The frozen heart of the fire...

By FlowerRainButterfly

875K 75.1K 2.6K

မီးနတ္အရွင္သခင္နဲ႕ လူသားေကာင္ေလးတို႔ၾကားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာည... More

ပုံျပင္ေလးအစ...
part 1
part 2
part 3
part 4
part 5
part6
part 7
part 8
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31 (ဇာက္သိမ္းပိုင္း)
ေက်းဇူးတင္လႊာ
S2❤

part 9

22.9K 2.4K 101
By FlowerRainButterfly


အိမ္ေ႐ွ႕စံမွာ ေနာက္ပင္လွည့္မၾကည့္ေတာ့။ေပ့ထုံးငွက္ေပါက္အားပိုက္ကာ တန္းေနေအာင္ထြက္သြားေလသည္။

"အားနိ မင္းရဲ႕အကိုေရာ"

"အိပ္ အိပ္ေနတာပါသခင္.."

ရႊမ္နိရဲ႕အသံထစ္ေနျခင္းျဖင့္ မျဖစ္ႏိုင္ဆိုတာကိုဖုန္းရႊမ္သိေနၿပီးသားပင္။
အကယ္၍ စကားမထစ္ေနခဲ့လ်ွင္ေတာင္ ဖုန္းရႊမ္ရိပ္မိေနမည္မွာမလြဲ။
ထို​ ေဇာင္လီ ဆိုသူက ဘယ္ေလာက္ေတာင္လက္ေပါက္ကာ ေျပာရဆိုရခက္လိုက္ပါသလဲ။ ထို႔အျပင္ေခါင္းကလည္းမာေသးသည္။
ဖုန္းရႊမ္ ပင့္သက္ခ်မိရင္း...

"ငါလာမွာမလို႔ေ႐ွာင္ေနတာမလား
ဒီေလာက္ႏွစ္ေတြၾကာေနၿပီ သူဘယ္ေတာ့မွေျပာင္းလဲမွာလည္း"

ရႊမ္နိမ်က္ႏွာမွာ သိသိသာသာညိဳးငယ္သြားေသာ္လည္း အမူရာကိုထိန္းထားဆဲပင္။

"အကိုက အရင္ကထက္စာရင္အမ်ားႀကီးေျပာင္းလဲလာပါတယ္ သခင္
ရႊမ္နိအသိဆုံးပါ ရႊမ္နိက်ိနိေျပာရဲပါတယ္"

သခင္က စကားျပန္မလာခဲ့ပဲတိတ္ဆိတ္ေနခဲ့သည္။ ေျပာင္းလဲလာသည္ဆိုသည့္တိုင္ သခင္လက္ခံေလာက္သည့္ထ ိမဟုတ္တဲ့အတြက္ေၾကာင့္ျဖစ္မည္။
အျပစ္ေပးခ်င္းကာလေတာင္ ျပီးဆုံးခဲ့တာအေတာ္ၾကာေနခဲ့ေပမယ့္ လိုခ်င္သည့္အတိုင္းတာထ ိစိတ္မေျပာင္းသေရြ႔႔ ဘယ့္ေတာ့မ ွမီးႏိုင္ငံေတာ္ကေန လြတ္ေပးလိမ့္မည္မဟုတ္ေပ။
ဒါကို အကိုကသိေနၿပီးသားေပမယ့္ ဆက္ၿပီးေခါင္းမာေနတုန္းပင္။

"ျပန္ေတာ့မယ္ လိုက္လာခဲ့"

ထိုစကားက ရႊမ္နိကိုေျပာခ်င္းမဟုတ္မွန္း ရႊမ္နိသိပါသည္။
မသိသည့္လူသားေလးကသာ ေနရာမွေက်ာက္႐ုပ္လိုရပ္ေနျမဲ။

"လိုက္လာခဲ့လို႔ဆိုေနတာကို...ေတာထဲမွာပဲေနခ်င္လို႔လား"

ထိုေတာ့မ ွအသိဝင္လာပုံနဲ႔ ျပဴးတိျပဴးေက်ာင္ ဟိုၾကည့္ဒီၾကည့္လုပ္ေနသည့္ထိုလူသားမွာ တုံးမွန္းသိသာလွသည္။
ရႊမ္နိအား မ်က္ေတာင္မခက္ပဲၾကည့္ေနပုံေထာက္ေတာ့ ဘာမွၾကားလိုက္ပုံမေပၚေပ။

"သခင္က လိုက္လာခဲ့တဲ့"

ရႊမ္နိေျပာေပးမွ ထိုလူသားေလးက လူပ္႐ွား႐ွားျဖစ္သြားေပမဲ့ခဏသာ ျပန္ရပ္တန္႔သြားရင္း။

"ဟို..က်​ေနာ္အ႐ွင့္ကိုမျမင္ရဘူး ​လမ္းကမသိ​ေတာ့
့က်​ေနာ္ဘယ္လိုလိုက္ရမွာလည္း"

ရႊမ္နိမွာႏုတ္ခမ္းစိသြားရင္း သခင္ဘာဆက္ေျပာမလဲနားစြင့္ေနမိသည္။

ဖုန္းရႊမ ္ေဘးကသစ္ကိုင္းတစ္ခုခ်ိဳးဖို႔လက္လွမ္းေနတုန္း
ထိုလူသားေကာင္ေလး၏ ဗ႐ုတ္သုတ္ခစကားေၾကာင့္နင္ပင္သြားရသည္။ေျပာပုံကိုက
"က်ေနာ္တို႔လက္တြဲသြားရေအာင္"တဲ့ေလ။
လက္ကိုပါပါလွမ္းထားေသးသည္ ။သို႔ေသာ ္ထိုေကာင္ေလးလက္မွာ ဖုန္းရႊမ္႐ွိေနရာႏွင့္လြဲေနတာကိုေတာ့သိမည္မဟုတ္။

ဖုန္းရႊမ္ သစ္ကိုင္းတစ္ခက္က ိုဆက္ခနဲအျမန္ခ်ိဳးခ်ကာ လက္ထဲကိုင္ထားရင္း

"ဒီသစ္ခက္ကိုေတြ႔လား ေနာက္ကလိုက္ခဲ့"

လက္လွမ္းမိထားတဲ့လီ႐ွန္းလက္မွာ ေလထဲတန္းလန္း႐ွိေနရင္းကေန တျဖည္းျဖည္းေအာက္က်သြားရေလသည္။
ေျမေခြးမေလးအားျပဳံးျပကာႏုတ္ဆက္ရင္း ေလထဲမွာတေရြ႔ေရြ႔ ေရြ႔ေနတဲ့အျပာေရာင္သစ္ခက္ေလးေနာက္လိုက္ခဲ့ရသည္။

"လက္တြဲေတာ့ေရာဘာျဖစ္မွာက်ေနေရာ အခ်ဥ္ႀကီး"

လီ႐ွန္းတစ္ကိုယ္ၾကား႐ုံသာ ခပ္တိုးတိုးျဖင့္ ့္ပြစိပြစိေရရြတ္ရင္း မွီေအာင္လည္းလိုက္ရေသးသည္။
ထိန္းသိမ္းေရးေတာထဲရဲ႕အျပင္ျပန္ေရာက္ေတာ့ ညေနေစာင္းကာပင္နီးေနေလၿပီ။
အျပာေရာင္သစ္ခက္ေလးက ေရြ႔ေနစဲမို႔ လီ႐ွမ္းလိုက္လာခဲ့ရင္း
ထိုသစ္ခက္ေလးက လီ႐ွမ္းအေဆာင္ကိုဦးတည္ေနမွန္း တျဖည္းျဖည္းရိပ္မိလာသည္။
လွပ္ခနဲျဖစ္သြားတဲ့ရင္ကိုထိန္းထားေပမယ့္ အေဆာင္နားေရာက္ကာနီးေလအသက္႐ူျမန္ေလပင္။

အေဆာင္နဲ႔ ေျခလွမ္းႏွစ္ဆယ္ေလာက္သာ လိုေတာ့သည့္အကြာေဝးေရာက္ေတာ့ ထိုအျပာေရာင္သစ္ခက္ေလးက ရပ္တန္႔သြားတာေၾကာင့္ လီ႐ွန္းပါမလွမ္းမကမ္းမွာရပ္လိုက္ရသည္။

"မနက္ဖန္ကစၿပီး သုံးရက္အျပင္ထြက္ခြင့္ပိတ္တယ္"

လီ႐ွန္းမ်က္လုံးပင္ျပာထြက္သြားသည္။ပတ္ဝန္းက်င္မွာလည္း ဘယ္သူမွ႐ွိမေနေတာ ့အ႐ွင္ကသူ႔မ်ားေျပာေနတာလား။

"က် က်ေနာ့္ကိုလား ဘာျဖစ္လို႔လည္း"

"မ်က္စိေနာက္လို႔"

ေအးစက္စက္တစ္ခြန္းသာေျပာၿပီး ျပန္သြားပုံရသည္။ထိုအျပာေရာင္သစ္ခက္ေလးမွာ လီ႐ွန္းအေဆာင္ႏွင့္ဆန္႔က်င္ဘက္ကို တေရြ႔ေရြ႔ ႏွင့္ေဝးသြားေလသည္။

လီ႐ွန္းမွာ တစ္ခုခုေျပာခ်င္သိတိုင္ ဘာစကားမွ႐ွာမေတြ႔ပဲ ပါးစပ္အ​ေဟာင္းသားႏွင့္ ထိုအေဝးေရာက္သြားေသာ သစ္ခက္ေလးအားၾကည့္ေနရသည္။
တရိပ္ရိပ္တတ္လာတဲ့ေဒါသနဲ႔အတူ အေဆာင္ထဲဝင္လာခဲ့ကာ ေတြ႔ရာအရက္တစ္အိုးဆြဲယူၿပီး အိုးလိုက္ပင္ေမာ့ေသာက္ခ်လိုက္ကေတာ့ ရင္ဘက္တစ္ခုလုံးအရက္ေတြရြဲရြဲစိုလို႔။

"မ်က္စိေနာက္တယ္ မ်က္စိေနာက္တယ္တဲ့
သူမ်က္စိေရွ့သြားေန ​ေနတာမွမဟုတ္တာ သူမ်က္စိေနာက္တာနဲ႔အျပင္မထြက္ရဘူးေပါ့ေလ"

ၿပီးေတာ့ဘာလည္း လက္ခ်င္းကိုင္သြားေတာ့လည္း ဘာျဖစ္မွာမလို႔လည္း
ႀကီးက်ယ္ေနလိုက္တာမ်ား
သူက်ညတိုင္းလာမထိတာက်လို႔ သူ႔ကိုယ္သူနတ္မ်ိဳးႏြယ္ဝင္တယ္ဆိုၿပီး ဘဝင္ျမင့္ေနတာလိုက္တာ"

အား....!!

ဒီမေကာင္းဆိုးဝါးႀကီးကေတာ့"
.
.
.
.
.
...........................................................

"ဘာျဖစ္လို႔လဲ"

စကားေျပာေနရင္းကေန ႐ုတ္တရက္ရပ္သြားတဲ့ ဖုန္းရႊမ္ေၾကာင့္ ခ်ီရွင္းစိုးရိမ္ကာေမးလိုက္ေတာ့ မေသခ်ာႏွင့္အသံနဲ႔ဖုန္းရႊမ္ေျဖလာသည္က...

"မေကာင္းဆိုးဝါးဆိုတဲ့အသံၾကားလိုက္မိသလားလို႔"

.
.
.........................................................

အရက္အိုးခြံ သုံးအိုးျပည့္သြားေတာ့ လီ႐ွန္းတို႔ သြက္သြက္ခါေအာင္မူး​ေနေလၿပီ။

"မနက္ဖန္ကစၿပီးပိတ္တယ္ဆိုရင္...ဒီေန႔ညမပါဘူး ဟ့...ဟား.."

ထိုင္ရာကထလိုက္ေပမယ့္ ယိုုင္ထိုးစြာၾကမ္းျပင္ေပါ ဘုန္းလွဲက်သြားေလသည္။သို႔ေသာ္ကုန္း႐ုန္းထရင္း ေျခလွမ္းမမွန္စြာနဲ႔ အေဆာင္ျပင္ထြက္သြားလာခဲ့သည္။

"အိမ္ေ႐ွ႕စံရဲ႕အေဆာင္က ဘယ္ေရာက္ေနတာလဲ ငါ့သူငယ္ခ်င္းအိမ္ေ႐ွ႕စံေလးအေဆာင္ေရ...ငါမင္းကိုလိုက္႐ွာေနပါတယ္ကြာ"

ညအေစာပိုင္းသာ႐ွိေနေသးတာေၾကာင့္ ဟိုဒီသြားလာေနက်တုန္းပင္။ လမ္းေပၚမွာဝမ္းယားမေမွာက္႐ုံတမယ္ျဖစ္ေနကာ အာေလးလ်ွာေလးေအာ္ေနတဲ့လီ႐ွန္းကို ဟိုသူကကြက္ၾကည့္ ဒီသူကကြက္ၾကည့္ျဖင့္ ၾကည့္ကြက္ၾကည့္ကြက္လုပ္ေနက်ေလသည္။

"အဲတာ ဟိုတေလာကမွပါလာတဲ့ လူသားမဟုတ္လား
သူေတာ္ေတာ္မူးေနတာပဲ"

"အ႐ွင္ကညတိုင္းဆက္ဆံတယ္ဆိုၿပီး ဒီေန႔မလာလို႔လား"

"အဲတာေတြအသာထားဦး ငါတို႔သြားထူသင့္လား အေဆာင္ျပန္ပို႔ေပးလိုက္က်မယ္ေလ"

"မလုပ္နဲ႔မလုပ္နဲ႔
သူကအိမ္ေ႐ွ႕စံအေဆာင္လို႔ေအာ္ေနတာ ဘယ္မွာတုန္းပဲေျပာျပလိုက္ရေအာင္"

သို႔ႏွင့္ မူးၿပီးရစ္ေနသည့္လီ႐ွန္းအား စိတ္႐ွည္လက္႐ွည္ႏွင ့္အိမ္ေ႐ွ႕စံအေဆာင္ေတာ္ကိုၫြန္းၿပီးေနာက္ ထိုလူေတြလည္း ကိုယ့္လမ္းကိုဆက္သြားက်ေလသည္။

လီ႐ွမ္းတစ္ေယာက္ ေလးဘက္မေထာက္႐ုံတမယ္ႏွင့္ အိမ္ေ႐ွ႕စံအေဆာက္ကိုေတာ့ေရာက္လာေသးသည္။
သို႔ေသာ္လူမ႐ွိေပ။
ယိုင္ထိုးေနရင္းနဲ႔ပင ္အေဆာင္အတြင္းလိုက္႐ွာနေသးသည္။သို႔ေပမယ့္ထမင္းပြဲျပင္ေနသည့္ မိန္းကေလးတခ်ိဳ႕သာ႐ွိသည္။ ထိုမိန္းကေလးမ်ားမွာလည္း လုပ္စရာ႐ွိတာလုပ္ၿပီး လီ႐ွန္းအားေ႐ွာင္ကာ ကြင္းကာျဖင ့္ျပန္သြားက်ေလသည္။

"အိမ္ေ႐ွ႕စံေလး....ငါ့ရဲ႕နတ္သူငယ္ခ်င္းေလးေရ မင္းဘယ္ေရာက္ေနတာလဲ..."
.
.
.
.
.
.
.
ထိန္းသိမ္းေရးေတာထဲ႐ွိ ေျမေခြးေမာင္ႏွမ၏ဂူထဲတြင္ျဖစ္သည္။

"အကို သူ႔ကိုဘာလုပ္လိုက္တာလဲ"

သတိေမ့ေနသည့္အိမ္ေ႐ွ႕အား လက္ညိဳးထိုးကာေမးလိုက္ေတာ့ အကိုျဖစ္သူကမထုံတတ္ေတးျဖင့္ေျဖလာသည္က...

"အာ....ငါကမိတ္လိုက္ရေအာင္လို႔​ေကာင္းေကာင္းမြန္မြန္ေျပာတာကို လက္မခံတာနဲ႔ငါလည္း.."

ရႊမ္နိမွာ ထခုန္ခ်င္စိတ္ပင္ေပါက္သြားသည္။ေပ်ာ္လြန္းလြန္းလို႔ေတာ့မဟုတ္ ျပႆနားကိုအႀကီးအက်ယ္႐ွာလိုက္တဲ့ အကို႔ေၾကာင့္ေဒါသထြက္လြန္းလို႔ပင္။

"အကိုအဲလိုလုပ္လို႔မရဘူး သူကနတ္ေလ"

"သူနတ္ဆိုတာငါမသိပဲေနပါ့မလား နင္​ေလ နင္ပဲသိတယ္ထင္ေနလား"

"သူက ေကာင္းကင္ၿမိဳ႕ေတာ္က"

"အဲေတာ့ေရာ ငါကေကာင္းေကာင္းေျပာတာပါေနာ္
သူကသာ ငါ့ကို႐ိုင္း႐ိုင္းစိုင္းစိုင္း စဆက္ဆံတာ ငါက်ိန္ေျပာရဲတယ္ ၿပီးေတာ့
ေကာင္းကင္ၿမိဳ႕ေတာ္ကေရာဘာျဖစ္ေသးလဲ ငါတို႔ကအျပစ္သားေတြမဟုတ္ေတာ့ဘူးေလ ငါတို႔လည္းနတ္မ်ိဳးႏြယ္ဝင္ပါတယ္ဟ မိတ္လိုက္ဖို႔ေျပာတာလြန္လို႔လား
ကအရင္႐ိုင္းလို႔ငါက..."

"မဟုတ္ဘူး...!!!
သူကေကာင္းကင္ၿမိဳ႕ေတာ္ရဲ႕အိမ္ေ႐ွ႕စံ"
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😆

.............................................................

(AN/ေျမေခြးမေလးရဲ႕နာမည္က ရႊမ္နိျဖစ္ၿပီး
သူ႔အကိုကေတာ့ ေဇာင္လိပါ႐ွင္😚)

ၿပီးေတာ့ေျပာရဦးမယ္ က်ဳပ္ကလူပါ
စိတ္တိုတဲ့အခါေဒါသထြက္တဲ့အခါ႐ွိမယ္
အဲေတာ့တစ္ခါတစ္ေလ ေဒါသထြက္လာရင္စိတ္ထင္တာေတြေျပာ စိတ္ထင္တာေတြလုပ္ခ်င္လုပ္မိမွာပဲ
ေျပာခ်င္တာကေလ က်ဳပ္ကိုေလသံမာမာနဲ႔လာမေျပာပါနဲ႔
က်ဳပ္ကေအးေဆးေနတာပါ က်ဳပ္လည္းတစ္ဖက္သားကသိကေအာက္ျဖစ္ေအာင္ေျပာတတ္ပါတယ္ေနာ္
မသိဘူးထင္ေနမွာစိုးလို႔ ေနာက္တစ္ခါဆို က်ဳပ္ကလည္း႐ိုင္းရပါလိမ့္မယ္

fbမွာတာဇံထီးေတြေရာ တာဇံမေတြေရာနဲ႔ျပႆနာတတ္ေနတာ ျကားတဲ့သူေတြၾကားမွာပါ
အဲကိစၥနဲ႔ပက္သက္ၿပီး wp ကစာေရးသူေတြတအားကိုစိတ္ဆိုးက်ပါတယ္
တခ်ိဳ႕fic ေတြunက်တဲ့အထိပါပဲ
အဲတာဇံထီးေတြက wpေတြဖြင့္ေနက်လို႔ ေၾကာက္လို႔မေရးရဲဘူးလို႔ ရြဲ႕ေျပာတာပါ
မေန႔ကတကယ္လည္းစိတ္တိုေနတာေၾကာင့္ေရာပါပါတယ္
ေျပာခ်င္တာက က်ဳပ္ကိုခံရခက္ေစတဲ့စကားလုံးေတြနဲ႔ျပစ္မေပါက္နဲ႔ သည္းခံရင္ေတာင္အတိုင္းတာကတစ္ခုထိပဲ႐ွိပါတယ္ေနာ္

က်ဳပ္က ေနရာတစ္ခုရဖို႔က်ိဳးစားေနဆဲလူတစ္ေယာက္ပါ
မရင့္က်က္ေသးပါဘူး ဒါေၾကာင့္ က်ဳပ္မ႐ိုင္းခ်င္ဘူး
ဒီထဲမွာဒီလိုစကားေတြေျပာရတာက်ဳပ္ရဲ႕ reader ေလးေတြကိုေတာ္ေတာ္အားနာရပါတယ္
မဖတ္ခ်င္ရင္မဖတ္ပါနဲ႔ က်ဳပ္ကအတင္းဆြဲမထားပါဘူး
က်ဳပ္ေရးခ်င္တဲ့အခ်ိန္မွေရးမယ္လို႔လည္းက်ဳပ္မေျပာခ်င္ဘူး
reader တခ်ိဳ႕ကိုေမးၾကည့္ပါ
က်ဳပ္ပုံမွန္အားျဖင့္ ဘယ္လိုေရးၿပီး ဘယ္လိုအပ္တယ္ဆိုတာကို။
က်ဳပ္စိတ္အဆင္ေျပတဲ့အခ်ိန္ေတြမွပဲမေရးတာပါ။မဟုတ္လို႔ကေတာ့ေန႔တိုင္းေရး ေရးၿပီးတာနဲ႔တန္းအပ္တာပါ။
မအားရင္ ဒါမွမဟုတ္မဟုတ္ ခရီးထြက္စရာ႐ွိရင္ က်ဳပ္ကအျမဲက်ဳပ္ရဲ႕readerေတြကိုႀကိဳေျပာတတ္ပါတယ္။
ၿပီးေတာ့က်ဳပ္ကစိတ္ထိခိုက္လည္းလြယ္ပါတယ္ ။က်ဳပ္မွာစိတ္ညစ္စရာေတြမ်ားတဲ့အတြက္ စိတ္ညစ္လာရင္ ficမေရးႏိုင္ပါဘူး။
မေရးလို႔မရတာေတာ့မဟုတ္ဘူး ဇာတ္အိမ္ေတြအကုန္ေသာက္တလြဲျဖစ္ကုန္မွာစိုးလ ို႔စိတ္ညစ္ေနတဲ့အခ်ိန္ေတြမေရးတာပါ။
မေန႔ကမန္႔တစ္ခု ကေတာ္ေတာ္စိတ္ကသိကေအာက္ျဖစ္ရပါတယ္
ႏွစ္ခုလို႔လည္းေျပာလို႔ရပါတယ္။
ဒီေလာက္ဆိုေျပာတဲ့သူေတြ သေဘာေပါက္မွာပါ။
ဒါပါပဲ ေက်းဇူးတင္ပါတယ္။

#သည္းခံျခင္းျဖင့္ေျဖသိမ့္ေနရေသာေပါက္စ🙂

###

အိမ်ရှေ့စံမှာ နောက်ပင်လှည့်မကြည့်တော့။ပေ့ထုံးငှက်ပေါက်အားပိုက်ကာ တန်းနေအောင်ထွက်သွားလေသည်။

"အားနိ မင်းရဲ့အကိုရော"

"အိပ် အိပ်နေတာပါသခင်.."

ရွှမ်နိရဲ့အသံထစ်နေခြင်းဖြင့် မဖြစ်နိုင်ဆိုတာကိုဖုန်းရွှမ်သိနေပြီးသားပင်။
အကယ်၍ စကားမထစ်နေခဲ့လျှင်တောင် ဖုန်းရွှမ်ရိပ်မိနေမည်မှာမလွဲ။
ထို​ ဇောင်လီ ဆိုသူက ဘယ်လောက်တောင်လက်ပေါက်ကာ ပြောရဆိုရခက်လိုက်ပါသလဲ။ ထို့အပြင်ခေါင်းကလည်းမာသေးသည်။
ဖုန်းရွှမ် ပင့်သက်ချမိရင်း...

"ငါလာမှာမလို့ရှောင်နေတာမလား
ဒီလောက်နှစ်တွေကြာနေပြီ သူဘယ်တော့မှပြောင်းလဲမှာလည်း"

ရွှမ်နိမျက်နှာမှာ သိသိသာသာညိုးငယ်သွားသော်လည်း အမူရာကိုထိန်းထားဆဲပင်။

"အကိုက အရင်ကထက်စာရင်အများကြီးပြောင်းလဲလာပါတယ် သခင်
ရွှမ်နိအသိဆုံးပါ ရွှမ်နိကျိနိပြောရဲပါတယ်"

သခင်က စကားပြန်မလာခဲ့ပဲတိတ်ဆိတ်နေခဲ့သည်။ ပြောင်းလဲလာသည်ဆိုသည့်တိုင် သခင်လက်ခံလောက်သည့်ထ ိမဟုတ်တဲ့အတွက်ကြောင့်ဖြစ်မည်။
အပြစ်ပေးချင်းကာလတောင် ပြီးဆုံးခဲ့တာအတော်ကြာနေခဲ့ပေမယ့် လိုချင်သည့်အတိုင်းတာထ ိစိတ်မပြောင်းသရွေ့့ ဘယ့်တော့မ ှမီးနိုင်ငံတော်ကနေ လွတ်ပေးလိမ့်မည်မဟုတ်ပေ။
ဒါကို အကိုကသိနေပြီးသားပေမယ့် ဆက်ပြီးခေါင်းမာနေတုန်းပင်။

"ပြန်တော့မယ် လိုက်လာခဲ့"

ထိုစကားက ရွှမ်နိကိုပြောချင်းမဟုတ်မှန်း ရွှမ်နိသိပါသည်။
မသိသည့်လူသားလေးကသာ နေရာမှကျောက်ရုပ်လိုရပ်နေမြဲ။

"လိုက်လာခဲ့လို့ဆိုနေတာကို...တောထဲမှာပဲနေချင်လို့လား"

ထိုတော့မ ှအသိဝင်လာပုံနဲ့ ပြူးတိပြူးကျောင် ဟိုကြည့်ဒီကြည့်လုပ်နေသည့်ထိုလူသားမှာ တုံးမှန်းသိသာလှသည်။
ရွှမ်နိအား မျက်တောင်မခက်ပဲကြည့်နေပုံထောက်တော့ ဘာမှကြားလိုက်ပုံမပေါ်ပေ။

"သခင်က လိုက်လာခဲ့တဲ့"

ရွှမ်နိပြောပေးမှ ထိုလူသားလေးက လူပ်ရှားရှားဖြစ်သွားပေမဲ့ခဏသာ ပြန်ရပ်တန့်သွားရင်း။

"ဟို..ကျ​နော်အရှင့်ကိုမမြင်ရဘူး ​လမ်းကမသိ​တော့
့ကျ​နော်ဘယ်လိုလိုက်ရမှာလည်း"

ရွှမ်နိမှာနုတ်ခမ်းစိသွားရင်း သခင်ဘာဆက်ပြောမလဲနားစွင့်နေမိသည်။

ဖုန်းရွှမ ်ဘေးကသစ်ကိုင်းတစ်ခုချိုးဖို့လက်လှမ်းနေတုန်း
ထိုလူသားကောင်လေး၏ ဗရုတ်သုတ်ခစကားကြောင့်နင်ပင်သွားရသည်။ပြောပုံကိုက
"ကျနော်တို့လက်တွဲသွားရအောင်"တဲ့လေ။
လက်ကိုပါပါလှမ်းထားသေးသည် ။သို့သော ်ထိုကောင်လေးလက်မှာ ဖုန်းရွှမ်ရှိနေရာနှင့်လွဲနေတာကိုတော့သိမည်မဟုတ်။

ဖုန်းရွှမ် သစ်ကိုင်းတစ်ခက်က ိုဆက်ခနဲအမြန်ချိုးချကာ လက်ထဲကိုင်ထားရင်း

"ဒီသစ်ခက်ကိုတွေ့လား နောက်ကလိုက်ခဲ့"

လက်လှမ်းမိထားတဲ့လီရှန်းလက်မှာ လေထဲတန်းလန်းရှိနေရင်းကနေ တဖြည်းဖြည်းအောက်ကျသွားရလေသည်။
မြေခွေးမလေးအားပြုံးပြကာနုတ်ဆက်ရင်း လေထဲမှာတရွေ့ရွေ့ ရွေ့နေတဲ့အပြာရောင်သစ်ခက်လေးနောက်လိုက်ခဲ့ရသည်။

"လက်တွဲတော့ရောဘာဖြစ်မှာကျနေရော အချဉ်ကြီး"

လီရှန်းတစ်ကိုယ်ကြားရုံသာ ခပ်တိုးတိုးဖြင့် ့်ပွစိပွစိရေရွတ်ရင်း မှီအောင်လည်းလိုက်ရသေးသည်။
ထိန်းသိမ်းရေးတောထဲရဲ့အပြင်ပြန်ရောက်တော့ ညနေစောင်းကာပင်နီးနေလေပြီ။
အပြာရောင်သစ်ခက်လေးက ရွေ့နေစဲမို့ လီရှမ်းလိုက်လာခဲ့ရင်း
ထိုသစ်ခက်လေးက လီရှမ်းအဆောင်ကိုဦးတည်နေမှန်း တဖြည်းဖြည်းရိပ်မိလာသည်။
လှပ်ခနဲဖြစ်သွားတဲ့ရင်ကိုထိန်းထားပေမယ့် အဆောင်နားရောက်ကာနီးလေအသက်ရူမြန်လေပင်။

အဆောင်နဲ့ ခြေလှမ်းနှစ်ဆယ်လောက်သာ လိုတော့သည့်အကွာဝေးရောက်တော့ ထိုအပြာရောင်သစ်ခက်လေးက ရပ်တန့်သွားတာကြောင့် လီရှန်းပါမလှမ်းမကမ်းမှာရပ်လိုက်ရသည်။

"မနက်ဖန်ကစပြီး သုံးရက်အပြင်ထွက်ခွင့်ပိတ်တယ်"

လီရှန်းမျက်လုံးပင်ပြာထွက်သွားသည်။ပတ်ဝန်းကျင်မှာလည်း ဘယ်သူမှရှိမနေတော ့အရှင်ကသူ့များပြောနေတာလား။

"ကျ ကျနော့်ကိုလား ဘာဖြစ်လို့လည်း"

"မျက်စိနောက်လို့"

အေးစက်စက်တစ်ခွန်းသာပြောပြီး ပြန်သွားပုံရသည်။ထိုအပြာရောင်သစ်ခက်လေးမှာ လီရှန်းအဆောင်နှင့်ဆန့်ကျင်ဘက်ကို တရွေ့ရွေ့ နှင့်ဝေးသွားလေသည်။

လီရှန်းမှာ တစ်ခုခုပြောချင်သိတိုင် ဘာစကားမှရှာမတွေ့ပဲ ပါးစပ်အ​ဟောင်းသားနှင့် ထိုအဝေးရောက်သွားသော သစ်ခက်လေးအားကြည့်နေရသည်။
တရိပ်ရိပ်တတ်လာတဲ့ဒေါသနဲ့အတူ အဆောင်ထဲဝင်လာခဲ့ကာ တွေ့ရာအရက်တစ်အိုးဆွဲယူပြီး အိုးလိုက်ပင်မော့သောက်ချလိုက်ကတော့ ရင်ဘက်တစ်ခုလုံးအရက်တွေရွဲရွဲစိုလို့။

"မျက်စိနောက်တယ် မျက်စိနောက်တယ်တဲ့
သူမျက်စိရှေ့သွားနေ ​နေတာမှမဟုတ်တာ သူမျက်စိနောက်တာနဲ့အပြင်မထွက်ရဘူးပေါ့လေ"

ပြီးတော့ဘာလည်း လက်ချင်းကိုင်သွားတော့လည်း ဘာဖြစ်မှာမလို့လည်း
ကြီးကျယ်နေလိုက်တာများ
သူကျညတိုင်းလာမထိတာကျလို့ သူ့ကိုယ်သူနတ်မျိုးနွယ်ဝင်တယ်ဆိုပြီး ဘဝင်မြင့်နေတာလိုက်တာ"

အား....!!

ဒီမကောင်းဆိုးဝါးကြီးကတော့"
.
.
.
.
.
...........................................................

"ဘာဖြစ်လို့လဲ"

စကားပြောနေရင်းကနေ ရုတ်တရက်ရပ်သွားတဲ့ ဖုန်းရွှမ်ကြောင့် ချီရှင်းစိုးရိမ်ကာမေးလိုက်တော့ မသေချာနှင့်အသံနဲ့ဖုန်းရွှမ်ဖြေလာသည်က...

"မကောင်းဆိုးဝါးဆိုတဲ့အသံကြားလိုက်မိသလားလို့"

.
.
.........................................................

အရက်အိုးခွံ သုံးအိုးပြည့်သွားတော့ လီရှန်းတို့ သွက်သွက်ခါအောင်မူး​နေလေပြီ။

"မနက်ဖန်ကစပြီးပိတ်တယ်ဆိုရင်...ဒီနေ့ညမပါဘူး ဟ့...ဟား.."

ထိုင်ရာကထလိုက်ပေမယ့် ယိုင်ထိုးစွာကြမ်းပြင်ပေါ ဘုန်းလှဲကျသွားလေသည်။သို့သော်ကုန်းရုန်းထရင်း ခြေလှမ်းမမှန်စွာနဲ့ အဆောင်ပြင်ထွက်သွားလာခဲ့သည်။

"အိမ်ရှေ့စံရဲ့အဆောင်က ဘယ်ရောက်နေတာလဲ ငါ့သူငယ်ချင်းအိမ်ရှေ့စံလေးအဆောင်ရေ...ငါမင်းကိုလိုက်ရှာနေပါတယ်ကွာ"

ညအစောပိုင်းသာရှိနေသေးတာကြောင့် ဟိုဒီသွားလာနေကျတုန်းပင်။ လမ်းပေါ်မှာဝမ်းယားမမှောက်ရုံတမယ်ဖြစ်နေကာ အာလေးလျှာလေးအော်နေတဲ့လီရှန်းကို ဟိုသူကကွက်ကြည့် ဒီသူကကွက်ကြည့်ဖြင့် ကြည့်ကွက်ကြည့်ကွက်လုပ်နေကျလေသည်။

"အဲတာ ဟိုတလောကမှပါလာတဲ့ လူသားမဟုတ်လား
သူတော်တော်မူးနေတာပဲ"

"အရှင်ကညတိုင်းဆက်ဆံတယ်ဆိုပြီး ဒီနေ့မလာလို့လား"

"အဲတာတွေအသာထားဦး ငါတို့သွားထူသင့်လား အဆောင်ပြန်ပို့ပေးလိုက်ကျမယ်လေ"

"မလုပ်နဲ့မလုပ်နဲ့
သူကအိမ်ရှေ့စံအဆောင်လို့အော်နေတာ ဘယ်မှာတုန်းပဲပြောပြလိုက်ရအောင်"

သို့နှင့် မူးပြီးရစ်နေသည့်လီရှန်းအား စိတ်ရှည်လက်ရှည်နှင ့်အိမ်ရှေ့စံအဆောင်တော်ကိုညွန်းပြီးနောက် ထိုလူတွေလည်း ကိုယ့်လမ်းကိုဆက်သွားကျလေသည်။

လီရှမ်းတစ်ယောက် လေးဘက်မထောက်ရုံတမယ်နှင့် အိမ်ရှေ့စံအဆောက်ကိုတော့ရောက်လာသေးသည်။
သို့သော်လူမရှိပေ။
ယိုင်ထိုးနေရင်းနဲ့ပင ်အဆောင်အတွင်းလိုက်ရှာနသေးသည်။သို့ပေမယ့်ထမင်းပွဲပြင်နေသည့် မိန်းကလေးတချို့သာရှိသည်။ ထိုမိန်းကလေးများမှာလည်း လုပ်စရာရှိတာလုပ်ပြီး လီရှန်းအားရှောင်ကာ ကွင်းကာဖြင ့်ပြန်သွားကျလေသည်။

"အိမ်ရှေ့စံလေး....ငါ့ရဲ့နတ်သူငယ်ချင်းလေးရေ မင်းဘယ်ရောက်နေတာလဲ..."
.
.
.
.
.
.
.
ထိန်းသိမ်းရေးတောထဲရှိ မြေခွေးမောင်နှမ၏ဂူထဲတွင်ဖြစ်သည်။

"အကို သူ့ကိုဘာလုပ်လိုက်တာလဲ"

သတိမေ့နေသည့်အိမ်ရှေ့အား လက်ညိုးထိုးကာမေးလိုက်တော့ အကိုဖြစ်သူကမထုံတတ်တေးဖြင့်ဖြေလာသည်က...

"အာ....ငါကမိတ်လိုက်ရအောင်လို့​ကောင်းကောင်းမွန်မွန်ပြောတာကို လက်မခံတာနဲ့ငါလည်း.."

ရွှမ်နိမှာ ထခုန်ချင်စိတ်ပင်ပေါက်သွားသည်။ပျော်လွန်းလွန်းလို့တော့မဟုတ် ပြဿနားကိုအကြီးအကျယ်ရှာလိုက်တဲ့ အကို့ကြောင့်ဒေါသထွက်လွန်းလို့ပင်။

"အကိုအဲလိုလုပ်လို့မရဘူး သူကနတ်လေ"

"သူနတ်ဆိုတာငါမသိပဲနေပါ့မလား နင်​လေ နင်ပဲသိတယ်ထင်နေလား"

"သူက ကောင်းကင်မြို့တော်က"

"အဲတော့ရော ငါကကောင်းကောင်းပြောတာပါနော်
သူကသာ ငါ့ကိုရိုင်းရိုင်းစိုင်းစိုင်း စဆက်ဆံတာ ငါကျိန်ပြောရဲတယ် ပြီးတော့
ကောင်းကင်မြို့တော်ကရောဘာဖြစ်သေးလဲ ငါတို့ကအပြစ်သားတွေမဟုတ်တော့ဘူးလေ ငါတို့လည်းနတ်မျိုးနွယ်ဝင်ပါတယ်ဟ မိတ်လိုက်ဖို့ပြောတာလွန်လို့လား
ကအရင်ရိုင်းလို့ငါက..."

"မဟုတ်ဘူး...!!!
သူကကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံ"
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😆

.............................................................

(AN/မြေခွေးမလေးရဲ့နာမည်က ရွှမ်နိဖြစ်ပြီး
သူ့အကိုကတော့ ဇောင်လိပါရှင်😚)

ပြီးတော့ပြောရဦးမယ် ကျုပ်ကလူပါ
စိတ်တိုတဲ့အခါဒေါသထွက်တဲ့အခါရှိမယ်
အဲတော့တစ်ခါတစ်လေ ဒေါသထွက်လာရင်စိတ်ထင်တာတွေပြော စိတ်ထင်တာတွေလုပ်ချင်လုပ်မိမှာပဲ
ပြောချင်တာကလေ ကျုပ်ကိုလေသံမာမာနဲ့လာမပြောပါနဲ့
ကျုပ်ကအေးဆေးနေတာပါ ကျုပ်လည်းတစ်ဖက်သားကသိကအောက်ဖြစ်အောင်ပြောတတ်ပါတယ်နော်
မသိဘူးထင်နေမှာစိုးလို့ နောက်တစ်ခါဆို ကျုပ်ကလည်းရိုင်းရပါလိမ့်မယ်

fbမှာတာဇံထီးတွေရော တာဇံမတွေရောနဲ့ပြဿနာတတ်နေတာ ကြားတဲ့သူတွေကြားမှာပါ
အဲကိစ္စနဲ့ပက်သက်ပြီး wp ကစာရေးသူတွေတအားကိုစိတ်ဆိုးကျပါတယ်
တချို့fic တွေunကျတဲ့အထိပါပဲ
အဲတာဇံထီးတွေက wpတွေဖွင့်နေကျလို့ ကြောက်လို့မရေးရဲဘူးလို့ ရွဲ့ပြောတာပါ
မနေ့ကတကယ်လည်းစိတ်တိုနေတာကြောင့်ရောပါပါတယ်
ပြောချင်တာက ကျုပ်ကိုခံရခက်စေတဲ့စကားလုံးတွေနဲ့ပြစ်မပေါက်နဲ့ သည်းခံရင်တောင်အတိုင်းတာကတစ်ခုထိပဲရှိပါတယ်နော်

ကျုပ်က နေရာတစ်ခုရဖို့ကျိုးစားနေဆဲလူတစ်ယောက်ပါ
မရင့်ကျက်သေးပါဘူး ဒါကြောင့် ကျုပ်မရိုင်းချင်ဘူး
ဒီထဲမှာဒီလိုစကားတွေပြောရတာကျုပ်ရဲ့ reader လေးတွေကိုတော်တော်အားနာရပါတယ်
မဖတ်ချင်ရင်မဖတ်ပါနဲ့ ကျုပ်ကအတင်းဆွဲမထားပါဘူး
ကျုပ်ရေးချင်တဲ့အချိန်မှရေးမယ်လို့လည်းကျုပ်မပြောချင်ဘူး
reader တချို့ကိုမေးကြည့်ပါ
ကျုပ်ပုံမှန်အားဖြင့် ဘယ်လိုရေးပြီး ဘယ်လိုအပ်တယ်ဆိုတာကို။
ကျုပ်စိတ်အဆင်ပြေတဲ့အချိန်တွေမှပဲမရေးတာပါ။မဟုတ်လို့ကတော့နေ့တိုင်းရေး ရေးပြီးတာနဲ့တန်းအပ်တာပါ။
မအားရင် ဒါမှမဟုတ်မဟုတ် ခရီးထွက်စရာရှိရင် ကျုပ်ကအမြဲကျုပ်ရဲ့readerတွေကိုကြိုပြောတတ်ပါတယ်။
ပြီးတော့ကျုပ်ကစိတ်ထိခိုက်လည်းလွယ်ပါတယ် ။ကျုပ်မှာစိတ်ညစ်စရာတွေများတဲ့အတွက် စိတ်ညစ်လာရင် ficမရေးနိုင်ပါဘူး။
မရေးလို့မရတာတော့မဟုတ်ဘူး ဇာတ်အိမ်တွေအကုန်သောက်တလွဲဖြစ်ကုန်မှာစိုးလ ို့စိတ်ညစ်နေတဲ့အချိန်တွေမရေးတာပါ။
ဒီလောက်ဆိုပြောတဲ့သူတွေ သဘောပေါက်မှာပါ။
ဒါပါပဲ ကျေးဇူးတင်ပါတယ်။

#သည်းခံခြင်းဖြင့်ဖြေသိမ့်နေရသောပေါက်စ🙂

Continue Reading

You'll Also Like

1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
158K 15.8K 27
ေကာင္းကင္မွာၾကယ္ကေလးေတြျမင္လားခ်စ္သူ သူတို႕တစ္ခုခ်င္းစီမွာပံုျပင္တစ္ပုဒ္စီရွိၾကေလရဲ႕ တစ္ေန႕မွာ ကိုယ္တို႕ႏွစ္ေယာက္အေၾကာင္းကိုလည္း ၾကယ္ပံုျပင္အျဖစ္ကမၺည...
2.9M 396K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
55.8K 6.5K 9
A school life story. A fanfiction of Yibo and Xiao Zhan. I love their chemistry and my friend Peach want to read a fanfiction I write and I want to w...