Unicode
ရှန်နန်းတော် အိမ်ရှေ့စံ၏ နန်းဆောင်
လင်းမိုနှင့် လီချန်းယုံတို့ ပြန်ရောက်နေသည်မှာ ရက်ပိုင်းခန့် ရှိပြီ ဖြစ်သည်။ လီချန်းယုံသည် ခရီးရှည်ကြီးကြောင့် နန်းတွင်းအမှုကိစ္စတို့တွင် လစ်ဟင်းနေခဲ့ရာ သူအပြန်လာတွင်များပြားစွာသော သဝဏ်လွှာတို့က စောင့်ကြိုနေသည်။
"နှစ်ကုန်ခါနီးဖြစ်၍ ကောက်ခံရမည့် အခွန်များ...''
"နှစ်သစ်ကို ကြိုဆိုမည့် ပွဲတော်စီစဉ်ရေး...''
အစရှိသည့် အကြောင်းအရာတို့ ရေးသားထားလေသည်။ လီချန်းယုံမှာ တောင်လိုပုံနေသော သဝဏ်လွှာတို့ကို တစ်စောင်ချင်း ဖတ်ရှုရလေသည်။ နောက်နေ့ ညီလာခံတွင် သူအမိန့်ချရမည် ဖြစ်သည်။
သူအလုပ်များနေချိန်တွင် တောင်ပိုင်းဘုရင်ကြီးမှာ အေးအေးသာသာ နှင့် အိပ်ယာတွင် လဲလျောင်းပြီး စာအုပ်တစ်အုပ်ဖတ်ရှုနေလေသည်။ လင်းမို ပြန်ရောက်ကတည်းက လီချန်းယုံ နှင့် စကား သိပ်မပြောပေ။
အရင်ကဆို လီချန်းယုံ နား တွင်အမြဲ ကပ်တွယ်နေပြီး မခံချင်အောင် စနောက်တတ်သောသူက ယခုရက်ပိုင်း ထူးခြားစွာ တည်ငြိမ်နေသည်။ တစ်နေကုန် စာအုပ်တစ်အုပ်ပြီး တစ်အုပ် အာရုံဝင်စားစွာ ဖတ်ရှုနေလေသည်။ ထိုစာအုပ်များက တောင်ပိုင်းမှ လင်းမို မှာယူထားခြင်းဖြစ်သည်။ တောင်ပိုင်းဘာသာစကားကို မဖတ်တတ်သည့်အတွက် လီချန်းယုံလည်း ထိုစာအုပ်များကို ဖွင့်မကြည့်ပေ။
"လင်းမို...''
လီချန်းယုံက သဝဏ်လွှာကိုချပြီး လှမ်းခေါ်သည်။
"....''
လင်းမိုကပြန်မထူးပဲ ဘာလဲ ဟူသော အမူအရာဖြင့် မျက်ခုံးပင့်ပြသည်။
".....''
လီချန်းယုံ စိတ်တိုသွားသည်။ သူ ဘာကို စိတ်တိုသွားမှန်းမသိပေမယ့် တစ်ခုခုကို အလိုမကျသလို အခဲမကြေသလို ဖြစ်နေသည်။သူက လင်းမိုကို ဘာမှမပြောပေ။ သဝဏ်လွှာတစ်စောင် ပြန်ဖတ်နေလိုက်သည်။
ခဏကြာသည်အထိ...
လင်းမိုဆီက အသံထွက်မလာပေ။ လီချန်းယုံမော့ကြည့်တော့ သူက စာအုပ်သဲကြီးမဲကြီး ပြန်ဖတ်နေသည်ကို တွေ့ရပြန်သည်။
"ဒုန်း....''
စားပွဲနှင့် မိတ်ဆက်သွားသော လီချန်းယုံ၏ ဓား။
အသံကျယ်ကြီးကြောင့် လင်းမိုစာအုပ်ကိုချပြီး ကြည့်လိုက်သည်။ သူသိလိုက်သည်။ လီချန်းယုံစိတ်တိုနေသည်။ လီချန်းယုံသည် စိတ်တိုသည့် အခါတိုင်း သူ၏ တစ်လက်တည်းသော ဓားကို လွှတ်ပစ်တတ်သည်။
"ချန်းယုံ...''
လင်းမို မနေနိုင်တော့ပေ။ ချစ်လှစွာသော ဝံပုလွေဖြူလေး ရွှေစိတ်တော် မညိုအောင် ပြန်ချော့ရပေမည်။
လီချန်းယုံ ပြန်မထူးပေ။
"အားယုံလေး...''
"မင်းကြီးတော် အားယုံ လေ...''
လီချန်းယုံဆီက ထိုကဲ့သို့ မနူးမညံ့စကားသံ ထွက်လာမည်မှန်း လင်းမိုသိလေသည်။
"ဘာလို့စိတ်တိုနေတာလဲ''
လင်းမို၏ အမေးကို လီချန်းယုံ ဖြေစရာရှာမတွေ့ပေ။ သူ့ကို လင်းမို မနှောင့်ယှက်ဘဲ အေးအေးဆေးဆေး နေသည်ကို သူဘာလို့ စိတ်တိုမိမှန်း မသိချေ။
"မသိဘူး...''
လီချန်းယုံ၏ အမူအရာကို ကြည့်ပြီး လင်းမိုက သဘောကျစွာ ရယ်လေသည်။
"အားယုံလေး မသိလည်း အရေးမကြီးပါဘူး...အရေးကြီးတာက အားယုံလေး စိတ်ဆိုးနေတာပဲ...ဘာလို့နေနေ ကိုယ်တော်ချော့ပါ့မယ်''
ပြောပြောဆိုဆို လင်းမိုက အိပ်ယာကနေ ထလာသည်။
"မလာနဲ့!!!''
လီချန်းယုံ၏ တားမြစ်မှုက နောက်ကျသွားချေသည်။ လင်းမိုက လီချန်းယုံ၏ တစ်ကိုယ်လုံးကို အနောက်ကနေ သိုင်းဖက်လိုက်သည်။
"ချန်းယုံ...မင်းအလုပ်များနေတယ်ထင်လို့် မနှောင့်ယှက်တာပါ...ပစ်ထားတာမဟုတ်ဘုူး''
လင်းမိုက လီချန်းယုံ၏ နားနားသို့ ကပ်ပြီး တိုးလျစွာပြောလေသည်။
"......''
လီချန်းယုံဘာမှပြန်မပြောပေ။ အနည်းဆုံး စောစောက ဒေါသတို့အနည်းငယ်ပြေသွားလေသည်။ သူ့ဘာကြောင့် စိတ်ဆိုးရသည်ကိုပင် သူ့ကိုယ်သူမသိပေမယ့် လင်းမိုက သိလေသည်။
အတန်ကြာမှ လီချန်းယုံက လင်းမိုဖက်ထားသည်ကို ရုန်းလိုက်သည်။
"ဖယ်ဦး...သဝဏ်လွှာတွေ အများကြီးကျန်သေးတယ်''
"အင်း...''
ထိုအခါမှ လင်းမိုက လီချန်းယုံကို မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးလိုက်ရသည်။ သူက အိပ်ယာဆီသို့ ပြန်မသွားပေ။ လီချန်းယုံနားတွင်ထိုင်ကာ ကနဦးက သူ့အစား ဒေါသပုံချခံလိုက်ရသော ဓားကို ကိုင်ပြီး ယူကြည့်နေလေသည်။
"ချန်းယုံ...စောနက မင်းငါ့ကို တစ်ခုခုပြောဖို့ခေါ်တာမလား''
လင်းမိုက ဓားတွင် ထွင်းထားသော ကနုတ်လက်ရာ တို့ကို ကြည့်ရှုရင်း ပြောသည်။
"တစ်နှစ်ကို မင်းအခွန်ဘယ်လောက်ရလဲ...ဆယ့်ငါးနိုင်ငံလုံးဆီက ကောက်တာမလား''
လီချန်းယုံက သူသိချင်နေသော မေးခွန်းကိုမေးသည်။
"တစ်နှစ်ကိုမဟုတ်ဘူး...တစ်လကို...ငါအခွန်လတိုင်းကောက်တယ်''
"ဟင်း...''
လီချန်းယုံ နှာခေါင်းရှုံ့သွားသည်။ သူသည် လင်းမို ထိုမျှ လောဘကြီးမှန်း မသိခဲ့ချေ။
"မင်းလောဘကြီးလွန်းတာ မဟုတ်ဘူးလား။ ပင်ပင်ပန်းပန်းရှာရတဲ့ ပြည်သူတွေကို လတိုင်းအခွန်စည်းကြပ်တာက ဘုရင်တစ်ပါးအနေနဲ့ မလုပ်သင့်ဘူး''
လင်းမိုက လီချန်းယုံ ပြောသည်ကို စိတ်မဆိုးသည့်အပြင် သဘောကျစွာ ပြုံးနေသည်။
"ငါက အခွန်ဘဏ္႑ာအဖြစ် ငွေသားတွေပဲကောက်တာမဟုတ်ဘူး။ တစ်နှစ်လုံးမှာ ငွေသားကိုအခွန်အဖြစ်ပေးရမယ့်လရယ် ကောက်ပဲသီးနှံရိက္ခာတွေကို အခွန်အဖြစ်ပေးရမယ့်လရယ် တခြားအရာတွေကို အခွန်အဖြစ်ပေးရမယ့် လရယ်ဆိုပြီး သတ်မှတ်ထားတယ်''
"တခြားအရာတွေက...???''
လီချန်းယုံ နားမလည်စွာပြန်မေးသည်။
"ဥပမာကွာ မင်းမွေးနေ့တုန်းက စားတော်ချက်တွေက ဆယ့်ငါးနိုင်ငံလုံးက ဆက်သတာလေ။ အဲ့ဒီလအတွက် တခြားအခွန်ပေးစရာမလိုဘူး။ သူတို့လည်း ဝန်မပိအောင် ငါလိုချင်တဲ့အရာတစ်ခုခုရှိလို့ ဆက်သနိုင်ရင် အခွန်ကင်းလွတ်ခွင့်ပေးလိုက်တယ်။ ငါဆက်သခိုင်းတာတွေကလည်း အမြဲတန်ဖိုးကြီးနေတာ မဟုတ်ပါဘူး။ ဒီလအတွက်ဆို အဲ့ဒီစာအုပ်တွေပဲ အခွန်အဖြစ်ယူလိုက်တယ်''
လင်းမိုက သူသဲကြီးမဲကြီးဖတ်နေသော စာအုပ်ပုံကို လက်ညှိုးညွှန်ပြသည်။
လီချန်းယုံစိတ်ထင်သည်လားမသိပါ။ အဲ့ဒီစာအုပ်တွေ ဟူသော စကားပြောချိန်တွင် လင်းမို၏ နှုတ်ခမ်းတို့က မကောင်းဆိုးဝါးဆန်နေသည်။ မသင်္ကာဖွယ်ရနံ့ကိုခံမိသော ဝံပုလွေဖြူလေးက မဆိုင်းမတွမေးလိုက်သည်။
"အဲ့ဒါဘာစာအုပ်တွေလဲ''
"ဆေးပညာနဲ့ဆိုင်တဲ့စာအုပ်တွေ''
လင်းမိုက လီချန်းယုံကို ကြည့်ပြီး ပြုံးစစဖြင့်ဖြေသည်။
"မင်းဆေးပညာတတ်တယ်မလား''
လီချန်းယုံသည် လင်းမို အဆိပ်ကို ကျင်လည်စွာသုံးတတ်ပြီး ဆေးပညာလည်း တတ်သည်ကို သိလေသည်။
"ငါမသိတာတွေလေ့လာနေတာ...''
ပြောရင်း လင်းမို၏ နှုတ်ခမ်းတို့်က ပိုမိုကွေးညွှတ်သွားသယောင်။
".....''
လီချန်းယုံဘာမှမပြောပေ။ လင်းမိုကိုသာ စူးရဲစွာကြည့်လိုက်သည်။ လင်းမိုက အပြစ်ကင်းစွာ ရယ်ပြသည်။ မသင်္ကာဖွယ်ရနံ့ကိုရနေသော်လည်း လက်ဆုပ်လက်ကိုင်မပြနိုင်သောကြောင့် လီချန်းယုံ သဝဏ်လွှာကိုသာ ပြန်ဖတ်နေသည်။
သူဖတ်နေသော သဝဏ်လွှာမှာ လက်အောက်ခံအိမ်တော်တစ်ခုဆီက ဖြစ်သည်။ ထိုစာတွင်ရေးထားသည်က အိမ်ရှေ့စံလီချန်းယုံကို သူတို့၏ သမီးတော် ဆက်သလိုကြောင်း ဖြစ်သည်။ လီချန်းယုံသည် အိမ်ရှေ့စံဖြစ်သော်လည်း သူ့တွင် ကြင်ယာတော် မရှိသေးချေ။ ထို့ကြောင့် သမီးတော်တို့ကို ဆက်သလိုကြောင်း မကြာခဏကမ်းလှမ်းခံရသည်။ ကြင်ယာတော်ဆိုမှ သူသတိရသွားသည်။ သူတစ်ခါမှ လင်းမိုတွင် မိဖုရားရှိမရှိ မမေးဖူးပေ။
"လင်းမို...မင်းမှာမိဖုရားရှိလား''
လီချန်းယုံ၏ ဓားကို စေ့စပ်စွာကြည့်နေသော လင်းမို ခေါင်းထောင်လာသည်။
"ရှိတယ်။ အများကြီးပဲ။ ယန်နန်းတော်အကျယ်ကြီးကို နန်းဆောင်တောင်မလောက်မှာစိုးရတယ်''
လီချန်းယုံအံ့သြသွားသည်။ သူသည် တစ်ခါမှ လင်းမိုတွင် မိဖုရားတွေရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ တစ်ဆက်တည်းမှာပင် တစ်စုံတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရသလို ခံစားရသည်။ ထိုကဲ့သို့သော အဖြေကို သူမမျှော်လင့်ခဲ့ပေ။
ချက်ချင်းပျက်သွားသော လီချန်းယုံ၏ မျက်နှာချောချောကို ကြည့်ပြီး သူစသည်မှာ လွန်သွားကြောင်း သိလိုက်သည်။ လင်းမိုက လီချန်းယုံ၏ နဖူးကို လက်ဖြင့် အသာတောက်လိုက်သည်။
"အရူးလေး...ငါဆယ့်ခြောက်နှစ်ကတည်းက စစ်တိုက်နေခဲ့တာ။ ဆယ့်ငါးပြည်ထောင်ကိုသိမ်းပြီးတော့လည်း မြောက်ပိုင်းကို စစ်ချီဖို့ ပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်ခဲ့ရတယ်။ အခုငါမြောက်ပိုင်းမှာ...ဘယ်အချိန်က အဲ့ဒီမိဖုရားတွေတော်ကောက်ရမှာလဲ''
ပျက်သွားသော လီချန်းယုံ၏ မျက်နှာမှာ ယခုမှ ပြန်လည်ကြင်လင်သွားသည်။ လီချန်းယုံသည် စိတ်အလိုမကျခြင်း၊ စိတ်တိုခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စသော ခံစားချက်တို်ကို ဟန်မဆောင်ဘဲဖော်ပြလေ့ရှိသူ ဖြစ်သည်။
"ဘာလို့မေးတာလဲ''
လင်းမိုက လီချန်းယုံ၏ ပါးကို ဖျစ်ညှစ်ပြီးမေးလိုက်သည်။
"သိချင်လို့လေ''
လီချန်းယုံက သူ့ပါးကိုလာညှစ်သော လက်ကို ရိုက်ချပြီးပြန်ဖြေသည်။
"မင်းလုပ်ချင်လို့လား''
လင်းမိုက သူ့မေးစေ့ကို အသာပွတ်သပ်ပြီး လီချန်းယုံ၏ တစ်ကိုယ်လုံးကို စိုက်ကြည့်ပြီးမေးလိုက်သည်။
"ဘာ!!!''
လီချန်းယုံသာ နဂါးဆိုလျှင် လင်းမိုပြာကျသွားလောက်ပြီဖြစ်သည်။ ခက်သည်က လီချန်းယုံသည် နဂါးမဟုတ်ပဲ ချစ်စရာ ဝံပုလွေဖြူလေးသာ ဖြစ်သည်။ သို့ကြောင့် သူ၏ မျက်စောင်းမှာ ကြောက်စရာမကောင်းပေ။
"မသိဘူးလေ...ကိုယ်တော်ရဲ့ အခွန်ဘဏ္႑ာတွေရော၊ မိဖုရားရှိမရှိရော စိတ်ဝင်စားနေလို့ အားယုံလေးများ မိဖုရားလုပ်ချင်မလားလို့''
လင်းမိုက သူ့စကားကိုဆက်ပြောသည်။
"အားယုံလေးသာ မိဖုရားဆိုရင် ကိုယ်တော်က အဆင့်သင့်ပဲနော်''
".....''
လီချန်းယုံဘာမှပြန်မပြောပေ။ သူက လင်းမိုကို စိတ်ပျက်စွာ ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ ထိုမဆီလျော်သော တောင်ပိုင်းဘုရင်ကြီးနှင့် စကားထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။
"ကိုယ်တော်စီစဉ်လိုက်ရမလား....''
လီချန်းယုံစကားထပ်မပြောချင်ပေမယ့် လင်းမိုကထပ်ပြောနေသေးသည်။
"ဘာလဲ...''
"မင်္ဂလာပွဲလေ''
"မင်းငါ့ကြင်ယာတော်လုပ်လေ...ငါအခုစီစဉ်လိုက်မယ်''
လီချန်းယုံ ပြန်ပြောသောစကားကြောင့် လင်းမို ရှုံ့မဲ့သွားသည်။ သူမေ့သွားသည်။ ဝံပုလွေဖြူလေးသည် မြောက်ပိုင်းအိမ်ရှေ့စံ။ တစ်ချိန်တွင် ဘုရင်ဖြစ်လာမည့်သူဖြစ်သည်။ ဘုရင်ဆိုသည်အတိုင်း သူသည်လည်း မိဖုရားမြှောက်ခွင့် ရှိသည်။
"အားယုံလေး ပင်ပန်းပါ့မယ်။အလုပ်ရှုပ်နေတာမလား အေးအေးဆေးဆေး လုပ်နော်။ ကိုယ်တော်အပြင်သွားလိုက်ဦးမယ်''
လီချန်းယုံ ခေါင်းငြိမ့်ပြလိုက်သည်။ အပြင်မထွက်တတ်သော လင်းမိုက အပြင်သွားမည်ဆိုသောကြောင့် လီချန်းယုံမေးကြည့်လိုက်သည်။
"ဘယ်သွားမလို့လဲ''
"ရှောင်ချိုဆီ...ခိုင်းစရာရှိလို့''
ရှောင်ချိုနှင့် ဟေးချိုသည်လည်း ခရီးမှပြန်ရောက်ပြီး ရှန်နန်းတော်တွင် နေခြင်းဖြစ်သည်။
"အင်း...''
လီချန်းယုံလည်း ခေါင်းငြိမ့်ပြပြီး သူလုပ်လက်စ အလုပ်ကို လုပ်နေသည်။
ဤသို့ဖြင့် လင်းမိုသည် ရှောင်ချိုနှင့်ဟေးချိုတို့ နေသော နန်းဆောင်ဆီ ထွက်လာခဲ့သည်။
__________________________________________________________________________________
Zawgyi
႐ွန္နန္းေတာ္ အိမ္ေ႐ွ႕စံ၏ နန္းေဆာင္
လင္းမိုႏွင့္ လီခ်န္းယံုတို႔ ျပန္ေရာက္ေနသည္မွာ ရက္ပိုင္းခန္႔ ႐ွိၿပီ ျဖစ္သည္။ လီခ်န္းယံုသည္ ခရီး႐ွည္ႀကီးေၾကာင့္ နန္းတြင္းအမႈကိစၥတို႔တြင္ လစ္ဟင္းေနခဲ့ရာ သူအျပန္လာတြင္မ်ားျပားစြာေသာ သဝဏ္လႊာတို႔က ေစာင့္ႀကိဳေနသည္။
"ႏွစ္ကုန္ခါနီးျဖစ္၍ ေကာက္ခံရမည့္ အခြန္မ်ား...''
"ႏွစ္သစ္ကို ႀကိဳဆိုမည့္ ပြဲေတာ္စီစဥ္ေရး...''
အစ႐ွိသည့္ အေၾကာင္းအရာတို႔ ေရးသားထားေလသည္။ လီခ်န္းယံုမွာ ေတာင္လိုပံုေနေသာ သဝဏ္လႊာတို႔ကို တစ္ေစာင္ခ်င္း ဖတ္႐ႈရေလသည္။ ေနာက္ေန႔ ညီလာခံတြင္ သူအမိန္႔ခ်ရမည္ ျဖစ္သည္။
သူအလုပ္မ်ားေနခ်ိန္တြင္ ေတာင္ပိုင္းဘုရင္ႀကီးမွာ ေအးေအးသာသာ ႏွင့္ အိပ္ယာတြင္ လဲေလ်ာင္းၿပီး စာအုပ္တစ္အုပ္ဖတ္႐ႈေနေလသည္။ လင္းမို ျပန္ေရာက္ကတည္းက လီခ်န္းယံု ႏွင့္ စကား သိပ္မေျပာေပ။
အရင္ကဆို လီခ်န္းယံု နား တြင္အျမဲ ကပ္တြယ္ေနၿပီး မခံခ်င္ေအာင္ စေနာက္တတ္ေသာသူက ယခုရက္ပိုင္း ထူးျခားစြာ တည္ၿငိမ္ေနသည္။ တစ္ေနကုန္ စာအုပ္တစ္အုပ္ၿပီး တစ္အုပ္ အာရံုဝင္စားစြာ ဖတ္႐ႈေနေလသည္။ ထိုစာအုပ္မ်ားက ေတာင္ပိုင္းမွ လင္းမို မွာယူထားျခင္းျဖစ္သည္။ ေတာင္ပိုင္းဘာသာစကားကို မဖတ္တတ္သည့္အတြက္ လီခ်န္းယံုလည္း ထိုစာအုပ္မ်ားကို ဖြင့္မၾကည့္ေပ။
"လင္းမို...''
လီခ်န္းယံုက သဝဏ္လႊာကိုခ်ၿပီး လွမ္းေခၚသည္။
"....''
လင္းမိုကျပန္မထူးပဲ ဘာလဲ ဟူေသာ အမူအရာျဖင့္ မ်က္ခံုးပင့္ျပသည္။
".....''
လီခ်န္းယံု စိတ္တိုသြားသည္။ သူ ဘာကို စိတ္တိုသြားမွန္းမသိေပမယ့္ တစ္ခုခုကို အလိုမက်သလို အခဲမေၾကသလို ျဖစ္ေနသည္။သူက လင္းမိုကို ဘာမွမေျပာေပ။ သဝဏ္လႊာတစ္ေစာင္ ျပန္ဖတ္ေနလိုက္သည္။
ခဏၾကာသည္အထိ...
လင္းမိုဆီက အသံထြက္မလာေပ။ လီခ်န္းယံုေမာ့ၾကည့္ေတာ့ သူက စာအုပ္သဲႀကီးမဲႀကီး ျပန္ဖတ္ေနသည္ကို ေတြ႔ရျပန္သည္။
"ဒုန္း....''
စားပြဲႏွင့္ မိတ္ဆက္သြားေသာ လီခ်န္းယံု၏ ဓား။
အသံက်ယ္ႀကီးေၾကာင့္ လင္းမိုစာအုပ္ကိုခ်ၿပီး ၾကည့္လိုက္သည္။ သူသိလိုက္သည္။ လီခ်န္းယံုစိတ္တိုေနသည္။ လီခ်န္းယံုသည္ စိတ္တိုသည့္ အခါတိုင္း သူ၏ တစ္လက္တည္းေသာ ဓားကို လႊတ္ပစ္တတ္သည္။
"ခ်န္းယံု...''
လင္းမို မေနႏိုင္ေတာ့ေပ။ ခ်စ္လွစြာေသာ ဝံပုေလြျဖဴေလး ေရႊစိတ္ေတာ္ မညိဳေအာင္ ျပန္ေခ်ာ့ရေပမည္။
လီခ်န္းယံု ျပန္မထူးေပ။
"အားယံုေလး...''
"မင္းႀကီးေတာ္ အားယံု ေလ...''
လီခ်န္းယံုဆီက ထိုကဲ့သို႔ မႏူးမညံ့စကားသံ ထြက္လာမည္မွန္း လင္းမိုသိေလသည္။
"ဘာလို႔စိတ္တိုေနတာလဲ''
လင္းမို၏ အေမးကို လီခ်န္းယံု ေျဖစရာ႐ွာမေတြ႔ေပ။ သူ႔ကို လင္းမို မေႏွာင့္ယွက္ဘဲ ေအးေအးေဆးေဆး ေနသည္ကို သူဘာလို႔ စိတ္တိုမိမွန္း မသိေခ်။
"မသိဘူး...''
လီခ်န္းယံု၏ အမူအရာကို ၾကည့္ၿပီး လင္းမိုက သေဘာက်စြာ ရယ္ေလသည္။
"အားယံုေလး မသိလည္း အေရးမႀကီးပါဘူး...အေရးႀကီးတာက အားယံုေလး စိတ္ဆိုးေနတာပဲ...ဘာလို႔ေနေန ကိုယ္ေတာ္ေခ်ာ့ပါ့မယ္''
ေျပာေျပာဆိုဆို လင္းမိုက အိပ္ယာကေန ထလာသည္။
"မလာနဲ႔!!!''
လီခ်န္းယံု၏ တားျမစ္မႈက ေနာက္က်သြားေခ်သည္။ လင္းမိုက လီခ်န္းယံု၏ တစ္ကိုယ္လံုးကို အေနာက္ကေန သိုင္းဖက္လိုက္သည္။
"ခ်န္းယံု...မင္းအလုပ္မ်ားေနတယ္ထင္လို္႔ မေႏွာင့္ယွက္တာပါ...ပစ္ထားတာမဟုတ္ဘုူး''
လင္းမိုက လီခ်န္းယံု၏ နားနားသို႔ ကပ္ၿပီး တိုးလ်စြာေျပာေလသည္။
"......''
လီခ်န္းယံုဘာမွျပန္မေျပာေပ။ အနည္းဆံုး ေစာေစာက ေဒါသတို႔အနည္းငယ္ေျပသြားေလသည္။ သူ႔ဘာေၾကာင့္ စိတ္ဆိုးရသည္ကိုပင္ သူ႔ကိုယ္သူမသိေပမယ့္ လင္းမိုက သိေလသည္။
အတန္ၾကာမွ လီခ်န္းယံုက လင္းမိုဖက္ထားသည္ကို ႐ုန္းလိုက္သည္။
"ဖယ္ဦး...သဝဏ္လႊာေတြ အမ်ားႀကီးက်န္ေသးတယ္''
"အင္း...''
ထိုအခါမွ လင္းမိုက လီခ်န္းယံုကို မလႊတ္ခ်င္လႊတ္ခ်င္ႏွင့္ လႊတ္ေပးလိုက္ရသည္။ သူက အိပ္ယာဆီသို႔ ျပန္မသြားေပ။ လီခ်န္းယံုနားတြင္ထိုင္ကာ ကနဦးက သူ႔အစား ေဒါသပံုခ်ခံလိုက္ရေသာ ဓားကို ကိုင္ျပီး ယူၾကည့္ေနေလသည္။
"ခ်န္းယံု...ေစာနက မင္းငါ့ကို တစ္ခုခုေျပာဖို႔ေခၚတာမလား''
လင္းမိုက ဓားတြင္ ထြင္းထားေသာ ကႏုတ္လက္ရာ တို႔ကို ၾကည့္႐ႈရင္း ေျပာသည္။
"တစ္ႏွစ္ကို မင္းအခြန္ဘယ္ေလာက္ရလဲ...ဆယ့္ငါးႏိုင္ငံလံုးဆီက ေကာက္တာမလား''
လီခ်န္းယံုက သူသိခ်င္ေနေသာ ေမးခြန္းကိုေမးသည္။
"တစ္ႏွစ္ကိုမဟုတ္ဘူး...တစ္လကို...ငါအခြန္လတိုင္းေကာက္တယ္''
"ဟင္း...''
လီခ်န္းယံု ႏွာေခါင္း႐ႈံ႕သြားသည္။ သူသည္ လင္းမို ထိုမွ် ေလာဘႀကီးမွန္း မသိခဲ့ေခ်။
"မင္းေလာဘႀကီးလြန္းတာ မဟုတ္ဘူးလား။ ပင္ပင္ပန္းပန္း႐ွာရတဲ့ ျပည္သူေတြကို လတိုင္းအခြန္စည္းၾကပ္တာက ဘုရင္တစ္ပါးအေနနဲ႔ မလုပ္သင့္ဘူး''
လင္းမိုက လီခ်န္းယံု ေျပာသည္ကို စိတ္မဆိုးသည့္အျပင္ သေဘာက်စြာ ျပံဳးေနသည္။
"ငါက အခြန္ဘ႑ာအျဖစ္ ေငြသားေတြပဲေကာက္တာမဟုတ္ဘူး။ တစ္ႏွစ္လံုးမွာ ေငြသားကိုအခြန္အျဖစ္ေပးရမယ့္လရယ္ ေကာက္ပဲသီးႏွံရိကၡာေတြကို အခြန္အျဖစ္ေပးရမယ့္လရယ္ တျခားအရာေတြကို အခြန္အျဖစ္ေပးရမယ့္ လရယ္ဆိုၿပီး သတ္မွတ္ထားတယ္''
"တျခားအရာေတြက...???''
လီခ်န္းယံု နားမလည္စြာျပန္ေမးသည္။
"ဥပမာကြာ မင္းေမြးေန႔တုန္းက စားေတာ္ခ်က္ေတြက ဆယ့္ငါးႏိုင္ငံလံုးက ဆက္သတာေလ။ အဲ့ဒီလအတြက္ တျခားအခြန္ေပးစရာမလိုဘူး။ သူတို႔လည္း ဝန္မပိေအာင္ ငါလိုခ်င္တဲ့အရာတစ္ခုခု႐ွိလို႔ ဆက္သႏိုင္ရင္ အခြန္ကင္းလြတ္ခြင့္ေပးလိုက္တယ္။ ငါဆက္သခိုင္းတာေတြကလည္း အျမဲတန္ဖိုးႀကီးေနတာ မဟုတ္ပါဘူး။ ဒီလအတြက္ဆို အဲ့ဒီစာအုပ္ေတြပဲ အခြန္အျဖစ္ယူလိုက္တယ္''
လင္းမိုက သူသဲႀကီးမဲႀကီးဖတ္ေနေသာ စာအုပ္ပံုကို လက္ညႇိဳးၫႊန္ျပသည္။
လီခ်န္းယံုစိတ္ထင္သည္လားမသိပါ။ အဲ့ဒီစာအုပ္ေတြ ဟူေသာ စကားေျပာခ်ိန္တြင္ လင္းမို၏ ႏႈတ္ခမ္းတို႔က မေကာင္းဆိုးဝါးဆန္ေနသည္။ မသကၤာဖြယ္ရနံ႔ကိုခံမိေသာ ဝံပုေလြျဖဴေလးက မဆိုင္းမတြေမးလိုက္သည္။
"အဲ့ဒါဘာစာအုပ္ေတြလဲ''
"ေဆးပညာနဲ႔ဆိုင္တဲ့စာအုပ္ေတြ''
လင္းမိုက လီခ်န္းယံုကို ၾကည့္ၿပီး ျပံဳးစစျဖင့္ေျဖသည္။
"မင္းေဆးပညာတတ္တယ္မလား''
လီခ်န္းယံုသည္ လင္းမို အဆိပ္ကို က်င္လည္စြာသံုးတတ္ၿပီး ေဆးပညာလည္း တတ္သည္ကို သိေလသည္။
"ငါမသိတာေတြေလ့လာေနတာ...''
ေျပာရင္း လင္းမို၏ ႏႈတ္ခမ္းတို္႔က ပိုမိုေကြးၫႊတ္သြားသေယာင္။
".....''
လီခ်န္းယံုဘာမွမေျပာေပ။ လင္းမိုကိုသာ စူးရဲစြာၾကည့္လိုက္သည္။ လင္းမိုက အျပစ္ကင္းစြာ ရယ္ျပသည္။ မသကၤာဖြယ္ရနံ႔ကိုရေနေသာ္လည္း လက္ဆုပ္လက္ကိုင္မျပႏိုင္ေသာေၾကာင့္ လီခ်န္းယံု သဝဏ္လႊာကိုသာ ျပန္ဖတ္ေနသည္။
သူဖတ္ေနေသာ သဝဏ္လႊာမွာ လက္ေအာက္ခံအိမ္ေတာ္တစ္ခုဆီက ျဖစ္သည္။ ထိုစာတြင္ေရးထားသည္က အိမ္ေ႐ွ႕စံလီခ်န္းယံုကို သူတို႔၏ သမီးေတာ္ ဆက္သလိုေၾကာင္း ျဖစ္သည္။ လီခ်န္းယံုသည္ အိမ္ေ႐ွ႕စံျဖစ္ေသာ္လည္း သူ႔တြင္ ၾကင္ယာေတာ္ မ႐ွိေသးေခ်။ ထို႔ေၾကာင့္ သမီးေတာ္တို႔ကို ဆက္သလိုေၾကာင္း မၾကာခဏကမ္းလွမ္းခံရသည္။ ၾကင္ယာေတာ္ဆိုမွ သူသတိရသြားသည္။ သူတစ္ခါမွ လင္းမိုတြင္ မိဖုရား႐ွိမ႐ွိ မေမးဖူးေပ။
"လင္းမို...မင္းမွာမိဖုရား႐ွိလား''
လီခ်န္းယံု၏ ဓားကို ေစ့စပ္စြာၾကည့္ေနေသာ လင္းမို ေခါင္းေထာင္လာသည္။
"႐ွိတယ္။ အမ်ားႀကီးပဲ။ ယန္နန္းေတာ္အက်ယ္ႀကီးကို နန္းေဆာင္ေတာင္မေလာက္မွာစိုးရတယ္''
လီခ်န္းယံုအံ့ျသသြားသည္။ သူသည္ တစ္ခါမွ လင္းမိုတြင္ မိဖုရားေတြ႐ွိလိမ့္မည္ဟု မထင္ခဲ့ေပ။ တစ္ဆက္တည္းမွာပင္ တစ္စံုတစ္ခုကို လက္လႊတ္ ဆံုး႐ႈံးလိုက္ရသလို ခံစားရသည္။ ထိုကဲ့သို႔ေသာ အေျဖကို သူမေမွ်ာ္လင့္ခဲ့ေပ။
ခ်က္ခ်င္းပ်က္သြားေသာ လီခ်န္းယံု၏ မ်က္ႏွာေခ်ာေခ်ာကို ၾကည့္ၿပီး သူစသည္မွာ လြန္သြားေၾကာင္း သိလိုက္သည္။ လင္းမိုက လီခ်န္းယံု၏ နဖူးကို လက္ျဖင့္ အသာေတာက္လိုက္သည္။
"အ႐ူးေလး...ငါဆယ့္ေျခာက္ႏွစ္ကတည္းက စစ္တိုက္ေနခဲ့တာ။ ဆယ့္ငါးျပည္ေထာင္ကိုသိမ္းၿပီးေတာ့လည္း ေျမာက္ပိုင္းကို စစ္ခ်ီဖို႔ ျပင္းျပင္းထန္ထန္စစ္ေရးေလ့က်င့္ခဲ့ရတယ္။ အခုငါေျမာက္ပိုင္းမွာ...ဘယ္အခ်ိန္က အဲ့ဒီမိဖုရားေတြေတာ္ေကာက္ရမွာလဲ''
ပ်က္သြားေသာ လီခ်န္းယံု၏ မ်က္ႏွာမွာ ယခုမွ ျပန္လည္ၾကင္လင္သြားသည္။ လီခ်န္းယံုသည္ စိတ္အလိုမက်ျခင္း၊ စိတ္တိုျခင္း၊ ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္း စေသာ ခံစားခ်က္တို္ကို ဟန္မေဆာင္ဘဲေဖာ္ျပေလ့႐ွိသူ ျဖစ္သည္။
"ဘာလို႔ေမးတာလဲ''
လင္းမိုက လီခ်န္းယံု၏ ပါးကို ဖ်စ္ညႇစ္ၿပီးေမးလိုက္သည္။
"သိခ်င္လို႔ေလ''
လီခ်န္းယံုက သူ႔ပါးကိုလာညႇစ္ေသာ လက္ကို ႐ိုက္ခ်ၿပီးျပန္ေျဖသည္။
"မင္းလုပ္ခ်င္လို႔လား''
လင္းမိုက သူ႔ေမးေစ့ကို အသာပြတ္သပ္ၿပီး လီခ်န္းယံု၏ တစ္ကိုယ္လံုးကို စိုက္ၾကည့္ၿပီးေမးလိုက္သည္။
"ဘာ!!!''
လီခ်န္းယံုသာ နဂါးဆိုလွ်င္ လင္းမိုျပာက်သြားေလာက္ၿပီျဖစ္သည္။ ခက္သည္က လီခ်န္းယံုသည္ နဂါးမဟုတ္ပဲ ခ်စ္စရာ ဝံပုေလြျဖဴေလးသာ ျဖစ္သည္။ သို႔ေျကာင္႔ သူ၏ မ်က္ေစာင္းမွာ ေၾကာက္စရာမေကာင္းေပ။
"မသိဘူးေလ...ကိုယ္ေတာ္ရဲ႕ အခြန္ဘ႑ာေတြေရာ၊ မိဖုရား႐ွိမ႐ွိေရာ စိတ္ဝင္စားေနလို႔ အားယံုေလးမ်ား မိဖုရားလုပ္ခ်င္မလားလို႔''
လင္းမိုက သူ႔စကားကိုဆက္ေျပာသည္။
"အားယံုေလးသာ မိဖုရားဆိုရင္ ကိုယ္ေတာ္က အဆင့္သင့္ပဲေနာ္''
".....''
လီခ်န္းယံုဘာမွျပန္မေျပာေပ။ သူက လင္းမိုကို စိတ္ပ်က္စြာ ၾကည့္ၿပီး ေခါင္းယမ္းလိုက္သည္။ ထိုမဆီေလ်ာ္ေသာ ေတာင္ပိုင္းဘုရင္ႀကီးႏွင့္ စကားထပ္မေျပာရန္ ဆံုးျဖတ္လိုက္သည္။
"ကိုယ္ေတာ္စီစဥ္လိုက္ရမလား....''
လီခ်န္းယံုစကားထပ္မေျပာခ်င္ေပမယ့္ လင္းမိုကထပ္ေျပာေနေသးသည္။
"ဘာလဲ...''
"မဂၤလာပြဲေလ''
"မင္းငါ့ၾကင္ယာေတာ္လုပ္ေလ...ငါအခုစီစဥ္လိုက္မယ္''
လီခ်န္းယံု ျပန္ေျပာေသာစကားေၾကာင့္ လင္းမို ႐ႈံ႕မဲ့သြားသည္။ သူေမ့သြားသည္။ ဝံပုေလြျဖဴေလးသည္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံ။ တစ္ခ်ိန္တြင္ ဘုရင္ျဖစ္လာမည့္သူျဖစ္သည္။ ဘုရင္ဆိုသည္အတိုင္း သူသည္လည္း မိဖုရားေျမႇာက္ခြင့္ ႐ွိသည္။
"အားယံုေလး ပင္ပန္းပါ့မယ္။အလုပ္႐ႈပ္ေနတာမလား ေအးေအးေဆးေဆး လုပ္ေနာ္။ ကိုယ္ေတာ္အျပင္သြားလိုက္ဦးမယ္''
လီခ်န္းယံု ေခါင္းၿငိမ့္ျပလိုက္သည္။ အျပင္မထြက္တတ္ေသာ လင္းမိုက အျပင္သြားမည္ဆိုေသာေၾကာင့္ လီခ်န္းယံုေမးၾကည့္လိုက္သည္။
"ဘယ္သြားမလို႔လဲ''
"ေ႐ွာင္ခ်ိဳဆီ...ခိုင္းစရာ႐ွိလို႔''
ေ႐ွာင္ခ်ိဳႏွင့္ ေဟးခ်ိဳသည္လည္း ခရီးမွျပန္ေရာက္ၿပီး ႐ွန္နန္းေတာ္တြင္ ေနျခင္းျဖစ္သည္။
"အင္း...''
လီခ်န္းယံုလည္း ေခါင္းၿငိမ့္ျပၿပီး သူလုပ္လက္စ အလုပ္ကို လုပ္ေနသည္။
ဤသို႔ျဖင့္ လင္းမိုသည္ ေ႐ွာင္ခ်ိဳႏွင့္ေဟးခ်ိဳတို႔ ေနေသာ နန္းေဆာင္ဆီ ထြက္လာခဲ့သည္။
__________________________________________________________________________________