The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 41

45.5K 5.3K 303
By Heather_Bell

Unicode

လင်းမိုသည် သူ၏ ကတိအတိုင်း ညီလာခံကို လီချန်းယုံ၏ အစား နှစ်ပတ်တိတိ တက်ရောက်ပေးခဲ့လေသည်။ အမတ်တို့အတွက်ကား နှစ်ပတ်တာမျှ အိပ်မက်ဆိုးပေ။ လင်းမိုသည် ညီလာခံကို နေ့တစ်ပိုင်းကျော်သည် အထိ အချိန်ယူတက်ပြီး ရှိရှိသမျှ အမှုကိစ္စတို့ကို ဖြေရှင်းလေသည်။ လင်းမို၏ ရည်ရွယ်ချက်ကား အလွန်ရှင်းလင်းပါသည်။ သူအလုပ်လုပ်လေ လီချန်းယုံအနားရလေ ဆိုသည်ကို နားလည်ထားသောကြောင့် ဖြစ်သည်။

အမတ်တို့မှာကား စည်းကမ်းကြီးပြီး တင်းကြပ်သော အိမ်ရှေ့စံထက် ပို၍ဆိုးသည့် ဆီလျော်မှုမရှိသော တောင်ပိုင်းဘုရင်ကြီးကြောင့် များစွာ ညည်းတွားကြသည်။ သူတို့အတွက် တစ်နေ့တစ်နေ့ မနိုင်မနင်းတာဝန်တို့က စောင့်ကြိုနေကြသည်။

လင်းမိုညီလာခံတက်သည်ကို ဘုရင်ကြီးလီသည် ယခင်ကလို ကန့်ကွက်ခြင်း မရှိပေ။ ဆိတ်ဆိတ်သာနေပြီး မသိကျိုးကျွံပြုနေသည်။ သို့ဖြစ်ရာ အမတ်တို့မှာကား အမိမဲ့သည့် ရေနည်းငါးများကဲ့သို့ ကူကယ်ရာမဲ့နေကြသည်။

ယနေ့ညီလာခံတွင် ကံကောင်းထောက်မစွာဖြင့် လင်းမိုသည် နောက်ရက်တွင် လီချန်းယုံပဲ ညီလာခံတက်ရောက်မည်ဖြစ်ကြောင်း ပြောလေသည်။ အမတ်တို့မှာ စိတ်သက်သာရာရပြီး သက်ပြင်းမချနိုင်ခင် လင်းမိုဆီက စကားသံတစ်ခုကြားလိုက်ရပြန်သည်။
"ကိုယ်တော်...ဒီနေ့မှာ တတ်နိုင်သလောက် အလုပ်တွေပြီးသွားချင်တယ်။ ခါတိုင်းထက် အချိန်ပိုယူလည်း အမတ်တို့ ကိစ္စမရှိဘူးမလား''

".....''
ဤသို့ အာဏာစက်ပြင်းလှသော ဘုရင်ကို အမတ်တို့အနေဖြင့် ခွန်းတုံ့ပြန်စရာ အကြောင်းမရှိပါ။ ခါတိုင်းညီလာခံသည်ပင်လျှင် နေ့တစ်ဝက်မျှ ဖြစ်နေရာ ယခု ထိုထက်အချိန်ပိုယူလျှင်.....
အမတ်တို့ ရှေ့ဆက်မတွေးချင်တော့ပါ။

လင်းမိုသည် သူပြောသည့် စကားကို မသွေမတိုင်း အတိအကျ လုပ်တတ်သောဘုရင်ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်သည်။ ယခုလည်း နောက်တစ်ကြိမ် သက်သေပြနေပြန်သည်။

နေ့မွန်းတည့်အချိန်အထိ လင်းမို၏ ညီလာခံက မပြီးသေး​ချေ။ သူက လက်အောက်ခံအိမ်တော်တစ်ခုချင်းစီ၏ တောင်းဆိုသည့် အမှုကိစ္စအဝဝကို စိစစ်ပြီး အမိန့်ချနေသည်။ လာရောက်လျှောက်တင်ကြသော လက်အောက်ခံအိမ်တော်အကြီးအကဲတို့မှာ ကိစ္စပြီးလျှင် ပြန်နိုင်သော်လည်း အမတ်တို့ခမျာ တုပ်တုပ်မျှမလှုပ်နိုင်ပေ။ သည်ကြားထဲ ကိစ္စတစ်ခုပြီးတိုင်း လင်းမိုပေးအပ်သည့် တာဝန်များကိုလည်း လက်ခံယူရလေသည်။

အိမ်ရှေ့စံအဆောင်တွင် လီချန်းယုံသည် နေ့လည်စာသုံးဆောင်ရန် အစေခံတို့ကို မှာကြားပြီးဖြစ်၍ စောင့်ဆိုင်းနေသည်။ မကြာမီ အစေခံတို့က စားဖွယ်အမျိုးမျိူးကို လာရောက်ချပေးလေသည်။

လီချန်းယုံက ကြီးမားသော စားပွဲဝိုင်းမှ အစားအသောက်တို့ကို ကြည့်ပြီး လွန်စွာကျေနပ်နှစ်သိမ့်နေလေသည်။ အကုန်လုံးက သူကြိုက်သောဟင်းလျာများပင်။ မြောက်ပိုင်း၏ အထူးဟင်းလျာဖြစ်သည့် နူးအိနေအောင်ပေါင်းထားသော ငါးပေါင်း၊ အငွေ့တထောင်းထောင်းဖြင့် မွှေးကြိုင်နေသော ဖက်ထုပ်ပေါင်း၊ အရံဟင်းအဖြစ်ချက်ပြုတ်ထားသည့် ဟင်းအမယ်များ၊ နောက်ထပ် လီချန်းယုံပင်အမျိုးအမည်မသိသည့် ဟင်းလျာများပင် ပါသေးသည်။ အမျိုးအမည်မသိရခြင်းက လီချန်းယုံ အတွက် ပြသာနာမရှိ သူအကုန်စားလေသည်။ ထိုစားပွဲဝိုင်းကြီးဘေးတွင် နေရာယူထားသည်က နေ့လည်စာစားပြီးနောက် သုံးဆောင်နိုင်မည့် အချိုပွဲဟင်းလျာများ။

လီချန်းယုံမှာ သူ၏ မျက်နှာက အပြုံးတို့ကို ဖုံးဖိမရနိုင်တော့ပေ။ ကနဦးက သူသိပ်ဗိုက်မဆာသေးသောကြောင့် နောက်ကျမှ ပြင်ခိုင်းလိုက်သော်လည်း ယခုမျက်စိရှေ့က အစားအသောက်တို့ကို ကြည့်ပြီး ဗိုက်ဆာလာလေသည်။ ဝမ်းဗိုက်က တကြုတ်ကြုတ်ပင် မြည်မတတ်ဖြစ်လာသည်။ သူကခုံတွင် ထိုင်ချလိုက်ပြီး အနီးဆုံး ဟင်းလျာတစ်ခုကို မြည်းစမ်းကြည့်လိုက်သည်။ မပေါ့လွန်း၊ မငန်လွန်းဘဲ ဆိမ့်သောအရသာဖြင့် အသားဖတ်လေးမှာ သူ၏ပါးစပ်ထဲ၌ ပျော်ဝင်သွားလေသည်။ ထူးကဲသော အရသာကြောင့် လီချန်းယုံ၏ အပြုံးမှာ ပိုမိုထင်ရှားသွားလေသည်။

သူထိုင်နေစဉ် အစေခံမလေးတစ်ယောက်က မျက်နှာချင်းဆိုင်တွင် ထမင်းပန်ကန်လုံးတစ်ခုနှင့် တူတစ်စုံ လာချပေးသည်။ လီချန်းယုံက ဘာလဲ ဟူသော အကြည့် ဖြင့် ကြည့်လိုက်ရာ အစေခံမလေးမှာ နားမလည်နိုင်ဟန်ဖြစ်သွားဟန်တူသည်။

"အိမ်ရှေ့စံ...ဟို...ဟို တောင်ပိုင်းဘုရင်ကြီးနဲ့အတူ သုံးဆောင်မှာ မဟုတ်ဘူးလား''
အစေခံမလေးက စိုးရွံ့စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ လျှောက်တင်လေသည်။

".....''
လီချန်းယုံ ကိုယ့်နဖူးကိုရိုက်ချလိုက်သည်။

သူမေ့နေသည်။ သူအနှီတောင်ပိုင်းဘုရင်ကြီးကို မေ့လျော့ပြီး နေ့လည်စာကို တစ်ယောက်တည်းသုံးဆောင်ရန်စိတ်ကူးနေခြင်းဖြစ်သည်။ အစေခံမလေးသာ မပြောရင် လီချန်းယုံ လင်းမိုကို တကယ်မေ့နေတော့မည် ဖြစ်သည်။ သူ့အတွက် အစားအသောက်က ထိုမျှဆွဲဆောင်အားကောင်းသည်။

အချိန်က နေ့မွန်းတည့်ပင် ကျော်နေပြီ။ ညီလာခံသွားတက်သော လင်းမိုသည် အခုထိပြန်မလာသေး။ သို့ကြောင့် လီချန်းယုံသည် စားပွဲရှေ့က ထပြီး လင်းမိုကိုသွားခေါ်ရန် ပြင်ရတော့သည်။ တစ်ယောက်ယောက်ကို ခေါ်ခိုင်းပါက လင်းမို ချက်ချင်းမလာမည်စိုးသောကြောင့် ဖြစ်သည်။

ညီလာခံတွင် ပင်ပန်းနွမ်းနယ်စွာ အချိန်တရွေ့ရွေ့ကို ဖြတ်သန်းနေရသော အမတ်တို့မှာ ညီလာခံတံခါး ကျွီခနဲ မြည်အောင် ဖွင့်လိုက်သံကြောင့် လန့်ဖြတ်သွားကြလေသည်။ သူတို့ ကြည့်လိုက်သောအခါ ကြီးစွာသော အိနြေ္ဒ၊ တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် လှမ်းဝင်လာသော အိမ်ရှေ့စံကိုတွေ့လိုက်ရသည်။

အမတ်များသာမက လင်းမိုပါ ညီလာခံခန်းမတွင်းသို့ မဆိုက်မရောက် ဝင်လာသော လီချန်းယုံကို ကြည့်ပြီး အံ့သြသွားလေသည်။ အမတ်တို့်က လီချန်းယုံကို တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ဝင်လာသည်ဟု ထင်မြင်သော်လည်း လင်းမိုမှာ အကြည့်တစ်ချက်ဖြင့် ဝံပုလွေဖြူလေး အလျင်လိုနေမှန်းသိလိုက်ပေသည်။ လီချန်းယုံ၏ ခြေလှမ်းတို့က မသိမသာ မြန်နေသည်။

လီချန်းယုံသည် အမတ်တို့ကို ပြုံးပြပြီး လင်းမိုရှိရာ ပလ္လင်သို့သာ ဦးတည်သွားလေသည်။ အမတ်တို့လည်း နားလည်လိုက်လေသည်။ သူတို့၏ အိမ်ရှေ့စံသည် သည်တစ်ခေါက် ညီလာခံ ခန်းမကို မြောက်ပိုင်း အိမ်ရှေ့စံ အဖြစ် ဝင်လာခြင်းမဟုတ်။ တောင်ပိုင်းဘုရင်ကြီးနှင့် ထူးခြားသော ဆက်ဆံရေးရှိသူအနေဖြင့် လာခြင်းဖြစ်သည်။

အမတ်တို့မှာ အိမ်ရှေ့စံနှင့် တောင်ပိုင်းဘုရင်ကြီး၏ ဆက်ဆံရေးကို စိတ်ဝင်စားသူများပီပီ မျက်တောင်မခတ်တမ်း အကဲခတ်နေကြသည်။ သို့ကြောင့် ညီလာခံတစ်ခုလုံးက အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။

လီချန်းယုံအနားသို့ရောက်လာသောအခါ လင်းမိုက တိုးညင်းစွာ ပြောလိုက်သည်။
"အားယုံလေး...ကိုယ်တော်ဆီဘာလို့လာတာလဲ''

လင်းမို၏ အသံမှာ တိုးသည်မှန်သော်လည်း တိတ်ဆိတ်နေသော ညီလာခံတွင် အမတ်တို့မှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။ သူတို့၏ မျက်ဝန်းအစုံတို့ ပြူးကျယ်သွားပြီး အိပ်ငိုက်နေသော အမတ်အချို့ပင် နိူးကြားသွားကြလေသည်။

တောင်ပိုင်းဘုရင်ကြီးက သူတို့ ဖိတ်ဖိတ်တုန်အောင် ကြောက်ချစ်ရိုသေရသည့် မြောက်ပိုင်းအိမ်ရှေ့စံကို သုံးသည့်နာမ်စားက ''အားယုံလေး''တဲ့လား။

လင်းမိုဆီက ထွက်လာသော နောက်ထပ်စကားသံတိုးတိုးကြောင့် အမတ်တို့ သွေးအန်ချင်စိတ်ပါပေါက်သွားသည်။
"ကိုယ်တော့်ကို သတိရလို့ လာတာလား....''

သို့သော် သူတို့ခမျာ ဝတ္တရားရှိသည့်အတိုင်း မမြင်၊ မကြား ဟန်သာ ဆောင်နေရသည်။

လီချန်းယုံ၏ နှုတ်ခမ်းက မသိမသာ စူပုပ်နေသည်။ သူက ဝမ်းဗိုက်ကို မသိမသာလက်ညှိူးထိုးပြပြီး လင်းမိုကို အပြင်သို့ ထွက်ခဲ့ရန် မျက်ရိပ်ပြလိုက်သည်။ အိမ်ရှေ့စံက ကျောပေးထားသောကြောင့် အမတ်တို့မှာ မမြင်နိုင်ပေ။ လင်းမို၏ မျက်နှာအမူအရာကိုသာ မြင်လိုက်ရပြီးနောက် သူ၏ သြဇာအပြည့်ပါသော အသံကိုသာ ကြားလိုက်ရသည်။

"ဝန်မင်းတို့လည်း ပင်ပန်းနေပြီထင်တယ်။ ကိုယ်တော်ညီလာခံကို ဒီလောက်နဲ့ ရပ်လိုက်မယ်''
ပြောပြီး လင်းမိုက ခန်းမအပြင်သို့ ကြွသွားလေသည်။ အိမ်ရှေ့စံက သူ့နောက်က တပ်ကြပ်မကွာ လိုက်သွားလေသည်။

အမတ်တို့မှာ ကယ်တင်ရှင် အိမ်ရှေ့စံကို စိတ်ထဲမှ အကြိမ်ကြိမ်ဦးညွှတ်ပြီး လေးစားမိတော့သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက မြောက်ပိုင်းကို အုပ်ချုပ်ခဲ့သော အိမ်ရှေ့စံ၊ နှင်းတောင်သွေးဖြူဝံပုလွေ စောင့်ရှောက်ခံ အိမ်ရှေ့စံစသော အရည်အချင်းတို့အပြင် အိမ်ရှေ့စံ၏ နောက်ထပ်ထူးခြားသော အရည်အချင်းကိုလည်း သိလိုက်ရလေသည်။

အိမ်ရှေ့စံက တောင်ပိုင်းဘုရင်ကြီးကို စကားပြောစရာပင် မလိုပဲ အမိန့်ပေးနိုင်လေသည်

အမတ်တို့်မသိလိုက်သည့်အကြောင်းကား သူတို့ညီလာခံကို ချက်ချင်းရပ်ဆိုင်းလိုက်သည့်အကြောင်းရင်းသည် အိမ်ရှေ့စံ ဗိုက်ဆာနေသောကြောင့် ဆိုတာ ဖြစ်သည်။

ညီလာခံခန်းမအပြင်သို့ရောက်သောအခါ လီချန်းယုံက စိတ်မရှည်စွာ လင်းမို၏ လက်ကို ဆွဲခေါ်လာလေသည်။ လင်းမိုသည်လည်း ဗိုက်ဆာလေလေ စိတ်တိုလေလေ ဖြစ်လာသော လီချန်းယုံ၏ ဝသီကို နားလည်ထားသောကြောင့် အသာတကြည်လိုက်လာလေသည်။

အိမ်ရှေ့စံအဆောင်သို့ရောက်ပြီး စားပွဲရှေ့ထိုင်လိုက်မှ လီချန်းယုံ၏ မျက်နှာ ပြန်ပြုံးလာလေသည်။
"ရပြီ...စားတော့... ''

လင်းမိုလည်း ထွေထွေထူးထူးမပြောတော့ဘဲ စတင်သုံးဆောင်လေသည်။ သူတကယ်စားနေသည်ထက် လီချန်းယုံအတွက် လုပ်ပေးနေသည်က ပိုများလေသည်။ စားပွဲဝိုင်းတစ်ခုလုံးက ဟင်းလျာတို့ကို လီချန်းယုံခပ်ထည့်နေရမည်စိုးသောကြောင့် သူကိုယ်တိုင် ခပ်ထည့်ပေးနေခြင်း ဖြစ်သည်။

ထိုစဉ် သူက ဟင်းလျာတစ်မျိုးက အနည်းငယ် ပုံပျက်နေသည်ကို သတိထားမိလိုက်သည်။ လင်းမိုက မဆိုင်းမတွပင် ထိုဟင်းလျာပွဲတို့ကို စီမံသည့် အစေခံကို ခေါ်ခိုင်းလိုက်သည်။ လီချန်းယုံက လင်းမို အဘယ့်ကြောင့် အစေခံကို ခေါ်ခိုင်းမှန်း မသိသောကြောင့် ဘာမှမပြောပေ။

အစေခံရောက်လာသောအခါ လင်းမိုကမေးလိုက်သည်။
"ဒီဟင်းလျာက ဘာလို့ပုံပျက်နေရတာလဲ''

လင်းမို၏ ခက်ထန်သော လေသံကြောင့် အစေခံမလေးမှာ ကြောက်ရွံံပြီး ဒူးထောက်လိုက်လေသည်။ လင်းမို၏ အမေးကြောင့် ငါးပေါင်းဆီကို လှမ်းမည့်လက်တို့ တွန့်သွားလေသည်။

အစေခံလေးက ကြောက်ရွံ့သောကြောင့် တုန်ယင်နေလေသည်။
"အရှင်...စိတ်မဆိုးပါနဲ့။ အဲ့ဒီဟင်းလျာက အစက ပုံမပျက်ပါဘူး။ အိမ်ရှေ့စံက အရှင်လာမှာကို မေ့ပြီး မြည်းစမ်းမိတာပါ။ထပ်ပြီး အသစ်ပြင်နေရင် ကြာနေမှာမလို့... အိမ်ရှေ့စံကလည်း သုံးဆောင်ချင်နေပြီမလို့ပါ။ ချမ်းသာပေးပါ''

လင်းမို၏ နားထဲတွင် အစေခံမလေး၏ စကားတစ်ခွန်းသာ စွဲမြဲနေသည်။
အရှင်လာမှာကိုမေ့ပြီး...

လင်းမိုကြည့်လိုက်သောအခါ သူ့ကို မချိုမချဉ်ပြုံးပြနေသော လီချန်းယုံကို တွေ့လိုက်ရသည်။
"ချန်းယုံ....မင်းငါ့ကိုမေ့တယ်ပေါ့''

"ဗိုက်ဆာနေလို့ပါ။ မင်းကလည်းကြာနေတာကို''
လီချန်းယုံက သူ့အပြစ်ကလွတ်ရန် ဆင်ခြေပေးသည်။

"မဟုတ်ဘူး...မင်းက မစောင့်နိုင်တော့လို့ စားမိတာတောင် မဟုတ်ပဲ ငါတစ်ယောက်လုံးကို မေ့ပြီးတော့...???''
လင်းမိုမှာ ဒေါသထွက်သွားဟန်ဖြင့် သူ့အသံက ခတ်ဆတ်ဆတ်ဖြစ်နေသည်။

လီချန်းယုံက ဘာမှမပြောပေ။ သူတကယ်မေ့သွားသည်လေ။
"ဖြောက်...''

"အား...''

ပထမအသံသည် လင်းမိုက နဖူးကိုတောက်လိုက်သော အသံဖြစ်ပြီး နောက်အသံမှာ လီချန်းယုံဆီက အော်သံဖြစ်သည်။

ပူထူသွားသော နဖူးပြင်သည် ချက်ချင်းရဲတက်သွားသည်။ လင်းမိုက အားပြင်းပြင်းဖြင့် တောက်ချလိုက်သောကြောင့် လီချန်းယုံမှာ မျက်ရည်ပင် ဝဲသွားသည်။

"မင်းငါ့ကိုလက်ပါတယ်...''
လီချန်းယုံက သူ့နဖူးကို ပွတ်သပ်ပြီး မကျေမချမ်းဆိုသည်။

"ငါတစ်ယောက်လုံးကိုမေ့တာကရော...နောက်တစ်ခါဒီထက်နာမယ်...နောက်တစ်ခါမေ့ဦးမှာလား''
လင်းမိုက လေသံမာမာဖြင့် ပြန်မေးလေသည်။

လီချန်းယုံက မျက်နှာငယ်လေးဖြင့် ခေါင်းယမ်းပြသည်။

"ပါးစပ်ကဖြေ...''

"မမေ့တော့ဘူးလို့...''

"ပြီးတာပဲ၊ မဝသေးဘူးမလား စားဦး''
ပြောရင်း လင်းမိုက လီချန်းယုံ လှမ်းနေသော ငါးပေါင်းဟင်းလျာကို ရှေ့တိုးပေးလေသည်။ အစက လင်းမိုကို စိတ်ဆိုးသောကြောင့် တူပစ်ချထားသော လီချန်းယုံမှာ ငါးပေါင်းက ရှေ့ရောက်လာသောကြောင့် တူကိုပြန်ကိုင်ပြီး စားလေတော့သည်။

ညနေရောက်သောအခါ လင်းမိုဆီသို့ တောင်ပိုင်းက ဆက်သထားသော စာတစ်စောင်ဆရာက်လာသည်။ ထိုစာမှာ အမတ်ကြီးဆီက စာဖြစ်ပြီး လင်းမိုကို ပြန်လာရန်လျှောက်တင်ထားခြင်း ဖြစ်သည်။

တောင်ပိုင်းဘုရင်ကြီး တောင်ပိုင်းသို့ပြန်ရပေတော့မည်။

လင်းမိုက ထိုအကြောင်းပြောပြသောအခါ လီချန်းယုံ၏ အမူအရာက များစွာ ပြောင်းလဲမှုမရှိပေ။
"အဲ့ဒီမှာ နန်းမြို့ပြောင်းရွှေ့ဖို့ လိုအပ်တာတွေလုပ်ပြီးရင် ပြန်လာမယ်မလား''

လီချန်းယုံ၏ မေးခွန်းကို လင်းမိုက ခေါင်းငြိမ့်ပြီးဖြေသည်။

"ငါမလိုက်တော့ဘူး...''

လီချန်းယုံဆီက ထပ်ထွက်လာသော စကားသံကို ခေါင်းငြိမ့်ပြီး တုံ့ပြန်လိုက်သည်။ ယခုချက်ချင်းတောင်ပိုင်းသို့ လိုက်ဘာရန် လီချန်းယုံအတွက်အစဉ်မပြေသေးကြောင်း လင်းမိုသိလေသည်။

ထိုနေ့ညက အိမ်ရှေ့စံနန်းဆောင်တွင် လင်းမိုရော လီချန်းယုံပါ အိပ်မပျော်ကြ။ အမှန်တိုင်းဆိုရလျှင် သူတို့်နှစ်ယောက် အတူရှိခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ယခုလို အကြာကြီး ဝေးရခြင်းကို နှစ်ယောက်လုံး မခံစားဖူးပေ။

လင်းမိုက နှစ်သိမ့်ဟန်ဖြင့် လီချန်းယုံကို သူ့ရင်ခွင်ထဲထည့်ပြီး ကျောကို ဖွဖွလေးပုတ်ပေးနေသည်။

"အိပ်တော့...မင်းမနက်အစောကြီးသွားရမှာမလား''

"အင်း...အားယုံလည်း အိပ်တော့''

မကြာမီအိမ်ရှေ့စံအဆောင်က မီးတို့ငြိမ်းပြီး အမှောင်အတိဖြစ်သွားလေသည်။ လီချန်းယုံသည် သူတွေဝေနေသည့် အမူအရာကို လင်းမိုတွေ့ပါက တောင်ပိုင်းသို့ ပြန်ရန်စိတ်မဖြောင့်မှာစိုးသောကြောင့် ထိန်းချုပ်နေရခြင်း ဖြစ်သည်။ အမှောင်အတိဖြစ်သွားသော အဆောင်တွင် လီချန်းယုံ၏ ပူဆွေးမှုတို့က လှိုက်တက်လာသောကြောင့် သူတစ်ညလုံးအိပ်မပျော်ချေ။



Zawgyi

လင္းမိုသည္ သူ၏ ကတိအတိုင္း ညီလာခံကို လီခ်န္းယံု၏ အစား ႏွစ္ပတ္တိတိ တက္ေရာက္ေပးခဲ့ေလသည္။ အမတ္တို႔အတြက္ကား ႏွစ္ပတ္တာမွ် အိပ္မက္ဆိုးေပ။ လင္းမိုသည္ ညီလာခံကို ေန႔တစ္ပိုင္းေက်ာ္သည္ အထိ အခ်ိန္ယူတက္ၿပီး ႐ွိ႐ွိသမွ် အမႈကိစၥတို႔ကို ေျဖ႐ွင္းေလသည္။

လင္းမို၏ ရည္ရြယ္ခ်က္ကား အလြန္႐ွင္းလင္းပါသည္။ သူအလုပ္လုပ္ေလ လီခ်န္းယံုအနားရေလ ဆိုသည္ကို နားလည္ထားေသာေၾကာင့္ ျဖစ္သည္။

အမတ္တို႔မွာကား စည္းကမ္းႀကီးၿပီး တင္းၾကပ္ေသာ အိမ္ေ႐ွ႕စံထက္ ပိုဆိုးသည့္ ဆီေလ်ာ္မႈမ႐ွိေသာ ေတာင္ပိုင္းဘုရင္ႀကီးေၾကာင့္ မ်ားစြာ ညည္းတြားၾကသည္။ သူတို္္႔အတြက္ တစ္ေန႔တစ္ေန႔ မႏိုင္မနင္းတာဝန္တို႔က ေစာင့္ႀကိဳေနၾကသည္။

လင္းမိုညီလာခံတက္သည္ကို ဘုရင္ႀကီးလီသည္ ယခင္ကလို ကန္႔ကြက္ျခင္း မ႐ွိေပ။ ဆိတ္ဆိတ္သာေနၿပီး မသိက်ိဳးကြၽံျပဳေနသည္။ သို႔ျဖစ္ရာ အမတ္တို႔မွာကား အမိမဲ့သည့္ ေရနည္းငါးမ်ားကဲ့သို႔ ကူကယ္ရာမဲ့ေနၾကသည္။

ယေန႔ညီလာခံတြင္ ကံေကာင္းေထာက္မစြာျဖင့္ လင္းမိုသည္ ေနာက္ရက္တြင္ လီခ်န္းယံုပဲ ညီလာခံတက္ေရာက္မည္ျဖစ္ေၾကာင္း ေျပာေလသည္။ အမတ္တို႔မွာ စိတ္သက္သာရာရၿပီး သက္ျပင္းမခ်ႏိုင္ခင္ လင္းမိုဆီက စကားသံတစ္ခုၾကားလိုက္ရျပန္သည္။

"ကိုယ္ေတာ္...ဒီေန႔မွာ တတ္ႏိုင္သေလာက္ အလုပ္ေတြၿပီးသြားခ်င္တယ္။ ခါတိုင္းထက္ အခ်ိန္ပိုယူလည္း အမတ္တို႔ ကိစၥမ႐ွိဘူးမလား''

".....''
ဤသို႔ အာဏာစက္ျပင္းလွေသာ ဘုရင္ကို အမတ္တို႔အေနျဖင့္ ခြန္းတံု႔ျပန္စရာ အေၾကာင္းမ႐ွိပါ။ ခါတိုင္းညီလာခံသည္ပင္လွ်င္ ေန႔တစ္ဝက္မွ် ျဖစ္ေနရာ ယခု ထိုထက္အခ်ိန္ပိုယူလွ်င္... အမတ္တို႔ ေ႐ွ႕ဆက္မေတြးခ်င္ေတာ့ပါ။

လင္းမိုသည္ သူေျပာသည့္ စကားကို မေသြမတိုင္း အတိအက် လုပ္တတ္ေသာဘုရင္ျဖစ္ေၾကာင္း အႀကိမ္ႀကိမ္ သက္ေသျပၿပီး ျဖစ္သည္။ ယခုလည္း ေနာက္တစ္ႀကိမ္ သက္ေသျပေနျပန္သည္။

ေန႔မြန္းတည့္အခ်ိန္အထိ လင္းမို၏ ညီလာခံက မၿပီးေသး။ သူက လက္ေအာက္ခံအိမ္ေတာ္တစ္ခုခ်င္းစီ၏ ေတာင္းဆိုသည့္ အမႈကိစၥအဝဝကို စိစစ္ၿပီး အမိန္႔ခ်ေနသည္။ လာေရာက္ေလွ်ာက္တင္ၾကေသာ လက္ေအာက္ခံအိမ္ေတာ္အႀကီးအကဲတို႔မွာ ကိစၥၿပီးလွ်င္ ျပန္ႏိုင္ေသာ္လည္း အမတ္တို႔မွာ တုပ္တုပ္မွ်မလႈပ္ႏိုင္ေပ။ သည္ၾကားထဲ ကိစၥတစ္ခုၿပီးတိုင္း လင္းမိုေပးအပ္သည့္ တာဝန္မ်ားကိုလည္း လက္ခံယူရေလသည္။

အိမ္ေ႐ွ႕စံအေဆာင္တြင္ လီခ်န္းယံုသည္ ေန႔လည္စာသံုးေဆာင္ရန္ အေစခံတို႔ကို မွာၾကားၿပီးျဖစ္၍ ေစာင့္ဆိုင္းေနသည္။ မၾကာမီ အေစခံတို႔က စားဖြယ္အမ်ိဳးမ်ိဴးကို လာေရာက္ခ်ေပးေလသည္။

လီခ်န္းယံုက ႀကီးမားေသာ စားပြဲဝိုင္းမွ အစားအေသာက္တို႔ကို ၾကည့္ၿပီး လြန္စြာေက်နပ္ႏွစ္သိမ့္ေနေလသည္။ အကုန္လံုးက သူႀကိဳက္ေသာဟင္းလ်ာမ်ားပင္။ ေျမာက္ပိုင္း၏ အထူးဟင္းလ်ာျဖစ္သည့္ ႏူးအိေနေအာင္ေပါင္းထားေသာ ငါးေပါင္း၊ အေငြ႔တေထာင္းေထာင္းျဖင့္ ေမႊးႀကိဳင္ေနေသာ ဖက္ထုပ္ေပါင္း၊ အရံဟင္းအျဖစ္ခ်က္ျပဳတ္ထားသည့္ ဟင္းအမယ္မ်ား၊ ေနာက္ထပ္ လီခ်န္းယံုပင္အမ်ိဳးအမည္မသိသည့္ ဟင္းလ်ာမ်ားပင္ ပါေသးသည္။ အမ်ိဳးအမည္မသိရျခင္းက လီခ်န္းယံု အတြက္ ျပသာနာမ႐ွိ သူအကုန္စားေလသည္။ ထိုစားပြဲဝိုင္းႀကီးေဘးတြင္ ေနရာယူထားသည္က ေန႔လည္စာစားၿပီးေနာက္ သံုးေဆာင္ႏိုင္မည့္ အခ်ိဳပြဲဟင္းလ်ာမ်ား....

လီခ်န္းယံုမွာ သူ၏ မ်က္ႏွာက အျပံဳးတို႔ကို ဖံုးဖိမရႏိုင္ေတာ့ေပ။ ကနဦးက သူသိပ္ဗိုက္မဆာေသးေသာေၾကာင့္ ေနာက္က်မွ ျပင္ခိုင္းလိုက္ေသာ္လည္း ယခုမ်က္စိေ႐ွ႕က အစားအေသာက္တို႔ကို ၾကည့္ၿပီး ဗိုက္ဆာလာေလသည္။ ဝမ္းဗိုက္က တၾကဳတ္ၾကဳတ္ပင္ ျမည္မတတ္ျဖစ္လာသည္။ သူကခံုတြင္ ထိုင္ခ်လိုက္ၿပီး အနီးဆံုး ဟင္းလ်ာတစ္ခုကို ျမည္းစမ္းၾကည့္လိုက္သည္။ မေပါ့လြန္း၊ မငန္လြန္းဘဲ ဆိမ့္ေသာအရသာျဖင့္ အသားဖတ္ေလးမွာ သူ႔ပါးစပ္ထဲ ေပ်ာ္ဝင္သြားေလသည္။ ထူးကဲေသာ အရသာေၾကာင့္ လီခ်န္းယံု၏ အျပံဳးမွာ ပိုမိုထင္႐ွားသြားေလသည္။

သူထိုင္ေနစဥ္ အေစခံမေလးတစ္ေယာက္က မ်က္ႏွာခ်င္းဆိုင္တြင္ ထမင္းပန္ကန္လံုးတစ္ခုႏွင့္ တူတစ္စံု လာခ်ေပးသည္။ လီခ်န္းယံုက ဘာလဲ ဟူေသာ အၾကည့္ ျဖင့္ ၾကည့္လိုက္ရာ အေစခံမေလးမွာ နားမလည္ႏိုင္ဟန္ျဖစ္သြားဟန္တူသည္။

"အိမ္ေ႐ွ႕စံ...ဟို...ဟို ေတာင္ပိုင္းဘုရင္ႀကီးနဲ႔အတူ သံုးေဆာင္မွာ မဟုတ္ဘူးလား''
အေစခံမေလးက စိုးရြံ႕စြာျဖင့္ ထစ္ထစ္ေငါ့ေငါ့ ေလွ်ာက္တင္ေလသည္။

".....''
လီခ်န္းယံု ကိုယ့္နဖူးကို႐ိုက္ခ်လိုက္သည္။

သူေမ့ေနသည္။ သူအႏွီေတာင္ပိုင္းဘုရင္ႀကီးကို ေမ့ေလ်ာ့ၿပီး ေန႔လည္စာကို တစ္ေယာက္တည္းသံုးေဆာင္ရန္စိတ္ကူးေနျခင္းျဖစ္သည္။ အေစခံမေလးသာ မေျပာရင္ လီခ်န္းယံု လင္းမိုကို တကယ္ေမ့ေနေတာ့မည္ ျဖစ္သည္။ သူ႔အတြက္ အစားအေသာက္က ထိုမွ်ဆြဲေဆာင္အားေကာင္းသည္။

အခ်ိန္က ေန႔မြန္းတည့္ပင္ ေက်ာ္ေနၿပီ။ ညီလာခံသြားတက္ေသာ လင္းမိုသည္ အခုထိျပန္မလာေသး။ သို႔ေၾကာင့္ လီခ်န္းယံုမွာ စားပြဲေ႐ွ႕က ထၿပီး လင္းမိုကိုသြားေခၚရန္ ျပင္ရေတာ့သည္။ တစ္ေယာက္ေယာက္ကို ေခၚခိုင္းပါက လင္းမို ခ်က္ခ်င္းမလာမည္စိုးေသာေၾကာင့္ ျဖစ္သည္။

ညီလာခံတြင္ ပင္ပန္းႏြမ္းနယ္စြာ အခ်ိန္တေရြ႔ေရြ႔ကို ျဖတ္သန္းေနရေသာ အမတ္တို႔မွာ ညီလာခံတံခါး ကြၽီခနဲ ျမည္ေအာင္ ဖြင့္လိုက္သံေၾကာင့္ လန္႔ျဖတ္သြားၾကေလသည္။ သူတို႔ ၾကည့္လိုက္ေသာအခါ ႀကီးစြာေသာ အိေျႏၵ၊ တည္ၿငိမ္ေသာ ေျခလွမ္းတို႔ျဖင့္ လွမ္းဝင္လာေသာ အိမ္ေ႐ွ႕စံကိုေတြ႔လိုက္ရသည္။

အမတ္မ်ားသာမက လင္းမိုပါ ညီလာခံခန္းမတြင္းသို႔ မဆိုက္မေရာက္ ဝင္လာေသာ လီခ်န္းယံုကို ၾကည့္ၿပီး အံ့ျသသြားေလသည္။ အမတ္တို္႔က လီခ်န္းယံုကို တည္ၿငိမ္ေသာ ေျခလွမ္းတို႔ျဖင့္ ဝင္လာသည္ဟု ထင္ျမင္ေသာ္လည္း လင္းမိုမွာ အၾကည့္တစ္ခ်က္ျဖင့္ ဝံပုေလြျဖဴ်ေလး အလ်င္လိုေနမွန္းသိလိုက္ေပသည္။ လီခ်န္းယံု၏ ေျခလွမ္းတို႔က မသိမသာ ျမန္ေနသည္။

လီခ်န္းယံုမွာ အမတ္တို႔ကို ျပံဳးျပၿပီး လင္းမို႐ွိရာ ပလႅင္သို႔သာ ဦးတည္သြားေလသည္။ အမတ္တို႔လည္း နားလည္လိုက္ေလသည္။ သူတို႔၏ အိမ္ေ႐ွ႕စံသည္ သည္တစ္ေခါက္ ညီလာခံ ခန္းမကို ေျမာက္ပိုင္း အိမ္ေ႐ွ႕စံ အျဖစ္ ဝင္လာျခင္းမဟုတ္။ ေတာင္ပိုင္းဘုရင္ႀကီးႏွင့္ ထူးျခားေသာ ဆက္ဆံေရး႐ွိသူအေနျဖင့္ လာျခင္းျဖစ္သည္။

အမတ္တို႔မွာ အိမ္ေ႐ွ႕စံႏွင့္ ေတာင္ပိုင္းဘုရင္ႀကီး၏ ဆက္ဆံေရးကို စိတ္ဝင္စားသူမ်ားပီပီ မ်က္ေတာင္မခတ္တမ္း အကဲခတ္ေနၾကသည္။ သို႔ေျကာင့္ ညီလာခံတစ္ခုလံုးက အပ္က်သံပင္ ၾကားႏိုင္ေလာက္ေအာင္ တိတ္ဆိတ္ေနသည္။

လီခ်န္းယံုအနားသို႔ေရာက္လာေသာအခါ လင္းမိုက တိုးညင္းစြာ ေျပာလိုက္သည္။
"အားယံုေလး...ကိုယ္ေတာ္ဆီဘာလို႔လာတာလဲ''

လင္းမို၏ အသံမွာ တိုးသည္မွန္ေသာ္လည္း တိတ္ဆိတ္ေနေသာ ညီလာခံတြင္ အမတ္တို႔မွာ ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရေလသည္။ သူတို႔၏ မ်က္ဝန္းအစံုတို႔ ျပဴးက်ယ္သြားၿပီး အိပ္ငိုက္ေနေသာ အမတ္အခ်ိဳ႕ပင္ ႏိူးၾကားသြားၾကေလသည္။

ေတာင္ပိုင္းဘုရင္ႀကီးက သူတို႔ ဖိတ္ဖိတ္တုန္ေအာင္ ေၾကာက္ခ်စ္႐ိုေသရသည့္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံကို သံုးသည့္နာမ္စားက ''အားယံုေလ''...???။

လင္းမိုဆီက ထြက္လာေသာ ေနာက္ထပ္စကားသံတိုးတိုးေၾကာင့္ အမတ္တို႔ ေသြးအန္ခ်င္စိတ္ပါေပါက္သြားသည္။
"ကိုယ္ေတာ့္ကို သတိရလို႔ လာတာလား....''

သို႔ေသာ္ သူတို႔ခမ်ာ ဝတၱရား႐ွိသည့္အတိုင္း မျမင္၊ မၾကား ဟန္သာ ေဆာင္ေနရသည္။

လီခ်န္းယံု၏ ႏႈတ္ခမ္းက မသိမသာ စူပုပ္ေနသည္။ သူက ဝမ္းဗိုက္ကို မသိမသာလက္ညႇိဴးထိုးျပၿပီး လင္းမိုကို အျပင္သို႔ ထြက္ခဲ့ရန္ မ်က္ရိပ္ျပလိုက္သည္။ အိမ္ေ႐ွ႕စံက ေက်ာေပးထယးေသာေၾကာင့္ အမတ္တို႔မွာ မျမင္ႏိုင္ေပ။ လင္းမို၏ မ်က္ႏွာအမူအရာကိုသာ ျမင္လိုက္ရၿပီးေနာက္ သူ၏ ျသဇာအျပည့္ပါေသာ အသံကိုသာ ၾကားလိုက္ရသည္။

"ဝန္မင္းတို႔လည္း ပင္ပန္းေနၿပီထင္တယ္။ ကိုယ္ေတာ္ညီလာခံကို ဒီေလာက္နဲ႔ ရပ္လိုက္မယ္''

ေျပာၿပီး လင္းမိုက ခန္းမအျပင္သို႔ ျကြသြားေလသည္။ အိမ္ေ႐ွ႕စံက သူ႔ေနာက္က တပ္ၾကပ္မကြာ လိုက္သြားေလသည္။

အမတ္တို႔မွာ ကယ္တင္႐ွင္ အိမ္ေ႐ွ႕စံကို စိတ္ထဲမွ အႀကိမ္ႀကိမ္ဦးၫႊတ္ၿပီး ေလးစားမိေတာ့သည္။ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ေျမာက္ပိုင္းကို အုပ္ခ်ဳပ္ခဲ့ေသာ အိမ္ေ႐ွ႕စံ၊ ႏွင္းေတာင္ေသြးျဖဴဝံပုေလြ ေစာင့္ေ႐ွာက္ခံ အိမ္ေ႐ွ႕စံစေသာ အရည္အခ်င္းတို႔အျပင္ အိမ္ေ႐ွ႕စံ၏ ေနာက္ထပ္ထူးျခားေသာ အရည္အခ်င္းကိုလည္း သိလိုက္ရေလသည္။

အိမ္ေ႐ွ႕စံက ေတာင္ပိုင္းဘုရင္ႀကီးကို စကားေျပာစရာပင္ မလိုပဲ အမိန္႔ေပးႏိုင္ေလသည္

အမတ္တို္႔မသိလိုက္သည့္အေၾကာင္းကား သူတို႔ညီလာခံကို ခ်က္ခ်င္းရပ္ဆိုင္းလိုက္သည့္အေၾကာင္းရင္းသည္ အိမ္ေ႐ွ႕စံ ဗိုက္ဆာေနေသာေၾကာင့္ ဆိုတာ ျဖစ္သည္။

ညီလာခံခန္းမအျပင္သို႔ေရာက္ေသာအခါ လီခ်န္းယံုက စိတ္မ႐ွည္စြာ လင္းမို၏ လက္ကို ဆြဲေခၚလာေလသည္။ လင္းမိုသည္လည္း ဗိုက္ဆာေလေလ စိတ္တိုေလေလ ျဖစ္လာေသာ လီခ်န္းယံု၏ ဝသီကို နားလည္ထားေသာေၾကာင့္ အသာတၾကည္လိုက္လာေလသည္။

အိမ္ေ႐ွ႕စံအေဆာင္သို႔ေရာက္ၿပီး စားပြဲေ႐ွ႕ထိုင္လိုက္မွ လီခ်န္းယံု၏ မ်က္ႏွာ ျပန္ျပံဳးလာေလသည္။
"ရၿပီ...စားေတာ့... ''

လင္းမိုလည္း ေထြေထြထူးထူးမေျပာေတာ့ဘဲ စတင္သံုးေဆာင္ေလသည္။ သူတကယ္စားေနသည္ထက္ လီခ်န္းယံုအတြက္ လုပ္ေပးေနသည္က ပိုမ်ားေလသည္။ စားပြဲဝိုင္းတစ္ခုလံုးက ဟင္းလ်ာတို႔ကို လီခ်န္းယံုခပ္ထည့္ေနရမည္စိုးေသာေၾကာင့္ သူကိုယ္တိုင္ ခပ္ထည့္ေပးေနျခင္း ျဖစ္သည္။

ထိုစဥ္ သူက ဟင္းလ်ာတစ္မ်ိဳးက အနည္းငယ္ ပံုပ်က္ေနသည္ကို သတိထားမိလိုက္သည္။ လင္းမိုက မဆိုင္းမတြပင္ ထိုဟင္းလ်ာပြဲတို႔ကို စီမံသည့္ အေစခံကို ေခၚခိုင္းလိုက္သည္။ လီခ်န္းယံုက လင္းမို အဘယ့္ေၾကာင့္ အေစခံကို ေခၚခိုင္းမွန္း မသိေသာေၾကာင့္ ဘာမွမေျပာေပ။

အေစခံေရာက္လာေသာအခါ လင္းမိုကေမးလိုက္သည္။
"ဒီဟင္းလ်ာက ဘာလို႔ပံုပ်က္ေနရတာလဲ''

လင္းမို၏ ခက္ထန္ေသာ ေလသံေၾကာင့္ အေစခံမေလးမွာ ေၾကာက္ရြံံၿပီး ဒူးေထာက္လိုက္ေလသည္။ လင္းမို၏ အေမးေၾကာင့္ ငါးေပါင္းဆီကို လွမ္းမည့္လက္တို႔ တြန္႔သြားေလသည္။

အေစခံေလးက ေၾကာက္ရြံ႕ေသာေၾကာင့္ တုန္ယင္ေနေလသည္။
"အ႐ွင္...စိတ္မဆိုးပါနဲ႔။ အဲ့ဒီဟင္းလ်ာက အစက ပံုမပ်က္ပါဘူး။ အိမ္ေ႐ွ႕စံက အ႐ွင္လာမွာကို ေမ့ၿပီး ျမည္းစမ္းမိတာပါ။ထပ္ၿပီး အသစ္ျပင္ေနရင္ ၾကာေနမွာမလို႔... အိမ္ေ႐ွ႕စံကလည္း သံုးေဆာင္ခ်င္ေနၿပီမလို႔ပါ။ ခ်မ္းသာေပးပါ''

လင္းမို၏ နားထဲတြင္ အေစခံမေလး၏ စကားတစ္ခြန္းသာ စြဲျမဲေနသည္။
အ႐ွင္လာမွာကိုေမ့ၿပီး...

လင္းမိုၾကည့္လိုက္ေသာအခါ သူ႔ကို မခ်ိဳမခ်ဥ္ျပံဳးျပေနေသာ လီခ်န္းယံုကို ေတြ႔လိုက္ရသည္။
"ခ်န္းယံု....မင္းငါ့ကိုေမ့တယ္ေပါ့''

"ဗိုက္ဆာေနလို႔ပါ။ မင္းကလည္းၾကာေနတာကို''
လီခ်န္းယံုက သူ႔အျပစ္ကလြတ္ရန္ ဆင္ေျခေပးသည္။

"မဟုတ္ဘူး...မင္းက မေစာင့္ႏိုင္ေတာ့လို႔ စားမိတာေတာင္ မဟုတ္ပဲ ငါတစ္ေယာက္လံုးကို ေမ့ၿပီးေတာ့...???''
လင္းမိုမွာ ေဒါသထြက္သြားဟန္ျဖင့္ သူ႔အသံက ခတ္ဆတ္ဆတ္ျဖစ္ေနသည္။

လီခ်န္းယံုက ဘာမွမေျပာေပ။ သူတကယ္ေမ့သြားသည္ေလ။

"ေျဖာက္...''

"အား...''

ပထမအသံမွာ လင္းမိုက နဖူးကိုေတာက္လိုက္ေသာ အသံျဖစ္ၿပီး ေနာက္အသံမွာ လီခ်န္းယံုဆီက ေအာ္သံျဖစ္သည္။

ပူထူသြားေသာ နဖူးျပင္မွာ ခ်က္ခ်င္းရဲတက္သြားသည္။ လင္းမိုက အားျပင္းျပင္းျဖင့္ ေတာက္ခ်လိုက္ေသာေၾကာင့္ လီခ်န္းယံုမွာ မ်က္ရည္ပင္ ဝဲသြားသည္။

"မင္းငါ့ကိုလက္ပါတယ္...''
လီခ်န္းယံုက သူ႔နဖူးကို ပြတ္သပ္ၿပီး မေက်မခ်မ္းဆိုသည္။

"ငါတစ္ေယာက္လံုးကိုေမ့တာကေရာ...ေနာက္တစ္ခါဒီထက္နာမယ္...ေနာက္တစ္ခါေမ့ဦးမွာလား''
လင္းမိုက ေလသံမာမာျဖင့္ ျပန္ေမးေလသည္။

လီခ်န္းယံုက မ်က္ႏွာငယ္ေလးျဖင့္ ေခါင္းယမ္းျပသည္။

"ပါးစပ္ကေျဖ...''

"မေမ့ေတာ့ဘူးလို႔...''

"ၿပီးတာပဲ၊ မဝေသးဘူးမလား စားဦး''
ေျပာရင္း လင္းမိုက လီခ်န္းယံု လွမ္းေနေသာ ငါးေပါင္းဟင္းလ်ာကို ေ႐ွ႕တိုးေပးေလသည္။ အစက လင္းမိုကို စိတ္ဆိုးေသာေၾကာင့္ တူပစ္ခ်ထားေသာ လီခ်န္းယံုမွာ ငါးေပါင္းက ေ႐ွ႕ေရာက္လာေသာေၾကာင့္ တူကိုျပန္ကိုင္ၿပီး စားေလေတာ့သည္။

ညေနေရာက္ေသာအခါ လင္းမိုဆီသို႔ ေတာင္ပိုင္းက ဆက္သထားေသာ စာတစ္ေစာင္ဆရာက္လာသည္။ ထိုစာမွာ အမတ္ႀကီးဆီက စာျဖစ္ၿပီး လင္းမိုကို ျပန္လာရန္ေလွ်ာက္တင္ထားျခင္း ျဖစ္သည္။

ေတာင္ပိုင္းဘုရင္ႀကီး ေတာင္ပိုင္းသို႔ျပန္ရေပေတာ့မည္။

လင္းမိုက ထိုအေၾကာင္းေျပာျပေသာအခါ လီခ်န္းယံု၏ အမူအရာက မ်ားစြာ ေျပာင္းလဲမႈမ႐ွိေပ။
"အဲ့ဒီမွာ နန္းၿမိဳ႕ေျပာင္းေရႊ႕ဖို႔ လိုအပ္တာေတြလုပ္ၿပီးရင္ ျပန္လာမယ္မလား''

လီခ်န္းယံု၏ ေမးခြန္းကို လင္းမိုက ေခါင္းၿငိမ့္ၿပီးေျဖသည္။

"ငါမလိုက္ေတာ့ဘူး...''

လီခ်န္းယံုဆီက ထပ္ထြက္လာေသာ စကားသံကို ေခါင္းၿငိမ့္ၿပီး တံု႔ျပန္လိုက္သည္။ ယခုခ်က္ခ်င္းေတာင္ပိုင္းသို႔ လိုက္ဘာရန္ လီခ်န္းယံုအတြက္အစဥ္မေျပေသးေၾကာင္း လင္းမိုသိေလသည္။

ထိုေန႔ညက အိမ္ေ႐ွ႕စံနန္းေဆာင္တြင္ လင္းမိုေရာ လီခ်န္းယံုပါ အိပ္မေပ်ာ္ၾက။ အမွန္တိုင္းဆိုရလွ်င္ သူတို္႔ႏွစ္ေယာက္ အတူ႐ွိခဲ့သည္မွာ အေတာ္ၾကာၿပီျဖစ္သည္။ ယခုလို အၾကာႀကီး ေဝးရျခင္းကို ႏွစ္ေယာက္လံုး မခံစားဖူးေပ။

လင္းမိုက ႏွစ္သိမ့္ဟန္ျဖင့္ လီခ်န္းယံုကို သူ႔ရင္ခြင္ထဲထည့္ၿပီး ေက်ာကို ဖြဖြေလးပုတ္ေပးေနသည္။

"အိပ္ေတာ့...မင္းမနက္အေစာႀကီးသြားရမွာမလား''

"အင္း...အားယံုလည္း အိပ္ေတာ့''

မၾကာမီအိမ္ေ႐ွ႕စံအေဆာင္က မီးတို႔ၿငိမ္းၿပီး အေမွာင္အတိျဖစ္သြားေလသည္။ လီခ်န္းယံုသည္ သူေတြေဝေနသည့္ အမူအရာကို လင္းမိုေတြ႔ပါက ေတာင္ပိုင္းသို႔ ျပန္ရန္စိတ္မေျဖာင့္မွာစိုးေသာေၾကာင့္ ထိန္းခ်ဳပ္ေနရျခင္း ျဖစ္သည္။ အေမွာင္အတိျဖစ္သြားေသာ အေဆာင္တြင္ လီခ်န္းယံု၏ ပူေဆြးမႈတို႔က လိႈက္တက္လာေသာေၾကာင့္ သူတစ္ညလံုးအိပ္မေပ်ာ္ေခ်။

Continue Reading

You'll Also Like

165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
665K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
2.8K 440 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...