The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 38

48.8K 5.6K 532
By Heather_Bell

Unicode

လင်းမိုသည် အဆောင်ရှေ့သို့ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် တံခါးကိုဆွဲဖွင့်လိုက်သည်။

လီချန်းယုံသည် အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်ကာ မျက်လုံးများမှိတ်ထားသည်။ သူ၏ နှုတ်ခမ်းတစ်စုံက ဖျော့တော့နေသည်မှ လွဲ၍ အလွန်အမင်းအားနည်းနေဟန် မရှိပေ။ သူက တံခါးဖွင့်သံကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်သည်။

"ချန်းယုံ...''

ခုနှစ်ရက်တာလွမ်းဆွတ်နေခဲ့ရသော အသံကို ကြားလိုက်ရသော အခိုက်အတန့်၏ ပျော်ရွှင်မှုသည် မည်သည်အရာနှင့်မျှ စာဖွဲ့မရနိုင်ခဲ့ပေ။

"လင်း...မို...''
စိတ်ဓာတ်မာကျောစွာ အရှုံးမပေးခဲ့သော်လည်း ချန်းယုံ ဟူသော ခေါ်သံဖြင့် သူအားတင်းထားသမျှ အရည်ပျော်သွားသည်။

"မင်း...ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ...ခမည်းတော်သိသွားရင်...''
လီချန်းယုံက လင်းမိုကိုတွေ့ရသောကြောင့် ပျော်ရွှင်သွားသော်လည်း သူ၏ စိတ်ထဲစိုးထိတ်သွားသည်။

"ကိစ္စမရှိဘူး ဘုရင်ကြီးလီက ခွင့်ပြုလိုက်ပြီ''
လင်းမိုက လီချန်းယုံ၏ လက်ကိုအသာဆုပ်ကိုင်ပြီး ပြောလိုက်သည်။

လီချန်းယုံ အံ့အားသင့်သွားပြီးမှ သူ၏ မျက်နှာချောချောတွင် နှစ်လိုဖွယ်အပြုံးတို့ပေါ်လာသည်။ သူ၏ လင်းမို၏ နဖူးပြင်မှ ဆံစတို့ကို အသာသပ်ပြီး ပြောသည်။
"ပင်..ပန်း...သွား...ပြီ။ ငါသိတယ် မင်းလုပ်နိုင်မယ်ဆိုတာ ငါသိနေတယ်''

လင်းမိုက လီချန်းယုံ၏ ဖျော့တော့နေသော မျက်နှာကို ကြည့်ပြီး များစွာစိတ်မသက်သာ ဖြစ်လာသည်။ သူက လီချန်းယုံ၏ တစ်ကိုယ်လုံးကို ပွေ့ချီလိုက်သည်။

"သွားရအောင်...''

"ငါလမ်းလျှောက်နိုင်ပါသေးတယ်''
လီချန်းယုံက သူ့ကိုပွေ့ချီခြင်းကို မရုန်းကန်သော်လည်း သူလမ်းလျှောက်နိုင်ကြောင်းပြောနေသည်။ သူသည် အမှန်တကယ် ပျော့ညံ့သောသူ၏ အသွင်အပြင် မဖြစ်ချင်ပါ။

"မင်းလမ်းလျှောက်နိုင်တာ ငါသိတယ်။ ဒါပေမယ့် ငါမင်းကို လမ်းမလျှောက်စေချင်တာလည်း မင်းသိပါတယ်''
ပြောပြီး လင်းမိုက လီချန်းယုံကို ပွေ့ချီကာ နန်းဆောင်မှ ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်က အစေခံအမှုထမ်းတို့မှာ အိမ်ရှေ့စံကို ပွေ့ချီလာသော တောင်ပိုင်းဘုရင်ကြီးကို ကြည့်ကာ များစွာအံ့အားသင့်နေကြသည်။ အပျိုတော်လေးများမှာမူကား ထိုကဲ့သို့သော ချစ်ခြင်းမျိုးကို ရရှိနေသည့် အိမ်ရှေ့စံကိုသာ အလွန်အမင်း အားကျနေကြသည်။

လင်းမိုပွေ့ချီခံလာရသော အိမ်ရှေ့စံ၏ ပါးပြင်နှစ်ဖက်ကတော့ ပန်းဆီရောင်သန်းလျှက်...

လီချန်းယုံ၏ အဆောင်တွင် သူ့အတွက် ပြင်ဆင်ထားသည့် စားပွဲက အဆင်သင့်စောင့်နေသည်။ လင်းမိုက လီချန်းယုံကို အသာချပေးပြီး စားပွဲတွင်ထိုင်စေသည်။ သူကပင် လီချန်းယုံအတွက် စိတ်ရှည်စွာဖြင့် ခွွံ့ကျွေးသည်။ ရက်အတော်ကြာ လွမ်းဆွတ်နေရသူ၏ ဂရုစိုက်မှုကိုရသောကြောင့် လီချန်းယုံမှာ ပင်ပန်းနေသည်များပင် ပြေပျောက်သွားသယောင်...

"မင်းရောစား... ''
လီချန်းယုံ သူ့နှုတ်ခမ်းရှေ့ရောက်လာသော ထမင်းလုပ်ကို ပါးစပ်ဖြင့် ဟပေးပြီး စားရင်း ပြောသည်။

"အင်း...''
လင်းမိုက ခေါင်းငြိမ့်ပြပေမယ့် သူက တစ်ချိန်လုံး လီချန်းယုံကို ခွံ့ကျွေးရန်သာ အာရုံရောက်နေသည်။

ထမင်းစားပြီးသောအခါ လီချန်းယုံက လင်းမိုကို စိုက်ကြည့်ပြီး မေးသည်။
"ငါ့ကိုပြော...မင်း ခမည်းတော်ကို ဘယ်လိုတိုက်တွန်းခဲ့တာလဲ''

လင်းမိုက သူ့ကို မေးထောက်ကာကြည့်နေသော ဝံပုလွေဖြူလေးကို ကြည့်ရင်းအသဲယားလာသည်။ လီချန်းယုံကို ရှေ့မှာထားရင်းပင် သူ့မှာအလွမ်းတို့မပြေသလို ခံစားရသည်။

"ချန်းယုံ...လွမ်းတယ်''

လင်းမိုက လီချန်းယုံ၏ ခန္တာကိုယ်ကို ဆွဲဖက်ပြီး လီချန်းယုံ၏ နားနားသို့ ကပ်ကာ တီးတိုးဆိုသည်။

လီချန်းယုံကမူ ရုတ်တရက်ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသောကြောင့် ကြောင်သွားသည်။ သူ့ကို လွတ်ထွက်သွားမတတ်ဖက်ထားသော မြဲမြံသည့်လက်တစ်စုံကို မည်သို့မျှ မရုန်းကန်နိုင်။

"လင်းမို...ငါမေးနေတာ...ဖြေ...''

လင်းမိုက လီချန်းယုံကို တိုးဖက်ပြီး လီချန်းယုံ၏ ပါးပြင်၊ နဖူးပြင် တို့ကို နေရာလပ်မကျန်အောင် နမ်းရှုံ့နေသည်။

"လင်းမို...ခမည်းတော်ကို ဘယ်လို...''

သူ့ကို တတွတ်တွတ်ဖြင့် မေးမြန်းနေသော လီချန်းယုံ၏ နှုတ်ခမ်းတစ်စုံကိုပါ လင်းမိုက သိမ်းပိုက်လိုက်သည်။ သို့ကြောင့် လီချန်းယုံ၏ စကားက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။

လင်းမိုအတွက် ရက်အတော်ကြာ လွမ်းဆွတ်နေခဲ့ရသော နှုတ်ခမ်းများက ခါတိုင်းထက် ချိုမြိန်နေသယောင်...

လီချန်းယုံကမူ သူ့စကားကို အရေးမလုပ်ပဲ သူ့ကိုသာ အတင်းနမ်းရှုပ်နေသော လင်းမိုကို မကျေနပ်ဟန်ဖြင့် တွန်းသည်။ သို့သော် တွန်းခါမှ လင်းမိုက သူ၏ ခါးကိုပါ အတင်းဆွဲဖက်ပြီး ဖိနမ်းလေတော့သည်။

"အာ...မင်း...အသက်ရှု...လို့...မရ''
လီချန်းယုံက နောက်ဆုံး အသက်ရှုလို့မရတော့အောင်ထိ အနမ်းတို့ ကြာမြင့်လာသောကြောင့် အတင်းအကျပ်ဖယ်ရသည်။ ခုနှစ်ရက်တိုင်တိုင် အစာငတ်ခံခဲ့ရသည်ပင် ထိုမျှမပင်ပန်းခဲ့ပါ။ ယခုမှ သူ့ခမျာ အသက်ရှုမဝဖြစ်သည်အထိ အတင်းအကြပ် ဖိနမ်းခံနေရသည်။

"မင်းခုနက ဘာမေးလိုက်တာလဲ''
သူ့စိတ်တိုင်းကျ လီချန်းယုံ၏ နှုတ်ခမ်းများကို သိမ်းပိုက်ပြီးမှ လင်းမိုဆီက လီချန်းယုံ၏မေးခွန်းကို အရေးလုပ်သော စကားသံ ထွက်လာသည်။

ထိုစကားကြောင့် လင်းမိုခမျာ သူ၏ ဝမ်းဗိုက်ကို လီချန်းယုံ ထိုးလိုက်သည်ကို ခံရလေတော့သည်။

"ငါပြောတုန်းက စိတ်မဝင်စားပဲ...''
လီချန်းယုံဆီက မကျေမနပ်စကားသံ ထွက်လာသည်။

"ကိုယ်တော်က အားယုံလေး နှုတ်ခမ်းကိုပဲစိတ်ဝင်စားနေလို့...''
အထိုးခံလိုက်ရသော ဝမ်းဗိုက်ကို ဖိနှိပ်ပြီး လင်းမိုက ရယ်ကျဲကျဲဖြင့်ဖြေသည်။

"ခမည်းတော်က ဘာလို့လက်ခံလိုက်တာလဲ''
လင်းမိုက စနောက်နေပေမယ့် လီချန်းယုံမှာ သူအမှန်တကယ် သိချင်သော မေးခွန်းဖြစ်သောကြောင့် နောက်တစ်ကြိမ်ထပ်မေးသည်။

"သြော်...အဲ့ဒါလား...ကိုယ်တော်က အရမ်းတော်တဲ့ဘုရင်မလို့လေ''
လင်းမိုက သူ၏ အဖြေကို သိချင်သောကြောင့် ငံ့လင့်နေသော ဝံပုလွေဖြူလေးကို အသဲယားစွာ ထပ်စသည်။

ထို့အတွက် သူနောက်တစ်ကြိမ် အကန်ခံရပြန်သည်။ လီချန်းယုံ၏ မျက်ခုံးတို့က စိတ်မကြည်မှုကြောင့် တွန့်ချိုးသွားလေသည်။

"မင်း...အဲ့ဒီလိုပဲ ထပ်လုပ်နေရင်...ငါ့နန်းဆောင်မှာမနေနဲ့''
လီချန်းယုံက လင်းမိုကို စိုက်ကြည့်ုပြီး မကျေမနပ်ဖြင့် ဆိုသည်။

သည်တစ်ခါတော့ လင်းမိုမျက်နှာ ရှုံ့မဲ့သွားချေသည်။ ဇနီးလောင်း၏ အိမ်ပေါ်က နှင်ချခံရသော ခင်ပွန်းသည်၏ ခံစားချက်မျိုးကိုလည်းရလိုက်သည်။

"အားယုံကလည်း...ကိုယ်တော်က စတာကို''
လင်းမိုက စကားရပ်ပြီးမှ ဆက်ပြောသည်။

"ဆွေဟိုင်းလွင်ပြင်ကို မြို့တည်ပြီး နန်းတော်ဆောက်မှာ။ အဲ့ဒါဆိုလည်း ငါလည်းတောင်ပိုင်းပြန်စရာမလိုဘူး။ မင်းလည်း မြောက်ပိုင်းကို ဆက်အုပ်ချုပ်လို့ရတယ်''

လင်းမိုက ထိုစကားပြောပြီး လီချန်းယုံကို အကဲခတ်လိုက်သည်။ လီချန်းယုံ၏ မျက်နှာမှာ လေးနက်နေပြီး တစ်ခုခုကို စဉ်းစားနေသယောင်။ လင်းမိုထင်လိုက်သည်က လီချန်းယုံသည် မြို့တည်ဆောက်ရေး နန်းတော်အသစ်တည်ဆောက်ရေးတို့အတွက် ပူပန်နေသည်ဟု....

သို့သော်...
အရာရာကို တွက်ချက်ပြီး ကြိုမြင်သော ဘုရင်ကြီးမှာ သည်တစ်ခါတော့ တက်တက်စင်အောင်လွဲလေပြီ။

လေးနက်စွာ စဉ်းစားနေသော လီချန်းယုံ၏ နှုတ်ဖျားမှ ထွက်လာသည်က...
"ဆွေဟိုင်းဆိုတာ မင်းယူလာတဲ့ ပန်းသစ်တော်တွေထွက်တဲ့ဒေသလား''

လင်းမို သူ့နဖူးသာ ပိတ်ရိုက်လိုက်ချင်သည်။ သူသည် ဝံပုလွေဖြူလေးကို အလွန်အမင်း အထင်ကြီးမိသွားချေပြီ။

"မဟုတ်ဘူးလား...''
လင်းမိုဆီက အသံမကြားရသောကြောင့် လီချန်းယုံက မျက်ခုံးပင့်မေးပြီး ထပ်အတည်ပြုသည်။

"ဟုတ်တယ်.. ပန်းသစ်တော်တွေထွက်တဲ့ ဒေသ''
လင်းမိုက သူပြန်မဖြေလျှင် လီချန်းယုံ စိတ်ဆိုးသွားမည်သိသောကြောင့် ပြန်ဖြေလိုက်ရသည်။

"အဲ့ဒီမှာ နန်းတော်အသစ်ဆောက်မှာလား...ကောင်းသားပဲ''
လီချန်းယုံက ခေါင်းတငြိမ့်ငြိမ့်ဖြင့် အားရဝမ်းသာထောက်ခံသည်။

လင်းမိုကြေကွဲသွားချေပြီ။ သူက ဆွေဟိုင်းလိုဒေသတွင် မြို့အသစ်တည်ဆောက်ရန် တောင်ပိုင်းမြောက်ပိုင်း၏ သဘာဝပထဝီဝင်အနေအထားတို့ကို မြေပုံများစွာဖြင့် လေ့လာခဲ့ရသည်။ လူဦးရေသိပ်သည်းမှုအချိုးများ၊ စီးပွားကူးသန်းမှုအလားအလာ များစွာကို ခုနှစ်ရက်တိုင်တိုင်တွက်ချက်ပြီးမှ ဆွေဟိုင်းကို ခဲခဲယဉ်းယဉ်း ဆုံးဖြတ်ချက်ချခဲ့ရသည်။

သူ၏ ချစ်လှစွာသော ဝံပုလွေဖြူလေးမှာကား ဆွေဟိုင်းသည် ပန်းသစ်တော်ထွက်သည် ဆိုသော အချက်ဖြင့် ထီးနန်းစိုက်သည့် မြို့အဖြစ်ရွေးချယ်လိုက်ချေပြီ။ ဤမျှ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ရမည်ဆိုလျှင် လင်းမိုခုနှစ်ရက်လုံး ပင်ပန်းခံမနေတော့ပေ။

"နန်းတော်ထဲမှာလေ...ဥယျာဉ်တော်အကြီးကြီးဆောက်ပြီး ပန်းသစ်တော်တွေပါ စိုက်ထားရမယ်''
လီချန်းယုံက လင်းမိုကို တက်ကြွစွာ ပြောလေသည်။

လီချန်းယုံသည် လီချန်းယုံပီသပါပေသည်။
နန်းတော်ကို မည်သို့ပုံစံဆောက်မည်။ အဆောင်မည်မျှ၊ အကျယ်အဝန်းမည်မျှ စသည်တ်ို့ကို စိတ်မဝင်စား...ယခုအချိန်တွင် သူစိတ်ဝင်စားနေသည်က ပန်းသစ်တော်များသာ။

လင်းမိုက ဝံပုလွေဖြူလေး ရွှေစိတ်တော်မကွက်ရအောင် ခေါင်းငြိမ့်ထောက်ခံရလေသည်။ ဤဝံပုလွေဖြူလေး စိတ်ချမ်းသာလျှင် သုံးလောကလုံးအေးချမ်းပေမည်။

"ပန်းသစ်တော်တွေသုံးရာသီလုံးရရင်ကောင်းမှာ...''
လီချန်းယုံ၏ စိတ်အစဉ်က ထိုပန်းသစ်တော်များဆီမှာသာ။

"ချန်းယုံ...မသိရင် မင်းတစ်နှစ်ပတ်လုံး ပန်းသစ်တော်တစ်မျိုးပဲစားမှာ ကျလို့...သူ့ရာသီမရောက်လို့ ပန်းသစ်တော်တွေမရှိသေးလည်း တခြားအသီးတွေရှိသားပဲ။ မထူးလည်း မင်းအကုန်လုံးစားတာကို''
လင်းမိုက ပန်းသစ်တော်သီး တစ်နှစ်ပတ်လုံး မရသည်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသော လီချန်းယုံကို ဖြောင်းဖျရသည်။

"ဟား...ဟုတ်တယ် ဟုတ်တယ်...မင်းစဉ်းစားကြည့် တခြားဘာအသီးပင်တွေစိုက်သင့်လဲ''
လီချန်းယုံက လင်းမိုကို အားရဝမ်းသာဖြင့် ပြန်မေးသည်။

"ချယ်..ရီ..သီး..၊
လင်းမိုက လီချန်းယုံကိုစိုက်ကြည့်ပြီး တစ်ခွန်းချင်းပြောလိုက်သည်။

"မက်..မွန်..သီး''
လင်းမိုက လီချန်းယုံကို မျက်တောင်မခတ်တမ်းကြည့်ကာ ဆက်ပြောသည်။

မသင်္ကာရနံ့ကိုရလိုက်သော ဝံပုလွေဖြူလေးမှာ သူ့ကိုယ်လေးပင် ကျုံ့သွားသည်။
"အင်း...အဲ့ဒါတွေလည်း စိုက်မယ်လေ''
လီချန်းယုံက သူ့ကို စိုက်ကြည့်နေသော လင်းမိုကြောင့် အနေရခက်စွာ နားရွက်ဖျားလေးက ရဲလာသည်။

"အခုစားချင်တာ''
လင်းမို၏ နှုတ်ခမ်းတို့်က မကောင်းဆိုးဝါးဆန်စွာ ပြုံးနေချေသည်။

ထိုအပြုံး...ထိုအကြည့်...တို့်က လီချန်းယုံထက် ရင်းနှီးသည်ထက် ပိုနေသည်။ အိပ်ရေးပျက်ခဲ့ရသော ညသည် ထိုအပြုံး၊ ထိုအကြည့်တို့မှ စလေသည်။

"အခုဘယ်လိုလုပ်ရှိမှာလဲ...မြောက်ပိုင်းမှာ အဲ့ဒါတွေက ဆောင်းဦးမှပေါ်တာ...အခုဆောင်းရာသီတောင်ကုန်နေပြီ''
လီချန်းယုံ အကြောက်အကန်ငြင်းသည်။

"အားယုံမသိလို့်ပါ...နည်းနည်းကျန်ရင်ကျန်ဦးမှာ''
ပြောရင်း လင်းမိုက လီချန်းယုံနားပိုကပ်လာသည်။

"မရှိဘူး...လို့..''
လီချန်းယုံက ကြောက်လန့်တကြား နောက်ဆုတ်ပြီး ငြင်းသည်။ လင်းမိုက ပိုရှေ့တိုးလာသည်။

လင်းမို၏ အသက်ရှုသံတို့်က လီချန်းယုံ၏ ပါးပြင်ကိုပင် ရိုက်ခတ်နေသည်။ လိုသည်ထက် ပြင်းနေသော လင်းမို၏ အသက်ရှုသံတို့က လီချန်းယုံ၏ နှလုံးခုန်နှုန်းကို နှစ်ဆမြန်စေသည်။

ထိုအခိုက်အတန့်တွင်...

"ဒေါက်...ဒေါက်''
တံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။

လင်းမို၏ ရင်ခွင်ထဲသို့ဆရာက်လုလုဖြစ်သွားသော လီချန်းယုံမှာ တံခါးခေါက်သံကြောင့် လန့်သွားသည်။ ပြီးမှ သူက သတိဝင်ပြီး တုံ့ပြန်လိုက်သည်။

"ဘယ်သူလဲ...ဝင်ခဲ့''

တံခါးနှစ်ချပ်ပွင့်သွားသောအခါ မတ်တပ်ရပ်နေသူက ဟေးချိုပင်။ သူခမျာ အဆောင်တွင်းက မြင်ကွင်းကိုကြည့်ပြီး ဆွံ့အသွားသည်။

"ဟို...ကျွန်တော်က...ရှောင်...ရှောင်ချို...လွှတ်လိုက်တာ...သူရေခဲလွင်ပြင်သွားရမှာမလို့ သခင်လေးများ တစ်ခုခုမှာစရာရှိသေးရင်...''
စကားနည်းပြီး တည်ငြိမ်သော ဟေးချိုမှာ စကားတို့ပင် ထစ်အကုန်သည်။

"မရှိဘူး''
လီချန်းယုံအသံမဟုတ်ချေ။ လင်းမို၏ တစ်ချက်လွှတ်ပြတ်သားသော အသံပင်ဖြစ်သည်။

ဒဏ္႑ာရီလာသတ္တဝါစွမ်းအားကြီးသော နဂါးကို လင်းမိုတစ်ယောက်သာ သည်လေသံဖြင့်ပြောရဲချေသည်။ မရှိဘူးဆိုသည်က လင်းမိုပါးစပ်က ထွက်လာခြင်းဖြစ်သောကြောင့် ဟေးချိုမှာ လီချန်းယုံကို ထိုစကားအတည်ယူသင့်မယူသင့် အကြည့်တို့ဖြင့် အတည်ပြုမေးမြန်းရသည်။

"ဟေးချို...လာမေးတာကျေးဇူးပဲ...လောလောဆည်တော့မရှိသေးဘူး။ မင်းရောရေခဲလွင်ပြင်လိုက်သွားမှာလား''
လီချန်းယုံက ထိုအခါမှ သတိဝင်ပြီး ဟေးချိုကို အားနာစွာဆိုသည်။

ဟေးချိုကခေါင်းငြိမ့်ပြသည်။ သူက အမှန်တကယ် ရှောင်ချိုနှင့် လိုက်သွားရန်စီစဉ်ထားလေသည်။

"ရှောင်ချိူက ဘာလို့ကိုယ်တိုင်လာမမေးတာလဲ''
လင်းမိုက ဟေးချိုကို မေးလိုက်သည်။

"သူပါတယ်... နန်းဆောင်အရှေ့မှာ...သူအခုဝင်သွားရင် အရှင်လင်းမိုက ငေါက်လိမ့်မယ်တဲ့''
ဟေးချိူက ပြန်ရှင်းပြသည်။

"အဲ့ဒါနဲ့ပဲ.. မင်းက သူ့အစားရောက်လာတာလား''
လင်းမိုက နှာခေါင်းရှုံ့ပြီး ပြန်ပြောသည်။

ဟေးချို ပြန်မဖြေပါ။ ခေါင်းသာငြိမ့်ပြသည်။

"အဲ့ဒါဆို ဂရုစိုက်သွား ဟေးချို၊ ရှောင်ချိုရော ဂရုစိုက်ဖို့မှာလိုက်ဦး၊ ရေခဲအငူကျောက်ဆောင်တွေချည်း ဝေးဝေးလံလံမသွားနဲ့ဦးလို့''
လီချန်းယုံက ဟေးချိုကို စိုးရိမ်စွာမှာသည်။

ဟေးချို အရိုအသေပေးပြီး ပြန်မည်အပြု လင်းမိုက ပြောသည်။
"ဟေးချို...ငါခိုင်းထားတာမမေ့နဲ့နော်''

"ဟုတ်ကဲ့ပါအရှင်...''
ပြန်ဖြေပြီး ဟေးချိုနန်းဆောင်က ထွက်သွားသည်။

သူအပြင်ရောက်တော့ ရှောင်ချိုက သူ့ကိုစောင့်နေလေသည်။
"တစ်ခုခုထိတ်လန့်စရာတွေ့ခဲ့လား...''
ရှောင်ချိုကဟေးချိုကိုအလောတကြီး မေးလေသည်။

ဟေးချိုကခေါင်းယမ်းပြပြီးဖြေသည်။
"ရှောင်ချို..အရှင်လင်းမိုက ငါတို့လို ဒဏ္႑ာရီလာသတ္တဝါမဟုတ်တာသေချာလား''

ရှောင်ချိုက ဟေးချိုအမေးကြောင့် အံ့သြသွားလေသည်။
"သေချာပါတယ်...ဘာလို့လဲ''

ဟေးချိုမှာ တစ်စုံတစ်ခုကို နားမလည်ဟန်ဖြစ်သွားဟန်တူသည်။
"သူက သခင်လေး ချန်းယုံကို စားဖို့ ကြိုးစားနေတယ်...''

"ဟင်...''

"ဟုတ်တယ်... ငါရောက်သွားတော့ သူသခင်လေးအနားကပ်နေပြီ''

".....''
ရှောင်ချိုပြောစရာ စကားမဲ့သွားသည်။

"မင်းနားကြားမှားတာနေမှာ...သခင်လေးအစာငတ်ခံနေတုန်း အရှင်လင်းမိုလည်း ဘာမှမစားဘူးလေ...အဲ့ဒါပြောနေတာနေမှာ''
ရှောင်ချိုက သူတွေးမိသည်ကိုပြောသည်။

"ဟုတ်လား...ငါနားကြားမှားတာနေမှာ''
ဟေးချိုက ထိုမျှပြောပြီး ရှေ့မဆက်တော့ပေ။ ထိုအခါမှ သူတို့နှစ်ယောက် နန်းဆောင်က ထွက်လာကြသည်။

အိမ်ရှေ့စံ၏ အဆောင်တွင် ဟေးချိုတွေးသလို မဟုတ်သော်ငြား ဘုရင်ကြီးသည် အမှန်တကယ်ပင် အိမ်ရှေ့စံကို စားရန်ကြိုးပမ်းနေချေသည်။ အမျိုးမျိုးကြိုးစားရှေင်တိမ်းပါသော်လည်း ဝံပုလွေဖြူလေးမှာ နဂါးကြီး၏ ပိုက်ကွန်မှ မလွန်မြောက်ချေ။ သို့ကြောင့် ဝံပုလွေဖြူလေးအတွက် ခုနှစ်ရက်တိုင်တိုင် ဒုက္ခခံခဲ့ရပြီးနောက် ရှစ်ရက်မြောက်ညသည် အိပ်ရေးပျက်သော ညတစ်ညဖြစ်ခဲ့ချေသည်။ ....

Zawgyi

လင္းမိုသည္ အေဆာင္ေ႐ွ႕သို႔ေရာက္ေသာအခါ စိတ္လႈပ္႐ွားစြာျဖင့္ တံခါးကိုဆြဲဖြင့္လိုက္သည္။

လီခ်န္းယံုသည္ အခန္းထဲတြင္ ၿငိမ္သက္စြာ ထိုင္ကာ မ်က္လံုးမ်ားမွိတ္ထားသည္။ သူ၏ ႏႈတ္ခမ္းတစ္စံုက ေဖ်ာ့ေတာ့ေနသည္မွ လြဲ၍ အလြန္အမင္းအားနည္းေနဟန္ မ႐ွိေပ။ သူက တံခါးဖြင့္သံေၾကာင့္ မ်က္လံုးအစံုကို ဖြင့္ၾကည့္သည္။

"ခ်န္းယံု...''

ခုႏွစ္ရက္တာလြမ္းဆြတ္ေနခဲ့ရေသာ အသံကို ၾကားလိုက္ရေသာ အခိုက္အတန္႔၏ ေပ်ာ္ရႊင္မႈသည္ မည္သည္အရာႏွင့္မွ် စာဖြဲ႔မရႏိုင္ခဲ့ေပ။

"လင္း...မို...''
စိတ္ဓာတ္မာေက်ာစြာ အ႐ႈံးမေပးခဲ့ေသာ္လည္း ခ်န္းယံု ဟူေသာ ေခၚသံျဖင့္ သူအားတင္းထားသမွ် အရည္ေပ်ာ္သြားသည္။

"မင္း...ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ...ခမည္းေတာ္သိသြားရင္...''
လီခ်န္းယံုက လင္းမိုကိုေတြ႔ရေသာေၾကာင့္ ေပ်ာ္ရႊင္သြားေသာ္လည္း သူ၏ စိတ္ထဲစိုးထိတ္သြားသည္။

"ကိစၥမ႐ွိဘူး ဘုရင္ႀကီးလီက ခြင့္ျပဳလိုက္ၿပီ''
လင္းမိုက လီခ်န္းယံု၏ လက္ကိုအသာဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။

လီခ်န္းယံု အံ့အားသင့္သြားၿပီးမွ သူ၏ မ်က္ႏွာေခ်ာေခ်ာတြင္ ႏွစ္လိုဖြယ္အျပံဳးတို႔ေပၚလာသည္။ သူ၏ လင္းမို၏ နဖူးျပင္မွ ဆံစတို႔ကို အသာသပ္ၿပီး ေျပာသည္။
"ပင္..ပန္း...သြား...ၿပီ။ ငါသိတယ္ မင္းလုပ္ႏိုင္မယ္ဆိုတာ ငါသိေနတယ္''

လင္းမိုက လီခ်န္းယံု၏ ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာကို ၾကည့္ၿပီး မ်ားစြာစိတ္မသက္သာ ျဖစ္လာသည္။ သူက လီခ်န္းယံု၏ တစ္ကိုယ္လံုးကို ေပြ႔ခ်ီလိုက္သည္။

"သြားရေအာင္...''

"ငါလမ္းေလွ်ာက္ႏိုင္ပါေသးတယ္''
လီခ်န္းယံုက သူ႔ကိုေပြ႔ခ်ီျခင္းကို မ႐ုန္းကန္ေသာ္လည္း သူလမ္းေလွ်ာက္ႏိုင္ေၾကာင္းေျပာေနသည္။ သူသည္ အမွန္တကယ္ ေပ်ာ့ညံ့ေသာသူ၏ အသြင္အျပင္ မျဖစ္ခ်င္ပါ။

"မင္းလမ္းေလွ်ာက္ႏိုင္တာ ငါသိတယ္။ ဒါေပမယ့္ ငါမင္းကို လမ္းမေလွ်ာက္ေစခ်င္တာလည္း မင္းသိပါတယ္''
ေျပာၿပီး လင္းမိုက လီခ်န္းယံုကို ေပြ႔ခ်ီကာ နန္းေဆာင္မွ ထြက္လာခဲ့သည္။

လမ္းတစ္ေလွ်ာက္က အေစခံအမႈထမ္းတို႔မွာ အိမ္ေ႐ွ႕စံကို ေပြ႔ခ်ီလာေသာ ေတာင္ပိုင္းဘုရင္ႀကီးကို ၾကည့္ကာ မ်ားစြာအံ့အားသင့္ေနၾကသည္။ အပ်ိဳေတာ္ေလးမ်ားမွာမူကား ထိုကဲ့သို႔ေသာ ခ်စ္ျခင္းမ်ိဳးကို ရ႐ွိေနသည့္ အိမ္ေ႐ွ႕စံကိုသာ အလြန္အမင္း အားက်ေနၾကသည္။

လင္းမိုေပြ႔ခ်ီခံလာရေသာ အိမ္ေ႐ွ႕စံ၏ ပါးျပင္ႏွစ္ဖက္ကေတာ့ ပန္းဆီေရာင္သန္းလွ်က္...

လီခ်န္းယံု၏ အေဆာင္တြင္ သူ႔အတြက္ ျပင္ဆင္ထားသည့္ စားပြဲက အဆင္သင့္ေစာင့္ေနသည္။ လင္းမိုက လီခ်န္းယံုကို အသာခ်ေပးၿပီး စားပြဲတြင္ထိုင္ေစသည္။ သူကပင္ လီခ်န္းယံုအတြက္ စိတ္႐ွည္စြာျဖင့္ ခြြံ႕ေကြၽးသည္။ ရက္အေတာ္ၾကာ လြမ္းဆြတ္ေနရသူ၏ ဂ႐ုစိုက္မႈကိုရေသာေၾကာင့္ လီခ်န္းယံုမွာ ပင္ပန္းေနသည္မ်ားပင္ ေျပေပ်ာက္သြားသေယာင္...

"မင္းေရာစား... ''
လီခ်န္းယံု သူ႔ႏႈတ္ခမ္းေ႐ွ႕ေရာက္လာေသာ ထမင္းလုပ္ကို ပါးစပ္ျဖင့္ ဟေပးၿပီး စားရင္း ေျပာသည္။

"အင္း...''
လင္းမိုက ေခါင္းၿငိမ့္ျပေပမယ့္ သူက တစ္ခ်ိန္လံုး လီခ်န္းယံုကို ခြံ႕ေကြၽးရန္သာ အာရံုေရာက္ေနသည္။

ထမင္းစားၿပီးေသာအခါ လီခ်န္းယံုက လင္းမိုကို စိုက္ၾကည့္ၿပီး ေမးသည္။
"ငါ့ကိုေျပာ...မင္း ခမည္းေတာ္ကို ဘယ္လိုတိုက္တြန္းခဲ့တာလဲ''

လင္းမိုက သူ႔ကို ေမးေထာက္ကာၾကည့္ေနေသာ ဝံပုေလြျဖဴေလးကို ၾကည့္ရင္းအသဲယားလာသည္။ လီခ်န္းယံုကို ေ႐ွ႕မွာထားရင္းပင္ သူ႔မွာအလြမ္းတို႔မေျပသလို ခံစားရသည္။

"ခ်န္းယံု...လြမ္းတယ္''

လင္းမိုက လီခ်န္းယံု၏ ခႏၱာကိုယ္ကို ဆြဲဖက္ၿပီး လီခ်န္းယံု၏ နားနားသို႔ ကပ္ကာ တီးတိုးဆိုသည္။

လီခ်န္းယံုကမူ ႐ုတ္တရက္ရင္ခြင္ထဲ ဆြဲသြင္းခံလိုက္ရေသာေၾကာင့္ ေၾကာင္သြားသည္။ သူ႔ကို လြတ္ထြက္သြားမတတ္ဖက္ထားေသာ ျမဲျမံသည့္လက္တစ္စံုကို မည္သို႔မွ် မ႐ုန္းကန္ႏိုင္။

"လင္းမို...ငါေမးေနတာ...ေျဖ...''

လင္းမိုက လီခ်န္းယံုကို တိုးဖက္ၿပီး လီခ်န္းယံု၏ ပါးျပင္၊ နဖူးျပင္ တို႔ကို ေနရာလပ္မက်န္ေအာင္ နမ္း႐ႈံ႕ေနသည္။

"လင္းမို...ခမည္းေတာ္ကို ဘယ္လို...''

သူ႔ကို တတြတ္တြတ္ျဖင့္ ေမးျမန္းေနေသာ လီခ်န္းယံု၏ ႏႈတ္ခမ္းတစ္စံုကိုပါ လင္းမိုက သိမ္းပိုက္လိုက္သည္။ သို႔ေၾကာင့္ လီခ်န္းယံု၏ စကားက တစ္ဝက္တစ္ပ်က္ျဖင့္ ရပ္တန္႔သြားသည္။

လင္းမိုအတြက္ ရက္အေတာ္ၾကာ လြမ္းဆြတ္ေနခဲ့ရေသာ ႏႈတ္ခမ္းမ်ားက ခါတိုင္းထက္ ခ်ိဳၿမိန္ေနသေယာင္...

လီခ်န္းယံုကမူ သူ႔စကားကို အေရးမလုပ္ပဲ သူ႔ကိုသာ အတင္းနမ္း႐ႈပ္ေနေသာ လင္းမိုကို မေက်နပ္ဟန္ျဖင့္ တြန္းသည္။ သို႔ေသာ္ တြန္းခါမွ လင္းမိုက သူ၏ ခါးကိုပါ အတင္းဆြဲဖက္ၿပီး ဖိနမ္းေလေတာ့သည္။

"အာ...မင္း...အသက္႐ႈ...လို႔...မရ''
လီခ်န္းယံုက ေနာက္ဆံုး အသက္႐ႈလို႔မရေတာ့ေအာင္ထိ အနမ္းတို႔ ၾကာျမင့္လာေသာေၾကာင့္ အတင္းအက်ပ္ဖယ္ရသည္။ ခုႏွစ္ရက္တိုင္တိုင္ အစာငတ္ခံခဲ့ရသည္ပင္ ထိုမွ်မပင္ပန္းခဲ့ပါ။ ယခုမွ သူ႔ခမ်ာ အသက္႐ႈမဝျဖစ္သည္အထိ အတင္းအၾကပ္ ဖိနမ္းခံေနရသည္။

"မင္းခုနက ဘာေမးလိုက္တာလဲ''
သူ႔စိတ္တိုင္းက် လီခ်န္းယံု၏ ႏႈတ္ခမ္းမ်ားကို သိမ္းပိုက္ၿပီးမွ လင္းမိုဆီက လီခ်န္းယံု၏ေမးခြန္းကို အေရးလုပ္ေသာ စကားသံ ထြက္လာသည္။

ထိုစကားေၾကာင့္ လင္းမိုခမ်ာ သူ၏ ဝမ္းဗိုက္ကို လီခ်န္းယံု ထိုးလိုက္သည္ကို ခံရေလေတာ့သည္။

"ငါေျပာတုန္းက စိတ္မဝင္စားပဲ...''
လီခ်န္းယံုဆီက မေက်မနပ္စကားသံ ထြက္လာသည္။

"ကိုယ္ေတာ္က အားယံုေလး ႏႈတ္ခမ္းကိုပဲစိတ္ဝင္စားေနလို႔...''
အထိုးခံလိုက္ရေသာ ဝမ္းဗိုက္ကို ဖိႏွိပ္ၿပီး လင္းမိုက ရယ္က်ဲက်ဲျဖင့္ေျဖသည္။

"ခမည္းေတာ္က ဘာလို႔လက္ခံလိုက္တာလဲ''
လင္းမိုက စေနာက္ေနေပမယ့္ လီခ်န္းယံုမွာ သူအမွန္တကယ္ သိခ်င္ေသာ ေမးခြန္းျဖစ္ေသာေၾကာင့္ ေနာက္တစ္ႀကိမ္ထပ္ေမးသည္။

"ေျသာ္...အဲ့ဒါလား...ကိုယ္ေတာ္က အရမ္းေတာ္တဲ့ဘုရင္မလို႔ေလ''
လင္းမိုက သူ၏ အေျဖကို သိခ်င္ေသာေၾကာင့္ ငံ့လင့္ေနေသာ ဝံပုေလြျဖဴေလးကို အသဲယားစြာ ထပ္စသည္။

ထို႔အတြက္ သူေနာက္တစ္ႀကိမ္ အကန္ခံရျပန္သည္။ လီခ်န္းယံု၏ မ်က္ခံုးတို႔က စိတ္မၾကည္မႈေၾကာင့္ တြန္႔ခ်ိဳးသြားေလသည္။

"မင္း...အဲ့ဒီလိုပဲ ထပ္လုပ္ေနရင္...ငါ့နန္းေဆာင္မွာမေနနဲ႔''
လီခ်န္းယံုက လင္းမိုကို စိုက္ၾကည့္ုၿပီး မေက်မနပ္ျဖင့္ ဆိုသည္။

သည္တစ္ခါေတာ့ လင္းမိုမ်က္ႏွာ ႐ႈံ႕မဲ့သြားေခ်သည္။ ဇနီးေလာင္း၏ အိမ္ေပၚက ႏွင္ခ်ခံရေသာ ခင္ပြန္းသည္၏ ခံစားခ်က္မ်ိဳးကိုလည္းရလိုက္သည္။

"အားယံုကလည္း...ကိုယ္ေတာ္က စတာကို''
လင္းမိုက စကားရပ္ၿပီးမွ ဆက္ေျပာသည္။

"ေဆြဟိုင္းလြင္ျပင္ကို ၿမိဳ႕တည္ၿပီး နန္းေတာ္ေဆာက္မွာ။ အဲ့ဒါဆိုလည္း ငါလည္းေတာင္ပိုင္းျပန္စရာမလိုဘူး။ မင္းလည္း ေျမာက္ပိုင္းကို ဆက္အုပ္ခ်ဳပ္လို႔ရတယ္''

လင္းမိုက ထိုစကားေျပာၿပီး လီခ်န္းယံုကို အကဲခတ္လိုက္သည္။ လီခ်န္းယံု၏ မ်က္ႏွာမွာ ေလးနက္ေနၿပီး တစ္ခုခုကို စဥ္းစားေနသေယာင္။ လင္းမိုထင္လိုက္သည္က လီခ်န္းယံုသည္ ၿမိဳ႕တည္ေဆာက္ေရး နန္းေတာ္အသစ္တည္ေဆာက္ေရးတို႔အတြက္ ပူပန္ေနသည္ဟု....

သို႔ေသာ္...
အရာရာကို တြက္ခ်က္ၿပီး ႀကိဳျမင္ေသာ ဘုရင္ႀကီးမွာ သည္တစ္ခါေတာ့ တက္တက္စင္ေအာင္လြဲေလၿပီ။

ေလးနက္စြာ စဥ္းစားေနေသာ လီခ်န္းယံု၏ ႏႈတ္ဖ်ားမွ ထြက္လာသည္က...
"ေဆြဟိုင္းဆိုတာ မင္းယူလာတဲ့ ပန္းသစ္ေတာ္ေတြထြက္တဲ့ေဒသလား''

လင္းမို သူ႔နဖူးသာ ပိတ္႐ိုက္လိုက္ခ်င္သည္။ သူသည္ ဝံပုေလြျဖဴေလးကို အလြန္အမင္း အထင္ႀကီးမိသြားေခ်ၿပီ။

"မဟုတ္ဘူးလား...''
လင္းမိုဆီက အသံမၾကားရေသာေၾကာင့္ လီခ်န္းယံုက မ်က္ခံုးပင့္ေမးၿပီး ထပ္အတည္ျပဳသည္။

"ဟုတ္တယ္.. ပန္းသစ္ေတာ္ေတြထြက္တဲ့ ေဒသ''
လင္းမိုက သူျပန္မေျဖလွ်င္ လီခ်န္းယံု စိတ္ဆိုးသြားမည္သိေသာေၾကာင့္ ျပန္ေျဖလိုက္ရသည္။

"အဲ့ဒီမွာ နန္းေတာ္အသစ္ေဆာက္မွာလား...ေကာင္းသားပဲ''
လီခ်န္းယံုက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ အားရဝမ္းသာေထာက္ခံသည္။

လင္းမိုေၾကကြဲသြားေခ်ၿပီ။ သူက ေဆြဟိုင္းလိုေဒသတြင္ ၿမိဳ႕အသစ္တည္ေဆာက္ရန္ ေတာင္ပိုင္းေျမာက္ပိုင္း၏ သဘာဝပထဝီဝင္အေနအထားတို႔ကို ေျမပံုမ်ားစြာျဖင့္ ေလ့လာခဲ့ရသည္။ လူဦးေရသိပ္သည္းမႈအခ်ိဳးမ်ား၊ စီးပြားကူးသန္းမႈအလားအလာ မ်ားစြာကို ခုႏွစ္ရက္တိုင္တိုင္တြက္ခ်က္ၿပီးမွ ေဆြဟိုင္းကို ခဲခဲယဥ္းယဥ္း ဆံုးျဖတ္ခ်က္ခ်ခဲ့ရသည္။

သူ၏ ခ်စ္လွစြာေသာ ဝံပုေလြျဖဴေလးမွာကား ေဆြဟိုင္းသည္ ပန္းသစ္ေတာ္ထြက္သည္ ဆိုေသာ အခ်က္ျဖင့္ ထီးနန္းစိုက္သည့္ ၿမိဳ႕အျဖစ္ေရြးခ်ယ္လိုက္ေခ်ၿပီ။ ဤမွ် ျမန္ျမန္ဆန္ဆန္ဆံုးျဖတ္ရမည္ဆိုလွ်င္ လင္းမိုခုႏွစ္ရက္လံုး ပင္ပန္းခံမေနေတာ့ေပ။

"နန္းေတာ္ထဲမွာေလ...ဥယ်ာဥ္ေတာ္အႀကီးႀကီးေဆာက္ၿပီး ပန္းသစ္ေတာ္ေတြပါ စိုက္ထားရမယ္''
လီခ်န္းယံုက လင္းမိုကို တက္ႂကြစြာ ေျပာေလသည္။

လီခ်န္းယံုသည္ လီခ်န္းယံုပီသပါေပသည္။
နန္းေတာ္ကို မည္သို႔ပံုစံေဆာက္မည္။ အေဆာင္မည္မွ်၊ အက်ယ္အဝန္းမည္မွ် စသည္တ္ို႔ကို စိတ္မဝင္စား...ယခုအခ်ိန္တြင္ သူစိတ္ဝင္စားေနသည္က ပန္းသစ္ေတာ္မ်ားသာ။

လင္းမိုက ဝံပုေလြျဖဴေလး ေရႊစိတ္ေတာ္မကြက္ရေအာင္ ေခါင္းၿငိမ့္ေထာက္ခံရေလသည္။ ဤဝံပုေလြျဖဴေလး စိတ္ခ်မ္းသာလွ်င္ သံုးေလာကလံုးေအးခ်မ္းေပမည္။

"ပန္းသစ္ေတာ္ေတြသံုးရာသီလံုးရရင္ေကာင္းမွာ...''
လီခ်န္းယံု၏ စိတ္အစဥ္က ထိုပန္းသစ္ေတာ္မ်ားဆီမွာသာ။

"ခ်န္းယံု...မသိရင္ မင္းတစ္ႏွစ္ပတ္လံုး ပန္းသစ္ေတာ္တစ္မ်ိဳးပဲစားမွာ က်လို႔...သူ႔ရာသီမေရာက္လို႔ ပန္းသစ္ေတာ္ေတြမ႐ွိေသးလည္း တျခားအသီးေတြ႐ွိသားပဲ။ မထူးလည္း မင္းအကုန္လံုးစားတာကို''
လင္းမိုက ပန္းသစ္ေတာ္သီး တစ္ႏွစ္ပတ္လံုး မရသည္ႏွင့္ ပတ္သက္၍ မေက်မနပ္ျဖစ္ေနေသာ လီခ်န္းယံုကို ေျဖာင္းဖ်ရသည္။

"ဟား...ဟုတ္တယ္ ဟုတ္တယ္...မင္းစဥ္းစားၾကည့္ တျခားဘာအသီးပင္ေတြစိုက္သင့္လဲ''
လီခ်န္းယံုက လင္းမိုကို အားရဝမ္းသာျဖင့္ ျပန္ေမးသည္။

"ခ်ယ္..ရီ..သီး..၊
လင္းမိုက လီခ်န္းယံုကိုစိုက္ၾကည့္ၿပီး တစ္ခြန္းခ်င္းေျပာလိုက္သည္။

"မက္..မြန္..သီး''
လင္းမိုက လီခ်န္းယံုကို မ်က္ေတာင္မခတ္တမ္းၾကည့္ကာ ဆက္ေျပာသည္။

မသကၤာရနံ႔ကိုရလိုက္ေသာ ဝံပုေလြျဖဴေလးမွာ သူ႔ကိုယ္ေလးပင္ က်ံဳ႕သြားသည္။
"အင္း...အဲ့ဒါေတြလည္း စိုက္မယ္ေလ''
လီခ်န္းယံုက သူ႔ကို စိုက္ၾကည့္ေနေသာ လင္းမိုေၾကာင့္ အေနရခက္စြာ နားရြက္ဖ်ားေလးက ရဲလာသည္။

"အခုစားခ်င္တာ''
လင္းမို၏ ႏႈတ္ခမ္းတို္႔က မေကာင္းဆိုးဝါးဆန္စြာ ျပံဳးေနေခ်သည္။

ထိုအျပံဳး...ထိုအၾကည့္...တို္႔က လီခ်န္းယံုထက္ ရင္းႏွီးသည္ထက္ ပိုေနသည္။ အိပ္ေရးပ်က္ခဲ့ရေသာ ညသည္ ထိုအျပံဳး၊ ထိုအၾကည့္တို႔မွ စေလသည္။

"အခုဘယ္လိုလုပ္႐ွိမွာလဲ...ေျမာက္ပိုင္းမွာ အဲ့ဒါေတြက ေဆာင္းဦးမွေပၚတာ...အခုေဆာင္းရာသီေတာင္ကုန္ေနၿပီ''
လီခ်န္းယံု အေၾကာက္အကန္ျငင္းသည္။

"အားယံုမသိလို္႔ပါ...နည္းနည္းက်န္ရင္က်န္ဦးမွာ''
ေျပာရင္း လင္းမိုက လီခ်န္းယံုနားပိုကပ္လာသည္။

"မ႐ွိဘူး...လို႔..''
လီခ်န္းယံုက ေၾကာက္လန္႔တၾကား ေနာက္ဆုတ္ၿပီး ျငင္းသည္။ လင္းမိုက ပိုေ႐ွ႕တိုးလာသည္။

လင္းမို၏ အသက္႐ႈသံတို္႔က လီခ်န္းယံု၏ ပါးျပင္ကိုပင္ ႐ိုက္ခတ္ေနသည္။ လိုသည္ထက္ ျပင္းေနေသာ လင္းမို၏ အသက္႐ႈသံတို႔က လီခ်န္းယံု၏ ႏွလံုးခုန္ႏႈန္းကို ႏွစ္ဆျမန္ေစသည္။

ထိုအခိုက္အတန္႔တြင္...

"ေဒါက္...ေဒါက္''
တံခါးေခါက္သံ သဲ့သဲ့ကို ၾကားလိုက္ရသည္။

လင္းမို၏ ရင္ခြင္ထဲသို႔ဆရာက္လုလုျဖစ္သြားေသာ လီခ်န္းယံုမွာ တံခါးေခါက္သံေၾကာင့္ လန္႔သြားသည္။ ၿပီးမွ သူက သတိဝင္ၿပီး တံု႔ျပန္လိုက္သည္။

"ဘယ္သူလဲ...ဝင္ခဲ့''

တံခါးႏွစ္ခ်ပ္ပြင့္သြားေသာအခါ မတ္တပ္ရပ္ေနသူက ေဟးခ်ိဳပင္။ သူခမ်ာ အေဆာင္တြင္းက ျမင္ကြင္းကိုၾကည့္ၿပီး ဆြံ႔အသြားသည္။

"ဟို...ကြၽန္ေတာ္က...ေ႐ွာင္...ေ႐ွာင္ခ်ိဳ...လႊတ္လိုက္တာ...သူေရခဲလြင္ျပင္သြားရမွာမလို႔ သခင္ေလးမ်ား တစ္ခုခုမွာစရာ႐ွိေသးရင္...''
စကားနည္းၿပီး တည္ၿငိမ္ေသာ ေဟးခ်ိဳမွာ စကားတို႔ပင္ ထစ္အကုန္သည္။

"မ႐ွိဘူး''
လီခ်န္းယံုအသံမဟုတ္ေခ်။ လင္းမို၏ တစ္ခ်က္လႊတ္ျပတ္သားေသာ အသံပင္ျဖစ္သည္။

ဒ႑ာရီလာသတၱဝါစြမ္းအားႀကီးေသာ နဂါးကို လင္းမိုတစ္ေယာက္သာ သည္ေလသံျဖင့္ေျပာရဲေခ်သည္။ မ႐ွိဘူးဆိုသည္က လင္းမိုပါးစပ္က ထြက္လာျခင္းျဖစ္ေသာေၾကာင့္ ေဟးခ်ိဳမွာ လီခ်န္းယံုကို ထိုစကားအတည္ယူသင့္မယူသင့္ အၾကည့္တို႔ျဖင့္ အတည္ျပဳေမးျမန္းရသည္။

"ေဟးခ်ိဳ...လာေမးတာေက်းဇူးပဲ...ေလာေလာဆည္ေတာ့မ႐ွိေသးဘူး။ မင္းေရာေရခဲလြင္ျပင္လိုက္သြားမွာလား''
လီခ်န္းယံုက ထိုအခါမွ သတိဝင္ၿပီး ေဟးခ်ိဳကို အားနာစြာဆိုသည္။

ေဟးခ်ိဳကေခါင္းၿငိမ့္ျပသည္။ သူက အမွန္တကယ္ ေ႐ွာင္ခ်ိဳႏွင့္ လိုက္သြားရန္စီစဥ္ထားေလသည္။

"ေ႐ွာင္ခ်ိဴက ဘာလို႔ကိုယ္တိုင္လာမေမးတာလဲ''
လင္းမိုက ေဟးခ်ိဳကို ေမးလိုက္သည္။

"သူပါတယ္... နန္းေဆာင္အေ႐ွ႕မွာ...သူအခုဝင္သြားရင္ အ႐ွင္လင္းမိုက ေငါက္လိမ့္မယ္တဲ့''
ေဟးခ်ိဴက ျပန္႐ွင္းျပသည္။

"အဲ့ဒါနဲ႔ပဲ.. မင္းက သူ႔အစားေရာက္လာတာလား''
လင္းမိုက ႏွာေခါင္း႐ႈံ႕ၿပီး ျပန္ေျပာသည္။

ေဟးခ်ိဳ ျပန္မေျဖပါ။ ေခါင္းသာၿငိမ့္ျပသည္။

"အဲ့ဒါဆို ဂ႐ုစိုက္သြား ေဟးခ်ိဳ၊ ေ႐ွာင္ခ်ိဳေရာ ဂ႐ုစိုက္ဖို႔မွာလိုက္ဦး၊ ေရခဲအငူေက်ာက္ေဆာင္ေတြခ်ည္း ေဝးေဝးလံလံမသြားနဲ႔ဦးလို႔''
လီခ်န္းယံုက ေဟးခ်ိဳကို စိုးရိမ္စြာမွာသည္။

ေဟးခ်ိဳ အ႐ိုအေသေပးၿပီး ျပန္မည္အျပဳ လင္းမိုက ေျပာသည္။
"ေဟးခ်ိဳ...ငါခိုင္းထားတာမေမ့နဲ႔ေနာ္''

"ဟုတ္ကဲ့ပါအ႐ွင္...''
ျပန္ေျဖၿပီး ေဟးခ်ိဳနန္းေဆာင္က ထြက္သြားသည္။

သူအျပင္ေရာက္ေတာ့ ေ႐ွာင္ခ်ိဳက သူ႔ကိုေစာင့္ေနေလသည္။
"တစ္ခုခုထိတ္လန္႔စရာေတြ႔ခဲ့လား...''
ေ႐ွာင္ခ်ိဳကေဟးခ်ိဳကိုအေလာတႀကီး ေမးေလသည္။

ေဟးခ်ိဳကေခါင္းယမ္းျပၿပီးေျဖသည္။
"ေ႐ွာင္ခ်ိဳ..အ႐ွင္လင္းမိုက ငါတို႔လို ဒ႑ာရီလာသတၱဝါမဟုတ္တာေသခ်ာလား''

ေ႐ွာင္ခ်ိဳက ေဟးခ်ိဳအေမးေၾကာင့္ အံ့ျသသြားေလသည္။
"ေသခ်ာပါတယ္...ဘာလို႔လဲ''

ေဟးခ်ိဳမွာ တစ္စံုတစ္ခုကို နားမလည္ဟန္ျဖစ္သြားဟန္တူသည္။
"သူက သခင္ေလး ခ်န္းယံုကို စားဖို႔ ႀကိဳးစားေနတယ္...''

"ဟင္...''

"ဟုတ္တယ္... ငါေရာက္သြားေတာ့ သူသခင္ေလးအနားကပ္ေနၿပီ''

".....''
ေ႐ွာင္ခ်ိဳေျပာစရာ စကားမဲ့သြားသည္။

"မင္းနားၾကားမွားတာေနမွာ...သခင္ေလးအစာငတ္ခံေနတုန္း အ႐ွင္လင္းမိုလည္း ဘာမွမစားဘူးေလ...အဲ့ဒါေျပာေနတာေနမွာ''
ေ႐ွာင္ခ်ိဳက သူေတြးမိသည္ကိုေျပာသည္။

"ဟုတ္လား...ငါနားၾကားမွားတာေနမွာ''
ေဟးခ်ိဳက ထိုမွ်ေျပာၿပီး ေ႐ွ႕မဆက္ေတာ့ေပ။ ထိုအခါမွ သူတို႔ႏွစ္ေယာက္ နန္းေဆာင္က ထြက္လာၾကသည္။

အိမ္ေ႐ွ႕စံ၏ အေဆာင္တြင္ ေဟးခ်ိဳေတြးသလို မဟုတ္ေသာ္ျငား ဘုရင္ႀကီးသည္ အမွန္တကယ္ပင္ အိမ္ေ႐ွ႕စံကို စားရန္ႀကိဳးပမ္းေနေခ်သည္။ အမ်ိဳးမ်ိဳးႀကိဳးစားေ႐ွင္တိမ္းပါေသာ္လည္း ဝံပုေလြျဖဴေလးမွာ နဂါးႀကီး၏ ပိုက္ကြန္မွ မလြန္ေျမာက္ေခ်။ သို႔ေၾကာင့္ ဝံပုေလြျဖဴေလးအတြက္ ခုႏွစ္ရက္တိုင္တိုင္ ဒုကၡခံခဲ့ရၿပီးေနာက္ ႐ွစ္ရက္ေျမာက္ညသည္ အိပ္ေရးပ်က္ေသာ ညတစ္ညျဖစ္ခဲ့ေခ်သည္။ ....

Continue Reading

You'll Also Like

3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛
33.3K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
59.3K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
115K 5.8K 32
chan-ငါမင္​းကိုအရမ္​းမုန္​းတယ္​ မင္​းက အရမ္​း အတၱႀကီးလြန္​းတယ္​ Sehun-hyung ကြၽန္​​ေတာ္​့ကို ႀကိဳက္​သ​ေလာက္​ မုန္​းႏိုင္​တယ္​ ...