Unicode
လင်းမိုသည်ထွက်သွားပြီးနောက်နေ့မှစ၍ ရက်သတ္တပတ်လုံး အိမ်ရှေ့စံ၏ အဆောင်သို့ ခြေဦးမလှည့်တော့ချေ။ သူ့အတွက် ယခင်က ဘုရင်ကြီးလီစီစဉ်ပေးသော အဆောင်တွင်သာ သွားရောက်နေထိုင်ပြီး နေ့ရောညရော အပြင်ထွက်သည့် အချိန်က မရှိသလောက်ရှားပါးနေသည်။
အိပ်ဆောင်တွင် လင်းမိုသည် ခုတင်ကို မှီပြီး ပျင်းတိပျင်းရွဲထိုင်နေသည်။ သူ၏ ဘေးနားတွင် တောင်ပိုင်းက အမတ်ကြီးနှင့် အပြန်အလှန်ပို့ထားသော သဝဏ်လွှာတို့ ပြန့်ကျဲလျှက်။ တောင်ပိုင်းတွင် ကိစ္စအထွေအထူးမရှိသော်လည်း လင်းမိုက တမင် အာရုံပြောင်းအောင် အလုပ်များဖိလုပ်နေခြင်းဖြစ်သည်။ သူသည်တစ်ခါမှမစစ်ဖူးသော အခွန်ကောက်ခံမှု စာရင်း၊ တောင်ပိုင်းနိုင်ငံအချင်းချင်း ကုန်သွယ်မှု အစရှိသည်တို့ကို အမတ်ကြီးကို ပို့ခိုင်းပြီး ကြည့်ရှုစစ်ဆေးလေသည်။
ယခုလည်း ထိုသဝဏ်လွှာတို့ကို စစ်ဆေးပြီး နှစ်သစ်တွင် အခွန်မည်သို့ စည်းကြပ်မည်ကို စဉ်းစားနေခြင်းဖြစ်သည်။ သူကိုယ်တိုင် လုပ်စရာမလိုသောကိစ္စဆိုသော်လည်း ထိုအလုပ်တွေသာ မလုပ်ပါက ပေါက်ကွဲထွက်မတတ်မွန်းကြပ်နေသော သူ့စိတ်ကို သူထိန်းနိုင်မည်မထင်။
တံခါးအပြင်က ခြေသံတို့နှင့်အတူ အသံတစ်သံကို လင်းမိုကြားလိုင်ရသည်။
"အရှင့် အတွက် နေ့လည်စာပို့ဆက်ပါတယ်''
နေ့လည်စာ...???
သူဘယ်အချိန်က အစားကောင်းကောင်းစားခဲ့သည်ကိုပင် လင်းမိုမမှတ်မိတော့။
"ဝင်ခဲ့...''
အစေခံတို့ဝင်လာပြီး လင်းမိုအတွက် စားဖွယ်ရာတို့ကို ရိုကျိုးစွာ ပြင်ဆင်ပေးသည်။ အသက်အကြီးဆုံးဖြစ်သော အစေခံအမျိုးသမီးက လင်းမိုကို မဝံ့မရဲ လျှောက်တင်သည်။
"အရှင်...ဒီရက်သတ္တပတ်လုံးဘာကိုမှကောင်းကောင်းမစားရသေးဘူး။ နည်းနည်းလေး ဝင်သလောက်ဖြစ်ဖြစ်စားလိုက်ပါ။ လိုအပ်ရင် နန်းတွင်းသမားတော်ကို ခေါ်ပြီး...''
လင်းမိုက သူ့ကို စကားပြောနေသော ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ သူမှတ်မိသည်။ ထိုအစေခံအမျိုးသမီးသည် သူ နှင့် လီချန်းယုံကို မကြာခဏ စားပွဲ လာဆက်သသူပင်။ အမျိုးသမီးလျှောက်တင်သောစကားတို့က လင်းမို၏ နားတွင်ဝေဝါးဝါး။
ထိုအစား သူ့စိတ်အလျဉ်က တစ်စုံတစ်ယောက်သောသူထံ ရောက်သွားပြန်ရောက်သွားသည်။ သူက အစေခံ အမျိုးသမီးကိုကြည့်ပြီး မေးလိုက်သည်။
"သူရော အစားစားလား''
လင်းမို၏ စကားကို အစေခံအမျိုးသမီးနားလည်သည်။ သူမ အမှန်အတိုင်းသာ လျှောက်တင်လိုက်သည်။
"စိုးရွံ့ပါတယ်အရှင်...အိမ်ရှေ့စံ ဘာကိုမှ စားပွဲမတည်တာ ရက်ပိုင်းလောက်ရှိပါပြီ။ ''
အမျိုးသမီး၏ စကားတစ်ခွန်းက လင်းမို၏ နှလုံးသားတစ်ခုလုံးကို ဖျစ်ညှစ်လိုက်သလိုပင်။ ဆန္ဒရှိသလိုသာဆိုရင် အိမ်ရှေ့စံအဆောင်ဆီပြေးသွားပြီး ဆူပူလိုက်ချင်သည်။
သို့သော်.....
လင်းမိုသက်ပြင်းကိုသာ ချပြီး အဝေးတစ်နေရာကို အဓိပ္ပါယ်မဲ့ငေးနေသည်။ သူ၏ မြင်လွှာတွင် နှစ်သက်သော အစားအသောက်ရှေ့တွင် ဟန်မဆောင်နိုင်အောင် ပြုံးပျော်တတ်သော လီချန်းယုံ၏ ပုံရိပ်ကိုသာ ထပ်တလဲလဲမြင်နေသည်။
အစေခံအမျိူသမီးက တစ်စုံတစ်ခုကို ပြောသင့်မပြောသင့် ချင့်ချိန်နေဟန်ဖြင့် တွေဝေနေသည်။ သူမကြည့်ရသည်မှာ တစ်စုံတစ်ခုကို စိုးရိမ်နေပြီး လျှောက်တင်သင့်မသင့် ဝေခွဲရလက်နေဟန်ဖြစ်သည်။
လင်းမိုက အစေခံကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ကိုယ်တော့်ကို လျှောက်တင်စရာရှိရင် လျှောက်တင်ပါ''.
အမျိုးသမီးလည်း တွေဝေနေမှုကို အဆုံးသတ်ပြီး လျှောက်တင်လိုက်သည်။
"အိမ်ရှေ့စံက စားဖိုဆောင်တစ်ခုလုံးကိုမှာထားပါတယ်။ အရှင်းပွဲတော်တည်မယ့် ဟင်းလျာမပြင်ဆင်နိုင်သ၍ သူလည်း ဘာကိုမှ မတို့ထိဘူးဆိုတာ...အဲ့ဒါကြောင့် အရှင်...ကျွန်မတို့ကို သနားရင် နည်းနည်းလောက်ဖြစ်ဖြစ်စားပါ''
လင်းမိုက သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး တူကို ကောက်ကိုင်လိုက်သည်။ အစေခံအမျိုးသမီးမှာ ယခုမှ ပြစ်မှုကြီး ကျူးလွန်ထားသောသူလို သူမ၏ မျက်နှာက ဖြူဆုတ်နေသည်။
"ဒါပေမယ့် ကိုယ်တော့်ကို အဲ့ဒီအကြောင်း မပြောဖို့တော့ မင်းတို့ကို မှာထားတယ်မလား၊ ကိုယ်တော်နားလည်ပြီမလို့ စိတ်မပူပါနဲ့''
မြောက်ပိုင်း၏ အိမ်ရှေ့စံ၏ မာနနှင့် ခေါင်းမာပုံသည် ပြိုင်ဖက်ကင်း နှစ်ယောက်မရှိမှန်းလင်းမိုသိသည်။မာနတို့ လွန်ဆွဲသည့်ပွဲတွင် သူအရှုံးမပေးလိုသော်လည်း လီချန်းယုံ ဘာမှစားပဲ ဒုက္ခခံနေသည်ကိုတော့ သူမသိချင်ယောင်မဆောင်နိုင်။
လင်းမိုက သူ့စားပွဲရှေ့က ဟင်းလျာနှင့် ထမင်းတို့ကိုကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကောင်းပြီ ချန်းယုံ...နောက်တစ်ကြိမ် ငါကပဲ အရှုံးပေးပါမယ်''
ထိုနေ့က လင်းမိုသည် နေ့လည်စာကို ကုန်စင်အောင် စားခဲ့ပြီး အစေခံတို့လည်း ထိုအခါမှ စိတ်သက်သာရာရစွာ ပြန်သွားနိုင်ခဲ့ကြသည်။
အိမ်ရှေ့စံ၏ အဆောင်တွင်တော့ ကျိုးပဲ့နေသော ပစ္စည်းများက ဒီအတိုင်းရှိနေဆဲပင်။ သို့သော် အရင်နေ့က လီချန်းယုံ ရိုက်ချိုးခဲ့သော အရာများမဟုတ်ပဲ သူနောက်ထပ် ထပ်ပြီး ရိုက်ချိုးထားခြင်းဖြစ်သည်။
ယခုတလော လီချန်းယုံသည် သူ၏ အဆောင်တွင်ရှိမနေချေ။ ညအိပ်ချိန်မှသာ ပြန်ရောက်လာသည်။ လီချန်းယုံမနေချင်ရသည့် အကြောင်းကတော့ သူ့အဆောင်ရှေ့က ရှင်းယီသည် တစ်နေ့တစ်နေ့ သူမကိုယ်သူမ လှပအောင် ပြင်ဆင်ပြီး လင်းမို၏ နန်းဆောင်သို့ ချောင်းပေါက်မတတ်သွားနေသောကြောင့် ဖြစ်သည်။
ထိုနေ့မနက်တွင် လီချန်းယုံသည် ညီလာခံမှပြန်လာပြီး စစ်ရေးလေ့ကျင့်ရာကွင်းပြင်သို့သွားရာတွင် လေ့ကျင့်ရေးဝတ်စုံလဲရန်လိုအပ်သောကြောင့် အဆောင်သို့ ပြန်လာခဲ့သည်။ သူခဲ့ နန်းဆောင်ရှေ့လမ်းချိုးတွင် လူနှစ်ယောက်မတ်တပ်ရပ်ပြီး စကားပြောနေကြသည်။
ထိုသူတို့်က လင်းမိုနှင့် ရှင်းယီ...
လင်းမိုသည် မည်သည့်အခါမျှ ရှင်းယီကို နန်းဆောင်သို့ ပြန်လိုက်မပို့ပေ။ ယနေ့ကျမှ သူလိုက်ပို့သည်ကို လီချန်းယုံနှင့် တည့်တည့်တိုးလေသည်။
လီချန်းယုံက သူ၏ မျက်စိရှေ့တွင် မြင်ရသော လူနှစ်ယောက်ကို မြင်ရသော အခိုက်အတန့်က သူလောကတစ်ခုလုံး ဗြောင်းဆန်သွားသလိုပင်။ သူရှေ့မှာမှ နူးညံ့စွာပြုံးခဲ့သော လင်းမိုက ယခုတော့ တစ်ပါးသူကို နူးညံ့ချိုသာစွာ ဆက်ဆံနေသည်။
နန်းဆောင်ရှေ့တည့်တည့်တွင်ဖြစ်သောကြောင့် ယခုမှ အခြားလမ်းက ရှောင်ကွင်းပတ်သွားရန်မှာလည်း မဖြစ်နိုင်။ လီချန်းယုံသည် သူ၏ စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ထိုလူနှစ်ယောက်ရှေ့ကို တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ဦးတည်သွားလိုက်သည်။
လင်းမိုက သူ့ဆီလှမ်းလာသော လီချန်းယုံကို တစ်ချက်ကြည့်လိုက်သည်။ လီချန်းယုံသည် သိသာစွာပိန်မသွားသော်လည်း မျက်နှာက အနည်းငယ်ချောင်ကျနေသည်။ သူ၏ လက်တို့က အနာတရဖြစ်ထားဟန်ဖြင့် ပတ်တီးတို့ဖြင့် စည်းနှောင်ထားသည်။ တစ်ပတ်ခန့်မတွေ့ရဘဲ ပထမဆုံးအကြိမ်တွေ့လိုက်ရသော လီချန်းယုံ၏ အခြေအနေကိုကြည့်ပြီး လင်းမို၏ နှလုံးသားတစ်ခုလုံး ဆွဲနုတ်ခံရသလိုခံစားလိုက်ရသည်။
သူ၏ စိတ်အလိုရဆိုလျှင် လီချန်းယုံကို ရင်ခွင်ထဲဆွဲသွင်းပြီး ဘယ်တော့မှ လွှတ်မပေးချင်တော့ပေ။ သို့သော် ယခုအခြေအနေ၍ ထိုသို့ပြုမူလိုက်ပါက သူစီစဉ်ထားသမျှ တလွဲတချော်ဖြစ်သွားနိုင်သည်။
လင်းမိုက သူ့စိတ်ကို ထိန်းချုပ်ပြီး အနားရောက်လာသော လီချန်းယုံကို မသိချင်ယောင်ဆောင်ထားသည်။
အနှီမြေခွေးလိုမိန်းမရှင်းယီသည် လီချန်းယုံအနားရောက်လာမှ လင်းမို၏ လက်မောင်းကို အတင်းဆုပ်ကိုင်လိုက်ပြီး သူမ၏ အသံဆာဆာနှင့် စကားပြောသည်။
"အရှင်...ရှင်းယီကို အခုလိုနန်းဆောင်လိုက်ပို့တာ ကျေးဇူတင်ပါတယ်''
လင်းမို၏ မျက်ဝန်းတို့က ထိုအခိုက်အတန့်တွင် အလွန်ခက်ထန်သွားသည်။ သူသည် ရှင်းယီ တမင်လုပ်နေမှန်းသိသည်။ တစ်ဖက်ကလည်း သူ လီချန်းယုံမည်သို့တုံ့ပြန်မည်ကို သိလိုလှသည်။ သို့ကြောင့် သူသည် ရှင်းယီကို ခွန်းတုံ့ပြန်ပြောလိုက်သည်။
"ရပါတယ် ကိုယ်တော့်အတွက်ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး''
ထိုစကားများသည် လီချန်းယုံ၏ နားထဲသို့ ကန့်လန့်ဖြတ်ဝင်ရောက်လာသည်။ သူက ဆက်လက်မသိချင်ယောင်ဆောင်ပြီး နန်းဆောင်သို့သွားရန်ပြင်ဆင်မှာပင် ရှင်းယီက သူ့ကို စကားလှမ်းပြောသည်။
"အိမ်ရှေ့စံပါလား...ညီလာခံကပြန်လာတာလား။ ရှင်းယီ မမြင်လို့ မနှုတ်ဆက်နိုင်တာ ခွင့်လွှတ်ပါ''
ထိုစကားကြောင့် လီချန်းယုံမှာ စကားမဖြစ်မနေပြန်ပြောရတော့မည် ဖြစ်ကြောင်းနားလည်လိုက်သည်။ သူက လင်းမိုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး အပြုံးတုတစ်ခုကိုဆင်မြန်းပြီး စကားပြန်ပြောသည်။
"ရပါတယ်...အိမ်ရှေ့စံတစ်ယောက်လုံးကို မမြင်နိုင်အောင် ဖြစ်နေမှတော့ နှုတ်ဆက်စရာမလိုပါဘူး''
လီချန်းယုံ၏ စကားကြောင့် ရှင်းယီ၏ မျက်နှာ ပျက်ယွင်းသွားသည်။ သူမသည် တောင်ပိုင်းဘုရင်အားကိုးဖြင့် ထိုစကားကို ဆိုရဲသော်လည်း အိမ်ရှေ့စံသည် တစ်ချိန်တွင်မြောက်ပိုင်း၏ ဘုရင်ဖြစ်လာမည့်သူဖြစ်သည်။ သူမအပေါ် စိတ်ကွက်သွားပါက အိမ်တော်အတွက် မကောင်းကြောင်း နားလည်ထားလေသည်။
လင်းမိုက လီချန်းယုံ၏ တစ်ကိုယ်လုံးကို စေ့စပ်စွာကြည့်လေ အနာတရဖြစ်ထားသော နေရာများကို မြင်လာလေဖြစ်သည်။ သူမနေနိုင်တော့ပဲ လီချန်းယုံ၏ လက်ကိုကြည့်ပြီး မေးလိုက်သည်။
"မြောက်ပိုင်းအိမ်ရှေ့စံ လက်က ဒဏ်ရာရထားတာလား''
လီချန်းယုံက လင်းမိုကိုစိုက်ကြည့်လိုက်သည်။ သူသည် လင်းမို၏ မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်တို့ရှိသည်ဟု မခံစားရပဲ တမင်သပ်သပ်လောကွတ်စကားဟုသာ မြင်လေသည်။
"စိတ်ပူမှုကို ကျေးဇူးတင်ပါတယ်အရှင်...ဒါပေမယ့် ကြီးကျယ်တဲ့ဒဏ်ရာမဟုတ်ပါဘူး။ ကိစ္စအထွေအထူးမရှိရင် ခွင့်ပြုပါဦး''
ပြောပြီး လီချန်းယုံ လှည့်ထွက်သွားသည်။ သူက သူ့နောက်တွင် ကျန်ခဲ့သည့် လင်းမိုနှင့် ရှင်းယီကို ထပ်မံမတွေ့လိုတော့ပေ။
ထိုနေ့က ရှင်းယီသည် သူမအဆောင်ကို လင်းမို လိုက်ပို့သောကြောင့် ပျော်ရွှင်နေသည်။ သူမက လင်းမိုကို လက်ဖက်ရည်ကြမ်းအတူသောက်ပြီး စကားစမြည်ပြောရန်လည်း ဖိတ်ခေါ်လေသည်။
လင်းမိုသည် သူ့ကို အပိုင်ချည်ရန်ကြိုးပမ်းနေသော မြေခွေးမ၏ အကြံအစည်ကို သိထားသော်လည်း သူသည် ထိုမြေခွေးမ၏ ခြေလှမ်းအမှားကို စောင့်နေသူဖြစ်သည့်အလျောက် ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။
အဆောင်တွင်းတွင် ရှင်းယီသည် လင်းမိုအတွက် လက်ဖက်ရည်ကြမ်းကို ကိုယ်တိုင်ပြင်ဆင်ပေးပြီး ချိုသာသောစကားတို့ကို တတွတ်တွတ်ဆိုနေချေသည်။ လင်းမိုနေရာတွင် အခြားတစ်ယောက်သာဆိုပါက အပြစ်ကင်းဟန်ဆောင်ထားသော အနှီမြေခွေးမ၏ ကျော့ကွင်းအောက်ရောက်သွားပေတော့မည်။
"အရှင့်...ကြည့်ရတာ ဒီလက်ဖက်ရည်ကြမ်းကိုသဘောမကျဘူးထင်တယ်။ ရှင်းယီအသစ်ပြင်ပေးမယ်''
လင်းမိုက သူမြည်းစမ်းသောက်နေသော လက်ဖက်ရည်ကြမ်းပန်းကန်ကို ချထားပြီး ပြန်ပြောသည်။
"ကိုယ်တော် သဘောမကျတာ လက်ဖက်ရည်ကြမ်းကို မဟုတ်ဘူး။ မင်းကို...''
"ရှင်!!!''
လင်းမို၏ စကားကြောင့် ရှင်းယီ၏ မျက်နှာမှာ ပြိုတော့မည့်မိုးလို မဲမှောင်သွားသည်။
"ကိုယ်တော့်ရဲ့ မိဖုရားဖြစ်ဖို့က သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ ဝမ်းနည်းဖို့ကောင်းတာက မင်းကတစ်ခုမှမမှီဘူး''
လင်းမိုက ထိုစကားတို့ကို ရှင်းယီကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ပြီး ပြောနေခြင်းဖြစ်သည်။
"အထူးသဖြင့် မင်းရုပ်ရည်...လုံးဝဆွဲဆောင်မှုမရှိဘူး။ သူများတွေ မင်းကို လှတယ်လို့ ချီးမြှောက်ကြတာ အလိမ်အညာစကားတွေပဲ။''
ရှင်းယီမှာ သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍ အပြောခံလိုက်ရသောအခါ ဒေါသကြောင့် လက်များတဆတ်ဆတ်တုန်လာသည်။
"နောက်ဆုံးတစ်ချက်က ကိုယ်တော်က မင်းကို စိတ်တိမ်းညွှတ်နေလို့ နန်းဆောင်ပြန်လိုက်ပို့တယ်လို့ထင်နေတာမလား။ တကယ်က ကိုယ်တော်တွေ့ချင်တဲ့လူရှိလို့်ပါ။ တွေ့ပြီးပြီဆိုတော့ ကိုယ်တော် ပြန်တော့မယ်''
လင်းမိုက ပြောပြီး မတ်တပ်ရပ်ကာ ထပြန်ရန်ပြင်လေသည်။
သူက နန်းဆောင်တံခါးဝရောက်မှ နောက်သို့ပြန်လှည့်ပြီး ပြောလိုက်သည်။
"အော်...မေ့လို့...လက်ဖက်ရည်ကြမ်းကတကယ်သောက်လို့ကောင်းတယ်။ နောက်နေ့အဆင်ပြေရင် ကိုယ်တော်မြည်းစမ်းကြည့်ချင်သေးတယ်''
ထိုစကားကိုပြောသော လင်းမို၏ နှုတ်ခမ်းထောင့်စွန်းတို့က အဓိပ္ပါယ်ဖော်ရခက်စွာ ကွေးညွတ်နေသည်။ သူက ပြန်အထွက်တွင် ရှင်းယီ၏ အစေခံမလေးကို တစ်ချက်ကြည့်လိုက်သည်။ အစေခံမလေးသည် အသက်ဆယ့်နှစ်နှစ်သာ ကလေးမလေးဖြစ်သည်။ ထိုကလေးမလေးက လင်းမိုကို ပြန်ပြုံးပြသည်။ လင်းမိုက ခေါင်းငြိမ့်ပြပြီး ရှင်းယီ၏ အဆောင်မှ ထွက်ခွာ သွားတော့သည်။
လင်းမို ပြန်ထွက်အလာတွင် လေ့ကျင့်ရေးဝတ်စုံအပြည့်ဖြင့် လီချန်းယုံကို တွေ့လိုက်ရသည်။ မျက်နှာချင်းဆိုင်လာနေသော သူတို့နှစ်ယောက်သည် တစ်ယောက်၏ မျက်ဝန်းကို တစ်ယောက်စိုက်ကြည့်နေကြသည်။ တည်ငြိမ်သော အေးဆေးသော ခြေလှမ်းကိုယ်စီဖြင့် ဆန့်ကျင်ဘက် အရပ်မျက်နှာတို့ကို ဦးတည်ပြီးထွက်လာကြသည်။
တစ်ခါတစ်ရံ မာနနှင့် အတ္တတို့သည် ချစ်ခြင်းမေတ္တာ၏ကြားသို့ ဝင်တတ်၏။ ထိုမာန အတ္တတို့ကို နားလည်မှုနှင့် ယုံကြည်မှုတို့ဖြင့်သာ ဖယ်ရှားနိုင်ပေ၏။
__________________________________________________________________________________
(Note- ရှင်းယီနန်းဆောင်မှာ လင်းမိုပြုံးပြလိုက်တဲ့ကလေးမလေးက ငှက်ကလေးပါ။ ငှက်ကလေးတွေဆိုတာ ဘယ်သူလွှတ်ထားလဲဆိုတာ သိမှာပါနော်။ လင်းမိုကတော့သူရဲ့တတိယရွေးချယ်မှုကို စတင်နေပါပြီ)
Zawgyi
လင္းမိုသည္ထြက္သြားၿပီးေနာက္ေန႔မွစ၍ ရက္သတၱပတ္လံုး အိမ္ေ႐ွ႕စံ၏ အေဆာင္သို႔ ေျခဦးမလွည့္ေတာ့ေခ်။ သူ႔အတြက္ ယခင္က ဘုရင္ႀကီးလီစီစဥ္ေပးေသာ အေဆာင္တြင္သာ သြားေရာက္ေနထိုင္ၿပီး ေန႔ေရာညေရာ အျပင္ထြက္သည့္ အခ်ိန္က မ႐ွိသေလာက္႐ွားပါးေနသည္။
အိပ္ေဆာင္တြင္ လင္းမိုသည္ ခုတင္ကို မွီၿပီး ပ်င္းတိပ်င္းရြဲထိုင္ေနသည္။ သူ၏ ေဘးနားတြင္ ေတာင္ပိုင္းက အမတ္ႀကီးႏွင့္ အျပန္အလွန္ပို႔ထားေသာ သဝဏ္လႊာတို႔ ျပန္႔က်ဲလွ်က္။ ေတာင္ပိုင္းတြင္ ကိစၥအေထြအထူးမ႐ွိေသာ္လည္း လင္းမိုက တမင္ အာရံုေျပာင္းေအာင္ အလုပ္မ်ားဖိလုပ္ေနျခင္းျဖစ္သည္။ သူသည္တစ္ခါမွမစစ္ဖူးေသာ အခြန္ေကာက္ခံမႈ စာရင္း၊ ေတာင္ပိုင္းႏိုင္ငံအခ်င္းခ်င္း ကုန္သြယ္မႈ အစ႐ွိသည္တို႔ကို အမတ္ႀကီးကို ပို႔ခိုင္းၿပီး ၾကည့္႐ႈစစ္ေဆးေလသည္။
ယခုလည္း ထိုသဝဏ္လႊာတို႔ကို စစ္ေဆးၿပီး ႏွစ္သစ္တြင္ အခြန္မည္သို႔ စည္းၾကပ္မည္ကို စဥ္းစားေနျခင္းျဖစ္သည္။ သူကိုယ္တိုင္ လုပ္စရာမလိုေသာကိစၥဆိုေသာ္လည္း ထိုအလုပ္ေတြသာ မလုပ္ပါက ေပါက္ကြဲထြက္မတတ္မြန္းၾကပ္ေနေသာ သူ႔စိတ္ကို သူထိန္းႏိုင္မည္မထင္။
တံခါးအျပင္က ေျခသံတို႔ႏွင့္အတူ အသံတစ္သံကို လင္းမိုၾကားလိုင္ရသည္။
"အ႐ွင့္ အတြက္ ေန႔လည္စာပို႔ဆက္ပါတယ္''
ေန႔လည္စာ...???
သူဘယ္အခ်ိန္က အစားေကာင္းေကာင္းစားခဲ့သည္ကိုပင္ လင္းမိုမမွတ္မိေတာ့။
"ဝင္ခဲ့...''
အေစခံတို႔ဝင္လာၿပီး လင္းမိုအတြက္ စားဖြယ္ရာတို႔ကို ႐ိုက်ိဳးစြာ ျပင္ဆင္ေပးသည္။ အသက္အႀကီးဆံုးျဖစ္ေသာ အေစခံအမ်ိဳးသမီးက လင္းမိုကို မဝံ့မရဲ ေလွ်ာက္တင္သည္။
"အ႐ွင္...ဒီရက္သတၱပတ္လံုးဘာကိုမွေကာင္းေကာင္းမစားရေသးဘူး။ နည္းနည္းေလး ဝင္သေလာက္ျဖစ္ျဖစ္စားလိုက္ပါ။ လိုအပ္ရင္ နန္းတြင္းသမားေတာ္ကို ေခၚၿပီး...''
လင္းမိုက သူ႔ကို စကားေျပာေနေသာ ထိုအမ်ိဳးသမီးကို တစ္ခ်က္ၾကည့္လိုက္သည္။ သူမွတ္မိသည္။ ထိုအေစခံအမ်ိဳးသမီးသည္ သူ ႏွင့္ လီခ်န္းယံုကို မၾကာခဏ စားပြဲ လာဆက္သသူပင္။ အမ်ိဳးသမီးေလွ်ာက္တင္ေသာစကားတို႔က လင္းမို၏ နားတြင္ေဝဝါးဝါး။
ထိုအစား သူ႔စိတ္အလ်ဥ္က တစ္စံုတစ္ေယာက္ေသာသူထံ ေရာက္သြားျပန္ေရာက္သြားသည္။ သူက အေစခံ အမ်ိဳးသမီးကိုၾကည့္ၿပီး ေမးလိုက္သည္။
"သူေရာ အစားစားလား''
လင္းမို၏ စကားကို အေစခံအမ်ိဳးသမီးနားလည္သည္။ သူမ အမွန္အတိုင္းသာ ေလွ်ာက္တင္လိုက္သည္။
"စိုးရြံ႕ပါတယ္အ႐ွင္...အိမ္ေ႐ွ႕စံ ဘာကိုမွ စားပြဲမတည္တာ ရက္ပိုင္းေလာက္႐ွိပါၿပီ။ ''
အမ်ိဳးသမီး၏ စကားတစ္ခြန္းက လင္းမို၏ ႏွလံုးသားတစ္ခုလံုးကို ဖ်စ္ညႇစ္လိုက္သလိုပင္။ ဆႏၵ႐ွိသလိုသာဆိုရင္ အိမ္ေ႐ွ႕စံအေဆာင္ဆီေျပးသြားၿပီး ဆူပူလိုက္ခ်င္သည္။
သို႔ေသာ္.....
လင္းမိုသက္ျပင္းကိုသာ ခ်ၿပီး အေဝးတစ္ေနရာကို အဓိပၸါယ္မဲ့ေငးေနသည္။ သူ၏ ျမင္လႊာတြင္ ႏွစ္သက္ေသာ အစားအေသာက္ေ႐ွ႕တြင္ ဟန္မေဆာင္ႏိုင္ေအာင္ ျပံဳးေပ်ာ္တတ္ေသာ လီခ်န္းယံု၏ ပံုရိပ္ကိုသာ ထပ္တလဲလဲျမင္ေနသည္။
အေစခံအမ်ိဴသမီးက တစ္စံုတစ္ခုကို ေျပာသင့္မေျပာသင့္ ခ်င့္ခ်ိန္ေနဟန္ျဖင့္ ေတြေဝေနသည္။ သူမၾကည့္ရသည္မွာ တစ္စံုတစ္ခုကို စိုးရိမ္ေနၿပီး ေလွ်ာက္တင္သင့္မသင့္ ေဝခြဲရလက္ေနဟန္ျဖစ္သည္။
လင္းမိုက အေစခံကိုတစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။
"ကိုယ္ေတာ့္ကို ေလွ်ာက္တင္စရာ႐ွိရင္ ေလွ်ာက္တင္ပါ''.
အမ်ိဳးသမီးလည္း ေတြေဝေနမႈကို အဆံုးသတ္ၿပီး ေလွ်ာက္တင္လိုက္သည္။
"အိမ္ေ႐ွ႕စံက စားဖိုေဆာင္တစ္ခုလံုးကိုမွာထားပါတယ္။ အ႐ွင္းပြဲေတာ္တည္မယ့္ ဟင္းလ်ာမျပင္ဆင္ႏိုင္သ၍ သူလည္း ဘာကိုမွ မတို႔ထိဘူးဆိုတာ...အဲ့ဒါေၾကာင့္ အ႐ွင္...ကြၽန္မတို႔ကို သနားရင္ နည္းနည္းေလာက္ျဖစ္ျဖစ္စားပါ''
လင္းမိုက သက္ျပင္း႐ွည္ႀကီး တစ္ခ်က္ခ်ၿပီး တူကို ေကာက္ကိုင္လိုက္သည္။ အေစခံအမ်ိဳးသမီးမွာ ယခုမွ ျပစ္မႈႀကီး က်ဴးလြန္ထားေသာသူလို သူမ၏ မ်က္ႏွာက ျဖဴဆုတ္ေနသည္။
"ဒါေပမယ့္ ကိုယ္ေတာ့္ကို အဲ့ဒီအေၾကာင္း မေျပာဖို႔ေတာ့ မင္းတို႔ကို မွာထားတယ္မလား၊ ကိုယ္ေတာ္နားလည္ၿပီမလို႔ စိတ္မပူပါနဲ႔''
လင္းမိုသိသည္။ ေျမာက္ပိုင္း၏ အိမ္ေ႐ွ႕စံ၏ မာနႏွင့္ ေခါင္းမာပံုသည္ ၿပိဳင္ဖက္ကင္း ႏွစ္ေယာက္မ႐ွိမွန္း။
မာနတို႔ လြန္ဆြဲသည့္ပြဲတြင္ သူအ႐ႈံးမေပးလိုေသာ္လည္း လီခ်န္းယံု ဘာမွစားပဲ ဒုကၡခံေနသည္ကိုေတာ့ သူမသိခ်င္ေယာင္မေဆာင္ႏိုင္။
လင္းမိုက သူ႔စားပြဲေ႐ွ႕က ဟင္းလ်ာႏွင့္ ထမင္းတို္္႔ကိုၾကည့္ၿပီး တိုးတိုးေလး ေရရြတ္လိုက္သည္။
"ေကာင္းၿပီ ခ်န္းယံု...ေနာက္တစ္ႀကိမ္ ငါကပဲ အ႐ႈံးေပးပါမယ္''
ထိုေန႔က လင္းမိုသည္ ေန႔လည္စာကို ကုန္စင္ေအာင္ စားခဲ့ၿပီး အေစခံတို႔လည္း ထိုအခါမွ စိတ္သက္သာရာရစြာ ျပန္သြားႏိုင္ခဲ့ၾကသည္။
အိမ္ေ႐ွ႕စံ၏ အေဆာင္တြင္ေတာ့ က်ိဳးပဲ့ေနေသာ ပစၥည္းမ်ားက ဒီအတိုင္း႐ွိေနဆဲပင္။ သို႔ေသာ္ အရင္ေန႔က လီခ်န္းယံု ႐ိုက္ခ်ိဳးခဲ့ေသာ အရာမ်ားမဟုတ္ပဲ သူေနာက္ထပ္ ထပ္ၿပီး ႐ိုက္ခ်ိဳးထားျခင္းျဖစ္သည္။
ယခုတေလာ လီခ်န္းယံုသည္ သူ၏ အေဆာင္တြင္႐ွိမေနေခ်။ ညအ္ပ္ခ်ိန္မွသာ ျပန္ေရာက္လာသည္။ လီခ်န္းယံုမေနခ်င္ရသည့္ အေၾကာင္းကေတာ့ သူ႔အေဆာင္ေ႐ွ႕က ႐ွင္းယီသည္ တစ္ေန႔တစ္ေန႔ သူမကိုယ္သူမ လွပေအာင္ ျပင္ဆင္ၿပီး လင္းမို၏ နန္းေဆာင္သို႔ ေခ်ာင္းေပါက္မတတ္သြားေနေသာေၾကာင့္ ျဖစ္သည္။
ထိုေန႔မနက္တြင္ လီခ်န္းယံုသည္ ညီလာခံမွျပန္လာၿပီး စစ္ေရးေလ့က်င့္ရာကြင္းျပင္သို႔သြားရာတြင္ ေလ့က်င့္ေရးဝတ္စံုလဲရန္လိုအပ္ေသာေၾကာင့္ အေဆာင္သို႔ ျပန္လာခဲ့သည္။ သူခဲ့ နန္းေဆာင္ေ႐ွ႕လမ္းခ်ိဳးတြင္ လူႏွစ္ေယာက္မတ္တပ္ရပ္ၿပီး စကားေျပာေနၾကသည္။
ထိုသူတို္႔က လင္းမိုႏွင့္ ႐ွင္းယီ...
လင္းမိုသည္ မည္သည့္အခါမွွ် ႐ွင္းယီကို နန္းေဆာင္သို႔ ျပန္လိုက္မပို႔။ ယေန႔က်မွ သူလိုက္ပို႔သည္ကို လီခ်န္းယံုႏွင့္ တည့္တည့္တိုးေလသည္။
လီခ်န္းယံုက သူ၏ မ်က္စိေ႐ွ႕တြင္ ျမင္ရေသာ လူႏွစ္ေယာက္ကို ျမင္ရေသာ အခိုက္အတန္႔က သူေလာကတစ္ခုလံုး ေျဗာင္းဆန္သြားသလိုပင္။ သူေ႐ွ႕မွာမွ ႏူးညံ့စြာျပံဳးခဲ့ေသာ လင္းမိုက ယခုေတာ့ တစ္ပါးသူကို ႏူးညံ့ခ်ိဳသာစြာ ဆက္ဆံေနသည္။
နန္းေဆာင္ေ႐ွ႕တည့္တည့္တြင္ျဖစ္ေသာေၾကာင့္ ယခုမွ အျခားလမ္းက ေ႐ွာင္ကြင္းပတ္သြားရန္မွာလည္း မျဖစ္ႏိုင္။ လီခ်န္းယံုသည္ သူ၏ စိတ္ကို အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္ၿပီး ထိုလူႏွစ္ေယာက္ေ႐ွ႕ကို တည္ၿငိမ္ေသာ ေျခလွမ္းတို႔ုျဖင့္ ဦးတည္သြားလိုက္သည္။
လင္းမိုက သူ႔ဆီလွမ္းလာေသာ လီခ်န္းယံုကို တစ္ခ်က္ၾကည့္လိုက္သည္။ လီခ်န္းယံုသည္ သိသာစြာပိန္မသြားေသာ္လည္း မ်က္ႏွာက အနည္းငယ္ေခ်ာင္က်ေနသည္။ သူ၏ လက္တို႔က အနာတရျဖစ္ထားဟန္ျဖင့္ ပတ္တီးတို႔ျဖင့္ စည္းေႏွာင္ထားသည္။ တစ္ပတ္ခန္႔မေတြ႔ရဘဲ ပထမဆံုးအႀကိမ္ေတြ႔လိုက္ရေသာ လီခ်န္းယံု၏ အေျခအေနကိုၾကည့္ၿပီး လင္းမို၏ ႏွလံုးသားတစ္ခုလံုး ဆြဲႏုတ္ခံရသလိုခံစားလိုက္ရသည္။
သူ၏ စိတ္အလိုရဆိုလွ်င္ လီခ်န္းယံုကို ရင္ခြင္ထဲဆြဲသြင္းၿပီး ဘယ္ေတာ့မွ လႊတ္မေပးခ်င္ေတာ့ေပ။ သို႔ေသာ္ ယခုအေျခအေန၍ ထိုသို႔ျပဳမူလိုက္ပါက သူစီစဥ္ထားသမွ် တလြဲတေခ်ာ္ျဖစ္သြားႏိုင္သည္။
လင္းမိုက သူ႔စိတ္ကို ထိန္းခ်ဳပ္ၿပီး အနားေရာက္လာေသာ လီခ်န္းယံုကို မသိခ်င္ေယာင္ေဆာင္ထားသည္။
အႏွီေျမေခြးလိုမိန္းမ႐ွင္းယီသည္ လီခ်န္းယံုအနားေရာက္လာမွ လင္းမို၏ လက္ေမာင္းကို အတင္းဆုပ္ကိုင္လိုက္ၿပီး သူမ၏ အသံဆာဆာႏွင့္ စကားေျပာသည္။
"အ႐ွင္...႐ွင္းယီကို အခုလိုနန္းေဆာင္လိုက္ပို႔တာ ေက်းဇူတင္ပါတယ္''
လင္းမို၏ မ်က္ဝန္းတို႔က ထိုအခိုက္အတန္႔တြင္ အလြန္ခက္ထန္သြားသည္။ သူသည္ ႐ွင္းယီ တမင္လုပ္ေနမွန္းသိသည္။ တစ္ဖက္ကလည္း သူ လီခ်န္းယံုမည္သို႔တံု႔ျပန္မည္ကို သိလိုလွသည္။ သို႔ေၾကာင့္ သူသည္ ႐ွင္းယီကို ခြန္းတံု႔ျပန္ေျပာလိုက္သည္။
"ရပါတယ္ ကိုယ္ေတာ့္အတြက္ခဲယဥ္းတဲ့ကိစၥမဟုတ္ပါဘူး''
ထိုစကားမ်ားသည္ လီခ်န္းယံု၏ နားထဲသို႔ ကန္႔လန္႔ျဖတ္ဝင္ေရာက္လာသည္။ သူက ဆက္လက္မသိခ်င္ေယာင္ေဆာင္ၿပီး နန္းေဆာင္သို႔သြားရန္ျပင္ဆင္မွာပင္ ႐ွင္းယီက သူ႔ကို စကားလွမ္းေျပာသည္။
"အိမ္ေ႐ွ႕စံပါလား...ညီလာခံကျပန္လာတာလား။ ႐ွင္းယီ မျမင္လို႔ မႏႈတ္ဆက္ႏိုင္တာ ခြင့္လႊတ္ပါ''
ထိုစကားေၾကာင့္ လီခ်န္းယံုမွာ စကားမျဖစ္မေနျပန္ေျပာရေတာ့မည္ ျဖစ္ေၾကာင္းနားလည္လိုက္သည္။ သူက လင္းမိုက တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး အျပံဳးတုတစ္ခုကိုဆင္ျမန္းၿပီး စကားျပန္ေျပာသည္။
"ရပါတယ္...အိမ္ေ႐ွ႕စံတစ္ေယာက္လံုးကို မျမင္ႏိုင္ေအာင္ ျဖစ္ေနမွေတာ့ ႏႈတ္ဆက္စရာမလိုပါဘူး''
လီခ်န္းယံု၏ စကားေၾကာင့္ ႐ွင္းယီ၏ မ်က္ႏွာ ပ်က္ယြင္းသြားသည္။ သူမသည္ ေတာင္ပိုင္းဘုရင္အားကိုးျဖင့္ ထိုစကားကို ဆိုရဲေသာ္လည္း အိမ္ေ႐ွ႕စံသည္ တစ္ခ်ိန္တြင္ေျမာက္ပိုင္း၏ ဘုရင္ျဖစ္လာမည့္သူျဖစ္သည္။ သူမအေပၚ စိတ္ကြက္သြားပါက အိမ္ေတာ္အတြက္ မေကာင္းေၾကာင္း နားလည္ထားေလသည္။
လင္းမိုက လီခ်န္းယံု၏ တစ္ကိုယ္လံုးကို ေစ့စပ္စြာၾကည့္ေလ အနာတရျဖစ္ထားေသာ ေနရာမ်ားကို ျမင္လာေလျဖစ္သည္။ သူမေနႏိုင္ေတာ့ပဲ လီခ်န္းယံု၏ လက္ကိုၾကည့္ၿပီး ေမးလိုက္သည္။
"ေျမာက္ပိုင္းအိမ္ေ႐ွ႕စံ လက္က ဒဏ္ရာရထားတာလား''
လီခ်န္းယံုက လင္းမိုကိုစိုက္ၾကည့္လိုက္သည္။ သူသည္ လင္းမို၏ မ်က္ဝန္းထဲတြင္ စိုးရိမ္ေသာ အရိပ္အေယာင္တို႔႐ွိသည္ဟု မခံစားရပဲ တမင္သပ္သပ္ေလာကြတ္စကားဟုသာ ျမင္ေလသည္။
"စိတ္ပူမႈကို ေက်းဇူးတင္ပါတယ္အ႐ွင္...ဒါေပမယ့္ ႀကီးက်ယ္တဲ့ဒဏ္ရာမဟုတ္ပါဘူး။ ကိစၥအေထြအထူးမ႐ွိရင္ ခြင့္ျပဳပါဦး''
ေျပာၿပီး လီခ်န္းယံု လွည့္ထြက္သြားသည္။ သူက သူ႔ေနာက္တြင္ က်န္ခဲ့သည့္ လင္းမိုႏွင့္ ႐ွင္းယီကို ထပ္မံမေတြ႔လိုေတာ့ေပ။
ထိုေန႔က ႐ွင္းယီသည္ သူမအေဆာင္ကို လင္းမို လိုက္ပို႔ေသာေၾကာင့္ ေပ်ာ္ရႊင္ေနသည္။ သူမက လင္းမိုကို လက္ဖက္ရည္ၾကမ္းအတူေသာက္ၿပီး စကားစျမည္ေျပာရန္လည္း ဖိတ္ေခၚေလသည္။
လင္းမိုသည္ သူ႔ကို အပိုင္ခ်ည္ရန္ႀကိဳးပမ္းေနေသာ ေျမေခြးမ၏ အၾကံအစည္ကို သိထားေသာ္လည္း သူသည္ ထိုေျမေခြးမ၏ ေျခလွမ္းအမွားကို ေစာင့္ေနသူျဖစ္သည့္အေလ်ာက္ ဖိတ္ေခၚမႈကို လက္ခံလိုက္သည္။
အေဆာင္တြင္းတြင္ ႐ွင္းယီသည္ လင္းမိုအတြက္ လက္ဖက္ရည္ၾကမ္းကို ကိုယ္တိုင္ျပင္ဆင္ေပးၿပီး ခ်ိဳသာေသာစကားတို႔ုကို တတြတ္တြတ္ဆိုေနေခ်သည္။ လင္းမိုေနရာတြင္ အျခားတစ္ေယာက္သာဆိုပါက အျပစ္ကင္းဟန္ေဆာင္ထားေသာ အႏွီေျမေခြးမ၏ ေက်ာ့ကြင္းေအာက္ေရာက္သြားေပေတာ့မည္။
"အ႐ွင့္...ၾကည့္ရတာ ဒီလက္ဖက္ရည္ၾကမ္းကိုသေဘာမက်ဘူးထင္တယ္။ ႐ွင္းယီအသစ္ျပင္ေပးမယ္''
လင္းမိုက သူျမည္းစမ္းေသာက္ေနေသာ လက္ဖက္ရည္ၾကမ္းပန္းကန္ကို ခ်ထားၿပီး ျပန္ေျပာသည္။
"ကိုယ္ေတာ္ သေဘာမက်တာ လက္ဖက္ရည္ၾကမ္းကို မဟုတ္ဘူး။ မင္းကို...''
"႐ွင္!!!''
လင္းမို၏ စကားေၾကာင့္ ႐ွင္းယီ၏ မ်က္ႏွာမွာ ၿပိဳေတာ့မည့္မိုးလို မဲေမွာင္သြားသည္။
"ကိုယ္ေတာ့္ရဲ႕ မိဖုရားျဖစ္ဖို႔က သတ္မွတ္ခ်က္ေတြ အမ်ားႀကီး႐ွိတယ္။ ဝမ္းနည္းဖို႔ေကာင္းတာက မင္းကတစ္ခုမွမမွီဘူး''
လင္းမိုက ထိုစကားတို႔ကို ႐ွင္းယီကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ၿပီး ေျပာေနျခင္းျဖစ္သည္။
"အထူးသျဖင့္ မင္း႐ုပ္ရည္...လံုးဝဆြဲေဆာင္မႈမ႐ွိဘူး။ သူမ်ားေတြ မင္းကို လွတယ္လို႔ ခ်ီးေျမႇာက္ၾကတာ အလိမ္အညာစကားေတြပဲ။''
႐ွင္းယီမွာ သူမ၏ ႐ုပ္ရည္ႏွင့္ ပတ္သက္၍ အေျပာခံလိုက္ရေသာအခါ ေဒါသေၾကာင့္ လက္မ်ားတဆတ္ဆတ္တုန္လာသည္။
"ေနာက္ဆံုးတစ္ခ်က္က ကိုယ္ေတာ္က မင္းကို စိတ္တိမ္းၫႊတ္ေနလို႕ နန္းေဆာင္ျပန္လိုက္ပို႔တယ္လို႔ထင္ေနတာမလား။ တကယ္က ကိုယ္ေတာ္ေတြ႔ခ်င္တဲ့လူ႐ွိလို္႔ပါ။ ေတြ႔ၿပီးၿပီဆိုေတာ့ ကိုယ္ေတာ္ ျပန္ေတာ့မယ္''
လင္းမိုက ေျပာၿပီး မတ္တပ္ရပ္ကာ ထျပန္ရန္ျပင္ေလသည္။
သူက နန္းေဆာင္တံခါးဝေရာက္မွ ေနာက္သို႔ျပန္လွည့္ၿပီး ေျပာလိုက္သည္။
"ေအာ္...ေမ့လို႔...လက္ဖက္ရည္ၾကမ္းကတကယ္ေသာက္လို႔ေကာင္းတယ္။ ေနာက္ေန႔အဆင္ေျပရင္ ကိုယ္ေတာ္ျမည္းစမ္းၾကည့္ခ်င္ေသးတယ္''
ထိုစကားကိုေျပာေသာ လင္းမို၏ ႏႈတ္ခမ္းေထာင့္စြန္းတို႔က အဓိပၸါယ္ေဖာ္ရခက္စြာ ေကြးၫြတ္ေနသည္။ သူက ျပန္အထြက္တြင္ ႐ွင္းယီ၏ အေစခံမေလးကို တစ္ခ်က္ၾကည့္လိုက္သည္။ အေစခံမေလးသည္ အသက္ဆယ့္ႏွစ္ႏွစ္သာ ကေလးမေလးျဖစ္သည္။ ထိုကေလးမေလးက လင္းမိုကို ျပန္ျပံဳးျပသည္။ လင္းမိုက ေခါင္းၿငိမ့္ျပၿပီး ႐ွင္းယီ၏ အေဆာင္မွ ထြက္ခြာ သြားေတာ့သည္။
လင္းမို ျပန္ထြက္အလာတြင္ ေလ့က်င့္ေရးဝတ္စံုအျပည့္ျဖင့္ လီခ်န္းယံုကို ေတြ႔လိုက္ရသည္။ မ်က္ႏွာခ်င္းဆိုင္လာေနေသာ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္၏ မ်က္ဝန္းကို တစ္ေယာက္စိုက္ၾကည့္ေနၾကသည္။ တည္ၿငိမ္ေသာ ေအးေဆးေသာ ေျခလွမ္းကိုယ္စီျဖင့္ ဆန္႔က်င္ဘက္ အရပ္မ်က္ႏွာတို႔ကို ဦးတည္ၿပီးထြက္လာၾကသည္။
တစ္ခါတစ္ရံ မာနႏွင့္ အတၱတို႔သည္ ခ်စ္ျခင္းေမတၱာ၏ၾကားသို႔ ဝင္တတ္၏။ ထိုမာန အတၱတို႔ကို နားလည္မႈႏွင့္ ယံုၾကည္မႈသည္သာ ေျဖ႐ွင္းႏိုင္စြမ္း႐ွိေလသည္။
__________________________________________________________________________________
(Note- ႐ွင္းယီနန္းေဆာင္မွာ လင္းမိုျပံဳးျပလိုက္တဲ့ကေလးမေလးက ငွက္ကေလးပါ။ ငွက္ကေလးေတြဆိုတာ ဘယ္သူလႊတ္ထားလဲဆိုတာ သိမွာပါေနာ္။ လင္းမိုကေတာ့သူရဲ႕တတိယေရြးခ်ယ္မႈကို စတင္ေနပါၿပီ)