The frozen heart of the fire...

By FlowerRainButterfly

881K 75.5K 2.6K

မီးနတ္အရွင္သခင္နဲ႕ လူသားေကာင္ေလးတို႔ၾကားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာည... More

ပုံျပင္ေလးအစ...
part 1
part 2
part 3
part 4
part 5
part6
part 7
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31 (ဇာက္သိမ္းပိုင္း)
ေက်းဇူးတင္လႊာ
S2❤

part 8

24.1K 2.3K 39
By FlowerRainButterfly

"သခင္...."

တန္းေနေအာင္ကိုေျပးသြားသည့္ ထိုေျမေခြးမေလးမွာ မိခင္ေျမေခြးမႀကီးကိုေတြ႔လိုက္ရသည့္ ေျမေခြးေပါက္ေလးႏွယ္တူလြန္းလွသည္။
အမ်ားအျမင္ျဖင့္ၾကည့္လ်ွင္ေတာ
့ထိုေျမေခြးမေလးမွာ ဘယ္သူမွ႐ွိမေနပါပဲ တစ္ေယာက္ေယာက္ကို လက္ခ်ိတ္ထားဟန္ကစားေနသည္ဟု ထင္ေကာင္းထင္ႏိုင္ေပမယ့္
လီ႐ွန္းနဲ႔ရင္းယာန္ကေတာ့ လူအေကာင္လိုက္႐ွိမွန္းသိေနက်သည္။
ေျမေခြးေလးမွာ တစ္ေယာက္ေယာက္ကိုလက္ခ်ိတ္ထားပုံႏွင့္ လီ႐ွန္းတို႔စီဦးတည္ကာလာေနသည္မို႔
အိမ္ေ႐ွ႕စံနဲ့ လက္တြဲထားမိသည္ကိုအမွတ္ရၿပီး လီ႐ွန္းမွာပူထူလာသည္သည္။
သို႔ေသာ္ ထိုေျမေခြးမေလးမွာေခါင္းေမာ့လ်က္ႏွင့္ လီ႐ွန္းတို႔ေဘးကေနေက်ာ္တတ္သြားေလသည္။

ခ်င္းဖုန္းရြွမ္မွာ အေရးမစိုက္သည့္နွယ္ ေက်ာ္တတ္သြားကာ
အဖတ္ေတာင္မလုပ္သည္မို႔ ရင္းယာန္မ်က္ေမွာင္က်ဳံ႕မိလာရရင္း....

"ခ်င္းဖုန္းရႊမ္ ....
အခုမျမင္ခ်င္ေယာင္ေဆာင္သြားတာေပါ့"

ုဖုန္းရႊမ္ သြားေနရာကရပ္ၿပီး အိမ္ေ႐ွ႕စံ႐ွိရာဘက္လွည့္လိုက္သည္။ ျမင္ႏိုင္မည္မဟုတ္ေပမယ့္ လက္ကိုမလြတ္ပဲဆြဲထားသည့္ ရႊမ္နိကိုၾကည့္ခ်င္းျဖင့္ ျပန္လွည့္လာတာကိုေတာ့ သိေကာင္းသိေပလိမ့္မည္။

"ထိန္းသိမ္းေရးေတာထဲကို
အျပင္လူမဝင္ခြင့္မျပဳတာၾကာၿပီ အသိမေပးပဲဝင္တာကိုေတာင္ အိမ္ေ႐ွ႕စံအေပၚအျပစ္မယူဘူးေလ ဒါကမလုံေလာက္ဘူးလား"

"ဒါေပမယ့္....."

ရင္းယာန္ဆက္ၿပီးရန္လုပ္ခ်င္ေသးသည္။ သို႔ေသာ္ဘာေျပာၿပီး ျပႆနာ႐ွာရမယ္မွန္းကမသိ။
႐ုတ္တရက္ေခါင္းထဲဝင္လာသည္က
ခ်င္းဖုန္းရႊမ္ ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ထိန္းသိမ္းေရးေတာထဲေရာက္သည္ကိုပင္။

"ေနပါဦး မင္းကဘာလာလုပ္တာလဲ
မဟုတ္မွ ငါတို႔ေနာက္လိုက္လာတာလား"

ထိုစကားအဆုံး ၾကားလိုက္ရသည့္ရယ္သံသဲ့သဲ့က နည္းနည္းေတာ့႐ွက္စရာေကာင္းသည္ ။ ထင္ရာေတြဇြတ္ေတြးေနပါလားဟူေသာ ေလွာင္သည့္ရယ္သံမ်ိဳး ....
ဘယ္သို့ဘယ္လိုဆိုတာ ႐ုပ္မျမင္ရေပမယ့္လည္းသိသာေနသည္။

"အိမ္ေ႐ွ႕စံအထင္လြဲေနျပီ ဒီေန႔..​ေပ့ထုံးငွက္ဥေလးေတြအေကာင္ေပါက္မွမလို႔
မီးႏိုင္ငံေတာ္ကေအးလာတာေၾကာင့္ အေကာင္ေပါက္ဖို႔အေႏြးဓာတ္မလုံေလာက္ေတာ့ နည္းနည္းကူညီေပးမလို႔ပါ"

ဝုရင္းယာန္ ရန္ေတြ႔ခ်င္စိတ္ပင္ေပ်ာက္ထြက္သြားရသည္။
ေပ့ထုံးငွက္ဆိုသည္က အမွတ္တရေတြကိုျပန္ၾကည့္လို႔ရသည့္ ထူးျခားသည့္ငွက္ပင္မဟုတ္ပါလား။

"ေပ့ထုံးငွက္လား
နည္းနည္းပဲ႐ွိေတာ့တာဆိုၿပီး ခုက်အေကာင္ေတာင္ေပါက္ဦးမယ္ေပါ့ ေကာင္းလိုက္တာ အေကာင္ေပါက္ေလးတစ္ေကာင္ေလာက္ပိုက္ၿပီး ေကာင္းကင္ၿမိဳ႕ေတာ္ကိုျပန္ရမယ္"

အိမ္ေရွ့စံစကားေျကာင့္ ဖုန္းရႊမ္သဲ့သဲ့ရယ္လိုက္မိသည္။ေပ့ထုံးငွက္ကိုဖမ္းႏိုင္ဖို႔ဆိုတာက လုံးဝမျဖစ္ႏိုင္တဲ့အရာလို႔ပင္ေျပာလို႔ရေလာက္သည္ပင္။
ဖုန္းရႊမ္သက္တမ္းတစ္ေလ်ွာက္လုံး အေယာက္အနည္းငယ္ေလာက္သာ ေပ့ထုံးငွက္တို႔၏ သခင္ေတာ္ျခင္းကိုခံရၿပီး ဖုန္းရႊမ္ကိုယ္တိုင္ေတာင္မွ ေပ့ထုံးငွက္တစ္ေကာင္ေတာင္မပိုင္ဆိုင္ႏိုင္ခဲ့ေပ။

"အဟင္း...မီးႏိုင္ေတာ္ရဲ့စည္းကမ္းအတိုင္းပါပဲ
ဖမ္းႏိုင္တဲ့ဘယ္ငွက္မဆို အပိုင္ယူသြားလိုက္ပါ"

"ေပ့ထုံးငွက္က ဘာငွက္လဲ"

လီ႐ွန္းသိခ်င္လြန္းတာေၾကာင့္
အိမ္ေ႐ွ႕စံနားကပ္ကာ အသံတိုးတိုးျဖင့္ေမးလိုက္ေတာ့ အိမ္ေ႐ွ႕စံကလီ႐ွန္းနားျပန္ကပ္လာကာ ..

"ေပ့ထုံးငွက္ကေလ အေတာင္တစ္ခုနဲ႔တင္ အမွတ္တရေတြျပန္ၾကည့္လို႔ရတယ္
စိတ္ထဲကတမ္းတေနတဲ့အတိတ္ေတြကိုေပါ့"

"အဲလိုမ်ိဳးလည္း႐ွိတယ္လား"

"႐ွိတာေပါ့ ဘာလည္း
မင္းမွာ ျပန္ျမင္ခ်င္တဲ့အမွတ္တရေတြ ဘာေတြ႐ွိေနလို႔လား"

"မ႐ွိပါဘူး မ႐ွိဘူး"

လီ႐ွန္းခပ္ျပဳံးျပဳံးေလးလုပ္ရင္း ေခါင္းရမ္းလိုက္ေတာ့ ပုခုံးထက္ကိုလက္သီးဖြဖြေလးကဖုတ္ခနဲက်လာကာ..

"ညာမေနစမ္းပါနဲ႔ နတ္မ်ိဳးႏြယ္ေတြေတာင္ တမ္းတေနတဲ့အတိတ္ေတြအတြက္ ေပ့ထုံးငွက္ေတြကိုပိုင္ဆိုင္ခ်င္က်တယ္
မင္းတို႔လူသားေတြကပိုမ်ားမွာေပါ့ မင္းစိတ္ခ် ငါကပိုင္႐ွင္ျဖစ္ေအာင္လုပ္ၿပီး မင္းကိုအေတာင္တစ္ခုလက္ေဆာင္ေပးမယ္"

လီ႐ွန္း မလိုပါဘူးဟုေျပာမည္အျပဳ ေျမေခြးမေလးအသံခပ္စူးစူးက ျဖတ္ကာထြက္ေပၚလာသည္။

"အ႐ွင္ ေကာင္းကင္ၿမိဳ႕ေတာ္ရဲ႕အိမ္ေ႐ွ႕စံက ရယ္စရာေတြအရမ္းေျပာတယ္ေနာ္ "

သူမမွာေျပာၿပီးသည္ႏွင့္ ပါးစပ္ကိုလက္နဲ႔ကြယ္ကာ လြန္စြာမွယဥ္ေက်းလွသည့္မိန္းမပ်ိဳေလးႏွယ္ ဟန္လုပ္ကာရယ္ေနေလသည္။

"အားနိ... "

ဖုန္းရႊမ္ ျပႆနာျဖစ္မည္စိုးလို႔ ရႊမ္နိကိုသတိေပးေပမယ့္ ေနာက္က်သြားေလၿပီ။အိမ္ေ႐ွ႕စံမွာေဒါသထြက္လြန္းလို႔ထင္ ေစြ႔ေစြ႔ကိုခုန္ေနေတာ့သည္။

"မင္း...ညစ္ပတ္တဲ့ေျမေခြးမ ငါ့ကိုမ်ားေျပာရဲတယ္ မင္းကမွမေကာင္းတဲ့ေျမေခြးမ "

မခ်ိဳမခ်ဥ္လုပ္ေနတဲ့ရႊမ္နိနဲ႔ ေဒါသထြက္ကာ အိမ္ေ႐ွ႕စံဂုဏ္ပုဒ္နဲ႔ပင္မလိုက္ေအာင္ က်ိန္ဆဲေနတဲ့ အိမ္ေ႐ွ႕စံရယ္ကို ဘာ​ေျကာင့္မႇန္းမသိ ကေလးေတြရန္ျဖစ္ေနသလိုပဲဟု ဖုန္းရႊမ္ခံစားေနရသည္။ ထို႔ေၾကာင့္အေရးတယူလုပ္ၿပီးတားမေနေတာ့ပဲ..

"လူသားဝင္လို႔မရဘူး ရႊမ္နိနဲ႔မင္းေနခဲ့"

ရႊမ္နိနဲ႔မင္းေနခဲ့ဆိုသည္က လီ႐ွန္းနဲ႔ေျမေခြးမေလးအားေနခဲ့ခိုင္းၿပီး အိမ္ေ႐ွ႕စံကိုေတာ့ လိုက္ခဲ့လို႔ရတယ္ဆိုသည့္သေဘာပင္။

ရင္းယာန္တစ္ေယာက္ လီ႐ွန္းကိုတစ္လွည့္ ေျမေခြးမကိုတစ္လွည့္ၾကည့္ေနမိရင္း

"လူသားေလးကို အဲေျမေခြးမနဲ႔ထားခဲ့လို႔ကျဖစ္ပါ့မလား"

"အိမ္ေ႐ွ႕စံအရမ္းစိုးရိမ္ေနရင္ ေနခဲ့လို႔ရတယ္ေနာ္"

ဖုန္းရႊမ္ နည္းနည္းအျမင္ကပ္လာတာေၾကာင့္ ခပ္ရြဲ႕ရြဲ႕ေျပာခ်လိုက္သည္။ ထိုက်ေတာ့လည္း ျပာျပာသလဲျငင္းေနျပန္သည္။

"မေနပါဘူး မေနဘူး ငွက္လာဖမ္းတာပါဆိုေန"

::ဒီအိမ္ေ႐ွ႕စံက ကေလးစိတ္မကုန္ေသးတာပဲျဖစ္ရမယ္။

ဖုန္းရႊမ္ စိတ္ပ်က္စြာနဲ႔သက္ပ်င္းသာထပ္ခါခ်ရင္း ေရတံခြန္႐ွိရာဘက္လွမ္းခဲ့ေတာ့သည္။

အိမ္ေ႐ွ႕စံပါ ေရတံခြန္ထဲဝင္သြားေတာ့ ေျမေခြးမေလးက သက္ျပင္းခ်ကာ ျမက္ခင္းေပၚထိုင္ေနေလသည္။
လီ႐ွန္းပါ ေျမေခြးမေလးလိုထိုင္လိုက္ရင္း

"ဒီေနရာကလွလိုက္တာ"

လီ႐ွန္းေျပာလည္းေျပာခ်င္စရာပင္ တစိမ့္စိမ့္စီးေနတဲ့ေရတံခြန္က ေရတံခြန္လို႔ဆိုလို႔ရ႐ုံေလာက္ပဲ႐ွိကာ နတ္ပန္းခ်ီႏွယ္လွလြန္းေနသည္။
မွန္သားလိုၾကည္လြန္းလွသည့္ ေရျပင္ေလးက စိတ္ကိုေအးခ်မ္းေစတာေတာ့အမွန္ပင္။

လီ႐ွန္းကသာ စကားမ႐ွိစကား႐ွာသလိုေျပာလိုက္ေပမယ့္ ေျမေခြးမေလးက ၿငိမ္ေနကာ တစ္ခုခုကိုေတြးေတာေနပုံရသည္။
အေနွာင့္ယွက္မေပးခ်င္တာေျကာင့္ လီ႐ွန္းလည္းၿငိမ္ေနလိုက္ေပမယ့္ ႐ုတ္တရက္ ရႊမ္နိကစကားစလာသည္။

"​ေပ့ထုံးငွက္ဥေတြက ေရတံခြန္ထဲကအသိုက္ထဲမွာ
လူသားေတြကဝင္ဖို႔အားနည္းလြန္းတယ္
အဲတာေၾကာင့္ သခင္ကေနခဲ့ခိုင္းတာ"

လီ႐ွန္းကေျသာ္...
ဆိုသည့္အမူရာႏွင့္ေခါင္းၿငိမ့္လိုက္သည္။
သို႔ေပသည့္တိုင္ လူသားမဟုတ္သည့္ရႊမ္နိကေရာ ဘါလို႔မ်ားေနခဲ့ရပါလိမ့္ဟ ုသိခ်င္စိတ္ကထိန္းမရေတာ့ေပ။

"မင္းက်ေတာ့လူသားမဟုတ္ဘူးေလ ဘာလို႔ေနခဲ့ရတာလဲ"

"ငွက္ေလးေတြက က်မကိုမႀကိဳက္က်ဘူး က်မကေျမေခြးမေလ"

သူမပုံမွာ လြန္စြာမွဝမ္းနည္းေနပုံရသည္။ ခုနေလးတင္မွ အိမ္ေ႐ွ႕စံကိုစေနာက္ရင္းေပ်ာ္ေနခဲ့တဲ့သူမက ခုေတာ့ဝမ္းနည္းပက္လက္ပုံရိပ္ေလးႏွင့္။

"အဲလိုကိုး က်ေနာ့္အျမင္ေတာ့ ့မင္းကေၾကာက္ဖို႔မေကာင္းပါဘူး"

ထိုစကားက ေျမေခြးမေလးစိတ္သက္သာေအာင္ ္ေျပာလိုက္ျခင္းေပမယ့္ အိမ္ေ႐ွ႕စံနဲ႔စကားေျပာတုန္းကလိုသာ ပုံေျပာင္းသြားရင္ေတာ့ လီ႐ွန္းလည္းေျပးၿပီးသားပင္။

သူမက လီ႐ွန္းစကားၾကားေတာ့
ေက်နပ္ျပဳံးႀကီးျပဳံးသြားကာ ေခါင္းငုံ႔က်သြားေလသည္။ ႏွစ္သိမ့္ႏိုင္လိုက္ၿပီဆိုၿပီး
လီ႐ွန္းၿပီတိျဖာသြားေပမယ့္ ခဏသာ။
သူမကေခါင္းျပန္ေမာ့လာကာ ေၾကာက္စရာေကင္းေအာင္ျပဳံးၿပီး လီ႐ွန္းနားတျဖည္းျဖည္းခ်င္းတိုးလာကာျဖင့္

"ေသခ်ာလား ...
က်မလူ႔ႏွလုံးမစားရတာၾကာၿပီ"

လီ႐ွန္းအမွန္တကယ္ပင္လန္႔သြားရသည္။ ေနာက္ဆုတ္ရင္းလွဲက်မလိုျဖစ္သြားမွ သူမကတစ္ခစ္ခစ္ရယ္ကာ သေဘာက်ေနတာေၾကာင့္ လီ႐ွန္းစိတ္ဆိုးဟန္ျဖင့္ေျပာလိုက္ရသည္။ မဟုတ္ရင္

"မင္း.. မစပါနဲ႔..."

သူမက အားရေအာင္ရယ္ၿပီးေတာ့မ ျပန္မိူင္က်သြားေလသည္။
သူမပုံမွာ လြန္စြာမွအထီးက်န္ေနသည့္ပုံေပါက္ကာ တစ္ေယာက္ေယာက္အား လြမ္းဆြတ္ေနသေယာင္ႏွင့္....

"ဒီေရတံခြန္ရဲ႕ေနာက္မွာ ႐ွားပါးၿပီး ခ်စ္စရာေကာင္းတဲ့ငွက္ေလးေတြ႐ွိတယ္
က်မတို့ကိုျမင္ရင္သူတို႔ကရန္လုပ္က်တာ သူတို႔ဘာသာသီးသန္႔ပဲေနတယ္ က်မတို႔ေမာင္ႏွမကိုအလာမခံဘူး "

"ေမာင္ႏွမ မင္းမွာ...."

လီ႐ွန္း အံျသစြာေရရြတ္လိုက္ေတာ့ သူမကေခါင္းၿငိမ့္ျပလာရင္း

"က်မမွာအကို႐ွိေသးတယ္ သူက ဆိုးတယ္
သခင့္စကားကိုလည္းသိပ္နားမေထာင္ဘူး သူ႔ေၾကာင့္အျပင္ေလာကကိုထြက္ခြင့္မရေသးတာ"

"မင္းတို႔ကအဖမ္းခံထားရတာလား"

သူမကေလးပင္စြာထပ္မံေခါင္းၿငိမ့္လာေလသည္။

"ဘယ္ႏွႏွစ္ၾကာၿပီလဲေတာင္ မမွတ္မိေတာ့ဘူး
ေတာထဲမွာပဲေနရတယ္ ေမာင္ႏွမႏွစ္ေယာက္လုံးမေျပာင္းလဲသေရြ႔ မီးႏိုင္ငံေတာ္မွာပဲထိန္းသိမ္းခံေနရဦးမွာပဲ"

"လူသားေလး ငါငွက္ရလာခဲ့ၿပီ"

က်ယ္ေလာင္လြန္းသည့္ အိမ္ေ႐ွ႕စံအသံေၾကာင့္ ႏွစ္ဦးသားစကားလက္စျပတ္သြားရင္း အသံလာရာကိုၾကည့္လိုက္မိက်သည္။
လူ႔ခနၶာကိုယ္တစ္ဝတ္ေလာက္အရြယ္စား႐ွိသည့္ ငွက္မီးတုံးေပါက္ေလးကိုရင္ခြင္မွာပိဳက္ၿပီး လာေနသည့္အိမ္ေ႐ွ႕စံပင္။
အ႐ွင္ကိုေတာ့မျမင္ရတာမို႔ အိမ္ေ႐ွ႕စံ၏ေ႐ွ႕မွာလား ေနာက္မွာလားပင္မသိရေခ်။

ရႊမ္နိကမယုံၾကည္ႏိုင္စြာ အိမ္ေရွ့စံအား ေၾကာင္ၾကည့္ေနေလသည္။

"ေပ့ထုံးငွက္ေပါက္ေလးရလာခဲ့ၿပီ ဒါေပမယ့္အေတာင္မေပါက္ေသးဘူး အစားေတြအမ်ားႀကီးေကြၽးၿပီး အေတာင္ေပါက္တဲ့ထိေစာင့္ရဦးမယ္"

ငွက္ကိုေျမာက္ကာေျမာက္ကာနဲ႔ ဝမ္းသာစြာေျပာေနသည့္အိမ္ေ႐ွ႕စံထက္ လ္ီ႐ွန္းအၾကည့္က အိမ္ေ႐ွ႕စံလက္ထဲကငွက္ေပါက္စီပဲေရာက္ေနသည္။
စိမ္းျပာေရာင္ႏုႏုအေမြးပါးပါးေလးနဲ႔ ႏုတ္သီးပန္းေရာင္ေလးရယ္ေၾကာင့္ လြန္စြာမွအသဲယားဖို႔ေကာင္းလွကာ မွင္ရည္လိုနက္ေမွာင္ေနသည ့္မ်က္လုံးေလးေတြကေတာက္ပေနေသးသည္။

"အရမ္းခ်စ္စရာေကာင္းတာပဲ"

လီ႐ွန္းမေနႏိုင္ေတာ့စြာ ငွက္ေပါက္ေလးအားပြတ္သပ္ရင္းေျပာလိုက္ေပမယ့္ ့္ရႊမ္နိကလက္ခံခ်င္ပုံမရပဲ

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"

"ဘာလို႔မျဖစ္ႏိုင္ရမွာလဲ ေပ့ထုံးငွက္ေပါက္ေလးက ငါ့ကိုသခင္အျဖစ္လက္ခံလိုက္ၿပီ
မင္းရယ္ေလ ရယ္လိုက္ပါဦးေျမေခြးမေလးေရ"

ေစာင့္ႂကြားေစာင့္ႂကြားနဲ႔ ​ေျမေခြးမေလးေ႐ွ႕မ်က္စိေနာက္ေအာင္ကို ေျမာက္ႂကြႂကြလုပ္ေနသည့္အိမ္ေ႐ွ႕စံမွာ ကေလးကစားပြဲမွာ အႏိုင္ရသြားသည့္ကေလးတစ္ေယာက္ႏွယ္။

"အဟက္ လူသားေလးငါတို႔သြားရေအာင္"

"အိမ္ေ႐ွ႕စံအရင္ျပန္ႏွင့္လိုက္ပါ သူေနခဲ့လိမ့္မယ္"

ေအာင္ႏိုင္စြာရယ္ျပီး လီ႐ွန္းလက္ဆြဲကာျပန္ဖို႔ ေျခလွမ္းစ႐ုံ႐ွိေသး ထြက္ေပၚလာသည့္ေအးစက္စက္အသံေၾကာင္႔ ေျခလွမ္းကတုံ႕ခနဲ။

ဆြဲထားသည့္လက္ကို အသာျပန္လႊတ္လိုက္ရင္း စိတ္ထဲမသိုးမသန္႔ျဖစ္လာတာမလို႔ ဒီနားကအျမန္ဆုံးထြက္သြားရန္ အသိကအခ်က္ျပေနေလၿပီ။

"ဒါ ဒါျဖင့္ ျပန္ႏွင့္ၿပီေနာ္လူသားေလး "

.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔😚

........................................................

(AN/ကိုတိန္ညြန္႔က ဘာလဲဆိုၿပီး ေမးထားတာေလးေတြ႔လိုက္လို႔ 😆
တကယ္ေတာ့တိန္ၫြန္႔ဟာ ေ႐ွာင္လုဟန္ရဲ႕မီယမ္မာနာမည္ပါ
အဲေတာ့တိန္ၫြန္႔ဆိုတာက က်မေယာက္က်ားပါ😆😆)

#ေပါက္စ😝

###
"သခင်...."

တန်းနေအောင်ကိုပြေးသွားသည့် ထိုမြေခွေးမလေးမှာ မိခင်မြေခွေးမကြီးကိုတွေ့လိုက်ရသည့် မြေခွေးပေါက်လေးနှယ်တူလွန်းလှသည်။
အများအမြင်ဖြင့်ကြည့်လျှင်တော
့ထိုမြေခွေးမလေးမှာ ဘယ်သူမှရှိမနေပါပဲ တစ်ယောက်ယောက်ကို လက်ချိတ်ထားဟန်ကစားနေသည်ဟု ထင်ကောင်းထင်နိုင်ပေမယ့်
လီရှန်းနဲ့ရင်းယာန်ကတော့ လူအကောင်လိုက်ရှိမှန်းသိနေကျသည်။
မြေခွေးလေးမှာ တစ်ယောက်ယောက်ကိုလက်ချိတ်ထားပုံနှင့် လီရှန်းတို့စီဦးတည်ကာလာနေသည်မို့
အိမ်ရှေ့စံနဲ့ လက်တွဲထားမိသည်ကိုအမှတ်ရပြီး လီရှန်းမှာပူထူလာသည်သည်။
သို့သော် ထိုမြေခွေးမလေးမှာခေါင်းမော့လျက်နှင့် လီရှန်းတို့ဘေးကနေကျော်တတ်သွားလေသည်။

ချင်းဖုန်းရွှမ်မှာ အရေးမစိုက်သည့်နှယ် ကျော်တတ်သွားကာ
အဖတ်တောင်မလုပ်သည်မို့ ရင်းယာန်မျက်မှောင်ကျုံ့မိလာရရင်း....

"ချင်းဖုန်းရွှမ် ....
အခုမမြင်ချင်ယောင်ဆောင်သွားတာပေါ့"

ုဖုန်းရွှမ် သွားနေရာကရပ်ပြီး အိမ်ရှေ့စံရှိရာဘက်လှည့်လိုက်သည်။ မြင်နိုင်မည်မဟုတ်ပေမယ့် လက်ကိုမလွတ်ပဲဆွဲထားသည့် ရွှမ်နိကိုကြည့်ချင်းဖြင့် ပြန်လှည့်လာတာကိုတော့ သိကောင်းသိပေလိမ့်မည်။

"ထိန်းသိမ်းရေးတောထဲကို
အပြင်လူမဝင်ခွင့်မပြုတာကြာပြီ အသိမပေးပဲဝင်တာကိုတောင် အိမ်ရှေ့စံအပေါ်အပြစ်မယူဘူးလေ ဒါကမလုံလောက်ဘူးလား"

"ဒါပေမယ့်....."

ရင်းယာန်ဆက်ပြီးရန်လုပ်ချင်သေးသည်။ သို့သော်ဘာပြောပြီး ပြဿနာရှာရမယ်မှန်းကမသိ။
ရုတ်တရက်ခေါင်းထဲဝင်လာသည်က
ချင်းဖုန်းရွှမ် ဘာကြောင့် ရုတ်တရက်ကြီး ထိန်းသိမ်းရေးတောထဲရောက်သည်ကိုပင်။

"နေပါဦး မင်းကဘာလာလုပ်တာလဲ
မဟုတ်မှ ငါတို့နောက်လိုက်လာတာလား"

ထိုစကားအဆုံး ကြားလိုက်ရသည့်ရယ်သံသဲ့သဲ့က နည်းနည်းတော့ရှက်စရာကောင်းသည် ။ ထင်ရာတွေဇွတ်တွေးနေပါလားဟူသော လှောင်သည့်ရယ်သံမျိုး ....
ဘယ်သို့ဘယ်လိုဆိုတာ ရုပ်မမြင်ရပေမယ့်လည်းသိသာနေသည်။

"အိမ်ရှေ့စံအထင်လွဲနေပြီ ဒီနေ့..​ပေ့ထုံးငှက်ဥလေးတွေအကောင်ပေါက်မှမလို့
မီးနိုင်ငံတော်ကအေးလာတာကြောင့် အကောင်ပေါက်ဖို့အနွေးဓာတ်မလုံလောက်တော့ နည်းနည်းကူညီပေးမလို့ပါ"

ဝုရင်းယာန် ရန်တွေ့ချင်စိတ်ပင်ပျောက်ထွက်သွားရသည်။
ပေ့ထုံးငှက်ဆိုသည်က အမှတ်တရတွေကိုပြန်ကြည့်လို့ရသည့် ထူးခြားသည့်ငှက်ပင်မဟုတ်ပါလား။

"ပေ့ထုံးငှက်လား
နည်းနည်းပဲရှိတော့တာဆိုပြီး ခုကျအကောင်တောင်ပေါက်ဦးမယ်ပေါ့ ကောင်းလိုက်တာ အကောင်ပေါက်လေးတစ်ကောင်လောက်ပိုက်ပြီး ကောင်းကင်မြို့တော်ကိုပြန်ရမယ်"

အိမ်ရှေ့စံစကားကြောင့် ဖုန်းရွှမ်သဲ့သဲ့ရယ်လိုက်မိသည်။ပေ့ထုံးငှက်ကိုဖမ်းနိုင်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တဲ့အရာလို့ပင်ပြောလို့ရလောက်သည်ပင်။
ဖုန်းရွှမ်သက်တမ်းတစ်လျှောက်လုံး အယောက်အနည်းငယ်လောက်သာ ပေ့ထုံးငှက်တို့၏ သခင်တော်ခြင်းကိုခံရပြီး ဖုန်းရွှမ်ကိုယ်တိုင်တောင်မှ ပေ့ထုံးငှက်တစ်ကောင်တောင်မပိုင်ဆိုင်နိုင်ခဲ့ပေ။

"အဟင်း...မီးနိုင်တော်ရဲ့စည်းကမ်းအတိုင်းပါပဲ
ဖမ်းနိုင်တဲ့ဘယ်ငှက်မဆို အပိုင်ယူသွားလိုက်ပါ"

"ပေ့ထုံးငှက်က ဘာငှက်လဲ"

လီရှန်းသိချင်လွန်းတာကြောင့်
အိမ်ရှေ့စံနားကပ်ကာ အသံတိုးတိုးဖြင့်မေးလိုက်တော့ အိမ်ရှေ့စံကလီရှန်းနားပြန်ကပ်လာကာ ..

"ပေ့ထုံးငှက်ကလေ အတောင်တစ်ခုနဲ့တင် အမှတ်တရတွေပြန်ကြည့်လို့ရတယ်
စိတ်ထဲကတမ်းတနေတဲ့အတိတ်တွေကိုပေါ့"

"အဲလိုမျိုးလည်းရှိတယ်လား"

"ရှိတာပေါ့ ဘာလည်း
မင်းမှာ ပြန်မြင်ချင်တဲ့အမှတ်တရတွေ ဘာတွေရှိနေလို့လား"

"မရှိပါဘူး မရှိဘူး"

လီရှန်းခပ်ပြုံးပြုံးလေးလုပ်ရင်း ခေါင်းရမ်းလိုက်တော့ ပုခုံးထက်ကိုလက်သီးဖွဖွလေးကဖုတ်ခနဲကျလာကာ..

"ညာမနေစမ်းပါနဲ့ နတ်မျိုးနွယ်တွေတောင် တမ်းတနေတဲ့အတိတ်တွေအတွက် ပေ့ထုံးငှက်တွေကိုပိုင်ဆိုင်ချင်ကျတယ်
မင်းတို့လူသားတွေကပိုများမှာပေါ့ မင်းစိတ်ချ ငါကပိုင်ရှင်ဖြစ်အောင်လုပ်ပြီး မင်းကိုအတောင်တစ်ခုလက်ဆောင်ပေးမယ်"

လီရှန်း မလိုပါဘူးဟုပြောမည်အပြု မြေခွေးမလေးအသံခပ်စူးစူးက ဖြတ်ကာထွက်ပေါ်လာသည်။

"အရှင် ကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံက ရယ်စရာတွေအရမ်းပြောတယ်နော် "

သူမမှာပြောပြီးသည်နှင့် ပါးစပ်ကိုလက်နဲ့ကွယ်ကာ လွန်စွာမှယဉ်ကျေးလှသည့်မိန်းမပျိုလေးနှယ် ဟန်လုပ်ကာရယ်နေလေသည်။

"အားနိ... "

ဖုန်းရွှမ် ပြဿနာဖြစ်မည်စိုးလို့ ရွှမ်နိကိုသတိပေးပေမယ့် နောက်ကျသွားလေပြီ။အိမ်ရှေ့စံမှာဒေါသထွက်လွန်းလို့ထင် စွေ့စွေ့ကိုခုန်နေတော့သည်။

"မင်း...ညစ်ပတ်တဲ့မြေခွေးမ ငါ့ကိုများပြောရဲတယ် မင်းကမှမကောင်းတဲ့မြေခွေးမ "

မချိုမချဉ်လုပ်နေတဲ့ရွှမ်နိနဲ့ ဒေါသထွက်ကာ အိမ်ရှေ့စံဂုဏ်ပုဒ်နဲ့ပင်မလိုက်အောင် ကျိန်ဆဲနေတဲ့ အိမ်ရှေ့စံရယ်ကို ဘာ​ကြောင့်မှန်းမသိ ကလေးတွေရန်ဖြစ်နေသလိုပဲဟု ဖုန်းရွှမ်ခံစားနေရသည်။ ထို့ကြောင့်အရေးတယူလုပ်ပြီးတားမနေတော့ပဲ..

"လူသားဝင်လို့မရဘူး ရွှမ်နိနဲ့မင်းနေခဲ့"

ရွှမ်နိနဲ့မင်းနေခဲ့ဆိုသည်က လီရှန်းနဲ့မြေခွေးမလေးအားနေခဲ့ခိုင်းပြီး အိမ်ရှေ့စံကိုတော့ လိုက်ခဲ့လို့ရတယ်ဆိုသည့်သဘောပင်။

ရင်းယာန်တစ်ယောက် လီရှန်းကိုတစ်လှည့် မြေခွေးမကိုတစ်လှည့်ကြည့်နေမိရင်း

"လူသားလေးကို အဲမြေခွေးမနဲ့ထားခဲ့လို့ကဖြစ်ပါ့မလား"

"အိမ်ရှေ့စံအရမ်းစိုးရိမ်နေရင် နေခဲ့လို့ရတယ်နော်"

ဖုန်းရွှမ် နည်းနည်းအမြင်ကပ်လာတာကြောင့် ခပ်ရွဲ့ရွဲ့ပြောချလိုက်သည်။ ထိုကျတော့လည်း ပြာပြာသလဲငြင်းနေပြန်သည်။

"မနေပါဘူး မနေဘူး ငှက်လာဖမ်းတာပါဆိုနေ"

::ဒီအိမ်ရှေ့စံက ကလေးစိတ်မကုန်သေးတာပဲဖြစ်ရမယ်။

ဖုန်းရွှမ် စိတ်ပျက်စွာနဲ့သက်ပျင်းသာထပ်ခါချရင်း ရေတံခွန်ရှိရာဘက်လှမ်းခဲ့တော့သည်။

အိမ်ရှေ့စံပါ ရေတံခွန်ထဲဝင်သွားတော့ မြေခွေးမလေးက သက်ပြင်းချကာ မြက်ခင်းပေါ်ထိုင်နေလေသည်။
လီရှန်းပါ မြေခွေးမလေးလိုထိုင်လိုက်ရင်း

"ဒီနေရာကလှလိုက်တာ"

လီရှန်းပြောလည်းပြောချင်စရာပင် တစိမ့်စိမ့်စီးနေတဲ့ရေတံခွန်က ရေတံခွန်လို့ဆိုလို့ရရုံလောက်ပဲရှိကာ နတ်ပန်းချီနှယ်လှလွန်းနေသည်။
မှန်သားလိုကြည်လွန်းလှသည့် ရေပြင်လေးက စိတ်ကိုအေးချမ်းစေတာတော့အမှန်ပင်။

လီရှန်းကသာ စကားမရှိစကားရှာသလိုပြောလိုက်ပေမယ့် မြေခွေးမလေးက ငြိမ်နေကာ တစ်ခုခုကိုတွေးတောနေပုံရသည်။
အနှောင့်ယှက်မပေးချင်တာကြောင့် လီရှန်းလည်းငြိမ်နေလိုက်ပေမယ့် ရုတ်တရက် ရွှမ်နိကစကားစလာသည်။

"​ပေ့ထုံးငှက်ဥတွေက ရေတံခွန်ထဲကအသိုက်ထဲမှာ
လူသားတွေကဝင်ဖို့အားနည်းလွန်းတယ်
အဲတာကြောင့် သခင်ကနေခဲ့ခိုင်းတာ"

လီရှန်းကသြော်...
ဆိုသည့်အမူရာနှင့်ခေါင်းငြိမ့်လိုက်သည်။
သို့ပေသည့်တိုင် လူသားမဟုတ်သည့်ရွှမ်နိကရော ဘါလို့များနေခဲ့ရပါလိမ့်ဟ ုသိချင်စိတ်ကထိန်းမရတော့ပေ။

"မင်းကျတော့လူသားမဟုတ်ဘူးလေ ဘာလို့နေခဲ့ရတာလဲ"

"ငှက်လေးတွေက ကျမကိုမကြိုက်ကျဘူး ကျမကမြေခွေးမလေ"

သူမပုံမှာ လွန်စွာမှဝမ်းနည်းနေပုံရသည်။ ခုနလေးတင်မှ အိမ်ရှေ့စံကိုစနောက်ရင်းပျော်နေခဲ့တဲ့သူမက ခုတော့ဝမ်းနည်းပက်လက်ပုံရိပ်လေးနှင့်။

"အဲလိုကိုး ကျနော့်အမြင်တော့ ့မင်းကကြောက်ဖို့မကောင်းပါဘူး"

ထိုစကားက မြေခွေးမလေးစိတ်သက်သာအောင် ်ပြောလိုက်ခြင်းပေမယ့် အိမ်ရှေ့စံနဲ့စကားပြောတုန်းကလိုသာ ပုံပြောင်းသွားရင်တော့ လီရှန်းလည်းပြေးပြီးသားပင်။

သူမက လီရှန်းစကားကြားတော့
ကျေနပ်ပြုံးကြီးပြုံးသွားကာ ခေါင်းငုံ့ကျသွားလေသည်။ နှစ်သိမ့်နိုင်လိုက်ပြီဆိုပြီး
လီရှန်းပြီတိဖြာသွားပေမယ့် ခဏသာ။
သူမကခေါင်းပြန်မော့လာကာ ကြောက်စရာကေင်းအောင်ပြုံးပြီး လီရှန်းနားတဖြည်းဖြည်းချင်းတိုးလာကာဖြင့်

"သေချာလား ...
ကျမလူ့နှလုံးမစားရတာကြာပြီ"

လီရှန်းအမှန်တကယ်ပင်လန့်သွားရသည်။ နောက်ဆုတ်ရင်းလှဲကျမလိုဖြစ်သွားမှ သူမကတစ်ခစ်ခစ်ရယ်ကာ သဘောကျနေတာကြောင့် လီရှန်းစိတ်ဆိုးဟန်ဖြင့်ပြောလိုက်ရသည်။ မဟုတ်ရင်

"မင်း.. မစပါနဲ့..."

သူမက အားရအောင်ရယ်ပြီးတော့မ ပြန်မိူင်ကျသွားလေသည်။
သူမပုံမှာ လွန်စွာမှအထီးကျန်နေသည့်ပုံပေါက်ကာ တစ်ယောက်ယောက်အား လွမ်းဆွတ်နေသယောင်နှင့်....

"ဒီရေတံခွန်ရဲ့နောက်မှာ ရှားပါးပြီး ချစ်စရာကောင်းတဲ့ငှက်လေးတွေရှိတယ်
ကျမတို့ကိုမြင်ရင်သူတို့ကရန်လုပ်ကျတာ သူတို့ဘာသာသီးသန့်ပဲနေတယ် ကျမတို့မောင်နှမကိုအလာမခံဘူး "

"မောင်နှမ မင်းမှာ...."

လီရှန်း အံသြစွာရေရွတ်လိုက်တော့ သူမကခေါင်းငြိမ့်ပြလာရင်း

"ကျမမှာအကိုရှိသေးတယ် သူက ဆိုးတယ်
သခင့်စကားကိုလည်းသိပ်နားမထောင်ဘူး သူ့ကြောင့်အပြင်လောကကိုထွက်ခွင့်မရသေးတာ"

"မင်းတို့ကအဖမ်းခံထားရတာလား"

သူမကလေးပင်စွာထပ်မံခေါင်းငြိမ့်လာလေသည်။

"ဘယ်နှနှစ်ကြာပြီလဲတောင် မမှတ်မိတော့ဘူး
တောထဲမှာပဲနေရတယ် မောင်နှမနှစ်ယောက်လုံးမပြောင်းလဲသရွေ့ မီးနိုင်ငံတော်မှာပဲထိန်းသိမ်းခံနေရဦးမှာပဲ"

"လူသားလေး ငါငှက်ရလာခဲ့ပြီ"

ကျယ်လောင်လွန်းသည့် အိမ်ရှေ့စံအသံကြောင့် နှစ်ဦးသားစကားလက်စပြတ်သွားရင်း အသံလာရာကိုကြည့်လိုက်မိကျသည်။
လူ့ခန္ဓာကိုယ်တစ်ဝတ်လောက်အရွယ်စားရှိသည့် ငှက်မီးတုံးပေါက်လေးကိုရင်ခွင်မှာပိုက်ပြီး လာနေသည့်အိမ်ရှေ့စံပင်။
အရှင်ကိုတော့မမြင်ရတာမို့ အိမ်ရှေ့စံ၏ရှေ့မှာလား နောက်မှာလားပင်မသိရချေ။

ရွှမ်နိကမယုံကြည်နိုင်စွာ အိမ်ရှေ့စံအား ကြောင်ကြည့်နေလေသည်။

"ပေ့ထုံးငှက်ပေါက်လေးရလာခဲ့ပြီ ဒါပေမယ့်အတောင်မပေါက်သေးဘူး အစားတွေအများကြီးကျွေးပြီး အတောင်ပေါက်တဲ့ထိစောင့်ရဦးမယ်"

ငှက်ကိုမြောက်ကာမြောက်ကာနဲ့ ဝမ်းသာစွာပြောနေသည့်အိမ်ရှေ့စံထက် လ်ီရှန်းအကြည့်က အိမ်ရှေ့စံလက်ထဲကငှက်ပေါက်စီပဲရောက်နေသည်။
စိမ်းပြာရောင်နုနုအမွေးပါးပါးလေးနဲ့ နုတ်သီးပန်းရောင်လေးရယ်ကြောင့် လွန်စွာမှအသဲယားဖို့ကောင်းလှကာ မှင်ရည်လိုနက်မှောင်နေသည ့်မျက်လုံးလေးတွေကတောက်ပနေသေးသည်။

"အရမ်းချစ်စရာကောင်းတာပဲ"

လီရှန်းမနေနိုင်တော့စွာ ငှက်ပေါက်လေးအားပွတ်သပ်ရင်းပြောလိုက်ပေမယ့် ့်ရွှမ်နိကလက်ခံချင်ပုံမရပဲ

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ပေ့ထုံးငှက်ပေါက်လေးက ငါ့ကိုသခင်အဖြစ်လက်ခံလိုက်ပြီ
မင်းရယ်လေ ရယ်လိုက်ပါဦးမြေခွေးမလေးရေ"

စောင့်ကြွားစောင့်ကြွားနဲ့ ​မြေခွေးမလေးရှေ့မျက်စိနောက်အောင်ကို မြောက်ကြွကြွလုပ်နေသည့်အိမ်ရှေ့စံမှာ ကလေးကစားပွဲမှာ အနိုင်ရသွားသည့်ကလေးတစ်ယောက်နှယ်။

"အဟက် လူသားလေးငါတို့သွားရအောင်"

"အိမ်ရှေ့စံအရင်ပြန်နှင့်လိုက်ပါ သူနေခဲ့လိမ့်မယ်"

အောင်နိုင်စွာရယ်ပြီး လီရှန်းလက်ဆွဲကာပြန်ဖို့ ခြေလှမ်းစရုံရှိသေး ထွက်ပေါ်လာသည့်အေးစက်စက်အသံကြောင့် ခြေလှမ်းကတုံ့ခနဲ။

ဆွဲထားသည့်လက်ကို အသာပြန်လွှတ်လိုက်ရင်း စိတ်ထဲမသိုးမသန့်ဖြစ်လာတာမလို့ ဒီနားကအမြန်ဆုံးထွက်သွားရန် အသိကအချက်ပြနေလေပြီ။

"ဒါ ဒါဖြင့် ပြန်နှင့်ပြီနော်လူသားလေး "

.
.
.
.
.
.
တူဘီ ကိုတိန်ညွန့်😚

........................................................

(AN/ကိုတိန်ညွန့်က ဘာလဲဆိုပြီး မေးထားတာလေးတွေ့လိုက်လို့ 😆
တကယ်တော့တိန်ညွန့်ဟာ ရှောင်လုဟန်ရဲ့မီယမ်မာနာမည်ပါ
အဲတော့တိန်ညွန့်ဆိုတာက ကျမယောက်ကျားပါ😆😆)

#ပေါက်စ😝

###

Continue Reading

You'll Also Like

1.3M 161K 92
[ Translated to Myanmar🇲🇲 ] ♦️Both Uni and Zawgyi Started Date: 14 May 2020 Yaoi [BL]❗❗ ♦️All credit to original author and english translator. I t...
1.3K 153 6
ညလေထုက သိပ်ကောင်းတယ်။ စိုစိုစွတ်စွတ်လမ်းမကြီး၊ အေးစိမ့်စိမ့်ရာသီဥတု။ ကိုယ့်တို့ ဒီမှာရှိနေမှတော့ လာပါ အတူတူကလိုက်ကြစို့ ဒီည... ညေလထုက သိပ္ေကာင္းတယ္။...
4.1K 465 13
ဒဏ်ရာတွေနဲ့ ကောင်လေးတစ်ယောက်ကို တစ်စုံတစ်ယောက်က ကုသပေးနိုင်ခဲ့တယ်။ လောကကြီးက မှောင်မည်းပြီး မကောင်းတဲ့လူတွေနဲ့ ပြည့်နေတယ်ဆိုတာ မဟုတ်ဘူး။ ငါ့မေတ္တာတွေ...
163K 23.5K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...