Unicode
မနက်မိုးသောက် နေအလင်းရောင်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေသည်။ လင်းမို၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော လီချန်းယုံ၏ မျက်လွှာတို့ ဖြေးညင်းစွာ ပွင့်လာသည်။ သူက ခန္တာကိုယ်ကို လူးလွန့်ပြီး ထရန်ပြင်စဉ်မှာပင် လင်းမို၏ သန်မာသော လက်တို့က သူ၏ခါးကို မြဲမြံစွာ ဖက်ထားခြင်းကို ခံလိုက်ရသည်။
လီချန်းယုံက လင်းမိုကို ကြည့်လိုက်သောအခါ လင်းမိုသည် အိပ်ရာမနိုးသေးသလို မျက်လွှာတို့ကို ပိတ်ထားလေသည်။ သို့သော် သူသည် လင်းမိုနိုးနေပြီမှန်းတပ်အပ်သိလေသည်။
"ဖယ်တော့ ငါအိပ်ရာထတော့မယ်''
လီချန်းယုံက သူ၏ခါးကို ဖက်ထားသော လင်းမို၏ လက်တို့ကို ဖယ်ရှားရင်းပြောသည်။
"ချန်းယုံ...တစ်ရက်တစ်လေ နောက်ကျတဲ့အထိအိပ်လို့မရဘူးလား အစောကြီးထပြီးဘာလုပ်မှာလဲ''
လင်းမိုက သူ၏ မျက်လွှာတို့ကို မဖွင့်ချင်ဖွင့်ချင် ဖွင့်လာပြီး မကျေမနပ် ရေရွတ်လေသည်။
"မင်းဘယ်လိုလုပ် စိတ်အေးလက်အေးအိပ်နိုင်တာလဲ။ တောင်ပိုင်း ယန်နန်းတော်က မင်းအပိုင်အိပ်ဆောင်ထဲရောက်နေတယ်မှတ်နေတာလား''
လီချန်းယုံက နှာခေါင်းရှုံပြီး ပြောလေသည်။ သူပြောသည်ကလည်း ယုတ္တိရှိပေသည်။ လောလောလတ်လတ်ပုန်ကန်မှု ဖြစ်ထားသော နေရာတွင် အခြားတိုင်းပြည်က ဘုရင်ကြီးက အေးဆေးစွာ အိပ်စက်ရုံမက အိပ်ရာမှထဖို့ပင်စိတ်ကူးမရှိချေ။
"ဒီအိမ်တော်က ငါမပိုင်ဘူး။ ဒါပေမယ့် ဒါက မြောက်ပိုင်းနိုင်ငံ နယ်နမိတ်ထဲကလေ''
လင်းမိုက လီချန်းယုံကို ကြည့်ပြီးပြောလေသည်။
"မြောက်ပိုင်းနိုင်ငံထဲကဆိုတော့ရော မင်းပိုင်လို့လား။ မသကာ ငါပိုင်တယ်ဆိုတာကမှ ဖြစ်နိုင်သေး''
လီချန်းယုံက ကျိုးကြောင်းဆီလျော်စွာ ပြောလေသည်။ သူသည် အိမ်ရှေ့စံဖြစ်သည့်အတွက် မြောက်ပိုင်းတစ်ခုလုံးကို အုပ်ချုပ်ရမည့်သူပင်။
လင်းမိုက လီချန်းယုံ၏ ဆတ်ဆတ်ထိမခံ တုံ့ပြန်မှုကို သဘောကျစွာ ရယ်လေသည်။ ထို့နောက်သူက တမင်ရှုံ့နေသော လီချန်းယုံ၏ နှာခေါင်းချွန်ချွန်လေးကို ဖျစ်ညှစ်ပြီးပြောသည်။
"ဒီအိမ်တော်ကို ငါမပိုင်ဘူး...ငါက ဒီအိမ်တော်ကိုပိုင်တဲ့ မင်းကိုပိုင်တာ''
"......''
လင်းမို၏ ပိုင်စိုးပိုင်နင်းစကားအောက်မှာ လီချန်းယုံပြောစရာ စကားမဲ့သွားသည်။
လင်းမိုက လျှက်တပြက်ပင် လီချန်းယုံခါးကို ဆွဲဖက်ပြီး အိပ်ယာပေါ် လှဲလိုက်သည်။ လင်းမို၏ မျက်နှာက လီချန်းယုံအပေါ်တွင် အုပ်မိုးလျှက်ရှိသည်။
"ကိုယ်တော်ကို အိပ်ယာကထစေချင်လွန်းမှတော့ ဆက်မအိပ်တော့ပါဘူး။ ဒါပေမယ့် မောင်မင်းသိလား ကိုယ်တော်က အိပ်ယာနိုးရင် ဘာအရင်ဆုံးလုပ်လဲဆိုတာ''
လင်းမို၏ နှုတ်ခမ်းတို့က မကောင်းဆိုးဝါးဆန်သော အပြုံးတို့ ဆင်မြန်းနေသည်။
"မျက်နှာသစ်...ကိုယ်လက်သန့်စင်''
လီချန်းယုံက လင်းမို၏ အကြည့်စူးစူးတို့ကို လျစ်လျူရှုပြီး ဖြေလေသည်။ လင်းမိုလိုချင်သော အဖြေကထိုအဖြေတို့မဟုတ်မှန်း လီချန်းယုံသိလေသည်။
"အဲ့ဒါအရင်က...ဒီနေ့ ကိုယ်တော်မနက်စာ အရင်သုံးဆောင်မလားလို့''
လင်းမို၏ စကားကြောင့် လီချန်းယုံ မျက်လုံးတို့ အရောင်ပြောင်းသွားသည်။ သူမသိသည်က သူ့စိတ်ထဲပေါ်လာသော မနက်စာ နှင့် လင်းမိုပြောသော မနက်စာမှာ မိုးနှင့်မြေလို ခြားနားခြင်းပင်။
"မင်းဘာစားမလို့လဲ''
လီချန်းယုံ၏ နှုတ်ခမ်းနီရဲရဲလေးက မနေနိုင်စွာမေးမြန်းလာသည်။
"ချယ်...ရီ...သီး''
လင်းမိုက စကားဆုံးသည်နှင့် သူ၏ မနက်စာဖြစ်သော လီချန်းယုံ၏ နှုတ်ခမ်းဖူးလေးကို စတင်သုံးဆောင်လေသည်။
"....''
လီချန်းယုံသည် ကိုယ်ပေါ်ကနေပြီး သူ၏ နှုတ်ခမ်းကို အတင်းဖိနမ်းနေသော လင်းမို၏ ရင်ဘတ်ကို တွန်းလွှတ်ရန်ကြိုးပမ်းလေသည်။
သို့သော် လင်းမိုက လီချန်းယုံ၏ လက်နှစ်ဖက်လုံးကို ချုပ်ကိုင်ပြီး အပေါ်မြှောက်ထားသည်။ သူက တရှိုက်မက်မက် စုပ်ယူနေသော နှုတ်ခမ်းဖူးလေးကို အသာလွှတ်ပြီး လီချန်းယုံ၏ နားရွက်ဖျားလေးနားသို့ ကပ်ကာ တီးတိုးပြောလေသည်။
"ငြိမ်ငြိမ်နေနော်...မဟုတ်ရင် ကိုယ်တော့်ရဲ့ မနက်စာက ချယ်ရီသီးတင်မကဘူး...သစ်သီးနှစ်မျိုးလောက်ဖြစ်သွားမယ်''
".....''
လီချန်းယုံမှာ ဒုတိယံပ္ပိ ဆွံအသွားပြန်သည်။ သူ၏ခန္တာကိုယ်တွင် လင်းမိုစား၍ရသည်က ချယ်ရီးသီးအပြင် တခြားဘာအသီးရှိမှန်း သူတကယ်မသိချေ။
လင်းမို၏ ခြိမ်းခြောက်မှုအကျိုးရလဒ်အနေဖြင့် လီချန်းယုံမရုန်းတော့ချေ။
လင်းမိုက သူပိုင်ဆိုင်သည်ဟုကြေငြာထားသော ထိုနှုတ်ခမ်းရဲရဲလေးကို နမ်းရှိုက်နေလေသည်။ လင်းမိုက နှုတ်ခမ်းလွှာလေးအတွင်းက လျှာနုနု အိအိလေးကိုလည်း အလွတ်မပေးချေ။ သူ၏ အနမ်းတို့ကို မသိမသာတုံ့ပြန်လာသော ရှိုက်သံ တိုးတိုးညင်းညင်းက လင်းမို၏ စိတ်အာရုံတို့ကို လွင့်ထွက်မတတ်ဖြစ်စေသည်။
လင်းမိုက လီချန်းယုံ၏ ကိုယ်ပေါ်ကနေ နှုတ်ခမ်းချင်းနမ်းသည့်အမှုကို ပြုနေစဉ် လီချန်းယုံ၏ ပါးပြင်မှာ ရှက်ရွံ့မှုကြောင့် ရဲရဲနီနေလေသည်။
အတန်ကြာမှလင်းမိုက သူတရှိုက်မက်မက်စုပ်ယူခဲ့သော နှုတ်ခမ်းလွှာလေးကို လွှတ်ပေးသည်။ လင်းမိုကသူအပိုင်စီးထားသည့် နှုတ်ခမ်းကိုလွှတ်ပေးလိုက်မှ လီချန်းယုံသည် သူ၏ နှုတ်ခမ်းကို သူပြန်ပိုင်ဆိုင်သွားသလို ခံစားလိုက်ရသည်။
"ကိုယ်တော် ဒီလိုမနက်စာသာ သုံးဆောင်ရမယ်ဆိုရင်ဖြင့် မနက်ခင်းတိုင်း စောစောထမိမှာပဲ''
လင်းမိုက ကျေနပ်အားရသွားဟန်ဖြင့် ရွှင်မြူးစွာ ပြောလေသည်။
လီချန်းယုံကမူ အနိုင်ကျင့်သော လင်းမို၏ ဝမ်းဗိုက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
"ဒုတ်...''
ဝမ်းဗိုက်မှကြွက်သားများနှင့် လက်သီးတို့ထိတွေ့သံ ဖြစ်သည်။
"အ့...''
ထိုအသံက လင်းမိုထံမှ ထွက်လာခြင်းမဟုတ်။ လီချန်းယုံဆီက ထွက်လာခြင်းဖြစ်သည်။ သူ၏အားမပါသော လက်သီးက ကျောက်စိုင်လိုမာကျောသော ကြွက်သားတို့ကို ထိမိခြင်းပင်။
"နာသွားတာလား...လာလာ..ကိုယ်တော် ဥုံဖွလုပ်ပေးမယ်''
"မင်း....''
လီချန်းယုံက လင်းမို၏ မခိုးမခံ့ စနောက်မှုကို ဒေါသထွက်ပြီး အံကြိတ်ပြီး ကြိမ်းဝါးလေသည်။
လင်းမိုက လီချန်းယုံ မခံချင်အောင် ပိုတိုးပြီးစသည်။ နှစ်ယောက်သား အိပ်ယာပေါ်တွင် လုံးထွေးသွားပြန်သည်။
ရလဒ်အနေဖြင့် လီချန်းယုံ၏ နီရဲရဲနှုတ်ခမ်းလေးမှာ ပိုမိုဖူးယောင်သလိုဖြစ်လာပြီး လင်းမို၏ လက်မောင်းတွင်လည်း ဝံပုလွေဖြူလေး၏ သွားရာက အကွင်းလိုက်ပေ။ ဘုရင်ကြီးကတော့ သူ၏ လက်မောင်းက သွားရာကို တိုက်ပွဲမှ ရလာသော ဒဏ်ရာကို ဂုဏ်ယူဝင့်ကြွားတတ်သော သူရဲကောင်းလို ကြည့်မှန်တကြည့်ကြည့် လုပ်နေလေတော့သည်။
ဤသို့ဖြင့် နေမင်းကြီး ပြူအာ ထွက်လာသောအချိန်မှ အိမ်ရှေ့စံနှင့် ဘုရင်ကြီး၏ အိပ်ဆောင်တံခါးတို့ ပွင့်လာလေသည်။
ဝမ်အိမ်တော်မှာ ပုန်ကန်မှုကြောင့် ပြည်နယ်အုပ်စိုးခွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ လီချန်းယုံက ဝမ်အိမ်တော်အစား အခြားသစ္စာရှိစောင့်သိသော လက်အောက်ခံအိမ်တော်ကို ပြည်နယ်အုပ်စိုးခွင့်ပေးလိုက်သည်။ ဝမ်လုယီနှင့် ဝမ်လုလုကိုမူကား ပုန်ကန်မှုတွင်မပါဝင်သောကြောင့် သင့်တင့်သော ဘဏ္႑ာဥစ္စာများဖြင့် တစ်နယ်တစ်ကျေးသို့သွားကာ အသက်မွေးစေသည်။ ကိစ္စအားလုံး ရှင်းလင်းပြီးသည့်အချိန်တွင် ညနေစောင်းသို့ ရောက်လုပြီဖြစ်သည်။
ထိုညနေတွင်...
"လင်းမို...''
လီချန်းယုံက သူ့ဘေးက လင်းမိုကိုခေါ်ပြီးစကားပြောရန်ပြငိသည်။
"အာယုံလေး ဘာလိုချင်လို့လဲ...ကိုယ်တော့်ကိုပြော''
လင်းမို၏ မျက်နှာပြောင်သော စကားတို့ကြောင့် လီချန်းယုံ မျက်နှာ ရှုံ့မဲ့သွားသည်။
"မင်းတစ်နေကုန်ဒီလိုလုပ်နေမှာလား...မနက်ကလည်း...''
လီချန်းယုံပြောပြီးမှ သူစကားမှားသွားမှန်းသတိရသည်။ လင်းမိုက သူ့ကို နမ်းသည့်ကိစ္စကို အစဖော်မိတော့မလိုဖြစ်သွားသည်။
"မနက်ကလည်း ဘာဖြစ်လဲ...ဆက်ပြောလေ...''
လင်းမို၏ နှုတ်ခမ်းတို့က မထေ့တရိပြုံးပြီး လီချန်းယုံဆက်ပြောမည်ကို နားစွင့်နေသည့် အမူအရာလုပ်ပြသည်။
"ဘာမှမဟုတ်ဘူး..ရှန်နန်းတော်.မပြန်ခင် ညနေပိုင်းမြို့တစ်ပတ်လျှောက်လည်ရအောင်လို့ပြောမလို့...ငါကြားတာတော့ ဒီက မုန့်ပဲသရေစာတွေက အရသာတော်တော်ရှိတယ်တဲ့...မြို့လယ်ကောင်ကဆိုင်မှာရောင်းတဲ့ လမုန့်လေတော်တော်ချိုတယ်တဲ့ သွားစားရအောင်''
လီချန်းယုံက အားတက်သရောပြောလေသည်။
လင်းမိုကမူ မျက်လုံးများ အရောင်တောက်နေသော ဝံပုလွေဖြူလေးကို အသဲယားစွာ ပိုစချင်သွားသည်။
"အဲ့ဒီလမုန့်က အားယုံလေး နှုတ်ခမ်းလောက် ချိုမှာတဲ့လား''
"လင်း....မို....''
လီချန်းယုံက သည်တစ်ကြိမ် လင်းမိုကို မကိုက်တော့ပဲ အဆက်မပြတ်သော လက်သီးချက်တို့ဖြင့် ထိုးနှက်လေသည်။ သို့သော် ထိုလက်သီးချက်တို့ကို တောင်ပိုင်းဘုရင်ကြီးက မနာကျင်ဘဲ ချစ်ကြည်စယ်နေသည်ဟုပင် သဘောထားလေသည်။
လီချန်းယုံ၏ ဆော်သြော်မှုကြောင့် ထိုညနေတွင် မြို့ဈေးတန်းသို့ အလည်သွားရာ၌ ရှောင်ချိုရော ဟေးချိုပါ ပါလာသည်။ ခါတိုင်းလိုသာဆိုလျှင် သူ့ရှေ့တွင် ချစ်ကြည်နူးနေမည့် အရှင်လင်းမိုနှင့် သခင်လေးကို မရှုစိမ့်စွာ မြင်နေရမည်ဖြစ်သောကြောင့် သူလိုက်လာမည်မဟုတ်ချေ။ ယခုမူကား သူနှင့်အတူ ဒုက္ခခံရမည့် အဖော်ရောက်လာပြီဖြစ်သည်။
လီချန်းယုံပြောသော ဆိုင်သည် အလွန်အမင်းကြီးကျယ်သော ဆိုင်တော့မဟုတ်ချေ။ သို့သော် စားပွဲလေးများ အစီအရီဖြင့် သပ်သပ်ရပ်ရပ်ပြင်ထားသော ဆိုင်လေးဖြစ်သည်။ လီချန်းယုံက ဦးစွာ ဆိုင်ရှိ အကောင်းဆုံး မုန့်ပဲသရေစာတို့ကို မှာယူပြီးချစေသည်။
မကြာမီ စားပွဲတွင် စားချင်စဖွယ် မုန့်မျိုးစုံနှင့် ပြည့်သွားသည်။
သူစားချင်သော မုန့်မျိုးစုံရှေ့တွင် လီချန်းယုံမှာ သဘောကျစွာ ပြုံးရယ်ပြီး တစ်ခုပြီး တစ်ခုမြည်းစမ်းနေသည်။ သူ့ပါးစပ်ကလည်း ဘယ်လိုအရသာရှိတယ်၊ နည်းနည်းတော့ချိုတယ်၊ ဆိမ့်တယ် ဟုသော မှတ်ချက်စကားတို့ကို တစ်ယောက်တည်းပြောနေသည်။
လီချန်းယုံ စားနေသည်ကို လင်းမို၊ ရှောင်ချိုနှင့် ဟေးချိုတို့ ကြည့်နေကြသည်။ ကြည့်နေသည်မှာ တူသော်လည်း အကြည့်အဓိပ္ပါယ်တို့က မတူချေ။ ဟေးချိုက လူ့လောကသို့ ပြန်ရောက်သည်မှာ မကြာသေးသည့်အတွက် ဤမျှစားသောက်နိုင်သော လီချန်းယုံကို ကြည့်ကာ အံသြနေခြင်းဖြစ်သည်။ သခင်အကြောင်း နောကျောနေသော ရှောင်ချိုကမူ ဘယ်လောက်စားစားမအံ့သြပဲ ပျင်းတိပျင်းရွဲ ကြည့်နေခြင်းဖြစ်သည်။ လင်းမိုကမူ ပျော်မြူးနေသော ဝံပုလွေဖြူလေးကို ချစ်မဝသော အကြည့်တို့ဖြင့် ကြည့်နေခြင်းဖြစ်သည်။
"စားလေ...''
မုန့်များကို တစ်ခုပြီးတစ်ခုစားနေသော လီချန်းယုံက ထိုသုံးယောက် မုန့်မစားပဲ သူ့ကို ဝိုင်းကြည့်နေမှန်း သတိပြုမိသောကြောင့် ပြောလိုက်သည်။
ရှောင်ချိုနှင့် ဟေးချိုမှာ သာမန်လူမဟုတ်သည့်အတွက် ထိုအစားအသောက်များကို မကြိုက်ချေ။ သခင်၏ တိုက်တွန်းမှုကြောင့် ရှောင်ချိုက မုန့်တစ်ခုကို ယူပြီး ကိုက်မြည်းလိုက်သည်။
"မင်းရောစား...''
လီချန်းယုံက သူ၏ လက်ထဲက လမုန့်ကို လင်းမိုဆီတိုးပေးသည်။ ထိုအချိန်ကို စောင့်နေသော လင်းမိုက ကမ်းပေးသောမုန့်ကို လက်ဖြင့် မယူချေ။ ပါးစပ်ဖြင့် ကိုက်ပြီး ယူလိုက်သည်။
လူအများရှေ့တွင် ဖြစ်သောကြောင့် လီချန်းယုံ ရှက်သွားသည်။ သို့သော် သူမေးဖြစ်အောင်မေးလိုက်သည်။
"ဘယ်လိုလဲ အဲ့ဒီလမုန့်ချိုတယ်မလား''
လင်းမိုက သူ၏ပါးစပ်ထဲက လမုန့်ကို တတိတိကိုက်ဝါးနေလေသည်။ လီချန်းယုံက လင်းမို၏ အဖြေကို စောင့်နေသည့်ဟန်ဖြင့် လင်းမိုကိုကြည့်နေသည်။ ခဏကြာမှ လင်းမိုဆီက အသံထွက်လာသည်။
"ချိုတယ်...ဒါပေမယ့် အားယုံလေး နှုတ်ခမ်းလောက်မချိုဘူး''
"ဖွီး....''
လင်းမို၏စကားကြောင့် ရေနွေးပူပူကို သောက်နေသော ဟေးချို သီးသွားသည်။
ထိုသို့ဖြစ်မည်ကို ရိပ်စားမိသော ရှောင်ချိုက ဟေးချို၏ ကျောကုန်းကို အသာထုပေးသည်။ သူနှုတ်ဖျားကလည်း တစ်စုံတစ်ရာကို ရေရွတ်နေလေသည်။
"စိတ်ခိုင်ခိုင်ထား...မင်းအများကြီးကြုံရဦးမှာ''
လင်းမို၏ ကလူကျီစယ်မှုကို လျစ်လျူရှုပြီး လီချန်းယုံက မုန့်များကို ဆက်စားနေသည်။ လင်းမိုကမူ လီချန်းယုံစားချင်သော မုန့်ကို ယူပေးခြင်း၊ ကုန်သွားသော မုန့်ကို မှာပေးခြင်းအမှုတို့ဖြင့် အလုပ်များနေသည်။
ထိုညနေစောင်းတွင် လေးယောက်သား ညဈေးတန်းကို လည်ပတ်ကြသည်။ ညဈေးတန်းတွင် အမျိုးမျိုးသော စားသောက်ဖွယ်ရာများ၊ လက်ဝတ်ရတနာများ၊ ပိုးထည်စများ အစရှိသည်တို့ စုံလင်စွာ ရှိလေသည်။ ထို လက်ဝတ်ရတနာနှင့် ပိုးထည်တို့ကို လေးယောက်လုံးစိတ်မဝင်စားချေ။
ကံကောင်းစွာပင် ဈေးတန်း၏ အစွန်း၌ အမျိုးမျိုးသော လက်နက်ပစ္စည်းတို့ကို တည်ခင်းပြသ ထားသော ဆိုင်ကြီး ရှိလေသည်။ လီချန်းယုံက ထုံးစံအတိုင်း လေးနှင့် မြှားတို့ကို ကြည့်ရှု စမ်းသပ်လေသည်။ သူ့စိတ်ကြိုက်တွေ့သောအခါ ဆိုင်ရှင်ကို ထုတ်ပိုးပေးရန် ပြောလေသည်။
လင်းမိုက လီချန်းယုံ မည်သို့ ပိုက်ဆံရှင်းမည်ကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ကနဦးက မုန့်ဆိုင်တွင် စားသမျှသည် လင်းမိုယူဆောင်လာသော ရွှေတုံးတို့ ဖြင့် ရှင်းလိုက်ခြင်းဖြစ်သည်။ အမှန်တကယ် လီချန်းယုံ တွင် ငွေသား တစ်စိုးတစ်စိမျှ မပါချေ။ လင်းမိုက လီချန်းယုံကသူ့ဆီတွင် လက်ဖြန့်တောင်းလိမ့်မည်ဟု ထင်ထားသည်။
သို့သော်...
လီချန်းယုံသည် ဆိုင်ရှင်နှင့် စကားပြောပြီး လင်းမိုဆီပြန်လှည့်လာသည်။ လီချန်းယုံက လင်းမိုကို တစ်ခွန်းမျှမပြောပဲ လင်းမို၏ ခါးတွင် ချိတ်ထားသော အိတ်ကို ယူလိုက်ပြီး ရွှေတုံးနှင့် ငွေစအချို့ ထုတ်လိုက်သည်။ ထို့နောက် လိုအပ်သော ပမာဏကို ရေတွက်ပြီး လင်းမို၏ အိတ်ကို ခါးတွင် ပြန်ချိတ်ပေးလိုက်သည်။ ထို့နောက် လင်းမိုကို တစ်ခွန်းမျှမပြောပဲ ဆိုင်ရှင်ဘက်လှည့်ကာ ငွေပေးချေလိုက်သည်။
လင်းမိုမှာ လီချန်းယုံ၏ ပိုင်စိုးပိုင်နင်းအပြုအမူကို စိတ်မဆိုးသည့်အပြင် သဘောကျစွာရယ်နေလေသည်။
အပြန်လမ်းတွင် သူက လီချန်းယုံနားကပ်ပြီး ပြောလေသည်။
"ချန်းယုံ...မင်းငါ့ကို အကြွေးတင်သွားပြီနော်...မင်းမပေးနိုင်ဘူးမလား ငါမင်းကိုပဲသိမ်းလိုက်တော့မယ်''
"ဒါလေးယူတာကို... ငါပြန်ပေးမယ် အခုမပါသေးဘူး''
လီချန်းယုံက လင်းမိုကို မကျေနပ်ဟန်ဖြင့် ပြန်ပြောသည်။
"မရဘူး...အခုလိုချင်တာ။ မပေးရင် မင်းကိုသိမ်းမယ်''
"မပေးဘူး...''
"မင်းပြောတာနော်''
ပြောပြောဆိုဆို လင်းမိုက လီချန်းယုံကို ကောက်ပွေ့ပြီး သူတို့၏အိပ်ဆောင်ဘက် ဦးတည်သွားလေသည်။ လီချန်းယုံက အော်ပြီး လင်းမိုကို ထိုးသည်။ လင်းမိုက လွှတ်မပေးချေ။ အိပ်ဆောင်သို့ရောက်သောအခါ လင်းမိုက တံခါးကို ခြေထောက်ဖြင့် ဖွင့်ပြီး လီချန်းယုံကို ပွေ့ထားသော လက်တစ်ဖက်ဖြင့် တံခါးနှစ်ချပ်ကို အသာဆွဲစိလိုက်သည်။
ပိတ်သွားသော တံခါးချပ်ရှေ့တွင် ရပ်နေသည်က ရှောင်ချိုနှင့်ဟေးချို။
အိပ်ဆောင်ပြန်ရန်အသီးသီး ခြေလှမ်းတို့ပြင်နေစဉ် တစ်နေကုန် စကားတစ်ခွန်းမှ မပြောသော ဟေးချိုက ရှောင်ချိုကို ခေါ်လိုက်သည်။
"ရှောင်ချို....''
ရှောင်ချိုက လှည့်ကြည့်သည်။
"သူတို့်က အမြဲတမ်းအဲ့လိုပဲလား...''
အေးစက်စက်ဟေးချို၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သည့် အမူအရာများပေါ်နေသည်။
ရှောင်ချိုက ဟေးချိုကို အားပေးသည့်အနေဖြင့် ပြုံးပြလိုက်သည်။
"အမြဲတမ်းအဲ့လိုပဲ.. မင်းမမြင်ချင်ယောင်သာဆောင်နေလိုက်''
__________________________________________________________________________________
Zawgyi
မနက္မိုးေသာက္ ေနအလင္းေရာင္သည္ ျပတင္းေပါက္မွတစ္ဆင့္ အခန္းတြင္းသို႔ ျဖာက်ေနသည္။ လင္းမို၏ ရင္ခြင္ထဲတြင္ အိပ္ေပ်ာ္ေနေသာ လီခ်န္းယံု၏ မ်က္လႊာတို႔ ေျဖးညင္းစြာ ပြင့္လာသည္။ သူက ခႏၱာကိုယ္ကို လူးလြန္႔ၿပီး ထရန္ျပင္စဥ္မွာပင္ လင္းမို၏ သန္မာေသာ လက္တို႔က သူ႔ခါးကို ျမဲျမံစြာ ဖက္ထားျခင္းကို ခံလိုက္ရသည္။
လီခ်န္းယံုက လင္းမိုကို ၾကည့္လိုက္ေသာအခါ လင္းမိုသည္ အိပ္ရာမႏိုးေသးသလို မ်က္လႊာတို႔ကို ပိတ္ထားေလသည္။
သို႔ေသာ္ လီခ်န္းယံုသည္ လင္းမိုႏိုးေနၿပီမွန္းတပ္အပ္သိေလသည္။
"ဖယ္ေတာ့ ငါအိပ္ရာထေတာ့မယ္''
လီခ်န္းယံုက သူ႔ခါးကို ဖက္ထားေသာ လင္းမို၏ လက္တို႔ကို ဖယ္႐ွားရင္းေျပာသည္။
"ခ်န္းယံု...တစ္ရက္တစ္ေလ ေနာက္က်တဲ့အထိအိပ္လို႔မရဘူးလား အေစာႀကီးထၿပီးဘာလုပ္မွာလဲ''
လင္းမိုက သူ၏ မ်က္လႊာတို႔ကို မဖြင့္ခ်င္ဖြင့္ခ်င္ ဖြင့္လာၿပီး မေက်နပ္စြာ ေရရြတ္ေလသည္။
"မင္းဘယ္လိုလုပ္ စိတ္ေအးလက္ေအးအိပ္ႏိုင္တာလဲ။ ေတာင္ပိုင္း ယန္နန္းေတာ္က မင္းအပိုင္အိပ္ေဆာင္ထဲေရာက္ေနတယ္မွတ္ေနတာလား''
လီခ်န္းယံုက ႏွာေခါင္း႐ႈံၿပီး ေျပာေလသည္။ သူေျပာသည္ကလည္း ယုတၱိ႐ွိေပသည္။ ေလာေလာလတ္လတ္ပုန္ကန္မႈ ျဖစ္ထားေသာ ေနရာတြင္ အျခားတိုင္းျပည္က ဘုရင္ႀကီးက ေအးေဆးစြာ အိပ္စက္ရံုမက အိပ္ရာမွထဖို႔ပင္စိတ္ကူးမ႐ွိေခ်။
"ဒီအိမ္ေတာ္က ငါမပိုင္ဘူး။ ဒါေပမယ့္ ဒါက ေျမာက္ပိုင္းႏိုင္ငံ နယ္နမိတ္ထဲကေလ''
လင္းမိုက လီခ်န္းယံုကို ၾကည့္ၿပီးေျပာေလသည္။
"ေျမာက္ပိုင္းႏိုင္ငံထဲကဆိုေတာ့ေရာ မင္းပိုင္လို႔လား။ မသကာ ငါပိုင္တယ္ဆိုတာကမွ ျဖစ္ႏိုင္ေသး''
လီခ်န္းယံုက က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျပာေလသည္။ သူသည္ အိမ္ေ႐ွ႕စံျဖစ္သည့္အတြက္ ေျမာက္ပိုင္းတစ္ခုလံုးကို အုပ္ခ်ဳပ္ရမည့္သူပင္။
လင္းမိုက လီခ်န္းယံု၏ ဆတ္ဆတ္ထိမခံ တံု႔ျပန္မႈကို သေဘာက်စြာ ရယ္ေလသည္။ ထို႔ေနာက္သူက တမင္႐ႈံ႕ေနေသာ လီခ်န္းယံု၏ ႏွာေခါင္းခြၽန္ခြၽန္ေလးကို ဖ်စ္ညႇစ္ၿပီးေျပာသည္။
"ဒီအိမ္ေတာ္ကို ငါမပိုင္ဘူး...ငါက ဒီအိမ္ေတာ္ကိုပိုင္တဲ့ မင္းကိုပိုင္တာ''
"......''
လင္းမို၏ ပိုင္စိုးပိုင္နင္းစကားေအာက္မွာ လီခ်န္းယံုေျပာစရာ စကားမဲ့သြားသည္။
လင္းမိုက လွ်က္တျပက္ပင္ လီခ်န္းယံုခါးကို ဆြဲဖက္ၿပီး အိပ္ယာေပၚ လွဲလိုက္သည္။ လင္းမို၏ မ်က္ႏွာက လီခ်န္းယံုအေပၚတြင္ အုပ္မိုးလွ်က္။
"ကိုယ္ေတာ္ကို အိပ္ယာကထေစခ်င္လြန္းမွေတာ့ ဆက္မအိပ္ေတာ့ပါဘူး။ ဒါေပမယ့္ ေမာင္မင္းသိလား ကိုယ္ေတာ္က အိပ္ယာႏိုးရင္ ဘာအရင္ဆံုးလုပ္လဲဆိုတာ''
လင္းမို၏ ႏႈတ္ခမ္းတို႔က မေကာင္းဆိုးဝါးဆန္ေသာ အျပံဳးတို႔ ဆင္ျမန္းေနသည္။
"မ်က္ႏွာသစ္...ကိုယ္လက္သန္႔စင္''
လီခ်န္းယံုက လင္းမို၏ အၾကည့္စူးစူးတို႔ကို လ်စ္လ်ဴ႐ႈၿပီး ေျဖေလသည္။ လင္းမိုလိုခ်င္ေသာ အေျဖကထိုအေျဖတို႔မဟုတ္မွန္း လီခ်န္းယံုသိေလသည္။
"အဲ့ဒါအရင္က...ဒီေန႔ ကိုယ္ေတာ္မနက္စာ အရင္သံုးေဆာင္မလားလို႔''
လင္းမို၏ စကားေၾကာင့္ လီခ်န္းယံု မ်က္လံုးတို႔ အေရာင္ေျပာင္းသြားသည္။ သူမသိသည္က သူ႔စိတ္ထဲေပၚလာေသာ မနက္စာ ႏွင့္ လင္းမိုေျပာေသာ မနက္စာမွာ မိုးႏွင့္ေျမလို ျခားနားျခင္းပင္။
"မင္းဘာစားမလို႔လဲ''
လီခ်န္းယံု၏ ႏႈတ္ခမ္းနီရဲရဲေလးက မေနႏိုင္စြာေမးျမန္းလာသည္။
"ခ်ယ္...ရီ...သီး''
လင္းမိုက စကားဆံုးသည္ႏွင့္ သူ၏ မနက္စာျဖစ္ေသာ လီခ်န္းယံု၏ ႏႈတ္ခမ္းဖူးေလးကို စတင္သံုးေဆာင္ေလသည္။
"....''
လီခ်န္းယံုသည္ သူ႔ကိုယ္ေပၚကေနၿပီး သူ၏ ႏႈတ္ခမ္းကို အတင္းဖိနမ္းေနေသာ လင္းမို၏ ရင္ဘတ္ကို တြန္းလႊတ္ရန္ႀကိဳးပမ္းေလသည္။
သို႔ေသာ္ လင္းမိုက လီခ်န္းယံု၏ လက္ႏွစ္ဖက္လံုးကို ခ်ဳပ္ကိုင္ၿပီး အေပၚေျမႇာက္ထားသည္။ သူက တ႐ႈိက္မက္မက္ စုပ္ယူေနေသာ ႏႈတ္ခမ္းဖူးေလးကို အသာလႊတ္ၿပီး လီခ်န္းယံု၏ နားရြက္ဖ်ားေလးနားသို႔ ကပ္ကာ တီးတိုးေျပာေလသည္။
"ၿငိမ္ၿငိမ္ေနေနာ္...မဟုတ္ရင္ ကိုယ္ေတာ့္ရဲ႕ မနက္စာက ခ်ယ္ရီသီးတင္မကဘူး...သစ္သီးႏွစ္မ်ိဳးေလာက္ျဖစ္သြားမယ္''
".....''
လီခ်န္းယံုမွာ ဒုတိယံပၸိ ဆြံအသြားျပန္သည္။ သူ႔ခႏၱာကိုယ္တြင္ လင္းမိုစား၍ရသည္က ခ်ယ္ရီးသီးအျပင္ တျခားဘာအသီး႐ွိမွန္း သူတကယ္မသိေခ်။
လင္းမို၏ ျခိမ္းေျခာက္မႈအက်ိဳးရလဒ္အေနျဖင့္ လီခ်န္းယံုမ႐ုန္းေတာ့ေခ်။
လင္းမိုက သူပိုင္ဆိုင္သည္ဟုေၾကျငာထားေသာ ထိုႏႈတ္ခမ္းရဲရဲေလးကို နမ္း႐ိႈက္ေနေလသည္။ လင္းမိုက ႏႈတ္ခမ္းလႊာေလးအတြင္းက လွ်ာႏုႏု အိအိေလးကိုလည္း အလြတ္မေပးေခ်။ သူ၏ အနမ္းတို႔ကို မသိမသာတံု႔ျပန္လာေသာ ႐ႈိက္သံ တိုးတိုးညင္းညင္းက လင္းမို၏ စိတ္အာရံုတို႔ကို လြင့္ထြက္မတတ္ျဖစ္ေစသည္။
လင္းမိုက လီခ်န္းယံု၏ ကိုယ္ေပၚကေန ႏႈတ္ခမ္းခ်င္းနမ္းသည့္အမႈကို ျပဳေနစဥ္ လီခ်န္းယံု၏ ပါးျပင္မွာ ႐ွက္ရြံ႕မႈေၾကာင့္ ရဲရဲနီေနေလသည္။
အတန္ၾကာမွ...လင္းမိုက သူတ႐ိႈက္မက္မက္စုပ္ယူခဲ့ေသာ ႏႈတ္ခမ္းလႊာေလးကို လႊတ္ေပးသည္။ လင္းမိုကသူအပိုင္စီးထားသည့္ ႏႈတ္ခမ္းကိုလႊတ္ေပးလိုက္မွ လီခ်န္းယံုသည္ သူ၏ ႏႈတ္ခမ္းကို သူျပန္ပိုင္ဆိုင္သြားသလို ခံစားလိုက္ရသည္။
"ကိုယ္ေတာ္ ဒီလိုမနက္စာသာ သံုးေဆာင္ရမယ္ဆိုရင္ျဖင့္ မနက္ခင္းတိုင္း ေစာေစာထမိမွာပဲ''
လင္းမိုက ေက်နပ္အားရသြားဟန္ျဖင့္ ရႊင္ျမဴးစြာ ေျပာေလသည္။
လီခ်န္းယံုကမူ အႏိုင္က်င့္ေသာ လင္းမို၏ ဝမ္းဗိုက္သို႔ လက္သီးတစ္လံုး ပစ္သြင္းလိုက္သည္။
"ဒုတ္...''
ဝမ္းဗိုက္မွႂကြက္သားမ်ားႏွင့္ လက္သီးတို႔ထိေတြ႔သံ ျဖစ္သည္။
"အ့...''
ထိုအသံက လင္းမိုထံမွ ထြက္လာျခင္းမဟုတ္။ လီခ်န္းယံုဆီက ထြက္လာျခင္းျဖစ္သည္။ သူ၏အားမပါေသာ လက္သီးက ေက်ာက္စိုင္လိုမာေက်ာေသာ ႂကြက္သားတို႔ကို ထိမိျခင္းပင္...
"နာသြားတာလား...လာလာ..ကိုယ္ေတာ္ ဥံဳဖြလုပ္ေပးမယ္''
"မင္း....''
လီခ်န္းယံုက လင္းမို၏ မခိုးမခံ့ စေနာက္မႈကို ေဒါသထြက္ၿပီး အံႀကိတ္ၿပီး ႀကိမ္းဝါးေလသည္။
လင္းမိုက လီခ်န္းယံု မခံခ်င္ေအာင္ ပိုတိုးၿပီးစသည္။ ႏွစ္ေယာက္သား အိပ္ယာေပၚတြင္ လံုးေထြးသြားျပန္သည္။
ရလဒ္အေနျဖင့္ လီခ်န္းယံု၏ နီရဲရဲႏႈတ္ခမ္းေလးမွာ ပိုမိုဖူးေယာင္သလိုျဖစ္လာၿပီး လင္းမို၏ လက္ေမာင္းတြင္လည္း ဝံပုေလြျဖဴေလး၏ သြားရာက အကြင္းလိုက္ေပ။ ဘုရင္ႀကီးကေတာ့ သူ၏ လက္ေမာင္းက သြားရာကို တိုက္ပြဲမွ ရလာေသာ ဒဏ္ရာကို ဂုဏ္ယူဝင့္ႂကြားတတ္ေသာ သူရဲေကာင္းလို ၾကည့္မွန္တၾကည့္ၾကည့္ လုပ္ေနေလေတာ့သည္။
ဤသို႔ျဖင့္ ေနမင္းႀကီး ျပဴအာ ထြက္လာေသာအခ်ိန္မွ အိမ္ေ႐ွ႕စံႏွင့္ ဘုရင္ႀကီး၏ အိပ္ေဆာင္တံခါးတို႔ ပြင့္လာေလသည္။
ဝမ္အိမ္ေတာ္မွာ ပုန္ကန္မႈေၾကာင့္ ျပည္နယ္အုပ္စုိးခြင့္ကို ဆံုး႐ႈံးလိုက္ရၿပီျဖစ္သည္။ လီခ်န္းယံုက ဝမ္အိမ္ေတာ္အစား အျခားသစၥာ႐ွိေစာင့္သိေသာ လက္ေအာက္ခံအိမ္ေတာ္ကို ျပည္နယ္အုပ္စိုးခြင့္ေပးလိုက္သည္။ ဝမ္လုယီႏွင့္ ဝမ္လုလုကိုမူကား ပုန္ကန္မႈတြင္မပါဝင္ေသာေၾကာင့္ သင့္တင့္ေသာ ဘ႑ာဥစၥာမ်ားျဖင့္ တစ္နယ္တစ္ေက်းသို႔သြားကာ အသက္ေမြးေစသည္။ ကိစၥအားလံုး ႐ွင္းလင္းၿပီးသည့္အခ်ိန္တြင္ ညေနေစာင္းသို႔ ေရာက္လုၿပီျဖစ္သည္။
ထိုညေနတြင္...
"လင္းမို...''
လီခ်န္းယံုက သူ႔ေဘးက လင္းမိုကိုေခၚၿပီးစကားေျပာရန္ျပငိသည္။
"အာယံုေလး ဘာလိုခ်င္လို႔လဲ...ကိုယ္ေတာ့္ကိုေျပာ''
လင္းမို၏ မ်က္ႏွာေျပာင္ေသာ စကားတို႔ေၾကာင့္ လီခ်န္းယံု မ်က္ႏွာ ႐ႈံ႕မဲ့သြားသည္။
"မင္းတစ္ေနကုန္ဒီလိုလုပ္ေနမွာလား...မနက္ကလည္း...''
လီခ်န္းယံုေျပာၿပီးမွ သူစကားမွားသြားမွန္းသတိရသည္။ လင္းမိုက သူ႔ကို နမ္းသည့္ကိစၥကို အစေဖာ္မိေတာ့မလိုျဖစ္သြားသည္။
"မနက္ကလည္း ဘာျဖစ္လဲ...ဆက္ေျပာေလ...''
လင္းမို၏ ႏႈတ္ခမ္းတို႔က မေထ့တရိျပံဳးၿပီး လီခ်န္းယံုဆက္ေျပာမည္ကို နားစြင့္ေနသည့္ အမူအရာလုပ္ျပသည္။
"ဘာမွမဟုတ္ဘူး..႐ွန္နန္းေတာ္.မျပန္ခင္ ညေနပိုင္းၿမိဳ႕တစ္ပတ္ေလွ်ာက္လည္ရေအာင္လို႔ေျပာမလို႔...ငါၾကားတာေတာ့ ဒီက မုန္႔ပဲသေရစာေတြက အရသာေတာ္ေတာ္႐ွိတယ္တဲ့...ၿမိဳ႕လယ္ေကာင္ကဆိုင္မွာေရာင္းတဲ့ လမုန္႔ေလေတာ္ေတာ္ခ်ိဳတယ္တဲ့ သြားစားရေအာင္''
လီခ်န္းယံုက အားတက္သေရာေျပာေလသည္။
လင္းမိုကမူ မ်က္လံုးမ်ား အေရာင္ေတာက္ေနေသာ ဝံပုေလြျဖဴေလးကို အသဲယားစြာ ပိုစခ်င္သြားသည္။
"အဲ့ဒီလမုန္႔က အားယံုေလး ႏႈတ္ခမ္းေလာက္ ခ်ိဳမွာတဲ့လား''
"လင္း....မို....''
လီခ်န္းယံုက သည္တစ္ႀကိမ္ လင္းမိုကို မကိုက္ေတာ့ပဲ အဆက္မျပတ္ေသာ လက္သီးခ်က္တို႔ျဖင့္ ထိုးႏွက္ေလသည္။ သို႔ေသာ္ ထိုလက္သီးခ်က္တို႔ကို ေတာင္ပိုင္းဘုရင္ႀကီးက မနာက်င္ဘဲ ခ်စ္ၾကည္စယ္ေနသည္ဟုပင္ သေဘာထားေလသည္။
လီခ်န္းယံု၏ ေဆာ္ေျသာ္မႈေၾကာင့္ ထိုညေနတြင္ ၿမိဳ႕ေစ်းတန္းသို႔ အလည္သြားရာ၌ ေ႐ွာင္ခ်ိဳေရာ ေဟးခ်ိဳပါ ပါလာသည္။ ခါတိုင္းလိုသာဆိုလွ်င္ သူ႔ေ႐ွ႔တြင္ ခ်စ္ၾကည္ႏူးေနမည့္ အ႐ွင္လင္းမိုႏွင့္ သခင္ေလးကို မ႐ႈစိမ့္စြာ ျမင္ေနရမည္ျဖစ္ေသာေၾကာင့္ သူလိုက္လာမည္မဟုတ္ေခ်။ ယခုမူကား သူႏွင့္အတူ ဒုကၡခံရမည့္ အေဖာ္ေရာက္လာၿပီျဖစ္သည္။
လီခ်န္းယံုေျပာေသာ ဆိုင္သည္ အလြန္အမင္းႀကီးက်ယ္ေသာ ဆိုင္ေတာ့မဟုတ္ေခ်။ သို႔ေသာ္ စားပြဲေလးမ်ား အစီအရီျဖင့္ သပ္သပ္ရပ္ရပ္ျပင္ထားေသာ ဆိုင္ေလးျဖစ္သည္။ လီခ်န္းယံုက ဦးစြာ ဆိုင္႐ွိ အေကာင္းဆံုး မုန္႔ပဲသေရစာတို႔ကို မွာယူၿပီးခ်ေစသည္။
မၾကာမီ စားပြဲတြင္ စားခ်င္စဖြယ္ မုန္႔မ်ိဳးစံုႏွင့္ ျပည့္သြားသည္။
သူစားခ်င္ေသာ မုန္႔မ်ိဳးစံုေ႐ွ႕တြင္ လီခ်န္းယံုမွာ သေဘာက်စြာ ျပံဳးရယ္ၿပီး တစ္ခုၿပီး တစ္ခုျမည္းစမ္းေနသည္။ သူ႔ပါးစပ္ကလည္း ဘယ္လိုအရသာ႐ွိတယ္၊ နည္းနည္းေတာ့ခ်ိဳတယ္၊ ဆိမ့္တယ္ ဟုေသာ မွတ္ခ်က္စကားတို႔ကို တစ္ေယာက္တည္းေျပာေနသည္။
လီခ်န္းယံု စားေနသည္ကို လင္းမို၊ ေ႐ွာင္ခ်ိဳႏွင့္ ေဟးခ်ိဳတို႔ ၾကည့္ေနၾကသည္။ ၾကည့္ေနသည္မွာ တူေသာ္လည္း အၾကည့္အဓိပၸါယ္တို႔က မတူေခ်။ ေဟးခ်ိဳက လူ႔ေလာကသို႔ ျပန္ေရာက္သည္မွာ မၾကာေသးသည့္အတြက္ ဤမွ်စားေသာက္ႏိုင္ေသာ လီခ်န္းယံုကို ၾကည့္ကာ အံျသေနျခင္းျဖစ္သည္။ သခင္အေၾကာင္း ေနာေက်ာေနေသာ ေ႐ွာင္ခ်ိဳကမူ ဘယ္ေလာက္စားစားမအံ့ျသပဲ ပ်င္းတိပ်င္းရြဲ ၾကည့္ေနျခင္းျဖစ္သည္။ လင္းမိုကမူ ေပ်ာ္ျမဴးေနေသာ ဝံပုေလြျဖဴေလးကို ခ်စ္မဝေသာ အၾကည့္တို႔ျဖင့္ ၾကည့္ေနျခင္းျဖစ္သည္။
"စားေလ...''
မုန္႔မ်ားကို တစ္ခုၿပီးတစ္ခုစားေနေသာ လီခ်န္းယံုက ထိုသံုးေယာက္ မုန္႔မစားပဲ သူ႔ကို ဝိုင္းၾကည့္ေနမွန္း သတိျပဳမိေသာေၾကာင့္ ေျပာလိုက္သည္။
ေ႐ွာင္ခ်ိဳႏွင့္ ေဟးခ်ိဳမွာ သာမန္လူမဟုတ္သည့္အတြက္ ထိုအစားအေသာက္မ်ားကို မႀကိဳက္ေခ်။ သခင္၏ တိုက္တြန္းမႈေၾကာင့္ ေ႐ွာင္ခ်ိဳက မုန္႔တစ္ခုကို ယူၿပီး ကိုက္ျမည္းလိုက္သည္။
"မင္းေရာစား...''
လီခ်န္းယံုက သူ၏ လက္ထဲက လမုန္႔ကို လင္းမိုဆီတိုးေပးသည္။ ထိုအေျခအေနကိုေစာင့္ေနေသာ လင္းမိုက ကမ္းေပးေသာမုန္႔ကို လက္ျဖင့္ မယူေခ်။ ပါးစပ္ျဖင့္ ကိုက္ၿပီး ယူလိုက္သည္။
လူအမ်ားေ႐ွ႕တြင္ ျဖစ္ေသာေၾကာင့္ လီခ်န္းယံု ႐ွက္သြားသည္။ သို႔ေသာ္ သူေမးျဖစ္ေအာင္ေမးလိုက္သည္။
"ဘယ္လိုလဲ အဲ့ဒီလမုန္႔ခ်ိဳတယ္မလား''
လင္းမိုက သူ႔ပါးစပ္ထဲက လမုန္႔ကို တတိတိကိုက္ဝါးေနေလသည္။ လီခ်န္းယံုက လင္းမို၏ အေျဖကို ေစာင့္ေနသည္ဟန္ျဖင့္ လင္းမိုကိုၾကည့္ေနသည္။ ခဏၾကာမွ လင္းမိုဆီက အသံထြက္လာသည္။
"ခ်ိဳတယ္...ဒါေပမယ့္ အားယံုေလး ႏႈတ္ခမ္းေလာက္မခ်ိဳဘူး''
"ဖြီး....''
လင္းမို၏စကားေၾကာင့္ ေရေႏြးပူပူကို ေသာက္ေနေသာ ေဟးခ်ိဳ သီးသြားသည္။
ထိုသို႔ျဖစ္မည္ကို ရိပ္စားမိေသာ ေ႐ွာင္ခ်ိဳက ေဟးခ်ိဳ၏ ေက်ာကုန္းကို အသာထုေပးသည္။ သူႏႈတ္ဖ်ားကလည္း တစ္စံုတစ္ရာကို ေရရြတ္ေနေလသည္။
"စိတ္ခိုင္ခိုင္ထား...မင္းအမ်ားႀကီးၾကံဳရဦးမွာ''
လင္းမို၏ ကလူက်ီစယ္မႈကို လ်စ္လ်ဴ႐ႈၿပီး လီခ်န္းယံုက မုန္႔မ်ားကို ဆက္စားေနသည္။ လင္းမိုကမူ လီခ်န္းယံုစားခ်င္ေသာ မုန္႔ကို ယူေပးၿခင္း၊ ကုန္သြားေသာ မုန္႔ကို မွာေပးျခင္းအမႈတို႔ျဖင့္ အလုပ္မ်ားေနသည္။
ထိုညေနေစာင္းတြင္ ေလးေယာက္သား ညေစ်းတန္းကို လည္ပတ္ၾကသည္။ ညေစ်းတန္းတြင္ အမ်ိဳးမ်ိဳးေသာ စားေသာက္ဖြယ္ရာမ်ား၊ လက္ဝတ္ရတနာမ်ား၊ ပိုးထည္စမ်ား အစ႐ွိသည္တို႔ စံုလင္စြာ ႐ွိေလသည္။ ထို လက္ဝတ္ရတနာႏွင့္ ပိုးထည္တို႔ကို ေလးေယာက္လံုးစိတ္မဝင္စားေခ်။
ကံေကာင္းစြာပင္ ေစ်းတန္း၏ အစြန္း၌ အမ်ိဳးမ်ိဳးေသာ လက္နက္ပစၥည္းတို႔ကို တည္ခင္းျပသ ထားေသာ ဆိုင္ႀကီး ႐ွိေလသည္။ လီခ်န္းယံုက ထံုးစံအတိုင္း ေလးႏွင့္ ျမႇားတို႔ကို ၾကည့္႐ႈ စမ္းသပ္ေလသည္။ သူ႔စိတ္ႀကိဳက္ေတြ႔ေသာအခါ ဆိုင္႐ွင္ကို ထုတ္ပိုးေပးရန္ ေျပာေလသည္။
လင္းမိုက လီခ်န္းယံု မည္သို႔ ပိုက္ဆံ႐ွင္းမည္ကို စိတ္ဝင္စားစြာ ၾကည့္ေနသည္။ ကနဦးက မုန္႔ဆိုင္တြင္ စားသမွ်သည္ လင္းမိုယူေဆာင္လာေသာ ေရႊတံုးတို႔ ျဖင့္ ႐ွင္းလိုက္ျခင္းျဖစ္သည္။ အမွန္တကယ္ လီခ်န္းယံု တြင္ ေငြသား တစ္စိုးတစ္စိမွ် မပါေခ်။ လင္းမိုက လီခ်န္းယံုကသူ႔ဆီတြင္ လက္ျဖန္႔ေတာင္းလိမ့္မည္ဟု ထင္ထားသည္။
သို႔ေသာ္...
သို႔ေသာ္...
လီခ်န္းယံုသည္ ဆိုင္႐ွင္ႏွင့္ စကားေျပာၿပီး လင္းမိုဆီျပန္လွည့္လာသည္။ လီခ်န္းယံုက လင္းမိုကို တစ္ခြန္းမွ်မေျပာပဲ လင္းမို၏ ခါးတြင္ ခ်ိတ္ထားေသာ အိတ္ကို ယူလိုက္ၿပီး ေရႊတံုးႏွင့္ ေငြစအခ်ိဳ႕ ထုတ္လိုက္သည္။ ထို႔ေနာက္ လိုအပ္ေသာ ပမာဏကို ေရတြက္ၿပီး လင္းမို၏ အိတ္ကို ခါးတြင္ ျပန္ခ်ိတ္ေပးလိုက္သည္။ ထို႔ေနာက္ လင္းမိုကို တစ္ခြန္းမွ်မေျပာပဲ ဆိုင္႐ွင္ဘက္လွည့္ကာ ေငြေပးေခ်လိုက္သည္။
လင္းမိုမွာ လီခ်န္းယံု၏ ပိုင္စိုးပိုင္နင္းအျပဳအမူကို စိတ္မဆိုးသည့္အျပင္ သေဘာက်စြာရယ္ေနေလသည္။
အျပန္လမ္းတြင္ သူက လီခ်န္းယံုနားကပ္ၿပီး ေျပာေလသည္။
"ခ်န္းယံု...မင္းငါ့ကို အေႂကြးတင္သြားၿပီေနာ္...မင္းမေပးႏိုင္ဘူးမလား ငါမင္းပဲသိမ္းလိုက္ေတာ့မယ္''
လီခ်န္းယံုက လင္းမိုကို မေက်နပ္ဟန္ျဖင့္ ျပန္ေျပာသည္။
"ဒါေလးယူတာကို... ငါျပန္ေပးမယ္ အခုမပါေသးဘူး''
"မရဘူး...အခုလိုခ်င္တာ။ မေပးရင္ မင္းကိုသိမ္းမယ္''
"မေပးဘူး...''
"မင္းေျပာတာေနာ္''
ေျပာေျပာဆိုဆို လင္းမိုက လီခ်န္းယံုကို ေကာက္ေပြ႔ၿပီး သူတို႔ အိပ္ေဆာင္ဘက္ ဦးတည္သြားေလသည္။ လီခ်န္းယံုက ေအာ္ၿပီး လင္းမိုကို ထိုးသည္။ လင္းမိုက လႊတ္မေပးေခ်။ အိပ္ေဆာင္သို႔ေရာက္ေသာအခါ လင္းမိုက တံခါးကို ေျခေထာက္ျဖင့္ ဖြင့္ၿပီး လီခ်န္းယံုကို ေပြ႔ထားေသာ လက္တစ္ဖက္ျဖင့္ တံခါးႏွစ္ခ်ပ္ကို အသာဆြဲစိလိုက္သည္။
ပိတ္သြားေသာ တံခါးခ်ပ္ေ႐ွ႕တြင္ ရပ္ေနသည္က ေ႐ွာင္ခ်ိဳႏွင့္ေဟးခ်ိဳ...
အိပ္ေဆာင္ျပန္ရန္အသီးသီး ေျခလွမ္းတို္ျပင္ေနစဥ္ တစ္ေနကုန္ စကားတစ္ခြန္းမွ မေျပာေသာ ေဟးခ်ိဳက ေ႐ွာင္ခ်ိဳကို ေခၚလိုက္သည္။
"ေ႐ွာင္ခ်ိဳ....''
ေ႐ွာင္ခ်ိဳက လွည့္ၾကည့္သည္။
"သူတို္႔က အျမဲတမ္းအဲ့လိုပဲလား...''
ေအးစက္စက္ေဟးခ်ိဳ၏ မ်က္ႏွာတြင္ ဇေဝဇဝါျဖစ္သည့္ အမူအရာမ်ားေပၚေနသည္။
ေ႐ွာင္ခ်ိဳက ေဟးခ်ိဳကို အားေပးသည့္အေနျဖင့္ ျပံဳးျပလိုက္သည္။
"အျမဲတမ္းအဲ့လိုပဲ.. မင္းမျမင္ခ်င္ေယာင္သာေဆာင္ေနလိုက္''
__________________________________________________________________________________