခဲလာပြီး လီချန်းယုံမှာ လိုလိုမည်မည် ယူလာသော ဓားမြှောင်ကို သုံးပြီး ခြုံနွယ်တို့ကို ခုတ်ပစ်ရသည်။

သစ်ပင်ကြီးများမှာလည်း ထူသထက်ထူလာပြီး နေပျောက်ပင် မထိုးနိုင် ဖြစ်နေသည်။ လီချန်းယုံက အတတ်နိုင်ဆုံး ခြေလှမ်းသွက်သွက်လှမ်းပြီး ခရီးတွင်ရန်ကြိုးစားနေသည်။ ဟန်ယန်းတောမှာ အလွန်ကျယ်ဝန်းပြီး အန္တာရာယ်ကြီး သားရဲကြီးများ ရှိသည့်အတွက် လူသူအရောက်ပေါက် မရှိပေ။

လီချန်းယုံသည် မြောက်ပိုင်းတွင်သာ သူသည် အိမ်ရှေ့စံတစ်ယောက်ဖြစ်သည်။ ယခုလိုတောနက်ထဲတွင်မူ သူသည် သာမန်အမဲလိုက်မုဆိုးမျှသာ ဖြစ်သည်။ အမဲလိုက်မုဆိုးသည် တော၏ သဘောကိုနားလည်ပြီး အန္တာရာယ်တို့ကို တွက်ဆရတတ်သည်။ မဟုတ်ပါက မုဆိုးအဖြစ်မှ သားကောင်အဖြစ်သို့ လျှောကျသွားနိုင်ပါသည်။

မိုင်နှစ်ဆယ်ခန့်လမ်းလျှောက်ပြီးသည့်နောက်မှာတော့ တောအုပ်၏ မြေအနေအထားအနည်းငယ်ပြောင်းလဲလာလေသည်။ မြင်ဖူးနေကျ သစ်ပင်များထက် အမျိုးအမည်ဝေခွဲရခက်ပြီး မမြင်ဖူးသော သစ်ပင်တို့်က နေရာယူလာကြသည်။

လမ်းတွင် သားကောင်ချောင်းနေသော ခွေးအတစ်ကောင်တစ်လေကိုလည်း တွေ့ခဲ့ရသည်။ သမင်၊ ချေတို့လို အကောင်ငယ်လေးများကိုလည်း တွေ့ရသည်။ အနှီသတ္တဝါလေးများမှာ ခွန်အားနည်းသတ္တဝါလေးများဖြစ်သောကြောင့် လီချန်းယုံနီးကပ်လာတိုင်း ပြေးထွက်သွားကြသည်။ လီချန်းယုံကလည်း သူအမဲလိုက်ရန် ပစ်မှတ်သည်တစ်ခုတည်းသာ ဖြစ်သောကြောင့် အနှီသတ္တဝါလေးများကို စိတ်မဝင်စားပေ။

ညနေစောင်းရောက်သည့်အခါမှာတော့ တော၏ အနက်ရိှိုင်းဆုံးသော နေရာသို့မရောက်သည့်တိုင် တော်တော်ခရီးပေါက်ခဲ့ပြီဖြစ်သည်။ သုံးရက်တည်းဟူသော အချိန်အကန့်အသတ်မှာ အမှန်တကယ်တော့ အမဲလိုက်မုဆိုးတစ်ယောက်အတွက် မလုံလောက်ချေ။ အထူးသဖြင့် ယခုလို တောအုပ်ကြီးတွင် ကျားရဲလိုသားကောင်ကိုရှာပြီး သုံးရက်နှင့် အမဲလိုက်ရမည်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့ကြောင့် လီချန်းယုံက တတ်နိုင်သမျှ မြန်မြန်သွားနေခြင်း ဖြစ်သည်။ သို့ရာတွင် တစ်ခါမျှမတရာက်ဖူးသော တောအုပ်က လမ်းများကို မှတ်သားရန်အတွက် တွေ့သမျှအပင်တို့ကို ဓားမြှောင်နှင့်လိုက်ထစ်နေရသောကြောင့် အချိန်က လိုတာထက်ပိုကြာနေသည်။

တောအုပ်နက်တွင် နေရောင်ခြည်သည် သာမန်ထက်စောလျင်စွာ ပျောက်ကွယ်သွားချေသည်။ နေရောင်ပျောက်ကွယ်သွားချိန်မှာတော့ လီချန်းယုံခြေလှမ်းတို့ရပ်လိုက်ရလေသည်။ သာမန်လူတစ်ယောက်အတွက် ယခုလိုတောအုပ်ထဲတွင် နေရောင်သည်သာ အားကိုးရာဖြစ်သည်။ နေရောင်မရှိပါက လမ်းများကို မရှာဖွေနိုင်တော့သောကြောင့် မျက်စိလည်လမ်းမှားတတ်သည်။ ဟန်ယန်းလို အန္တာရာယ်ထူပြောသော တောအုပ်တွင် မျက်စိလည်လမ်းမှားပါက အသက်ရှင်လျှက်ပြန်မထွက်နိုင်ကြောင်း လီချန်းယုံ နားလည်လေသည်။

ထိုထက်ပိုအရေးကြီးသည့်အကြောင်းကား တောအုပ်တို့၏ ညဥ့်နက်ချိန်တွင် မမြင်နိုင်သော အန္တာရာယ်တို့ရှိလေသည်။ အမျိုးအမည်မသိရသော သားရဲတို့ ထွက်လာတတ်ပြီး ကျက်စားတတ်သည်။ အထူးသဖြင့် ဟန်ယန်းကျားသည် ညအချိန်တွင် တောတွင် လှည့်လည်ကာ ကျက်စားတတ်သည်။ ဟန်ယန်းကျားကို အမဲလိုက်ရန်လာခြင်း ဖြစ်သော်လည်း ယခုလို ညအချိန်တွင်တော့ ထိပ်တိုက်မရင်ဆိုင်ချင်ပေ။

သို့ကြောင့် လီချန်းယုံသည် နီးစပ်ရာ သစ်ပင်ကြီးများထဲမှ အတော်အတန်မြင့်မားသော သစ်ပင်ပေါ်သို့ တက်လိုက်ပြီး သစ်ပင်ခွတွင် နေရာယူလိုက်သည်။ ယခုလို အန္တာရာယ်ထူပြောသည့်တောတွင် မြေပေါ်တွင် အိပ်စက်မှုက အန္တာရာယ်မှန်သမျှ ဖိတ်ခေါ်နေကြောင်း လီချန်းယုံ သိလေသည်။

ရေခဲလွင်ပြင်တွင် ရက်ပေါင်းများစွာ အမဲလိုက်ထွက်ခဲ့ရသော်လည်း ယခုလို အထီးကျန်ခြင်းကို မခံစားရပေ။ လီချန်းယုံသည် သစ်ပင်ခွတွင် ထိုင်ရင်း ရွှန်းလက်တောက်ပနေသော လမင်းကြီးကို ငေးကြည့်ရင်း သူ၏ အတွေးက တစ်စုံတစ်ယောက်သောသူဆီသို့ ရောက်သွားလေသည်။
"ကြည့်ဦး...ငါအခုပဲထွက်လာတာ...အခုပဲလွမ်းနေပြီ''

လွင့်ပြယ်နေသောအတွေးတို့ကို ထိန်းချုပ်ပြီး ထိုတစ်ညတော့ သစ်ပင်ပေါ်တွင် ကြိုးစားအိပ်စက်ရလေတော့သည်။ မြင်ဖူးသမျှထက် အရွယ်အစား ကြီးမားသော ခြင်ရိုင်းကြီးများ၊ တစ်ချက်တစ်ချက်ကြားရသော မြေခွေးအူသံများနှင့် သစ်ပင်အောက်က ခြုံပုတ်ထဲမှ တစ်ချက်တစ်ချက်ဝင်းလက်သွားသော မီးတောက်လို နီရဲသည့် မျက်လုံးများနှင့် စိမ်းဖန့်ဖန့်မျက်လုံးများမှ အပ ကျန်သော အနှောင့်အယှက် မရှိဘဲ ထိုတစ်ညကို ကောင်းစွာကျော်ဖြတ်ခဲ့လေသည်။

(Note-ညဘက်မှောင်သွားတဲ့အချိန်မှာ တောအုပ်ထဲက တစ်ချို့သတ္တဝါတွေ အပြင်ထွက်လာတတ်ပါတယ်။ ခွေးတို့တောကြောင်တို့လို အန္တာရာယ်မရှိတဲ့ သတ္တဝါတွေရဲ့မျက်လုံးဟာ အမှောင်ထဲမှာ အစိမ်းရောင်သန်းပြီးတော့ ကျား၊ ကျားသစ်တို့လို သားရဲတွေကတော့ အနီရောင်ရှိပါတယ်။)

လီချန်းယုံက တောနက်ကြီးထဲက အပင်တစ်ပင်ထက်တွင် အိပ်စက်နေချိန်တွင် လင်းမိုသည် နန်းဆောင်မပြန်ပေ။ ဟန်ယန်းတောနယ်စပ်က ယာယီထိုးထားသော ရွက်ဖျင်တဲတွင်သာ အိပ်စက်သည်။ ဘုရင်ကမပြန်သောကြောင့် စစ်သူကြီးချင်နှင့် အမတ်တို့်မှာလည်း ယာယီရွက်ဖျင်တဲများတွင် အိပ်စက်ရသည်။

ဟေးချိုနှင့် ရှောင်ချိုသည်လည်း မနက်ကတည်းက အမဲလိုက်ပြိုင်ပွဲရှိရာသို့ ရောက်နေခြင်းဖြစ်သည်။ ရှောင်ချိုသည် အရှင်လင်းမိုက တစ်ခုခုထူးဆန်းသည်ဟု ခံစားနေရသည်။ အရှင်လင်းမိုသည် မနက်က သူတို့ကို တွေ့လျှင်တွေ့ချင်း သူ့ကို ပထုတ်ကာ ဟေးချိုနှင့် တစ်စုံတစ်ရာ တီးတိုးပြောနေသည်ကို သူတွေ့လိုက်ရသည်။

သူတစ်နေ့လုံး ဟေးချိုကို ကပ်ကာမေးပါသော်လည်း ဟေးချိုဆီက အပိုစကား စကားတစ်ခွန်းမှထွက်မလာချေ။ နောက်ဆုံး ရှောင်ချီ၏ တကျီကျီဂျီတိုက်မှုကို စိတ်မရှည်တော့သည့် ဟေးချိုမှာ ရှောင်ချိုကို ခေါင်းခေါက်ထည့်လိုက်သည်။

ရလဒ်အနေဖြင့် ထိုနေ့တစ်နေ့လုံး ရှောင်ချိုက ဟေးချိုကို စကားမပြောတော့ချေ။

ဟေးချိုမှာကား ရှောင်ချိုစကားမပြောခြင်းကို ကံကောင်းမှုကြီးဟုပင် လက်ခံထားသည်လားမပြောတတ်။ တစ်နေကုန်ပေါ်မလာဘဲ ပျောက်သွားတော့သည်။ ရှောင်ချိုမှာသာ တစ်နုံ့နုံ့ဖြင့်ဒေါသထွက်ကာ နေလေတော့သည်။

ညဘက်မှ ရှောင်ချိုအိပ်နေသော ရွက်ဖျင်တဲရှေ့တွင် အိုးတမ်းအမ်းတမ်းဖြင့် မတ်တပ်ရပ်နေသော လူရိပ်တစ်ရိပ်ကို တွေ့လိုက်ရလေသည်။ ရှောင်ချိုက အပြင်ထွက်ကြည့်သည့် အချိန်မှာ ဟေးချိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ချိုက နှာခေါင်းရှုံ့းပြီး တစ်ဖက်လှည့်ထွက်ဟန် ပြင်သည်။

ဟေးချိုက ရှောင်ချို၏ လက်ကိုဖမ်းဆွဲလိုက်ပြီး သူ၏ ပါးစပ်က ထစ်ဟစွာ ပြောသည်။
"ရှောင်ချို...မင်း..စိတ်မဆိုးရင်ကောင်းမယ်''

ရှောင်ချိုမှာ ပိုဒေါသထွက်သွားရချေပြီ။

ဒါကဘယ်လိုတောင်းပန်စကားလဲ....

"ငါကမရည်ရွယ်ပါဘူး။ ဒီတိုင်း စိတ်တိုမိသွားတာ။ ငါကျိန်တယ် နောက်ခါ မဖြစ်စေရဘူး''

"....''
အေးစက်ပြီး အသက်မဲ့သော မျက်လုံးတို့က ရှောင်ချိုကို စိုက်ကြည့်ရင်း စိတ်မကောင်းသည့် အရိပ်အယောင်တို့ ထင်ဟပ်လာသည်။

သို့ကြောင့် ကြာကြာစိတ်မတိုတတ်သောရှောင်ချိုက ပင် အလျှော့ပေးပြီး ပြောလိုက်သည်။

"ရပြီရပြီ...သွားတော့။ ငါစိတ်မဆိုးပါဘူး။ အခုငါအိပ်တော့မယ်''

"ငါကဘယ်သွားရမှာလဲ''
ဟေးချိုက နားမလည်စွာပြန်မေးသည်။
"အတိုင်ပင်ခံအမတ်ကြီးက ယာယီတဲတွေမလောက်လို့ မင်းနဲ့အတူတူအိပ်တဲ့''

".....''
ရှောင်ချို ကိုယ့်နဖူးကိုသာပစ်ရိုက်လိုက်ချင်သည်။ သူက ဟေးချိုသူ့ကို လာတောင်းပန်သည်ဟု ထင်နေသည်။

လတ်စသတ်တော့ သင်းက လာအိပ်ခြင်းပင်။

ရှောင်ချိုဘာမှမပြော လှည့်ထွက်သွားသည်။ အနည်းငယ်ကျဉ်းသော ခုတင်ပေါ်တွင် တစ်ဖက်စောင်းကာ ရှောင်ချိုအိပ်လိုပ်သည်။ သူ့ဘေးတွင် ဟေးချိုက အသာဝင်လဲလျောင်းလေသည်။ ရှောင်ချိုအိပ်ပျော်ခါနီးတွင် ဟေးချိုဆီက စကားသံထွက်လာသည်။ ထိုစကားသံက ရှောင်ချိုစိတ်ထဲက အစိုင်အခဲများကို ချေဖျက်ပေးလိုက်သည်။

"ရှောင်ချို...ငါတကယ်တောင်းပန်ဖို့လာတာ။ မင်းစိတ်ဆိုးလို့အပြင်မှာအိပ်ရလည်းကိစ္စမရှိဘူး''

အပိုစကားမပြောတတ်သည့် ဟေးချိုကို ရှောင်ချိုယုံလေသည်။ သ်ို့သော် ယခုထိ အခဲမကျေသေးသောကြောင့် လေသံမာမာဖြင့်သာ ပြောလိုက်သည်။
"စကားမများနဲ့တော့ အိပ်တော့...''

"အင်း...''
မကြာမီပင်ကျဉ်းမြောင်းသော ခုတင်လေးပေါ်တွင် လူသားမဟုတ်သော ကောင်လေးနှစ်ဦးအိပ်မောကျသွားချေပြီ။
__________________________________________________________________________________

Zawgyi

ေနာက္ေန႔မနက္တြင္ ယန္နန္းေတာ္သည္ မနက္ခင္းအေစာကတည္းက သက္ဝင္လႈပ္႐ွားေနသည္။ ၿမိဳ႕အစြန္က ေတာအုပ္တြင္ က်င္းပမည့္ ဟန္ယန္းေတာအမဲလိုက္ၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနျခင္းျဖစ္သည္။

ေတာင္ပိုင္းဘုရင္ႀကီး၏ အိပ္ေဆာင္တြင္ လင္းမိုသည္ လီခ်န္းယံုကို ကိုယ္တိုင္ကိုယ္က် ဝတ္ရံုဝတ္ဆင္ေပးေနေလသည္။ သူက ခါးစည္းႀကိဳးကိုခ်ည္ေပးၿပီး စိတ္မသက္မသာစြာ ေျပာေလသည္။

"ခ်န္းယံု... မင္းအခုမသြားရင္မွီေသးတယ္ေနာ္''

လီခ်န္းယံုက သူ၏ ခြၽန္ထက္ေသာ ႏွာေခါင္းကို ႐ႈံ႕ၿပီး ျပန္ေျပာသည္။
"မင္းဘယ္လိုျဖစ္ေနတာလဲ...မေန႔ကညီလာခံမွာငါ့ကိုအကဲစမ္းသလိုၾကည့္ေနတဲ့ မ်က္လံုးေတြကို မေတြ႔ဘူးလား။ ငါသာ သတၱိေၾကာင္ၿပီး မသြားရင္ ဘယ္လိုမ်ားကဲ့ရဲ႕ၾကမလဲမသိဘူး''

လင္းမိုသက္ျပင္းခ်လိုက္သည္။ သူလီခ်န္းယံုကို ေကာင္းေကာင္းသိသည္။ သည္လိုမာနမ်ိဳးႏွင့္ တစ္ပါးသူ၏ အၾကည့္ႏွင့္ ကဲ့ရဲ႕မႈတို႔ကို ခံယူမည့္သူမဟုတ္ေခ်။

"ဂ႐ုစိုက္...မင္းဆီမွာပြန္းရာေလးပဲပါခဲ့ရင္ေတာင္ အဲ့ဒီေတာတစ္ခုလံုး ငါေျမလွန္ပစ္ႏိုင္တယ္ဆိုတာ မေမ့နဲ႔''

"အင္း...''
လင္းမို၏ ျသဇာအျပည့္ပါေသာ အသံက လီခ်န္းယံု၏ ရင္ကို ေႏြးေထြးသြားေစသည္။ သည္လို လူမ်ိဳး၏ အေစာင့္ေ႐ွာက္ခံ၊ အကာကြယ္ခံျဖစ္ရန္ မိမိသည္ အရင္ဘဝက မည္သို႔ေသာေကာင္းမႈမ်ိဳးကို ျပဳခဲ့ပါလိမ့္ ဟုလီခ်န္းယံု ေတြးမိလိုက္သည္။ ထိုအေတြးက သူ၏ ႏႈတ္ခမ္းတြင္ အျပံဳးေရးေရးေလးထင္သြားေစသည္။

"ခ်န္း...ယံု...ငါဘာေျပာေနတာလဲေရာ မင္းနားေထာင္ေနရဲ႕လား''

လင္းမိုက ၾကည့္လိုက္ေသာအခါ တစ္ကိုယ္တည္းအေတြးျဖင့္ ျပံဳးေနေသာ ဝံပုေလြျဖဴေလးကို ေတြ႔လိုက္ရသည္။

"ခ်န္း..ယံု..မင္းအာရံုက ငါ့စကားမွာ....''
လင္းမိုစကားဆံုးေအာင္မေျပာလိုက္ရေပ။

အေၾကာင္းရင္းက လီခ်န္းယံုက သူ၏ ႏႈတ္ခမ္းကို နမ္းလိုက္ေသာေၾကာင့္ ျဖစ္သည္။ စကၠန္႔ပိုင္းအၾကာမွ လီခ်န္းယံုက လင္းမို၏ နွုတ္ခမ္းကို လႊတ္ျပီး နားနားသို႔ ကပ္ကာ တိုးတိုးေလးေျပာသည္။
"သိၿပီလို႔...မွာတာေတြအကုန္မွတ္မိတယ္။ အခုေနာက္က်ေတာ့မယ္။ သြားရေအာင္''

မိမိကစိုးရိမ္စြာဆူပူေနပါေသာ္လည္း အနမ္းတို႔ျဖင့္ ေျဖသိမ့္ခံလိုက္ရေသာ ေတာင္ပိုင္းဘုရင္ႀကီးမွာ ထပ္ၿပီးဆူပူခြင့္မရေတာ့ပဲ ဝံပုေလြျဖဴေလးဆြဲေခၚရာေနာက္သို႔သာ ပါလာသည္။

ဟန္ယန္းေတာအစပ္တြင္ ယာယီရြက္ဖ်င္တဲႀကီးမ်ားထိုးထားသည္။ ႂကြေရာက္လာမည့္ဘုရင္ႏွင့္ အကဲျဖတ္ေပးမည့္စစ္သူႀကီး၊ သိုင္းပညာ႐ွင္၊ ေဆးသမားေတာ္တို႔အတြက္ စီစဥ္ထားျခင္းျဖစ္သည္။ ေဆးသမားေတာ္ပါဝင္သည့္အေၾကာင္းမွာ တာဝန္ၿပီးေျမာက္သည့္ စစ္သည္ေတာ္တို႔ သိုင္းပညာႏွင့္ အတြင္းအားကို ထုတ္သံုးထားျခင္း႐ွိမ႐ွိစစ္ေဆးျခင္း ျဖစ္သည္။

ပါဝင္မည့္ စစ္သည္ေတာ္မွာ အေယာက္႐ွစ္ဆယ္ခန္႔႐ွိၿပီး တူညီဝတ္စံုမ်ားျဖင့္ ရြက္ဖ်င္တဲမ်ားေ႐ွ႕တြင္ စီတန္းေနရာယူထားၾကသည္။ လင္းမိုႏွင့္ လီခ်န္းယံုေရာက္လာခ်ိန္တြင္ အကုန္လံုးက အ႐ိုအေသေပးၾကသည္။ လင္းမိုက အကဲျဖတ္အဖြဲ႔႐ွိရာသို႔ ေလွ်ာက္သြားၿပီး လီခ်န္းယံုကေတာ့ ၿပိဳင္ပြဲဝင္မ်ားႏွင့္အတူ ေနရာယူလိုက္သည္။

ပထမဦးစြာ ၿပိဳင္ပြဲကိုတာဝန္ယူစီစဥ္ထားသည့္ အမတ္ႀကီးက ၿပိဳင္ပြဲ၏ စည္းကမ္းခ်က္မ်ားကို ဖတ္ျပသည္။ လီခ်န္းယံုက ေျမာက္ပိုင္းသား ထိုၿပိဳင္ပြဲႏွင့္ မရင္းႏွီးေသာ္လည္း လင္းမိုက သူ႔ကို စည္းကမ္းခ်က္မ်ားအေၾကာင္းေျပာျပၿပီး ျဖစ္သည္။ သို႔ေၾကာင့္ ေတာ္ေတာ္မ်ားမ်ားမွာ သူသိၿပီး ျဖစ္သည္။

ထို႔ေနာက္ စစ္သူႀကီးခ်င္က ၿပိဳင္ပြဲဝင္မ်ားအား စားပြဲ႐ွည္ႀကီးေပၚတြင္ ခင္းက်င္းထားေသာ လက္နက္မ်ားထဲမွ ႏွစ္သက္ရာကို ေရြးခိုင္းသည္။

လီခ်န္းယံုက အမ်ိဳးအစားစံုလင္ေသာ လက္နက္မ်ားကိုၾကည့္လိုက္သည္။ အရည္အေသြးေကာင္းေသာ သံထည္မ်ားျဖင့္ ျပဳလုပ္ထားသည္မွအပ ထိုလက္နက္မ်ားသည္ သာမန္မုဆိုးမ်ားကိုင္ေဆာင္ေလ့႐ွိသည့္ လက္နက္မ်ိဳးျဖစ္သည္။

အမ်ားစုက ဓား႐ွည္ႏွင့္ လွံတံမ်ားကို ေရြးခ်ယ္ၾကသည္။ လီခ်န္းယံုအတြက္ကမူ လက္နက္သည္ ေထြေထြထူးထူးစဥ္းစားစရာ မလိုေပ။ ငယ္စဥ္ကတည္းက ေလးႏွင့္ျမႇားကို အထူးေလ့က်င့္ခဲ့သည္ျဖစ္ေသာေၾကာင့္ ေလးႏွင့္ျမႇားကိုသာ ေရြးခ်ယ္လိုက္သည္။ ျမႇားက်ည္ေတာက္တစ္ခုကိုလည္းေပးထားၿပီး ျမႇားတံမ်ားကို စိတ္ႀကိဳက္ေရြးခ်ယ္ကာ သယ္ေဆာင္ခြင့္ေပးထားေလသည္။

အမဲလိုက္ခရီးၾကမ္းတြင္ ေလးႏွင့္ျမႇားကိုသာ အားကိုးေနပါက အနီးကပ္သားေကာင္တိုက္ခိုက္လာပါက မကာကြယ္ႏိုင္မည္ကို သိေသာေၾကာင့္ လီခ်န္းယံုက ဓားေျမႇာင္တစ္လက္ကိုလည္း လိုလိုမယ္မယ္ ယူခဲ့ေလသည္။

ၿပိဳင္ပြဲဝင္မ်ားလက္နက္ေရြးခ်ယ္ၿပီးေသာအခါ စစ္သူႀကီးခ်င္က ေ႐ွ႕ထြက္လာၿပီး လုပ္ေဆာင္ရမည့္တာဝန္မ်ားကို ေဖာ္ျပထားသည့္ စာရြက္လိပ္ႀကီးကို သယ္ေဆာင္လာေစသည္။ စာရြက္လိပ္ကို ျဖန္႔ၿပီး ကပ္လိုက္ခ်ိန္မွာေတာ့ ေရးသားထားသည္မ်ားကို ႐ွင္းလင္းစြာ ျမင္ရေလသည္။

ဟန္ယန္းေတာထဲတြင္ ႐ွိသည့္ သားရဲတိရိစၦာန္တို္႔ကို အဆင့္ (၁) မွ (၃) အထိ သတ္မွတ္ထားသည္။ အဆင့္ (၁)မွာ အႏၱာရာယ္အမ်ားဆံုးျဖစ္ၿပီး အဆင့္သံုးမွာ အဆင့္ (၁)ႏွင့္ (၂) ေလာက္ အႏၱာရာယ္မမ်ားေပ။

လီခ်န္းယံုက ထိပ္ဆံုးက ေရးသားထားသည္ကိုသာၾကည့္လိုက္သည္။ အဆင့္ (၁)အျဖစ္ သတ္မွတ္ထားသည္မွာ ဟန္ယန္းက်ား ျဖစ္သည္။ ဟန္ယန္းက်ားမွာ ကိုးေတာင္ေက်ာ္ခန္႔အရြယ္အစားႀကီးမားၿပီး နက္ေမွာင္ေျပာင္လက္ေသာ အဝါးစင္းက်ားမ်ား ႐ွိသည္။ လ်င္ျမန္ၿပီး ပရိယာယ္မ်ား၊ ခြန္အားႀကီးသည့္ က်ားႀကီးမွာ အဆင့္ (၁)သားရဲအျဖစ္ သတ္မွတ္ထားသည္။ သူ၏ ေနာက္တြင္ မိေက်ာင္း၊ ေတာဝက္၊ ဆတ္၊ ေျပာင္ အစ႐ွိသည့္ သားရဲတို႔႐ွိေလသည္။

သိုင္းပညာ႐ွင္တစ္ေယာက္အေနျဖင့္ ထိုသားရဲတို႔ကို အႏိုင္ယူရန္မွာ မခက္ေသာ္လည္း သာမန္အမဲလိုက္မုဆိုးတစ္ေယာက္အတြက္ကား အလြန္တရာခဲယဥ္းလွေပသည္။

ၿပိဳင္ပြဲစတင္ေၾကာင္း ေမာင္းထုသံၾကားလိုက္ေသာအခါ လီခ်န္းယံုက ေလးႏွင့္ျမႇားကို သယ္ပိုးၿပီး ေတာအုပ္ထဲသို႔ ဝင္သြားရန္ျပင္သည္။ သူက သြားခါနီးတြင္ လင္းမိုကို တစ္ခ်က္ၾကည့္ၿပီး ျပံဳးျပလိုက္သည္။ လင္းမိုက သူ႔ကို စူးရဲစြာၾကည့္ေနၿပီး သူ၏ အၾကည့္တို႔က အဓိပၸါယ္ေဖာ္ရခက္ေပသည္။ လင္းမိုသည္ ယခုထိ လီခ်န္းယံုကို ၿပိဳင္ပြဲသို႔ပါဝင္ေစခ်င္ပံုမရ။ သို႔ေသာ္ သူက လီခ်န္းယံု စိတ္ခ်မ္းသာေအာင္ ျပန္ျပံဳးျပဖို႔မေမ့ေပ။ နတ္ဘုရားလို ေခ်ာေမာတည္ၾကည္ေသာ ခ်စ္ရသူဆီက အျပံဳးကို ေတြ႔ၿပီးမွ လီခ်န္းယံုက ေတာအုပ္ဆီသို႔ စတင္ေျခလွမ္းလာခဲ့ေတာ့သည္။

ဟန္ယန္းေတာအုပ္သည္ မိုင္သံုးရာ ပတ္လည္ခန္႔က်ယ္ဝန္းၿပီး သစ္ပင္ႀကီးမ်ားထူထဲစြာေပါက္ေရာက္ေလသည္။ အမဲလိုက္ၿပိဳင္ပြဲတြင္ ပါဝင္မည့္သူတို႔သည္ ေတာအုပ္ထဲသို႔ အသီးသီးတိုးဝင္ကာ တစ္ေယာက္တစ္ေနရာဆီ ဦးတည္သြားၾကသည္။

လီခ်န္းယံုက ေျဖးေဆးကာမွန္ကန္ေသာ ေျခလွမ္းတို႔ျဖင့္ လွမ္းလာသည္။ ငယ္စဥ္ကတည္းက အမဲလိုက္ျခင္းကို ကစားနည္းတစ္ခုလို သတ္မွတ္ခဲ့သည့္သူ႔အတြက္ ယခုအမဲလိုက္ၿပိဳင္ပြဲက အေပ်ာ္တမ္းသက္သက္မွ်သာ။ ေရခဲလြင္ျပင္ႏွင့္ ဟန္ယန္းေတာအုပ္မွာ ပထဝီဝင္အေနအထားျခင္းမတူေသာ္လည္း တူညီသည့္အရာတစ္ခုေတာ့႐ွိသည္။

ထိုအခ်က္ကား သားရဲႀကီးတို႔သည္ မည္သည့္အခါမွ် လူသားတို႔ႏွင့္ နီးသည့္ နယ္ေျမအစပ္တို႔တြင္ေနထိုင္ေလ့မ႐ွိ။ သို႔ေၾကာင့္ လီခ်န္းယံုက ေတာအုပ္နက္ထဲသို႔ ခ်ည္းနင္းကာ ဝင္လာသည္။

အစပိုင္းတြင္ မေျပမျပစ္လမ္းေလး႐ွိေသာ္လည္း ေတာက ထူလာသည္ႏွင့္အမွ် ေတာျမက္႐ိုင္း႐ွည္ႏွင့္ ျခံဳႏြယ္တို႔က ထူသထက္ထူလာၿပီး လမ္းမ႐ွိေတာ့ေခ်။ ေျခလွမ္းတိုင္းမွာ ပို၍ ခက္ခဲလာၿပီး လီခ်န္းယံုမွာ လိုလိုမည္မည္ ယူလာေသာ ဓားေျမႇာင္ကို သံုးၿပီး ျခံဳႏြယ္တို႔ကို ခုတ္ပစ္ရသည္။

သစ္ပင္ႀကီးမ်ားမွာလည္း ထူသထက္ထူလာၿပီး ေနေပ်ာက္ပင္ မထိုးႏိုင္ ျဖစ္ေနသည္။ လီခ်န္းယံုက အတတ္ႏိုင္ဆံုး ေျခလွမ္းသြက္သြက္လွမ္းၿပီး ခရီးတြင္ရန္ႀကိဳးစားေနသည္။ ဟန္ယန္းေတာမွာ အလြန္က်ယ္ဝန္းၿပီး အႏၱာရာယ္ႀကီး သားရဲႀကီးမ်ား ႐ွိသည့္အတြက္ လူသူအေရာက္ေပါက္ မ႐ွိေပ။

လီခ်န္းယံုသည္ ေျမာက္ပိုင္းတြင္သာ သူသည္ အိမ္ေ႐ွ႕စံတစ္ေယာက္ျဖစ္သည္။ ယခုလိုေတာနက္ထဲတြင္မူ သူသည္ သာမန္အမဲလိုက္မုဆိုးမွ်သာ ျဖစ္သည္။ အမဲလိုက္မုဆိုးသည္ ေတာ၏ သေဘာကိုနားလည္ၿပီး အႏၱာရာယ္တို႔ကို တြက္ဆရတတ္သည္။ မဟုတ္ပါက မုဆိုးအျဖစ္မွ သားေကာင္အျဖစ္သို႔ ေလွ်ာက်သြားႏိုင္ပါသည္။

မိုင္ႏွစ္ဆယ္ခန္႔လမ္းေလွ်ာက္ၿပီးသည့္ေနာက္မွာေတာ့ ေတာအုပ္၏ ေျမအေနအထားအနည္းငယ္ေျပာင္းလဲလာေလသည္။ ျမင္ဖူးေနက် သစ္ပင္မ်ားထက္ အမ်ိဳးအမည္ေဝခြဲရခက္ၿပီး မျမင္ဖူးေသာ သစ္ပင္တို္႔က ေနရာယူလာၾကသည္။

လမ္းတြင္ သားေကာင္ေခ်ာင္းေနေသာ ေခြးအတစ္ေကာင္တစ္ေလကိုလည္း ေတြ႔ခဲ့ရသည္။ သမင္၊ ေခ်တို႔လို အေကာင္ငယ္ေလးမ်ားကိုလည္း ေတြ႔ရသည္။ အႏွီသတၱဝါေလးမ်ားမွာ ခြန္အားနည္းသတၱဝါေလးမ်ားျဖစ္ေသာေၾကာင့္ လီခ်န္းယံုနီးကပ္လာတိုင္း ေျပးထြက္သြားၾကသည္။ လီခ်န္းယံုကလည္း သူအမဲလိုက္ရန္ ပစ္မွတ္သည္တစ္ခုတည္းသာ ျဖစ္ေသာေၾကာင့္ အႏွီသတၱဝါေလးမ်ားကို စိတ္မဝင္စားေပ။

ညေနေစာင္းေရာက္သည့္အခါမွာေတာ့ ေတာ၏ အနက္ရိိႈင္းဆံုးေသာ ေနရာသို႔မေရာက္သည့္တိုင္ ေတာ္ေတာ္ခရီးေပါက္ခဲ့ၿပီျဖစ္သည္။ သံုးရက္တည္းဟူေသာ အခ်ိန္အကန္႔အသတ္မွာ အမွန္တကယ္ေတာ့ အမဲလိုက္မုဆိုးတစ္ေယာက္အတြက္ မလံုေလာက္ေခ်။ အထူးသျဖင့္ ယခုလို ေတာအုပ္ႀကီးတြင္ က်ားရဲလိုသားေကာင္ကို႐ွာၿပီး သံုးရက္ႏွင့္ အမဲလိုက္ရမည္မွာ လံုးဝမျဖစ္ႏိုင္ေပ။ သို႔ေၾကာင့္ လီခ်န္းယံုက တတ္ႏိုင္သမွ် ျမန္ျမန္သြားေနျခင္း ျဖစ္သည္။ သို႔ရာတြင္ တစ္ခါမွ်မတရာက္ဖူးေသာ ေတာအုပ္က လမ္းမ်ားကို မွတ္သားရန္အတြက္ ေတြ႔သမွ်အပင္တို႔ကို ဓားေျမႇာင္ႏွင့္လိုက္ထစ္ေနရေသာေၾကာင့္ အခ်ိန္က လိုတာထက္ပိုၾကာေနသည္။

ေတာအုပ္နက္တြင္ ေနေရာင္ျခည္သည္ သာမန္ထက္ေစာလ်င္စြာ ေပ်ာက္ကြယ္သြားေခ်သည္။ ေနေရာင္ေပ်ာက္ကြယ္သြားခ်ိန္မွာေတာ့ လီခ်န္းယံုေျခလွမ္းတို႔ရပ္လိုက္ရေလသည္။ သာမန္လူတစ္ေယာက္အတြက္ ယခုလိုေတာအုပ္ထဲတြင္ ေနေရာင္သည္သာ အားကိုးရာျဖစ္သည္။ ေနေရာင္မ႐ွိပါက လမ္းမ်ားကို မ႐ွာေဖြႏိုင္ေတာ့ေသာေၾကာင့္ မ်က္စိလည္လမ္းမွားတတ္သည္။ ဟန္ယန္းလို အႏၱာရာယ္ထူေျပာေသာ ေတာအုပ္တြင္ မ်က္စိလည္လမ္းမွားပါက အသက္႐ွင္လွ်က္ျပန္မထြက္ႏိုင္ေၾကာင္း လီခ်န္းယံု နားလည္ေလသည္။

ထိုထက္ပိုအေရးႀကီးသည့္အေၾကာင္းကား ေတာအုပ္တို႔၏ ညဥ့္နက္ခ်ိန္တြင္ မျမင္ႏိုင္ေသာ အႏၱာရာယ္တို႔႐ွိေလသည္။ အမ်ိဳးအမည္မသိရေသာ သားရဲတို႔ ထြက္လာတတ္ၿပီး က်က္စားတတ္သည္။ အထူးသျဖင့္ ဟန္ယန္းက်ားသည္ ညအခ်ိန္တြင္ ေတာတြင္ လွည့္လည္ကာ က်က္စားတတ္သည္။ ဟန္ယန္းက်ားကို အမဲလိုက္ရန္လာျခင္း ျဖစ္ေသာ္လည္း ယခုလို ညအခ်ိန္တြင္ေတာ့ ထိပ္တိုက္မရင္ဆိုင္ခ်င္ေပ။

သို႔ေၾကာင့္ လီခ်န္းယံုသည္ နီးစပ္ရာ သစ္ပင္ႀကီးမ်ားထဲမွ အေတာ္အတန္ျမင့္မားေသာ သစ္ပင္ေပၚသို႔ တက္လိုက္ၿပီး သစ္ပင္ခြတြင္ ေနရာယူလိုက္သည္။ ယခုလို အႏၱာရာယ္ထူေျပာသည့္ေတာတြင္ ေျမေပၚတြင္ အိပ္စက္မႈက အႏၱာရာယ္မွန္သမွ် ဖိတ္ေခၚေနေၾကာင္း လီခ်န္းယံု သိေလသည္။

ေရခဲလြင္ျပင္တြင္ ရက္ေပါင္းမ်ားစြာ အမဲလိုက္ထြက္ခဲ့ရေသာ္လည္း ယခုလို အထီးက်န္ျခင္းကို မခံစားရေပ။ လီခ်န္းယံုသည္ သစ္ပင္ခြတြင္ ထိုင္ရင္း ရႊန္းလက္ေတာက္ပေနေသာ လမင္းႀကီးကို ေငးၾကည့္ရင္း သူ၏ အေတြးက တစ္စံုတစ္ေယာက္ေသာသူဆီသို႔ ေရာက္သြားေလသည္။
"ၾကည့္ဦး...ငါအခုပဲထြက္လာတာ...အခုပဲလြမ္းေနၿပီ''

လြင့္ျပယ္ေနေသာအေတြးတို႔ကို ထိန္းခ်ဳပ္ၿပီး ထိုတစ္ညေတာ့ သစ္ပင္ေပၚတြင္ ႀကိဳးစားအိပ္စက္ရေလေတာ့သည္။ ျမင္ဖူးသမွ်ထက္ အရြယ္အစား ႀကီးမားေသာ ျခင္႐ိုင္းႀကီးမ်ား၊ တစ္ခ်က္တစ္ခ်က္ၾကားရေသာ ေျမေခြးအူသံမ်ားႏွင့္ သစ္ပင္ေအာက္က ျခံဳပုတ္ထဲမွ တစ္ခ်က္တစ္ခ်က္ဝင္းလက္သြားေသာ မီးေတာက္လို နီရဲသည့္ မ်က္လံုးမ်ားနွင့္ စိမ္းဖန္႔ဖန္႔မ်က္လံုးမ်ားမွ အပ က်န္ေသာ အေႏွာင့္အယွက္ မ႐ွိဘဲ ထိုတစ္ညကို ေကာင္းစြာေက်ာ္ျဖတ္ခဲ့ေလသည္။

(Note-ညဘက္ေမွာင္သြားတဲ့အခ်ိန္မွာ ေတာအုပ္ထဲက တစ္ခ်ိဳ႕သတၱဝါေတြ အျပင္ထြက္လာတတ္ပါတယ္။ ေခြးတို႔ေတာေၾကာင္တို႔လို အႏၱာရာယ္မ႐ွိတဲ့ သတၱဝါေတြရဲ႕မ်က္လံုးဟာ အေမွာင္ထဲမွာ အစိမ္းေရာင္သန္းၿပီးေတာ့ က်ား၊ က်ားသစ္တို႔လို သားရဲေတြကေတာ့ အနီေရာင္႐ွိပါတယ္။)

လီခ်န္းယံုက ေတာနက္ႀကီးထဲက အပင္တစ္ပင္ထက္တြင္ အိပ္စက္ေနခ်ိန္တြင္ လင္းမိုသည္ နန္းေဆာင္မျပန္ေပ။ ဟန္ယန္းေတာနယ္စပ္က ယာယီထိုးထားေသာ ရြက္ဖ်င္တဲတြင္သာ အိပ္စက္သည္။ ဘုရင္ကမျပန္ေသာေၾကာင့္ စစ္သူႀကီးခ်င္ႏွင့္ အမတ္တို္႔မွာလည္း ယာယီရြက္ဖ်င္တဲမ်ားတြင္ အိပ္စက္ရသည္။

ေဟးခ်ိဳႏွင့္ ေ႐ွာင္ခ်ိဳသည္လည္း မနက္ကတည္းက အမဲလိုက္ၿပိဳင္ပြဲ႐ွိရာသို႔ ေရာက္ေနျခင္းျဖစ္သည္။ ေ႐ွာင္ခ်ိဳသည္ အ႐ွင္လင္းမိုက တစ္ခုခုထူးဆန္းသည္ဟု ခံစားေနရသည္။ အ႐ွင္လင္းမိုသည္ မနက္က သူတို႔ကို ေတြ႔လွ်င္ေတြ႔ခ်င္း သူ႔ကို ပထုတ္ကာ ေဟးခ်ိဳႏွင့္ တစ္စံုတစ္ရာ တီးတိုးေျပာေနသည္ကို သူေတြ႔လိုက္ရသည္။

သူတစ္ေန႔လံုး ေဟးခ်ိဳကို ကပ္ကာေမးပါေသာ္လည္း ေဟးခ်ိဳဆီက အပိုစကား စကားတစ္ခြန္းမွထြက္မလာေခ်။ ေနာက္ဆံုး ေ႐ွာင္ခ်ီ၏ တက်ီက်ီဂ်ီတိုက္မႈကို စိတ္မ႐ွည္ေတာ့သည့္ ေဟးခ်ိဳမွာ ေ႐ွာင္ခ်ိဳကို ေခါင္းေခါက္ထည့္လိုက္သည္။

ရလဒ္အေနျဖင့္ ထိုေန႔တစ္ေန႔လံုး ေ႐ွာင္ခ်ိဳက ေဟးခ်ိဳကို စကားမေျပာေတာ့ေခ်။

ေဟးခ်ိဳမွာကား ေ႐ွာင္ခ်ိဳစကားမေျပာျခင္းကို ကံေကာင္းမႈႀကီးဟုပင္ လက္ခံထားသည္လားမေျပာတတ္။ တစ္ေနကုန္ေပၚမလာဘဲ ေပ်ာက္သြားေတာ့သည္။ ေ႐ွာင္ခ်ိဳမွာသာ တစ္ႏံု႔ႏံု႔ျဖင့္ေဒါသထြက္ကာ ေနေလေတာ့သည္။

ညဘက္မွ ေ႐ွာင္ခ်ိဳအိပ္ေနေသာ ရြက္ဖ်င္တဲေ႐ွ႕တြင္ အိုးတမ္းအမ္းတမ္းျဖင့္ မတ္တပ္ရပ္ေနေသာ လူရိပ္တစ္ရိပ္ကို ေတြ႔လိုက္ရေလသည္။ ေ႐ွာင္ခ်ိဳက အျပင္ထြက္ၾကည့္သည့္ အခ်ိန္မွာ ေဟးခ်ိဳျဖစ္ေနသည္ကို ေတြ႔လိုက္ရသည္။

ေ႐ွာင္ခ်ိဳက ႏွာေခါင္း႐ႈံ႕းၿပီး တစ္ဖက္လွည့္ထြက္ဟန္ ျပင္သည္။

ေဟးခ်ိဳက ေ႐ွာင္ခ်ိဳ၏ လက္ကိုဖမ္းဆြဲလိုက္ၿပီး သူ၏ ပါးစပ္က ထစ္ဟစြာ ေျပာသည္။
"ေ႐ွာင္ခ်ိဳ...မင္း..စိတ္မဆိုးရင္ေကာင္းမယ္''

ေ႐ွာင္ခ်ိဳမွာ ပိုေဒါသထြက္သြားရေခ်ၿပီ။

ဒါကဘယ္လိုေတာင္းပန္စကားလဲ....

"ငါကမရည္ရြယ္ပါဘူး။ ဒီတိုင္း စိတ္တိုမိသြားတာ။ ငါက်ိန္တယ္ ေနာက္ခါ မျဖစ္ေစရဘူး''

"....''
ေအးစက္ၿပီး အသက္မဲ့ေသာ မ်က္လံုးတို႔က ေ႐ွာင္ခ်ိဳကို စိုက္ၾကည့္ရင္း စိတ္မေကာင္းသည့္ အရိပ္အေယာင္တို႔ ထင္ဟပ္လာသည္။

သို႕ေျကာင္႕ ၾကာၾကာစိတ္မတိုတတ္ေသာေ႐ွာင္ခ်ိဳက ပင္ အေလွ်ာ့ေပးၿပီး ေျပာလိုက္သည္။

"ရၿပီရၿပီ...သြားေတာ့။ ငါစိတ္မဆိုးပါဘူး။ အခုငါအိပ္ေတာ့မယ္''

"ငါကဘယ္သြားရမွာလဲ''
ေဟးခ်ိဳက နားမလည္စြာျပန္ေမးသည္။
"အတိုင္ပင္ခံအမတ္ႀကီးက ယာယီတဲေတြမေလာက္လို႔ မင္းနဲ႔အတူတူအိပ္တဲ့''

".....''
ေ႐ွာင္ခ်ိဳ ကိုယ့္နဖူးကိုသာပစ္႐ိုက္လိုက္ခ်င္သည္။ သူက ေဟးခ်ိဳသူ႔ကို လာေတာင္းပန္သည္ဟု ထင္ေနသည္။

လတ္စသတ္ေတာ့ သင္းက လာအိပ္ျခင္းပင္။

ေ႐ွာင္ခ်ိဳဘာမွမေျပာ လွည့္ထြက္သြားသည္။ အနည္းငယ္က်ဥ္းေသာ ခုတင္ေပၚတြင္ တစ္ဖက္ေစာင္းကာ ေ႐ွာင္ခ်ိဳအိပ္လိုပ္သည္။ သူ႔ေဘးတြင္ ေဟးခ်ိဳက အသာဝင္လဲေလ်ာင္းေလသည္။ ေ႐ွာင္ခ်ိဳအိပ္ေပ်ာ္ခါနီးတြင္ ေဟးခ်ိဳဆီက စကားသံထြက္လာသည္။ ထိုစကားသံက ေ႐ွာင္ခ်ိဳစိတ္ထဲက အစိုင္အခဲမ်ားကို ေခ်ဖ်က္ေပးလိုက္သည္။

"ေ႐ွာင္ခ်ိဳ...ငါတကယ္ေတာင္းပန္ဖို႔လာတာ။ မင္းစိတ္ဆိုးလို႔အျပင္မွာအိပ္ရလည္းကိစၥမ႐ွိဘူး''

အပိုစကားမေျပာတတ္သည့္ ေဟးခ်ိဳကို ေ႐ွာင္ခ်ိဳယံုေလသည္။ သ္ို႔ေသာ္ ယခုထိ အခဲမေက်ေသးေသာေၾကာင့္ ေလသံမာမာျဖင့္သာ ေျပာလိုက္သည္။
"စကားမမ်ားနဲ႔ေတာ့ အိပ္ေတာ့...''

"အင္း...''
မၾကာမီပင္က်ဥ္းေျမာင္းေသာ ခုတင္ေလးေပၚတြင္ လူသားမဟုတ္ေသာ ေကာင္ေလးႏွစ္ဦးအိပ္ေမာက်သြားေခ်ၿပီ။
__________________________________________________________________________________

Continue Reading

You'll Also Like

33.3K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
59.2K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
120K 14.4K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...