The True Conqueror [Complete]
By Heather_Bell
4.4M 498K 28.3K
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More
Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)
Chapter 35.5
61.5K 5.6K 319
By Heather_Bell
Unicode
35 ⏪.⏩ 36 (35နဲ့ 36 ကြားက ပွိုင့်လေးပါ)😂မနက်ဖြန်မှတင်ရင် နောက်နှစ်ကူးသွားမှာစိုးလို့ 2019မှာပဲ တင်ပေးလိုက်ပါပြီ။
လီချန်းယုံသည် လင်းမို၏ နှုတ်ခမ်းကို ဖွဖွလေးနမ်းရှိုက်လိုက်သည်။ ဆေးအစွမ်းကို ခုခံထားသောကြောင့် လင်းမို၏ နှုတ်ခမ်းမှာ သွေးစက်တို့စွန်းပေနေသည်။ လီချန်းယုံက ထိုသွေးစက်တို့ကို လျှာဖျားလေးဖြင့် သပ်ပေးပြီး လင်းမိုကို ထပ်နမ်းသည်။
"ငါတောင်းပန်ပါတယ်...မင်းကိုယုံကြည်ခဲ့သင့်တာ။ နည်းနည်းလေးဖြစ်ဖြစ် ရှင်းပြခွင့်ပေးခဲ့သင့်တာ။ ငါ့ရဲ့မာနကိုပဲရှေ့တန်းတင်မိတယ်''
လီချန်းယုံက သူနမ်းရှိုက်နေသော လင်းမို၏ နှုတ်ခမ်းကို လွှတ်ပြီး တိုးတိတ်စွာ တောင်းပန်စကားဆိုသည်။
"ငါမှားတာပါ။ မင်းကိုပစ်ထားခဲ့မိတယ်။ ချန်းယုံ...နောက်တစ်ကြိမ်ဆိုရင် ...''
လင်းမို၏ စကားတို့်ကို အဆုံးသတ်ခွင့်မရလိုက်။
လီချန်းယုံက ဖြတ်ပြီးပြောလိုက်သည်။
"နောက်တစ်ကြိမ်ဆိုတာရှိချင်သေးတာလား''
"မရှိစေရဘူး...''
လင်းမိုက လီချန်းယုံကိုရီဝေစွာ စိုက်ကြည့်ပြီး ပြောသည်။ ရက်ပေါင်းများစွာ ဝေးကွာနေခဲ့ရသော လီချန်းယုံ၏ နှုတ်ခမ်းရဲရဲလေးက ယခုမှ ပိုပြီး ညို့ငင်အားကောင်းနေသယောင်ယောင်။
လင်းမိုက စိတ်မထိန်းနိုင်တော့ဟန်ဖြင့် လီချန်းယုံ၏ခါးကိုဆွဲဖက်ပြီး သူ၏ ပေါ်ပေါ်တွင် ထိုင်စေသည်။ လီချန်းယုံက အလိုက်သင့်ပင် လင်းမို၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
ခါတိုင်းဆို ဖက်ထားသည်ကိုပင် အနေခက်စွာ ရုန်းကန်တတ်သော ဝံပုလွေဖြူလေးသည် လင်းမို၏ ရင်ခွင်ထဲသို့ အလိုက်သင့် ဝင်ရောက်လာသည်။
လင်းမိုက လီချန်းယုံ၏ ခါးကိုတင်းကြပ်စွာဖက်လိုက်ပြီး နူးညံ့စွာပြောလေသည်။
"ချန်းယုံ...ငါ့ကိုလွမ်းနေတာလား''
လီချန်းယုံက ပြန်မဖြေပေ။ လင်းမိုအတွက် အဖြေလည်းမလိုအပ်ပေ။ လီချန်းယုံ၏ ပန်းရောင်ရင့်ရင့်သို့ ပြောင်းသွားသော ပါးပြင်ကသာ ပြီးပြည့်စုံသော အဖြေဖြစ်နေချေသည်။
လင်းမိုက လီချန်းယုံ၏ နီရဲရဲနားရွက်ဖျားလေးကို လျှာဖျားဖြင့် အသာတို့ထိပြီး ကိုက်လိုက်သည်။ နားရွက်ဖျားလေးကို တစ်တိတိဖြင့် ကိုက်ပြီး သူ၏ လျှာဖျားကပါ လှုပ်ရှားနေသည်။
"အာ...ယားတယ်...''
လီချန်းယုံက အနေရခက်စွာ တီးတိုးပြောသည်။ သူက လင်းမို၏ ကျောပြင်ကို ယောင်ယမ်းပြီး ဖက်တွယ်လိုက်သည်။
နားဖျားလေးကို ကိုက်သည်ကိုပင် အနေရခက်စွာ တုံ့ပြန်လာသော ဝံပုလွေဖြူလေးကို ကြည့်ပြီး လင်းမို ပိုပြီး အူယားလာသည်။
လင်းမိုက နားရွက်ဖျားလေးကို လွှတ်ပေးပြီး ပခုံးသားလေးကိုကိုက်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ နှုတ်ခမ်းလွှာကို လမ်းတစ်ဝက်တွင် ရပ်တန့်ခြင်းခံလိုက်ရသည်။
လီချန်းယုံက လင်းမို၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး လင်းမို၏ နှူတ်ခမ်းလွှာကို သူ၏ နှုတ်ခမ်းတို့ရှိရာသို့ ကပ်လိုက်သည်။
"နမ်း...ဦး...''
လီချန်းယုံ၏ နှုတ်ခမ်းရဲရဲလေးမှ ပွင့်အံလာသော မပီမသ စကားနှစ်ခွန်းက လင်းမို၏ စိတ်ရိုင်းတို့ကို လှုံ့ဆော်နိုင်သည်ထိ ဆွဲဆောင်နိုင်လေသည်။
လင်းမိုက လီချန်းယုံ၏ တောင်းဆိုချက်အရ နှုတ်ခမ်းရဲရဲလေးကို သိမ်းပိုက်လိုက်သည်။ သူက ထိုမျှနှင့် မရောင့်ရဲဟန်ဖြင့် နှုတ်ခမ်းရဲရဲလေး၏ အတွင်းနယ်နမိတ်ထိ ကျူးကျော်နေချေသေးသည်။ လင်းမို၏လျှာက လီချန်းယုံ၏ နှုတ်ခမ်းသားနယ်နမိတ်ကို ကျော်လွန်ကာ လျှာနီရဲရဲလေးကို အတင်းတို့ထိရန် ကြိုးပမ်းသည်။ မကြာခင် ပူးကပ်ယှက်နွယ်နေပြီး ပူနွေးစိုစွတ်သော လျှာဖျားတို့ကအနမ်းတို့ကို အရှိန်မြင့်စေသည်။
အတန်ကြာမှ လင်းမိုက သူသိမ်းပိုက်ထားသော နှုတ်ခမ်းလေးကို လွှတ်ပေးပြီး လီချန်းယုံ၏ ကျော့ရှင်းသော လည်တိုင်ကို ဦးတည်ပြီး အနမ်းများပေးလေသည်။
တရွေ့ရွေ့လှုပ်ရှားနေသော လင်းမို၏ လျှာဖြင့် လှုပ်ခတ်မှု အထိအတွေ့ကြောင့် လီချန်းယုံ အနေရခက်စွာ ရုန်းကန်မိသည်။
"မကိုက်နဲ့...''
လီချန်းယုံက သူ၏ လည်တိုင်ကို တစ်တိတိကိုက်နေသော လင်းမိုကို တားမြစ်သည်။
လင်းမိုက မကိုက်နဲ့ဆိုမှ တိုးပြီးကိုက်နေသည်။ သူ၏ လက်တစ်ဖက်က ကျင်လည်စွာ လီချန်းယုံ၏ ဝတ်ရုံကို ဖြေရန်ကြိုးစားနေသည်။ လီချန်းယုံသည် သူဝတ်ဆင်နေကျ ရွှေရောင်အနားကွပ်များပါသော ဝတ်ရုံအဖြူရှည်ကို ဝတ်ထားသည်။ ခဏအကြာတွင် ထိုဝတ်ရုံဖြူမှာ အခန်းထောင့်တစ်နေရာသို့ တွန်းပို့ခြင်းခံလိုက်ရပေသည်။
မှုန်ပြပြမီးရောင်အောက်က ဝံပုလွေဖြူလေး၏ ဖြူဖွေးနူးညံ့သော ခန္တာကိုယ်၏ ဆွဲဆောင်အားကို လင်းမို ရုန်းမထွက်နိုင်တော့ပေ။ သူက လီချန်းယုံ၏ ရင်ဘတ်က ဝံပုလွေလက်သည်းရာ အမာရွတ်ကို ဖွဖွလေးထိလိုက်ပြီး မေးသည်။
"အဲ့ဒီတုန်းက တော်တော်နာမှာပဲ''
လီချန်းယုံအောက်သို့ငုံ့ကြည့်လိုက်သည်။ လင်းမို၏ လက်ချောင်းရှည်ရှည်တို့က သူ့ရင်ဘတ်ပေါ်က အမာရွတ်လေးကို အသာအယာတို့ထိနေလေသည်။
"သိပ်မနာပါဘူး...''
လီချန်းယုံက ပြန်ဖြေသည်။
လင်းမိုက ထိုအမာရွတ်လေးဆီသို့ သူ၏ နှုတ်ခမ်းတို့ ရွေ့လျားပြီး ဖွဖွလေးထိကာ အနမ်းပေးသည်။ ထို့နောက်သူက အမာရွတ်လေး၏ ဘေးက ရဲရဲနီနေသော ချယ်ရီသီးလေးဆီသို့ ဦးတည်သွားလေသည်။ သည်တစ်ကြိမ်တော့ သူက ဖွဖွလေး နမ်းနေခြင်းမဟုတ်...
လင်းမိုက ချယ်ရီသီးလေးကို စုပ်ယူပြီး လျှာဖျားဖြင့် တို့ထိပြီး ကလိနေခြင်းဖြစ်သည်။
"ဟမ်း...''
သာယာမှုကြောင့် လီချန်းယုံ၏ နှုတ်ခမ်းဖျားက ညည်းညူသံတစ်ချို့ထွက်ပေါ်လာသည်။
လင်းမို၏ လှုပ်ရှားမှုမြန်လာသည်နှင့် အမျှ လီချန်းယုံ၏ အသက်ရှုသံသည်လည်း ပြင်းထန်လာသည်။ လင်းမိုက နောက်တစ်ဖက်ကိုပင် ပြောင်းပြီး တို့ထိနေသည်။
"ဟမ်း....''
လီချန်းယုံက မျက်လုံးအစုံကို မှိတ်ပြီး လင်းမိုကိုသိုင်းဖက်ထားသည်။ သူ့ခန္တာကိုယ်က မကြုံဖူးသော သာယာမှုအထိအတွေ့ကို အသားမကျသေးသောကြောင့် သူမည်သို့ တုံ့ပြန်ရမည်ကိုပင် မသိ။
လင်းမိုက ထိုမျှနှင့် မရပ်တန့်ပဲ သူ၏ လက်က လီချန်းယုံ၏ ခန္တာကိုယ်အောက်ပိုင်းက တစ်စုံတစ်ရာဆီဦးတည်သွားလေသည်။
လင်းမို၏ လက်ကို လီချန်းယုံက ဟန့်တားပြီး သူကမေးလိုက်သည်။
"မင်း..ဘာလုပ်မလို့လဲ''
လင်းမိုက လီချန်းယုံ၏ လက်ကို သူ့ကိုပြန်လည်သိုင်းဖက်ခိုင်းထားလိုက်ပြီး နားနားသို့ကပ်ကာတိုးတိုးလေးပြောလိုက်သည်။
"အားယုံ...ချစ်တယ်''
ပြောပြီး လင်းမို၏ လက်ကလီချန်းယုံ၏ အထိမခံနိုင်သော တစ်စုံတစ်ရာကို ဆုပ်ကိုင်လိုက်သည်။
"အာ...''
ရုတ်တရက်မလို့ လီချန်းယုံ လန့်သွားပြီး ယောင်ယမ်းကာ ငုံ့ကြည့်လိုက်သည်။ လင်းမို၏ လက်ထဲက သူ၏ အရာက လင်းမိုကို တုံ့ပြန်နေသည်ကို တွေ့လိုက်ရသောကြောင့် သူရှက်ရွံ့သွားသည်။
"စိတ်မပူနဲ့.. အဲ့ဒီလိုတုံ့ပြန်တာပုံမှန်ပဲ''
လင်းမိုက လီချန်းယုံကို အားပေးစကားပြောပြီး သူ၏ လက်ကို အထက်အောက် စတင်ရွေ့လျားလေသည်။ သူ၏ လှုပ်ရှားမှုက အစပိုင်းတွင် ခပ်နှေးနှေးဖြစ်ပြီး တဖြည်းဖြည်းမှ မြန်လာသည်။
"အ့..အာ..''
လီချန်းယုံ၏ နှုတ်ခမ်းရဲရဲလေးမှ အာမေဋိတ်မကျတကျ ညည်းညူသံတို့ ထွက်ပေါ်လာသည်။ လီချန်းယုံမှာ သူ့အသံသူ ရှက်ရွံ့ပြီး နှုတ်ခမ်းများကို ဖိကိုက်ပြီး အသံမထွက်အောင် ကြိုးပမ်းသော်လည်း တလိမ့်လိမ့်တက်လာသော သာယာမှုကို သူမတားဆီးနိုင်။ သူက လင်းမို၏ ကျောပြင်ကိုသာ အတင်းကုတ်ခြစ်နေမိသည်။
ခဏအကြာတွင် လီချန်းယုံ၏ ခန္တာကိုယ်အောက်ပိုင်းက တစ်စုံတစ်ရာကို လွှတ်ထုတ်မိသွားသည်။
"အား...''
သာယာမှုအထွဋ်အထိပ်ကိုရောက်သွားသောကြောင့် လီချန်းယုံ၏ ခန္တာကိုယ်မှာ တုန်ယင်သွားပြီး လင်းမို၏ ရင်ခွင်တွင်းသို့ ပြိုကျလာလေသည်။ လင်းမိုက အလိုက်သင့်စွာပင် လီချန်းယုံကို ပွေ့ဖက်ပြီး နဖူးကိုအနမ်းဖွဖွလေးပေးကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါလည်းပုံမှန်ပဲ...နောက်ကျရင်းနှီးသွားမှာပါ''
လီချန်းယုံမှာ အနည်းငယ်မောဟိုက်သွားသောကြောင့် အသက်ရှုသံများ ပြင်းနေပြီး ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ခဏအကြာမှ သူက လင်းမို၏ ခန္တာကိုယ်ကို အိပ်ယာပေါ်တွန်းလှဲပစ်လိုက်သည်။
လင်းမိုက သဘောကျရယ်စွာ ရယ်မောပြီး လီချန်းယုံကို စနောက်သည်။
"အားယုံ...ဆေးမိထားတာ ငါနော်...မင်းမဟုတ်တာသေချာတယ်မလား''
လီချန်းယုံက ပြန်မဖြေပဲ လင်းမို၏ နှုတ်ခမ်းများကို နောက်တစ်ကြိမ်နမ်းရှိုက်လိုက်ပြန်သည်။ သို့သော် သူ၏ လက်များက လင်းမို၏ ဝတ်ရုံကို ချွတ်ရာတွင် အခက်တွေ့နေသည်။ လီချန်းယုံကအနမ်းကိုရပ်တန့်ပြီး စိတ်မရှည်စွာ ပြောလေသည်။
"ချွတ်ပေး...''
ဝံပုလွေလေး၏ အမိန့်အောက်မှာ လင်းမိုက နာခံစွာပင် သူ၏ ဝတ်ရုံ၏ ခါးစည်းကိုဖြည်ချပြီး ချွတ်ပေးလေသည်။
လီချန်းယုံ၏ နူညံ့သော လက်ချောင်းသွယ်သွယ်လေးက လျင်မြန်စွာပင် လင်းမို၏ အောက်ပိုင်းသို့ရောက်သွားလေသည်။ သူက ထိုအရာကို ဆုပ်ကိုင်လိုက်သည်။
"အာ...''
အာမေဋိတ်က လင်းမိုဆီက ထွက်ပေါ်လာခြင်းမဟုတ်ပေ။ လီချန်းယုံ၏ အာမေဋိတ်သာဖြစ်သည်။ သူ၏ လက်က ဆုပ်ကိုင်လိုက်သော အရာ၏ ကြီးမားမှုကြောင့် လီချန်းယုံပါးစပ်က ထွက်သွားခြင်းဖြစ်သည်။
လီချန်းယုံ၏ ချောမောခန့်ညားသော မျက်နှာမှာ တမဟုတ်ချင်း ရှုံ့မဲ့သွားသည်။ သူက လင်းမိုကို ရန်လိုစွာ ကြည့်လိုက်ပြီး ပြောလေသည်။
"မင်းပြော...ဒါတော့ ပုံမှန်မဟုတ်ဘူးမလား''
"ပုံမှန်ထက် မဆိုစလောက်လေးကြီးတာပါ''
လင်းမို၏ စကားကြောင့် လီချန်းယုံမှာ ပိုရှုံ့မဲ့သွားသည်။
"ငါ့လက်နဲ့တောင်မဆံ့ဘူး...''
ပြောပြီး လီချန်းယုံက လင်းမိုသူ့ကိုလုပ်ပေးသလို အထက်အောက် ရွေ့လျားပြီးပွတ်သပ်ပေးသည်။ သူ၏ မကျွမ်းကျင်မှုကြောင့် တစ်ခါတစ်ရံနှေးပြီး တစ်ခါတစ်ရံမြန်နေသည်။
သို့သော် ထိုစည်းချက်မကျမှုကပင် လင်းမို၏ ဆန္ဒမီးတို့်ကို အဆုံးစွန်ထိလောင်ကျွမ်းစေသည်။ လင်းမို၏ အသံရှုသံတို့်က စည်းချက်မကျပဲ မြန်လာသည်။ သူ၏ ကြွက်သားအဖုဖုအထစ်ထစ်တို့ ရင်အုပ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
အချိန်အတော်ကြာထိ လင်းမိုသည် ပြီးမြောက်မည့် အရိပ်အယောင်မပြသေး။ ကြီးမားသောအရာကိုဆုပ်ကိုင်ပြီး အဆက်မပြတ်ပွတ်သပ်ပေးနေရသော လီချန်းယုံမှာ လက်ကောက်ဝတ်များပင် နာလာသည်။ သူကပိုမြန်မြန်လှုပ်ရှားတော့ လင်းမိုက ရီဝေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။
ခဏအကြာတွင် လီချန်းယုံ၏ လက်ကို ဖြူစွတ်စွတ်အရည်များ ပေကျံသွားသည်။ ထိုအခါမှ လီချန်းယုံသက်ပြင်းချပြီး မောပန်းသွားဟန်ဖြင့် အိပ်ယာပေါ်လှဲချလိုက်လေတော့သည်။
သူသက်ပြင်းကို အဆုံးထိမချနိုင်သေးခင်မှာပင် လင်းမို၏ ခန္တာကိုယ်က သူ့အပေါ်အုပ်မိုးလာသည်။
"မင်းပြီးသွားပြီမလား...''
လီချန်းယုံက သူ့ကို ရမ္မက်ခိုးမပြယ်သော အကြည့်တို့ဖြင့်ကြည့်နေသော လင်းမိုကိုမေးလိုက်သည်။
လင်းမိုက လီချန်းယုံ၏ နှုတ်ခမ်းကို ဖိနမ်းပြီတစ်လုံးချင်းပြောလိုက်သည်။
"အ..ခု...မှ...စ...မှာ''
လင်းမိုနောက်နေခြင်းမဟုတ်မှန်း လီချန်းယုံသိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အောက်ပိုင်းအနူးညံ့ဆုံးနေရာက အစိမ်းသက်သက်ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
လင်းမို၏ ရှည်လျားသော လက်ချောင်းတစ်ချောင်းက လီချန်းယုံ၏ အနူးညံ့ဆုံးအစိတ်အပိုင်းကို ချည်းနင်းဝင်ရောက်လာသည်။
"အ...''
မကြာမီ နောက်ထပ် လက်တစ်ချောင်းက တိုးဝင်လာသည်။
"အ့ာ...''
အစပိုင်းတွင် မသိမသာနာကျင်မှုကို ခံစားရသော်လည်း ခဏအကြာတွင် လက်ချောင်းများ၏ လှုပ်ရှားမှုမှ သာယာမှုကိုပါခံစားလိုက်ရသည်။ လက်ချောင်းများ၏ နှ်ိူးဆွမှုကြောင့် လီချန်းယုံ၏ အနူးညံ့ဆုံးအစိတ်အပိုင်းသည် မသိမသာကျယ်လာသည်။
ထိုအချိန်သည် စတင်ရန်အချိန်ဖြစ်ကြောင်းနားလည်သည့် လင်းမိုသည် သူ၏ ကြီးမားသောအရာကို ထိုအစိတ်အပိုင်းလေးဆီသို့ ဦးတည်သွင်းလိုက်သည်။
"အား...''
ရုတ်တရက်တိုးဝင်လာသော အရာကြောင့် အထိအခိုက်မခံနိုင်သော အစိတ်အပိုင်းလေးဆီက နာကျင်မှုကို ခံစားလိုက်ရသည်။ လီချန်းယုံ၏ မျက်တောင်ရှည်ရှည်လေးများတွင် မျက်ရည်ဥတို့ တွဲလွဲခိုသွားသည်။
ဝံပုလွေဖြူလေးနာကျင်သွားသည်ကို သိသော်လည်း လင်းမိုမှာ သူစိတ်ဆန္ဒတို့ကို မထိန်းချုပ်နိုင်တော့ပေ။ သူက တစ်စတစ်စ အတွင်းသို့တိုးဝင်ရန်သာကြိုးစားသည်။
လီချန်းယုံဆီက ရှိုက်သံသဲ့သဲ့နှင့် ညည်းညူသံကြောင့် လင်းမိုရှေ့ဆက်မရွေ့သေး။
"ချန်းယုံ...အဆင်ပြေလား''
သူက လီချန်းယုံ၏ နားသို့ ကပ်ပြီး တိုးလျစွာပြောသည်။
"အင်...အင်း..''
လီချန်းယုံဆီက မပီဝိုးတဝါး ပြန်ဖြေသံသာ ကြားလိုက်ရသည်။ သို့ကြောင့် လင်းမိုက ငြိမ်သက်နေရာမှ သူ၏ လှုပ်ရှားမှုစတင်လေသည်။ အနူးညံ့ဆုံးအစိတ်အပိုင်းကို ပထမအကြိမ်ဝင်ရောက်ခြင်းဖြစ်သောကြောင့် လင်းမိုက ဖြည်းဖြည်းချင်းသာ လှုပ်ရှားသည်။
"အာ...အ့ာ...''
ရမ္မက်တို့ပြည့်လျှမ်းနေသော လှုပ်ရှားမှုနောက်တိုင်းမှာ မပီဝိုးတဝါး ညည်းညူသံတို့်က ကပ်လျှက်ပါလာသည်။
လင်းမို၏ ဆောင့်ချက်တို့က တဖြည်းဖြည်းနက်ရှိုင်းလာပြီး မြန်ဆန်လာသည်။
"အဲ့...ဒီ...နား....''
လင်းမို၏ ဆောင့်ချက်တို့ကြောင့် နာကျင်နေသော်လည်း တစ်နေရာတွင်တော့ သာယာမှုကို ခံစားလိုက်ရသည်။ သို့ကြောင့် လီချန်းယုံက မောဟိုက်နေသော လေသံဖြင့် တောင်းဆိုသည်။
သာယာမှုနှင့်နာကျင်မှုကို တုံ့ပြန်နေသော ခန္တာကိုယ်ကြောင့် ချွေးစတို့ စိုနေသည့် လီချန်းယုံ၏ နဖူးပြင်ကိုလင်းမိုက ဖွဖွလေးနမ်းလိုက်သည်။ အနမ်းတို့်က ငြင်သာသော်လည်း သူ၏ လှုပ်ရှားမှုက မငြင်သာပေ။ သူက လီချန်းယုံ သာယာမှုခံစားရမည့် နေရာကို သိသွားသောကြောင့် လှုပ်ရှားမှုတိုင်းက ပြင်းထန်လာသည်။
"အ့...အ့အာ...အာ...''
ခန္တာကိုယ်တွင်းစီးဝင်လာသော သာယာမှုကြောင့် လီချန်းယုံ၏ ခန္တာကိုယ်က အလိုလိုတုံ့ပြန်မိသည်။ သူတုံ့ပြန်သည်က လင်းမိုကို အတင်းဆွဲညှစ်လိုက်သလိုပင်။ သူ့ကို ဆွဲညှစ်နေသော အစိတ်အပိုင်းလေးကြောင် လင်းမိုမှာ ရူးသွပ်သွားမတတ်ခံစားလိုက်ရသည်။
အရှိန်အဟုန်အမြင့်ဆုံးလှုပ်ရှားမှူတို့၏ နောက်မှာ ပူနွေးစေးပျစ်သော အရည်တို့ လီချန်းယုံဆီက နောက်တစ်ကြိမ်ထွက်လာပြန်သည်။ သာယာမှုကြောင့် တုန်ခါနေသော ဝံပုလွေဖြူလေးကို ကြည့်ပြီး ဆက်လက်ထိန်းချုပ်န်ိုင်ခြင်းမရှိတော့သည့် လင်းမိုသည် သူ၏ ဆန္ဒတို့ ဖြေလျှော့လိုက်လေတော့သည်။
အဆုံးသတ်မှကြားလိုက်ရသော လင်းမို၏ ညည်းညူသံကြောင့် လီချန်းယုံ၏ ပါးပြင်နှစ်ဖက်မှာရဲတက်သွားသည်။
သူတို့နှစ်ယောက်လုံး ထိုအနေအထားဖြင့် ခေတ္တအနားယူပြီးမှ လီချန်းယုံက သူ့ကိုယ်ပေါ်က လင်းမိုကို တွန်းပြီးပြောသည်။
"ဖယ်တော့...''
သို့သော်...
ဝံပုလွေဖြူလေး၏ အရသာကို သိသွားသော လင်းမိုသည် ထိုမျှနှင့် မတင်းတိမ်သေးပေ။ သူကနောက်တစ်ကြိမ် တင်းမာလာမှုကို ခံစားမိသည်နှင့် သူ၏ လှုပ်ရှားမှုကို ပြန်လည်စတင်တော့လေသည်။
လီချန်းယုံသည် အတွင်းအားမြင့်မားအောင်ကျင့်ကြံထားသော ခန္တာကိုယ်ကြောင့်သာ မဟုတ်လျှင် လင်းမို၏ အချစ်ကြမ်းမှုအောက်မှာ သူမေ့မျောသွားတော့မည် ဖြစ်သည်။
ပထမအကြိမ်မှသည်...နောက်ထပ်အကြိမ်မည်မျှ ရှိပြီမှန်း လီချန်းယုံ မသိနိုင်တော့ချေ။ သူအလွန်မောဟိုက်ပြီး အကြိမ်ကြိမ်တောင်းပန်မှ လင်းမိုက ရပ်တန့်ပေးသည်။ သို့တိုင်အောင် လင်းမိုက သူနားသို့ကပ်ပြီးတိုးတိုးလေးပြောသေးသည်။
"ချန်းယုံ...မနက်ဖြန်မင်းအဆောင်ပြောင်းရအောင် အဲ့ဒီမှာပိုကျယ်တယ်''
လီချန်းယုံမှာ လင်းမိုကို ပြန်လည်ရန်မတွေ့နိုင်။ ယုတ်ဆွအဆုံး မျက်စောင်းထိုးရန်ပင် မတတ်နိုင်တော့ချေ။ သူ၏ မျက်ခွံတို့်က လေးလံလာပြီး လွန်စွာမောဟိုက်နေပြီဖြစ်သည်။
ထိုအခါမှ လင်းမိုသည် မောပန်းမှုကြောင့် အိပ်ပျော်သွားသော ဝံပုလွေဖြူလေး၏ ခန္တာကိုယ်ကို သူ့ရင်ခွင်တွင်းသို့ ဆွဲသွင်းပြီး အိပ်စက်ရန်ကြိုးပမ်းလေတော့သည်။
________________________________________________________________________________
Zawgyi
"မရှိစေရဘူး...''
"အာ...ယားတယ်...''
"နမ်း...ဦး...''
"မကိုက်နဲ့...''
"သိပ်မနာပါဘူး...''
"ဟမ်း...''
"ဟမ်း....''
"မင်း..ဘာလုပ်မလို့လဲ''
"အားယုံ...ချစ်တယ်''
"အာ...''
"အ့..အာ..''
"အား...''
"ချွတ်ပေး...''
"အာ...''
"မင်းပြီးသွားပြီမလား...''
"အ..ခု...မှ...စ...မှာ''
"အ...''
"အ့ာ...''
"အား...''
"ချန်းယုံ...အဆင်ပြေလား''
"အင်...အင်း..''
"အာ...အ့ာ...''
"အဲ့...ဒီ...နား....''
"အ့...အ့အာ...အာ...''
"ဖယ်တော့...''
သို့သော်...
_________________________________________________________________________________
Continue Reading
You'll Also Like
60.1K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
232K 37.5K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
3K 160 11
79.6K 5.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.