Unicode
ဝမ်အိမ်တော်တွင် အိမ်ရှေ့စံအတွက် စားပွဲတော်တစ်ခုကျင်းပပေးလေသည်။ လျှို့ဝှက်စွာ ရောက်ရှိလာသော အိမ်ရှေ့စံကြောင့် စားပွဲတော်မှာ ကြီးကျယ်ခြင်းမရှိချေ။ သို့သော် ဝမ်အိမ်တော်နှင့် အမျိုးအနွယ်များဖြင့်ပင် တက်ရောက်လာသူ လူရာကျော်ရှိနေပြီဖြစ်သည်။
တက်ရောက်လာသော လူများကြားတွင် အနက်ရောင်ဝတ်ရုံနှင့် လူရွယ်တစ်ယောက်တိတ်တဆိတ်ထိုင်ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။ သူ၏ မျက်ဝန်းတို့က ရီဝေလျှက် အသက်ရှင်ရခြင်းသည် သူ့အတွက် အဓိပ္ပါယ်မဲ့နေသယောင် ဖြစ်နေသည်။
လီချန်းယုံသည်အဆောင်တွင် စားပွဲတော်သွားရန် ပြင်ဆင်နေလေသည်။ သူသည် အိမ်ရှေ့စံဟူသော ဂုဏ်ပုဒ်ကြောင့် လိုအပ်သော အဆောင်အယောင်တစ်ချို့ကိုတော့ ဝတ်ဆင်ရပေဦးမည်။ ယခင်က နန်းတော်တွင် သူ့ကို ကူညီလုပ်ကိုင်ပေးမည့် အစေခံများရှိသည့်အတွက် အဆောင်အယောင်များကို သူ့နေရာနှင့်သူ ဝတ်ဆင်ရခြင်းသည် သူ့အတွက် မည်သည့်အခါကမျှ မခက်ခဲခဲ့ပေ။
ယခုမူကား လီချန်းယုံသည် ထိုကြေးမုံရှေ့တွင် ရပ်နေသည်မှာ တစ်နာရီခန့်ရှိနေပြီဖြစ်သည်။ သူသည် ဝတ်ရုံကို ယခုထိစိတ်တိုင်းမကျသေးပေ။ သူ၏ခါးတွင် ပတ်ထားသည့် ခါးစည်း၊ ခေါင်းတွင်ဆောင်းထားသည့် ခေါင်းဆောင်း အကုန်ရွဲ့စောင်းနေသလို ခံစားရသည်။ လီချန်းယုံ အလုပ်များနေချိန်တွင် တစ်စုံတစ်ယောက်ကတော့ အိပ်ရာပေါ်၌ သက်တောင့်သက်သာ လှဲကာ စာအုပ်ဖတ်နေလေသည်။
"ဟင်း...''
လီချန်းယုံ သက်ပြင်းချပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူသည် လင်းမိုကိုကြည့်ရင်း ဘာကိုစိတ်တိုမှန်းမသိ စိတ်တိုလာသည်။ သူစားပွဲတော်အတွက် ခဲယဉ်းစွာ ပြင်ဆင်နေရပေမယ့် လင်းမိုကတော့ အေးဆေးစွာနားနေနိုင်လေသည်။
လင်းမိုစာအုပ်ဖတ်ရင်း သူ့ကိုတစ်စုံတစ်ယာက်စိုက်ကြည့်နေသော ခံစားချက်ရလိုက်သည်။ သူမော့ကြည့်သောအခါ သူ့ကိုစူးရဲစွာ ကြည့်နေသော လီချန်းယုံကိုတွေ့လိုက်ရသည်။ လင်းမိုက အပျင်းတစ်ချက်ဆန့်ပြီး စာအုပ်ကိုဘေးချလိုက်သည်။
"လင်းမို...ငါ့ကိုဒါကြည့်ပေးဦး....အဆင်ပြေလား''
သူအလုပ်ရှုပ်နေရချိန် အေးအေးဆေးဆေးနေသော သူကို ကြည့်မရသော်လည်း မတတ်သာပဲမေးရတော့သည်။
လင်းမိုက လီချန်းယုံ၏ တစ်ကိုယ်လုံးခေါင်းအစ ခြေအဆုံး စေ့စပ်စွာကြည့်လေသည်။ ထို့နောက် လင်းမိုက ခေါင်းအသာယမ်းပြသည်။
လီချန်းယုံစိတ်ပျက်သွားသည်။
"လွဲနေပြီလား...ဒီအဆောင်အယောင်တွေနဲ့တင် အချိန်ကြာနေပြီ...ဘယ်နားကလွဲနေတာလဲ''
လင်းမိုက ပြုံးထေ့ထေ့ဖြင့် တစ်ခွန်းသာပြောလေသည်။
"လွဲနေတာက တစ်ကိုယ်လုံးပဲ...ဒီလိုလုပ်လေ မင်းအကုန်ချွတ်ပြီး ပြန်ဝတ်လိုက်ပါလား ငါကူညီပေးမယ်လေ...''
ပြောရင်းဆိုရင်း လင်းမိုက အိပ်ယာကထလာသည်။ လီချန်းယုံ က သူ၏ ဝတ်ရုံကို ပြန်ငုံ့ကြည့်ပြီး စစ်ဆေးနေဆဲမှာပင် မသင်္ကာစရာ အငွေ့အသက်ကိုရလိုက်သောကြောင့် ကိုယ်တွန့်သွားသည်။
လင်းမို၏ ရိုးသားခြင်းတစ်စက်မှ မရှိသော မျက်လုံးတို့ကို ယုံစားပြီး မေးမိသော လီချန်းယုံမှာမိုက်မဲလွန်းသည်။
"ရပြီလို့... ငါဘာသာပြင်ဝတ်လိုက်မယ်''
လီချန်းယုံအတင်းငြင်းသည်။
လင်းမိုက လီချန်းယုံ၏ လက်ကို အတင်းလှမ်းဆွဲသည်။ အားချင်းမမျှသောကြောင့် လီချန်းယုံ မရုန်းသာပေ။
"ငါနောက်ကျတော့မယ်''
လီချန်းယုံက သူစိုးရိမ်နေသော အရာကို ပြောလိုက်သည်။
"ငါသိတယ်...ဘာမှမလုပ်ဘူး ငြိမ်ငြိမ်နေ''
လင်းမိုက စိတ်ရှည်စွာပင် ပုံစံမကျဖြစ်နေသော လီချန်းယုံ၏ ဝတ်ရုံကို ပြင်ပေးသည်။ အနည်းငယ်စောင်းနေသော ခေါင်းဆောင်းကိုလည်း တည့်အောင် လုပ်ပေးသည်။
"ရပြီ...ဒီလိုကျလည်း မင်းကကြည့်ကောင်းသားပဲ''
လင်းမိုက အဆောင်အယောင်အပြည့်နှင့် ခံ့ညားနေသော လီချန်းယုံကို ကြည့်ပြီးပြောသည်။
"ငါက အရင်ကတည်းကကြည့်ကောင်းတယ်''
လင်းမိုက ဘာမှမပြောပေ။ သူကလီချန်းယုံကို ဆွဲဖက်လိုက်သည်။ လီချန်းယုံ၏ ကျောပြင်ကိုသူ့လက်ဖြင့် ဖွဖွလေးပုတ်ပေးပြီး ပြောလေသည်။
"ချန်းယုံ...ဘာကိစ္စပဲရှိရှိငါ့ကိုယုံ။ ငါကမင်းကိုအထိခိုက်မခံဘူး။ ရှန်နန်းတော်ပြန်ရောက်ရင် ငါပြောစရာရှိသေးတယ်''
လီချန်းယုံက လင်းမိုအဘယ့်ကြောင့် ထိုစကားပြောသည်ကို မသိပေမဲ့ လင်းမို၏ အမူအရာကလေးနက်နေကြောင်းသိလေသည်။
"အင်း...''
လီချန်းယုံက ခေါင်းငြိမ့်ပြသည်။
ထို့နောက် လီချန်းယုံ၊ လင်းမို နှင့် ရှောင်ချိုသည် စားပွဲတော်ဆီသို့ ဦးတည်လာခဲ့သည်။
စားပွဲတော်သို့ရောက်သောအခါ ဝမ်ဆုယင်ကို တွေ့ရသော်လည်း သူမ၏ သားတော် ဝမ်လုယီကိုမတွေ့ရပေ။ တက်ရောက်လာကြသော ဝမ်မျိုးနွယ်တို့က လီချန်းယုံကို ဂါရဝပြုကြသည်။
အနောက်မှာရပ်နေသော လင်းမိုသည် ရှောင်ချိုနားကပ်ကာ တစ်စုံတစ်ရာကို ညွှန်ကြားနေသည်။
"ရှောင်ချို! လီချန်းယုံ အန္တာရာယ်ကင်းဖို့က အရာအားလုံးထက်အရေးကြီးတယ်ဆိုတာ မင်းသိတယ်နော်...တစ်ခုခုလွဲချော်သွားရင် သူ့ကို လွတ်ရာရောက်အောင်ခေါ်သွား''
ရှောင်ချိုက နားလည်သည့်ဟန်ဖြင့်ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်နားလည်ပြီ...''
လင်းမိုသည် လီချန်းယုံ၏ သိုင်းပညာအဆင့်အတန်းမြင့်မားကြောင်းသိသော်လည်း သူစိတ်ပူရသေးသည်။ ဖြစ်နိုင်လျှင် ယခုလို နေရာကိုပင် လီချန်းယုံကို မလာစေချင်။
မကြာမီပင် စားပွဲတော်စတင်သည်။ ဝမ်ဆုယင်တစ်ယောက်သာ အကြီးအကဲအဖြစ်တာဝန်ယူပြီး ဧည့်ခံနေသည်။ ယခုအချိန်ထိ အိမ်တော်သခင်ဖြစ်သည့် ဝမ်လုယီကို မတွေ့ရသေးပေ။ လီချန်းယုံ မသင်္ကာဖြစ်လာသည်။ အကယ်၍ ဝမ်လုယီနှင့် ဝမ်လုလုသာ မရှိပါက ဤစားပွဲတော်တက်ရောက်လာသူများသည် လီချန်းယုံကို အမြင်မကြည်သော အုပ်စုသပ်သပ်သာ ဖြစ်သည်။
လီချန်းယုံ၏ မသင်္ကာသော စိတ်အစဉ်က ပတ်ဝန်းကျင်ကို အကဲခတ်ရန် တိုက်တွန်းနေသည်။ သူတွေ့လိုက်ရသည်က တစ္ဆေတစ်ကောင်လို မျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်နေသော လူရွယ်တစ်ယောက်ဖြစ်သည်။
"လင်းမို...''
လီချန်းယုံ အသာအယာခေါ်လိုက်သည်။ လင်းမိုက သူခေါ်လိုက်သည့် အကြောင်းရင်းကို သိလိုက်သည့်နှယ် ပြန်ဖြေသည်။
"ချန်းယုံ...ငါသိတယ်...''
လီချန်းယုံကို စိုက်ကြည့်နေသော လူရွယ်မှာ မှော်ဆရာက ဆင့်ခေါ်ထားသော လူရွယ်ဖြစ်သည်။ လူရွယ်သည် မည်သူက အိမ်ရှေ့စံဆိုသည်ကို ကွဲပြားစွာသိသော်လည်း အနောက်က ကပ်ရပ် ကိုယ်ရံတော်နှစ်ယောက်တွင် မည်သူက သွေးဖြူဝံပုလွေဆိုသည်ကိုတော့ ဝေခွဲမရပေ။
မည်သို့ပင် လူအယောင်ဆောင်ထားပါစေ။ သွေးဖြူဝံပုလွေသည် ရဲရင့်သော ၊ အကြောက်တရားကင်းမဲ့သော စရိုက်တို့ကို ဖုံးကွယ်မထားနိုင်ပေ။ ထိုလူနှစ်ယောက်တွင် တစ်ယောက်၌ သိသာသော ဝံပုလွေစရိုက်များ တွေ့ရသည်။ သို့သော် ထိုလူသည် အကြောက်တရားကင်းမဲ့ရမည့်အစား ဘေးကပ်ရပ်က လူ၏ အမိန့်မှန်သမျှ နာခံနေသည်။ ဒဏ္ဍာရီလာ သတ္တဝါတို့ဟူသည် သာမန်လူကို ကြောက်ရိုးထုံးစံ မရှိချေ။
တစ်ဖက်ကအမိန့်ပေးနေသော လူကို သွေးဖြူဝံပုလွေဟုယူဆပြန်ပါကလည်း ထိုလူတွင် ဝံပုလွေ၏ အမူအကျင့် တစ်ခုမှ မရှိ။ ထိုလူက လီချန်းယုံကို သူ၏အသက်ထက် အရေးကြီးသည့် သူပမာ သဘောထားနေကြောင်းကို တွေ့ရသည်။ အိမ်ရှေ့စံတွင်ပင် မတွေ့ရသော အင်အားကြီးသည့် အရှိန်အဝါတို့က ထိုလူတွင်တွေ့နေရသည်။
သူသတ်ရမည့် အိမ်ရှေ့စံနှင့် အခြားတစ်ယောက်ကို လူရွယ်ဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်တစ်ယောက်ကိုတော့ သူလွှတ်ပေးမည်။
စားပွဲတော်ကြာမြင့်လာသောအခါ ဝမ်ဆုယင်၏ မျက်လုံးတို့က ဂဏာမငြိမ်သလို ဖြစ်လာသည်။ တစ်ခုခုကို စောင့်မျှော်နေဟန်ရှိသည်။
"ဒင်...ဒင်...''
နာရီသံအချက်ပေးသည့် အသံထွက်ပေါ်လာသည်။
ဝမ်ဆုယင်က လက်မြှောက်ပြီးအချက်ပြလိုက်သည်။ တက်ရောက်လာသော ဝမ်မျိုးနွယ်တို့ အလျှိုလျှိုပြန်ထွက်သွားကြသည်။ ဝမ်ဆုယင်သည် မြောက်ပိုင်းတွင် သမိုင်းတွင်မည့် မဟာပုန်ကန်မှုကြီးကို ပေါ်ပေါ်တင်တင်ကျူးလွန်နေခြင်းဖြစ်သည်။ သူမ၏ အချက်ပေးမှုနှင့် အနက်ရောင်ဝတ်လူငါးဆယ်ခန့် ပေါ်လာလေသည်။
ဝမ်ဆုယင်က လီချန်းယုံဘက်လှည့်ပြီး ကောက်ကျစ်စွာ ပြောလေသည်။
"ချန်းယုံ...ဒီဒေါ်လေးက မင်းအတွက် အထူးဧည့်ခံပွဲလေးစီစဉ်ထားတယ်...''
လီချန်းယုံ ဤကဲ့သို့ ကိစ္စကို ခန့်မှန်းမိသော်လည်း အလွန်ဆုံးမှ လုပ်ကြံတိုက်ခိုက်လောက်မည်ဟုသာ ထင်ခဲ့သည်။ ယခုလို ပေါ်ပေါ်ထင်ထင် ကျူးလွန်မည်ဟု မထင်ခဲ့ပေ။ သူအနည်းငယ်တုန်လှုပ်သွားသည်။
လှုပ်ခတ်သွားသော လီချန်းယုံ၏ ပခုံးကို အနောက်က မတ်တပ်ရပ်နေသည့် လင်းမိုက အားပေးသည့်ဟန် ဆုပ်ကိုင်လိုက်သည်။ လင်းမိုဆိုလိုသည်ကို လီချန်းယုံသိသည်။ သူ့ကို မလှုပ်ရှားရန်ပြောခြင်းဖြစ်သည်။
ဝမ်ဆုယင်က အနောက်၌ မတ်တပ်ရပ်နေသော ကိုယ်ရံတော်နှစ်ယောက်ကို ကြည့်ပြီးပြောသည်။
"ငါလိုချင်တာ အိမ်ရှေ့စံနဲ့ သွေးဖြူဝံပုလွေပဲ... ကျန်တဲ့တစ်ယောက်ထွက်သွားလို့ရတယ်''
အမှန်မှာ ဝမ်ဆုယင်၏ စကားသည် ပရိယာယ်သပ်သပ်သာ ဖြစ်သည်။ သူမသည် မည်သူက သွေးဖြူဝံပုလွေမှန်း ခွဲခြားမရသောကြောင့် မဆိုင်သည့်သူကို ပထုတ်ခြင်းဖြစ်သည်။
သို့သော် ထိုကိုယ်ရံတော်နှစ်ယောက်လုံးထွက်သွားမည့်ဟန်မရှိချေ။
"ချန်းယုံ...မဆိုင်တဲ့မင်းကိုယ်ရံတော်တစ်ယောက် အသက်မဆုံးစေချင်ရင် ထွက်သွားဖို့ အမိန့်ပေးလိုက်''
လီချန်းယုံက ဝမ်ဆုယင်ကို စူးရဲစွာစိုက်ကြည့်နေလေသည်။ သို့သော် သူ့နှုတ်ဖျားတို့က မည်သည့်အမိန့်သံမျှ မထွက်။
ထိုအစား သြဇာတိက္ကမတို့ဖြင့် ပြည့်စုံသော အမိန့်သံတစ်သံ ထွက်ပေါ်လာလေသည်။
"လီချန်းယုံ...ရှောင်ချို...ဘယ်မှမသွားနဲ့''
ဝမ်ဆုယင်အလွန်အမင်းအံ့သြသွားသည်။ ကိုယ်ရံတော်တစ်ယောက်က အိမ်ရှေ့စံကို အမိန့်ပေးနေသည်။
"ဝမ်ဆုယင်...အတင့်ရဲလို့ ပုန်ကန်မှုကို ကြံစည်တယ်။ အိမ်ရှေ့စံကို ပြည်နယ်အထိ ခေါ်ပြီးတော့လား...အကျိုးဆက်ကိုမတွေးမိဘူးလား။ ကိုယ်တော် အိမ်ရှေ့စံကို ရက်ပိုင်းလောက် ပြန်ပေးဆွဲတာတောင် မြောက်ပိုင်းစစ်တပ်တစ်ခုလုံး စစ်ချီလာခဲ့တယ်...အခုလိုပုန်ကန်မှုကို ပေါ်ပေါ်ထင်ထင်သာကျူးလွန်တယ်ဆိုရင်တော့ ဝမ်မျိူးနွယ်ဆိုတာ မြောက်ပိုင်းမှာ ဘယ်တုန်းကမှ မရှိတဲ့ မျိုးနွယ် ဖြစ်သွားမယ်''
လင်းမိုက ဝမ်ဆုယင်ကို စိုက်ကြည့်ပြီး အေးစက်စွာပြောလေသည်။
ဝမ်ဆုယင်သည် အနှီကိုယ်ရံတော်သည် အယောင်ဆောင်ထားသော တောင်ပိုင်းဘုရင်ဖြစ်ကြောင်း သိလိုက်ရချေပြီ။
"အိမ်ရှေ့စံနဲ့ သွေးသားတော်စပ်မှုကို ထောက်ချင့်ပြီး ကိုယ်တော် အခွင့်အရေးပေးမယ်...အခုနေ ရပ်လိုက်ရင် ပြစ်ဒဏ်ကို သက်ညှာပေးမယ်''
ဝမ်ဆုယင်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ သူမက လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်လိုက်သည်။ မအောင်မြင်သော ပုန်ကန်မှူအတွက် ရွေးချယ်စရာ တစ်ခုသာ ရှိသည်။
"သတ်...''
သူမက ရပ်နေသော အနက်ရောင်ဝတ်လက်နက်ကိုင် အုပ်စုကို အမိန့်ပေးလိုက်သည်။
လင်းမို၏ နှုတ်ခမ်းတို့တွင် အပြုံးမမည်သော အပြုံးတစ်ပွင်ပေါ်လာသည်။ သူက ဝမ်ဆုယင်ကို စိုက်ကြည့်ပြီး အေးစက်စွာပြောလေသည်။
"ကိုယ်တော်ပေးတဲ့ အခွင့်အရေးကို အလကားဖြုန်းတီးပစ်ရလား''
ဝမ်တုယင်ကြောင်သွားသည်။ သူမက အိမ်ရှေ့စံကို လုပ်ကြံရန် ကြိုတင်ငှါးထားသည့်ကြေးစားများက ယခုတော့ တုပ်တုပ်မျှ မလှုပ်ပေ။
"ဝမ်ဆုယင်...မြောက်ပိုင်းအိမ်ရှေ့စံကိုလုပ်ကြံဖို့ သစ္စာရှိတဲ့ မြောက်ပိုင်းက ကြေးစားတွေငှါးဖို့မဖြစ်နိုင်မှန်းသိတော့ တောင်ပိုင်းက ကြေးစားတွေငှါးတယ်ဟုတ်လား...ဒါပေမယ့် ကံဆိုးတာက ကိုယ်တော်က တောင်ပိုင်းဆယ့်ငါးနိုင်ငံလုံးကို သိမ်းပိုက်ထားတာပဲ...တောင်ပိုင်းမှာ အပ်ကျတာကအစ ကိုယ်တော်သိတယ်...မြောက်ပိုင်း ပြည်နယ်တစ်ခုလုံးကြီးက ပုန်ကန်မှုလုပ်ဖို့ တောင်ပိုင်းက ကြေးစားတွေငှါးတဲ့ ကိစ္စလောက်ကတော့ ကိုယ်တော့်အတွက် သတင်းထူးတောင်မဟုတ်ဘူး''
လင်းမိုကစကားကိုရပ်ပြီး ပြင်းစွာတုပ်လှုပ်နေသော ဝမ်ဆုယင်ကို ကြည့်လိုက်သည်။
ဝမ်ဆုယင်၏ မျက်နှာအမူအရာက အဓိပ္ပါယ်ဖော်မရအောင် ရှုပ်ထွေးနေသည်။ သူမက လီချန်းယုံကို မုန်းတီးစွာစိုက်ကြည့်ပြီး ပြောလေသည်။
"တောင်ပိုင်းကဘုရင်အားကိုးနဲ့မလို့ သတ္တိရှိနေတယ်ပေါ့ဟုတ်လား...ငါကမင်းကိုသတ်ဖို့ အစီအစဉ်တစ်ခုတည်းရှိတာမဟုတ်ဘူး...မင်းရော မင်းရဲ့သွေးဖြူဝံပုလွေရော သတ်နိုင်မယ့်လူက ဒီမှာရောက်နေပြီသိလား။ ငါသေရင်တောင် မင်းကို သေမင်းဆီအရောက်ပို့သွားမယ်''
"ဖြန်း...''
ဝမ်ဆုယင်၏ ပါးပြင်ပေါ် ပြင်းထန်သော အားပါသည့် လက်ဝါးရိုက်ချက် ကျလာသည်။
"လင်းမို!!!''
လီချန်းယုံက လင်းမိုကိုလှမ်းတားသည်။
သို့သော် လင်းမို၏ မျက်ဝန်းအစုံက ဒေါသအရိပ်အယောင်တို့ ပြည့်လျှမ်းလျှက်ရှိသည်။
"ငါကိုယ်တော်ရဲ့ ရှေ့မှာ လီချန်းယုံကို လုပ်ကြံဖို့ကြံစည်တာအားမရလို့ ဘယ်လိုသတ်မယ်အထိပြောနေလား...ခေါ်သွားသူ့ကို ဝမ်မျိုးနွယ်မှန်သမျှ ဖမ်းထား။ တစ်ယောက်မှမလွတ်စေနဲ့''
လင်းမို၏ ပြတ်သားသော အမိန့်အောက်မှာ အနက်ရောင်ဝတ်လူတို့ အရပ်မျက်နှာအသီးသီးသို့ အလှိျုလျှိုထွက်သွားကြလေသည်။
စားပွဲတော်ကျင်းပသည့်အဆောင်တွင် လူလေးယောက်သာ ကျန်တော့သည်။
လင်းမို၊ လီချန်းယုံ၊ ရှောင်ချိုနှင့် အသက်ဝိညာဉ်မဲ့သည့် မျက်ဝန်းတို့ရှိသော လူရွယ်တစ်ယောက်ဖြစ်သည်။
(Note- အရှေ့ပိုင်းမှာကတည်းက အရိပ်အမြွက်ပါပြီးဖြစ်ပေမယ့် ပြောပါရစေ။ မှော်ဆရာဆင့်ခေါ်ထားတဲ့ လူရွယ်က သေဆုံးခြင်းအလွန်နယ်နမိတ်က နဂါးစီနင်းသူအရှင်ရဲ့ နဂါးပါ။ သေဆုံးခြင်းအလွန်နယ်နမိတ်မှာ ပြန်မလာတော့မယ့် သူ့သခင်နဲ့ သခင်မကိုစောင့်နေတုန်း အဆင့်ခေါ်ခံလိုက်ရတာပါ။)
Zawgyi
ဝမ္အိမ္ေတာ္တြင္ အိမ္ေ႐ွ႕စံအတြက္ စားပြဲေတာ္တစ္ခုက်င္းပေပးေလသည္။ လ်ိႈ့ဝွက္စြာ ေရာက္႐ွိလာေသာ အိမ္ေ႐ွ႕စံေၾကာင့္ စားပြဲေတာ္မွာ ႀကီးက်ယ္ျခင္းမ႐ွိေခ်။ သို႔ေသာ္ ဝမ္အိမ္ေတာ္ႏွင့္ အမ်ိဳးအႏြယ္မ်ားျဖင့္ပင္ တက္ေရာက္လာသူ လူရာေက်ာ္႐ွိေနၿပီျဖစ္သည္။
တက္ေရာက္လာေသာ လူမ်ားၾကားတြင္ အနက္ေရာင္ဝတ္ရံုႏွင့္ လူရြယ္တစ္ေယာက္တိတ္တဆိတ္ထိုင္ကာ ပတ္ဝန္းက်င္ကို အကဲခတ္ေနေလသည္။ သူ၏ မ်က္ဝန္းတို႔က ရီေဝလွ်က္ အသက္႐ွင္ရျခင္းသည္ သူ႔အတြက္ အဓိပၸါယ္မဲ့ေနသေယာင္ ျဖစ္ေနသည္။
လီခ်န္းယံုသည္အေဆာင္တြင္ စားပြဲေတာ္သြားရန္ ျပင္ဆင္ေနေလသည္။ သူသည္ အိမ္ေ႐ွ႕စံဟုေသာ ဂုဏ္ပုဒ္ေၾကာင့္ လိုအပ္ေသာ အေဆာင္အေယာင္တစ္ခ်ိဳ႕ကိုေတာ့ ဝတ္ဆင္ရေပဦးမည္။ ယခင္က နန္းေတာ္တြင္ သူ႔ကို ကူညီလုပ္ကိုင္ေပမည့္ အေစခံမ်ား႐ွိသည့္အတြက္ အေဆာင္အေယာင္မ်ားကို သူ႔ေနရာႏွင့္သူ ဝတ္ဆင္ရျခင္းသည္ သူ႔အတြက္ မည္သည့္အခါကမွ် မခက္ခဲခဲ့ေပ။
ယခုမူကား လီခ်န္းယံု ထိုေၾကးမံုေ႐ွ႕တြင္ ရပ္ေနသည္မွာ တစ္နာရီခန္႔႐ွိေနၿပီျဖစ္သည္။ သူသည္ ဝတ္ရံုကို ယခုထိစိတ္တိုင္းမက်ေသး...သူ႔ခါးတြင္ ပတ္ထားသည့္ ခါးစည္း၊ ေခါင္းတြင္ေဆာင္းထားသည့္ ေခါင္းေဆာင္း အကုန္ရြဲ႔ေစာင္းေနသလို ခံစားရသည္။ လီခ်န္းယံု အလုပ္မ်ားေနခ်ိန္တြင္ တစ္စံုတစ္ေယာက္ကေတာ့ အိပ္ယာေပၚတြင္ သက္ေတာင့္သက္သာ လွဲကာ စာအုပ္ဖတ္ေနေလသည္။
"ဟင္း...''
လီခ်န္းယံု သက္ျပင္းခ်လိုက္သည္။
သူေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ သူသည္ လင္းမိုကိုၾကည့္ရင္း ဘာကိုစိတ္တိုမွန္းမသိ စိတ္တိုလာသည္။ သူစားပြဲေတာ္အတြက္ ခဲယဥ္းစြာ ျပင္ဆင္ေနရေပမယ့္ လင္းမိုကေတာ့ ေအးေဆးစြာနားေနႏိုင္ေလသည္။
လင္းမိုစာအုပ္ဖတ္ရင္း သူ႔ကိုတစ္စံုတစ္ယာက္စိုက္ၾကည့္ေနေသာ ခံစားခ်က္ရလိုက္သည္။ သူေမာ့ၾကည့္ေတာ့ သူ႔ကိုစူးရဲစြာ ၾကည့္ေနေသာ လီခ်န္းယံုကိုေတြ႔လိုက္ရသည္။ လင္းမိုက အပ်င္းတစ္ခ်က္ဆန္႔ၿပီး စာအုပ္ကိုေဘးခ်လိုက္သည္။
"လင္းမို...ငါ့ကိုဒါၾကည့္ေပးဦး....အဆင္ေျပလား'
သူအလုပ္႐ႈပ္ေနရခ်ိန္ ေအးေအးေဆးေဆးေနေသာသူကို ၾကည့္မရေပမယ့္ မတတ္သာပဲေမးရေတာ့သည္။
လင္းမိုက လီခ်န္းယံု၏ တစ္ကိုယ္လံုးကို ေစ့စပ္စြာၾကည့္ေလသည္။ လင္းမိုၾကည့္သည္မွာ လီခ်န္းယံု၏ ဦးေခါင္းမွေျခဖ်ား အဆံုး ေစ့စပ္စြာ အကဲခတ္ျခင္းျဖစ္သည္။ ထို႔ေနာက္ လင္းမိုက ေခါင္းအသာယမ္းျပသည္။
လီခ်န္းယံုစိတ္ပ်က္သြားသည္။
"လြဲေနၿပီလား...ဒီအေဆာင္အေယာင္ေတြနဲ႔တင္ အခ်ိန္ၾကာေနၿပီ...ဘယ္နားကလြဲေနတာလဲ''
လင္းမိုက ျပံဳးေထ့ေထ့ျဖင့္ တစ္ခြန္းသာေျပာေလသည္။
"လြဲေနတာက တစ္ကိုယ္လံုးပဲ...ဒီလိုလုပ္ေလ မင္းအကုန္ခြၽတ္ၿပီး ျပန္ဝတ္လိုက္ပါလား ငါကူညီေပးမယ္ေလ...''
ေျပာရင္းဆိုရင္း လင္းမိုက အိပ္ယာကထလာသည္။ လီခ်န္းယံု က သူ၏ ဝတ္ရံုကို ျပန္ငံု႔ၾကည့္ၿပီး စစ္ေဆးေနဆဲမွာပင္ မသကၤာစရာ အေငြ႔အသက္ကိုရလိုက္ေသာေၾကာင့္ ကိုယ္တြန္႔သြားသည္။
လင္းမို၏ ႐ိုးသားျခင္းတစ္စက္မွ မ႐ွိေသာ မ်က္လံုးတို႔ကို ယံုစားၿပီး ေမးမိေသာ လီခ်န္းယံုမွာမိုက္မဲလြန္းသည္။
"ရၿပီလို႔... ငါဘာသာျပင္ဝတ္လိုက္မယ္''
လီခ်န္းယံုအတင္းျငင္းသည္။
လင္းမိုက လီခ်န္းယံု၏ လက္ကို အတင္းလွမ္းဆြဲသည္။ အားခ်င္းမမွ်ေသာေၾကာင့္ လီခ်န္းယံု မ႐ုန္းသာေပ။
"ငါေနာက္က်ေတာ့မယ္''
လီခ်န္းယံုက သူစိုးရိမ္ေနေသာ အရာကို ေျပာလိုက္သည္။
"ငါသိတယ္...ဘာမွမလုပ္ဘူး ၿငိမ္ၿငိမ္ေန''
လင္းမိုက စိတ္႐ွည္စြာပင္ ပံုစံမက်ျဖစ္ေနေသာ လီခ်န္းယံု၏ ဝတ္ရံုကို ျပင္ေပးသည္။ အနည္းငယ္ေစာင္းေနေသာ ေခါင္းေဆာင္းကိုလည္း တည့္ေအာင္ လုပ္ေပးသည္။
"ရၿပီ...ဒီလိုက်လည္း မင္းကၾကည့္ေကာင္းသားပဲ''
လင္းမိုက အေဆာင္အေယာင္အျပည့္ႏွင့္ ခံ့ညားေနေသာ လီခ်န္းယံုကို ၾကည့္ၿပီးေျပာသည္။
"ငါက အရင္ကတည္းကၾကည့္ေကာင္းတယ္''
လင္းမိုက ဘာမွမေျပာေပ...သူကလီခ်န္းယံုကို ဆြဲဖက္လိုက္သည္။ လီခ်န္းယံု၏ ေက်ာျပင္ကိုသူ႔လက္ျဖင့္ ဖြဖြေလးပုတ္ေပးၿပီး ေျပာေလသည္။
"ခ်န္းယံု...ဘာကိစၥပဲ႐ွိ႐ွိငါ့ကိုယံု။ ငါကမင္းကိုအထိခိုက္မခံဘူး။ ႐ွန္နန္းေတာ္ျပန္ေရာက္ရင္ ငါေျပာစရာ႐ွိေသးတယ္''
လီခ်န္းယံုက လင္းမိုအဘယ့္ေၾကာင့္ ထိုစကားေျပာသည္ကို မသိေပမယ့္ လင္းမို၏ အမူအရာကေလးနက္ေနေၾကာင္းသိေလသည္။
"အင္း...''
လီခ်န္းယံုက ေခါင္းၿငိမ့္ျပသည္။
ထို႔ေနာက္ လီခ်န္းယံု၊ လင္းမို ႏွင့္ ေ႐ွာင္ခ်ိဳသည္ စားပြဲေတာ္ဆီသို႔ ဦးတည္လာခဲ့သည္။
စားပြဲေတာ္သို႔ေရာက္ေသာအခါ ဝမ္ဆုယင္ကို ေတြ႔ရေသာ္လည္း သူမ၏ သားေတာ္ ဝမ္လုယီကိုမေတြ႔ရေပ။ တက္ေရာက္လာၾကေသာ ဝမ္မ်ိဳးႏြယ္တို႔က လီခ်န္းယံုကို ဂါရဝျပဳၾကသည္။
အေနာက္မွာရပ္ေနေသာ လင္းမိုသည္ ေ႐ွာင္ခ်ိဳနားကပ္ကာ တစ္စံုတစ္ရာကို ၫႊန္ၾကားေနသည္။
"ေ႐ွာင္ခ်ိဳ...လီခ်န္းယံု အႏၱာရာယ္ကင္းဖို႔က အရာအားလံုးထက္အေရးႀကီးတယ္ဆိုတာ မင္းသိတယ္ေနာ္...တစ္ခုခုလြဲေခ်ာ္သြားရင္ သူ႔ကို လြတ္ရာေရာက္ေအာင္ေခၚသြား...''
ေ႐ွာင္ခ်ိဳက နားလည္သည့္ဟန္ျဖင့္ေခါင္းၿငိမ့္ျပသည္။
"ကြၽန္ေတာ္နားလည္ၿပီ...''
လင္းမိုသည္ လီခ်န္းယံု၏ သိုင္းပညာအဆင့္အတန္းျမင့္မားေၾကာင္းသိေသာ္လည္း သူစိတ္ပူရေသးသည္။ ျဖစ္ႏိုင္လွ်င္ ယခုလို ေနရာကိုပင္ လီခ်န္းယံုကို မလာေစခ်င္...
မၾကာမီပင္ စားပြဲေတာ္စတင္သည္။ ဝမ္ဆုယင္တစ္ေယာက္သာ အႀကီးအကဲအျဖစ္တာဝန္ယူၿပီး ဧည့္ခံေနသည္။ ယခုအခ်ိန္ထိ အိမ္ေတာ္သခင္ျဖစ္သည့္ ဝမ္လုယီကို မေတြ႔ရေသး။ လီခ်န္းယံု မသကၤာျဖစ္လာသည္။ အကယ္၍ ဝမ္လုယီႏွင့္ ဝမ္လုလုသာ မ႐ွိပါက ဤစားပြဲေတာ္တက္ေရာက္လာသူမ်ားသည္ လီခ်န္းယံုကို အျမင္မၾကည္ေသာ အုပ္စုသပ္သပ္သာ ျဖစ္သည္။
လီခ်န္းယံု၏ မသကၤာေသာ စိတ္အစဥ္က ပတ္ဝန္းက်င္ကို အကဲခတ္ဖို႔ တိုက္တြန္းေနသည္။ သူေတြ႔လိုက္ရသည္က တေစၦတစ္ေကာင္လို မ်က္ဝန္းမ်ားျဖင့္ သူ႔ကိုစိုက္ၾကည့္ေနေသာ လူရြယ္တစ္ေယာက္...
"လင္းမို...''
လီခ်န္းယံု အသာအယာေခၚလိုက္သည္။ လင္းမိုက လီခ်န္းယံုေခၚလိုက္သည့္ အေၾကာင္းရင္းကို သိလိုက္သည့္ႏွယ္ ျပန္ေျဖသည္။
"ခ်န္းယံု...ငါသိတယ္...''
လီခ်န္းယံုကို စိုက္ၾကည့္ေနေသာ လူရြယ္မွာ ေမွာ္ဆရာက ဆင့္ေခၚထားေသာ လူရြယ္ျဖစ္သည္။ လူရြယ္သည္ မည္သူက အိမ္ေ႐ွ႕စံဆိုသည္ကို ကြဲျပားစြာသိေသာ္လည္း...ေနာက္က ကပ္ရပ္ ကိုယ္ရံေတာ္ႏွစ္ေယာက္တြင္ မည္သူက ေသြးျဖဴဝံပုေလြဆိုသည္ကိုေတာ့ ေဝခြဲမရေပ။
မည္သို႔ပင္ လူအေယာင္ေဆာင္ထားပါေစ။ ေသြးျဖဴဝံပုေလြသည္ ရက္စက္ေသာ၊ ရဲရင့္ေသာ ၊ အေၾကာက္တရားကင္းမဲ့ေသာ စ႐ိုက္တို႔ကို ဖံုးကြယ္မထားႏိုင္ေပ။ ထိုလူႏွစ္ေယာက္တြင္ တစ္ေယာက္တြင္ သိသာေသာ ဝံပုေလြစ႐ိုက္မ်ား ေတြ႔ရသည္။ သို႔ေသာ္ ထိုလူသည္ အေၾကာက္တရားကင္းမဲ့ရမည့္အစား ေဘးကပ္ရပ္က လူ၏ အမိန္႔မွန္သမွ် နာခံေနသည္။ ဒ႑ာရီလာ သတၱဝါတို႔ဟူသည္ သာမန္လူကို ေၾကာက္႐ိုးထံုးစံ မ႐ွိေခ်...
တစ္ဖက္ကအမိန္႔ေပးေနေသာ လူကို ေသြးျဖဴဝံပုေလြဟုယူဆျပန္ပါကလည္း ထိုလူတြင္ ဝံပုေလြ၏ အမူအက်င့္ တစ္ခုမွ မ႐ွိ။ ထိုလူက လီခ်န္းယံုကို သူ႔အသက္ထက္ အေရးႀကီးသည့္ သူပမာ သေဘာထားေနေၾကာင္းလည္း ေတြ႔ရသည္။ အိမ္ေ႐ွ႕စံတြင္ပင္ မေတြ႔ရေသာ အင္အားႀကီးသည့္ အ႐ွိန္အဝါတို႔က ထိုလူတြင္ေတြ႔ေနရသည္။
လူရြယ္ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ သူသတ္ရမည့္ အိမ္ေ႐ွ႕စံႏွင့္ အျခားတစ္ေယာက္ကို...က်န္တစ္ေယာက္ကိုေတာ့ သူလႊတ္ေပးမည္။
စားပြဲေတာ္ၾကာျမင့္လာေသာအခါ ဝမ္ဆုယင္၏ မ်က္လံုးတို႔က ကဏာမၿငိမ္သလို ျဖစ္လာသည္။ တစ္ခုခုကို ေစာင့္ေမွ်ာ္ေနဟန္႐ွိသည္။
"ဒင္...ဒင္...''
နာရီသံအခ်က္ေပးသည့္ အသံထြက္ေပၚလာသည္။
ဝမ္ဆုယင္ကလက္ေျမႇာက္ၿပီးအခ်က္ျပလိုက္သည္။ တက္ေရာက္လာေသာ ဝမ္မ်ိဳးႏြယ္တို႔ အလွ်ိဳလွ်ိဳျပန္ထြက္သြားၾကသည္။ ဝမ္ဆုယင္သည္ ေျမာက္ပိုင္းတြင္ သမိုင္းတြင္မည့္ မဟာပုန္ကန္မႈႀကီးကို ေပၚေပၚတင္တင္က်ဴးလြန္ေနျခင္းျဖစ္သည္။ သူမ၏ အခ်က္ေပးမႈႏွင့္ အနက္ေရာင္ဝတ္လူငါးဆယ္ခန္႔ ေပၚလာေလသည္။
ဝမ္ဆုယင္က လီခ်န္းယံုဘက္လွည့္ၿပီး ေကာက္က်စ္စြာေျပာေလသည္။
"ခ်န္းယံု...ဒီေဒၚေလးက မင္းအတြက္ အထူးဧည့္ခံပြဲေလးစီစဥ္ထားတယ္...''
လီခ်န္းယံုဤကဲ့သို႔ကိစၥကိုခန္႔မွန္းမိေသာ္လည္း အလြန္ဆံုးမွ လုပ္ၾကံတိုက္ခိုက္ေလာက္မည္ဟုသာ ထင္ခဲ့သည္။ ယခုလို ေပၚေပၚထင္ထင္ က်ဴးလြန္မည္ဟု မထင္ခဲ့ေပ။ သူအနည္းငယ္တုန္လႈပ္သြားသည္။
လႈပ္ခတ္သြားေသာ လီခ်န္းယံု၏ ပခံုးကို အေနာက္က မတ္တပ္ရပ္ေနသည့္ လင္းမိုက အားေပးသည့္ဟန္ ဆုပ္ကိုင္လိုက္သည္။ လင္းမိုဆိုလိုသည္ကို လီခ်န္းယံုသိသည္။ သူ႔ကို မလႈပ္႐ွားရန္ေျပာျခင္းျဖစ္သည္။
ဝမ္ဆုယင္က အေနာက္က မတ္တပ္ရပ္ေနေသာ ကိုယ္ရံေတာ္ႏွစ္ေယာက္ကို ၾကည့္ၿပီးေျပာသည္။
"ငါလိုခ်င္တာ အိမ္ေ႐ွ႕စံနဲ႔ ေသြးျဖဴဝံပုေလြပဲ... က်န္တဲ့တစ္ေယာက္ထြက္သြားလို႔ရတယ္''
အမွန္မွာ ဝမ္ဆုယင္၏ စကားသည္ ပရိယာယ္သပ္သပ္သာ ျဖစ္သည္။ သူမသည္ မည္သူက ေသြးျဖဴဝံပုေလြမွန္း ခြဲျခားမရေသာေၾကာင့္ မဆိုင္သည့္သူကို ပထုတ္ျခင္းျဖစ္သည္။
သို႔ေသာ္ ထိုကိုယ္ရံေတာ္ႏွစ္ေယာက္လံုးထြက္သြားမည့္ဟန္မ႐ွိေခ်။
"ခ်န္းယံု...မဆိုင္တဲ့မင္းကိုယ္ရံေတာ္တစ္ေယာက္ အသက္မဆံုးေစခ်င္ရင္ ထြက္သြားဖို႔ အမိန္႔ေပးလိုက္''
လီခ်န္းယံုက ဝမ္ဆုယင္ကို စူးရဲစြာစိုက္ၾကည့္ေနေလသည္။ သို႔ေသာ္ သူ႔ႏႈတ္ဖ်ားတို႔က မည္သည့္အမိန္႔သံမွ် မထြက္။
ထိုအစား ျသဇာတိကၠမတို႔ျဖင့္ ျပည့္စံုေသာ အမိန္႔သံတစ္သံ ထြက္ေပၚလာေလသည္။
"လီခ်န္းယံု...ေ႐ွာင္ခ်ိဳ...ဘယ္မွမသြားနဲ႔''
ဝမ္ဆုယင္အလြန္အမင္းအံ့ျသသြားသည္။ ကိုယ္ရံေတာ္တစ္ေယာက္က အိမ္ေ႐ွ႕စံကို အမိန္႔ေပးေနသည္။
"ဝမ္ဆုယင္...အတင့္ရဲလို႔ ပုန္ကန္မႈကို ၾကံစည္တယ္။ အိမ္ေ႐ွ႕စံကို ျပည္နယ္အထိ ေခၚၿပီးေတာ့လား...အက်ိဳးဆက္ကိုမေတြးမိဘူးလား။ ကိုယ္ေတာ္ အိမ္ေ႐ွ႕စံကို ရက္ပိုင္းေလာက္ ျပန္ေပးဆြဲတာေတာင္ ေျမာက္ပိုင္းစစ္တပ္တစ္ခုလံုး စစ္ခ်ီလာခဲ့တယ္...အခုလိုပုန္ကန္မႈကို ေပၚေပၚထင္ထင္သာက်ဴးလြန္တယ္ဆိုရင္ေတာ့ ဝမ္မ်ိဴးႏြယ္ဆိုတာ ေျမာက္ပိုင္းမွာ ဘယ္တုန္းကမွ မ႐ွိတဲ့ မ်ိဳးႏြယ္ ျဖစ္သြားမယ္''
လင္းမိုက ဝမ္ဆုယင္ကို စိုက္ၾကည့္ၿပီး ေအးစက္စြာေျပာေလသည္။
ဝမ္ဆုယင္သည္ အႏွီကိုယ္ရံေတာ္သည္ အေယာင္ေဆာင္ထားေသာ ေတာင္ပိုင္းဘုရင္ျဖစ္ေၾကာင္း သိလိုက္ရေခ်ၿပီ။
"အိမ္ေ႐ွ႕စံနဲ႔ ေသြးသားေတာ္စပ္မႈကို ေထာက္ခ်င့္ၿပီး ကိုယ္ေတာ္ အခြင့္အေရးေပးမယ္...အခုေန ရပ္လိုက္ရင္ ျပစ္ဒဏ္ကို သက္ညႇာေပးမယ္''
ဝမ္ဆုယင္၏ မ်က္လံုးမ်ား သည္ မီးဝင္းဝင္းေတာက္ေနသည္။ သူမက လက္ႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး အံႀကိတ္လိုက္သည္။ မေအာင္ျမင္ေသာ ပုန္ကန္မႉအတြက္ ေရြးခ်ယ္စရာ တစ္ခုသာ ႐ွိသည္။
"သတ္...''
သူမက ရပ္ေနေသာ အနက္ေရာင္ဝတ္လက္နက္ကိုင္ အုပ္စုကို အမိန္႔ေပးလိုက္သည္။
လင္းမို၏ ႏႈတ္ခမ္းတို႔တြင္ အျပံဳးမမည္ေသာ အျပံဳးတစ္ပြင္ေပၚလာသည္။ သူက ဝမ္ဆုယင္ကို စိုက္ၾကည့္ၿပီး ေအးစက္စြာေျပာေလသည္။
"ကိုယ္ေတာ္ေပးတဲ့ အခြင့္အေရးကို အလကားျဖဳန္းတီးပစ္ရလား''
ဝမ္တုယင္ေၾကာင္သြားသည္။ သူမက အိမ္ေ႐ွ႕စံကို လုပ္ၾကံရန္ ႀကိဳတင္ငွါးထားသည့္ေၾကးစားမ်ားက ယခုေတာ့ တုပ္တုပ္မွ် မလႈပ္ေပ။
"ဝမ္ဆုယင္...ေျမာက္ပိုင္းအိမ္ေ႐ွ႕စံကိုလုပ္ၾကံဖို႔ သစၥာ႐ွိတဲ့ ေျမာက္ပိုင္းက ေၾကးစားေတြငွါးဖို႔မျဖစ္ႏိုင္မွန္းသိေတာ့ ေတာင္ပိုင္းက ေၾကးစားေတြငွါးတယ္ဟုတ္လား...ဒါေပမယ့္ ကံဆိုးတာက ကိုယ္ေတာ္က ေတာင္ပိုင္းဆယ့္ငါးႏိုင္ငံလံုးကို သိမ္းပိုက္ထားတာပဲ...ေတာင္ပိုင္းမွာ အပ္က်တာကအစ ကိုယ္ေတာ္သိတယ္...ေျမာက္ပိုင္း ျပည္နယ္တစ္ခုလံုးႀကီးက ပုန္ကန္မုွလုပ္ဖို႔ ေတာင္ပိုင္းက ေၾကးစားေတြငွါးတဲ့ ကိစၥေလာက္ကေတာ့ ကိုယ္ေတာ့္အတြက္ သတင္းထူးေတာင္မဟုတ္ဘူး''
လင္းမိုကစကားကိုရပ္ၿပီး ျပင္းစြာတုပ္လႈပ္ေနေသာ ဝမ္ဆုယင္ကို ၾကည့္လိုက္သည္။
ဝမ္ဆုယင္၏ မ်က္ႏွာအမူအရာက အဓိပၸါယ္ေဖာ္မရေအာင္ ႐ႈပ္ေထြးေနသည္။ သူမက လီခ်န္းယံုကို မုန္းတီးစြာစိုက္ၾကည့္ၿပီး ေျပာေလသည္။
"ေတာင္ပိုင္းကဘုရင္အားကိုးနဲ႔မလို႔ သတၱိ႐ွိေနတယ္ေပါ့ဟုတ္လား...ငါကမင္းကိုသတ္ဖို႔ အစီအစဥ္တစ္ခုတည္း႐ွိတာမဟုတ္ဘူး...မင္းေရာ မင္းရဲ႕ေသြးျဖဴဝံပုေလြေရာ သတ္ႏိုင္မယ့္လူက ဒီမွာေရာက္ေနၿပီသိလား။ ငါေသရင္ေတာင္ မင္းကို ေသမင္းဆီအေရာက္ပို႔သြားမယ္''
"ျဖန္း...''
ဝမ္ဆုယင္၏ ပါးျပင္ေပၚ ျပင္းထန္ေသာ အားပါသည့္ လက္ဝါး႐ိုက္ခ်က္ က်လာသည္။
"လင္းမို!!!''
လီခ်န္းယံုက လင္းမိုကိုလွမ္းတားသည္။
သို႔ေသာ္ လင္းမို၏ မ်က္ဝန္းအစံုက ေဒါသအရိပ္အေယာင္တို႔ ျပည့္လွ်မ္းလွ်က္႐ွိသည္။
"ငါကိုယ္ေတာ္ရဲ႕ ေ႐ွ႕မွာ လီခ်န္းယံုကို လုပ္ၾကံဖို႔ၾကံစည္တာအားမရလို႔ ဘယ္လိုသတ္မယ္အထိေျပာေနလား...ေခၚသြားသူ႔ကို ဝမ္မ်ိဳးႏြယ္မွန္သမွ် ဖမ္းထား။ တစ္ေယာက္မွမလြတ္ေစနဲ႔''
လင္းမို၏ ျပတ္သားေသာ အမိန္႔ေအာက္မွာ အနက္ေရာင္ဝတ္လူတို႔ အရပ္မ်က္ႏွာအသီးသီးသို႔ အလွိ်ဳလွ်ိဳထြက္သြားၾကေလသည္။
စားပြဲေတာ္က်င္းပသည့္အေဆာင္တြင္ လူေလးေယာက္သာ က်န္ေတာ့သည္။
လင္းမို၊ လီခ်န္းယံု၊ ေ႐ွာင္ခ်ိဳႏွင့္ အသက္ဝိညာဥ္မဲ့သည့္ မ်က္ဝန္းတို႔႐ွိေသာ လူရြယ္တစ္ေယာက္....။
(Note- အေ႐ွ႕ပိုင္းမွာကတည္းက အရိပ္အႁမြက္ပါၿပီးျဖစ္ေပမယ့္ ေျပာပါရေစ။ ေမွာ္ဆရာဆင့္ေခၚထားတဲ့ လူရြယ္က ေသဆံုးျခင္းအလြန္နယ္နမိတ္က နဂါးစီနင္းသူအ႐ွင္ရဲ႕ နဂါးပါ။ ေသဆံုးျခင္းအလြန္နယ္နမိတ္မွာ ျပန္မလာေတာ့မယ့္ သူ႔သခင္နဲ႔ သခင္မကိုေစာင့္ေနတုန္း အဆင့္ေခၚခံလိုက္ရတာပါ။)