Unicode
လင်းမို နိုးလာသောအခါ မနက်မိုးသောက်ချိန်ရောက်နေပြီမှန်း သိလိုက်ရသည်။ သူ၏ ဘေးတွင်ရှိသော လီချန်းယုံမှာ အိပ်မောကျနေဆဲပင်ဖြစ်သည်။ တောင်ပိုင်းရာသီဥတုမှာ ဝံပုလွေဖြူလေးအတွက် တကယ်ပူနေဟန်တူသည်။ ဝံပုလွေဖြူလေး၏ ကျော့ရှင်းသောလည်တိုင်တွင် ချွေးစက်တို့ ရှိနေသည်။
လင်းမိုက လီချန်းယုံ၏ နဖူးပြင်တွင်ဝဲကျနေသော ဆံနွယ်တို့ကို အသာသပ်ပေးလိုက်သည်။ အအိပ်ဆတ်သော လီချန်းယုံမှာ သူ၏ မျက်နှာကို လာရိုက်ခတ်သော အထိအတွေ့ကြောင့် အနည်းငယ် လှုပ်ရှားသွားလေသည်။
လီချန်းယုံက အိပ်နေရာမှ နိုးသွားပြီး မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပြီး မျက်လုံးများကိုအားယူဖွင့်လိုက်သည်။ ဝါးနေသော ပုံရိပ်တို့ထင်ရှားလာသောအခါ နံဘေးတွင် သူ့ကို မေးထောက်ကာ ကြည့်နေသော လင်းမိုကို တွေ့လိုက်ရသည်။
"နိုးပြီလား...''
လင်းမိုက သူ၏ နှုတ်ခမ်းတို့ကွေးတက်သွားအောင်ထိ ပြုံးလိုက်ပြီး နိုးထလာသော ဝံပုလွေဖြူလေးကို နှုတ်ဆက်လိုက်သည်။
လီချန်းယုံက လင်းမိုကိုတစ်ချက်ကြည့်ပြီး သူ၏ မျက်လုံးတို့ ပြန်ပိတ်သွားသည်။ သူ၏ နှုတ်ဖျားမှလည်း လေသံတိုးတိုးလေး ထွက်သွားသည်။
"နိုးသေးဘူး...''
"....''
လင်းမိုမှာ သူရှေ့တွင်ပင် မျက်စိတို့ပွင့်လာပြီး နိုးလာကာ သူမေးလိုက်မှ မျက်လုံးတို့ပိတ်သွားသော ဝံပုလွေဖြူလေးကို သဘောကျပြီးရယ်နေလေသည်။ အေးစက်စက် ရေခဲမင်းသားမှာ တစ်ခါတစ်ရံ ထိုမျှ ကလေးဆန်တတ်သည်။
"ချန်း...ယုံ...မင်းအခုမှ အိပ်ယာနိုးတာလေ။ အခုပဲ ချစ်စရာကောင်းအောင် လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒီမနက် ညီလာခံ သွားစရာရှိသေးတယ်''
"သွားလေ...''
လီချန်းယုံက အရေးမစိုက်ဟန်ဖြင့် မျက်လုံးပင် မဖွင့်ပဲပြောလိုက်သည်။
လင်းမို သက်ပြင်းချပြီး သူ့၏ ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်လိုက်သည်။ လီချန်းယုံ၏ လက်တစ်ဖက်က သူ၏ ဝမ်းဗိုက်တွင်နေရာယူထားပြီး သူ၏ ကြွက်သားအမြောင်းမြောင်းကို တို့ထိနေလေသည်။ ခြေထောက်တစ်ဖက်ကလည်း သူ့ကိုခွထားပြီး လင်းမို၏ လက်တစ်ဖက်ကို ခေါင်းအုံးထားလေသည်။
"အားယုံလေး...တစ်ကိုယ်လုံးက ကိုယ်တော့်ပေါ်ရောက်တော့မယ်...ကိုယ်တော်က ဘယ်လိုလုပ်ညီလာခံသွားလို့ရမှာလဲ''
"....''
လီချန်းယုံဆီက တုံ့ပြန်သံ ထွက်မလာ။ ထိုအစား သူ၏ နှုတ်ခမ်းလွှာတို့်က ပြုံးယောင်ယောင်ဖြစ်သွားသည်။
အိပ်ချင်ယောင်ဆောင်ကာ သူ့ကို တွယ်ကပ်နေသော လီချန်းယုံကို အသဲယားစွာဖြင့် လင်းမိုက ပါးပြင်ကိုဆွဲဖဲ့လိုက်သည်။
"အေး...နာတယ်နော်''
ဝံပုလွေဖြူလေးဆီက မျက်စိမဖွင့်ပဲ တားမြစ်သံ ထွက်လာသည်။
လင်းမိုက သူ့ကိုယ်ပေါ်ရောက်လုဆဲဆဲ ဝံပုလွေဖြူလေးကို အိပ်ယာပေါ်သို့ ဆွဲလှဲကာ သူက အပေါ်က အုပ်မိုးထားလိုက်သည်။ ရုတ်တရက် ဆွဲလှဲခံရသော ဝံပုလွေဖြူလေးမှာ မျက်စိတစ်ဖက်ဖွင့်ပြီး ချောင်းကြည့်သည်။ ငုံ့မိုးကာ သူ့ကို ကြည့်နေသော မျက်နှာချောချောကြီးကို တွေ့လိုက်ရသောအခါ စိတ်မထိန်းနိုင်ပဲ မျက်လုံး နောက်တစ်ဖက်ပါ ဖွင့်ကြည့်လိုက်သည်။
သူတွေ့လိုက်ရသည်က စူးရှသော မျက်လုံးတစ်စုံ၊ တိရိသော နှုတ်ခမ်းလွှာ၊ ဖြောင့်တန်းသောနှာတံ၊ ထူထဲသော မျက်ခုံးတို့ဖြင့် သူ့ကို ငုံ့ကြည့်နေသော လင်းမို။ ထိုအခိုက်အတန့်တွင် လင်းမိုနှင့် ပတ်သက်၍ ဘွဲ့ထူးများကို သီချင်းလုပ်သီဆိုကြသော ဆယ့်ခြောက်ပြည်ထောင်က သဘင်သည်တို့၏ သီချင်းများမှာ အစစ်အမှန်ဖြစ်ကြောင်း နားလည်လိုက်သည်။
လင်းမိုသည် နတ်ဘုရားတစ်ပါးလို ချောမောသည်။
လင်းမိုသည် သူ့ကို ယခုမှ မြင်ဖူးသလို ငေးကြည့်နေသော ဝံပုလွေဖြူလေး၏ အတွေးများကို ဖတ်နိုင်သည့်အလား ပြောလိုက်သည်။
"အားယုံလေး...ကိုယ်တော့်ရဲ့ချောမောမှုအောက်မှာ တုပ်လှုပ်သွားတာလား။ ဘယ်လိုလုပ်မလဲ အားယုံလေး မနက်မိုးလင်းတိုင်း တုပ်လှုပ်နေရမှာ...ကိုယ်တော်ကအမြဲချောနေတာမလို့''
ထိုအရှက်မဲ့သော စကားကြားမှ လီချန်းယုံသည် သူငေးမောနေသည့်သူမှာ နတ်ဘုရားမဟုတ်ပဲ မကောင်းဆိုးဝါးဖြစ်ကြောင်း သတိရသွားသည်။ သူတစ်ကိုယ်လုံး ကိုက်ခဲနေသလိုပင် ခံစားလိုက်ရသည်။
"ဖယ် ...''
ပြောရင်း လီချန်းယုံက သူ့ကိုယ်ပေါ်က လင်းမိုကို တွန်းလွှတ်သည်။
လင်းမိုက အပြောင်းအလဲမြန်သော ဝံပုလွေဖြူလေးကို အတင်းပွေ့ဖက်ရန် ကြိုးပမ်းသည်။ လီချန်းယုံက ရုန်းကန်သည်။ ခွန်အားသန်မာသောသူများ ဖြစ်သည့်အတွက် သူတို့၏ တိုက်ပွဲက အနည်းငယ်ပြင်းထန်သည်။ အိပ်ယာအကျယ်ကြီးပေါ်က ခေါင်းအုံးများအောက်ကျသွားကြသည်။ အိပ်ယာခင်းစမှာလည်း ဖရိုဖရဲ ဖြစ်သွားသည်။
ရလဒ်ကတော့ ရှင်းလင်းပါသည်။ လီချန်းယုံမှာ သန်မာသော်လည်း သူ မည်သည့်အခါမျှ လင်းမိုကို မယှဉ်နိုင်။ ယခုလို လုံးထွေးပြီး ရုန်းရင်းခတ်ဆန်ဖြစ်တိုင်း လင်းမိုကသာ အနိုင်ရစမြဲ ဖြစ်သည်။ ရှုံးနိမ့်သွားသော်လည်း ကိစ္စမရှိပါ။ သူသည် လင်းမို၏ အားနည်းချက်ကိုသိထားလေသည်။
လီချန်းယုံက သူ့ကို အတင်းဖက်ရန်ကြိုးပမ်းနေသော လင်းမိုကို အလိုမကျစွာဖြင့် နှုတ်ခမ်းတို့ ဆူပုတ်သွားသည်။ ဝံပုလွေဖြူလေး ရွှေစိတ်တော်ညိုသွားသည်ကို သိသော လင်းမိုက အလျင်အမြန် ပြောလေသည်။
"အားယုံလေး...နှုတ်ခမ်းကြီးစူပုတ်မနေနဲ့။ ကိုယ်တော်က စတာကို...''
လင်းမိုသည် လီချန်းယုံ တမင်စိတ်ဆိုးချင်ယောင်ဆောင်နေမှန်းသိသော်လည်း ခင်ပွန်းသည်တို့၏ ဝတ္တရားအတိုင်း ချော့ရပေသည်။
အဆုံးသတ်တွင်တော့ လင်းမို၏ တောင့်တင်းခိုင်မာသော ပခုံးသား၌ ဝံပုလွေဖြူလေး၏ သွားရာ အကွင်းလိုက်ရရှိလိုက်ပြီး လီချန်းယုံ၏ ဝင်းမွတ်သော လည်တိုင်တွင်မူ အနီရဲရဲအမှတ်တို့ ထင်ကျန်ခဲ့သည်။
မောပန်းသွားသော ထိုနှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်နေလေသည်။
ထိုစဉ် အိပ်ဆောင်ရှေ့မှ တံခါးခေါက်သံကြားလိုက်ရသည်။
"ဝင်ခဲ့...''
လင်းမို၏ သြဇာပါပါအမိန့်သံအောက်မှာ အထိန်းတော်ကြီး ဝင်လာလေသည်။ အိပ်ခန်းတွင်းသို့ ခြေချမိသော အထိန်းတော်ကြီးမှာ ရုတ်တရက်အနည်းငယ်တုံ့ဆိုင်းသွားသည်။
တစ်စစီပြန့်ကျဲနေသော ခေါင်းအုံး၊ စောင်၊ အိပ်ယာခင်းများနှင့် ပုံနေသော ဝတ်ရုံလွှာတို့ဖြင့် အိပ်ခန်းက မြင်မကောင်းအောင် ရှုပ်ပွနေသည်။ သူမော့ကြည့်တော့ အရှင်နှစ်ယောက်မှာလည်း ဝတ်ရုံများဖရိုဖရဲ...
အထိန်းတော်၏ မျက်နှာကို အကဲခတ်လိုက်သည်နှင့် လင်းမိုသည် အရင်က သူ့အိပ်ဆောင်ကို ယခုရှုပ်ပွအောင် မလုပ်ဖူးမှန်းသိလိုက်ချေသည်။ သို့ကြောင့် လီချန်းယုံမှာ အပြစ်ရှိစွာနှင့် ရယ်ပြလိုက်သည်။ အထိန်းတော်ကြီးမှာ မဝံ့မရဲဖြင့်ခေါင်းငုံ့ထားသည်။
လင်းမိုကတော့ ကိစ္စတစ်ခုလုံး သူနှင့်မဆိုင်သည့်အလား အေအေးဆေးဆေးပင်။
"ကိုယ်တော့်အခန်းထဲထိ ဝင်လာပြီး ဘာလျှောက်တင်စရာမှ မရှိဘူးလား''
"စိုးရွံ့ပါတယ်အရှင်...ကျွန်တော်မျိုး အရှင်တို့နှစ်ယောက်အတွက် မနက်စာပြင်ဆင်ဖို့ရာ မြောက်ပိုင်းအိမ်ရှေ့စံ အတွက် သီးသန့်ပြင်ပေးရမယ့် စားဖွယ်များရှိလားလို့ လာမေးလျှောက်တာပါ''
လင်းမိုနားလည်သွားချေသည်။ အထိန်းတော်ကြီးမှာ ယခုမှ ရောက်လာသော မြောက်ပိုင်းအိမ်ရှေ့စံ ရှောင်ကြဉ်သည့်အစားအစာ မတည့်သည့်အစားအစာ ရှိပါက ကြိုတင်ပြင်ဆင်နိုင်ရန် လာရောက်မေးစမ်းခြင်းဖြစ်သည်။ တစ်စုံတစ်ရာ ချွတ်ချော်သွားပါက သူတို့သေဒဏ်သင့်သွားမည်ဆိုးသောကြောင့် ဖြစ်သည်။
လင်းမိုမှာ သူ၏ အတွေးထဲတွင် ဝံပုလွေဖြူလေး မုန့်မျိုးစုံ၊ အစားအစာမျိုးစုံကို ပလုပ်ပလောင်းစားနေသော ပုံရိပ်တို့ ပေါ်လာသည်။
"ကိစ္စမရှိဘူး...အထိန်းတော်ကြီး။ သူက အစားဆို အကုန်တည့်တယ်''
"....''
လီချန်းယုံမှာ လင်းမို၏ စကားကြောင့် သူ၏ ဝံပုလွေမျက်စောင်းတို့ လင်းမိုထံသို့ ပစ်လွှတ်လိုက်သည်။ အထိန်းတော်ကြီးသာ မရှိပါက သူလင်းမိုကို ကန်ပစ်မည်ဖြစ်သည်။
အထိန်းတော်ကြီးမှာ အရှင်နှစ်ပါး၏ ဖြစ်အင်ကိုကြည့်ကာ ဟန်မပျက် အရိုအသေပေးပြီး အိပ်ဆောင်တွင်းမှ အလျင်အမြန် ထွက်လာရသည်။
သို့သော် သူ့နားထဲတွင် စကားသံအချို့ ကြားဖြစ်အောင်ကြားလိုက်သေးသည်။
"မင်း....သေပြီသာမှတ်''
"ကိုယ်တော်ပြောတာမဟုတ်လို့လား...အားယုံ တကယ်စားတာပဲကို...တစ်ခါကများ ကိုယ်တော့်ကိုမေ့ပြီး...''
"ငါမေ့တာမဟုတ်ဘူးလို့...''
"အား...မကိုက်နဲ့။ ကိုယ်တော် ဘာလုပ်လို့လဲ''
အထိန်းတော်ကြီးထွက်သွားပြီး မရှေးမနှောင်းမှာပင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသော စားဖွယ်တို့်နှင့် အစေခံတစ်ချို့ရောက်လာသည်။ ရေချိုးကိုယ်လက်သန့်စင်ပြီး ဝတ်ရုံအပြည့်လဲထားသော လီချန်းယုံမှာ အစေခံတို့ဝင်လာသည်နှင့် စားပွဲရှေ့တွင် အသင့်နေရာယူပြီးသား ဖြစ်သည်။
အစေခံတို့စားဖွယ်များကို နေရာချပြီးနောက် လီချန်းယုံက မြည်းစမ်းကြည့်ရန် တူကိုယူလိုက်သည်။ ထိုအခိုက်အတန့်မှာပင်ကန့်လန့်ကာနောက်က လင်းမို၏ အသံထွက်လာသည်။
"ချန်း...ယုံ!''
လင်းမိုမှာလီချန်းယုံနှင့် ရေအတူတူချိုးပြီးဖြစ်သော်လည်း ဝတ်ရုံပြည့်မလဲရသေး။ ဝတ်ရုံဖရိုဖရဲနှင့် ကန့်လန့်ကာ ထွက်လာသော လင်းမိုက သူ၏ ခါးကိုလက်ညှိုးထိုးပြကာ ပြောသည်။
"စည်းပေးဦး...''
တန်းလန်းကျနေသော ဝတ်ရုံခါးစည်းကို ချည်ခိုင်းနေခြင်း ဖြစ်သည်။
အစေခံမလေးများမှာ အခွင့်မရှိဘဲ အရှင့်မျက်နှာကို မော်ဖူးခွင့် မရှိသောကြောင့် ခေါင်းများငုံ့ထားကြသည်။
လီချန်းယုံမှာ တူကိုဆောင့်ကြီးအောင့်ကြီးချလိုက်ပြီး ပြန်ပြောသည်။
"မင်းမှာလက်ပါတယ်နော်...''
"အားယုံလေး ရှိနေတာကို...ကိုယ်တော်က ဘာလို့ ကိုယ့်ဘာသာ လုပ်ရမှာလဲ''
"...''
လီချန်းယုံမှာ သူဆက်လက်ငြင်းခုန်နေပါက မနက်စာစားရကိန်း မရှိတော့သောကြောင့် စိတ်လျှော့ကာ လင်းမို၏ ဝတ်ရုံကို ကူညီဝတ်ပေးရလေသည်။
လင်းမိုသည် ယခုမှ အဘယ့်ကြောင့် ယောကျ်ားသားတို့ အိမ်ထောင်ပြုချင်ကြသည်ဆိုသော အဖြေကိုရှာတွေ့သွားချေပြီ။ အားကိုးရသော ဇနီးမယားလိုချင်သောကြောင့် ဖြစ်သည်။
လင်းမို၏ ဝတ်ရုံကို ကူညီဝတ်ပေးပြီးမှ လီချန်းယုံမှာ မနက်စာစားရလေသည်။ ပူပူနွေးနွေးဖြင့် စားချင်စားဖွယ်ချက်ပြုတ်ထားသော တောင်ပိုင်းအစားအစာမှာ လွန်စွာအရသာရှိလှသည်။ လင်းမိုက အလိုက်သိစွာပင် စားဖွယ်တို့ကို ဝံပုလွေဖြူလေး၏ ပန်းကန်အတွင်းသို့ ထည့်ပေးလေသည်။ နူးအိနေအောင် ချက်ထားသော အသားဖတ်များကိုပင် ပိုသေးအောင်ထပ်ဖဲ့ပေးနေသည်။ အစားများပြီး ဝံပုလွေဖြူလေး အစာမကြေဖြစ်မည်စိုးသောကြောင့် ဖြစ်သည်။
အသားတစ်ဖက်ကို ပန်းကန်ထဲထည့်ပေးပြီး လင်းမိုက မေးသည်။
"ချန်းယုံ...မင်းဒီကို လာတာတစ်ယောက်တည်းလား''
ထိုအခါမှ လီချန်းယုံက တစ်စုံတစ်ခုကို သတိရကာ သူ့ နဖူးသူ ရိုက်လိုက်သည်။
"ဟာ...မေ့နေတာ ရှောင်ချိုနဲ့ဟေးချိုပါသေးတယ်''
လွန်စွာသတိကောင်းလှသော ဝံပုလွေဖြူလေး၏ ဦးနှောက်ကို လင်းမို ထူးပြီး မအံ့သြတော့ပါ။ အပြင်ထွက်သွားရန် ပြင်နေသော လီချန်းယုံကို အသာဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်ရသည်။
"နေပါ...အမတ်ကြီးသိမှာပါ။ ပစ်မထားပါဘူး။ မြောက်ပိုင်းလိုက်လာဖူးတဲ့ ကိုယ်ရံတော် တပ်မှူးလည်း ရှိတယ်။ ရှောင်ချိုကို သိမှာပါ''
ထိုစကားကြားမှ လီချန်းယုံက စိတ်သက်သာရာရပြီး ပြန်ထိုင်လိုက်သည်။ လင်းမိုကတော့ နံဘေးတွင် သူရှိလျှင် ပုံမှန်ဆင်ခြင်တုံတရားတို့ လျော့ကျသွားသော ဝံပုလွေဖြူလေးကို အပြစ်မမြင်ပဲ လင်းမို ပို၍ပင် ချစ်လာသယောင်...
အခြားနန်းဆောင်တွင်တော့...
ရှောင်ချိုနှင့်ဟေးချိုမှာ သူတို့အတွက်ပြင်ဆင်ထားသော မနက်စာကို ဟန်ဆောင်ပန်ဆောင်စားနေကြသည်။ သာမန်လူသား များ မဟုတ်သည့် အတွက် သူတို့အတွက် ထိုအရာတို့က မလိုအပ်ချေ။ မနေ့ညနေက နန်းတော်ကို လျှောက်ကြည့်ရင်း အမတ်ကြီးနှင့်တွေ့ကာ အမတ်ကြီးက သူတို့ကို ယခုနန်းဆောင်တွင်နေရာချထားခြင်း ဖြစ်သည်။ ယခုလည်း မနက်စာစားရန် အစေခံတို့က လာပို့သွားခြင်း ဖြစ်သည်။
ရှောင်ချိုက ပူပူနွေးနွေး စွပ်ပြုတ်ဆီသို့ လက်လှမ်းနေစဉ်မှာပင် ဟေးချိုဆီက စကားသံထွက်လာသည်။
"ရှောင်ချို...ငါတို့ သခင်လေးကို သွားမပြောသင့်ဘူးလား။ မနေ့ကတည်းက မတွေ့ရသေးဘူး''
ရှောင်ချိုက ဟေးချိုကို မင်းတုံးလှချည်လား ဆိုသောအကြည့်တို့ကို အဓိပ္ပါယ်ပါပါ လွှတ်လိုက်သည်။
"မင်းစားမှာသာစားစမ်းပါ။ သူငါတို့ကို သတိရရင်တောင် ကံကောင်း''
ဟေးချိုမှာ ကြောင်သွားသည်။ လဝက်လောက်တူတူခရီးနှင်လာရသောသူတို့ကို နေ့တစ်ဝက်မတွေ့ရသည်နှင့် သခင်လေးက မေ့သွားသည်လား။
"မင်းနားလည်မှာမဟုတ်ဘူး။ သခင်လေး ချန်းယုံက အရှင်လင်းမိုရှိရင် သူ့ဉာဏ်ရည်က နှစ်နှစ်သားလောက်ပဲရှိတော့တာ...ဘာမှသတိမရတော့ဘူး''
ဟေးချိုက ရေနွေးခွက်ကို ကောက်ကိုင်ကာ ငေးကြည့်နေပြီး တီးတိုးရေရွတ်နေသည်။
"ထူးဆန်းတယ်...ရှောင်ချို!...အဲ့ဒါ ရောဂါလား''
ရှောင်ချိုမှာ ရယ်ချင်စိတ်ကို မအောင့်အီးနိုင်သောကြောင့် အသံထွက်ကာ ရယ်ပစ်လိုက်သည်။
"ဟုတ်တယ်...မင်းပြောသလိုပဲ...အဲ့ဒါလည်း ရောဂါတစ်မျိုးပဲ''
ဟေးချိုမှာ သူလိုက်မမှီသော ရောဂါအဆန်းအကြောင်းကို ရေနွေးပူပူကို မှုတ်သောက်ပြီးစဉ်းစားနေသည်။ ရှောင်ချိုကတော့ ပျင်းတိပျင်းရွဲဖြင့် စားပွဲပေါ်မှ ဟင်းလျာတို့ကို တစ်ခုချင်း ယူစားနေလေတော့သည်။
ဘုရင်ကြီး၏ နန်းဆောင်တွင်တော့ ဘုရင်ကြီးက ညီလာခံတက်ရန် ခန်းမဆောင်သို့ဦးတည်သွားနေသည်။ ခါတိုင်းဆို တစ်ပါးတည်းကြွလာသော ဘုရင်ကြီး၏ ဘေးတွင် ချောမောခန့်ညားသော အဖြူရောင်ပုံရိပ်တစ်ခုက ကပ်လျှပ်ပါလာသည်။
လီချန်းယုံမှာ အိပ်ဆောင်တွင် အေးအေးဆေးဆေးနေချင်ပါသော်လည်း နိုင်ထက်စီးနင်းပြုတတ်သောဘုရင်ကြီးက ညီလာခံကို အတူလိုက်ရန် ပြောနေသောကြောင့် လိုက်လာခြင်း ဖြစ်သည်။ လင်းမိုနှင့်လီချန်းယုံ၏ နောက်တွင်မှ မြောက်များစွာသော အစေခံနှင့် ကိုယ်ရံတော်တို့လိုက်ပါလာကြသည်။
________________________________________________________________
Zawgyi
လင္းမို ႏိုးလာေသာအခါ မနက္မိုးေသာက္ခ်ိန္ေရာက္ေနၿပီမွန္း သိလိုက္ရသည္။ သူ၏ ေဘးတြင္႐ွိေသာ လီခ်န္းယံုမွာ အိပ္ေမာက်ေနဆဲပင္ျဖစ္သည္။ ေတာင္ပိုင္းရာသီဥတုမွာ ဝံပုေလြျဖဴေလးအတြက္ တကယ္ပူေနဟန္တူသည္။ ဝံပုေလြျဖဴေလး၏ ေက်ာ့႐ွင္းေသာလည္တိုင္တြင္ ေခြၽးစက္တို႔ ႐ွိေနသည္။
လင္းမိုက လီခ်န္းယံု၏ နဖူးျပင္တြင္ဝဲက်ေနေသာ ဆံႏြယ္တို႔ကို အသာသပ္ေပးလိုက္သည္။ အအိပ္ဆတ္ေသာ လီခ်န္းယံုမွာ သူ၏ မ်က္ႏွာကို လာ႐ိုက္ခတ္ေသာ အထိအေတြ႔ေၾကာင့္ အနည္းငယ္ လႈပ္႐ွားသြားေလသည္။
လီခ်န္းယံုက အိပ္ေနရာမွ ႏိုးသြားၿပီး မ်က္ေတာင္႐ွည္ႀကီးမ်ားကို ပုတ္ခတ္ၿပီး မ်က္လံုးမ်ားကိုအားယူဖြင့္လိုက္သည္။ ဝါးေနေသာ ပံုရိပ္တို႔ထင္႐ွားလာေသာအခါ နံေဘးတြင္ သူ႔ကို ေမးေထာက္ကာ ၾကည့္ေနေသာ လင္းမိုကို ေတြ႔လိုက္ရသည္။
"ႏိုးၿပီလား...''
လင္းမိုက သူ၏ ႏႈတ္ခမ္းတို႔ေကြးတက္သြားေအာင္ထိ ျပံဳးလိုက္ၿပီး ႏိုးထလာေသာ ဝံပုေလြျဖဴေလးကို ႏႈတ္ဆက္လိုက္သည္။
လီခ်န္းယံုက လင္းမိုကိုတစ္ခ်က္ၾကည့္ၿပီး သူ၏ မ်က္လံုးတို႔ ျပန္ပိတ္သြားသည္။ သူ၏ ႏႈတ္ဖ်ားမွလည္း ေလသံတိုးတိုးေလး ထြက္သြားသည္။
"ႏိုးေသးဘူး...''
"....''
လင္းမိုမွာ သူေ႐ွ႕တြင္ပင္ မ်က္စိတို႔ပြင့္လာၿပီး ႏိုးလာကာ သူေမးလိုက္မွ မ်က္လံုးတို႔ပိတ္သြားေသာ ဝံပုေလြျဖဴေလးကို သေဘာက်ၿပီးရယ္ေနေလသည္။ ေအးစက္စက္ ေရခဲမင္းသားမွာ တစ္ခါတစ္ရံ ထိုမွ် ကေလးဆန္တတ္သည္။
"ခ်န္း...ယံု...မင္းအခုမွ အိပ္ယာႏိုးတာေလ။ အခုပဲ ခ်စ္စရာေကာင္းေအာင္ လုပ္ေနလို႔ ဘယ္ျဖစ္မလဲ။ ဒီမနက္ ညီလာခံ သြားစရာ႐ွိေသးတယ္''
"သြားေလ...''
လီခ်န္းယံုက အေရးမစိုက္ဟန္ျဖင့္ မ်က္လံုးပင္ မဖြင့္ပဲေျပာလိုက္သည္။
လင္းမို သက္ျပင္းခ်ၿပီး သူ႔၏ ခႏၶာကိုယ္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ လီခ်န္းယံု၏ လက္တစ္ဖက္က သူ၏ ဝမ္းဗိုက္တြင္ေနရာယူထားၿပီး သူ၏ ႂကြက္သားအေျမာင္းေျမာင္းကို တို႔ထိေနေလသည္။ ေျခေထာက္တစ္ဖက္ကလည္း သူ႔ကိုခြထားၿပီး လင္းမို၏ လက္တစ္ဖက္ကို ေခါင္းအံုးထားေလသည္။
"အားယံုေလး...တစ္ကိုယ္လံုးက ကိုယ္ေတာ့္ေပၚေရာက္ေတာ့မယ္...ကိုယ္ေတာ္က ဘယ္လိုလုပ္ညီလာခံသြားလို႔ရမွာလဲ''
"....''
လီခ်န္းယံုဆီက တံု႔ျပန္သံ ထြက္မလာ။ ထိုအစား သူ၏ ႏႈတ္ခမ္းလႊာတို္႔က ျပံဳးေယာင္ေယာင္ျဖစ္သြားသည္။
အိပ္ခ်င္ေယာင္ေဆာင္ကာ သူ႔ကို တြယ္ကပ္ေနေသာ လီခ်န္းယံုကို အသဲယားစြာျဖင့္ လင္းမိုက ပါးျပင္ကိုဆြဲဖဲ့လိုက္သည္။
"ေအး...နာတယ္ေနာ္''
ဝံပုေလြျဖဴေလးဆီက မ်က္စိမဖြင့္ပဲ တားျမစ္သံ ထြက္လာသည္။
လင္းမိုက သူ႔ကိုယ္ေပၚေရာက္လုဆဲဆဲ ဝံပုေလြျဖဴေလးကို အိပ္ယာေပၚသို႔ ဆြဲလွဲကာ သူက အေပၚက အုပ္မိုးထားလိုက္သည္။ ႐ုတ္တရက္ ဆြဲလွဲခံရေသာ ဝံပုေလြျဖဴေလးမွာ မ်က္စိတစ္ဖက္ဖြင့္ၿပီး ေခ်ာင္းၾကည့္သည္။ ငံု႔မိုးကာ သူ႔ကို ၾကည့္ေနေသာ မ်က္ႏွာေခ်ာေခ်ာႀကီးကို ေတြ႔လိုက္ရေသာအခါ စိတ္မထိန္းႏိုင္ပဲ မ်က္လံုး ေနာက္တစ္ဖက္ပါ ဖြင့္ၾကည့္လိုက္သည္။
သူေတြ႔လိုက္ရသည္က စူး႐ွေသာ မ်က္လံုးတစ္စံု၊ တိရိေသာ ႏႈတ္ခမ္းလႊာ၊ ေျဖာင့္တန္းေသာႏွာတံ၊ ထူထဲေသာ မ်က္ခံုးတို႔ျဖင့္ သူ႔ကို ငံု႔ၾကည့္ေနေသာ လင္းမို။ ထိုအခိုက္အတန္႔တြင္ လင္းမိုႏွင့္ ပတ္သက္၍ ဘြဲ႔ထူးမ်ားကို သီခ်င္းလုပ္သီဆိုၾကေသာ ဆယ့္ေျခာက္ျပည္ေထာင္က သဘင္သည္တို႔၏ သီခ်င္းမ်ားမွာ အစစ္အမွန္ျဖစ္ေၾကာင္း နားလည္လိုက္သည္။
လင္းမိုသည္ နတ္ဘုရားတစ္ပါးလို ေခ်ာေမာသည္။
လင္းမိုသည္ သူ႔ကို ယခုမွ ျမင္ဖူးသလို ေငးၾကည့္ေနေသာ ဝံပုေလြျဖဴေလး၏ အေတြးမ်ားကို ဖတ္ႏိုင္သည့္အလား ေျပာလိုက္သည္။
"အားယံုေလး...ကိုယ္ေတာ့္ရဲ႕ေခ်ာေမာမႈေအာက္မွာ တုပ္လႈပ္သြားတာလား။ ဘယ္လိုလုပ္မလဲ အားယံုေလး မနက္မိုးလင္းတိုင္း တုပ္လႈပ္ေနရမွာ...ကိုယ္ေတာ္ကအျမဲေခ်ာေနတာမလို႔''
ထိုအ႐ွက္မဲ့ေသာ စကားၾကားမွ လီခ်န္းယံုသည္ သူေငးေမာေနသည့္သူမွာ နတ္ဘုရားမဟုတ္ပဲ မေကာင္းဆိုးဝါးျဖစ္ေၾကာင္း သတိရသြားသည္။ သူတစ္ကိုယ္လံုး ကိုက္ခဲေနသလိုပင္ ခံစားလိုက္ရသည္။
"ဖယ္ ...''
ေျပာရင္း လီခ်န္းယံုက သူ႔ကိုယ္ေပၚက လင္းမိုကို တြန္းလႊတ္သည္။
လင္းမိုက အေျပာင္းအလဲျမန္ေသာ ဝံပုေလြျဖဴေလးကို အတင္းေပြ႔ဖက္ရန္ ႀကိဳးပမ္းသည္။ လီခ်န္းယံုက ႐ုန္းကန္သည္။ ခြန္အားသန္မာေသာသူမ်ား ျဖစ္သည့္အတြက္ သူတို႔၏ တိုက္ပြဲက အနည္းငယ္ျပင္းထန္သည္။ အိပ္ယာအက်ယ္ႀကီးေပၚက ေခါင္းအံုးမ်ားေအာက္က်သြားၾကသည္။ အိပ္ယာခင္းစမွာလည္း ဖ႐ိုဖရဲ ျဖစ္သြားသည္။
ရလဒ္ကေတာ့ ႐ွင္းလင္းပါသည္။ လီခ်န္းယံုမွာ သန္မာေသာ္လည္း သူ မည္သည့္အခါမွ် လင္းမိုကို မယွဥ္ႏိုင္။ ယခုလို လံုးေထြးၿပီး ႐ုန္းရင္းခတ္ဆန္ျဖစ္တိုင္း လင္းမိုကသာ အႏိုင္ရစျမဲ ျဖစ္သည္။ ႐ႈံးနိမ့္သြားေသာ္လည္း ကိစၥမ႐ွိပါ။ သူသည္ လင္းမို၏ အားနည္းခ်က္ကိုသိထားေလသည္။
လီခ်န္းယံုက သူ႔ကို အတင္းဖက္ရန္ႀကိဳးပမ္းေနေသာ လင္းမိုကို အလိုမက်စြာျဖင့္ ႏႈတ္ခမ္းတို႔ ဆူပုတ္သြားသည္။ ဝံပုေလြျဖဴေလး ေရႊစိတ္ေတာ္ညိဳသြားသည္ကို သိေသာ လင္းမိုက အလ်င္အျမန္ ေျပာေလသည္။
"အားယံုေလး...ႏႈတ္ခမ္းႀကီးစူပုတ္မေနနဲ႔။ ကိုယ္ေတာ္က စတာကို...''
လင္းမိုသည္ လီခ်န္းယံု တမင္စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနမွန္းသိေသာ္လည္း ခင္ပြန္းသည္တို႔၏ ဝတၱရားအတိုင္း ေခ်ာ့ရေပသည္။
အဆံုးသတ္တြင္ေတာ့ လင္းမို၏ ေတာင့္တင္းခိုင္မာေသာ ပခံုးသား၌ ဝံပုေလြျဖဴေလး၏ သြားရာ အကြင္းလိုက္ရ႐ွိလိုက္ၿပီး လီခ်န္းယံု၏ ဝင္းမြတ္ေသာ လည္တိုင္တြင္မူ အနီရဲရဲအမွတ္တို႔ ထင္က်န္ခဲ့သည္။
ေမာပန္းသြားေသာ ထိုႏွစ္ေယာက္မွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ရယ္ေနေလသည္။
ထိုစဥ္ အိပ္ေဆာင္ေ႐ွ႕မွ တံခါးေခါက္သံၾကားလိုက္ရသည္။
"ဝင္ခဲ့...''
လင္းမို၏ ျသဇာပါပါအမိန္႔သံေအာက္မွာ အထိန္းေတာ္ႀကီး ဝင္လာေလသည္။ အိပ္ခန္းတြင္းသို႔ ေျခခ်မိေသာ အထိန္းေတာ္ႀကီးမွာ ႐ုတ္တရက္အနည္းငယ္တံု႔ဆိုင္းသြားသည္။
တစ္စစီျပန္႔က်ဲေနေသာ ေခါင္းအံုး၊ ေစာင္၊ အိပ္ယာခင္းမ်ားႏွင့္ ပံုေနေသာ ဝတ္ရံုလႊာတို႔ျဖင့္ အိပ္ခန္းက ျမင္မေကာင္းေအာင္ ႐ႈပ္ပြေနသည္။ သူေမာ့ၾကည့္ေတာ့ အ႐ွင္ႏွစ္ေယာက္မွာလည္း ဝတ္ရံုမ်ားဖ႐ိုဖရဲ...
အထိန္းေတာ္၏ မ်က္ႏွာကို အကဲခတ္လိုက္သည္ႏွင့္ လင္းမိုသည္ အရင္က သူ႔အိပ္ေဆာင္ကို ယခု႐ႈပ္ပြေအာင္ မလုပ္ဖူးမွန္းသိလိုက္ေခ်သည္။ သို႔ေၾကာင့္ လီခ်န္းယံုမွာ အျပစ္႐ွိစြာႏွင့္ ရယ္ျပလိုက္သည္။ အထိန္းေတာ္ႀကီးမွာ မဝံ့မရဲျဖင့္ေခါင္းငံု႔ထားသည္။
လင္းမိုကေတာ့ ကိစၥတစ္ခုလံုး သူႏွင့္မဆိုင္သည့္အလား ေအေအးေဆးေဆးပင္။
"ကိုယ္ေတာ့္အခန္းထဲထိ ဝင္လာၿပီး ဘာေလွ်ာက္တင္စရာမွ မ႐ွိဘူးလား''
"စိုးရြံ႕ပါတယ္အ႐ွင္...ကြၽန္ေတာ္မ်ိဳး အ႐ွင္တို႔ႏွစ္ေယာက္အတြက္ မနက္စာျပင္ဆင္ဖို႔ရာ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံ အတြက္ သီးသန္႔ျပင္ေပးရမယ့္ စားဖြယ္မ်ား႐ွိလားလို႔ လာေမးေလွ်ာက္တာပါ''
လင္းမိုနားလည္သြားေခ်သည္။ အထိန္းေတာ္ႀကီးမွာ ယခုမွ ေရာက္လာေသာ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံ ေ႐ွာင္ၾကဥ္သည့္အစားအစာ မတည့္သည့္အစားအစာ ႐ွိပါက ႀကိဳတင္ျပင္ဆင္ႏိုင္ရန္ လာေရာက္ေမးစမ္းျခင္းျဖစ္သည္။ တစ္စံုတစ္ရာ ခြၽတ္ေခ်ာ္သြားပါက သူတို႔ေသဒဏ္သင့္သြားမည္ဆိုးေသာေၾကာင့္ ျဖစ္သည္။
လင္းမိုမွာ သူ၏ အေတြးထဲတြင္ ဝံပုေလြျဖဴေလး မုန္႔မ်ိဳးစံု၊ အစားအစာမ်ိဳးစံုကို ပလုပ္ပေလာင္းစားေနေသာ ပံုရိပ္တို႔ ေပၚလာသည္။
"ကိစၥမ႐ွိဘူး...အထိန္းေတာ္ႀကီး။ သူက အစားဆို အကုန္တည့္တယ္''
"....''
လီခ်န္းယံုမွာ လင္းမို၏ စကားေၾကာင့္ သူ၏ ဝံပုေလြမ်က္ေစာင္းတို႔ လင္းမိုထံသို႔ ပစ္လႊတ္လိုက္သည္။ အထိန္းေတာ္ႀကီးသာ မ႐ွိပါက သူလင္းမိုကို ကန္ပစ္မည္ျဖစ္သည္။
အထိန္းေတာ္ႀကီးမွာ အ႐ွင္ႏွစ္ပါး၏ ျဖစ္အင္ကိုၾကည့္ကာ ဟန္မပ်က္ အ႐ိုအေသေပးၿပီး အိပ္ေဆာင္တြင္းမွ အလ်င္အျမန္ ထြက္လာရသည္။
သို႔ေသာ္ သူ႔နားထဲတြင္ စကားသံအခ်ိဳ႕ ၾကားျဖစ္ေအာင္ၾကားလိုက္ေသးသည္။
"မင္း....ေသၿပီသာမွတ္''
"ကိုယ္ေတာ္ေျပာတာမဟုတ္လို႔လား...အားယံု တကယ္စားတာပဲကို...တစ္ခါကမ်ား ကိုယ္ေတာ့္ကိုေမ့ၿပီး...''
"ငါေမ့တာမဟုတ္ဘူးလို႔...''
"အား...မကိုက္နဲ႔။ ကိုယ္ေတာ္ ဘာလုပ္လို႔လဲ''
အထိန္းေတာ္ႀကီးထြက္သြားၿပီး မေ႐ွးမေႏွာင္းမွာပင္ ဖြယ္ဖြယ္ရာရာ ျပင္ဆင္ထားေသာ စားဖြယ္တို္႔ႏွင့္ အေစခံတစ္ခ်ိဳ႕ေရာက္လာသည္။ ေရခ်ိဳးကိုယ္လက္သန္႔စင္ၿပီး ဝတ္ရံုအျပည့္လဲထားေသာ လီခ်န္းယံုမွာ အေစခံတို႔ဝင္လာသည္ႏွင့္ စားပြဲေ႐ွ႕တြင္ အသင့္ေနရာယူၿပီးသား ျဖစ္သည္။
အေစခံတို႔စားဖြယ္မ်ားကို ေနရာခ်ၿပီးေနာက္ လီခ်န္းယံုက ျမည္းစမ္းၾကည့္ရန္ တူကိုယူလိုက္သည္။ ထိုအခိုက္အတန္႔မွာပင္ကန္႔လန္႔ကာေနာက္က လင္းမို၏ အသံထြက္လာသည္။
"ခ်န္း...ယံု!''
လင္းမိုမွာလီခ်န္းယံုႏွင့္ ေရအတူတူခ်ိဳးၿပီးျဖစ္ေသာ္လည္း ဝတ္ရံုျပည့္မလဲရေသး။ ဝတ္ရံုဖ႐ိုဖရဲႏွင့္ ကန္႔လန္႔ကာ ထြက္လာေသာ လင္းမိုက သူ၏ ခါးကိုလက္ညႇိဳးထိုးျပကာ ေျပာသည္။
"စည္းေပးဦး...''
တန္းလန္းက်ေနေသာ ဝတ္ရံုခါးစည္းကို ခ်ည္ခိုင္းေနျခင္း ျဖစ္သည္။
အေစခံမေလးမ်ားမွာ အခြင့္မ႐ွိဘဲ အ႐ွင့္မ်က္ႏွာကို ေမာ္ဖူးခြင့္ မ႐ွိေသာေၾကာင့္ ေခါင္းမ်ားငံု႔ထားၾကသည္။
လီခ်န္းယံုမွာ တူကိုေဆာင့္ႀကီးေအာင့္ႀကီးခ်လိုက္ၿပီး ျပန္ေျပာသည္။
"မင္းမွာလက္ပါတယ္ေနာ္...''
"အားယံုေလး ႐ွိေနတာကို...ကိုယ္ေတာ္က ဘာလို႔ ကိုယ့္ဘာသာ လုပ္ရမွာလဲ''
"...''
လီခ်န္းယံုမွာ သူဆက္လက္ျငင္းခုန္ေနပါက မနက္စာစားရကိန္း မ႐ွိေတာ့ေသာေၾကာင့္ စိတ္ေလွ်ာ့ကာ လင္းမို၏ ဝတ္ရံုကို ကူညီဝတ္ေပးရေလသည္။
လင္းမိုသည္ ယခုမွ အဘယ့္ေၾကာင့္ ေယာက်္ားသားတို႔ အိမ္ေထာင္ျပဳခ်င္ၾကသည္ဆိုေသာ အေျဖကို႐ွာေတြ႔သြားေခ်ၿပီ။ အားကိုးရေသာ ဇနီးမယားလိုခ်င္ေသာေၾကာင့္ ျဖစ္သည္။
လင္းမို၏ ဝတ္ရံုကို ကူညီဝတ္ေပးၿပီးမွ လီခ်န္းယံုမွာ မနက္စာစားရေလသည္။ ပူပူေႏြးေႏြးျဖင့္ စားခ်င္စားဖြယ္ခ်က္ျပဳတ္ထားေသာ ေတာင္ပိုင္းအစားအစာမွာ လြန္စြာအရသာ႐ွိလွသည္။ လင္းမိုက အလိုက္သိစြာပင္ စားဖြယ္တို႔ကို ဝံပုေလြျဖဴေလး၏ ပန္းကန္အတြင္းသို႔ ထည့္ေပးေလသည္။ ႏူးအိေနေအာင္ ခ်က္ထားေသာ အသားဖတ္မ်ားကိုပင္ ပိုေသးေအာင္ထပ္ဖဲ့ေပးေနသည္။ အစားမ်ားၿပီး ဝံပုေလြျဖဴေလး အစာမေၾကျဖစ္မည္စိုးေသာေၾကာင့္ ျဖစ္သည္။
အသားတစ္ဖက္ကို ပန္းကန္ထဲထည့္ေပးၿပီး လင္းမိုက ေမးသည္။
"ခ်န္းယံု...မင္းဒီကို လာတာတစ္ေယာက္တည္းလား''
ထိုအခါမွ လီခ်န္းယံုက တစ္စံုတစ္ခုကို သတိရကာ သူ႔ နဖူးသူ ႐ိုက္လိုက္သည္။
"ဟာ...ေမ့ေနတာ ေ႐ွာင္ခ်ိဳနဲ႔ေဟးခ်ိဳပါေသးတယ္''
လြန္စြာသတိေကာင္းလွေသာ ဝံပုေလြျဖဴေလး၏ ဦးေႏွာက္ကို လင္းမို ထူးၿပီး မအံ့ျသေတာ့ပါ။ အျပင္ထြက္သြားရန္ ျပင္ေနေသာ လီခ်န္းယံုကို အသာဆြဲၿပီး ျပန္ထိုင္ခိုင္းလိုက္ရသည္။
"ေနပါ...အမတ္ႀကီးသိမွာပါ။ ပစ္မထားပါဘူး။ ေျမာက္ပိုင္းလိုက္လာဖူးတဲ့ ကိုယ္ရံေတာ္ တပ္မႉးလည္း ႐ွိတယ္။ ေ႐ွာင္ခ်ိဳကို သိမွာပါ''
ထိုစကားၾကားမွ လီခ်န္းယံုက စိတ္သက္သာရာရၿပီး ျပန္ထိုင္လိုက္သည္။ လင္းမိုကေတာ့ နံေဘးတြင္ သူ႐ွိလွ်င္ ပံုမွန္ဆင္ျခင္တံုတရားတို႔ ေလ်ာ့က်သြားေသာ ဝံပုေလြျဖဴေလးကို အျပစ္မျမင္ပဲ လင္းမို ပို၍ပင္ ခ်စ္လာသေယာင္...
အျခားနန္းေဆာင္တြင္ေတာ့...
ေ႐ွာင္ခ်ိဳႏွင့္ေဟးခ်ိဳမွာ သူတို႔အတြက္ျပင္ဆင္ထားေသာ မနက္စာကို ဟန္ေဆာင္ပန္ေဆာင္စားေနၾကသည္။ သာမန္လူသား မ်ား မဟုတ္သည့္ အတြက္ သူတို႔အတြက္ ထိုအရာတို႔က မလိုအပ္ေခ်။ မေန႔ညေနက နန္းေတာ္ကို ေလွ်ာက္ၾကည့္ရင္း အမတ္ႀကီးႏွင့္ေတြ႔ကာ အမတ္ႀကီးက သူတို႔ကို ယခုနန္းေဆာင္တြင္ေနရာခ်ထားျခင္း ျဖစ္သည္။ ယခုလည္း မနက္စာစားရန္ အေစခံတို႔က လာပို႔သြားျခင္း ျဖစ္သည္။
ေ႐ွာင္ခ်ိဳက ပူပူေႏြးေႏြး စြပ္ျပဳတ္ဆီသို႔ လက္လွမ္းေနစဥ္မွာပင္ ေဟးခ်ိဳဆီက စကားသံထြက္လာသည္။
"ေ႐ွာင္ခ်ိဳ...ငါတို႔ သခင္ေလးကို သြားမေျပာသင့္ဘူးလား။ မေန႔ကတည္းက မေတြ႔ရေသးဘူး''
ေ႐ွာင္ခ်ိဳက ေဟးခ်ိဳကို မင္းတံုးလွခ်ည္လား ဆိုေသာအၾကည့္တို႔ကို အဓိပၸါယ္ပါပါ လႊတ္လိုက္သည္။
"မင္းစားမွာသာစားစမ္းပါ။ သူငါတို႔ကို သတိရရင္ေတာင္ ကံေကာင္း''
ေဟးခ်ိဳမွာ ေၾကာင္သြားသည္။ လဝက္ေလာက္တူတူခရီးႏွင္လာရေသာသူတို႔ကို ေန႔တစ္ဝက္မေတြ႔ရသည္ႏွင့္ သခင္ေလးက ေမ့သြားသည္လား။
"မင္းနားလည္မွာမဟုတ္ဘူး။ သခင္ေလး ခ်န္းယံုက အ႐ွင္လင္းမို႐ွိရင္ သူ႔ဥာဏ္ရည္က ႏွစ္ႏွစ္သားေလာက္ပဲ႐ွိေတာ့တာ...ဘာမွသတိမရေတာ့ဘူး''
ေဟးခ်ိဳက ေရေႏြးခြက္ကို ေကာက္ကိုင္ကာ ေငးၾကည့္ေနၿပီး တီးတိုးေရရြတ္ေနသည္။
"ထူးဆန္းတယ္...ေ႐ွာင္ခ်ိဳ!...အဲ့ဒါ ေရာဂါလား''
ေ႐ွာင္ခ်ိဳမွာ ရယ္ခ်င္စိတ္ကို မေအာင့္အီးႏိုင္ေသာေၾကာင့္ အသံထြက္ကာ ရယ္ပစ္လိုက္သည္။
"ဟုတ္တယ္...မင္းေျပာသလိုပဲ...အဲ့ဒါလည္း ေရာဂါတစ္မ်ိဳးပဲ''
ေဟးခ်ိဳမွာ သူလိုက္မမွီေသာ ေရာဂါအဆန္းအေၾကာင္းကို ေရေႏြးပူပူကို မႈတ္ေသာက္ၿပီးစဥ္းစားေနသည္။ ေ႐ွာင္ခ်ိဳကေတာ့ ပ်င္းတိပ်င္းရြဲျဖင့္ စားပြဲေပၚမွ ဟင္းလ်ာတို႔ကို တစ္ခုခ်င္း ယူစားေနေလေတာ့သည္။
ဘုရင္ႀကီး၏ နန္းေဆာင္တြင္ေတာ့ ဘုရင္ႀကီးက ညီလာခံတက္ရန္ ခန္းမေဆာင္သို႔ဦးတည္သြားေနသည္။ ခါတိုင္းဆို တစ္ပါးတည္းႂကြလာေသာ ဘုရင္ႀကီး၏ ေဘးတြင္ ေခ်ာေမာခန္႔ညားေသာ အျဖဴေရာင္ပံုရိပ္တစ္ခုက ကပ္လွ်ပ္ပါလာသည္။
လီခ်န္းယံုမွာ အိပ္ေဆာင္တြင္ ေအးေအးေဆးေဆးေနခ်င္ပါေသာ္လည္း ႏိုင္ထက္စီးနင္းျပဳတတ္ေသာဘုရင္ႀကီးက ညီလာခံကို အတူလိုက္ရန္ ေျပာေနေသာေၾကာင့္ လိုက္လာျခင္း ျဖစ္သည္။ လင္းမိုႏွင့္လီခ်န္းယံု၏ ေနာက္တြင္မွ ေျမာက္မ်ားစြာေသာ အေစခံႏွင့္ ကိုယ္ရံေတာ္တို႔လိုက္ပါလာၾကသည္။
________________________________________________________________