{Zawgyi}
ေဘာလုံးကို သူ႔လက္ထဲျပန္ကန္လိုက္ျပန္ၿပီ။
ပိုင္ရန္ ေတြးၿပီးရင္းေတြးတယ္။ အဆုံးမွာ ဆင္ျခင္တုံတရားနဲ႔ နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုဒီလိုကိစၥေသးေသးေလးနဲ႔ မသတ္ေလာက္ဘူးဆိုၿပီး ေတြးလိုက္တယ္။ အဲ့တာေၾကာင့္ သူသတၱိရွိရွိေျပာလိုက္တယ္ “ဟုတ္ပါတယ္”
ထိုစကားလုံးေတြ သူ႔ပါးစပ္ကထြက္ထြက္လာခ်င္း ေရပူစမ္းထဲကေရေတြ ေပါက္ကြဲထြက္သလိုျဖစ္သြားၿပီး ဧရာမလႈိင္းလုံးႀကီးတစ္ခုျဖစ္သြားတယ္။ ပိုင္ရန္ေတာင္ မူးေနာက္ေနာက္ျဖစ္သြားတယ္။
ပိုင္ရန္ ရင္ေတြတုန္ၿပီး သူ႔သတၱိေတြေတာင္ ေပ်ာက္ကြယ္ေတာ့မယ္ “ေရွာင္လင္း ငါအခုေသသြားၿပီလား?”
“မေသေသးပါဘူး… ေနာက္ဆုံးေျပာစရာစကားေတြရွိရင္ အခုေျပာလိုက္ပါ၊ ကြၽန္မသခင့္အေဖဆီကို ျပန္ၿပီးစကားပါးေပးပါ့မယ္”
ပိုင္ရန္ေၾကာက္လြန္းလို႔ ငိုခ်မိေတာ့မယ္ “ငါေျပာခဲ့တာေတြကို ျပန္ေျပာင္းဖို႔ အရမ္းေနာက္က်သြားၿပီလို႔ မင္းထင္လား?”
“ဘာကိုေျပာင္းခ်င္တာလဲ?”
“အဲ့တာ ‘ကြၽန္ေတာ္က အရွင့္ကိုနက္နက္ရႈိင္းရႈိင္းခ်စ္မိေနတာ… ကြၽန္ေတာ္လုပ္သမွ်ေတြက အရွင့္ကိုခ်စ္လို႔ပါ’ လို႔ေလ”
“…” ေရွာင္လင္းက “သခင္နည္းနည္းေလာက္သိကၡာေလးရွိေပးလို႔ မရဘူးလား? ဒါေတြကျဖစ္ၿပီးေနၿပီ စကားလုံးေတြကလည္း ေျပာၿပီးေနၿပီ.. အဲ့ေတာ့ ျပန္႐ုတ္သိမ္းခ်င္ေတာ့ေရာ ဘာအသုံးဝင္ေတာ့မွာလဲ?”
“ငါေၾကာက္တယ္လို႔…” ပိုင္ရန္ ငိုခ်င္ေနၿပီ “မင္း နတ္ဆိုးဘုရင္ႀကီးရဲ႕မ်က္ႏွာႀကီးကို မျမင္ဘူးလား? သူ႔ပုံစံကိုၾကည့္လိုက္… ငါလည္းသူ႔ကိုမႀကိဳက္ဘူးလို႔ ေျပာၿပီးသားမဟုတ္လား? အဲ့မ်က္ႏွာက ဘာျဖစ္ေနရတာလဲ?”
နတ္ဆိုးဘုရင္ႀကီးရဲ႕ လတ္တေလာမ်က္ႏွာအမူအယာက တကယ့္ကို အရမ္း႐ုပ္ဆိုးလြန္းတယ္။ မ်က္လုံးေတြက ေရခဲလိုေအးစက္ၿပီး ႏႈတ္ခမ္းေတြကိုလည္း မ်ဥ္းေျဖာင့္တစ္ေၾကာင္းတည္းျဖစ္ေအာင္ တင္းတင္းေစ့ထားတယ္။ နတ္ဆိုးဘုရင္ႀကီးက အၿမဲေအးတိေအးစက္ဆိုေပမယ့္ ဘယ္သူမဆို သူအရမ္းေပ်ာ္ေနလား အရမ္းေဒါသထြက္ေနလားဆိုတာေတာ့ သိႏိုင္တယ္။ သူ႔အမူအယာမွာ အၿမဲတမ္းလိုလိုေပ်ာ္ေနတဲ့ အရိပ္အေယာင္ရွိေသးတယ္။
သို႔ေပမယ့္ ခုက်ေတာ့ သူ႔အမူအယာက ‘ငါအရမ္းတင္းေနတယ္’ဆိုတာကို စာလုံးႀကီးႀကီးနဲ႔ ထင္းေနေအာင္ေရးထားသလိုပဲ။
“သခင္၊ ကြၽန္မသခင့္ကို ဘယ္လိုေတြးရမွန္းမသိေတာ့ဘူး.. တကယ္လို႔သခင္ကေၾကာက္တတ္တယ္ေျပာရေအာင္လည္း ဘယ္အရာမဆို ရင္ဆိုင္ရဲၿပီး လုပ္ကိုင္ရဲတယ္၊ တကယ္လို႔သတၱိရွိတယ္ေျပာရေအာင္လည္း တခါတေလဆို သခင့္လုပ္ရပ္ကိုပဲ သခင္ကျပန္ၿပီးေနာင္တရေနျပန္ေရာ” ေရွာင္လင္းေျပာလိုက္တယ္ “သခင့္ရဲ႕ရွိလိုက္ မရွိလိုက္သတၱိေၾကာင့္ သခင့္ကိုဘယ္လိုေတြးေပးရမွန္း တကယ္ကိုမသိေတာ့ဘူး”
ပိုင္ရန္က “ငါ့ရဲ႕လုပ္ရပ္ကေအာင္ျမင္လိမ့္မယ္လို႔ ရဲရဲႀကီးထင္ခဲ့တာကိုး.. ဒါေပမယ့္ သူ႔မ်က္ႏွာကိုၾကည့္ေလ၊ အေနာက္ပိုင္းနတ္ဆိုးအရွင္ သူ႔ကိုထိပ္တိုက္လာၿပီးတိုက္ခိုက္တုန္းကေတာင္ အဲ့ေလာက္႐ုပ္ပ်က္ဆင္းပ်က္ျဖစ္မေနတာ.. ငါသူ႔ကိုမႀကိဳက္ဘူးလို႔ အမွန္တိုင္းေလးပဲေျပာလိုက္တာကို အဲ့တာသူကဘာလို႔ေပါက္ကြဲေနရတာလဲ?”
ေရွာင္လင္းလည္း သူ႔ေျပာၾကားခ်က္ကိုၾကားေတာ့ အဲ့တာကတမ်ိဳးႀကီးပဲလို႔ ေတြးမိလိုက္တယ္ “သခင္ေျပာတာဟုတ္သားပဲ.. သခင္ကသူ႔ကိုလိုက္ေႏွာင့္ယွက္သလိုျဖစ္တာေၾကာင့္ သခင္သူ႔ကိုႀကိဳက္ေနတာကို သူစိုးရိမ္ေနခဲ့တာ.. အခုသခင္သူ႔ကို မႀကိဳက္ေတာ့ဘူးဆိုတာ သူနားလည္သြားၿပီပဲ သူေပ်ာ္သင့္တယ္ေလ.. အဲ့တာဘာေၾကာင့္ ေဒါသထြက္ေနတာလဲ? မဟုတ္မွ…”
“မဟုတ္မွ ဘာလဲ?”
“အဲ့လိုႀကီးျဖစ္ႏိုင္တယ္လို႔ေတာ့လည္း ကြၽန္မမထင္ဘူး”
“ေသာက္ရမ္း မင္းဘာေတြေျပာေနတာလဲ? မင္းတကယ္လူကိုစိတ္လႈပ္ရွားေအာင္ လာလုပ္ေနတယ္”
“မဟုတ္မွ သူကသခင့္ကိုျပန္ႀကိဳက္ေနၿပီျဖစ္လို႔ သူအရမ္းေဒါသထြက္တာဆိုရင္ေကာ…”
“မျဖစ္ႏိုင္တာ”
“ကြၽန္မလည္း မျဖစ္ႏိုင္ဘူးလို႔ ထင္ပါတယ္”
ႏွစ္ေယာက္လုံးေျပာၿပီးေတာ့ စိတ္ရႈပ္ေထြးစြာနဲ႔ ႏွစ္ဦးသားတိတ္ဆိတ္သြားတယ္။
ပိုင္ရန္ေခါင္းေမာ့ၿပီး နတ္ဆိုးဘုရင္ႀကီးကိုၾကည့္လိုက္တယ္။ ဒီအမ်ိဳးသားရဲ႕အသြင္အျပင္က ေရခဲတမွ်ေအးစက္ေနၿပီး မ်က္လုံးေတြကလည္း ဘာမွမထူးဘူး။
“အရွင္?” ပိုင္ရန္အားတင္းၿပီးေျပာလိုက္တယ္။
နတ္ဆိုးဘုရင္ႀကီး အခ်ိန္အေတာ္ၾကာဘာတစ္ခြန္းမွမေျပာလာဘူး။ အတန္ၾကာမွ သူ႔မ်က္ႏွာမွာ ျဖည္းျဖည္းခ်င္းအၿပဳံးတစ္ပြင့္ျဖစ္ေပၚလာတယ္။ “အခုေလးတင္ ကိုယ္ေတာ္ေၾကာက္သြားတာ”
‘ဘာျဖစ္တယ္?’
‘ဘာေတြျဖစ္ေနတာလဲ? သူဘယ္လိုမဟုတ္ကဟုတ္ကေတြ ထပ္လုပ္အုံးမလို႔လဲ?’
‘ဘာလို႔႐ုတ္တရက္ႀကီး လာၿပဳံးေနတာလဲ?’
ပိုင္ရန္ေၾကာက္႐ြံ႕စြာ ေမးလိုက္တယ္ “အရွင္?”
“အခုကိုယ္ေတာ္စေနာက္လိုက္တာ.. မင္းကိုယ္ေတာ့္ကိုမႀကိဳက္ေတာ့ အဆင္ေတာင္ေျပေသးတယ္၊ ဘာလို႔ဆို ကိုယ္ေတာ္ကလည္း မင္းကိုမွမႀကိဳက္တာ” နတ္ဆိုးဘုရင္ႀကီးက အၿပဳံးေလးနဲ႔ေျပာေနေပမယ့္ ‘ကိုယ္ေတာ္ကလည္း မင္းကိုမွမႀကိဳက္တာ’ဆိုတာကို အံေတြက်ိတ္ၿပီး ေျပာလိုက္တာျဖစ္တယ္။
အဲ့ေနာက္ သူဆက္ၿပီးၿပဳံးေနတယ္ _ ဆိုေပမယ့္ အဲ့အၿပဳံးႀကီးက အတင္းဖ်စ္ညႇစ္လုပ္ေနသလို _ ၿပီးေတာ့ သိမ္ေမြ႕စြာေျပာလိုက္တယ္ “ေကာင္းၿပီ၊ နားလည္မႈလြဲေနတာလည္း ေျဖရွင္းၿပီးၿပီ… အခုမင္းကိုကုေပးေတာ့မယ္”
သူ႔စကားလုံးေတြက ညင္သာၿပီးသိမ္ေမြ႕တယ္၊ ၿပီးေတာ့သူ႔ရဲ႕ေအးစက္စက္အမူအယာရယ္ အၿပဳံးနဲ႔မတူတဲ့အၿပဳံးရယ္။
သူပုံမွန္အတိုင္းျပန္ျဖစ္သြားတာျမင္တာေတာင္ ပိုင္ရန္တဖက္လူရဲ႕ေတြးေတာပုံကို ဇေဝဇဝါျဖစ္ေနဆဲျဖစ္တယ္။ အခုသူနတ္ဆိုးဘုရင္ႀကီးကို ေနာက္ထပ္ၾကည့္လိုက္ခ်ိန္ နတ္ဆိုးဘုရင္ႀကီးက သူပုံမွန္ျပန္ျဖစ္ေနၿပီ။
သူတကယ္ကို ေနာက္ေနတာပဲျဖစ္မွာပါ။
ပိုင္ရန္သက္ျပင္းသာခ်ၿပီး ေရွာင္လင္းကိုေျပာတယ္ “ေတြ႕လား.. သူငါ့ကို ေသခ်ာေပါက္မႀကိဳက္ဘူး”
“ကြၽန္မကလည္း မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့တယ္ေလ” ေရွာင္လင္းက “နတ္ဆိုးဘုရင္ႀကီးက ထူးဆန္းတဲ့ေတြးေတာပုံရွိတယ္… ၿပီးေတာ့သူ႔ေဒါသကလည္း ခန႔္မွန္းရခက္တယ္၊ အခုကသူကတယ္ကို စေနာက္လိုက္တာျဖစ္ႏိုင္ပါတယ္”
ပိုင္ရန္ရဲ႕ေၾကာက္ေနတဲ့ႏွလုံးသားေလးလည္း ပုံမွန္အေျခအေနျပန္ေရာက္သြားတယ္။
ေရဂယက္သံေတြက ေပ်ာ့ေပ်ာင္းသြားၿပီး နတ္ဆိုးဘုရင္ႀကီးကလည္း သူရွိတဲ့ေရပူစမ္းထဲဆင္းလာတယ္ “ဟိုဘက္လွည့္လိုက္”
ပိုင္ရန္လွည့္ၿပီး နတ္ဆိုးဘုရင္ႀကီးကို ေက်ာေပးထားတာေၾကာင့္ သူ႔ရဲ႕ေအးစက္စက္အသြင္ကို မျမင္ေတာ့ဘူး။
နတ္ဆိုးဘုရင္ႀကီးက သူ႔လက္ကိုပိုင္ရန႔္ေက်ာေပၚတင္ၿပီး စြမ္းအင္ေတြစုစည္းလိုက္တယ္။ မီးေတာက္လိုမ်ိဳးစြမ္းအင္ေတြက သူ႔ရဲ႕မရီဒန္ကေန သူ႔ကိုယ္တစ္ေလွ်ာက္စီးဆင္းလာတယ္။ ထိမိလိုက္တဲ့ေနရာတိုင္း ေတာက္ေလာက္တဲ့ခံစားခ်က္ျဖစ္ေပၚလာေစတယ္။
ပိုင္ရန္သူ႔တစ္ကိုယ္လုံး ေလာင္ကြၽမ္းေနသလိုခံစားရၿပီး အရမ္းမသက္မသာျဖစ္လာတယ္။ ေရပူစမ္းနဲ႔တင္ ေႏြးေနၿပီကို ထပ္တိုးလာတဲ့ေရေႏြးေငြ႕ေတြေၾကာင့္ ပိုပူလာၿပီး မူးေဝလာတယ္။
အတြင္းေရာ အျပင္ေရာအတိုက္ခံေနရတာေၾကာင့္ ခ်က္ျပဳတ္ၿပီးစားေသာက္ခါနီး ေရေႏြးေငြ႕ျခင္းေတာင္ထဲက ပူပူေႏြးေႏြးဘိန္းမုန႔္တစ္ခုလိုေတာင္ ခံစားလာရတယ္။
နတ္ဆိုးဘုရင္ႀကီးက အဲ့တာတမင္လုပ္ေနတာ ဟုတ္တယ္မွတ္လား?
ဝိုးတိုးဝါးတားအေတြးေတြက သူဦးေႏွာက္ကထြက္ေပၚလာတယ္ ဒါေပမယ့္ အဲ့တာကိုအာ႐ုံထားႏိုင္စြမ္းမရွိေတာ့ဘူး။
ကုသတာၿပီးသြားခ်ိန္ သူ႔အေရခြံေတာင္ အႏႊာခံလိုက္ရၿပီးလားလို႔ေတာင္ ပိုင္ရန္ခံစားေနရတယ္။ သူေရပူစမ္းကထြက္ေတာ့ သူ႔ရဲ႕က်င့္ႀကံျခင္းေတြက ၾကည္လင္ေနၿပီးအတြင္းပိုင္းမွာ စိတ္ဝိဉာဥ္အစြမ္းေတြ အမ်ားႀကီးစုေဝးေနတယ္။
“ေက်းဇူးတင္ပါတယ္ အရွင္!” ပိုင္ရန္နတ္ဆိုးဘုရင္ႀကီးရဲ႕ရည္႐ြယ္ခ်က္အေပၚ သံသယဝင္ေနခဲ့တာ၊ ဒါေပမယ့္ခုေတာ့ သူ႔ကိုလုံးဝသံသယမဝင္ေတာ့ဘူး။ အဲ့အစားသူခါးကိုကိုင္းၫႊတ္ၿပီး ႐ိုးသားစြာေက်းဇူးတင္ေၾကာင္းေျပာလိုက္တယ္။
နတ္ဆိုးဘုရင္ႀကီးကေတာ့ ပုံစံမေျပာင္းမလဲပဲ။ “ဒီလိုလုပ္ေဆာင္ခ်က္အရဆိုရင္ မင္းခုနစ္ရက္ၿပီးတာနဲ႔ အျပည့္အဝသက္သာလာလိမ့္မယ္”
‘ခုနစ္ရက္!’
‘တကယ့္ကို ေကာင္းလြန္းတယ္’
ပိုင္ရန္သူ႔တာဝန္ကို မေမ့ေလ်ာ့ေသးတာေၾကာင့္ “အရွင္.. လူသားနယ္ေျမက…”
နတ္ဆိုးဘုရင္ႀကီးက “ကိုယ္ေတာ္ မင္းရဲ႕အေျခအေနကို ေလာ့က်န္းဖန္းကိုေျပာထားလိုက္မယ္”
“ခုနစ္စင္ၾကယ္သားေတာ္ဆိုၿပီး စြပ္စြဲခံေနရတဲ့ေကာင္ေလးကေရာ?”
“ကိုယ္ေတာ္ ေလာ့က်န္းဖန္းကိုအခုေလာေလာဆယ္သြားမရႈပ္ဖို႔ ေျပာထားလိုက္မယ္”
ပိုင္ရန္ ဒီေလာက္ႀကီးမားတဲ့ကိစၥကိုေျဖရွင္းႏိုင္သြားတဲ့အတြက္ စိတ္သက္သာရာရသြားတယ္။
“ျပန္သြား၊ အဝတ္အစားလဲၿပီး အနားယူလိုက္အုံး” နတ္ဆိုးဘုရင္ႀကီး ျမင္ကြင္းကမေပ်ာက္ကြယ္သြားခင္ ေျပာသြားတယ္။ သူျမန္ျမန္ႀကီးထြက္သြားတာက ေသခ်ာေပါက္ပိုင္ရန႔္ကို မၾကည့္ခ်င္ေတာ့လို႔ျဖစ္မယ္။
ပိုင္ရန္သူထြက္သြားတာျမင္ေတာ့ သူ႔ကိုယ္သူသပ္သပ္ရပ္ရပ္လုပ္ၿပီး နန္းေတာ္ကသူ႔ရဲ႕အခန္းပိုဆီ အျမန္သြားလိုက္တယ္။
ေနာက္တစ္ရက္ အားအင္အျပည့္နဲ႔လန္းလန္းဆန္းဆန္း ပိုင္ရန္ႏိုးလာတယ္။ ၾကည့္ရတာ ေရပူစမ္းမွာေရစိမ္လိုက္တာက အေတာ္ေလးေကာင္းက်ိဳးရွိတာ ျဖစ္မယ္။
“သခင္ Daily Taskကိုမွတ္မိတယ္ေနာ္”
“အင္းပါ ငါသိတယ္”
ေန႔တိုင္း ေရွာင္လင္းသူ႔ကိုသတိေပးတယ္။ ေခြးတာေတာင္မွ လူသတိမေပးဘဲ မွတ္မိႏိုင္ေနၿပီ။
ပိုင္ရန္သူ႔ကိုေရလာပို႔ေပးမယ့္အေစခံေတြကို အခန္းထဲမွာပဲေစာင့္ေနလိုက္တယ္။ taskကိုၿပီးဖို႔အတြက္ သူတို႔ရဲ႕မ်က္ႏွာေလးေတြကို ကိုင္ေပးရအုံးမယ္။
ဘယ္ေလာက္မွေတာင္ သိပ္မၾကာလိုက္ဘဲ တံခါးေနာက္ကေနေျခသံေတြထြက္ေပၚလာၿပီး ေယာက်ာ္းတစ္ေယာက္သံၾကားလိုက္ရတယ္။ “အရွင္ရွဲ႕ ကြၽန္ေတာ္တို႔ေရလာပို႔တာပါ”
ပိုင္ရန္ သန္းေဝၿပီးတံခါးဖြင့္ေပးလိုက္ေတာ့ ေယာက်ာ္းႏွစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ ႏွစ္ေယာက္လုံးကႏွစ္လိုဖြယ္ မ်က္ႏွာေလးေတြနဲ႔ လွပၾကတယ္။
ပိုင္ရန္daily taskေၾကာင့္ ထာဝရအေမွာင္ထုနန္းေတာ္မွာအိပ္ၿပီး ေရလာပို႔မယ့္အလွေလးေတြကို ရိသဲ့သဲ့လုပ္မွာျဖစ္တယ္။ သူအဲ့လိုလုပ္မလို႔ဆိုေပမယ့္ အရင္ကနဲ႔မတူတဲ့လူေတြ ေပၚလာမယ္လို႔မထင္ထားခဲ့ဘူး။
ပိုင္ရန္ ေၾကာင္သြားတယ္။ “ထာဝရအေမွာင္ထုနန္းေတာ္က ေကာင္းလိုက္တာ… ေရလာပို႔တဲ့သူေတြေတာင္မွ လွလို႔ပလို႔!”
ေရွာင္လင္းကလည္းေျပာတယ္ “ဟုတ္ပါ့ ဒီႏွစ္ေယာက္ကိုသာ ေခတ္သစ္အဖြဲ႕အစည္းထဲထည့္ေပးလိုက္ရင္ သူတို႔ေတြက လက္ရာေျမာက္ျမင္ကြင္းရဲ႕ အသားလတ္လတ္ဆတ္ဆတ္ေလးေတြ ျဖစ္လာလိမ့္မယ္”
“ၾကည့္ရတာ အရင္ကေရလာပို႔တဲ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီး သြားၿပီထင္တယ္” ပိုင္ရန္နည္းနည္းေတာ့ ေနာင္တရသြားတယ္။
“ဒီႏွစ္ေယာက္ကို လုပ္လည္းျဖစ္တယ္ေလ… သူတို႔ကလည္း ေတာ္ေတာ္ေလးၾကည့္ေကာင္းေနတာပဲကို”
“သူတို႔ၾကည့္ေကာင္းေတာ့ေရာ ဘာလုပ္ရမွာလဲ? သူတို႔ကမိန္းကေလးေတြမွ မဟုတ္တာ” ပိုင္ရန္ ခံပက္လိုက္တယ္။
“သူတို႔ေတြက မိန္းကေလးေျပာင္းသြားရင္ေတာင္ သခင္ကဘာလုပ္လုပ္ စိတ္ထဲမွတြန႔္ဆုတ္ေနအုံးမွာပဲ.. လုပ္စမ္းပါ ျမန္ျမန္ေလး daily taskကိုၿပီးေအာင္လုပ္လိုက္”
ေယာက်ာ္းေလးေျပာင္းသြားတာရဲ႕ေကာင္းကြက္က ပိုင္ရန္သူ႔ရဲ႕Daily taskကို ပ်က္သြားမွာစိုးရိမ္ေနစရာမလိုေတာ့တာပဲ။ အဲ့အျပင္ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ေတာင္ ကိုင္တြယ္ရလြယ္တယ္ဆိုတာ သူေတြ႕ရွိသြားတယ္။
“အရွင္ရွဲ႕ အရွင့္ရဲ႕ေရပါ” လူငယ္ေလးထဲက တစ္ေယာက္ကေၾကးနီအင္တုံေလးနဲ႔ ေရွ႕တိုးလာတယ္။ သူ႔ရဲ႕လွပတဲ့မ်က္ဝန္းေလးေတြက ေရေရာင္နဲ႔ဟပ္ၿပီး တဖ်တ္ဖ်တ္ေတာက္ပေနတယ္။
ပိုင္ရန္ အင္တုံကိုလွမ္းယူေတာ့မလို႔ပဲရွိေသးတယ္ လူငယ္ေလးက ‘အား’ဆိုၿပီး ေရအျပည့္နဲ႔အင္တုံကို ပိုင္ရန႔္ေပၚေမွာက္ခ်လိုက္ၿပီး သူ႔အဝတ္အစားအသစ္ေတြကို ႐ႊဲ႐ႊဲစိုကုန္ေစလိုက္တယ္။
“ေတာင္းပန္ပါတယ္ အရွင္ရွဲ႕! ကြၽန္ေတာ္မရည္႐ြယ္ပါဘူး!” ထိုလူ႐ြယ္ေလးက ထိတ္လန႔္တၾကားဒူးေထာက္လိုက္ၿပီး ေၾကာက္႐ြံ႕စြာေျပာလိုက္တယ္။
____________________________________
{Unicode}
ဘောလုံးကို သူ့လက်ထဲပြန်ကန်လိုက်ပြန်ပြီ။
ပိုင်ရန် တွေးပြီးရင်းတွေးတယ်။ အဆုံးမှာ ဆင်ခြင်တုံတရားနဲ့ နတ်ဆိုးဘုရင်ကြီးက သူ့ကိုဒီလိုကိစ္စသေးသေးလေးနဲ့ မသတ်လောက်ဘူးဆိုပြီး တွေးလိုက်တယ်။ အဲ့တာကြောင့် သူသတ္တိရှိရှိပြောလိုက်တယ် “ဟုတ်ပါတယ်”
ထိုစကားလုံးတွေ သူ့ပါးစပ်ကထွက်ထွက်လာချင်း ရေပူစမ်းထဲကရေတွေ ပေါက်ကွဲထွက်သလိုဖြစ်သွားပြီး ဧရာမလှိုင်းလုံးကြီးတစ်ခုဖြစ်သွားတယ်။ ပိုင်ရန်တောင် မူးနောက်နောက်ဖြစ်သွားတယ်။
ပိုင်ရန် ရင်တွေတုန်ပြီး သူ့သတ္တိတွေတောင် ပျောက်ကွယ်တော့မယ် “ရှောင်လင်း ငါအခုသေသွားပြီလား?”
“မသေသေးပါဘူး… နောက်ဆုံးပြောစရာစကားတွေရှိရင် အခုပြောလိုက်ပါ၊ ကျွန်မသခင့်အဖေဆီကို ပြန်ပြီးစကားပါးပေးပါ့မယ်”
ပိုင်ရန်ကြောက်လွန်းလို့ ငိုချမိတော့မယ် “ငါပြောခဲ့တာတွေကို ပြန်ပြောင်းဖို့ အရမ်းနောက်ကျသွားပြီလို့ မင်းထင်လား?”
“ဘာကိုပြောင်းချင်တာလဲ?”
“အဲ့တာ ‘ကျွန်တော်က အရှင့်ကိုနက်နက်ရှိုင်းရှိုင်းချစ်မိနေတာ… ကျွန်တော်လုပ်သမျှတွေက အရှင့်ကိုချစ်လို့ပါ’ လို့လေ”
“…” ရှောင်လင်းက “သခင်နည်းနည်းလောက်သိက္ခာလေးရှိပေးလို့ မရဘူးလား? ဒါတွေကဖြစ်ပြီးနေပြီ စကားလုံးတွေကလည်း ပြောပြီးနေပြီ.. အဲ့တော့ ပြန်ရုတ်သိမ်းချင်တော့ရော ဘာအသုံးဝင်တော့မှာလဲ?”
“ငါကြောက်တယ်လို့…” ပိုင်ရန် ငိုချင်နေပြီ “မင်း နတ်ဆိုးဘုရင်ကြီးရဲ့မျက်နှာကြီးကို မမြင်ဘူးလား? သူ့ပုံစံကိုကြည့်လိုက်… ငါလည်းသူ့ကိုမကြိုက်ဘူးလို့ ပြောပြီးသားမဟုတ်လား? အဲ့မျက်နှာက ဘာဖြစ်နေရတာလဲ?”
နတ်ဆိုးဘုရင်ကြီးရဲ့ လတ်တလောမျက်နှာအမူအယာက တကယ့်ကို အရမ်းရုပ်ဆိုးလွန်းတယ်။ မျက်လုံးတွေက ရေခဲလိုအေးစက်ပြီး နှုတ်ခမ်းတွေကိုလည်း မျဉ်းဖြောင့်တစ်ကြောင်းတည်းဖြစ်အောင် တင်းတင်းစေ့ထားတယ်။ နတ်ဆိုးဘုရင်ကြီးက အမြဲအေးတိအေးစက်ဆိုပေမယ့် ဘယ်သူမဆို သူအရမ်းပျော်နေလား အရမ်းဒေါသထွက်နေလားဆိုတာတော့ သိနိုင်တယ်။ သူ့အမူအယာမှာ အမြဲတမ်းလိုလိုပျော်နေတဲ့ အရိပ်အယောင်ရှိသေးတယ်။
သို့ပေမယ့် ခုကျတော့ သူ့အမူအယာက ‘ငါအရမ်းတင်းနေတယ်’ဆိုတာကို စာလုံးကြီးကြီးနဲ့ ထင်းနေအောင်ရေးထားသလိုပဲ။
“သခင်၊ ကျွန်မသခင့်ကို ဘယ်လိုတွေးရမှန်းမသိတော့ဘူး.. တကယ်လို့သခင်ကကြောက်တတ်တယ်ပြောရအောင်လည်း ဘယ်အရာမဆို ရင်ဆိုင်ရဲပြီး လုပ်ကိုင်ရဲတယ်၊ တကယ်လို့သတ္တိရှိတယ်ပြောရအောင်လည်း တခါတလေဆို သခင့်လုပ်ရပ်ကိုပဲ သခင်ကပြန်ပြီးနောင်တရနေပြန်ရော” ရှောင်လင်းပြောလိုက်တယ် “သခင့်ရဲ့ရှိလိုက် မရှိလိုက်သတ္တိကြောင့် သခင့်ကိုဘယ်လိုတွေးပေးရမှန်း တကယ်ကိုမသိတော့ဘူး”
ပိုင်ရန်က “ငါ့ရဲ့လုပ်ရပ်ကအောင်မြင်လိမ့်မယ်လို့ ရဲရဲကြီးထင်ခဲ့တာကိုး.. ဒါပေမယ့် သူ့မျက်နှာကိုကြည့်လေ၊ အနောက်ပိုင်းနတ်ဆိုးအရှင် သူ့ကိုထိပ်တိုက်လာပြီးတိုက်ခိုက်တုန်းကတောင် အဲ့လောက်ရုပ်ပျက်ဆင်းပျက်ဖြစ်မနေတာ.. ငါသူ့ကိုမကြိုက်ဘူးလို့ အမှန်တိုင်းလေးပဲပြောလိုက်တာကို အဲ့တာသူကဘာလို့ပေါက်ကွဲနေရတာလဲ?”
ရှောင်လင်းလည်း သူ့ပြောကြားချက်ကိုကြားတော့ အဲ့တာကတမျိုးကြီးပဲလို့ တွေးမိလိုက်တယ် “သခင်ပြောတာဟုတ်သားပဲ.. သခင်ကသူ့ကိုလိုက်နှောင့်ယှက်သလိုဖြစ်တာကြောင့် သခင်သူ့ကိုကြိုက်နေတာကို သူစိုးရိမ်နေခဲ့တာ.. အခုသခင်သူ့ကို မကြိုက်တော့ဘူးဆိုတာ သူနားလည်သွားပြီပဲ သူပျော်သင့်တယ်လေ.. အဲ့တာဘာကြောင့် ဒေါသထွက်နေတာလဲ? မဟုတ်မှ…”
“မဟုတ်မှ ဘာလဲ?”
“အဲ့လိုကြီးဖြစ်နိုင်တယ်လို့တော့လည်း ကျွန်မမထင်ဘူး”
“သောက်ရမ်း မင်းဘာတွေပြောနေတာလဲ? မင်းတကယ်လူကိုစိတ်လှုပ်ရှားအောင် လာလုပ်နေတယ်”
“မဟုတ်မှ သူကသခင့်ကိုပြန်ကြိုက်နေပြီဖြစ်လို့ သူအရမ်းဒေါသထွက်တာဆိုရင်ကော…”
“မဖြစ်နိုင်တာ”
“ကျွန်မလည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်”
နှစ်ယောက်လုံးပြောပြီးတော့ စိတ်ရှုပ်ထွေးစွာနဲ့ နှစ်ဦးသားတိတ်ဆိတ်သွားတယ်။
ပိုင်ရန်ခေါင်းမော့ပြီး နတ်ဆိုးဘုရင်ကြီးကိုကြည့်လိုက်တယ်။ ဒီအမျိုးသားရဲ့အသွင်အပြင်က ရေခဲတမျှအေးစက်နေပြီး မျက်လုံးတွေကလည်း ဘာမှမထူးဘူး။
“အရှင်?” ပိုင်ရန်အားတင်းပြီးပြောလိုက်တယ်။
နတ်ဆိုးဘုရင်ကြီး အချိန်အတော်ကြာဘာတစ်ခွန်းမှမပြောလာဘူး။ အတန်ကြာမှ သူ့မျက်နှာမှာ ဖြည်းဖြည်းချင်းအပြုံးတစ်ပွင့်ဖြစ်ပေါ်လာတယ်။ “အခုလေးတင် ကိုယ်တော်ကြောက်သွားတာ”
‘ဘာဖြစ်တယ်?’
‘ဘာတွေဖြစ်နေတာလဲ? သူဘယ်လိုမဟုတ်ကဟုတ်ကတွေ ထပ်လုပ်အုံးမလို့လဲ?’
‘ဘာလို့ရုတ်တရက်ကြီး လာပြုံးနေတာလဲ?’
ပိုင်ရန်ကြောက်ရွံ့စွာ မေးလိုက်တယ် “အရှင်?”
“အခုကိုယ်တော်စနောက်လိုက်တာ.. မင်းကိုယ်တော့်ကိုမကြိုက်တော့ အဆင်တောင်ပြေသေးတယ်၊ ဘာလို့ဆို ကိုယ်တော်ကလည်း မင်းကိုမှမကြိုက်တာ” နတ်ဆိုးဘုရင်ကြီးက အပြုံးလေးနဲ့ပြောနေပေမယ့် ‘ကိုယ်တော်ကလည်း မင်းကိုမှမကြိုက်တာ’ဆိုတာကို အံတွေကျိတ်ပြီး ပြောလိုက်တာဖြစ်တယ်။
အဲ့နောက် သူဆက်ပြီးပြုံးနေတယ် _ ဆိုပေမယ့် အဲ့အပြုံးကြီးက အတင်းဖျစ်ညှစ်လုပ်နေသလို _ ပြီးတော့ သိမ်မွေ့စွာပြောလိုက်တယ် “ကောင်းပြီ၊ နားလည်မှုလွဲနေတာလည်း ဖြေရှင်းပြီးပြီ… အခုမင်းကိုကုပေးတော့မယ်”
သူ့စကားလုံးတွေက ညင်သာပြီးသိမ်မွေ့တယ်၊ ပြီးတော့သူ့ရဲ့အေးစက်စက်အမူအယာရယ် အပြုံးနဲ့မတူတဲ့အပြုံးရယ်။
သူပုံမှန်အတိုင်းပြန်ဖြစ်သွားတာမြင်တာတောင် ပိုင်ရန်တဖက်လူရဲ့တွေးတောပုံကို ဇဝေဇဝါဖြစ်နေဆဲဖြစ်တယ်။ အခုသူနတ်ဆိုးဘုရင်ကြီးကို နောက်ထပ်ကြည့်လိုက်ချိန် နတ်ဆိုးဘုရင်ကြီးက သူပုံမှန်ပြန်ဖြစ်နေပြီ။
သူတကယ်ကို နောက်နေတာပဲဖြစ်မှာပါ။
ပိုင်ရန်သက်ပြင်းသာချပြီး ရှောင်လင်းကိုပြောတယ် “တွေ့လား.. သူငါ့ကို သေချာပေါက်မကြိုက်ဘူး”
“ကျွန်မကလည်း မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်လေ” ရှောင်လင်းက “နတ်ဆိုးဘုရင်ကြီးက ထူးဆန်းတဲ့တွေးတောပုံရှိတယ်… ပြီးတော့သူ့ဒေါသကလည်း ခန့်မှန်းရခက်တယ်၊ အခုကသူကတယ်ကို စနောက်လိုက်တာဖြစ်နိုင်ပါတယ်”
ပိုင်ရန်ရဲ့ကြောက်နေတဲ့နှလုံးသားလေးလည်း ပုံမှန်အခြေအနေပြန်ရောက်သွားတယ်။
ရေဂယက်သံတွေက ပျော့ပျောင်းသွားပြီး နတ်ဆိုးဘုရင်ကြီးကလည်း သူရှိတဲ့ရေပူစမ်းထဲဆင်းလာတယ် “ဟိုဘက်လှည့်လိုက်”
ပိုင်ရန်လှည့်ပြီး နတ်ဆိုးဘုရင်ကြီးကို ကျောပေးထားတာကြောင့် သူ့ရဲ့အေးစက်စက်အသွင်ကို မမြင်တော့ဘူး။
နတ်ဆိုးဘုရင်ကြီးက သူ့လက်ကိုပိုင်ရန့်ကျောပေါ်တင်ပြီး စွမ်းအင်တွေစုစည်းလိုက်တယ်။ မီးတောက်လိုမျိုးစွမ်းအင်တွေက သူ့ရဲ့မရီဒန်ကနေ သူ့ကိုယ်တစ်လျှောက်စီးဆင်းလာတယ်။ ထိမိလိုက်တဲ့နေရာတိုင်း တောက်လောက်တဲ့ခံစားချက်ဖြစ်ပေါ်လာစေတယ်။
ပိုင်ရန်သူ့တစ်ကိုယ်လုံး လောင်ကျွမ်းနေသလိုခံစားရပြီး အရမ်းမသက်မသာဖြစ်လာတယ်။ ရေပူစမ်းနဲ့တင် နွေးနေပြီကို ထပ်တိုးလာတဲ့ရေနွေးငွေ့တွေကြောင့် ပိုပူလာပြီး မူးဝေလာတယ်။
အတွင်းရော အပြင်ရောအတိုက်ခံနေရတာကြောင့် ချက်ပြုတ်ပြီးစားသောက်ခါနီး ရေနွေးငွေ့ခြင်းတောင်ထဲက ပူပူနွေးနွေးဘိန်းမုန့်တစ်ခုလိုတောင် ခံစားလာရတယ်။
နတ်ဆိုးဘုရင်ကြီးက အဲ့တာတမင်လုပ်နေတာ ဟုတ်တယ်မှတ်လား?
ဝိုးတိုးဝါးတားအတွေးတွေက သူဦးနှောက်ကထွက်ပေါ်လာတယ် ဒါပေမယ့် အဲ့တာကိုအာရုံထားနိုင်စွမ်းမရှိတော့ဘူး။
ကုသတာပြီးသွားချိန် သူ့အရေခွံတောင် အနွှာခံလိုက်ရပြီးလားလို့တောင် ပိုင်ရန်ခံစားနေရတယ်။ သူရေပူစမ်းကထွက်တော့ သူ့ရဲ့ကျင့်ကြံခြင်းတွေက ကြည်လင်နေပြီးအတွင်းပိုင်းမှာ စိတ်ဝိဉာဉ်အစွမ်းတွေ အများကြီးစုဝေးနေတယ်။
“ကျေးဇူးတင်ပါတယ် အရှင်!” ပိုင်ရန်နတ်ဆိုးဘုရင်ကြီးရဲ့ရည်ရွယ်ချက်အပေါ် သံသယဝင်နေခဲ့တာ၊ ဒါပေမယ့်ခုတော့ သူ့ကိုလုံးဝသံသယမဝင်တော့ဘူး။ အဲ့အစားသူခါးကိုကိုင်းညွှတ်ပြီး ရိုးသားစွာကျေးဇူးတင်ကြောင်းပြောလိုက်တယ်။
နတ်ဆိုးဘုရင်ကြီးကတော့ ပုံစံမပြောင်းမလဲပဲ။ “ဒီလိုလုပ်ဆောင်ချက်အရဆိုရင် မင်းခုနစ်ရက်ပြီးတာနဲ့ အပြည့်အဝသက်သာလာလိမ့်မယ်”
‘ခုနစ်ရက်!’
‘တကယ့်ကို ကောင်းလွန်းတယ်’
ပိုင်ရန်သူ့တာဝန်ကို မမေ့လျော့သေးတာကြောင့် “အရှင်.. လူသားနယ်မြေက…”
နတ်ဆိုးဘုရင်ကြီးက “ကိုယ်တော် မင်းရဲ့အခြေအနေကို လော့ကျန်းဖန်းကိုပြောထားလိုက်မယ်”
“ခုနစ်စင်ကြယ်သားတော်ဆိုပြီး စွပ်စွဲခံနေရတဲ့ကောင်လေးကရော?”
“ကိုယ်တော် လော့ကျန်းဖန်းကိုအခုလောလောဆယ်သွားမရှုပ်ဖို့ ပြောထားလိုက်မယ်”
ပိုင်ရန် ဒီလောက်ကြီးမားတဲ့ကိစ္စကိုဖြေရှင်းနိုင်သွားတဲ့အတွက် စိတ်သက်သာရာရသွားတယ်။
“ပြန်သွား၊ အဝတ်အစားလဲပြီး အနားယူလိုက်အုံး” နတ်ဆိုးဘုရင်ကြီး မြင်ကွင်းကမပျောက်ကွယ်သွားခင် ပြောသွားတယ်။ သူမြန်မြန်ကြီးထွက်သွားတာက သေချာပေါက်ပိုင်ရန့်ကို မကြည့်ချင်တော့လို့ဖြစ်မယ်။
ပိုင်ရန်သူထွက်သွားတာမြင်တော့ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်လုပ်ပြီး နန်းတော်ကသူ့ရဲ့အခန်းပိုဆီ အမြန်သွားလိုက်တယ်။
နောက်တစ်ရက် အားအင်အပြည့်နဲ့လန်းလန်းဆန်းဆန်း ပိုင်ရန်နိုးလာတယ်။ ကြည့်ရတာ ရေပူစမ်းမှာရေစိမ်လိုက်တာက အတော်လေးကောင်းကျိုးရှိတာ ဖြစ်မယ်။
“သခင် Daily Taskကိုမှတ်မိတယ်နော်”
“အင်းပါ ငါသိတယ်”
နေ့တိုင်း ရှောင်လင်းသူ့ကိုသတိပေးတယ်။ ခွေးတာတောင်မှ လူသတိမပေးဘဲ မှတ်မိနိုင်နေပြီ။
ပိုင်ရန်သူ့ကိုရေလာပို့ပေးမယ့်အစေခံတွေကို အခန်းထဲမှာပဲစောင့်နေလိုက်တယ်။ taskကိုပြီးဖို့အတွက် သူတို့ရဲ့မျက်နှာလေးတွေကို ကိုင်ပေးရအုံးမယ်။
ဘယ်လောက်မှတောင် သိပ်မကြာလိုက်ဘဲ တံခါးနောက်ကနေခြေသံတွေထွက်ပေါ်လာပြီး ယောကျာ်းတစ်ယောက်သံကြားလိုက်ရတယ်။ “အရှင်ရှဲ့ ကျွန်တော်တို့ရေလာပို့တာပါ”
ပိုင်ရန် သန်းဝေပြီးတံခါးဖွင့်ပေးလိုက်တော့ ယောကျာ်းနှစ်ယောက်ကို တွေ့လိုက်ရတယ်။ နှစ်ယောက်လုံးကနှစ်လိုဖွယ် မျက်နှာလေးတွေနဲ့ လှပကြတယ်။
ပိုင်ရန်daily taskကြောင့် ထာဝရအမှောင်ထုနန်းတော်မှာအိပ်ပြီး ရေလာပို့မယ့်အလှလေးတွေကို ရိသဲ့သဲ့လုပ်မှာဖြစ်တယ်။ သူအဲ့လိုလုပ်မလို့ဆိုပေမယ့် အရင်ကနဲ့မတူတဲ့လူတွေ ပေါ်လာမယ်လို့မထင်ထားခဲ့ဘူး။
ပိုင်ရန် ကြောင်သွားတယ်။ “ထာဝရအမှောင်ထုနန်းတော်က ကောင်းလိုက်တာ… ရေလာပို့တဲ့သူတွေတောင်မှ လှလို့ပလို့!”
ရှောင်လင်းကလည်းပြောတယ် “ဟုတ်ပါ့ ဒီနှစ်ယောက်ကိုသာ ခေတ်သစ်အဖွဲ့အစည်းထဲထည့်ပေးလိုက်ရင် သူတို့တွေက လက်ရာမြောက်မြင်ကွင်းရဲ့ အသားလတ်လတ်ဆတ်ဆတ်လေးတွေ ဖြစ်လာလိမ့်မယ်”
“ကြည့်ရတာ အရင်ကရေလာပို့တဲ့ အမျိုးသားနဲ့အမျိုးသမီး သွားပြီထင်တယ်” ပိုင်ရန်နည်းနည်းတော့ နောင်တရသွားတယ်။
“ဒီနှစ်ယောက်ကို လုပ်လည်းဖြစ်တယ်လေ… သူတို့ကလည်း တော်တော်လေးကြည့်ကောင်းနေတာပဲကို”
“သူတို့ကြည့်ကောင်းတော့ရော ဘာလုပ်ရမှာလဲ? သူတို့ကမိန်းကလေးတွေမှ မဟုတ်တာ” ပိုင်ရန် ခံပက်လိုက်တယ်။
“သူတို့တွေက မိန်းကလေးပြောင်းသွားရင်တောင် သခင်ကဘာလုပ်လုပ် စိတ်ထဲမှတွန့်ဆုတ်နေအုံးမှာပဲ.. လုပ်စမ်းပါ မြန်မြန်လေး daily taskကိုပြီးအောင်လုပ်လိုက်”
ယောကျာ်းလေးပြောင်းသွားတာရဲ့ကောင်းကွက်က ပိုင်ရန်သူ့ရဲ့Daily taskကို ပျက်သွားမှာစိုးရိမ်နေစရာမလိုတော့တာပဲ။ အဲ့အပြင် ယောကျာ်းလေးတွေက မိန်းကလေးတွေထက်တောင် ကိုင်တွယ်ရလွယ်တယ်ဆိုတာ သူတွေ့ရှိသွားတယ်။
“အရှင်ရှဲ့ အရှင့်ရဲ့ရေပါ” လူငယ်လေးထဲက တစ်ယောက်ကကြေးနီအင်တုံလေးနဲ့ ရှေ့တိုးလာတယ်။ သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေက ရေရောင်နဲ့ဟပ်ပြီး တဖျတ်ဖျတ်တောက်ပနေတယ်။
ပိုင်ရန် အင်တုံကိုလှမ်းယူတော့မလို့ပဲရှိသေးတယ် လူငယ်လေးက ‘အား’ဆိုပြီး ရေအပြည့်နဲ့အင်တုံကို ပိုင်ရန့်ပေါ်မှောက်ချလိုက်ပြီး သူ့အဝတ်အစားအသစ်တွေကို ရွှဲရွှဲစိုကုန်စေလိုက်တယ်။
“တောင်းပန်ပါတယ် အရှင်ရှဲ့! ကျွန်တော်မရည်ရွယ်ပါဘူး!” ထိုလူရွယ်လေးက ထိတ်လန့်တကြားဒူးထောက်လိုက်ပြီး ကြောက်ရွံ့စွာပြောလိုက်တယ်။
_____
Thanks😉