( Zawgyi )
လက္ကိုေရေဆးေပးၿပီး
အနာကိုၾကည့္လိုက္ေတာ့
ေၾကာင္က ေျခသည္းနဲ႕ျခစ္သြားတာေၾကာင့္
အစင္းေၾကာင္းႀကီးက နီရဲၿပီး
ေဖာင္းႂကြေနသည္....
ေတာ္ေသးသည္ ....ေသြးေတာ့မထြက္ေပ
“ လာေတာ့ ၿငိမ္ၿငိမ္ထိုင္ေနေတာ့....”
ဟုေျပာကာ သူ႕လက္ကေလးကို ဆြဲလာၿပီး
ကြၽန္ေတာ္တို႔ထိုင္ေနသည့္ ေနရာကို
ျပန္ေခၚလာသည္....
ထိုင္ခုံမွာ ျပန္လာထိုင္ေတာ့
သူခ်ထားခဲ့တဲ့ ပန္းသီးကို
ျပန္ေကာက္ကိုင္ကာစားရန္ လုပ္ေနေတာ့
“ ေတာ္ၿပီ...အဲ့ဒါကို ဆက္မစားနဲ႕ေတာ့...
ပန္းသီးက ကိုက္ထားတဲ့ေနရာေတြက
ညိုေနၿပီ...ေနာက္တစ္လုံးကိုသြားယူစား.."
“ အဲ့ဒါက ကိုကို႔အတြက္ေလ.....”
“ စားပါဗ်ာ....စားပါ....
ခင္ဗ်ားေလးသာ ဝေအာင္စားပါ....
ခင္ဗ်ားေလး ဝရင္ ကြၽန္ေတာ္လည္း
ဝပါတယ္ဗ်ာ .....”
ဟု ေျပာလိုက္ေတာ့
“ ကိုကို႔အတြက္ ေကာက္လာတာကို
ေတာ္ၿပီ Baek မစားေတာ့ဘူး....”
ဟုေျပာသည္ကို ငဂ်ဳံက
“ ဘာႀကီး...ေကာက္လာတာဟုတ္လား...”
ဟု ေမးလာသည္ကို ကြၽန္ေတာ္က
“ မေျပာခ်င္ေတာ့ပါဘူးကြာ....
ပန္းသီးစားခ်င္တယ္လို႔ ေျပာရင္ေတာင္
သြားဝယ္ေကြၽးဦးမွာကို ငါသူ႕အတြက္
ဆန္ျပဳတ္ ျပဳတ္ေနတဲ့အခ်ိန္ အျပင္ကို
ခိုးထြက္သြားၿပီး ပန္းသီး
သြားေကာက္လာတယ္တဲ့ေလ.....
အဲ့ဒါ ပန္းသီးၿခံက ေခြးလိုက္လာလို႔
လိမ့္ေနေအာင္ ထြက္ေျပးလာၿပီး
ငါ့ကို ၿပဲလန္ေနေအာင္ ေအာ္ေခၚတယ္....
ၿခံပိုင္ရွင္လည္း လိုက္လာလို႔
ငါ့မွာ ရန္ျဖစ္လိုက္ရေသးတယ္....
ဟူးးးးးးးးး ေမပါတယ္ကြာ....
သူ႕အေၾကာင္းေျပာရင္ ကုန္ကိုမကုန္ဘူး...”
ဟု ေျပာျပလိုက္ေတာ့ အားရပါးရ
ရယ္ၾကေလသည္...သူေလးကလည္း
သူ႕အျပစ္သူသိသည့္အလား
သြားေလးစိကာ ဇက္ကေလးကို
ပုျပေလသည္. . .
“ အေမႊစိန္ေလးပါလား....”
“ ဟုတ္ပကြာ ဟုတ္ပ တကယ့္အေမႊစိန္...”
ဟု ေျပာလိုက္ေတာ့ အားလုံးက
ဝိုင္းရယ္လိုက္ၾကေတာ့သည္. . .
ကေလးမသိေအာင္ ေျပာစရာရွိသည္ေၾကာင့္
“ သြားေလ ပန္းသီးသြားယူ....
ေရေသခ်ာေဆးၿပီး စားေနာ့....
ေနာက္ၿပီးေတာ့ တစ္ခါတည္း
ကိုယ့္ဖုန္းကိုပါ ယူလာခဲ့ေပး....
ကိုယ္ ဖုန္းဆက္စရာရွိလို႔... ”
ဟု ခိုင္းလိုက္ေတာ့ ေခါင္းေလးညိတ္ျပကာ
ထသြားသည္...သူေလးထသြားေတာ့မွ
"သူ မသိေအာင္မင္းတို႔ကို
အကူအညီတစ္ခုေလာက္
ေတာင္းစရာရွိလို႔....”
ဟု ခပ္တိုးတိုးႏွင့္ ျမန္ျမန္ေျပာလိုက္ေတာ့
သူတို႔ကလည္း သေဘာေပါက္သည္...
ႏွစ္ေယာက္စလုံး ထိုင္ခုံကို မွီၿပီး
ထိုင္ေနရာမွ အေရွ႕ကို ကုန္းလာၾကၿပီး
“ အင္း...”
ဆိုကာ ႏွစ္ေယာက္လုံးက
ခ်က္ခ်င္းေခါင္းညိတ္ျပသည္....
ကေလးေျပာျပေသာ သူႏွိပ္စက္ခံရတဲ့
အေၾကာင္းေတြကို ျမန္ျမန္သြက္သြက္
ေျပာျပလိုက္ေတာ့ သူတို႔ပင္
လန႔္သြားၾကၿပီး ကေလးကို
သနားသြားၾကသည္...
“ ေတာ္ေတာ္ ရက္စက္တယ္ေနာ္....”
“ အဲ့ေလာက္ထိ လုပ္ရဲၾကမယ္
မထင္ထားဘူးေနာ္...သူမ်ားအိမ္မွာလည္း တက္ေနေသးတယ္...”
“ ငါ စိတ္တိုတာလည္း အဲ့ဒါပဲ...
ကေလးမွာ ေတာ္ေတာ္ေလးကို
ခံစားခဲ့ရတာကြာ...သူေျပာျပေတာ့မွ
ခံခဲ့ရတာေတြကိုသိေတာ့တာ...
စိတ္ဒဏ္ရာကပိုဆိုးတယ္...
သူအခုေၾကာက္ေနတာေတြက
အဲ့ဒါေတြနဲ႕ ပတ္သတ္ေနတာေတြပဲ...”
“ ေအးေပါ့...အင္း ေျပာပါဦး...
ငါတို႔က ဘာကိုကူညီရမွာလဲ....”
ဟု ငဆယ္က ေမးလာသည္...
“အႀကီးေကာင္ Lee Yeon Chulက
ေလာင္းကစား အရမ္းဝါသနာပါတယ္....
သူ႕ကို ငါတို႔ရဲ႕ ကာစီနိုမွာ
လာကစားေအာင္လုပ္လိုက္...”
ကြၽန္ေတာ္တို႔သုံးေယာက္ေပါင္းၿပီး
စီးပြားေရးလုပ္ထားၾကသည္....
ကြၽန္ေတာ္တို႔အိမ္က လူေတြ တစ္ေယာက္မွ
မသိၾကေခ်....
ေက်ာင္းတက္ကတည္းက မုန့္ဖိုးေတြ
စုခဲ့ၿပီး စခဲ့သည္မို႔ အခုက်ေတာ့
ေတာ္ေတာ္ေလး ခရီးေပါက္ေနၿပီ ျဖစ္သည္...
စစခ်င္းတုန္းကေတာ့ တစ္ခုတည္းမွာပဲ
အားစိုက္ၿပီး လုပ္ခဲ့ၾကေပမယ့္
အခ်ိန္ၾကာလာေတာ့ တစ္ျခားစီးပြားေရးေတြပါ
ခြဲထြက္လာနိုင္ေနၿပီ ျဖစ္သည္...
အခု ကြၽန္ေတာ္တို႔ တစ္ေယာက္စီဦးစီးေနတဲ့
အလုပ္ သုံးခုေလာက္စီရွိသည္...
သုံးေယာက္စလုံးရဲ႕ အရင္းအျမစ္ကေတာ့
ကာစီနိုနဲ႕ Club ေပါ့...
ၿပီးေတာ့ ကြၽန္ေတာ့မွာေတာ့ ကုမၸဏီ
ငဆယ္က Resturant
ငဂ်ဳံကေတာ့ ဟိုတယ္လ္ ေတြကို
ထပ္ၿပီး ပိုင္ၾကေလသည္....
“ ..... ”
“ သူ လာေဆာ့ရင္ ပထမဆုံးေန႕ကို
ဘယ္ေလာက္ပဲျဖစ္ျဖစ္ အနိုင္ေပးလိုက္...
ေဆာ့ေဆာ့ခ်င္း နိုင္တယ္ဆိုရင္
ေနာက္ရက္ေတြက်ရင္ သူ ဒီကိုပဲ
အလိုလို ဓာတ္က်လာလိမ့္မယ္...
ေနာက္ထပ္ သုံးခါေလာက္ အနိုင္ေပးလိုက္
ကြန္ဒိုတစ္လုံးစာေလာက္ ရၿပီဆိုရင္
သူ လုံးဝကို ပါလာလိမ့္မယ္...
အဲ့က်မွ တစ္ျဖည္းျဖည္းနဲ႕ အနိုင္ပိုင္း
အေႂကြးေတြတင္ေအာင္လုပ္ၿပီး...
သူတို႔ ပိုင္ဆိုင္မႈေတြကိုတစ္ျဖည္းျဖည္းခ်င္း
သဲ့ယူမယ္....
ရႈံးလို႔ ဘူေနၿပီဆိုရင္ ငါတို႔ ဖြင့္ထားတဲ့
Club ရွိေၾကာင္းကိုပါ သိေအာင္
သတင္းေပးလိုက္...
Clubမွာ လာကဲပါေစ....”
“ အဲ့အကြက္ထဲကို ဝင္လာပါ့မလား...”
“ ငါစုံစမ္းၿပီးၿပီ...အဲ့တစ္ေယာက္က
ေလာင္းကစားအရမ္းဝါသနာပါတယ္...
သူ မကစားဖူးတဲ့ ကာစီနိုဆိုတာကို
မရွိဘူး...နိုင္ငံေတြလွည့္ၿပီးေတာင္
ေဆာ့တာဆိုေတာ့ လာမွာေသခ်ာတယ္..."
“ သူ႕ကို ကာစီနိုကိုေရာက္လာဖို႔
ဘယ္ကေန စလုပ္ရမလဲ....”
ဟု ေမးလိုက္ေတာ့ သူျပန္ေျဖလာသည္က
“ ငဆယ္ မင္းလူလုံးထြက္ျပဖို႔ေတာ့
လိုလိမ့္မယ္...“
ဟူ၍ပင္...ထိုစကားကိုၾကားေတာ့
ကြၽန္ေတာ္တို႔ေတာ္ေတာ္ပင္
အံ့ၾသသြားခဲ့သည္...
“ ငါတို႔ သုံးေယာက္စလုံး
လူလုံးထြက္မျပဘူးလို႔ေျပာထားတာကို
ေမ့သြားတာလား...ငါတို႔အိမ္က
လူေတြေတာင္ ငါတို႔ ကုမၸဏီေထာင္ထားမွန္း ဘယ္သူမွ မသိၾကဘူးေလ....
အဲ့ဒါကို အခုလူလုံးထြက္ျပရေတာ့မွာလား...”
ဟု ငဆယ္က ေမးလာေတာ့....
“ အင္း...ေဆာရီးကြာ...
ငါတစ္ျခားနည္းလမ္း ရွာမေတြ႕ဘူး....
ဒါေပမယ့္ ငါသူ႕ကို ကိစၥျပတ္သြားေအာင္
ေပၚတင္လည္း တိုက္ခ်င္တယ္...
ေနာက္ေက်ာကိုလည္း ဓားနဲ႕ထိုးခ်င္တယ္...
ေျခထိုးၿပီးလည္း ခံခ်င္တယ္...
မ်က္ခြက္ေတြလည္း ျဖတ္ရိုက္ခ်င္ေနတယ္..”
ဟု ေျပာလိုက္ေတာ့ ငဆယ္ေရာ ငဂ်ဳံေရာ
စကားသံေတြ တိတ္ဆိတ္သြားၾကသည္....
“ မင္းတို႔မလုပ္ခ်င္လည္း ရတယ္...
ငါပဲလုပ္မယ္....”
ဟုေျပာလိုက္ေတာ့လည္း သူတို႔က
လက္မခံျပန္ေပ...
“ ငါလုပ္ေပးမယ္ စိတ္မပူနဲ႕...
မင္းဘာလုပ္ခ်င္လဲသာ ဆက္ေျပာ...”
ဟု ေျပာလာသည္...
“အခုလက္ရွိ သူ႕ကုမၸဏီရဲ႕
Supplier ေတြေရာ
Customer ေတြေရာကို ျဖတ္ခုတ္မယ္...
Share ရွင္ေတြကိုလည္း ငါတို႔ ကုမၸဏီမွာ
ရင္းႏွီးျမႇုပ္ႏွံလာေအာင္ ဆြယ္မယ္....
ေျပာမယ့္သာ ေျပာတာပါ...
ငါတို႔ ကုမၸဏီဆိုရင္ ငါ့ကိုႀကီးလို
လူကေတာင္ စိတ္ဝင္စားေနတာ....
တစ္ျခားလူေတြလည္း အဲ့လိုပဲ
သိခ်င္ေနၾကမွာ...ၾကာၾကာေတာင္
ဆြယ္ရမယ္လို႔ မထင္ပါဘူး...”
“ အင္း...အဲ့လိုလုပ္ၿပီးေတာ့ေရာ....”
“ သူေနာက္ထပ္ လုပ္ငန္းတစ္ခုလုပ္ေနတယ္
ၾကားတယ္... အခုကုမၸဏီက အျမတ္ေတြနဲ႕
ဟိုဘက္မွာသုံးေနတာ....”
“ ငါသိၿပီ...Share ရွင္ေတြကို
ငါကျဖတ္ခုတ္ၿပီး သူ႕ကုမၸဏီကို
ၾကပ္တည္းေအာင္လုပ္...
ေငြမဝင္ အျမတ္မက်န္ဘဲ
အေႂကြးေတြတင္လာရင္
ကာစီနိုကိုေရာက္လာမယ္...
အဲ့လိုလား...”
ဟုေျပာလိုက္ေတာ့ ငခ်န္းက
လက္ေဖ်ာက္တစ္ခ်က္တီးၿပီး
မ်က္လုံးတစ္ဖက္ကိုမွိတ္ျပသည္...
“ အိုေက... ငါ Try လိုက္မယ္...
ဒါေပမယ့္ နည္းနည္းေတာ့
ၾကာမယ္ထင္တယ္...”
ဟုေျပာေတာ့ ငခ်န္းက ေခါင္းညိတ္ျပၿပီး
စိတ္ခ်မယ္ေနာ္ဆိုသည့္ပုံစံျဖင့္ၾကည့္လာသည္
“ Lee Yeon Mi ကေတာ့
Designer လုပ္ေနတာ...
အဲ့ဒီ့ သူ႕အပ္ေတြနဲ႕ ကေလးကို ထိုးတာတဲ့...
ေတာက္ ခ္... ေခြးမ....”
“ ကိုကို႔... ဖုန္းကိုမေတြ႕ဘူးေဝၚ...”
ေဒါသထြက္ၿပီး ေတာက္ေခါက္လိုက္သည့္အခ်ိန္
အေပၚထပ္ ဝရန္တာေလးကေန
ကြၽန္ေတာ့ကို ငုံ႕ၾကည့္ကာ
ဖုန္းကိုမေတြ႕ေၾကာင္းကို
လွမ္းေျပာေလသည္...
သူ႕အသံေလးကိုၾကားတာနဲ႕ ထြက္ေနသည့္
ေဒါသေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိ
သိသြားလို႔လည္း မျဖစ္ဘူးေလ....
ဒီကိစၥကို သူေလးသိလို႔ မရဘူး...
ဒါက သူ႕အတြက္ကြၽန္ေတာ့ရဲ႕ လက္ေဆာင္...
ဟိုႏွစ္ေယာက္ သူ႕အေရွ႕မွာ ျပားျပား
ဝပ္လာေစရမည္...သူတို႔လုပ္ခဲ့တဲ့
ကိစၥေတြအတြကိ ကေလးကို
ေတာင္းပန္ေစရမည္...အဲ့လို
မျဖစ္ျဖစ္ေအာင္လည္း ကြၽန္ေတာ္
ဖန္တီးေပးမည္...
ေနာက္ၿပီး ဖုန္းကိုဘယ္ေတြ႕မွာလဲ...
ဖုန္းက ကြၽန္ေတာ့ရဲ႕
ေဘာင္းဘီအိတ္ကပ္ထဲမွာ...
ထြက္ေနသည့္ ေဒါသႏွင့္ မ်က္ႏွာကို
ခ်က္ခ်င္းျပန္ထိန္းလိုက္ရင္း
သူ႕ကို ျပန္ေမာ့ၾကည့္လိုက္ကာ
“ ေသခ်ာရွာၾကည့္ပါဦး ကေလးရဲ႕...
ကိုယ္ဖုန္းဆက္စရာရွိလို႔...”
ဟု ေခ်ာ့ေျပာလိုက္ေတာ့
“ ဟုတ္...ဟုတ္...ထပ္ရွာလိုက္ဦးမယ္...”
ဟုေျပာကာ အိမ္ထဲကို ျပန္ဝင္သြားသည္...
သူ ဝင္သြားေတာ့မွ စကားကို ျပန္ဆက္ရသည္
“ အဲ့တစ္ေယာက္က မိန္းမျဖစ္ေနေတာ့
သိပ္ၿပီး သြားလုပ္လို႔မေကာင္းဘူး....
ဒါေပမယ့္ သူကModelေကာင္ေလး
ငယ္ငယ္ေခ်ာေခ်ာေလးေတြ တစ္ေယာက္ၿပီး
တစ္ေယာက္နဲ႕ေတာ့ ဟိုတယ္လ္ေပါင္းစုံကို
သြားတဲ့အသံေတြ ၾကားတယ္...
ငါတို႔က အဲ့အကြက္ကို အပိုင္ကိုင္ရမွာ...”
" ေအး...မင္းသုံးမယ့္ အကြက္က..."
ဆိုကာ ငဂ်ဳံက ဝင္ေမးေတာ့
“သူ႕ရဲ႕ Design ေတြကို ႏွစ္ကုန္ရင္
Show ပြဲလုပ္တယ္...နာမည္ႀကီး
Brand တစ္ခုနဲ႕ Collabration
လုပ္ထားတာေၾကာင့္ သူ႕ပြဲကို
နိုင္ငံျခားက မင္းသား မင္းသမီးေတြေတာင္
တက္ၾကတယ္တဲ့....
အဲ့က်မွ သူဟိုတယ္လ္ကို ေကာင္ေလးေတြ
မတူဘဲ သြားထားဖူးတဲ့ပုံေတြကို
Slide Show နဲ႕ ျပပစ္မယ္....
အဲ့လို လုပ္ဖို႔အတြက္ သူ Show ပြဲ
လာလုပ္ရမယ့္ ဟိုတယ္လ္ကလည္း
ငါတို႔ ဟိုတယ္လ္ျဖစ္မွရမွာ....
အဲ့ကိစၥကိုေတာ့ ငဂ်ဳံ ငါမင္းကို
တာဝန္ေပးခ်င္တယ္...”
ဟုေျပာလိုက္ေတာ့ ငဂ်ဳံက ေခါင္းညိတ္ျပကာ
“ တာဝန္ယူတာက ရတယ္...ေတာ္ၾကာ
ဟိုတယ္လ္ နာမည္မ်ား ထိခိုက္မလားလို႔...”
“ စိတ္မပူနဲ႕ ဟိုတယ္ကိုေဒါသထြက္လည္း
သူတစ္ေယာက္ပဲထြက္မွာ...
တစ္ျခားလူေတြက သူ႕သတင္းကိုပဲ
အာ႐ုံစိုက္ေနၾကလို႔ ဟိုတယ္လ္ကို
စိတ္မဝင္စားမွာေတာင္ မဟုတ္ဘူး...
ကံေကာင္းရင္ ဟိုတယ္လ္ေတာင္
နာမည္ႀကီးသြားနိုင္ေသးတယ္....”
" ေဟ်ာင့္ အဲ့ေလာက္ ရိုးရွင္းလို႔လား..."
"မရိုးရွင္းလည္းရတယ္...
ငါ အဲ့ ဟိုတယ္လ္ေတာင္ အဆုံးခံဖို႔
စဥ္းစားထားၿပီးသား..."
ဟုေျပာလိုက္ေတာ့ ႏွစ္ေယာက္စလုံးက
ကြၽန္ေတာ့ကို ၾကည့္လာသည္...
"တရားစြဲၿပီး ေလ်ာ္ေၾကးေတာင္းရင္လည္း
ေလ်ာ္လိုက္မယ္ကြာ... အဓိက က
ငါတစ္ခုခုလုပ္ရမွျဖစ္မွာမလို႔ပါ...
ငါ တစ္ျခားအလုပ္တစ္ခုလုပ္ၿပီး
ေငြျပန္ရွာေပးပါ့မယ္..."
ဟုေျပာေတာ့ ႏွစ္ေယာက္စလုံးက ၿပဳံးၿပီး
“ Slide Show ျပဖို႔ ပုံေတြကေရာ...”
“ အဲ့ဒါေတြက ေငြနည္းနည္းသုံးလိုက္ရင္
ျဖစ္တယ္... ငါ့အသိတစ္ေယာက္ကို အကူအညီ ေတာင္းလိုက္မယ္...
ေနာက္ၿပီးေတာ့ ငါ့ကိုသူတို႔က
ျမင္ထားဖူးတဲ့အတြက္ ငါက
လူလုံးထြက္ျပလို႔ မရလို႔ မင္းတို႔ကို
အကူအညီေတာင္းရတာပါကြာ....”
“ ရပါတယ္ကြာ...ဘာေၾကာင့္ပဲျဖစ္ျဖစ္....
မင္းကိစၥက ငါတို႔ ကိစၥပဲေလ
မဟုတ္ဘူးလား...”
“ ငါ သူတို႔ႏွစ္ေယာက္ကို
တစ္ခုခုလုပ္ရမွကို ေက်နပ္မွာ...
မင္းတို႔ မလုပ္ခ်င္လို႔
လက္ေရွာင္ခ်င္လည္းရတယ္ေနာ္...
ငါပဲ ဆက္လုပ္လိုက္မယ္....”
“ အပိုေတြမေျပာနဲ႕...ဘယ္တုန္းက
ငါတို႔ မပါတာရွိဖူးလို႔လဲ...
ငါတို႔ ကိစၥေတြမွာလည္း
မင္းမပါဖူးတာ ရွိလို႔လား...“
“ မဟုတ္ပါဘူးကြာ...ငါအားနာလို႔ပါ...
ငါ့ကိစၥလည္းမဟုတ္ဘူးေလ...
ဟိုကေလးရဲ႕ ကိစၥျဖစ္ေနတာေၾကာင့္...”
“ ဟိုကေလးရဲ႕ ကိစၥက မင္းကိစၥပဲလို႔
ခံယူလိုက္ၿပီမလား...အဲ့ဒါဆို အခုကိစၥက
မင္းကိစၥပဲေပါ့...”
ဟု ငဂ်ဳံကေျပာလာသည္...
တကယ့္သူငယ္ခ်င္းေတြ အားေတြေတာင္
ရွိတယ္...ေက်းဇူးလည္းတင္တယ္...
“ ေက်းဇူးပါကြာ....”
“ အံမယ္...ေက်းဇူးေတြ ဘာေတြေတာင္
ေျပာလို႔ပါလား...ေဟ်ာင့္ေရ ငါတို႔
ထီသြားထိုးသင့္ေနၿပီလို႔ ထင္တယ္...”
“ လုပ္လိုက္ေလ...ၾကာသလားလို႔....”
“ ဟားးးးးဟားးးးဟားးးးး...."
ဟု သုံးေယာက္စလုံး
ေအာ္ရယ္လိုက္မိၾကသည္...
~~~~~~~~~~to be continued💛💚💙
ယူတို႔က comment ကပ္ေစးနည္းရင္
ကိုယ္ကလည္း သိပ္ေပ်ာက္ခ်င္တာ
😏😏😏
☝Emoji ကို ရွိုးေနာ္...
သိပ္ေက်နပ္တာ မဟုတ္ဘူး...
စိတ္ေကာက္ပစ္မွာဗ် ဘာမွတ္...ဟြန္း😒
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
( Unicode )
လက်ကိုရေဆေးပေးပြီး
အနာကိုကြည့်လိုက်တော့
ကြောင်က ခြေသည်းနဲ့ခြစ်သွားတာကြောင့်
အစင်းကြောင်းကြီးက နီရဲပြီး
ဖောင်းကြွနေသည်....
တော်သေးသည် ....သွေးတော့မထွက်ပေ
“ လာတော့ ငြိမ်ငြိမ်ထိုင်နေတော့....”
ဟုပြောကာ သူ့လက်ကလေးကို ဆွဲလာပြီး
ကျွန်တော်တို့ထိုင်နေသည့် နေရာကို
ပြန်ခေါ်လာသည်....
ထိုင်ခုံမှာ ပြန်လာထိုင်တော့
သူချထားခဲ့တဲ့ ပန်းသီးကို
ပြန်ကောက်ကိုင်ကာစားရန် လုပ်နေတော့
“ တော်ပြီ...အဲ့ဒါကို ဆက်မစားနဲ့တော့...
ပန်းသီးက ကိုက်ထားတဲ့နေရာတွေက
ညိုနေပြီ...နောက်တစ်လုံးကိုသွားယူစား.."
“ အဲ့ဒါက ကိုကို့အတွက်လေ.....”
“ စားပါဗျာ....စားပါ....
ခင်ဗျားလေးသာ ဝအောင်စားပါ....
ခင်ဗျားလေး ဝရင် ကျွန်တော်လည်း
ဝပါတယ်ဗျာ .....”
ဟု ပြောလိုက်တော့
“ ကိုကို့အတွက် ကောက်လာတာကို
တော်ပြီ Baek မစားတော့ဘူး....”
ဟုပြောသည်ကို ငဂျုံက
“ ဘာကြီး...ကောက်လာတာဟုတ်လား...”
ဟု မေးလာသည်ကို ကျွန်တော်က
“ မပြောချင်တော့ပါဘူးကွာ....
ပန်းသီးစားချင်တယ်လို့ ပြောရင်တောင်
သွားဝယ်ကျွေးဦးမှာကို ငါသူ့အတွက်
ဆန်ပြုတ် ပြုတ်နေတဲ့အချိန် အပြင်ကို
ခိုးထွက်သွားပြီး ပန်းသီး
သွားကောက်လာတယ်တဲ့လေ.....
အဲ့ဒါ ပန်းသီးခြံက ခွေးလိုက်လာလို့
လိမ့်နေအောင် ထွက်ပြေးလာပြီး
ငါ့ကို ပြဲလန်နေအောင် အော်ခေါ်တယ်....
ခြံပိုင်ရှင်လည်း လိုက်လာလို့
ငါ့မှာ ရန်ဖြစ်လိုက်ရသေးတယ်....
ဟူးးးးးးးးး မေပါတယ်ကွာ....
သူ့အကြောင်းပြောရင် ကုန်ကိုမကုန်ဘူး...”
ဟု ပြောပြလိုက်တော့ အားရပါးရ
ရယ်ကြလေသည်...သူလေးကလည်း
သူ့အပြစ်သူသိသည့်အလား
သွားလေးစိကာ ဇက်ကလေးကို
ပုပြလေသည်. . .
“ အမွှေစိန်လေးပါလား....”
“ ဟုတ်ပကွာ ဟုတ်ပ တကယ့်အမွှေစိန်...”
ဟု ပြောလိုက်တော့ အားလုံးက
ဝိုင်းရယ်လိုက်ကြတော့သည်. . .
ကလေးမသိအောင် ပြောစရာရှိသည်ကြောင့်
“ သွားလေ ပန်းသီးသွားယူ....
ရေသေချာဆေးပြီး စားနော့....
နောက်ပြီးတော့ တစ်ခါတည်း
ကိုယ့်ဖုန်းကိုပါ ယူလာခဲ့ပေး....
ကိုယ် ဖုန်းဆက်စရာရှိလို့... ”
ဟု ခိုင်းလိုက်တော့ ခေါင်းလေးညိတ်ပြကာ
ထသွားသည်...သူလေးထသွားတော့မှ
"သူ မသိအောင်မင်းတို့ကို
အကူအညီတစ်ခုလောက်
တောင်းစရာရှိလို့....”
ဟု ခပ်တိုးတိုးနှင့် မြန်မြန်ပြောလိုက်တော့
သူတို့ကလည်း သဘောပေါက်သည်...
နှစ်ယောက်စလုံး ထိုင်ခုံကို မှီပြီး
ထိုင်နေရာမှ အရှေ့ကို ကုန်းလာကြပြီး
“ အင်း...”
ဆိုကာ နှစ်ယောက်လုံးက
ချက်ချင်းခေါင်းညိတ်ပြသည်....
ကလေးပြောပြသော သူနှိပ်စက်ခံရတဲ့
အကြောင်းတွေကို မြန်မြန်သွက်သွက်
ပြောပြလိုက်တော့ သူတို့ပင်
လန့်သွားကြပြီး ကလေးကို
သနားသွားကြသည်...
“ တော်တော် ရက်စက်တယ်နော်....”
“ အဲ့လောက်ထိ လုပ်ရဲကြမယ်
မထင်ထားဘူးနော်...သူများအိမ်မှာလည်း တက်နေသေးတယ်...”
“ ငါ စိတ်တိုတာလည်း အဲ့ဒါပဲ...
ကလေးမှာ တော်တော်လေးကို
ခံစားခဲ့ရတာကွာ...သူပြောပြတော့မှ
ခံခဲ့ရတာတွေကိုသိတော့တာ...
စိတ်ဒဏ်ရာကပိုဆိုးတယ်...
သူအခုကြောက်နေတာတွေက
အဲ့ဒါတွေနဲ့ ပတ်သတ်နေတာတွေပဲ...”
“ အေးပေါ့...အင်း ပြောပါဦး...
ငါတို့က ဘာကိုကူညီရမှာလဲ....”
ဟု ငဆယ်က မေးလာသည်...
“အကြီးကောင် Lee Yeon Chulက
လောင်းကစား အရမ်းဝါသနာပါတယ်....
သူ့ကို ငါတို့ရဲ့ ကာစီနိုမှာ
လာကစားအောင်လုပ်လိုက်...”
ကျွန်တော်တို့သုံးယောက်ပေါင်းပြီး
စီးပွားရေးလုပ်ထားကြသည်....
ကျွန်တော်တို့အိမ်က လူတွေ တစ်ယောက်မှ
မသိကြချေ....
ကျောင်းတက်ကတည်းက မုန့်ဖိုးတွေ
စုခဲ့ပြီး စခဲ့သည်မို့ အခုကျတော့
တော်တော်လေး ခရီးပေါက်နေပြီ ဖြစ်သည်...
စစချင်းတုန်းကတော့ တစ်ခုတည်းမှာပဲ
အားစိုက်ပြီး လုပ်ခဲ့ကြပေမယ့်
အချိန်ကြာလာတော့ တစ်ခြားစီးပွားရေးတွေပါ
ခွဲထွက်လာနိုင်နေပြီ ဖြစ်သည်...
အခု ကျွန်တော်တို့ တစ်ယောက်စီဦးစီးနေတဲ့
အလုပ် သုံးခုလောက်စီရှိသည်...
သုံးယောက်စလုံးရဲ့ အရင်းအမြစ်ကတော့
ကာစီနိုနဲ့ Club ပေါ့...
ပြီးတော့ ကျွန်တော့မှာတော့ ကုမ္ပဏီ
ငဆယ်က Resturant
ငဂျုံကတော့ ဟိုတယ်လ် တွေကို
ထပ်ပြီး ပိုင်ကြလေသည်....
“ ..... ”
“ သူ လာဆော့ရင် ပထမဆုံးနေ့ကို
ဘယ်လောက်ပဲဖြစ်ဖြစ် အနိုင်ပေးလိုက်...
ဆော့ဆော့ချင်း နိုင်တယ်ဆိုရင်
နောက်ရက်တွေကျရင် သူ ဒီကိုပဲ
အလိုလို ဓာတ်ကျလာလိမ့်မယ်...
နောက်ထပ် သုံးခါလောက် အနိုင်ပေးလိုက်
ကွန်ဒိုတစ်လုံးစာလောက် ရပြီဆိုရင်
သူ လုံးဝကို ပါလာလိမ့်မယ်...
အဲ့ကျမှ တစ်ဖြည်းဖြည်းနဲ့ အနိုင်ပိုင်း
အကြွေးတွေတင်အောင်လုပ်ပြီး...
သူတို့ ပိုင်ဆိုင်မှုတွေကိုတစ်ဖြည်းဖြည်းချင်း
သဲ့ယူမယ်....
ရှုံးလို့ ဘူနေပြီဆိုရင် ငါတို့ ဖွင့်ထားတဲ့
Club ရှိကြောင်းကိုပါ သိအောင်
သတင်းပေးလိုက်...
Clubမှာ လာကဲပါစေ....”
“ အဲ့အကွက်ထဲကို ဝင်လာပါ့မလား...”
“ ငါစုံစမ်းပြီးပြီ...အဲ့တစ်ယောက်က
လောင်းကစားအရမ်းဝါသနာပါတယ်...
သူ မကစားဖူးတဲ့ ကာစီနိုဆိုတာကို
မရှိဘူး...နိုင်ငံတွေလှည့်ပြီးတောင်
ဆော့တာဆိုတော့ လာမှာသေချာတယ်..."
“ သူ့ကို ကာစီနိုကိုရောက်လာဖို့
ဘယ်ကနေ စလုပ်ရမလဲ....”
ဟု မေးလိုက်တော့ သူပြန်ဖြေလာသည်က
“ ငဆယ် မင်းလူလုံးထွက်ပြဖို့တော့
လိုလိမ့်မယ်...“
ဟူ၍ပင်...ထိုစကားကိုကြားတော့
ကျွန်တော်တို့တော်တော်ပင်
အံ့သြသွားခဲ့သည်...
“ ငါတို့ သုံးယောက်စလုံး
လူလုံးထွက်မပြဘူးလို့ပြောထားတာကို
မေ့သွားတာလား...ငါတို့အိမ်က
လူတွေတောင် ငါတို့ ကုမ္ပဏီထောင်ထားမှန်း ဘယ်သူမှ မသိကြဘူးလေ....
အဲ့ဒါကို အခုလူလုံးထွက်ပြရတော့မှာလား...”
ဟု ငဆယ်က မေးလာတော့....
“ အင်း...ဆောရီးကွာ...
ငါတစ်ခြားနည်းလမ်း ရှာမတွေ့ဘူး....
ဒါပေမယ့် ငါသူ့ကို ကိစ္စပြတ်သွားအောင်
ပေါ်တင်လည်း တိုက်ချင်တယ်...
နောက်ကျောကိုလည်း ဓားနဲ့ထိုးချင်တယ်...
ခြေထိုးပြီးလည်း ခံချင်တယ်...
မျက်ခွက်တွေလည်း ဖြတ်ရိုက်ချင်နေတယ်..”
ဟု ပြောလိုက်တော့ ငဆယ်ရော ငဂျုံရော
စကားသံတွေ တိတ်ဆိတ်သွားကြသည်....
“ မင်းတို့မလုပ်ချင်လည်း ရတယ်...
ငါပဲလုပ်မယ်....”
ဟုပြောလိုက်တော့လည်း သူတို့က
လက်မခံပြန်ပေ...
“ ငါလုပ်ပေးမယ် စိတ်မပူနဲ့...
မင်းဘာလုပ်ချင်လဲသာ ဆက်ပြော...”
ဟု ပြောလာသည်...
“အခုလက်ရှိ သူ့ကုမ္ပဏီရဲ့
Supplier တွေရော
Customer တွေရောကို ဖြတ်ခုတ်မယ်...
Share ရှင်တွေကိုလည်း ငါတို့ ကုမ္ပဏီမှာ
ရင်းနှီးမြှုပ်နှံလာအောင် ဆွယ်မယ်....
ပြောမယ့်သာ ပြောတာပါ...
ငါတို့ ကုမ္ပဏီဆိုရင် ငါ့ကိုကြီးလို
လူကတောင် စိတ်ဝင်စားနေတာ....
တစ်ခြားလူတွေလည်း အဲ့လိုပဲ
သိချင်နေကြမှာ...ကြာကြာတောင်
ဆွယ်ရမယ်လို့ မထင်ပါဘူး...”
“ အင်း...အဲ့လိုလုပ်ပြီးတော့ရော....”
“ သူနောက်ထပ် လုပ်ငန်းတစ်ခုလုပ်နေတယ်
ကြားတယ်... အခုကုမ္ပဏီက အမြတ်တွေနဲ့
ဟိုဘက်မှာသုံးနေတာ....”
“ ငါသိပြီ...Share ရှင်တွေကို
ငါကဖြတ်ခုတ်ပြီး သူ့ကုမ္ပဏီကို
ကြပ်တည်းအောင်လုပ်...
ငွေမဝင် အမြတ်မကျန်ဘဲ
အကြွေးတွေတင်လာရင်
ကာစီနိုကိုရောက်လာမယ်...
အဲ့လိုလား...”
ဟုပြောလိုက်တော့ ငချန်းက
လက်ဖျောက်တစ်ချက်တီးပြီး
မျက်လုံးတစ်ဖက်ကိုမှိတ်ပြသည်...
“ အိုကေ... ငါ Try လိုက်မယ်...
ဒါပေမယ့် နည်းနည်းတော့
ကြာမယ်ထင်တယ်...”
ဟုပြောတော့ ငချန်းက ခေါင်းညိတ်ပြပြီး
စိတ်ချမယ်နော်ဆိုသည့်ပုံစံဖြင့်ကြည့်လာသည်
“ Lee Yeon Mi ကတော့
Designer လုပ်နေတာ...
အဲ့ဒီ့ သူ့အပ်တွေနဲ့ ကလေးကို ထိုးတာတဲ့...
တောက် ခ်... ခွေးမ....”
“ ကိုကို့... ဖုန်းကိုမတွေ့ဘူးဝေါ်...”
ဒေါသထွက်ပြီး တောက်ခေါက်လိုက်သည့်အချိန်
အပေါ်ထပ် ဝရန်တာလေးကနေ
ကျွန်တော့ကို ငုံ့ကြည့်ကာ
ဖုန်းကိုမတွေ့ကြောင်းကို
လှမ်းပြောလေသည်...
သူ့အသံလေးကိုကြားတာနဲ့ ထွက်နေသည့်
ဒေါသတွေတောင် ဘယ်ရောက်သွားမှန်းမသိ
သိသွားလို့လည်း မဖြစ်ဘူးလေ....
ဒီကိစ္စကို သူလေးသိလို့ မရဘူး...
ဒါက သူ့အတွက်ကျွန်တော့ရဲ့ လက်ဆောင်...
ဟိုနှစ်ယောက် သူ့အရှေ့မှာ ပြားပြား
ဝပ်လာစေရမည်...သူတို့လုပ်ခဲ့တဲ့
ကိစ္စတွေအတွကိ ကလေးကို
တောင်းပန်စေရမည်...အဲ့လို
မဖြစ်ဖြစ်အောင်လည်း ကျွန်တော်
ဖန်တီးပေးမည်...
နောက်ပြီး ဖုန်းကိုဘယ်တွေ့မှာလဲ...
ဖုန်းက ကျွန်တော့ရဲ့
ဘောင်းဘီအိတ်ကပ်ထဲမှာ...
ထွက်နေသည့် ဒေါသနှင့် မျက်နှာကို
ချက်ချင်းပြန်ထိန်းလိုက်ရင်း
သူ့ကို ပြန်မော့ကြည့်လိုက်ကာ
“ သေချာရှာကြည့်ပါဦး ကလေးရဲ့...
ကိုယ်ဖုန်းဆက်စရာရှိလို့...”
ဟု ချော့ပြောလိုက်တော့
“ ဟုတ်...ဟုတ်...ထပ်ရှာလိုက်ဦးမယ်...”
ဟုပြောကာ အိမ်ထဲကို ပြန်ဝင်သွားသည်...
သူ ဝင်သွားတော့မှ စကားကို ပြန်ဆက်ရသည်
“ အဲ့တစ်ယောက်က မိန်းမဖြစ်နေတော့
သိပ်ပြီး သွားလုပ်လို့မကောင်းဘူး....
ဒါပေမယ့် သူကModelကောင်လေး
ငယ်ငယ်ချောချောလေးတွေ တစ်ယောက်ပြီး
တစ်ယောက်နဲ့တော့ ဟိုတယ်လ်ပေါင်းစုံကို
သွားတဲ့အသံတွေ ကြားတယ်...
ငါတို့က အဲ့အကွက်ကို အပိုင်ကိုင်ရမှာ...”
" အေး...မင်းသုံးမယ့် အကွက်က..."
ဆိုကာ ငဂျုံက ဝင်မေးတော့
“သူ့ရဲ့ Design တွေကို နှစ်ကုန်ရင်
Show ပွဲလုပ်တယ်...နာမည်ကြီး
Brand တစ်ခုနဲ့ Collabration
လုပ်ထားတာကြောင့် သူ့ပွဲကို
နိုင်ငံခြားက မင်းသား မင်းသမီးတွေတောင်
တက်ကြတယ်တဲ့....
အဲ့ကျမှ သူဟိုတယ်လ်ကို ကောင်လေးတွေ
မတူဘဲ သွားထားဖူးတဲ့ပုံတွေကို
Slide Show နဲ့ ပြပစ်မယ်....
အဲ့လို လုပ်ဖို့အတွက် သူ Show ပွဲ
လာလုပ်ရမယ့် ဟိုတယ်လ်ကလည်း
ငါတို့ ဟိုတယ်လ်ဖြစ်မှရမှာ....
အဲ့ကိစ္စကိုတော့ ငဂျုံ ငါမင်းကို
တာဝန်ပေးချင်တယ်...”
ဟုပြောလိုက်တော့ ငဂျုံက ခေါင်းညိတ်ပြကာ
“ တာဝန်ယူတာက ရတယ်...တော်ကြာ
ဟိုတယ်လ် နာမည်များ ထိခိုက်မလားလို့...”
“ စိတ်မပူနဲ့ ဟိုတယ်ကိုဒေါသထွက်လည်း
သူတစ်ယောက်ပဲထွက်မှာ...
တစ်ခြားလူတွေက သူ့သတင်းကိုပဲ
အာရုံစိုက်နေကြလို့ ဟိုတယ်လ်ကို
စိတ်မဝင်စားမှာတောင် မဟုတ်ဘူး...
ကံကောင်းရင် ဟိုတယ်လ်တောင်
နာမည်ကြီးသွားနိုင်သေးတယ်....”
" ဟျောင့် အဲ့လောက် ရိုးရှင်းလို့လား..."
"မရိုးရှင်းလည်းရတယ်...
ငါ အဲ့ ဟိုတယ်လ်တောင် အဆုံးခံဖို့
စဥ်းစားထားပြီးသား..."
ဟုပြောလိုက်တော့ နှစ်ယောက်စလုံးက
ကျွန်တော့ကို ကြည့်လာသည်...
"တရားစွဲပြီး လျော်ကြေးတောင်းရင်လည်း
လျော်လိုက်မယ်ကွာ... အဓိက က
ငါတစ်ခုခုလုပ်ရမှဖြစ်မှာမလို့ပါ...
ငါ တစ်ခြားအလုပ်တစ်ခုလုပ်ပြီး
ငွေပြန်ရှာပေးပါ့မယ်..."
ဟုပြောတော့ နှစ်ယောက်စလုံးက ပြုံးပြီး
“ Slide Show ပြဖို့ ပုံတွေကရော...”
“ အဲ့ဒါတွေက ငွေနည်းနည်းသုံးလိုက်ရင်
ဖြစ်တယ်... ငါ့အသိတစ်ယောက်ကို အကူအညီ တောင်းလိုက်မယ်...
နောက်ပြီးတော့ ငါ့ကိုသူတို့က
မြင်ထားဖူးတဲ့အတွက် ငါက
လူလုံးထွက်ပြလို့ မရလို့ မင်းတို့ကို
အကူအညီတောင်းရတာပါကွာ....”
“ ရပါတယ်ကွာ...ဘာကြောင့်ပဲဖြစ်ဖြစ်....
မင်းကိစ္စက ငါတို့ ကိစ္စပဲလေ
မဟုတ်ဘူးလား...”
“ ငါ သူတို့နှစ်ယောက်ကို
တစ်ခုခုလုပ်ရမှကို ကျေနပ်မှာ...
မင်းတို့ မလုပ်ချင်လို့
လက်ရှောင်ချင်လည်းရတယ်နော်...
ငါပဲ ဆက်လုပ်လိုက်မယ်....”
“ အပိုတွေမပြောနဲ့...ဘယ်တုန်းက
ငါတို့ မပါတာရှိဖူးလို့လဲ...
ငါတို့ ကိစ္စတွေမှာလည်း
မင်းမပါဖူးတာ ရှိလို့လား...“
“ မဟုတ်ပါဘူးကွာ...ငါအားနာလို့ပါ...
ငါ့ကိစ္စလည်းမဟုတ်ဘူးလေ...
ဟိုကလေးရဲ့ ကိစ္စဖြစ်နေတာကြောင့်...”
“ ဟိုကလေးရဲ့ ကိစ္စက မင်းကိစ္စပဲလို့
ခံယူလိုက်ပြီမလား...အဲ့ဒါဆို အခုကိစ္စက
မင်းကိစ္စပဲပေါ့...”
ဟု ငဂျုံကပြောလာသည်...
တကယ့်သူငယ်ချင်းတွေ အားတွေတောင်
ရှိတယ်...ကျေးဇူးလည်းတင်တယ်...
“ ကျေးဇူးပါကွာ....”
“ အံမယ်...ကျေးဇူးတွေ ဘာတွေတောင်
ပြောလို့ပါလား...ဟျောင့်ရေ ငါတို့
ထီသွားထိုးသင့်နေပြီလို့ ထင်တယ်...”
“ လုပ်လိုက်လေ...ကြာသလားလို့....”
“ ဟားးးးးဟားးးးဟားးးးး...."
ဟု သုံးယောက်စလုံး
အော်ရယ်လိုက်မိကြသည်...
~~~~~~~~~~to be continued💛💚💙
ယူတို့က comment ကပ်စေးနည်းရင်
ကိုယ်ကလည်း သိပ်ပျောက်ချင်တာ
😏😏😏
☝Emoji ကို ရှိုးနော်...
သိပ်ကျေနပ်တာ မဟုတ်ဘူး...
စိတ်ကောက်ပစ်မှာဗျ ဘာမှတ်...ဟွန်း😒