နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၃၃ (Zawgyi + Unicode)

11.3K 2.2K 84
By Kay_Wine

{Zawgyi}

“မင္းဒီမွာဘာလုပ္ေနတာလဲ?” နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန႔္ကို ေတြ႕သြားေတာ့ သူ႔မ်က္လုံးေတြက အလြန္အမင္းအံ့အားသင့္မႈေတြနဲ႔ အမူအယာကလည္း ေဖာ္မျပႏိုင္ေအာင္ျဖစ္သြားတယ္။ အဲ့ေနာက္ ေမာပန္းေနတဲ့လီယုကို လက္ညႇိဳးထိုးျပၿပီး ေမးလိုက္တယ္ “သူက လီယုမဟုတ္ဘဲ အေနာက္ပိုင္းအရွင္လို႔ မင္းေျပာလိုက္တာလား?”

“ဟုတ္ပါတယ္” ပိုင္ရန္နတ္ဆိုးဘုရင္ႀကီးေရွ႕ရပ္လိုက္ကာ လီယုကိုမ်က္ႏွာမူရင္း ေလသံနက္နက္နဲ႔ ဆက္ေျပာတယ္ “ကြၽန္ေတာ္အေနာက္ပိုင္းအရွင္ရဲ႕ကိုယ္လုပ္ေတာ္ေတြကို အက်ဥ္းခ်ထားတဲ့ေနရာကိုသြားေတာ့ ကိုယ္လုပ္ေတာ္ေတြထဲက တစ္ေယာက္က သူ႔ဆီမွာနိဗၺာန္ပုလဲရွိေနတယ္လို႔ ေျပာတယ္... နိဗၺာန္ပုလဲရွိေနတဲ့ဘယ္သူမဆို အထိအခိုက္မရွိတစ္ျခားတစ္ေယာက္ရဲ႕ ကိုယ္ကိုခိုးယူႏိုင္တယ္တဲ့… အေနာက္ပိုင္းနတ္ဆိုးအရွင္က တစ္ျခားတစ္ေယာက္ကိုယ္ကို ခိုးၿပီး ထြက္ေျပးသြားႏိုင္တယ္လို႔ သံသယျဖစ္သြားတာ၊ လီယုကို လုပ္လိုက္လိမ့္မယ္လို႔ ထင္မထားဘူး”

“အဲ့တာေၾကာင့္ မင္းခ်က္ခ်င္းေျပးလာတာေပါ့”

“ဟုတ္ပါတယ္၊ အရွင့္ရဲ႕အေစာင့္အၾကပ္ေတြ ေလ်ာ့ခ်ထားတာကို အေနာက္ပိုင္းနတ္ဆိုးအရွင္က အခြင့္ေကာင္းယူလာမွာ စိုးလို႔ပါ”

သူေျပာၿပီးတာနဲ႔ အေနာက္ပိုင္းနတ္ဆိုးအရွင္ကို တစ္ဟုန္ထိုးတိုက္ခိုက္ေတာ့တယ္။

သူတိုက္ခိုက္တာကိုပဲ သဲႀကီးမဲႀကီးလုပ္ေနတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးရဲ႕ရႈပ္ေထြးေနတဲ့အမူအယာကို မျမင္လိုက္ရဘူး။

သူတိုက္လာတာေၾကာင့္ အေနာက္ပိုင္းနတ္ဆိုးအရွင္က ေနာက္ဆုတ္လိုက္ၿပီး “ရွဲ႕ဇီထ်န္း နတ္ဆိုးဘုရင္ႀကီးရဲ႕ခ်ီေတြက ကေမာက္ကမျဖစ္ေနတာ ၿပီးေတာ့လည္း သူအႀကီးအက်ယ္ထိခိုက္ေအာင္ ငါလုပ္ၿပီးၿပီ… မင္းသာငါနဲ႔လက္တြဲမယ္ဆိုရင္ ငါတို႔ႏွစ္ေယာက္ အခ်င္းခ်င္း႐ိုင္းပင္းကူညီၿပီး ကမာၻႀကီးကို ကယ္လို႔ရၿပီ! ေသခ်ာေတြးစမ္းပါ ရွဲ႕ဇီထ်န္း!”

အေနာက္ပိုင္းနတ္ဆိုးအရွင္က တိုက္ခိုက္ေနရင္း ပိုင္ရန႔္ကိုသိမ္းသြင္းတယ္။ မူလရွဲ႕ဇီထ်န္းကေတာ့ သူ႔စကားကိုနားေယာင္ေကာင္း ေယာင္သြားႏိုင္တယ္။ သို႔ေသာ္လည္း သူအခုေတြ႕ေနရတာ ပိုင္ရန္ကိုျဖစ္တယ္။ ပိုင္ရန႔္ဆီမွာ ဒီေလာကကိုခ်ဳပ္ကိုင္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္မရွိတာေၾကာင့္ အေနာက္ပိုင္းနတ္ဆိုးအရွင္ရဲ႕စကားေတြက သူ႔အတြက္စိတ္ဝင္စားစရာေကာင္းမေနဘူး။

“ငါ့ရဲ႕နတ္ဆိုးအရွင္အေပၚ သစၥာရွိမႈက ေကာင္းကင္ကေတာင္သိျမင္ႏိုင္တယ္… မင္းလိုအျပစ္က်ဴးလြန္တဲ့ သူမ်ိဳးအတြက္ ေသလမ္းပဲရွိတယ္!” ဟုတ္တာေပါ့၊ တိုက္ခိုက္ေနစဥ္အခိုက္အတန႔္မွာ သူ႔ရဲ႕သစၥာေစာင့္သိမႈကို အသည္းေႂကြေစႏိုင္တဲ့ စကားလုံးေတြနဲ႔ ေျပာဆိုဖို႔လိုေသးတယ္ေလ။

သူနဲ႔ အေနာက္ပိုင္းနတ္ဆိုးအရွင္တို႔က နတ္ဆိုးဘုရင္ႀကီးျပန္ေကာင္းလာၿပီး တိုက္ပြဲထဲဝင္ေရာက္လာတဲ့ထိ တိုက္ခိုက္ေနၾကတယ္။ ႏွစ္ေယာက္တစ္ေယာက္ျဖစ္လာေတာ့ အေနာက္ပိုင္းနတ္ဆိုးအရွင္ အထိနာလာတယ္။ သူမႏိုင္ေလာက္ေတာ့တာကို သိလိုက္ရတာနဲ႔ တစ္ဟုန္ထိုးပ်ံသန္းဖို႔လုပ္ေတာ့တယ္။

သို႔ေသာ္လည္း သူစေျပး႐ုံပဲရွိေသးတယ္ နတ္ဆိုးဘုရင္ႀကီးက သူ႔ေရွ႕မွာေပၚလာၿပီး လက္ဖဝါးနဲ႔႐ိုက္ခ်လိုက္တယ္။ အေနာက္ပိုင္းအရွင္ႀကီး ႐ိုက္ခ်က္ေၾကာင့္ေနာက္ျပန္က်သြားၿပီး ေသြးအန္သြားရတယ္။

႐ိုက္ခ်က္က အရမ္းကိုျပင္းလြန္းတာေၾကာင့္ အေနာက္ပိုင္းနတ္ဆိုးအရွင္ ေျမျပင္ေပၚက်သြားၿပီးေနာက္ အသက္မရႈေတာ့ဘူး။

နတ္ဆိုးဘုရင္ႀကီး အေနာက္ပိုင္းအရွင္နားကို ေလွ်ာက္သြားၿပီး သူ႔ရဲ႕ဒဏ္ရာကိုေတာင္ လ်စ္လ်ဴရႈၿပီး လီယုကိုယ္ထဲကို သူ႔ရဲ႕စြမ္းအင္ေတြ ထည့္ေပးေနတယ္။

နတ္ဆိုးဘုရင္ႀကီးက ကုသဖို႔ႀကိဳးစားေနမွန္း ပိုင္ရန္သတိထားမိသြားတယ္။

“အရွင္!!” ပိုင္ရန္ သူ႔ကိုအသည္းအသန္တားလိုက္ရတယ္။ လာေနာက္ေနတာလား… နတ္ဆိုးဘုရင္ႀကီးရဲ႕အေျခအေနနဲ႔ဆိုရင္ သူ႔ရဲ႕အစြမ္းေတြကို သုံးလိုက္တာနဲ႔ ေနရာမွာတင္ေသသြားႏိုင္တယ္။ ပိုင္ရန္ခမ်ာ နတ္ဆိုးဘုရင္ႀကီးကို ကယ္ဖို႔အရမ္းကိုႀကိဳးႀကိဳးစားစားလုပ္ထားရတဲ့ဟာကို ေနာက္ဆုံးက်မွ မဆုံးရႈံးခ်င္ဘူး။

“ကိုယ္ေတာ့္ကို စိတ္မပူနဲ႔!” နတ္ဆိုးဘုရင္ႀကီးက ပိုလို႔ေတာင္မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ႔အစြမ္းထုတ္ေပးတဲ့ႏႈန္းကို ထပ္ျမႇင့္လိုက္တယ္။

“အရွင္… ကြၽန္ေတာ္လုပ္လိုက္ပါ့မယ္” ပိုင္ရန္အဲ့နားေလွ်ာက္သြားၿပီး ေဆာင့္ေၾကာင့္ေလးထိုင္ကာ သူ႔အစြမ္းေတြ ကူထည့္ေပးတယ္။ နတ္ဆိုးဘုရင္ႀကီး သက္သာေအာင္ကူညီေပးတာျဖစ္တယ္။

ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဘယ္ေလာက္ပဲ လီယုႏွလုံးျပန္ခုန္လာေအာင္ လုပ္ေနပါေစ လီယုရဲ႕ကိုယ္ကေတာ့ မေျပာင္းလဲဘူး။ အသက္ကို ျပန္မရႈလာေတာ့တာျဖစ္တယ္။

“အရွင္၊ သူအသက္မရွိေတာ့ပါဘူး” အစြမ္းေတြထည့္ေပးေနဆဲျဖစ္တဲ့ နတ္ဆိုးဘုရင္ႀကီးရဲ႕လက္ကို ပိုင္ရန္ဆြဲကိုင္လိုက္တယ္။ “အေနာက္ပိုင္းနတ္ဆိုးအရွင္က သူ႔ရဲ႕ကိုယ္ကိုယူလိုက္တည္းက သူ႔ရဲ႕ဝိဉာဥ္ကလည္း ေပ်ာက္ကြယ္သြားတာ… သူေသသြားပါၿပီ”

နတ္ဆိုးဘုရင္ႀကီးက နာက်င္ေနပုံရတယ္။ သူ႔လက္ကိုျပန္႐ုတ္ၿပီး ေျမျပင္ကိုအသားကုန္ လက္သီးနဲ႔ထိုးလိုက္ကာ “ေသစမ္း”

ပိုင္ရန္လည္း အံ့ၾသရတယ္။ နတ္ဆိုးဘုရင္ႀကီးက လူတစ္ေယာက္ကို မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သတ္ပစ္ႏိုင္တဲ့ အသည္းမာတဲ့လူတစ္ေယာက္လို႔ အၿမဲထင္ေနခဲ့တာ။ ခုေတာ့ၾကည့္ရတာ နတ္ဆိုးဘုရင္ႀကီးကသူ႔အနားက လူေတြကိုဆို အေတာ္ေလးဂ႐ုစိုက္တာပဲ။

ပိုင္ရန္ ေတြးထားတာထက္ သူကပိုၿပီးခံစားလြယ္တာျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ဒီလိုေတြးမိေတာ့ နတ္ဆိုးဘုရင္ႀကီးနဲ႔ပတ္သက္တဲ့ ပိုင္ရန႔္အျမင္ေျပာင္းလဲသြားတယ္။ သူ႔အေပၚရွိန္တာေတြ ေၾကာက္တာေတြမရွိေတာ့ဘူး။ ပိုင္ရန္သူ႔လက္ကို နတ္ဆိုးဘုရင္ႀကီးပုခုံးေပၚတင္ၿပီး တိုးတိုးေလးေျပာလိုက္တယ္ “အရွင္ စိတ္ကိုထိန္းပါ”

နတ္ဆိုးဘုရင္ႀကီး ဘာမွမတုန႔္ျပန္ဘူး။

“အရွင္?” ပိုင္ရန္ေၾကာင္သြားတယ္။

နတ္ဆိုးဘုရင္ႀကီး ေသြးအန္ၿပီး သတိလစ္သြားတယ္…

သူ႔နားကေျမေပၚမွာလဲက်ေနတဲ့သူေတြကို ၾကည့္ၿပီး ပိုင္ရန္စိတ္ပူလာတယ္။ နတ္ဆိုးဘုရင္ႀကီးနန္းေတာ္ကို ျပန္ႏိုင္ဖို႔သူႀကိဳးစားေနတာ အဲ့ေတာ့မွသူလည္း လူသားနယ္ေျမကိုသြားၿပီး ဇာတ္လိုက္က်ိဳးရင္နဲ႔ ေတြ႕ႏိုင္မွာျဖစ္တယ္။ ဒါေပမယ့္ နတ္ဆိုးဘုရင္ႀကီးကသတိလစ္ေနတာဆိုေတာ့ ပိုင္ရန္လည္းဒီတိုင္းနတ္ဆိုးဘုရင္ႀကီးကို ပစ္ၿပီးမသြားႏိုင္ဘူး။

ေနာက္ဆုံးက်မွ အျပင္ကလူေတြေျပးဝင္လာၾကတယ္။ နတ္ဆိုးဘုရင္ႀကီးနဲ႔ ေက်ာင္ရႈိ႕က အေနာက္ပိုင္းအရွင္ကိုတိုက္ဖို႔ အတူတကြထြက္လာခဲ့တာျဖစ္တယ္။ ေက်ာင္ရႈိ႕ကမ်ားေသာအားျဖင့္ စစ္တန္းလ်ားေတြမွာေနေလ့ရွိေပမယ့္ သူသတင္းၾကားၾကားခ်င္း ေျပးလာခဲ့တာျဖစ္တယ္။

“အရွင္! အရွင္!”

ေက်ာင္ရႈိ႕လက္နက္ကိုင္အေစာင့္တစ္အုပ္နဲ႔ ေရာက္လာတာျဖစ္တယ္။ ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးကို သယ္ထားတာျမင္ေတာ့ အထိတ္တလန႔္ေမးလိုက္တယ္ “အရွင္ ဒဏ္ရာရထားတာလား?”

“ဟုတ္တယ္… ဒါေပမယ့္ သတင္းေပါက္ၾကားလို႔မျဖစ္ဘူး၊ အရွင့္ဒဏ္ရာကို ကုေပးဖို႔လိုတယ္” ပိုင္ရန္ေျပာလိုက္တယ္။

“ငါ သမားေတာ္သြားေခၚလိုက္မယ္” ေက်ာင္ရႈိ႕ေျပာလာတယ္။

ပိုင္ရန္ႀကံရာမရျဖစ္သြားတယ္။ သူ႔လက္ထဲမွာရွိေနတဲ့ အာလူးပူပူႀကီးကို အျမန္ပစ္ခ်င္ေနပါၿပီေနာ္…။

အဲ့လိုဆိုေပမယ့္ ေက်ာင္ရႈိ႕ေနာက္ေတာင္မလွည့္ရေသးခင္ နတ္ဆိုးဘုရင္ႀကီး မ်က္လုံးပြင့္လာၿပီး တားလိုက္တယ္ “ဘယ္သမားေတာ္မွေခၚခြင့္မေပးဘူး!”

“အရွင္.. သတိရလာၿပီလား?” ပိုင္ရန္နဲ႔ ေက်ာင္ရႈိ႕ႏွစ္ေယာက္လုံး ဝမ္းသာသြားၾကတယ္။

“ကိုယ္ေတာ္အမိန႔္ေပးတယ္ ဒီညကကိစၥကို လုံးဝသတင္းမေပါက္ၾကားေစနဲ႔” နတ္ဆိုးဘုရင္ႀကီး ေက်ာင္ရႈိ႕ကိုစိုက္ၾကည့္ၿပီး အၾကည့္ေတြက ဓားသြားအလားစူးရွေနတယ္။ သူ႔ရဲ႕နဂိုေအးစက္ၿပီး ျပတ္သားတဲ့ပုံျပန္ျဖစ္သြားတယ္။ ဒဏ္ရာရေနတာေတာင္မွ ခန႔္ညားၿပီး သူ႔အမိန႔္ကိုမျဖစ္မေနနားေထာင္ေအာင္ ျပဳႏိုင္စြမ္းရွိတုန္းပဲ။

“ဒါေပမယ့္… အရွင့္ရဲ႕ ဒဏ္ရာက…” ေက်ာင္ရႈိ႕က နတ္ဆိုးဘုရင္ႀကီးအေပၚအၿမဲသစၥာရွိေနသူျဖစ္တာေၾကာင့္ စိတ္ပူဆဲျဖစ္တယ္။

“ဇီထ်န္း ကိုယ္ေတာ့္ကိုကုေပးဖို႔ က်န္ေနခဲ့” နတ္ဆိုးဘုရင္ႀကီး ေျပာလိုက္တယ္ “က်န္တဲ့သူေတြ ထြက္သြားလို႔ရၿပီ”

ေက်ာင္ရႈိ႕တြန႔္ဆုတ္ေနေပမယ့္ ျပန္ေျဖလိုက္တယ္ “အမိန႔္အတိုင္းပါ”

သူတို႔လူစုခြဲၿပီးေနာက္ အေစာင့္တခ်ိဳ႕က အျပင္မွာရပ္ေစာင့္ေနၾကတယ္။

ပိုင္ရန္ကေတာ့ ဆြံ႕အေနဆဲ။ ဒီတစ္ေခါက္ေတာ့ သူေရွာင္ေျပးလို႔မရေတာ့ဘူး။ သူ႔အစီအစဥ္က ေက်ာင္ရႈိ႕သမားေတာ္ေခၚတာကို ေစာင့္ၿပီးရင္ အေမွာင္ထုနန္းေတာ္ကိုျပန္လို႔ရမယ္ေပါ့။ နတ္ဆိုးဘုရင္ႀကီးအတြက္ အံ့ၾသစရာေကာင္းလွတဲ့ေဆးဝါးကို ရွာေပးဖို႔အတြက္ လူသားနယ္ေျမကိုသြားမယ္ေပါ့။ ခုေတာ့ အဲ့အစီအစဥ္ေတြက အသုံးမဝင္ေတာ့ဘူး။

“ကိုယ္ေတာ့္ကို အိပ္ယာဆီပို႔ေပး” နတ္ဆိုးဘုရင္ႀကီး ထရပ္ဖို႔ေတာင္ ေတာ္ေတာ္ေလးအားသုံးလိုက္ရတယ္။

သူေရွ႕ကိုေလွ်ာက္ႏိုင္ဖို႔ ပိုင္ရန္ကူေပးရတယ္။

ဒီနန္းေဆာင္မွာ ေနရာတိုင္းကန႔္လန္ကာေတြရွိေနတယ္ဆိုေပမယ့္ အဲ့ကန႔္လန္ကာေတြေနာက္မွာ ခန္းနားတဲ့အိပ္ယာတစ္ခုရွိေနတယ္။

“အရွင္၊ ကြၽန္ေတာ္က လူေတြကိုဘယ္လိုကုသရမွန္း မသိပါဘူး… ကြၽန္ေတာ္တို႔သမားေတာ္ကို ေခၚၿပီးၾကည့္ခိုင္းရင္…” ပိုင္ရန္ေျပာျပတယ္။

“မလိုဘူး၊ မင္းသာ ကိုယ္ေတာ့္နားမွာေစာင့္ေနေပး” နတ္ဆိုးဘုရင္ႀကီး အိပ္ယာေပၚထိုင္ရန္ ေျဖးေျဖးခ်င္းအသက္ရႈေနတယ္။ ၿပီးမွ ၿပဳံးရင္း႐ိုးသားစြာ ေျပာလာတယ္ “ဒီတစ္ေခါက္ မင္းကိုကိုယ္ေတာ္တကယ္ ေက်းဇူးတင္တယ္”

ပိုင္ရန္လည္း သူ႔ရဲ႕သစၥာရွိေၾကာင္းကို ထပ္ေျပာျပန္တယ္ “အရွင့္ရဲ႕ဝန္ထုတ္ဝန္ပိုးကို မွ်ေဝရမွာဒီအေစခံရဲ႕တာဝန္ပါ”

နတ္ဆိုးဘုရင္ႀကီး တင္ပ်ဥ္ေခြထိုင္ကာ မ်က္လုံးမွိတ္ထားတယ္။ သူ႔ပတ္ပတ္လည္က ေမွာ္အစြမ္းေတြကလည္းပိုၿပီး စုစည္းလာတယ္။ သူ႔အလိုလိုကုသေပးေနတာျဖစ္ရမယ္။

အမိန႔္လည္းခ်ထားတယ္ဆိုေတာ့ ပိုင္ရန္ထြက္သြားလို႔မရေတာ့ သူ႔နားမွာပဲရပ္ေနရေတာ့တယ္။

သူ အၾကာႀကီးေစာင့္လိုက္ရလြန္းလို႔ သူ႔ဘာသာသူအိပ္ေပ်ာ္သြားတာေတာင္ ပိုင္ရန္သတိမထားမိလိုက္ဘူး။ သူရီေဝေဝျဖစ္ေနခ်ိန္မွာ ႐ုတ္တရက္ဆန္တဲ့ေအးစက္မႈေၾကာင့္ ဆတ္ခနဲလန႔္ႏိုးသြားတယ္။

မ်က္လုံးဖြင့္လိုက္ခ်ိန္မွာ နတ္ဆိုးဘုရင္ႀကီးရဲ႕အစြမ္းေတြက အရမ္းကိုသိပ္သည္းေနၿပီး အတြင္းထဲကသူ႔ပုံရိပ္ကိုေတာင္ မျမင္ရေတာ့ဘူး။ အဲ့တာစာအုပ္ထဲမွာေဖာ္ျပခဲ့တဲ့ တစ္ေယာက္ေယာက္စြမ္းအင္မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့ ပုံစံပဲ။

“အရွင္!!” ပိုင္ရန္တုန္လႈပ္သြားၿပီး နတ္ဆိုးဘုရင္ႀကီးကို ထိန္းခ်ဳပ္ဖို႔သူ႔အစြမ္းေတြကို စုစည္းလိုက္တယ္။

သို႔ေပမယ့္ သူ႔ရဲ႕စြမ္းအင္ေတြက နတ္ဆိုးဘုရင္ႀကီးနဲ႔ေပါင္းစပ္သြားၿပီး နတ္ဆိုးဘုရင္ႀကီးရဲ႕စြမ္းအင္ေတြက ပိုေတာင္အသက္ဝင္လာေသးတယ္။ မေရမတြက္ႏိုင္တဲ့ႏြယ္လိုအရာေတြ ထြက္ေပၚလာၿပီး ပိုင္ရန႔္ကိုရစ္ပတ္သြားတယ္။ တစ္ခုေသာေမွာ္ႏြယ္က သူ႔ရဲ႕လည္ပင္းကိုပတ္ထားတယ္။

ပိုင္ရန္သတိလက္လြတ္ျဖစ္ကာ နတ္ဆိုးဘုရင္ႀကီးကိုယ္ထည္နား ဆြဲယူခံလိုက္ရတယ္။

ပိုင္ရန္အိပ္ယာေပၚမွာ ႐ုန္းကန္ေနရၿပီး တြန္းထုတ္ဖို႔ႀကိဳးစားရတယ္။ ဒါေပမယ့္ နတ္ဆိုးဘုရင္ႀကီးရဲ႕ေမွာ္အစြမ္းက အရမ္းကိုအားေကာင္းသန္မာလွတယ္။ သူနည္းနည္းေလးလြတ္မလိုပဲရွိေသးတယ္ သူ႔ကိုယ္ေပၚမွာရစ္ပတ္ေနတဲ့ ေမွာ္အစြမ္းကပိုပိုအားသန္ကာ ပိုင္ရန႔္ကိုနတ္ဆိုးဘုရင္ႀကီးရင္ဘတ္ေပၚ ဆြဲခ်သြားတယ္။

[ရင္ေတြခုန္ေနပါၿပီေနာ္]

____________________________________

{Unicode}

“မင်းဒီမှာဘာလုပ်နေတာလဲ?” နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို တွေ့သွားတော့ သူ့မျက်လုံးတွေက အလွန်အမင်းအံ့အားသင့်မှုတွေနဲ့ အမူအယာကလည်း ဖော်မပြနိုင်အောင်ဖြစ်သွားတယ်။ အဲ့နောက် မောပန်းနေတဲ့လီယုကို လက်ညှိုးထိုးပြပြီး မေးလိုက်တယ် “သူက လီယုမဟုတ်ဘဲ အနောက်ပိုင်းအရှင်လို့ မင်းပြောလိုက်တာလား?”

“ဟုတ်ပါတယ်” ပိုင်ရန်နတ်ဆိုးဘုရင်ကြီးရှေ့ရပ်လိုက်ကာ လီယုကိုမျက်နှာမူရင်း လေသံနက်နက်နဲ့ ဆက်ပြောတယ် “ကျွန်တော်အနောက်ပိုင်းအရှင်ရဲ့ကိုယ်လုပ်တော်တွေကို အကျဉ်းချထားတဲ့နေရာကိုသွားတော့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်က သူ့ဆီမှာနိဗ္ဗာန်ပုလဲရှိနေတယ်လို့ ပြောတယ်... နိဗ္ဗာန်ပုလဲရှိနေတဲ့ဘယ်သူမဆို အထိအခိုက်မရှိတစ်ခြားတစ်ယောက်ရဲ့ ကိုယ်ကိုခိုးယူနိုင်တယ်တဲ့… အနောက်ပိုင်းနတ်ဆိုးအရှင်က တစ်ခြားတစ်ယောက်ကိုယ်ကို ခိုးပြီး ထွက်ပြေးသွားနိုင်တယ်လို့ သံသယဖြစ်သွားတာ၊ လီယုကို လုပ်လိုက်လိမ့်မယ်လို့ ထင်မထားဘူး”

“အဲ့တာကြောင့် မင်းချက်ချင်းပြေးလာတာပေါ့”

“ဟုတ်ပါတယ်၊ အရှင့်ရဲ့အစောင့်အကြပ်တွေ လျော့ချထားတာကို အနောက်ပိုင်းနတ်ဆိုးအရှင်က အခွင့်ကောင်းယူလာမှာ စိုးလို့ပါ”

သူပြောပြီးတာနဲ့ အနောက်ပိုင်းနတ်ဆိုးအရှင်ကို တစ်ဟုန်ထိုးတိုက်ခိုက်တော့တယ်။

သူတိုက်ခိုက်တာကိုပဲ သဲကြီးမဲကြီးလုပ်နေတာကြောင့် နတ်ဆိုးဘုရင်ကြီးရဲ့ရှုပ်ထွေးနေတဲ့အမူအယာကို မမြင်လိုက်ရဘူး။

သူတိုက်လာတာကြောင့် အနောက်ပိုင်းနတ်ဆိုးအရှင်က နောက်ဆုတ်လိုက်ပြီး “ရှဲ့ဇီထျန်း နတ်ဆိုးဘုရင်ကြီးရဲ့ချီတွေက ကမောက်ကမဖြစ်နေတာ ပြီးတော့လည်း သူအကြီးအကျယ်ထိခိုက်အောင် ငါလုပ်ပြီးပြီ… မင်းသာငါနဲ့လက်တွဲမယ်ဆိုရင် ငါတို့နှစ်ယောက် အချင်းချင်းရိုင်းပင်းကူညီပြီး ကမ္ဘာကြီးကို ကယ်လို့ရပြီ! သေချာတွေးစမ်းပါ ရှဲ့ဇီထျန်း!”

အနောက်ပိုင်းနတ်ဆိုးအရှင်က တိုက်ခိုက်နေရင်း ပိုင်ရန့်ကိုသိမ်းသွင်းတယ်။ မူလရှဲ့ဇီထျန်းကတော့ သူ့စကားကိုနားယောင်ကောင်း ယောင်သွားနိုင်တယ်။ သို့သော်လည်း သူအခုတွေ့နေရတာ ပိုင်ရန်ကိုဖြစ်တယ်။ ပိုင်ရန့်ဆီမှာ ဒီလောကကိုချုပ်ကိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မရှိတာကြောင့် အနောက်ပိုင်းနတ်ဆိုးအရှင်ရဲ့စကားတွေက သူ့အတွက်စိတ်ဝင်စားစရာကောင်းမနေဘူး။

“ငါ့ရဲ့နတ်ဆိုးအရှင်အပေါ် သစ္စာရှိမှုက ကောင်းကင်ကတောင်သိမြင်နိုင်တယ်… မင်းလိုအပြစ်ကျူးလွန်တဲ့ သူမျိုးအတွက် သေလမ်းပဲရှိတယ်!” ဟုတ်တာပေါ့၊ တိုက်ခိုက်နေစဉ်အခိုက်အတန့်မှာ သူ့ရဲ့သစ္စာစောင့်သိမှုကို အသည်းကြွေစေနိုင်တဲ့ စကားလုံးတွေနဲ့ ပြောဆိုဖို့လိုသေးတယ်လေ။

သူနဲ့ အနောက်ပိုင်းနတ်ဆိုးအရှင်တို့က နတ်ဆိုးဘုရင်ကြီးပြန်ကောင်းလာပြီး တိုက်ပွဲထဲဝင်ရောက်လာတဲ့ထိ တိုက်ခိုက်နေကြတယ်။ နှစ်ယောက်တစ်ယောက်ဖြစ်လာတော့ အနောက်ပိုင်းနတ်ဆိုးအရှင် အထိနာလာတယ်။ သူမနိုင်လောက်တော့တာကို သိလိုက်ရတာနဲ့ တစ်ဟုန်ထိုးပျံသန်းဖို့လုပ်တော့တယ်။

သို့သော်လည်း သူစပြေးရုံပဲရှိသေးတယ် နတ်ဆိုးဘုရင်ကြီးက သူ့ရှေ့မှာပေါ်လာပြီး လက်ဖဝါးနဲ့ရိုက်ချလိုက်တယ်။ အနောက်ပိုင်းအရှင်ကြီး ရိုက်ချက်ကြောင့်နောက်ပြန်ကျသွားပြီး သွေးအန်သွားရတယ်။

ရိုက်ချက်က အရမ်းကိုပြင်းလွန်းတာကြောင့် အနောက်ပိုင်းနတ်ဆိုးအရှင် မြေပြင်ပေါ်ကျသွားပြီးနောက် အသက်မရှုတော့ဘူး။

နတ်ဆိုးဘုရင်ကြီး အနောက်ပိုင်းအရှင်နားကို လျှောက်သွားပြီး သူ့ရဲ့ဒဏ်ရာကိုတောင် လျစ်လျူရှုပြီး လီယုကိုယ်ထဲကို သူ့ရဲ့စွမ်းအင်တွေ ထည့်ပေးနေတယ်။

နတ်ဆိုးဘုရင်ကြီးက ကုသဖို့ကြိုးစားနေမှန်း ပိုင်ရန်သတိထားမိသွားတယ်။

“အရှင်!!” ပိုင်ရန် သူ့ကိုအသည်းအသန်တားလိုက်ရတယ်။ လာနောက်နေတာလား… နတ်ဆိုးဘုရင်ကြီးရဲ့အခြေအနေနဲ့ဆိုရင် သူ့ရဲ့အစွမ်းတွေကို သုံးလိုက်တာနဲ့ နေရာမှာတင်သေသွားနိုင်တယ်။ ပိုင်ရန်ခမျာ နတ်ဆိုးဘုရင်ကြီးကို ကယ်ဖို့အရမ်းကိုကြိုးကြိုးစားစားလုပ်ထားရတဲ့ဟာကို နောက်ဆုံးကျမှ မဆုံးရှုံးချင်ဘူး။

“ကိုယ်တော့်ကို စိတ်မပူနဲ့!” နတ်ဆိုးဘုရင်ကြီးက ပိုလို့တောင်မျက်မှောင်ကြုတ်သွားပြီး သူ့အစွမ်းထုတ်ပေးတဲ့နှုန်းကို ထပ်မြှင့်လိုက်တယ်။

“အရှင်… ကျွန်တော်လုပ်လိုက်ပါ့မယ်” ပိုင်ရန်အဲ့နားလျှောက်သွားပြီး ဆောင့်ကြောင့်လေးထိုင်ကာ သူ့အစွမ်းတွေ ကူထည့်ပေးတယ်။ နတ်ဆိုးဘုရင်ကြီး သက်သာအောင်ကူညီပေးတာဖြစ်တယ်။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဘယ်လောက်ပဲ လီယုနှလုံးပြန်ခုန်လာအောင် လုပ်နေပါစေ လီယုရဲ့ကိုယ်ကတော့ မပြောင်းလဲဘူး။ အသက်ကို ပြန်မရှုလာတော့တာဖြစ်တယ်။

“အရှင်၊ သူအသက်မရှိတော့ပါဘူး” အစွမ်းတွေထည့်ပေးနေဆဲဖြစ်တဲ့ နတ်ဆိုးဘုရင်ကြီးရဲ့လက်ကို ပိုင်ရန်ဆွဲကိုင်လိုက်တယ်။ “အနောက်ပိုင်းနတ်ဆိုးအရှင်က သူ့ရဲ့ကိုယ်ကိုယူလိုက်တည်းက သူ့ရဲ့ဝိဉာဉ်ကလည်း ပျောက်ကွယ်သွားတာ… သူသေသွားပါပြီ”

နတ်ဆိုးဘုရင်ကြီးက နာကျင်နေပုံရတယ်။ သူ့လက်ကိုပြန်ရုတ်ပြီး မြေပြင်ကိုအသားကုန် လက်သီးနဲ့ထိုးလိုက်ကာ “သေစမ်း”

ပိုင်ရန်လည်း အံ့သြရတယ်။ နတ်ဆိုးဘုရင်ကြီးက လူတစ်ယောက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်နိုင်တဲ့ အသည်းမာတဲ့လူတစ်ယောက်လို့ အမြဲထင်နေခဲ့တာ။ ခုတော့ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးကသူ့အနားက လူတွေကိုဆို အတော်လေးဂရုစိုက်တာပဲ။

ပိုင်ရန် တွေးထားတာထက် သူကပိုပြီးခံစားလွယ်တာဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒီလိုတွေးမိတော့ နတ်ဆိုးဘုရင်ကြီးနဲ့ပတ်သက်တဲ့ ပိုင်ရန့်အမြင်ပြောင်းလဲသွားတယ်။ သူ့အပေါ်ရှိန်တာတွေ ကြောက်တာတွေမရှိတော့ဘူး။ ပိုင်ရန်သူ့လက်ကို နတ်ဆိုးဘုရင်ကြီးပုခုံးပေါ်တင်ပြီး တိုးတိုးလေးပြောလိုက်တယ် “အရှင် စိတ်ကိုထိန်းပါ”

နတ်ဆိုးဘုရင်ကြီး ဘာမှမတုန့်ပြန်ဘူး။

“အရှင်?” ပိုင်ရန်ကြောင်သွားတယ်။

နတ်ဆိုးဘုရင်ကြီး သွေးအန်ပြီး သတိလစ်သွားတယ်…

သူ့နားကမြေပေါ်မှာလဲကျနေတဲ့သူတွေကို ကြည့်ပြီး ပိုင်ရန်စိတ်ပူလာတယ်။ နတ်ဆိုးဘုရင်ကြီးနန်းတော်ကို ပြန်နိုင်ဖို့သူကြိုးစားနေတာ အဲ့တော့မှသူလည်း လူသားနယ်မြေကိုသွားပြီး ဇာတ်လိုက်ကျိုးရင်နဲ့ တွေ့နိုင်မှာဖြစ်တယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးကသတိလစ်နေတာဆိုတော့ ပိုင်ရန်လည်းဒီတိုင်းနတ်ဆိုးဘုရင်ကြီးကို ပစ်ပြီးမသွားနိုင်ဘူး။

နောက်ဆုံးကျမှ အပြင်ကလူတွေပြေးဝင်လာကြတယ်။ နတ်ဆိုးဘုရင်ကြီးနဲ့ ကျောင်ရှို့က အနောက်ပိုင်းအရှင်ကိုတိုက်ဖို့ အတူတကွထွက်လာခဲ့တာဖြစ်တယ်။ ကျောင်ရှို့ကများသောအားဖြင့် စစ်တန်းလျားတွေမှာနေလေ့ရှိပေမယ့် သူသတင်းကြားကြားချင်း ပြေးလာခဲ့တာဖြစ်တယ်။

“အရှင်! အရှင်!”

ကျောင်ရှို့လက်နက်ကိုင်အစောင့်တစ်အုပ်နဲ့ ရောက်လာတာဖြစ်တယ်။ ပိုင်ရန် နတ်ဆိုးဘုရင်ကြီးကို သယ်ထားတာမြင်တော့ အထိတ်တလန့်မေးလိုက်တယ် “အရှင် ဒဏ်ရာရထားတာလား?”

“ဟုတ်တယ်… ဒါပေမယ့် သတင်းပေါက်ကြားလို့မဖြစ်ဘူး၊ အရှင့်ဒဏ်ရာကို ကုပေးဖို့လိုတယ်” ပိုင်ရန်ပြောလိုက်တယ်။

“ငါ သမားတော်သွားခေါ်လိုက်မယ်” ကျောင်ရှို့ပြောလာတယ်။

ပိုင်ရန်ကြံရာမရဖြစ်သွားတယ်။ သူ့လက်ထဲမှာရှိနေတဲ့ အာလူးပူပူကြီးကို အမြန်ပစ်ချင်နေပါပြီနော်…။

အဲ့လိုဆိုပေမယ့် ကျောင်ရှို့နောက်တောင်မလှည့်ရသေးခင် နတ်ဆိုးဘုရင်ကြီး မျက်လုံးပွင့်လာပြီး တားလိုက်တယ် “ဘယ်သမားတော်မှခေါ်ခွင့်မပေးဘူး!”

“အရှင်.. သတိရလာပြီလား?” ပိုင်ရန်နဲ့ ကျောင်ရှို့နှစ်ယောက်လုံး ဝမ်းသာသွားကြတယ်။

“ကိုယ်တော်အမိန့်ပေးတယ် ဒီညကကိစ္စကို လုံးဝသတင်းမပေါက်ကြားစေနဲ့” နတ်ဆိုးဘုရင်ကြီး ကျောင်ရှို့ကိုစိုက်ကြည့်ပြီး အကြည့်တွေက ဓားသွားအလားစူးရှနေတယ်။ သူ့ရဲ့နဂိုအေးစက်ပြီး ပြတ်သားတဲ့ပုံပြန်ဖြစ်သွားတယ်။ ဒဏ်ရာရနေတာတောင်မှ ခန့်ညားပြီး သူ့အမိန့်ကိုမဖြစ်မနေနားထောင်အောင် ပြုနိုင်စွမ်းရှိတုန်းပဲ။

“ဒါပေမယ့်… အရှင့်ရဲ့ ဒဏ်ရာက…” ကျောင်ရှို့က နတ်ဆိုးဘုရင်ကြီးအပေါ်အမြဲသစ္စာရှိနေသူဖြစ်တာကြောင့် စိတ်ပူဆဲဖြစ်တယ်။

“ဇီထျန်း ကိုယ်တော့်ကိုကုပေးဖို့ ကျန်နေခဲ့” နတ်ဆိုးဘုရင်ကြီး ပြောလိုက်တယ် “ကျန်တဲ့သူတွေ ထွက်သွားလို့ရပြီ”

ကျောင်ရှို့တွန့်ဆုတ်နေပေမယ့် ပြန်ဖြေလိုက်တယ် “အမိန့်အတိုင်းပါ”

သူတို့လူစုခွဲပြီးနောက် အစောင့်တချို့က အပြင်မှာရပ်စောင့်နေကြတယ်။

ပိုင်ရန်ကတော့ ဆွံ့အနေဆဲ။ ဒီတစ်ခေါက်တော့ သူရှောင်ပြေးလို့မရတော့ဘူး။ သူ့အစီအစဉ်က ကျောင်ရှို့သမားတော်ခေါ်တာကို စောင့်ပြီးရင် အမှောင်ထုနန်းတော်ကိုပြန်လို့ရမယ်ပေါ့။ နတ်ဆိုးဘုရင်ကြီးအတွက် အံ့သြစရာကောင်းလှတဲ့ဆေးဝါးကို ရှာပေးဖို့အတွက် လူသားနယ်မြေကိုသွားမယ်ပေါ့။ ခုတော့ အဲ့အစီအစဉ်တွေက အသုံးမဝင်တော့ဘူး။

“ကိုယ်တော့်ကို အိပ်ယာဆီပို့ပေး” နတ်ဆိုးဘုရင်ကြီး ထရပ်ဖို့တောင် တော်တော်လေးအားသုံးလိုက်ရတယ်။

သူရှေ့ကိုလျှောက်နိုင်ဖို့ ပိုင်ရန်ကူပေးရတယ်။

ဒီနန်းဆောင်မှာ နေရာတိုင်းကန့်လန်ကာတွေရှိနေတယ်ဆိုပေမယ့် အဲ့ကန့်လန်ကာတွေနောက်မှာ ခန်းနားတဲ့အိပ်ယာတစ်ခုရှိနေတယ်။

“အရှင်၊ ကျွန်တော်က လူတွေကိုဘယ်လိုကုသရမှန်း မသိပါဘူး… ကျွန်တော်တို့သမားတော်ကို ခေါ်ပြီးကြည့်ခိုင်းရင်…” ပိုင်ရန်ပြောပြတယ်။

“မလိုဘူး၊ မင်းသာ ကိုယ်တော့်နားမှာစောင့်နေပေး” နတ်ဆိုးဘုရင်ကြီး အိပ်ယာပေါ်ထိုင်ရန် ဖြေးဖြေးချင်းအသက်ရှုနေတယ်။ ပြီးမှ ပြုံးရင်းရိုးသားစွာ ပြောလာတယ် “ဒီတစ်ခေါက် မင်းကိုကိုယ်တော်တကယ် ကျေးဇူးတင်တယ်”

ပိုင်ရန်လည်း သူ့ရဲ့သစ္စာရှိကြောင်းကို ထပ်ပြောပြန်တယ် “အရှင့်ရဲ့ဝန်ထုတ်ဝန်ပိုးကို မျှဝေရမှာဒီအစေခံရဲ့တာဝန်ပါ”

နတ်ဆိုးဘုရင်ကြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားတယ်။ သူ့ပတ်ပတ်လည်က မှော်အစွမ်းတွေကလည်းပိုပြီး စုစည်းလာတယ်။ သူ့အလိုလိုကုသပေးနေတာဖြစ်ရမယ်။

အမိန့်လည်းချထားတယ်ဆိုတော့ ပိုင်ရန်ထွက်သွားလို့မရတော့ သူ့နားမှာပဲရပ်နေရတော့တယ်။

သူ အကြာကြီးစောင့်လိုက်ရလွန်းလို့ သူ့ဘာသာသူအိပ်ပျော်သွားတာတောင် ပိုင်ရန်သတိမထားမိလိုက်ဘူး။ သူရီဝေဝေဖြစ်နေချိန်မှာ ရုတ်တရက်ဆန်တဲ့အေးစက်မှုကြောင့် ဆတ်ခနဲလန့်နိုးသွားတယ်။

မျက်လုံးဖွင့်လိုက်ချိန်မှာ နတ်ဆိုးဘုရင်ကြီးရဲ့အစွမ်းတွေက အရမ်းကိုသိပ်သည်းနေပြီး အတွင်းထဲကသူ့ပုံရိပ်ကိုတောင် မမြင်ရတော့ဘူး။ အဲ့တာစာအုပ်ထဲမှာဖော်ပြခဲ့တဲ့ တစ်ယောက်ယောက်စွမ်းအင်မထိန်းချုပ်နိုင်တော့တဲ့ ပုံစံပဲ။

“အရှင်!!” ပိုင်ရန်တုန်လှုပ်သွားပြီး နတ်ဆိုးဘုရင်ကြီးကို ထိန်းချုပ်ဖို့သူ့အစွမ်းတွေကို စုစည်းလိုက်တယ်။

သို့ပေမယ့် သူ့ရဲ့စွမ်းအင်တွေက နတ်ဆိုးဘုရင်ကြီးနဲ့ပေါင်းစပ်သွားပြီး နတ်ဆိုးဘုရင်ကြီးရဲ့စွမ်းအင်တွေက ပိုတောင်အသက်ဝင်လာသေးတယ်။ မရေမတွက်နိုင်တဲ့နွယ်လိုအရာတွေ ထွက်ပေါ်လာပြီး ပိုင်ရန့်ကိုရစ်ပတ်သွားတယ်။ တစ်ခုသောမှော်နွယ်က သူ့ရဲ့လည်ပင်းကိုပတ်ထားတယ်။

ပိုင်ရန်သတိလက်လွတ်ဖြစ်ကာ နတ်ဆိုးဘုရင်ကြီးကိုယ်ထည်နား ဆွဲယူခံလိုက်ရတယ်။

ပိုင်ရန်အိပ်ယာပေါ်မှာ ရုန်းကန်နေရပြီး တွန်းထုတ်ဖို့ကြိုးစားရတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးရဲ့မှော်အစွမ်းက အရမ်းကိုအားကောင်းသန်မာလှတယ်။ သူနည်းနည်းလေးလွတ်မလိုပဲရှိသေးတယ် သူ့ကိုယ်ပေါ်မှာရစ်ပတ်နေတဲ့ မှော်အစွမ်းကပိုပိုအားသန်ကာ ပိုင်ရန့်ကိုနတ်ဆိုးဘုရင်ကြီးရင်ဘတ်ပေါ် ဆွဲချသွားတယ်။

[ရင်တွေခုန်နေပါပြီနော်]

_____

Thanks😉




Continue Reading

You'll Also Like

5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
624K 70.1K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
200K 26.4K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့