လီ႐ွန္းမွာ အေၾကာင္းစုံသိရၿပီးေနာက္ စိတ္မခ်မ္းသာျခင္းမ်ားစြာနဲ႔ ကိုယ့္အေဆာင္ကိုယ္သာျပန္လာခဲ့သည္။
ခုခ်ိန္ထိ အ႐ိုင္းဆန္စြာခုန္ေနတဲ့ရင္က ထိုအျပဳံးေၾကာင့္ဆိုသည္ကေတာ့ နည္းနည္းေတာ့ဟာသဆန္ေနေပမည္။
ညတိုင္း ကိုယ့္ကိုေျခေတာ္တင္ေနတဲ့လူကို ပုံတူပန္းခ်ီကားျမင္မွ စိတ္လူပ္႐ွားသည္ဆိုသည္က နည္းနည္းေတာ့မေကာင္းေပမယ့္လည္း စိတ္လူပ္႐ွားလြန္းေနတာေျကာင့္ မ်က္ႏွွာကအမူရာပင္မရွိေတာ့သည္ထိျဖစ္ေနရသည္။
လီ႐ွန္းက အေခ်ာလွမွႀကိဳက္တတ္သည့္ လူမ်ိဳးလည္းမဟုတ္သည့္တိုင္ လိင္တူခ်င္း စိတ္လူပ္႐ွားတတ္သည့္လူမဟုတ္ခဲ့ပဲ
ထိုပန္းခ်ီကားေလးတစ္ခ်ပ္ေပၚက အျပဳံးတစ္ခ်က္ေၾကာင့္ ႐ူးမတတ္စိတ္လူပ္႐ွားရသည္တဲ့လား။
ခုခ်ိန္မွာ ထိုသူကဘယ္လိုလူ ဘယ္လိုမ်ိဳးဆိုတာလည္းကို အကုန္ေမ့ေနသည္သာသိေတာ့သည္။
ဆက္ဆံေရးက ဘယ္လိုဆိုတာလည္းမသိခ်င္ေတာ့ပဲ သူ႔ကိုသာ့ျမင္ခ်င္ေတာ့သည္။
တလိမ့္လိမံစီးက်လာတဲ့မ်က္ရည္တို႔က ေခါဥ္းစဥ္မ႐ွိစြာနဲ႔ နာက်ဥ္းစြာအံႀကိတ္ရင္း ကိုယ့္ရင္ဘတ္ကိုဖိနိပ္လိုက္မိသည္။
ဘာလို႔အရွင့္မွာ အဲေလာက္နာက်င္စရာေကာင္းတဲ့ အတိတ္မ်ိဳး႐ွိခဲ့တာလဲ...။
ဘယ္ေလာက္ေတာင္နာက်င္ခဲ့မလဲ...
ဘယ္ေလာက္ထိမ်ား....ငိုေကြၽးခဲ့မလဲ....။
ထိုသို႔အေတြးနဲ႔တင္ လီ႐ွန္းႏွလုံးသားက ေသြးစိမ္း႐ွင္႐ွင္ထြက္ေနသည္အလား နာက်င္ေနခဲ့ရသည္။
.
.
.
.
.
.........................................................
"မလာဘူးပဲ.."
ဖုန္းရႊမ္စိတ္ပ်က္စြာေရရြတ္လိုက္ရင္း ထိုလူသားရဲ႕အူတူတူမ်က္ႏွာကို မ်က္လုံးထဲျပန္ျမင္လာသည္။
မဟုတ္မွ..စကားရဲ႕အဓိပၸါယ္ကိုနားမလည္ၿပီး မလာတာမ်ားလား..။
စဥ္းစားရင္းနည္းနည္းေတာ့
ထပ္ေစာင့္ေနေသးေပမယ့္ ေပၚမလာေပ။ ေနာက္ဆုံးေတာ့လည္း ဖုန္းရႊမ္လက္မိူင္ခ်ရေတာ့သည္သာ။ညတိုင္းလူသားေတြနဲ႔ဆက္ဆံတာက အသားက်ၿပီျဖစ္လို႔
တစ္ရက္ေလးပ်က္လိုက္တာနဲ႔
ခနၶာကိုယ္ကလိုအင္တို႔ကေတာင့္တေနသည္ေလ။
ၿပီးေတာ့အဲဒီလူသား သူ႔အရသာကေကာင္းလည္းမေကာင္းပါဘူး။
လူကပိန္လွီေနေသးတယ္။အိမ္ေ႐ွ႕စံသာနတ္ေဆးမေပးခဲ့ရင္ ဒီခ်ိန္ထိအသက္႐ွင္ေနမွာလည္းမဟုတ္ဘူး။ ဒါကိုနည္းနည္းေလးၾကာတာနဲ႔ စကားနားမေထာင္ခ်င္ေတာ့ဘူးတဲ့ေလ။
ဒါကလည္းျဖစ္တတ္တဲ့သဘာဝပါပဲေလ..။
ဖုန္းရႊမ္ ထိုသို့ေတြးေပးလိုက္ရင္း
ေဒါသလည္းမထြက္မိေပ။
"ဟူး...ေနာက္ထပ္ လူသားတစ္ေယာက္ေလာက္ေတာ့႐ွာရမယ္"
ထိုနည္းမွာဖုန္းရႊမ္လုပ္ေနက်ပင္ျဖစ္သည္။က်ိန္စာမွာစေတးခံလူေတြက သာမာန္လူသားေတြပဲမလို႔ အားနည္းက်သည္မ်ားသည္။ထို႔ေၾကာင့္အျမဲအပိုရွာရသည္သာပင္။
.
.
.
.
.
..........................................................
ရင္းယာန္ဒီေန႔ေတာ့ လူသားေလးစီသြားခ်င္စိတ္မ႐ွိပဲ
ထိန္းသိမ္းေရးေတာဘက္ကိုပဲေျခဆန္႔ခဲ့သည္။
ေပ့ထုံးငွက္ေပါက္ေလးကို ေကာင္မေလးတခ်ိဳ႕ကိုဂ႐ူစိုက္ဖို႔မွာခဲ့ေပမယ့္လည္း စိတ္မခ်။သို႔ေသာ္လည္း ထိုေျမေခြးေလးကိုေတြ႔ခ်င္ေနသည္။
ေတာစပ္နားမွာတင္ ပန္းခူးေနတဲ့ေျမေခြးမေလးက ရင္းယာန္ကိုေတြ႔တာနဲ႔ မၾကည္ၾကည့္ၿပီးမ်က္ႏွာလြဲသြားေလသည္။
ရင္းယာန္ လူယုတ္မာအျပဳံးျပဳံးရင္း သူမနားကပ္သြားလိုက္ကာ....
"ေျမေခြးမေလး မင္းအကိုေရာ.."
"မ သိ ဘူး"
တစ္လုံးခ်င္းၿပီသစြာေျပာလာတဲ့စကားက ျပတ္သားလိုက္တာမွ...။
ေျပာျပမည့္ပုံမေပၚတဲ့ထိုေျမေခြးမကို ေမးမေနေတာ့ပဲ ဂူ႐ွိရာသာသြားရေတာ့သည္။
သို႔ေသာ္လည္းမ႐ွိ။ဂူနားပတ္ဝန္းက်င္ကိုလိုက္႐ွာၾကည့္ေတာ့မွာ ကုန္းမို႔ေလးတစ္ခုေပၚမွာ ေငးငိုင္ေနသည့္သူ...။
ေနာက္ကေနမသိေအာင္တတ္သြားၿပီး အသားခ်င္းထိေအာင္ကိုကပ္ထိုင္လိုက္ေတာ့ မၾကည္သလိုၾကည့္လာသည္။
"ဘာလာလုပ္တာလဲ.."
ေလစိမ္းတိုက္သလိုစကားက ရင္ဝကိုေဆာင့္ကန္သလိုခံစားရတာေၾကာင့္ ရင္းယာန္မ်က္ႏွာကစူပုတ္သြားရသည္။
"တစိမ္းမဆန္စမ္းပါနဲ႔....ငါတို႔ကရင္းနီးဖူးသားေလ"
"ေတာ္စမ္းပါ.... တစိမ္းကတစိမ္းပဲေပါ့"
စကားေကာင္းေျပာလို႔မရပဲ ဘာမွမ႐ွိတဲ့ျမက္ခင္းျပင္စိမ္းစိမ္းကိုသာ ေငးၾကည့္ေနေလသည္။ အနက္ေရာင္ဆံနြယ္႐ွည္႐ွည္တို႔က ို႔ေလတိုက္တိုင္းလည္း႐ူပ္မသြားပဲ ေလယူရာယိမ္းႏြဲ႔ကာျဖင့္.... ေမွးစင္းထားတဲ႕မ်က္ေတာင္႐ွည္႐ွည္တို႔ကလည္ယ မ်က္စံတဝတ္ေလာက္ဖုံးသည္ထိ ဆင္းက်ေနကာ နွာတံခြၽန္ခြၽန္စင္းစင္းတို႔ထင္းေနျပီး အက်အနေသသပ္တဲ့ ေမး႐ိုးသြယ္သြယ္တို႔နဲ႔ေပါင္းလိုက္ေတာ့ ၿပီးျပည့္သည္ထက္ပို၍ၿပီးျပည့္စုံေနသည္။
မထိတထိလူပ္ခပ္ေနတဲ့နဖူးစပ္က ဆံႏြယ္ေပ်ာ့ေပ်ာ့တို႔မွာ
မ်က္ခုံးဖ်ားေလးေတြနားလြန္႔ကာလူးကာႏွင့္ ေစ့ေစ့စိထားတဲ့ၾကက္ေသြးေရာင္ႏွတ္ခမ္းရဲရဲေတြက အထူလည္းမဟုတ္ ပါးလွပ္ေနတာမ်ိဳးလည္းမဟုတ္ပဲ ႏွင္းဆီဖူးကာစအငုံေလးလိုဖူးဖူးေလးမို႔ တင့္တယ္ေနေလေတာ့
ထိုျမင္ကြင္းကလွလြန္းလို႔ ရင္းယာန္မ်က္ေတာင္မခက္ေငးရင္း...
"ငါ့ကိုယ္လုပ္ေတာ္လုပ္မလား..."
ထိုစကားျကားေတာ့ စိမ္းညိဳ႕ေရာင္မ်က္ဝန္းေတြနဲ႔ ရင္းယာန္ကိုစမ္းသက္စြာၾကည့္လာသည္။
ေလစိမ္းတိုက္ရသည္က အားမရလို႔ထင္ အၾကည့္စိမ္းစိမ္းေတြပါေကြၽးလာေတာ့သည္။
ထိုအစိမ္းေရာင္ရင့္ရင့္မ်က္ဝန္းတို႔က မ်က္ေမွာင္က်ံဳ႕ထားလို႔လားေတာ့မသိ စူး႐ွကာေတာက္ပလို႔...။
ထို႔ေနာက္ ထိုႏွင္းဆီဖူးလိုႏုတ္ခမ္းပါးလွလွေလးက ခပ္ၾကမ္းၾကမ္းစကားတို႔ထြက္က်လာေလသည္၊
"ေသမလို႔ပဲ ...ကိုယ္လုပ္ေတာ္တဲ့စိတ္ပ်က္စရာ"
စိတ္ပ်က္သလို ၾကည့္ၿပီး ထကာထြက္သြားဖို႔ေျခလွမ္းျပင္ေနတာေၾကာင့္ ရင္းယာန္လက္ကိုအျမန္လွမ္းဆြဲလိုက္ရသည္။
"ဒါျဖင့္ မင္းကဘာျဖစ္ခ်င္တာလဲ ငါ့မွာေစ့စပ္ထားတဲ့သူ႐ွိတယ္ "
"ထြက္သြားစမ္းပါ.....!!"
လက္ကိုေဆာင့္႐ုန္းလိုက္မလို႔
ရင္းယာန္ ယိုင္သြားကာ ကုန္းမို႔ေလးေပၚကျပဳတ္က်မလိုပင္ျဖစ္သြားရသည္။
ေျခတံတံ႐ွည္႐ွည္ေတြနဲ႔အခ်ိဳးခ်တဲ့ခနၶာကိုယ္ေလးနဲ႔မလိုက္ဖက္စြာ
ေျခလ်မ္းက်ဲႀကီးေတြနဲ႔ ဂူထဲဝင္သြားတဲ့သူက တကယ္ပဲဘာျဖစ္ခ်င္တာမ်ားပါလိမ့္...။
ရႊမ္နိျခင္းထဲက ပန္းတခ်ိဳ႕ကို တျမဳံ႕ျမံု႕ဝါးေနရင္း စဆုံးျမင္လိုက္ရတဲ့ျမင္ကြင္းကို စိတ္မသက္သက္စြာၾကည့္ေနမိသည္။
ေမာင္ႏွမႏွစ္ေယာက္လုံး
ႏွစ္ေပါင္းမ်ားစြာ
အထိန္းသိမ္းခံထားရတာေလ..
အကိုက်ေတာ့ ႀကိဳက္မဲ့သူကသူ႔ဘာသာေရာက္လာတာတဲ့လား
ကံတရားႀကီးမ်က္ႏွာလိုက္ေနပါၿပီေနာ္....။
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😆
..........................................................
(AN/ ဆိုေတာ့ လီ႐ွန္းက ဖုန္းရႊမ္ကိုခ်စ္မိသြားၿပီေပါ့ေနာ့😁
ဒါမဲ့ ဖုန္းရႊမ္ကခုထိလီ႐ွန္းကိုက်ိန္စာမွာလာစေတးခံတဲ့ လူသားတစ္ေယာက္ဆိုတာထက္မပိုေသးပါဘူးေနာ္🙂
ၿပီးေတာ့ရႊမ္နိကက်မဟာပါ😕)
#ေပါက္စ
###
လီရှန်းမှာ အကြောင်းစုံသိရပြီးနောက် စိတ်မချမ်းသာခြင်းများစွာနဲ့ ကိုယ့်အဆောင်ကိုယ်သာပြန်လာခဲ့သည်။
ခုချိန်ထိ အရိုင်းဆန်စွာခုန်နေတဲ့ရင်က ထိုအပြုံးကြောင့်ဆိုသည်ကတော့ နည်းနည်းတော့ဟာသဆန်နေပေမည်။
ညတိုင်း ကိုယ့်ကိုခြေတော်တင်နေတဲ့လူကို ပုံတူပန်းချီကားမြင်မှ စိတ်လူပ်ရှားသည်ဆိုသည်က နည်းနည်းတော့မကောင်းပေမယ့်လည်း စိတ်လူပ်ရှားလွန်းနေတာကြောင့် မျက်နှှာကအမူရာပင်မရှိတော့သည်ထိဖြစ်နေရသည်။
လီရှန်းက အချောလှမှကြိုက်တတ်သည့် လူမျိုးလည်းမဟုတ်သည့်တိုင် လိင်တူချင်း စိတ်လူပ်ရှားတတ်သည့်လူမဟုတ်ခဲ့ပဲ
ထိုပန်းချီကားလေးတစ်ချပ်ပေါ်က အပြုံးတစ်ချက်ကြောင့် ရူးမတတ်စိတ်လူပ်ရှားရသည်တဲ့လား။
ခုချိန်မှာ ထိုသူကဘယ်လိုလူ ဘယ်လိုမျိုးဆိုတာလည်းကို အကုန်မေ့နေသည်သာသိတော့သည်။
ဆက်ဆံရေးက ဘယ်လိုဆိုတာလည်းမသိချင်တော့ပဲ သူ့ကိုသာ့မြင်ချင်တော့သည်။
တလိမ့်လိမံစီးကျလာတဲ့မျက်ရည်တို့က ခေါဉ်းစဉ်မရှိစွာနဲ့ နာကျဉ်းစွာအံကြိတ်ရင်း ကိုယ့်ရင်ဘတ်ကိုဖိနိပ်လိုက်မိသည်။
ဘာလို့အရှင့်မှာ အဲလောက်နာကျင်စရာကောင်းတဲ့ အတိတ်မျိုးရှိခဲ့တာလဲ...။
ဘယ်လောက်တောင်နာကျင်ခဲ့မလဲ...
ဘယ်လောက်ထိများ....ငိုကျွေးခဲ့မလဲ....။
ထိုသို့အတွေးနဲ့တင် လီရှန်းနှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်နေသည်အလား နာကျင်နေခဲ့ရသည်။
.
.
.
.
.
.........................................................
"မလာဘူးပဲ.."
ဖုန်းရွှမ်စိတ်ပျက်စွာရေရွတ်လိုက်ရင်း ထိုလူသားရဲ့အူတူတူမျက်နှာကို မျက်လုံးထဲပြန်မြင်လာသည်။
မဟုတ်မှ..စကားရဲ့အဓိပ္ပါယ်ကိုနားမလည်ပြီး မလာတာများလား..။
စဉ်းစားရင်းနည်းနည်းတော့
ထပ်စောင့်နေသေးပေမယ့် ပေါ်မလာပေ။ နောက်ဆုံးတော့လည်း ဖုန်းရွှမ်လက်မိူင်ချရတော့သည်သာ။ညတိုင်းလူသားတွေနဲ့ဆက်ဆံတာက အသားကျပြီဖြစ်လို့
တစ်ရက်လေးပျက်လိုက်တာနဲ့
ခန္ဓာကိုယ်ကလိုအင်တို့ကတောင့်တနေသည်လေ။
ပြီးတော့အဲဒီလူသား သူ့အရသာကကောင်းလည်းမကောင်းပါဘူး။
လူကပိန်လှီနေသေးတယ်။အိမ်ရှေ့စံသာနတ်ဆေးမပေးခဲ့ရင် ဒီချိန်ထိအသက်ရှင်နေမှာလည်းမဟုတ်ဘူး။ ဒါကိုနည်းနည်းလေးကြာတာနဲ့ စကားနားမထောင်ချင်တော့ဘူးတဲ့လေ။
ဒါကလည်းဖြစ်တတ်တဲ့သဘာဝပါပဲလေ..။
ဖုန်းရွှမ် ထိုသို့တွေးပေးလိုက်ရင်း
ဒေါသလည်းမထွက်မိပေ။
"ဟူး...နောက်ထပ် လူသားတစ်ယောက်လောက်တော့ရှာရမယ်"
ထိုနည်းမှာဖုန်းရွှမ်လုပ်နေကျပင်ဖြစ်သည်။ကျိန်စာမှာစတေးခံလူတွေက သာမာန်လူသားတွေပဲမလို့ အားနည်းကျသည်များသည်။ထို့ကြောင့်အမြဲအပိုရှာရသည်သာပင်။
.
.
.
.
.
..........................................................
ရင်းယာန်ဒီနေ့တော့ လူသားလေးစီသွားချင်စိတ်မရှိပဲ
ထိန်းသိမ်းရေးတောဘက်ကိုပဲခြေဆန့်ခဲ့သည်။
ပေ့ထုံးငှက်ပေါက်လေးကို ကောင်မလေးတချို့ကိုဂရူစိုက်ဖို့မှာခဲ့ပေမယ့်လည်း စိတ်မချ။သို့သော်လည်း ထိုမြေခွေးလေးကိုတွေ့ချင်နေသည်။
တောစပ်နားမှာတင် ပန်းခူးနေတဲ့မြေခွေးမလေးက ရင်းယာန်ကိုတွေ့တာနဲ့ မကြည်ကြည့်ပြီးမျက်နှာလွဲသွားလေသည်။
ရင်းယာန် လူယုတ်မာအပြုံးပြုံးရင်း သူမနားကပ်သွားလိုက်ကာ....
"မြေခွေးမလေး မင်းအကိုရော.."
"မ သိ ဘူး"
တစ်လုံးချင်းပြီသစွာပြောလာတဲ့စကားက ပြတ်သားလိုက်တာမှ...။
ပြောပြမည့်ပုံမပေါ်တဲ့ထိုမြေခွေးမကို မေးမနေတော့ပဲ ဂူရှိရာသာသွားရတော့သည်။
သို့သော်လည်းမရှိ။ဂူနားပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်တော့မှာ ကုန်းမို့လေးတစ်ခုပေါ်မှာ ငေးငိုင်နေသည့်သူ...။
နောက်ကနေမသိအောင်တတ်သွားပြီး အသားချင်းထိအောင်ကိုကပ်ထိုင်လိုက်တော့ မကြည်သလိုကြည့်လာသည်။
"ဘာလာလုပ်တာလဲ.."
လေစိမ်းတိုက်သလိုစကားက ရင်ဝကိုဆောင့်ကန်သလိုခံစားရတာကြောင့် ရင်းယာန်မျက်နှာကစူပုတ်သွားရသည်။
"တစိမ်းမဆန်စမ်းပါနဲ့....ငါတို့ကရင်းနီးဖူးသားလေ"
"တော်စမ်းပါ.... တစိမ်းကတစိမ်းပဲပေါ့"
စကားကောင်းပြောလို့မရပဲ ဘာမှမရှိတဲ့မြက်ခင်းပြင်စိမ်းစိမ်းကိုသာ ငေးကြည့်နေလေသည်။ အနက်ရောင်ဆံနွယ်ရှည်ရှည်တို့က ို့လေတိုက်တိုင်းလည်းရူပ်မသွားပဲ လေယူရာယိမ်းနွဲ့ကာဖြင့်.... မှေးစင်းထားတဲ့မျက်တောင်ရှည်ရှည်တို့ကလည်ယ မျက်စံတဝတ်လောက်ဖုံးသည်ထိ ဆင်းကျနေကာ နှာတံချွန်ချွန်စင်းစင်းတို့ထင်းနေပြီး အကျအနသေသပ်တဲ့ မေးရိုးသွယ်သွယ်တို့နဲ့ပေါင်းလိုက်တော့ ပြီးပြည့်သည်ထက်ပို၍ပြီးပြည့်စုံနေသည်။
မထိတထိလူပ်ခပ်နေတဲ့နဖူးစပ်က ဆံနွယ်ပျော့ပျော့တို့မှာ
မျက်ခုံးဖျားလေးတွေနားလွန့်ကာလူးကာနှင့် စေ့စေ့စိထားတဲ့ကြက်သွေးရောင်နှတ်ခမ်းရဲရဲတွေက အထူလည်းမဟုတ် ပါးလှပ်နေတာမျိုးလည်းမဟုတ်ပဲ နှင်းဆီဖူးကာစအငုံလေးလိုဖူးဖူးလေးမို့ တင့်တယ်နေလေတော့
ထိုမြင်ကွင်းကလှလွန်းလို့ ရင်းယာန်မျက်တောင်မခက်ငေးရင်း...
"ငါ့ကိုယ်လုပ်တော်လုပ်မလား..."
ထိုစကားကြားတော့ စိမ်းညို့ရောင်မျက်ဝန်းတွေနဲ့ ရင်းယာန်ကိုစမ်းသက်စွာကြည့်လာသည်။
လေစိမ်းတိုက်ရသည်က အားမရလို့ထင် အကြည့်စိမ်းစိမ်းတွေပါကျွေးလာတော့သည်။
ထိုအစိမ်းရောင်ရင့်ရင့်မျက်ဝန်းတို့က မျက်မှောင်ကျုံ့ထားလို့လားတော့မသိ စူးရှကာတောက်ပလို့...။
ထို့နောက် ထိုနှင်းဆီဖူးလိုနုတ်ခမ်းပါးလှလှလေးက ခပ်ကြမ်းကြမ်းစကားတို့ထွက်ကျလာလေသည်၊
"သေမလို့ပဲ ...ကိုယ်လုပ်တော်တဲ့စိတ်ပျက်စရာ"
စိတ်ပျက်သလို ကြည့်ပြီး ထကာထွက်သွားဖို့ခြေလှမ်းပြင်နေတာကြောင့် ရင်းယာန်လက်ကိုအမြန်လှမ်းဆွဲလိုက်ရသည်။
"ဒါဖြင့် မင်းကဘာဖြစ်ချင်တာလဲ ငါ့မှာစေ့စပ်ထားတဲ့သူရှိတယ် "
"ထွက်သွားစမ်းပါ.....!!"
လက်ကိုဆောင့်ရုန်းလိုက်မလို့
ရင်းယာန် ယိုင်သွားကာ ကုန်းမို့လေးပေါ်ကပြုတ်ကျမလိုပင်ဖြစ်သွားရသည်။
ခြေတံတံရှည်ရှည်တွေနဲ့အချိုးချတဲ့ခန္ဓာကိုယ်လေးနဲ့မလိုက်ဖက်စွာ
ခြေလျမ်းကျဲကြီးတွေနဲ့ ဂူထဲဝင်သွားတဲ့သူက တကယ်ပဲဘာဖြစ်ချင်တာများပါလိမ့်...။
ရွှမ်နိခြင်းထဲက ပန်းတချို့ကို တမြုံ့မြုံ့ဝါးနေရင်း စဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကို စိတ်မသက်သက်စွာကြည့်နေမိသည်။
မောင်နှမနှစ်ယောက်လုံး
နှစ်ပေါင်းများစွာ
အထိန်းသိမ်းခံထားရတာလေ..
အကိုကျတော့ ကြိုက်မဲ့သူကသူ့ဘာသာရောက်လာတာတဲ့လား
ကံတရားကြီးမျက်နှာလိုက်နေပါပြီနော်....။
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😆
..........................................................
(AN/ ဆိုတော့ လီရှန်းက ဖုန်းရွှမ်ကိုချစ်မိသွားပြီပေါ့နော့😁
ဒါမဲ့ ဖုန်းရွှမ်ကခုထိလီရှန်းကိုကျိန်စာမှာလာစတေးခံတဲ့ လူသားတစ်ယောက်ဆိုတာထက်မပိုသေးပါဘူးနော်🙂
ပြီးတော့ရွှမ်နိကကျမဟာပါ😕)
#ပေါက်စ
###