နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၃၂ (Zawgyi + Unicode)

11.5K 2.1K 62
By Kay_Wine

{Zawgyi}

အဲ့လိုနဲ႔ ထြက္သြားဖို႔မလုပ္ခဲ့သလိုမ်ိဳး ေနာက္ျပန္လွည့္လိုက္တယ္။ သူကခက္ခဲနက္နဲလွတဲ့အမူအယာနဲ႔ အမ်ိဳးသား၊အမ်ိဳးသမီး အုပ္စုလိုက္ႀကီးကို ေနာက္ေက်ာေပးထားရင္း ေျပာလိုက္တယ္ “မင္းတို႔အားလုံးက ငယ္႐ြယ္ၿပီး လွပၾကတာပဲကို ဒီလိုမ်ိဳးႀကီး ေသခ်င္ၾကတာလား?”

အစတုန္းကေတာ့ သူဒီလိုစကားေတြကို ဘယ္လိုမွမရည္႐ြယ္ပဲေျပာလိုက္တာျဖစ္တယ္။ သူဒီတိုင္း သက္သက္မဲ့ၾကည့္ေနတဲ့သူေတြကို စစ္ေဆးခ်င္ေယာင္ေဆာင္ေနျပတာျဖစ္တယ္။ သူအကုန္လုံးကို အကြက္ခ်စီစဥ္ၿပီးေနၿပီ။ သူ႔ေနာက္ကလူေတြ ဘာမွျပန္မေျပာရင္ ေနာက္ထပ္ၿခိမ္းေျခာက္တဲ့စကား နည္းနည္းပါးပါးထပ္ေျပာၿပီးေတာ့ ထြက္သြားမယ္ေပါ့။

သူမထင္ထားခဲ့တာက သူကအေတာ္ေလးဟိတ္ဟန္ေကာင္းလြန္းခဲ့ၿပီး ေလသံက အရမ္းနက္ရႈိင္းသြားတာကိုပဲ။ အခုနက သူထိကိုင္လိုက္တဲ့ အမ်ိဳးသမီးေလးက ေၾကာက္လန႔္တၾကား ေအာ္ဟစ္လာတယ္ “ကြၽန္မမေသခ်င္ေသးဘူး! မေသခ်င္ဘူး! ေတာင္းပန္ပါတယ္.. ကြၽန္မကိုလႊတ္ေပးၾကပါ! ကြၽန္မမေသခ်င္ေသးဘူး!”

ပိုင္ရန္က ေအးစက္ခ်င္ေယာင္ေဆာင္ေနရင္းက “ဒါဆိုလည္း ေျပာေလ၊ မင္းသိသမွ်ေတြကို ဝန္ခံရင္ ငါနတ္ဆိုးဘုရင္ႀကီးဆီမွာ မင္းကိုလႊတ္ေပးဖို႔ ေတာင္းဆိုေပးမယ္”

ပိုင္ရန္က်ိန္ဆိုလိုက္တယ္။ ပိုင္ရန္ အေနာက္ကအေစာင့္ေတြၾကားေအာင္ ဒီတိုင္းဟန္ျပေနတာသာျဖစ္ၿပီး အမွန္တကယ္ လွ်ိဳ႕ဝွက္ခ်က္ကို ရလိုတာေၾကာင့္မဟုတ္ဘူး။

သူ TVမွာေတြ႕ခဲ့ရတဲ့ ဗီလိန္ေတြလိုမ်ိဳး ေအးတိေအးစက္ေလသံနဲ႔ ေျဖးေျဖးခ်င္းဆက္ေျပာတယ္ “ဒီေလာက္လူေတြအမ်ားႀကီးထဲမွာ တစ္ေယာက္ေလာက္ကေတာ့ တစ္ခုခုသိသင့္တယ္… လွ်ိဳ႕ဝွက္ခ်က္ကို ဝန္ခံတဲ့ပထမဆုံးလူကို အသက္ခ်မ္းသာေပးမယ္လို႔ ငါေတြးထားတာ၊ ဒုတိယလူကေတာ့… ဟင္းဟင္း… ေနာက္ထပ္ အခြင့္အေရးဆိုတာ ရွိလာႏိုင္မွာမဟုတ္ဘူး”

သူလူအုပ္ဘက္ကို ျပန္လွည့္လိုက္ၿပီး ေလးေလးနက္နက္ၿပဳံးကာ ဆက္ေျပာလိုက္တယ္ “အဲ့ေတာ့ ငါ့ကို ဘယ္သူအရင္ဆုံးေျပာျပမလဲ?”

သူ႔မွာ နဂိုတည္းက အႀကံရွိေနၿပီးသား။ တကယ္လို႔ တစ္ေယာက္မွမေျပာရင္ ဒီတိုင္းၿခိမ္းလားေျခာက္လား စကားနည္းနည္းေလာက္ေျပာၿပီးတာနဲ႔ ျပန္ထြက္ေတာ့မယ္ေပါ့။

သူထိုလူအုပ္ကို ေျခဆုံးေခါင္းဆုံးစိုက္ၾကည့္ေနလိုက္တယ္။ သူတို႔ေတြ တုန္လႈပ္ၿပီး ေၾကာက္႐ြံ႕မႈေတြက မ်က္ႏွာေပၚမွာ အထင္းသားေပၚလြင္ေနတယ္။

“အရွင္ရွဲ႕ ကြၽန္ေတာ္တို႔အကုန္လုံး သူတို႔ကို ေမးၿပီးပါၿပီ၊ သူတို႔ဘာမွမသိၾကပါဘူး” အေစာင့္က ေရွ႕ကိုတိုးၿပီး စကားဆိုလာတယ္။

ပိုင္ရန္ကေတာ့သူ႔လက္သည္းကိုသူ စိမ္ေျပနေျပၾကည့္ေနတယ္ “သူတို႔ ခနေလာက္ေမ့ေနၾကတာေနမွာ၊ အခုေတာ့ အခ်ိန္နည္းနည္းေပးလိုက္ရင္ သူတို႔ျပန္တည္ၿငိမ္သြားၿပီး တခုခုေတာ့ မွတ္မိလာမွာေပါ့”

သူေခါင္းကိုေမာ့လိုက္ၿပီး လူအုပ္ႀကီးကို ခပ္ညစ္ညစ္ၿပဳံးျပလိုက္ကာ “မင္းတို႔ လက္ခံတယ္မွတ္လား?”

သူတို႔ေတြပိုေတာင္ ေၾကာက္႐ြံ႕သြားၾကတယ္။

ပိုင္ရန္ ဆက္ၿပီးၿပဳံးရင္း ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ ျပန္ေျပာတယ္ “တကယ္လို႔မင္းတို႔ ဘာမွမမွတ္မိဘူးဆိုရင္ေတာ့ မင္းတို႔ေတြက အသုံးမက်တဲ့လူအုပ္ႀကီးပဲ၊ ဒီေန႔ၿပီးတာနဲ႔ မင္းတို႔ကိုယ့္လမ္းကိုယ္ေလွ်ာက္ရေတာ့မယ္”

ပိုင္ရန္တိတ္တိတ္ေလး သူ႔ဘာသာ လက္မေထာင္လိုက္တယ္။ မဆိုးဘူး၊ မဆိုးဘူးပဲ! သူ႔ဆီမွာ ဗီလိန္လိုစ႐ိုက္မ်ိဳး တကယ္ႀကီးရွိေနတာပဲ!

တစ္ေယာက္မွျပန္မေျဖၾကဘူး။

တစ္ေယာက္မွမေျဖလည္း ကိစၥမရွိဘူး။

ပိုင္ရန္ျပန္ဖို႔ လွည့္လိုက္တယ္။ အဲ့အခ်ိန္မွာပဲ ေၾကာက္႐ြံ႕ေနတဲ့အသံတစ္သံ သူ႔ေနာက္ကပဲ့တင္ထြက္လာတယ္။ “ကြၽန္မေျပာမယ္၊ ကြၽန္မေျပာမယ္!”

What?

What, what?

What, what, what?

ပိုင္ရန္မယုံၾကည္ႏိုင္စြာေနာက္ျပန္လွည့္ၿပီး သူခုနကထိကိုင္ခဲ့တဲ့ အလွေလးကိုစိုက္ၾကည့္လိုက္တယ္။ ထိုအလွေလးက တစ္အုပ္စုလုံးမွာ အလွပဆုံးျဖစ္တယ္။ သူမကငယ္႐ြယ္ၿပီး ႏွစ္သက္ဖြယ္ကိုယ္လုံးကိုယ္ေပါက္ေလးနဲ႔ မ်က္ႏွာအစိတ္အပိုင္းေလးေတြကလည္း ဆြဲေဆာင္မႈရွိတယ္။ သူမရဲ႕အလွအပက တိုင္းျပည္ေတြေတာင္ ကေျပာင္းကျပန္ျဖစ္ႏိုင္ေလာက္တယ္။ သူမမ်က္လုံးမွာက မ်က္ရည္ၾကည္ေလးေတြနဲ႔…။ အဲ့တာကိုျမင္တဲ့သူတိုင္း သူတို႔အသည္းေတြေတာင္ အရည္ေပ်ာ္သြားေလာက္တယ္။

“မင္းဘာေျပာမွာလဲ?” ပိုင္ရန္လည္း မယုံလုနီးပါးေတာင္ျဖစ္သြားတယ္။ ငါကဒီတိုင္းၿခိမ္းေျခာက္လိုက္တာ၊ အဲ့တာေတာင္ တစ္ေယာက္ေယာက္က ၿခိမ္းေျခာက္တာကို ေၾကာက္သြားတယ္ေပါ့?

အေစာင့္ကလည္း ဒီအလွေလးေျပာလာမယ္လို႔ မထင္ခဲ့ဘူး။ သူအံ့ၾသသြားၿပီး ေရွ႕တိုးကာေအာ္လိုက္တယ္ “ဒါဆိုရင္လည္း ျမန္ျမန္ေျပာေတာ့!”

ထိုအလွေလးက “ေျပာပါ့မယ့္၊ ကြၽန္မေျပာျပပါ့မယ္… အေနာက္ပိုင္းနတ္ဆိုးအရွင္ရွာေတြ႕ခဲ့တဲ့ရတနာက နိဗၺၺာန္ပုလဲလို႔ေခၚပါတယ္၊ က်င့္ႀကံျခင္းကိုပိုၿပီး ျမန္ျမန္ဆန္ဆန္တိုးတက္ၿပီး အားေကာင္းတဲ့အကာအကြယ္ျဖစ္ေစတဲ့အျပင္ သူ႔ရဲ႕အႀကီးမားဆုံးလုပ္ေဆာင္ႏိုင္တာက နိဗၺၺာန္မွာျပန္လည္ေမြးဖြားႏိုင္တာပဲ”

“နိဗၺၺာန္မွာျပန္လည္ေမြးဖြားတယ္?” ပိုင္ရန္မ်က္ေမွာင္ၾကဳတ္သြားတယ္။

“ဟုတ္ပါတယ္”

“နိဗၺၺာန္မွာျပန္လည္ေမြးဖြားရေတာ့ ဘာေတြျဖစ္လာမွာလဲ? အဲ့တာျပန္လည္ရွင္သန္ျခင္း မဟုတ္လား? မင္းမဟုတ္တာေတြေျပာရင္ ေနာက္ဆက္တြဲျဖစ္လာမယ့္ အက်ိဳးဆက္ကိုသိတယ္ေနာ္?” ပိုင္ရန႔္ေလသံက ေရခဲတမွ်ေအးစက္ေနတယ္။

အလွေလးက တစ္ကိုယ္လုံးတုန္ရီေနၿပီး ခပ္ျမန္ျမန္ျပန္ေျပာတယ္ “ျပန္လည္ေမြးဖြားတာမဟုတ္ဘူး၊ နိဗၺၺာန္ပုလဲပိုင္ရွင္ေတြက သူတို႔ရဲ႕ဝိဉာဥ္ကို တျခားတစ္ေယာက္ရဲ႕ကိုယ္ထဲေျပာင္းလိုက္လို႔ရတယ္… ရာဇဝတ္သားေတြက အႏၲရာယ္မ်ားတဲ့ဘဝမွာရွင္သန္ၾကရတာ ၿပီးေတာ့လည္း အသက္ရွင္ဖို႔ဆိုတာ မေသခ်ာဘူး၊ ဒါေပမယ့္ နိဗၺၺာန္ပုလဲနဲ႔ဆိုရင္ေတာ့ ရွင္သန္ႏိုင္ၿပီး ကိုယ့္ရဲ႕ဝိဉာဥ္က်င့္ႀကံျခင္းကိုေတာင္ ထိန္းသိမ္းထားႏိုင္တယ္”

ဒီလိုဟာမ်ိဳးရွိေသးတယ္လား?

သူမဝန္ခံၿပီးသြားေတာ့ ပိုင္ရန္နဲ႔အေစာင့္ ႏွစ္ေယာက္လုံးတစ္ခ်ိန္တည္းမွာ ျပႆနာတစ္ခုကို ေတြးမိသြားတယ္။

“ဒါဆိုရင္ အေနာက္ပိုင္းအရွင္က တစ္ေယာက္ေယာက္ကိုယ္ကိုယူၿပီး ထြက္ေျပးသြားႏိုင္တာေပါ့” အေစာင့္ကေျပာၿပီး တျခားသူေတြထပ္ေခၚကာ ေဘးအခန္းကိုဦးတည္လိုက္တယ္။

ပိုင္ရန္လည္း သူတို႔ေနာက္က လိုက္သြားတယ္။

သူတို႔ေတြအေနာက္ပိုင္းနတ္ဆိုးအရွင္ကို ဖမ္းမိလိုက္တုန္းက သူ႔ကိုအခန္းသက္သက္မွာ ပိတ္ထားၿပီး ထြက္မေျပးႏိုင္ေအာင္ အျပင္ဘက္မွာအေစာင့္ေတြ ခ်ထားခဲ့တယ္။ အဲ့လိုမလုပ္ရင္ သူလြတ္ေျမာက္သြားႏိုင္တယ္။

ေသခ်ာတာေပါ့၊ အေစာင့္ကတံခါးကုိဖြင့္လိုက္တဲ႔အခ်ိန္မွာ သံၾကိဳးေတြနဲ႔တုပ္ေႏွာင္ထားတဲ႔ အေနာက္ပိုင္းနတ္ဆိုးအရွင္က ေျမျပင္ေပၚကိုလဲက်ေနျပီ။

ပိုင္ရန္အျမန္ သူ႔အသက္ရႈလမ္းေၾကာင္းကို စစ္ေဆးၾကည့္လိုက္ေတာ့ အသက္မရွိေတာ့ေၾကာင္း သိလိုက္ရတယ္။

အေနာက္ပိုင္းနတ္ဆိုးအရွင္ၾကီး ေသသြားျပီ။

မဟုတ္ေသးဘူး၊ သူတစ္ေယာက္ေယာက္ရဲ႕ ကိုယ္ထည္ကိုအသံုးျပဳျပီး လြတ္ေျမာက္သြားတာျဖစ္ရမယ္!

တကယ္လို႔ နိဗၺာန္ပုလဲက ၀ိဥာဥ္ရဲ႕က်င့္ၾကံျခင္းကို ထိန္းထားေပးႏိုင္တယ္ဆိုရင္ အေနာက္ပိုင္းနတ္ဆိုးအရွင္ရဲ႕စြမ္းအားေတြကလည္း အရင္တိုင္းရွိေနအံုးမွာပဲ။

ပိုင္ရန္ေခါင္းကိုေမာ့လိုက္တယ္ “ေသစမ္း”

“အရွင္ရွဲ႕?”

ပိုင္ရန္တျခားသူေတြကို ဂရုမစိုက္ႏိုင္ေတာ့ဘဲ နတ္ဆိုးဘုရင္ၾကီးေနထိုင္ေနတဲ႔ နန္းေတာ္ေဆာင္ဆီကို တိုက္ရိုက္ကူးေျပာင္းသြားလိုက္တယ္။

အေစာင့္္ခမ်ာ ပိုင္ရန္မေပ်ာက္သြားခင္ ေလျပင္းတိုက္တာကုိပဲ ခံလိုက္ရတယ္။

ပိုင္ရန္နတ္ဆိုးဘုရင္ၾကီးရွိေနတဲ႔ နန္းေဆာင္ကိုေရာက္လာေတာ့ ဘာမွမျဖစ္ဖို႔ပဲတိတ္တိတ္ေလးဆုေတာင္းေနမိတယ္။ နတ္ဆိုးဘုရင္ၾကီးက အခုထိအမိန္႔ကိုေတာင္မခ်မွတ္ရေသးဘူး။ သူသာေသသြားရင္ ေလာ့က်န္းဖန္တစ္ေယာက္ ဇာတ္လိုက္ေနာက္ကိုလိုက္ေတာ့မွာ..။

တကယ္လို႔သူသာေသသြားရင္ လူသားနယ္ေျမကိုသြားတဲ႔ျဖတ္လမ္းက ေလာ့က်န္းဖန္ရဲ႕လက္ထဲကိုက်ေရာက္သြားမွာ။ သူ႔လိုမ်ိဳးကလိန္ကက်စ္က်တတ္တဲ႔လူစားမ်ိဳးနဲ႔ အဆက္အႏြယ္လုပ္ရမွာထက္ နတ္ဆိုးဘုရင္ၾကီးနဲ႔ပဲ  အိမ္တြင္းအခန္းဆက္ေတြပဲ ဆက္ဟန္ေဆာင္ေနလိုက္မယ္။

ေကာလဟာလေတြအရ အေနာက္ပိုင္းနတ္ဆိုးအရွင္က အျငိဳးၾကီးျပီး ေမာက္မာတဲ႔လူတစ္ေယာက္ျဖစ္တယ္ဆိုပဲ။ အဲ႔လိုသာမဟုတ္ရင္ သူဘယ္လိုမွနတ္ဆိုးဘုရင္ၾကီးကို စတင္ပုန္ကန္တာျဖစ္ျဖစ္ စိန္ေခၚတာျဖစ္ျဖစ္ လုပ္မွာမဟုတ္ဘူး။

လြတ္ေျမာက္ျပီးေနာက္ သူလုပ္ႏိုင္တာႏွစ္ခုပဲရွိတယ္။ လြတ္ေအာင္ေျပးမလား ဒါမွမဟုတ္ နတ္ဆိုးဘုရင္ၾကီးကို ရွာျပီးလက္တုန္႔ျပန္မလား…။ အေနာက္ပိုင္းနတ္ဆိုးဘုရင္ရဲ႕အက်င့္စရိုက္အရဆိုရင္ေတာ့ သူဆံုးရႈံးႏိုင္ေခ်ကို လ်စ္လ်ဴရႈျပီး နတ္ဆိုးဘုရင္ၾကီးကို သြားလုပ္ၾကံမွာကိုပဲ ပိုင္ရန္စိုးရိမ္မိတယ္။ လူတိုင္းက ေအးေအးလူလူနဲ႔ သတိမထားမိတာကို အခြင့္ေကာင္းယူျပီး တိုက္ခိုက္လာႏိုင္တယ္။

လူတိုင္းအတြက္ေရာ ပိုင္ရန္႔အတြက္ေရာ နတ္ဆိုးဘုရင္ၾကီး အႏၱရာယ္ကင္းေနဖို႔လိုတယ္။

နန္းေဆာင္ထဲကို၀င္၀င္ခ်င္း အေဆာက္အအံုတစ္ခုလံုးက စည္းခ်ခံထားရေၾကာင္း ပိုင္ရန္သတိထားမိလိုက္တယ္။ သို႔ေသာ္လည္း အစီအရင္ကအျမန္ခ်လိုက္ရတာ ျဖစ္တာေၾကာင့္ သိပ္အားမေကာင္းလွဘူး။ အစီအရင္ရဲ႕ရည္ရြယ္ခ်က္ကလည္း လူေတြမ၀င္လာႏိုင္ေအာင္ လုပ္ထားတာမဟုတ္ဘဲ အျပင္လူေတြ အထဲမွာဘာျဖစ္ေနလဲ မသိႏိုင္ေအာင္ ကာထားရံုျဖစ္တယ္။

မေကာင္းေတာ့ဘူး အေနာက္ပိုင္းနတ္ဆိုးအရွင္က တကယ္ၾကီးဒီကိုလာတာပဲ…

ပိုင္ရန္နန္းေဆာင္တြင္းကို ေဖာက္၀င္လိုက္ေတာ့ ထင္တဲ႔အတိုင္းပဲ အားေကာင္းတဲ႔ေမွာ္စြမ္းအင္ေတြလႊမ္းျခံဳထားတဲ႔ တိုက္ပြဲျဖစ္ေနျပီ။ အတြင္းမွာ ပံုရိပ္ႏွစ္ခုတိုက္ခိုက္ေနၾကတယ္။ တစ္ေယာက္က နတ္ဆိုးဘုရင္ၾကီးျဖစ္ျပီးေတာ့ ေနာက္တစ္ေယာက္ကေတာ့… လီယုျဖစ္ေနတယ္။

လီယုကိုျမင္ေတာ့ ပိုင္ရန္တုန္႔ဆိုင္းသြားတယ္။ အေနာက္ပိုင္းနတ္ဆိုးအရွင္က နတ္ဆိုးဘုရင္ၾကီးရဲ႕အယံုၾကည္ရဆံုးလူကို အသံုးခ်လိုက္လိမ့္မယ္လို႔ သူလံုး၀မထင္ခဲ႔ဘူး။ ၾကည့္ရတာအေနာက္ပိုင္းနတ္ဆိုးအရွင္က ဦးေႏွာက္ေတာ့ရွိပံုေပၚသား။

ႏွစ္ေယာက္သားတိုက္ခိုက္ေနရင္း လူစုကြဲသြားတယ္။ ပိုင္ရန္ နတ္ဆိုးဘုရင္ၾကီးရင္ဘတ္ဆီက ဒဏ္ရာမွေသြးေတြထြက္ေနတာကို သတိထားလိုက္မိတယ္။

“လီယု၊ ဘာေၾကာင့္လဲ?”

သူ႔ရဲ႕ခ်ီက ေျပာင္းလဲလာျပီးေတာ့ အၾကီးအက်ယ္ဒဏ္ရာရေနတာ ဒါေတာင္နတ္ဆိုးဘုရင္ၾကီးက ေျဖာင့္ေျဖာင့္တန္းတန္းရပ္ေနပံုက သူ႔ရဲ႕ၾကည့္မေကာင္းျဖစ္ေနတာကလြဲျပီး ဘာဒဏ္ရာမွမရထားတဲ႔အတိုင္းပဲ။ သူအယံုၾကည္ရဆံုးလူက သူ႔ကိုဆန္႔က်င္ျပီး ထိခိုက္ေအာင္လုပ္တာေၾကာင့္ ေလသံမွာမယံုၾကည္ႏိုင္မႈေတြ ျပည့္ေနတယ္။

“သူကလီယုမဟုတ္ဘူး၊ အဲ႔တာအေနာက္ပိုင္းနတ္ဆိုးအရွင္!” ပိုင္ရန္နတ္ဆိုးဘုရင္ၾကီးနားကို ပ်ံသြားရင္းေျပာလိုက္တယ္။ အဲ႔ေနာက္ သူေမးလိုက္တာက “ကြ်န္ေတာ့္အရွင္ အဆင္ေျပရဲ႕လား?”

____________________________________

{Unicode}

အဲ့လိုနဲ့ ထွက်သွားဖို့မလုပ်ခဲ့သလိုမျိုး နောက်ပြန်လှည့်လိုက်တယ်။ သူကခက်ခဲနက်နဲလှတဲ့အမူအယာနဲ့ အမျိုးသား၊အမျိုးသမီး အုပ်စုလိုက်ကြီးကို နောက်ကျောပေးထားရင်း ပြောလိုက်တယ် “မင်းတို့အားလုံးက ငယ်ရွယ်ပြီး လှပကြတာပဲကို ဒီလိုမျိုးကြီး သေချင်ကြတာလား?”

အစတုန်းကတော့ သူဒီလိုစကားတွေကို ဘယ်လိုမှမရည်ရွယ်ပဲပြောလိုက်တာဖြစ်တယ်။ သူဒီတိုင်း သက်သက်မဲ့ကြည့်နေတဲ့သူတွေကို စစ်ဆေးချင်ယောင်ဆောင်နေပြတာဖြစ်တယ်။ သူအကုန်လုံးကို အကွက်ချစီစဉ်ပြီးနေပြီ။ သူ့နောက်ကလူတွေ ဘာမှပြန်မပြောရင် နောက်ထပ်ခြိမ်းခြောက်တဲ့စကား နည်းနည်းပါးပါးထပ်ပြောပြီးတော့ ထွက်သွားမယ်ပေါ့။

သူမထင်ထားခဲ့တာက သူကအတော်လေးဟိတ်ဟန်ကောင်းလွန်းခဲ့ပြီး လေသံက အရမ်းနက်ရှိုင်းသွားတာကိုပဲ။ အခုနက သူထိကိုင်လိုက်တဲ့ အမျိုးသမီးလေးက ကြောက်လန့်တကြား အော်ဟစ်လာတယ် “ကျွန်မမသေချင်သေးဘူး! မသေချင်ဘူး! တောင်းပန်ပါတယ်.. ကျွန်မကိုလွှတ်ပေးကြပါ! ကျွန်မမသေချင်သေးဘူး!”

ပိုင်ရန်က အေးစက်ချင်ယောင်ဆောင်နေရင်းက “ဒါဆိုလည်း ပြောလေ၊ မင်းသိသမျှတွေကို ဝန်ခံရင် ငါနတ်ဆိုးဘုရင်ကြီးဆီမှာ မင်းကိုလွှတ်ပေးဖို့ တောင်းဆိုပေးမယ်”

ပိုင်ရန်ကျိန်ဆိုလိုက်တယ်။ ပိုင်ရန် အနောက်ကအစောင့်တွေကြားအောင် ဒီတိုင်းဟန်ပြနေတာသာဖြစ်ပြီး အမှန်တကယ် လျှို့ဝှက်ချက်ကို ရလိုတာကြောင့်မဟုတ်ဘူး။

သူ TVမှာတွေ့ခဲ့ရတဲ့ ဗီလိန်တွေလိုမျိုး အေးတိအေးစက်လေသံနဲ့ ဖြေးဖြေးချင်းဆက်ပြောတယ် “ဒီလောက်လူတွေအများကြီးထဲမှာ တစ်ယောက်လောက်ကတော့ တစ်ခုခုသိသင့်တယ်… လျှို့ဝှက်ချက်ကို ဝန်ခံတဲ့ပထမဆုံးလူကို အသက်ချမ်းသာပေးမယ်လို့ ငါတွေးထားတာ၊ ဒုတိယလူကတော့… ဟင်းဟင်း… နောက်ထပ် အခွင့်အရေးဆိုတာ ရှိလာနိုင်မှာမဟုတ်ဘူး”

သူလူအုပ်ဘက်ကို ပြန်လှည့်လိုက်ပြီး လေးလေးနက်နက်ပြုံးကာ ဆက်ပြောလိုက်တယ် “အဲ့တော့ ငါ့ကို ဘယ်သူအရင်ဆုံးပြောပြမလဲ?”

သူ့မှာ နဂိုတည်းက အကြံရှိနေပြီးသား။ တကယ်လို့ တစ်ယောက်မှမပြောရင် ဒီတိုင်းခြိမ်းလားခြောက်လား စကားနည်းနည်းလောက်ပြောပြီးတာနဲ့ ပြန်ထွက်တော့မယ်ပေါ့။

သူထိုလူအုပ်ကို ခြေဆုံးခေါင်းဆုံးစိုက်ကြည့်နေလိုက်တယ်။ သူတို့တွေ တုန်လှုပ်ပြီး ကြောက်ရွံ့မှုတွေက မျက်နှာပေါ်မှာ အထင်းသားပေါ်လွင်နေတယ်။

“အရှင်ရှဲ့ ကျွန်တော်တို့အကုန်လုံး သူတို့ကို မေးပြီးပါပြီ၊ သူတို့ဘာမှမသိကြပါဘူး” အစောင့်က ရှေ့ကိုတိုးပြီး စကားဆိုလာတယ်။

ပိုင်ရန်ကတော့သူ့လက်သည်းကိုသူ စိမ်ပြေနပြေကြည့်နေတယ် “သူတို့ ခနလောက်မေ့နေကြတာနေမှာ၊ အခုတော့ အချိန်နည်းနည်းပေးလိုက်ရင် သူတို့ပြန်တည်ငြိမ်သွားပြီး တခုခုတော့ မှတ်မိလာမှာပေါ့”

သူခေါင်းကိုမော့လိုက်ပြီး လူအုပ်ကြီးကို ခပ်ညစ်ညစ်ပြုံးပြလိုက်ကာ “မင်းတို့ လက်ခံတယ်မှတ်လား?”

သူတို့တွေပိုတောင် ကြောက်ရွံ့သွားကြတယ်။

ပိုင်ရန် ဆက်ပြီးပြုံးရင်း လေသံဖျော့ဖျော့လေးနဲ့ ပြန်ပြောတယ် “တကယ်လို့မင်းတို့ ဘာမှမမှတ်မိဘူးဆိုရင်တော့ မင်းတို့တွေက အသုံးမကျတဲ့လူအုပ်ကြီးပဲ၊ ဒီနေ့ပြီးတာနဲ့ မင်းတို့ကိုယ့်လမ်းကိုယ်လျှောက်ရတော့မယ်”

ပိုင်ရန်တိတ်တိတ်လေး သူ့ဘာသာ လက်မထောင်လိုက်တယ်။ မဆိုးဘူး၊ မဆိုးဘူးပဲ! သူ့ဆီမှာ ဗီလိန်လိုစရိုက်မျိုး တကယ်ကြီးရှိနေတာပဲ!

တစ်ယောက်မှပြန်မဖြေကြဘူး။

တစ်ယောက်မှမဖြေလည်း ကိစ္စမရှိဘူး။

ပိုင်ရန်ပြန်ဖို့ လှည့်လိုက်တယ်။ အဲ့အချိန်မှာပဲ ကြောက်ရွံ့နေတဲ့အသံတစ်သံ သူ့နောက်ကပဲ့တင်ထွက်လာတယ်။ “ကျွန်မပြောမယ်၊ ကျွန်မပြောမယ်!”

What?

What, what?

What, what, what?

ပိုင်ရန်မယုံကြည်နိုင်စွာနောက်ပြန်လှည့်ပြီး သူခုနကထိကိုင်ခဲ့တဲ့ အလှလေးကိုစိုက်ကြည့်လိုက်တယ်။ ထိုအလှလေးက တစ်အုပ်စုလုံးမှာ အလှပဆုံးဖြစ်တယ်။ သူမကငယ်ရွယ်ပြီး နှစ်သက်ဖွယ်ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကလည်း ဆွဲဆောင်မှုရှိတယ်။ သူမရဲ့အလှအပက တိုင်းပြည်တွေတောင် ကပြောင်းကပြန်ဖြစ်နိုင်လောက်တယ်။ သူမမျက်လုံးမှာက မျက်ရည်ကြည်လေးတွေနဲ့…။ အဲ့တာကိုမြင်တဲ့သူတိုင်း သူတို့အသည်းတွေတောင် အရည်ပျော်သွားလောက်တယ်။

“မင်းဘာပြောမှာလဲ?” ပိုင်ရန်လည်း မယုံလုနီးပါးတောင်ဖြစ်သွားတယ်။ ငါကဒီတိုင်းခြိမ်းခြောက်လိုက်တာ၊ အဲ့တာတောင် တစ်ယောက်ယောက်က ခြိမ်းခြောက်တာကို ကြောက်သွားတယ်ပေါ့?

အစောင့်ကလည်း ဒီအလှလေးပြောလာမယ်လို့ မထင်ခဲ့ဘူး။ သူအံ့သြသွားပြီး ရှေ့တိုးကာအော်လိုက်တယ် “ဒါဆိုရင်လည်း မြန်မြန်ပြောတော့!”

ထိုအလှလေးက “ပြောပါ့မယ့်၊ ကျွန်မပြောပြပါ့မယ်… အနောက်ပိုင်းနတ်ဆိုးအရှင်ရှာတွေ့ခဲ့တဲ့ရတနာက နိဗ္ဗ္ဗာန်ပုလဲလို့ခေါ်ပါတယ်၊ ကျင့်ကြံခြင်းကိုပိုပြီး မြန်မြန်ဆန်ဆန်တိုးတက်ပြီး အားကောင်းတဲ့အကာအကွယ်ဖြစ်စေတဲ့အပြင် သူ့ရဲ့အကြီးမားဆုံးလုပ်ဆောင်နိုင်တာက နိဗ္ဗ္ဗာန်မှာပြန်လည်မွေးဖွားနိုင်တာပဲ”

“နိဗ္ဗ္ဗာန်မှာပြန်လည်မွေးဖွားတယ်?” ပိုင်ရန်မျက်မှောင်ကြုတ်သွားတယ်။

“ဟုတ်ပါတယ်”

“နိဗ္ဗ္ဗာန်မှာပြန်လည်မွေးဖွားရတော့ ဘာတွေဖြစ်လာမှာလဲ? အဲ့တာပြန်လည်ရှင်သန်ခြင်း မဟုတ်လား? မင်းမဟုတ်တာတွေပြောရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်ကိုသိတယ်နော်?” ပိုင်ရန့်လေသံက ရေခဲတမျှအေးစက်နေတယ်။

အလှလေးက တစ်ကိုယ်လုံးတုန်ရီနေပြီး ခပ်မြန်မြန်ပြန်ပြောတယ် “ပြန်လည်မွေးဖွားတာမဟုတ်ဘူး၊ နိဗ္ဗ္ဗာန်ပုလဲပိုင်ရှင်တွေက သူတို့ရဲ့ဝိဉာဉ်ကို တခြားတစ်ယောက်ရဲ့ကိုယ်ထဲပြောင်းလိုက်လို့ရတယ်… ရာဇဝတ်သားတွေက အန္တရာယ်များတဲ့ဘဝမှာရှင်သန်ကြရတာ ပြီးတော့လည်း အသက်ရှင်ဖို့ဆိုတာ မသေချာဘူး၊ ဒါပေမယ့် နိဗ္ဗ္ဗာန်ပုလဲနဲ့ဆိုရင်တော့ ရှင်သန်နိုင်ပြီး ကိုယ့်ရဲ့ဝိဉာဉ်ကျင့်ကြံခြင်းကိုတောင် ထိန်းသိမ်းထားနိုင်တယ်”

ဒီလိုဟာမျိုးရှိသေးတယ်လား?

သူမဝန်ခံပြီးသွားတော့ ပိုင်ရန်နဲ့အစောင့် နှစ်ယောက်လုံးတစ်ချိန်တည်းမှာ ပြဿနာတစ်ခုကို တွေးမိသွားတယ်။

“ဒါဆိုရင် အနောက်ပိုင်းအရှင်က တစ်ယောက်ယောက်ကိုယ်ကိုယူပြီး ထွက်ပြေးသွားနိုင်တာပေါ့” အစောင့်ကပြောပြီး တခြားသူတွေထပ်ခေါ်ကာ ဘေးအခန်းကိုဦးတည်လိုက်တယ်။

ပိုင်ရန်လည်း သူတို့နောက်က လိုက်သွားတယ်။

သူတို့တွေအနောက်ပိုင်းနတ်ဆိုးအရှင်ကို ဖမ်းမိလိုက်တုန်းက သူ့ကိုအခန်းသက်သက်မှာ ပိတ်ထားပြီး ထွက်မပြေးနိုင်အောင် အပြင်ဘက်မှာအစောင့်တွေ ချထားခဲ့တယ်။ အဲ့လိုမလုပ်ရင် သူလွတ်မြောက်သွားနိုင်တယ်။

သေချာတာပေါ့၊ အစောင့်ကတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ သံကြိုးတွေနဲ့တုပ်နှောင်ထားတဲ့ အနောက်ပိုင်းနတ်ဆိုးအရှင်က မြေပြင်ပေါ်ကိုလဲကျနေပြီ။

ပိုင်ရန်အမြန် သူ့အသက်ရှုလမ်းကြောင်းကို စစ်ဆေးကြည့်လိုက်တော့ အသက်မရှိတော့ကြောင်း သိလိုက်ရတယ်။

အနောက်ပိုင်းနတ်ဆိုးအရှင်ကြီး သေသွားပြီ။

မဟုတ်သေးဘူး၊ သူတစ်ယောက်ယောက်ရဲ့ ကိုယ်ထည်ကိုအသုံးပြုပြီး လွတ်မြောက်သွားတာဖြစ်ရမယ်!

တကယ်လို့ နိဗ္ဗာန်ပုလဲက ဝိဉာဉ်ရဲ့ကျင့်ကြံခြင်းကို ထိန်းထားပေးနိုင်တယ်ဆိုရင် အနောက်ပိုင်းနတ်ဆိုးအရှင်ရဲ့စွမ်းအားတွေကလည်း အရင်တိုင်းရှိနေအုံးမှာပဲ။

ပိုင်ရန်ခေါင်းကိုမော့လိုက်တယ် “သေစမ်း”

“အရှင်ရှဲ့?”

ပိုင်ရန်တခြားသူတွေကို ဂရုမစိုက်နိုင်တော့ဘဲ နတ်ဆိုးဘုရင်ကြီးနေထိုင်နေတဲ့ နန်းတော်ဆောင်ဆီကို တိုက်ရိုက်ကူးပြောင်းသွားလိုက်တယ်။

အစောင့််ခမျာ ပိုင်ရန်မပျောက်သွားခင် လေပြင်းတိုက်တာကိုပဲ ခံလိုက်ရတယ်။

ပိုင်ရန်နတ်ဆိုးဘုရင်ကြီးရှိနေတဲ့ နန်းဆောင်ကိုရောက်လာတော့ ဘာမှမဖြစ်ဖို့ပဲတိတ်တိတ်လေးဆုတောင်းနေမိတယ်။ နတ်ဆိုးဘုရင်ကြီးက အခုထိအမိန့်ကိုတောင်မချမှတ်ရသေးဘူး။ သူသာသေသွားရင် လော့ကျန်းဖန်တစ်ယောက် ဇာတ်လိုက်နောက်ကိုလိုက်တော့မှာ..။

တကယ်လို့သူသာသေသွားရင် လူသားနယ်မြေကိုသွားတဲ့ဖြတ်လမ်းက လော့ကျန်းဖန်ရဲ့လက်ထဲကိုကျရောက်သွားမှာ။ သူ့လိုမျိုးကလိန်ကကျစ်ကျတတ်တဲ့လူစားမျိုးနဲ့ အဆက်အနွယ်လုပ်ရမှာထက် နတ်ဆိုးဘုရင်ကြီးနဲ့ပဲ  အိမ်တွင်းအခန်းဆက်တွေပဲ ဆက်ဟန်ဆောင်နေလိုက်မယ်။

ကောလဟာလတွေအရ အနောက်ပိုင်းနတ်ဆိုးအရှင်က အငြိုးကြီးပြီး မောက်မာတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုပဲ။ အဲ့လိုသာမဟုတ်ရင် သူဘယ်လိုမှနတ်ဆိုးဘုရင်ကြီးကို စတင်ပုန်ကန်တာဖြစ်ဖြစ် စိန်ခေါ်တာဖြစ်ဖြစ် လုပ်မှာမဟုတ်ဘူး။

လွတ်မြောက်ပြီးနောက် သူလုပ်နိုင်တာနှစ်ခုပဲရှိတယ်။ လွတ်အောင်ပြေးမလား ဒါမှမဟုတ် နတ်ဆိုးဘုရင်ကြီးကို ရှာပြီးလက်တုန့်ပြန်မလား…။ အနောက်ပိုင်းနတ်ဆိုးဘုရင်ရဲ့အကျင့်စရိုက်အရဆိုရင်တော့ သူဆုံးရှုံးနိုင်ချေကို လျစ်လျူရှုပြီး နတ်ဆိုးဘုရင်ကြီးကို သွားလုပ်ကြံမှာကိုပဲ ပိုင်ရန်စိုးရိမ်မိတယ်။ လူတိုင်းက အေးအေးလူလူနဲ့ သတိမထားမိတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်တယ်။

လူတိုင်းအတွက်ရော ပိုင်ရန့်အတွက်ရော နတ်ဆိုးဘုရင်ကြီး အန္တရာယ်ကင်းနေဖို့လိုတယ်။

နန်းဆောင်ထဲကိုဝင်ဝင်ချင်း အဆောက်အအုံတစ်ခုလုံးက စည်းချခံထားရကြောင်း ပိုင်ရန်သတိထားမိလိုက်တယ်။ သို့သော်လည်း အစီအရင်ကအမြန်ချလိုက်ရတာ ဖြစ်တာကြောင့် သိပ်အားမကောင်းလှဘူး။ အစီအရင်ရဲ့ရည်ရွယ်ချက်ကလည်း လူတွေမဝင်လာနိုင်အောင် လုပ်ထားတာမဟုတ်ဘဲ အပြင်လူတွေ အထဲမှာဘာဖြစ်နေလဲ မသိနိုင်အောင် ကာထားရုံဖြစ်တယ်။

မကောင်းတော့ဘူး အနောက်ပိုင်းနတ်ဆိုးအရှင်က တကယ်ကြီးဒီကိုလာတာပဲ…

ပိုင်ရန်နန်းဆောင်တွင်းကို ဖောက်ဝင်လိုက်တော့ ထင်တဲ့အတိုင်းပဲ အားကောင်းတဲ့မှော်စွမ်းအင်တွေလွှမ်းခြုံထားတဲ့ တိုက်ပွဲဖြစ်နေပြီ။ အတွင်းမှာ ပုံရိပ်နှစ်ခုတိုက်ခိုက်နေကြတယ်။ တစ်ယောက်က နတ်ဆိုးဘုရင်ကြီးဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့… လီယုဖြစ်နေတယ်။

လီယုကိုမြင်တော့ ပိုင်ရန်တုန့်ဆိုင်းသွားတယ်။ အနောက်ပိုင်းနတ်ဆိုးအရှင်က နတ်ဆိုးဘုရင်ကြီးရဲ့အယုံကြည်ရဆုံးလူကို အသုံးချလိုက်လိမ့်မယ်လို့ သူလုံးဝမထင်ခဲ့ဘူး။ ကြည့်ရတာအနောက်ပိုင်းနတ်ဆိုးအရှင်က ဦးနှောက်တော့ရှိပုံပေါ်သား။

နှစ်ယောက်သားတိုက်ခိုက်နေရင်း လူစုကွဲသွားတယ်။ ပိုင်ရန် နတ်ဆိုးဘုရင်ကြီးရင်ဘတ်ဆီက ဒဏ်ရာမှသွေးတွေထွက်နေတာကို သတိထားလိုက်မိတယ်။

“လီယု၊ ဘာကြောင့်လဲ?”

သူ့ရဲ့ချီက ပြောင်းလဲလာပြီးတော့ အကြီးအကျယ်ဒဏ်ရာရနေတာ ဒါတောင်နတ်ဆိုးဘုရင်ကြီးက ဖြောင့်ဖြောင့်တန်းတန်းရပ်နေပုံက သူ့ရဲ့ကြည့်မကောင်းဖြစ်နေတာကလွဲပြီး ဘာဒဏ်ရာမှမရထားတဲ့အတိုင်းပဲ။ သူအယုံကြည်ရဆုံးလူက သူ့ကိုဆန့်ကျင်ပြီး ထိခိုက်အောင်လုပ်တာကြောင့် လေသံမှာမယုံကြည်နိုင်မှုတွေ ပြည့်နေတယ်။

“သူကလီယုမဟုတ်ဘူး၊ အဲ့တာအနောက်ပိုင်းနတ်ဆိုးအရှင်!” ပိုင်ရန်နတ်ဆိုးဘုရင်ကြီးနားကို ပျံသွားရင်းပြောလိုက်တယ်။ အဲ့နောက် သူမေးလိုက်တာက “ကျွန်တော့်အရှင် အဆင်ပြေရဲ့လား?”

_____

Thanks 😉




Continue Reading

You'll Also Like

220K 25.6K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.1M 129K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
37.5K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...