( Zawgyi )
" တင္းေတာင္....တင္းေတာင္..."
ကေလးေလးကို ေမႊးေမႊးေပးေနတုန္း
ဘဲလ္တီးသံၾကားလိုက္ရတာေၾကာင့္
စိတ္ထဲမွာ နည္းနည္းေတာ့
အခ်ဥ္ေပါက္သြားသည္...
ေကာင္းခန္းေရာက္ရင္
သာသနာဖ်က္ေတြကလာၿပီ...
ဘယ္လဒေတြ လာႏွောက္ျပန္တာလဲကြာ....
စိတ္ထဲမွာ ႀကိမ္ဆဲရင္း ဟိုကေလးကို
လက္ကေနကိုင္ကာ ဆြဲေခၚသြားရင္း
တံခါးသြားဖြင့္လိုက္ေတာ့
အိမ္ေပါက္ဝတြင္ ရပ္ေနၾကေသာ
ဟိုႏွစ္ေကာင္....
ကြၽန္ေတာ္တို႔ကို ျမင္သည္ႏွင့္
" ေၾသာ္...ေၾသာ္...ေၾသာ္....
အေျခအေနေတြက ဒီလိုေတြေတာင္
ျဖစ္သြားၾကတာကိုး..."
ဟု ကြၽန္ေတာ္လက္ဆြဲထားသည့္
ဟိုကေလးလက္ကို စိုက္ၾကည့္ျပၿပီး
ငဂ်ဳံက ေျပာလာကာ ငဆယ္ ကေတာ့
" Baby take my hand
I want you to be my husband
Cause you're my iron man
and I love you 3000...."
ကို အဆြဲအငင္ ပီပီသသႏွင့္
ဆိုျပလာသည္...သီခ်င္းလည္း
ဆိုၿပီးသြားေရာ
" ေျပာျပပါဦး...ဒီလိုျဖစ္သြားရတဲ့
အေၾကာင္းေလး..."
ဟု ေနာက္ကာေမးလာတာေၾကာင့္
"ေအးေျပာမယ္...ဒီလိုေဟ့...."
ဟု ေျပာကာ ကိုႀကီးSehun အား
ေျခေထာက္ျဖင့္ လိုက္ကန္ေနေလသည္...
ကိုႀကီး Sehun ကလည္း ကိုကို႔အား
ပတ္ေရွာင္ေနကာ ကြၽန္ေတာ့အေနာက္တြင္
လာပုန္းေနေလသည္....
" ေဟ်ာင့္...မင္းေတာင့္တလြန္းလို႔
ကိုယ္ထင္လာျပတာေနာ္...
မရိုမေသမလုပ္နဲ႕ ထျပန္ပစ္လိုက္မွာ
ဘာမွတ္...."
ဟု ကိုႀကီး Jongin က Luggage ကို
ေမးေငါ့ျပၿပီး ဝင္ေျပာသည္ေၾကာင့္
" အဲ့ဒါဘာေတြလဲ ကိုႀကီး...."
ဟု ကြၽန္ေတာ္က ဝင္ေမးလိုက္ေတာ့
" မင္းနဲ႕သူ႕ရဲ႕ အကၤ်ီေတြေလ...
သူက ယူလာခိုင္းလို႔ ယူလာေပးတာ..."
" ဟင္...ဒီအကၤ်ီေတြကို
ဘယ္ကရတာလဲဟင္..."
ဟု ေမးလိုက္ေတာ့
" ငခ်န္းရဲ႕ကိုလတ္က ကိုႀကီးတို႔ဆီ
ဖုန္းဆက္ၿပီး လာယူခိုင္းတာေလ..."
အဲ့ေတာ့မွ သေဘာေပါက္သြားေတာ့သည္...
ခုနက ကိုကိုႏွင့္ ကိုေလး ဖုန္းေျပာေနတာ
ဒီကိစၥပဲ ျဖစ္မည္...
" ေၾသာ္...."
" ေဟ်ာင့္...ငါတို႔ကို အိမ္ထဲေလး
ဘာေလး ေပးဝင္ဦးေလ...
အေပါက္ဝႀကီးမွာ တန္းလန္းႀကီး..."
ဟု ေျပာသည္ေၾကာင့္ ကြၽန္ေတာ္က
ကိုႀကီး Jongin လက္ထဲက
Luggageကို သြားဆြဲလိုက္ေတာ့ ကိုကိုက
" ေပး ေပး....ကိုယ္သယ္မယ္..."
သူ႕ကိုယ္သူ ကိုယ္ ဆိုသည့္ နာမ္စားကို
သုံးလိုက္တာေၾကာင့္ ကြၽန္ေတာ္
ၿပဳံးမိသြားကာတစ္ဆက္တည္းမွာပင္
"ေဝါ့....ေအာ့...."
ဆိုသည့္အသံေတြ တစ္ၿပိဳင္နက္
ထြက္လာကာ
" ကိုယ္ခ်ည္းသာေလာ..."
" ေခါင္းမပါ ပါဘုရား...ခြီး..."
ဆိုၿပီး ကိုႀကီး Sehunႏွင့္ Jonginက
တစ္ေယာက္ကေမးၿပီး တစ္ေယာက္ကေျဖကာ
ဝင္ေနာက္ေတာ့ ကိုကိုက
ရွက္သြားသည္ထင္သည္...
နား႐ြက္ကေလးေတြ နီရဲလာၿပီး
" ေအး...လဒ...ဒီေန႕ မင္းအေသပဲ..."
ဟု ေအာ္ကာ ကိုႀကီး Sehun ကို
လိုက္ဖမ္းကာ လက္သီးျဖင့္
လိုက္ထိုးေနေလသည္...
ကိုႀကီး Jongin ႏွင့္ ကြၽန္ေတာ္ကေတာ့
ကိုကိုတို႔ကို ၾကည့္ကာ ရယ္ေနၾကေတာ့သည္။
.
.
.
.
.
.
.
" မင္းဘာဆက္လုပ္မယ္ စဥ္းစားထားလဲ..."
" ဟင့္အင္း...ဘာမွ မစဥ္းစားထားဘူး..."
ဟု ျပန္ေျဖလိုက္သည္...
အခု ကြၽန္ေတာ္တို႔ ေလးေယာက္
ၿခံထဲက ထိုင္ခုံမွာ ထိုင္ေနၾကကာ
ေကာ္ဖီေသာက္ရင္း စကားေျပာေနၾကသည္...
ဟိုကေလးကေတာ့
ကြၽန္ေတာ္ရန္ျဖစ္ေပးလိုက္ရေသာ
ပန္းသီးကို ကိုက္စားရင္း
ကြၽန္ေတာ့ေဘးနားတြင္ ထိုင္ေနေလသည္...
" ဘာမွ မစဥ္းစားလို႔ေတာ့ မရဘူးေလ....
ဒီပုံစံအတိုင္းပဲ ေနသြားၾကလို႔မွ မရတာ..."
" ငါသိပါတယ္ ေနလို႔မရမွန္း...
ဒါေပမယ့္လည္း တစ္လေလာက္ေတာ့
ေအးေဆးႏွပ္လို႔ ရပါေသးတယ္....
ခရီးထြက္ေနတယ္လို႔ သေဘာထားလိုက္ရင္
ျဖစ္ပါတယ္...."
" ငါၾကားရသေလာက္ေတာ့ ဟိုလူေတြ
မင္းတို႔ကိုလိုက္ရွာေနတယ္..."
" ဒီအခ်ိန္ထိေအာင္ လိုက္ရွာေနတုန္းလား...
ေအးေပါ့... သူ႕ကို မယူခ်င္လို႔ ဒီလို
ေရွာင္ထြက္လာတာဆိုေတာ့
သူ႕အေနနဲ႕လည္း ခံျပင္းမွာေပါ့...
ဒါေပမယ့္လည္း ဒီကေလးကိုေတာင္
ခိုးေျပးလာၿပီေလ....ငါတို႔ကို
လိုက္ရွာၿပီး ေတြ႕ေတာ့ ဘာလုပ္မလို႔လဲ..."
" မင္းခိုးသြားတာ မိန္းကေလးမဟုတ္ေတာ့
ဘာမွ မျဖစ္ဘူးတဲ့ေလ...သူ႕ရဲ႕
Logic ကလည္း ခပ္ဆန္းဆန္းကြ...."
" သူေျပာခ်င္တာက ဒီကေလးက
မိန္းကေလးမဟုတ္ေတာ့
အေျပာခံရစရာေတြ ဘာေတြ
မရွိဘူးေပါ့ကြာ...သိလား...
ပတ္ဝန္းက်င္က ေျပာမွာကိုလည္း
ေၾကာက္ေနစရာမလိုဘူးေပါ့ကြာ...
ဒီဇိုင္းက..."
" သူ႕အေတြးနဲ႕သူေတာ့ ဟုတ္ေနတာပဲ..."
" မင္းစခဲ့တဲ့ ဇာတ္ အခုေတာ့ မင္းကိုပဲ
ျပန္ပတ္ေနၿပီေတြ႕လား...."
" ေအးကြာ...အမႈက
ငါတစ္ေယာက္တည္းတင္မဟုတ္ဘူး...
သူပါ အဆစ္ပါေနေသးတယ္...
ငါက သူ႕ကိုစိုးရိမ္တာကြ...
သူက ဟိုလူေတြအေၾကာင္းကို
ဘာမွမသိဘူး...ဪ ဒါနဲ႕
ကိုေလး ဘာေျပာလိုက္ေသးလဲ..."
" မင္းတို႔ လိုအပ္တာရွိရင္
ကူလိုက္ပါဦးတဲ့...
ကေလးအေပၚကိုလည္း
သိပ္မၾကမ္းနဲ႕လို႔ ေျပာေပးပါတဲ့...
အဲ့ဒါေတာ့ ေသေသခ်ာခ်ာမွာလိုက္တယ္..."
ဟု ငဂ်ဳံကေျပာေတာ့ ကြၽန္ေတာ့မွာ
မ်က္လုံးျပဴးၿပီးေတာင္
ၾကည့္လိုက္မိေသးသည္....
ငဂ်ဳံကေတာ့ ေျပာၿပီးေတာ့
ၿပဳံးစိစိလုပ္ေနသည္...
" ဟာ...ကိုေလးကေတာ့
စလိုက္တာကိုတကယ္ထင္ၿပီး
အကုန္လုံးကို ေလွ်ာက္ဖြေနတာပဲ..."
ဟု ကိုေလးကို မနိုင္ဘူးဆိုသည့္ပုံစံမ်ိဳးျဖင့္
ေျပာလိုက္ေတာ့ ငဂ်ဳံက ကြၽန္ေတာ့ကို
လက္တို႔ကာ တိုးတိုး တိုးတိုးျဖင့္
" ေဟ်ာင့္..ာအဲ့ဒါတကယ္လား...
မင္းတို႔ညၿပီးသြားၿပီလား...."
ဟု ကပ္တိုးေလး ေမးလာသည္...
" ည စရာလားကြာ...ငါအဲ့လိုလုပ္ဖို႔
ေခၚလာတာမွမဟုတ္တာ... "
ဟု ျပန္ေျဖလိုက္ေတာ့ ငဆယ္က
ကြၽန္ေတာ့အား ညင္ညင္သာသာပင္
ျပန္ေျပာပါသည္...
" သူေတာ္ေကာင္းေယာင္ ေဆာင္ေနတယ္...
မသိရင္ ငါးစိမ္းမစားတဲ့ေၾကာင္လိုလို..."
ဆိုၿပီးေျပာေတာ့ ကြၽန္ေတာ္က
" ေဟ်ာင့္...ငါက လူ...
ေၾကာင္မဟုတ္ေတာ့ ငါးစိမ္းမစားဘူး..."
ဟု အျမင္ကပ္ကပ္ႏွင့္ ျပန္ေျဖလိုက္သည္...
" ေအးေနာ္...မင္းစကားနဲ႕ မင္းေနာ္...
လုံးဝ မစားနဲ႕ေနာ္...စားတဲ့တစ္ေန႕
ငါနဲ႕ေတြ႕မယ္..."
ဟု ကြၽန္ေတာ့ကို ႀကိမ္းအၿပီး
ကေလးဘက္ကိုလွည့္ကာ
" ကေလးေလး ဒီေကာင့္ကို
ကေလးအနားကို မကပ္ခိုင္းနဲ႕သိလား... "
ဟု လွမ္းေျပာေတာ့ ကေလးက
ပန္းသီးကိုက္လိုက္စကို ၿပီးေအာင္
ကိုက္ကာ ပါးလုပ္ျပည့္ပါးေလာင္းျပည့္ႏွင့္
" Baek ေၾကာက္ရင္ ဘယ္လိုလုပ္မွာလဲ..."
ဟု ျပန္ေမးလာသည္...
" ကိုကိုအနားမွာ ရွိေနမွ
Baek မေၾကာက္တာ...
Baek တစ္ေယာက္တည္း
ဒီမွာ မေနရဲဘူးေလ....
ကိုကိုမရွိလို႔ မျဖစ္ဘူး...."
ဟု ငဆယ္တို႔ကို ျပန္ေျပာျပေနသည္...
ကေလးေျပာလိုက္သည့္စကားအဆုံး
ကြၽန္ေတာ္က သူတို႔ေတြကို မ်က္ခုံးပင့္ၿပီး
ေတြ႕လားဆိုကာ လုပ္ျပလိုက္သည္....
ဒါကိုပင္ မေက်နပ္ေသး ငဆယ္က
" မင္းက ဘာေတြကို ေၾကာက္လို႔လဲ..."
ဟု ျပန္ေမးေတာ့ ကြၽန္ေတာ္ကပင္
" မိုး႐ြာတာကို ေၾကာက္တယ္...
မိုးၿခိမ္းတာကို ေၾကာက္တယ္....
လွ်ပ္စီးလက္တာကို ေၾကာက္တယ္...
အေမွာင္ကိုေၾကာက္တယ္....
သရဲကိုေၾကာက္တယ္...
ေခြးလည္းေၾကာက္တယ္..."
ဟု ေျပာအၿပီး
" ကိုကို စိတ္ဆိုးမွာကိုလည္း
ေၾကာက္တယ္..."
ဟု ေခါင္းေလးငုံ႕ကာ ဝင္ေျပာေလသည္...
သူ႕စကားေလးၾကားေတာ့ ကြၽန္ေတာ္တို႔
သုံးေယာက္ တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ ၾကည့္လိုက္မိၾကသည္....
ထိုအခ်ိန္
" ေညွာင္...ေညွာင္...ေညွာင္..."
ဆိုသည့္ ေၾကာင္ေအာ္သံေလးၾကားတာေၾကာင့္
အသံလာရာဆီသို႔ ကြၽန္ေတာ္တို႔အားလုံး
လွမ္းၾကည့္လိုက္ေတာ့ ေၾကာင္ျဖဴျဖဴေလး
အေမႊးဖြားဖြားေလးေတြႏွင့္ ခ်စ္စရာေလး
" ဟင္....ေၾကာင္ေလး...."
ဆိုၿပီး ေၾကာင္ရွိရာဆီ ထသြားရန္လုပ္ေနသည့္
သူ႕အား လက္ေကာက္ဝတ္ကေလးကို
ဖမ္းကိုင္လိုက္ေတာ့ ကြၽန္ေတာ့အား
လွည့္ၾကည့္သည္....
" ဟင္...ဘာျဖစ္လို႔လဲကိုကို..."
" အရမ္းမကိုင္နဲ႕ေနာ္....
ေၾကာင္အကုတ္ခံရမယ္...
ေၾကာင္အေမႊးေတြလည္း
နာေခါင္းေတြထဲဝင္မယ္...
ေနာက္ၿပီး လက္ထဲကစားစရာကိုအရင္စား...
ၿပီးမွသြား..."
ဟု ေျပာလိုက္ေတာ့ေၾကာင္ေလးဆီကို
ဘယ္ေလာက္ေတာင္သြားခ်င္ေနလဲမသိဘူး...
လက္ထဲက ကိုင္ထားသည့္ပန္းသီးအား
ကြၽန္ေတာ့ ေကာ္ဖီခြက္ေဘးကို ခ်က္ခ်င္း
ကပ္ၿပီး ခ်ထားလိုက္သည္....
" ၿပီးမွ ဆက္စားေတာ့မယ္...."
ဟု ေျပာကာ လက္အား သူ႕ေဘာင္းဘီကို
ႏွစ္ခ်က္ေလာက္သုတ္ကာ ေၾကာင္ေလးဆီသို႔
သြားေလသည္...ၾကည့္ ညစ္ပတ္အိုး...
" မီ...မီ...မီ...မီ...ကေလးေလး...
ဘယ္ကေန လာတာလဲ...
အြန္းးးး ခ်စ္ဖို႔ေကာင္းလိုက္တာ...."
ဟု ေၾကာင္ေလးကို ေပြ႕ခ်ီရန္လုပ္လိုက္ေတာ့
" ဟိတ္...အရမ္းမကိုင္ပါနဲ႕လို႔ေတာင္
ေျပာလိုက္တာကို....ေပြ႕ခ်ီမလို႔
လုပ္ေနတယ္ ဟုတ္လား...."
ဟု လွမ္းေအာ္လိုက္ေတာ့
" ေၾကာင္ေလးက လိမၼာပါတယ္ ကိုကိုရဲ႕..
နည္းနည္းေလးခ်ီၾကည့္ခ်င္လို႔...
ေနာ္ ကိုကိုေနာ္...."
ဆိုကာ ခြင့္ေတာင္းၿပီး ေပြ႕ခ်ီေလသည္....
ဟိုသေကာင့္သားေလးကလည္း သူ႕လက္ေပၚမွာ
ၿငိမ္လိုက္လို႔....
" ကေလးက မင္းကိုေတာ့
ေတာ္ေတာ္အားကိုးတယ္ေနာ္...
ေတာ္ေတာ္လည္း ခ်စ္ပုံရတယ္...
မင္းကေရာ..."
ဟု ငဆယ္ကေမးလာသည္ကို
ကြၽန္ေတာ္က ဘာမွ ျပန္မေျဖရေသးခင္...
" ေဟ်ာင့္...ငဆယ္...မင္းေကာင္ႀကီးကို
ခ်စ္လားမခ်စ္လား ေမးေနစရာေတာင္
မလိုဘူး... အခုပုံစံကိုသာၾကည့္...."
ဟု ငဂ်ဳံက ဝင္ေျပာလာသည္...
ဟင္...ဘာလား...
" ငါက အခု ဘာျဖစ္ေနလို႔လဲ..."
ဟု ျပန္ေမးလိုက္ေတာ့
" တစ္ခ်ိန္လုံး အရိပ္တၾကည့္ၾကည့္နဲ႕
အျမင္ကပ္စရာေကာင္းေအာင္
သည္းျပေနတာကို..."
" ဘယ္မွာ သည္းလို႔လဲ...."
" အိတ္သယ္တာေတာင္ ကိုယ္သယ္မယ္
ဆိုတာက တစ္မ်ိဳး...ေၾကာင္ကိုင္တာေတာင္
အကုတ္ခံရမယ္ ဆိုတာက တစ္မ်ိဳးနဲ႕..."
" ဒါကေတာ့ တစ္ခုခုျဖစ္မွာ
စိတ္ပူတာကိုးကြ...."
ကြၽန္ေတာ္က ေကာ္ဖီကိုေမာ့ေသာက္လိုက္ရင္း
ေျဖလိုက္သည္ကို ႏွစ္ေယာက္စလုံးက
တအံ့တၾသႏွင့္ ၾကည့္လာကာ
" ေဟ်ာင့္...မင္း အခု
စိတ္ပူတယ္ဆိုတဲ့ စကားကို
ေျပာလိုက္တာလား....ဟုတ္လား....
ငါနားၾကားမွားတာေတာ့မဟုတ္ဘူးမလား..."
ဟု ငဆယ္က ေမးလာသည္....
" မင္း အရင္တုန္းကေတာ့
ငါ့မွာ ေမြးကတည္းက အသက္တစ္ေခ်ာင္းနဲ႕
ဘဝတစ္ခုပဲပါတယ္... သူမ်ားအတြက္
စိုးရိမ္တယ္ စိတ္ပူတယ္ ဆိုတဲ့
ဖီလင္ေတြကို မုန္းတယ္ဆို...
ေနာက္ၿပီးေတာ့လည္း ရွိေသးတယ္...
ငါ့ဘဝမွာ Do or Die ပဲရွိတယ္...
ကိုယ့္အတြက္ေတာင္ကိုယ္စိတ္မပူဘူးဆို...
အခုေတာ့ မင္းကသူ႕အတြက္ကို
စိတ္ပူတတ္ေနၿပီေပါ့...ဟုတ္လား...
မင္း သူ႕ကို တကယ္ကိုခ်စ္သြားတာပဲ..."
ဟု ငဂ်ဳံက ကြၽန္ေတာ့ကို
အံ့ၾသသြားသည့္ပုံစံျဖင့္ ေျပာလာေတာ့
ကြၽန္ေတာ္က ေခါင္းညိတ္ျပလိုက္ကာ
" ဟုတ္တယ္...ငါလည္း မထင္ထားဘူး...
ငါ ခ်စ္မိသြားတာ ဒီလိုေကာင္ေလးတစ္ေယာက္
ကေလးေလးတစ္ေယာက္ ျဖစ္ေနမယ္လို႔
ပိုေတာင္ မထင္ထားဘူး...
ေတြးေတာင္ မေတြးၾကည့္ခဲ့ဖူးဘူးကြာ..."
ဟု ေၾကာင္ေလးႏွင့္ေဆာ့ေနသည့္
ကေလးကို လွမ္းၾကည့္ၿပီး ေျဖလိုက္သည္...
" မင္း ေကာင္မေလးေတြကို
စိတ္ကုန္သြားလို႔လား..."
ဟု ငဆယ္က ထိုင္ခုံကို မွီထိုင္ကာ ေျခေထာက္ကို ခ်ိတ္ထိုင္လိုက္ရင္း
ေမးလာသည္....
" စိတ္ကုန္သြားတယ္ေျပာရေအာင္
ငါသူတို႔နဲ႕ စိတ္ကုန္ရတဲ့အထိ
ဆက္သြယ္မႈမွ မရွိခဲ့တာပဲ...
မသိေတာ့ပါဘူးကြာ...ေရစက္ပဲလို႔
ေျပာရမွာပဲ...."
ဟု ျပန္ေျပာလိုက္စဥ္ ကေလးက
" ကိုကို...ကိုကိုေရ..."
ဟု ပစ္ခြၽဲခြၽဲျဖင့္ေခၚလိုက္သည္ေၾကာင့္
" ဘာလဲ...ဘာမဟုတ္တာကို
ပူဆာဦးမလို႔လဲ...ေၾကာင္ေမြးလို႔ေတာ့
မရဘူးေနာ္...အခုေတာင္ ခဏပဲ
ေဆာ့ခိုင္းတာ...အၿပီးေမြးလို႔္မရဘူး...."
ဟု ပိတ္ေျပာလိုက္ေတာ့ ႏႈတ္ခမ္းကို
ဆူကာ ေျခကိုေစာင့္သည္...
ဒါမေက်နပ္သည့္ သေဘာ...
ကြၽန္ေတာ္ေျပာလိုက္သည္ကို
ဟိုႏွစ္ေကာင္က ထပ္ကာ
အံ့ၾသသြားျပန္သည္....
" သူဘာေျပာမလို႔လည္း
နားေထာင္ပါဦးလားကြာ..."
" နားေထာင္စရာမလိုဘူး...
ငါ့ကိုေခၚတဲ့ပုံကို နားေထာင္တာနဲ႕တင္
သိတယ္...တစ္ခုခုပူဆာေတာ့မွာ အေသအခ်ာပဲ...
ငါခြင့္မျပဳမယ့္ဟာကို ပူဆာမွာမို႔လို႔
အဲ့ဒီ့အသံနဲ႕ အခ်ိဳသပ္ေနတာ...."
" ေၾသာ္...သူတို႔ Sign နဲ႕ သူတို႔ဟ..."
ဟုသာေျပာနိုင္ေတာ့သည္...
~~~~~~~~~~to be continued 💛💚💙
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
( Unicode )
" တင်းတောင်....တင်းတောင်..."
ကလေးလေးကို မွှေးမွှေးပေးနေတုန်း
ဘဲလ်တီးသံကြားလိုက်ရတာကြောင့်
စိတ်ထဲမှာ နည်းနည်းတော့
အချဉ်ပေါက်သွားသည်...
ကောင်းခန်းရောက်ရင်
သာသနာဖျက်တွေကလာပြီ...
ဘယ်လဒတွေ လာနှောက်ပြန်တာလဲကွာ....
စိတ်ထဲမှာ ကြိမ်ဆဲရင်း ဟိုကလေးကို
လက်ကနေကိုင်ကာ ဆွဲခေါ်သွားရင်း
တံခါးသွားဖွင့်လိုက်တော့
အိမ်ပေါက်ဝတွင် ရပ်နေကြသော
ဟိုနှစ်ကောင်....
ကျွန်တော်တို့ကို မြင်သည်နှင့်
" သြော်...သြော်...သြော်....
အခြေအနေတွေက ဒီလိုတွေတောင်
ဖြစ်သွားကြတာကိုး..."
ဟု ကျွန်တော်လက်ဆွဲထားသည့်
ဟိုကလေးလက်ကို စိုက်ကြည့်ပြပြီး
ငဂျုံက ပြောလာကာ ငဆယ် ကတော့
" Baby take my hand
I want you to be my husband
Cause you're my iron man
and I love you 3000...."
ကို အဆွဲအငင် ပီပီသသနှင့်
ဆိုပြလာသည်...သီချင်းလည်း
ဆိုပြီးသွားရော
" ပြောပြပါဦး...ဒီလိုဖြစ်သွားရတဲ့
အကြောင်းလေး..."
ဟု နောက်ကာမေးလာတာကြောင့်
"အေးပြောမယ်...ဒီလိုဟေ့...."
ဟု ပြောကာ ကိုကြီးSehun အား
ခြေထောက်ဖြင့် လိုက်ကန်နေလေသည်...
ကိုကြီး Sehun ကလည်း ကိုကို့အား
ပတ်ရှောင်နေကာ ကျွန်တော့အနောက်တွင်
လာပုန်းနေလေသည်....
" ဟျောင့်...မင်းတောင့်တလွန်းလို့
ကိုယ်ထင်လာပြတာနော်...
မရိုမသေမလုပ်နဲ့ ထပြန်ပစ်လိုက်မှာ
ဘာမှတ်...."
ဟု ကိုကြီး Jongin က Luggage ကို
မေးငေါ့ပြပြီး ဝင်ပြောသည်ကြောင့်
" အဲ့ဒါဘာတွေလဲ ကိုကြီး...."
ဟု ကျွန်တော်က ဝင်မေးလိုက်တော့
" မင်းနဲ့သူ့ရဲ့ အင်္ကျီတွေလေ...
သူက ယူလာခိုင်းလို့ ယူလာပေးတာ..."
" ဟင်...ဒီအင်္ကျီတွေကို
ဘယ်ကရတာလဲဟင်..."
ဟု မေးလိုက်တော့
" ငချန်းရဲ့ကိုလတ်က ကိုကြီးတို့ဆီ
ဖုန်းဆက်ပြီး လာယူခိုင်းတာလေ..."
အဲ့တော့မှ သဘောပေါက်သွားတော့သည်...
ခုနက ကိုကိုနှင့် ကိုလေး ဖုန်းပြောနေတာ
ဒီကိစ္စပဲ ဖြစ်မည်...
" သြော်...."
" ဟျောင့်...ငါတို့ကို အိမ်ထဲလေး
ဘာလေး ပေးဝင်ဦးလေ...
အပေါက်ဝကြီးမှာ တန်းလန်းကြီး..."
ဟု ပြောသည်ကြောင့် ကျွန်တော်က
ကိုကြီး Jongin လက်ထဲက
Luggageကို သွားဆွဲလိုက်တော့ ကိုကိုက
" ပေး ပေး....ကိုယ်သယ်မယ်..."
သူ့ကိုယ်သူ ကိုယ် ဆိုသည့် နာမ်စားကို
သုံးလိုက်တာကြောင့် ကျွန်တော်
ပြုံးမိသွားကာတစ်ဆက်တည်းမှာပင်
"ဝေါ့....အော့...."
ဆိုသည့်အသံတွေ တစ်ပြိုင်နက်
ထွက်လာကာ
" ကိုယ်ချည်းသာလော..."
" ခေါင်းမပါ ပါဘုရား...ခွီး..."
ဆိုပြီး ကိုကြီး Sehunနှင့် Jonginက
တစ်ယောက်ကမေးပြီး တစ်ယောက်ကဖြေကာ
ဝင်နောက်တော့ ကိုကိုက
ရှက်သွားသည်ထင်သည်...
နားရွက်ကလေးတွေ နီရဲလာပြီး
" အေး...လဒ...ဒီနေ့ မင်းအသေပဲ..."
ဟု အော်ကာ ကိုကြီး Sehun ကို
လိုက်ဖမ်းကာ လက်သီးဖြင့်
လိုက်ထိုးနေလေသည်...
ကိုကြီး Jongin နှင့် ကျွန်တော်ကတော့
ကိုကိုတို့ကို ကြည့်ကာ ရယ်နေကြတော့သည်။
.
.
.
.
.
.
.
" မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ..."
" ဟင့်အင်း...ဘာမှ မစဉ်းစားထားဘူး..."
ဟု ပြန်ဖြေလိုက်သည်...
အခု ကျွန်တော်တို့ လေးယောက်
ခြံထဲက ထိုင်ခုံမှာ ထိုင်နေကြကာ
ကော်ဖီသောက်ရင်း စကားပြောနေကြသည်...
ဟိုကလေးကတော့
ကျွန်တော်ရန်ဖြစ်ပေးလိုက်ရသော
ပန်းသီးကို ကိုက်စားရင်း
ကျွန်တော့ဘေးနားတွင် ထိုင်နေလေသည်...
" ဘာမှ မစဉ်းစားလို့တော့ မရဘူးလေ....
ဒီပုံစံအတိုင်းပဲ နေသွားကြလို့မှ မရတာ..."
" ငါသိပါတယ် နေလို့မရမှန်း...
ဒါပေမယ့်လည်း တစ်လလောက်တော့
အေးဆေးနှပ်လို့ ရပါသေးတယ်....
ခရီးထွက်နေတယ်လို့ သဘောထားလိုက်ရင်
ဖြစ်ပါတယ်...."
" ငါကြားရသလောက်တော့ ဟိုလူတွေ
မင်းတို့ကိုလိုက်ရှာနေတယ်..."
" ဒီအချိန်ထိအောင် လိုက်ရှာနေတုန်းလား...
အေးပေါ့... သူ့ကို မယူချင်လို့ ဒီလို
ရှောင်ထွက်လာတာဆိုတော့
သူ့အနေနဲ့လည်း ခံပြင်းမှာပေါ့...
ဒါပေမယ့်လည်း ဒီကလေးကိုတောင်
ခိုးပြေးလာပြီလေ....ငါတို့ကို
လိုက်ရှာပြီး တွေ့တော့ ဘာလုပ်မလို့လဲ..."
" မင်းခိုးသွားတာ မိန်းကလေးမဟုတ်တော့
ဘာမှ မဖြစ်ဘူးတဲ့လေ...သူ့ရဲ့
Logic ကလည်း ခပ်ဆန်းဆန်းကွ...."
" သူပြောချင်တာက ဒီကလေးက
မိန်းကလေးမဟုတ်တော့
အပြောခံရစရာတွေ ဘာတွေ
မရှိဘူးပေါ့ကွာ...သိလား...
ပတ်ဝန်းကျင်က ပြောမှာကိုလည်း
ကြောက်နေစရာမလိုဘူးပေါ့ကွာ...
ဒီဇိုင်းက..."
" သူ့အတွေးနဲ့သူတော့ ဟုတ်နေတာပဲ..."
" မင်းစခဲ့တဲ့ ဇာတ် အခုတော့ မင်းကိုပဲ
ပြန်ပတ်နေပြီတွေ့လား...."
" အေးကွာ...အမှုက
ငါတစ်ယောက်တည်းတင်မဟုတ်ဘူး...
သူပါ အဆစ်ပါနေသေးတယ်...
ငါက သူ့ကိုစိုးရိမ်တာကွ...
သူက ဟိုလူတွေအကြောင်းကို
ဘာမှမသိဘူး...ဪ ဒါနဲ့
ကိုလေး ဘာပြောလိုက်သေးလဲ..."
" မင်းတို့ လိုအပ်တာရှိရင်
ကူလိုက်ပါဦးတဲ့...
ကလေးအပေါ်ကိုလည်း
သိပ်မကြမ်းနဲ့လို့ ပြောပေးပါတဲ့...
အဲ့ဒါတော့ သေသေချာချာမှာလိုက်တယ်..."
ဟု ငဂျုံကပြောတော့ ကျွန်တော့မှာ
မျက်လုံးပြူးပြီးတောင်
ကြည့်လိုက်မိသေးသည်....
ငဂျုံကတော့ ပြောပြီးတော့
ပြုံးစိစိလုပ်နေသည်...
" ဟာ...ကိုလေးကတော့
စလိုက်တာကိုတကယ်ထင်ပြီး
အကုန်လုံးကို လျှောက်ဖွနေတာပဲ..."
ဟု ကိုလေးကို မနိုင်ဘူးဆိုသည့်ပုံစံမျိုးဖြင့်
ပြောလိုက်တော့ ငဂျုံက ကျွန်တော့ကို
လက်တို့ကာ တိုးတိုး တိုးတိုးဖြင့်
" ဟျောင့်..ာအဲ့ဒါတကယ်လား...
မင်းတို့ညပြီးသွားပြီလား...."
ဟု ကပ်တိုးလေး မေးလာသည်...
" ည စရာလားကွာ...ငါအဲ့လိုလုပ်ဖို့
ခေါ်လာတာမှမဟုတ်တာ... "
ဟု ပြန်ဖြေလိုက်တော့ ငဆယ်က
ကျွန်တော့အား ညင်ညင်သာသာပင်
ပြန်ပြောပါသည်...
" သူတော်ကောင်းယောင် ဆောင်နေတယ်...
မသိရင် ငါးစိမ်းမစားတဲ့ ကြောင်လိုလို..."
ဆိုပြီးပြောတော့ ကျွန်တော်က
" ဟျောင့်...ငါက လူ...
ကြောင်မဟုတ်တော့ ငါးစိမ်းမစားဘူး..."
ဟု အမြင်ကပ်ကပ်နှင့် ပြန်ဖြေလိုက်သည်...
" အေးနော်...မင်းစကားနဲ့ မင်းနော်...
လုံးဝ မစားနဲ့နော်...စားတဲ့တစ်နေ့
ငါနဲ့တွေ့မယ်..."
ဟု ကျွန်တော့ကို ကြိမ်းအပြီး
ကလေးဘက်ကိုလှည့်ကာ
" ကလေးလေး ဒီကောင့်ကို
ကလေးအနားကို မကပ်ခိုင်းနဲ့သိလား... "
ဟု လှမ်းပြောတော့ ကလေးက
ပန်းသီးကိုက်လိုက်စကို ပြီးအောင်
ကိုက်ကာ ပါးလုပ်ပြည့်ပါးလောင်းပြည့်နှင့်
" Baek ကြောက်ရင် ဘယ်လိုလုပ်မှာလဲ..."
ဟု ပြန်မေးလာသည်...
" ကိုကိုအနားမှာ ရှိနေမှ
Baek မကြောက်တာ...
Baek တစ်ယောက်တည်း
ဒီမှာ မနေရဲဘူးလေ....
ကိုကိုမရှိလို့ မဖြစ်ဘူး...."
ဟု ငဆယ်တို့ကို ပြန်ပြောပြနေသည်...
ကလေးပြောလိုက်သည့်စကားအဆုံး
ကျွန်တော်က သူတို့တွေကို မျက်ခုံးပင့်ပြီး
တွေ့လားဆိုကာ လုပ်ပြလိုက်သည်....
ဒါကိုပင် မကျေနပ်သေး ငဆယ်က
" မင်းက ဘာတွေကို ကြောက်လို့လဲ..."
ဟု ပြန်မေးတော့ ကျွန်တော်ကပင်
" မိုးရွာတာကို ကြောက်တယ်...
မိုးခြိမ်းတာကို ကြောက်တယ်....
လျှပ်စီးလက်တာကို ကြောက်တယ်...
အမှောင်ကိုကြောက်တယ်....
သရဲကိုကြောက်တယ်...
ခွေးလည်းကြောက်တယ်..."
ဟု ပြောအပြီး
" ကိုကို စိတ်ဆိုးမှာကိုလည်း
ကြောက်တယ်..."
ဟု ခေါင်းလေးငုံ့ကာ ဝင်ပြောလေသည်...
သူ့စကားလေးကြားတော့ ကျွန်တော်တို့
သုံးယောက် တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်မိကြသည်....
ထိုအချိန်
" ညှောင်...ညှောင်...ညှောင်..."
ဆိုသည့် ကြောင်အော်သံလေးကြားတာကြောင့်
အသံလာရာဆီသို့ ကျွန်တော်တို့အားလုံး
လှမ်းကြည့်လိုက်တော့ ကြောင်ဖြူဖြူလေး
အမွှေးဖွားဖွားလေးတွေနှင့် ချစ်စရာလေး
" ဟင်....ကြောင်လေး...."
ဆိုပြီး ကြောင်ရှိရာဆီ ထသွားရန်လုပ်နေသည့်
သူ့အား လက်ကောက်ဝတ်ကလေးကို
ဖမ်းကိုင်လိုက်တော့ ကျွန်တော့အား
လှည့်ကြည့်သည်....
" ဟင်...ဘာဖြစ်လို့လဲကိုကို..."
" အရမ်းမကိုင်နဲ့နော်....
ကြောင်အကုတ်ခံရမယ်...
ကြောင်အမွှေးတွေလည်း
နာခေါင်းတွေထဲဝင်မယ်...
နောက်ပြီး လက်ထဲကစားစရာကိုအရင်စား...
ပြီးမှသွား..."
ဟု ပြောလိုက်တော့ကြောင်လေးဆီကို
ဘယ်လောက်တောင်သွားချင်နေလဲမသိဘူး...
လက်ထဲက ကိုင်ထားသည့်ပန်းသီးအား
ကျွန်တော့ ကော်ဖီခွက်ဘေးကို ချက်ချင်း
ကပ်ပြီး ချထားလိုက်သည်....
" ပြီးမှ ဆက်စားတော့မယ်...."
ဟု ပြောကာ လက်အား သူ့ဘောင်းဘီကို
နှစ်ချက်လောက်သုတ်ကာ ကြောင်လေးဆီသို့
သွားလေသည်...ကြည့် ညစ်ပတ်အိုး...
" မီ...မီ...မီ...မီ...ကလေးလေး...
ဘယ်ကနေ လာတာလဲ...
အွန်းးးး ချစ်ဖို့ကောင်းလိုက်တာ...."
ဟု ကြောင်လေးကို ပွေ့ချီရန်လုပ်လိုက်တော့
" ဟိတ်...အရမ်းမကိုင်ပါနဲ့လို့တောင်
ပြောလိုက်တာကို....ပွေ့ချီမလို့
လုပ်နေတယ် ဟုတ်လား...."
ဟု လှမ်းအော်လိုက်တော့
" ကြောင်လေးက လိမ္မာပါတယ် ကိုကိုရဲ့..
နည်းနည်းလေးချီကြည့်ချင်လို့...
နော် ကိုကိုနော်...."
ဆိုကာ ခွင့်တောင်းပြီး ပွေ့ချီလေသည်....
ဟိုသကောင့်သားလေးကလည်း သူ့လက်ပေါ်မှာ
ငြိမ်လိုက်လို့....
" ကလေးက မင်းကိုတော့
တော်တော်အားကိုးတယ်နော်...
တော်တော်လည်း ချစ်ပုံရတယ်...
မင်းကရော..."
ဟု ငဆယ်ကမေးလာသည်ကို
ကျွန်တော်က ဘာမှ ပြန်မဖြေရသေးခင်...
" ဟျောင့်...ငဆယ်...မင်းကောင်ကြီးကို
ချစ်လားမချစ်လား မေးနေစရာတောင်
မလိုဘူး... အခုပုံစံကိုသာကြည့်...."
ဟု ငဂျုံက ဝင်ပြောလာသည်...
ဟင်...ဘာလား...
" ငါက အခု ဘာဖြစ်နေလို့လဲ..."
ဟု ပြန်မေးလိုက်တော့
" တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့
အမြင်ကပ်စရာကောင်းအောင်
သည်းပြနေတာကို..."
" ဘယ်မှာ သည်းလို့လဲ...."
" အိတ်သယ်တာတောင် ကိုယ်သယ်မယ်
ဆိုတာက တစ်မျိုး...ကြောင်ကိုင်တာတောင်
အကုတ်ခံရမယ် ဆိုတာက တစ်မျိုးနဲ့..."
" ဒါကတော့ တစ်ခုခုဖြစ်မှာ
စိတ်ပူတာကိုးကွ...."
ကျွန်တော်က ကော်ဖီကိုမော့သောက်လိုက်ရင်း
ဖြေလိုက်သည်ကို နှစ်ယောက်စလုံးက
တအံ့တသြနှင့် ကြည့်လာကာ
" ဟျောင့်...မင်း အခု
စိတ်ပူတယ်ဆိုတဲ့ စကားကို
ပြောလိုက်တာလား....ဟုတ်လား....
ငါနားကြားမှားတာတော့မဟုတ်ဘူးမလား..."
ဟု ငဆယ်က မေးလာသည်....
" မင်း အရင်တုန်းကတော့
ငါ့မှာ မွေးကတည်းက အသက်တစ်ချောင်းနဲ့
ဘဝတစ်ခုပဲပါတယ်... သူများအတွက်
စိုးရိမ်တယ် စိတ်ပူတယ် ဆိုတဲ့
ဖီလင်တွေကို မုန်းတယ်ဆို...
နောက်ပြီးတော့လည်း ရှိသေးတယ်...
ငါ့ဘဝမှာ Do or Die ပဲရှိတယ်...
ကိုယ့်အတွက်တောင်ကိုယ်စိတ်မပူဘူးဆို...
အခုတော့ မင်းကသူ့အတွက်ကို
စိတ်ပူတတ်နေပြီပေါ့...ဟုတ်လား...
မင်း သူ့ကို တကယ်ကိုချစ်သွားတာပဲ..."
ဟု ငဂျုံက ကျွန်တော့ကို
အံ့သြသွားသည့်ပုံစံဖြင့် ပြောလာတော့
ကျွန်တော်က ခေါင်းညိတ်ပြလိုက်ကာ
" ဟုတ်တယ်...ငါလည်း မထင်ထားဘူး...
ငါ ချစ်မိသွားတာ ဒီလိုကောင်လေးတစ်ယောက်
ကလေးလေးတစ်ယောက် ဖြစ်နေမယ်လို့
ပိုတောင် မထင်ထားဘူး...
တွေးတောင် မတွေးကြည့်ခဲ့ဖူးဘူးကွာ..."
ဟု ကြောင်လေးနှင့်ဆော့နေသည့်
ကလေးကို လှမ်းကြည့်ပြီး ဖြေလိုက်သည်...
" မင်း ကောင်မလေးတွေကို
စိတ်ကုန်သွားလို့လား..."
ဟု ငဆယ်က ထိုင်ခုံကို မှီထိုင်ကာ ခြေထောက်ကို ချိတ်ထိုင်လိုက်ရင်း
မေးလာသည်....
" စိတ်ကုန်သွားတယ်ပြောရအောင်
ငါသူတို့နဲ့ စိတ်ကုန်ရတဲ့အထိ
ဆက်သွယ်မှုမှ မရှိခဲ့တာပဲ...
မသိတော့ပါဘူးကွာ...ရေစက်ပဲလို့
ပြောရမှာပဲ...."
ဟု ပြန်ပြောလိုက်စဉ် ကလေးက
" ကိုကို...ကိုကိုရေ..."
ဟု ပစ်ချွဲချွဲဖြင့်ခေါ်လိုက်သည်ကြောင့်
" ဘာလဲ...ဘာမဟုတ်တာကို
ပူဆာဦးမလို့လဲ...ကြောင်မွေးလို့တော့
မရဘူးနော်...အခုတောင် ခဏပဲ
ဆော့ခိုင်းတာ...အပြီးမွေးလို့်မရဘူး...."
ဟု ပိတ်ပြောလိုက်တော့ နှုတ်ခမ်းကို
ဆူကာ ခြေကိုစောင့်သည်...
ဒါမကျေနပ်သည့် သဘော...
ကျွန်တော်ပြောလိုက်သည်ကို
ဟိုနှစ်ကောင်က ထပ်ကာ
အံ့သြသွားပြန်သည်....
" သူဘာပြောမလို့လည်း
နားထောင်ပါဦးလားကွာ..."
" နားထောင်စရာမလိုဘူး...
ငါ့ကိုခေါ်တဲ့ပုံကို နားထောင်တာနဲ့တင်
သိတယ်...တစ်ခုခုပူဆာတော့မှာ အသေအချာပဲ...
ငါခွင့်မပြုမယ့်ဟာကို ပူဆာမှာမို့လို့
အဲ့ဒီ့အသံနဲ့ အချိုသပ်နေတာ...."
" သြော်...သူတို့ Sign နဲ့ သူတို့ဟ..."
ဟုသာပြောနိုင်တော့သည်...
~~~~~~~~~~to be continued 💛💚💙